NEJ/ ၁၇ ဇွန် ၂၀၀၈
မုန်တိုင်းသင့် ဒေသများတွင် အကူအညီပေးနေသည့် ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ
NGO များ လိုက်နာရမည့် စည်းကမ်းချက်များ စစ်အစိုးရ ထုတ်ပြန်ပြီးနောက်ပိုင်း ဗီဇာလျှောက် ထားသည့် ကိစ္စ၊ ခရီးသွားခွင့်အမိန့်ရရန် ကိစ္စများတွင် အခက်အခဲ ပိုများလာသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြသည်။
ဇွန်လ (၁၇) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကုလသမဂ္ဂလူသားချင်း စာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ စစ်အစိုးရဘက်မှ ဗီဇာ ထုတ်ပေးလျှင်လည်း (၁) ကြိမ်ဝင်ရောက်ခွင့် ဗီဇာအမျိုးအစားသာ ထုတ်ပေးပြီး (၂) ပတ်သာ နေခွင့်ပေးကြောင်း၊ ဗီဇာသက်တမ်းတိုးရန် လျှောက်ပြန်လျှင်လည်း (၁) ပတ်မှ (၁၀) ရက်ထိသာ ပေးကြောင်း UNOCHA အစီရင်ခံစာတွင် ဖော်ပြသည်။ ဇွန်လ (၁၅) ရက်ထိ မြစ်ဝကျွန်းပေါ်တွင် ကယ်ဆယ်ရေးလုပ်နေသည့် နိုင်ငံတကာ ကုလ၀န်ထမ်း (၁၅၀) ရှိသည်။
နိုင်ငံတကာအဖွဲ့များ လိုက်နာရမည့် စည်းကမ်းချက် (၁၀) ချက်ကို ဇွန်လ (၁၀) ရက်နေ့က စပြီး စစ်အစိုးရဘက်မှ ထုတ်ပြန်ခဲ့သည်။
Wednesday, June 18, 2008
နိုင်ငံတကာအဖွဲ့များ လိုက်နာရမည့် စစ်အစိုးရညွှန်ကြားချက်ကြောင့် ဗီဇာပိုခက်ခဲ
Posted by
54freedom
at
7:21 AM
Labels: ပြည်တွင်းသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment