စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

သီတဂူဆရာတော် မဲဆောက်တွင် တရားဟောကြားမည်


NEJ/ ၁၇ ဇွန် ၂၀၀၈
မြန်မာနိုင်ငံမှ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် အရှင်ဉာဏိဿရသည် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ် ထောက်ပံ့ရေးအတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အထူးတရားပွဲ (၂) ရက် ဟောကြားမည်ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မဲဆောက်မြို့၊ မယ်ပရှိ တောရ မြန်မာ ဘုန်းတော် ကြီးကျောင်း၌ လာမည့် ၂၄-၂၅ ရက်ညများတွင် တရားပွဲ ကျင်းပမည်ဖြစ်ပြီး ညနေ (၆) နာရီ အချိန်တွင် တရားပွဲကို စတင်မည်ဖြစ်သည်။


မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ဆရာတော်သည် နာဂစ်မုန်တိုင်းဘေးကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းအများအပြား ကို ပေးပို့လှူဒါန်းလျက်ရှိပြီး နိုင်ငံတကာသို့ လှည့်လည်ပြီး ကယ်ဆယ်ထောက်ပံ့ရေးအတွက် တရားပွဲများ ကျင်းပလျက်ရှိသည်။

တရားပွဲဖြစ်မြောက်ရေးကော်မတီမှ မဲဆောက်မြို့တောရကျောင်းတွင် ကျင်းပမည့်တရားပွဲအတွက် ဒေသတွင်းရောက် ရပ်နီးရပ်ဝေးမှမြန်မာများအား နှိုးဆော်ထားပြီး အလှူပစ္စည်းများ လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၅၅-၅၃၂၀၄၁ သို့ ဆက်သွယ်နိုင်သည်။

Rest of your post

No comments: