စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, May 15, 2008

အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်

အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်ကျွန်မဟာ ဗေဒင်တွေ ယတြာတွေကို အပြည့်အ၀ယုံကြည်သူမဟုတ်သလို ၊ လုံးဝ မယုံကြည်သူလည်း မဟုတ်ပါ။ အပြည့်အ၀မဟုတ်သည့်တိုင် အထိုက်အလျောက်တော့ ယုံကြည်မှုရှိပါသည်။ နအဖစစ်အာဏာရှင်များ၏ ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်များနောက်ကွယ်မှာ ယနေ့ထိတိုင် ထိုလူများ ထိုင်ခုံပေါ်တွင် မလှုပ်တလှုပ်ထိုင်နေနိုင်ခြင်းမှာ မတရားသော အောက်လမ်း ၊ ဗေဒင်ယတြာအတတ်ပညာများအချို့ ပါဝင်နေသည်ဆိုတာကိုတော့ လက်ခံထားပါသည်။လွန်ခဲ့သောရက်ပိုင်းခန့်က အတွင်းလူများထံမှ တိကျသော သတင်းတစ်ခုကို ကျွန်မ လက်ခံရရှိခဲ့ပါတယ်။ စစ်အာဏာရှင် ဦးသန်းရွှေကြီးဟာ သူ့ရဲ့နေ၀င်ချိန်တစ်ခုဖြစ်နိုင်တဲ့ တဘောင်ကို သိရှိပြီးချိန်မှာ ယခုလို ကယ်ဆယ်ရေးအဖွဲ့များကို ပိုမိုဝင်ခွင့်မပေးခြင်းဖြစ်ပါတယ်။ ဦးသန်းရွှေကြီးကို ဟောကြားထားသော အကြောင်းအရာမှာ `အနောက်နိုင်ငံသား အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချပြီး ရောက်ရှိလာခဲ့ရင် .. လက်ရှိစစ်အာဏာရှင်တို့၏ နေ၀င်ချိန်ရောက်ရှိပြီ´ဟု ဖြစ်ပါတယ်။ ကာကွယ်မှုအနေနဲ့ ပြန်လည်ယတြာချေမရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေကို မြန်မာပြည်မြို့နယ်များသို့ လုံးဝ ၀င်ခွင့်မပေးတာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ အနောက်နိုင်ငံတွေဘက်မှ မြန်မာပြည်ကို ကိုယ်တိုင်လာရောက် အလွန်အကျွံကူညီချင်နေတာဟာ စစ်အာဏာရှင်အတွက် ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်နေပါတယ် .. ။ ယခုအချိန်မှာ ပြည်သူလူထုကို သေချာကူညီနိုင်ဖို့က ပထမအချက်ဖြစ်ပါတယ်။ နိုင်ငံရေးတွေ မပါပေမယ့် ပါသင့်သလောက်လည်း တွဲပါသွားရမှာပါ။ မုန်တိုင်းဆိုတာ စစ်အာဏာရှင်လုပ်လို့ တိုက်ခတ်လာတာမဟုတ်ပေမယ့် ယခုကဲ့သို့ သေဆုံးသူများ တစတစ ပိုမိုများပြားနေတာ ၊ လိုအပ်သော ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့တာ ၊ နိုင်ငံတကာအကူညီတွေ လက်မခံတာ ၊ ငတ်ပြတ်နေသော ပြည်သူလူထုကို ထိရောက်စွာ အမှန်တကယ်ကူညီမှုမပေးတာ ... အစရှိသောအချက်များဟာ လူမှုရေးအနေနဲ့ အင်မတန်စိတ်ထိခိုက်နာကျင်မှုဖြစ်မိသလို နိုင်ငံရေးအရလည်း အာဏာရှင်ဘက်မှ ကြောက်ရွံ့မှုတွေကြောင့် ဖြစ်ပါတယ်။ယနေ့အချိန်အခါမှာ အနောက်နိုင်ငံ ကယ်ဆယ်ရေးလူတွေဟာ မြန်မာပြည်ကို သွားဖို့ စိတ်အားထက်သန်နေပါတယ်။ မြန်မာပြည်သူလူထု လိုအပ်နေသော အကူညီရဖို့အတွက်ရော ၊ နိုင်ငံရေးအနေနဲ့ တဘောင်ကို ကြောက်ရွံ့တုန်လှုပ်ကာကွယ်နေသော စစ်အာဏာရှင် နေ၀င်ချိန်ရောက်ဖို့အတွက်ရော ... ကယ်ဆယ်ရေးအဖွဲ့တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြန်မာပြည်ထဲရောက်သွားအောင် ကျွန်မတို့ ပြည်ပရောက်မြန်မာများအားလုံး တစ်ချက်ခုတ်နှစ်ချက်ပြတ် အစွမ်းကုန်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒီခေတ်ဒီအချိန်ခါကြီးထဲမှာ မယုံကြည်သူနဲ့ ယုံကြည်သူ ရောနေမှာလည်း ကျွန်မ နားလည်ထားပါတယ်။ စစ်အာဏာရှင်ဟာ နေပြည်တော်မှာ ညီလာခံတက်ရင် ရှေးခတ်ဘုရင့်ဝတ်စုံဝတ်တာ ၊ ဘုရားပေါ်မှာ ၀က်ဆွဲပြီး လမ်းလျှောက်တာ ... ထိုကဲ့သို့လုပ်ရပ်မျိုးတွေကို လုပ်နေခြင်းမှာ သွက်သွက်ခါအောင်ရူးသွား၍ လုပ်နေခြင်းမဟုတ်။ စိတ်ဖောက်ပြန်နေခြင်းလည်းမဟုတ်။ တွက်ချက်လေ့လာပြီး အာဏာရှင်များကိုးကွယ်သော ဆရာကြီးများစကားအတိုင်း အာဏာတည်မြဲအောင် မကောင်းသောနည်းလမ်းများဖြင့် လုပ်နေကြခြင်းသာဖြစ်ပါတယ်။ပြင်ပလောကမှာ ကျွန်မထက်အများကြီး ပိုစွမ်းဆောင်နိုင်တဲ့လူများစွာ ရှိကြတာမို့ စစ်အာဏာရှင် ကြောက်ရွံ့နေတဲ့ လက်ရှိဟောကြားခြင်းခံထားရသော တဘောင်ကို မဖြစ်ဖြစ်အောင် ကျေးဇူးပြုပြီး အစွမ်းကုန်ကြိုးစားပေးကြပါလို့ ကျွန်မတောင်းဆိုတိုက်တွန်းလိုပါတယ်။ ဒီအချိန်မှာပဲ အနောက်နိုင်ငံသားတွေဟာ မြန်မာပြည်ကိုသွားရောက်ကူညီဖို့ စိတ်အားအထက်သန်ဆုံးအချိန်လည်း ဖြစ်နေတာမို့ အခြေအနေလိုက်လျောညီထွေချိန်လို့ သတ်မှတ်လို့ရပါတယ်။ ဒီသတင်းကို ကျေးဇူးပြုပြီး လက်ဆင့်ကမ်းဖြန့်ပေးကြဖို့လည်း တောင်းဆိုလိုပါတယ်။ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို မျိုးစုံသောဒုက္ခတွေနဲ့ နှိပ်စက်ညှင်းပန်းနေတဲ့ ဒီစစ်အာဏာရှင်အုပ်စု အမျိုးပါပြုတ်သွားအောင် ဖြုတ်ရမှာပါ။ ပြည်သူလူထုဟာ ဘာမဟုတ်တဲ့ ကြံ့ဖွတ်တွေရဲ့ အနိုင်ကျင့်မှု ၊ ဒုက္ခပေးမှုတွေကို လူပါးဝစွာ ခံနေရပါတယ်။ ဒါတွေကိုမြင်ရတဲ့ ကျွန်မနှလုံးသားဟာ အင်မတန် နာကျင်မှုဖြစ်ရပါတယ်။ ကျွန်မတို့ ပြည်သူလူထုဟာ ကမ္ဘာမှာ ဒုက္ခအရောက်ဆုံး ၊ သနားစရာအကောင်းဆုံး ဘ၀ကို လုံးလုံးရောက်ရှိနေခဲ့ပါပြီ .. ။ မြန်မာဆိုတာ ဗမာဆိုပြီး ပြန်လည်ခေါင်းမော့လာဖို့ ၊ လူတန်းစားအားလုံး စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် စစ်အာဏာရှင်စနစ်ဆိုတာ လုံးဝပျောက်ကွယ်မှပဲ ဖြစ်မှာပါ .. ။အာဏာရှင်၏ဆရာကြီးများ


ဟောကြားလိုက်သော တဘောင်

`အနောက်နိုင်ငံသားစစ်စစ် အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်ကာလအတွင်း ၂၀၀၈မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချရောက်ရှိလာခဲ့ရင် .... စစ်အာဏာရှင်များ ဘုန်းကံရော ၊ ရှိသမျှ အဆောင်အယောင် အာဏာများအားလုံး ကျဆင်းပြီး နေ၀င်ချိန် ရောက်ကိုရောက်ရလိမ့်မယ် ........ ´


လင်းလက်ကြယ်စင် ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒဏ်သင့်ဒေသအတွင်း ၀မ်း ရောဂါကြောင့် သေဆုံးမှုများ ရှိနေ

လေဘေးဒဏ်သင့်ဒေသအတွင်း ၀မ်း ရောဂါကြောင့် သေဆုံးမှုများ ရှိနေ

14 May 2008

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရဲ့ တချို့နေရာတွေမှာ လေမုန်တိုင်းဘေးက လွတ်ကင်းခဲ့တဲ့ ပြည်သူတွေထဲမှာ နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေတွေကြောင့် သေဆုံးမှုတွေ ရှိနေပြီလို့ သိရပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ထိုင်းအခြေစိုက် ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က စုံးစမ်းတင်ပြထားပါတယ်။
တွံတေးနယ်ဘက်မှာဆိုရင် ရေမသန့်ရှင်းတာကြောင့် မိုလို့ ၀မ်းလျောရောဂါတွေ ဖြစ်ပြီးတော့မှ တချို့ သေဆုံးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ အဲဒီဒေသတွေမှာဆိုရင် တချို့မိသားစုလိုက် သေဆုံးတာတွေတောင် ရှိနေတယ် ဆိုပြီးတော့မှ ဒေသခံတစ်ယောက်က အခုလို ပြောပြပါတယ်။
“အခု ၀မ်းရောဂါဖြစ်နေတဲ့သူက သံလျင်မှာ အသက် ၄၃ နှစ်အရွယ်ရှိတဲ့ ကိုအောင်ကျော်မိုး၊ နောက်တခြား ကျေးရွာတခုမှာလည်း မိန်းကလေးငယ်တစ်ဦး ၉ ရက်နေ့က ၀မ်းရောဂါနဲ့ဆုံးလို့ အသုဘချတယ်။ တွံတေးဘက်မှာလည်း မိန်းကလေး နှစ်ဦး ၀မ်းရောဂါဖြစ်တယ်လို့ ကြားတယ်။ နောက် သံလျင်မြို့နယ် ဘုရားကြီးကုန်း ကျေးရွာမှာ မိသားစု ၅ ဦးစလုံး ဖြစ်တယ်လို့ ကြားရတယ်။ ၀မ်းရောဂါနဲ့ သေကြတာပါ။ နောက် တခြား ၀မ်းရောဂါ ခံစားနေရလို့ ဆေးရုံမှာ တင်ထားရတဲ့ သူကလည်း ၇ ဦး ၈ ဦးလောက် ရှိပါတယ်။”
နောက် သက်ကယ်တောင်ဘက်ကိုသွားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့ဝင်တစ်ယောက်နဲ့ အဆက်အသွယ် ရပါတယ်။ ရတော့ သူက ပြောပြတာကတော့ အဲဒီ ဒေသဘက်တွေမှာ ဆိုလို့ရှိရင် မုန်တိုင်းအတွင်းမှာ သေဆုံးသွားတဲ့လူတွေရဲ့ အလောင်းတွေက အခုချိန်ထိ ပေါလောမျောနေတုန်းပဲ လို့ သူက ပြောပါတယ်။ သူ့ တွေ့မြင်ချက်အရဆိုရင် တချို့နေရာတွေမှာဆိုရင် နှစ်လောင်းတွဲ သုံးလောင်းတွဲ မျောနေကြပြီး အားလုံး စုစုပေါင်း သူ မြင်တွေ့ရတာဟာဆိုရင် အလောင်း ၃၀ လောက် မျောနေတုန်းပဲလို့ သူက ပြောပါတယ်ခင်ဗျ။ အဲဒီဘက်ဒေသတွေကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသတွေ ဖြစ်ပါတယ်။ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အခုချိန်ထိ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးဘူးလို့လည်း ပြောပါတယ်။
အဲဒီဘက်က လူတွေရဲ့ နေထိုင်စားသောက်မှုတွေနဲ့ ပတ်သက်လို့ မေးတဲ့အခါမှာတော့ လမ်းပန်း ဆက်သွယ်ရေးကောင်းတဲ့ တချို့ရွာကြီးတွေကို ရောက်လာတဲ့ တချို့ စားနပ်ရိက္ခာတွေကို အဲဒီ ခက်ခဲတဲ့ရွာက လူတွေက သွားရောက်ယူပြီးတော့မှ မျှတစားရတယ်လို့ ပြောပါတယ်။
ဒီလိုအကူအညီတွေလိုအပ်နေတဲ့ ဒုက္ခသည်တွေဆီကို နိုင်ငံအ၀ှမ်းက အကူအညီတွေ ပေးပို့ကြတာ ရှိမရှိဆိုတာနဲ့ပတ်သတ်လို့ သိရအောင် အလှူလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့လူတွေကို မေးကြည့်တဲ့ အခါမှာတော့ မြင်းခြံမြို့ဘက်မှာဆိုလို့ရှိရင် မြင်းခြံမြို့က ကုန်သည်တွေ၊ နောက်ပြီးတော့ ပြည်သူတွေက အားလုံးစုပေါင်းပြီးမှ အလှူငွေ ကောက်ခံတာ သိန်း ၆၀ လောက် ရတယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ တချို့ ကုန်စိမ်းကုန်သည် တချို့ကဆိုရင် ထန်းလျက်၊ ကြက်သွန်လို စတဲ့ စားသောက်စရာ ပစ္စည်းတွေနဲ့ တချို့ဆိုလို့ရှိရင် အ၀တ်အထည်တွေလည်း ပါဝင်ပြီး လှူဒါန်းကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် အဲဒီလို ကောက်ယူပြီးရရှိတဲ့ ပစ္စည်းတွေကို ဧရာဝတီတိုင်းက တကယ် ဒုက္ခရောက်နေတဲ့ သူတွေဆီကို ပို့ဆောင်ဖို့ကိစ္စမှာတော့ ဒေသခံ ခယက အာဏာပိုင်တွေကနေ ကားတွေကို ထွက်ခွင့် မပြုခဲ့ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းကပါ။ ကူညီကယ်ဆယ်ရေးကားတွေ သွားမယ်ဆိုလို့ရှိရင် သူတို့ကို ၈၀၀,၀၀၀ ပေးရမယ်ဆိုပြီးတော့မှ တောင်းဆိုတယ်လို့လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။
ဒါပေမယ့် ဒီနေ့ နောက်ဆုံးရရှိတဲ့သတင်းအရ ဆိုရင်တော့ တချို့ကားတွေဟာ အဲဒီ ဧရာဝတီတိုင်း ဘက်ကို ထွက်သွားနေပြီ။ ဘယ်လိုနည်းနဲ့ စီစဉ်ပြီး ထွက်သွားတယ် ဆိုတာကိုတော့ သေသေချာချာ မသိရဘူးလို့ ဒေသခံက ပြောပါတယ်။ အဲဒီ မြင်းခြံမြို့မှာ အခုဖြစ်နေတဲ့ ပြဿနာကတော့ ကူညီလှူဒါန်းလိုသူတွေက အများအပြား ရှိနေတယ်။ ဒါပေမယ့် သူတို့ လှူဒါန်းတဲ့ပစ္စည်းတွေကို အဲဒီဒုက္ခသည်တွေရဲ့လက်ထဲကို တိုက်ရိုက်မရောက်မှာကို စိုးရိမ်နေကြတယ်လို့ အဲဒီဒေသခံကပဲ ပြောပြခဲ့ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အကူအညီများကို ၀က်ဦးခေါင်းဖြင့် စဉ်းစားလက်ခံနေသည်ဟုဆို

အကူအညီများကို ၀က်ဦးခေါင်းဖြင့် စဉ်းစားလက်ခံနေသည်ဟုဆို
ဉာဏ်မောင်။ မေ ၁၄၊ ၂၀၀၈
မြန်မာစစ်အစိုးရသည် လေဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများထံ ပေးပို့နေ သော လူသားချင်းစာနာသည့် ကူညီထောက်ပံ့မှုများကို ၀က်ဦးခေါင်းဖြင့်စဉ်းစားကာ လက်ခံနေ သည်ဟု ဂေဇက်(Post Gazette)သတင်းစာက ရေးသားလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ငလျင်ဒဏ်ခံခဲ့ရသည့် တရုတ်နိုင်ငံအစိုးရက ပြည်သူများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်လုပ်ဆောင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ကာ အဆိုပါ သတင်းစာက ရေးသားလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် (မစ္ဆိယစိတ်)မိမိမှလွဲ၍ အမြဲမလိုမုန်းတီးစိတ်ထားသည့် စစ်ဗိုလ် ချုပ်များသည် နိုင်ငံတကာမှ ကူညီနေမှုများကို တာဝန်မရှိသလို ဆက်ဆံကာ လျစ်လျူရှုနေခြင်း သာ အကောင်းဆုံးဖြစ်သည်ဟု ယူဆနေခြင်းသည် လူသားများကို ပိုမိုသေစေသည့်အတွက် အဆိုးဆုံးဖြစ်နေသည်ဟု ရေးသားဖော်ပြထားသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ရင်းများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးခဲ့သည့် အလွန်ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရန်ခက်ခဲသည့် ဒေသများသို့ရောက်အောင် လမ်းလျှောက်ချီတက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး မြန်မာစစ်အစိုးရက တော့ ကမ္ဘာ့အကူအညီများကို လက်ခံလိုပြီး ကယ်ဆယ်ရေးလုပ်သားများကို လက်မခံဘဲ ပြည်ပအကူအညီပစ္စည်းများအား မသမာ လာဘ်စားနေသည်ဟုဆိုသည်။
လက်ရှိအခြေအနေရ သာမန်မြန်မာပြည်သူများအကြားတွင် စစ်ခေါင်းဆောင်များ၏ အုပ်ချုပ်မှု သည် အချိန်တိုတိုအတွင်းတွင် ပြုတ်ကျစေလိုသည့် မေးခွန်းများ တိုးပွားလျှက်ရှိသည်ဟု ရေးသားထားသည်။
အမေရိကန်နိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ကျရောက်နေသည့် တရုတ်နှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ကူညီရန် အဆင်သင့်ဖြစ်နေပြီး သမ္မတဘုရှ်အနေဖြင့်လည်း အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှတဆင့် ကူညီရန် စိတ်အားထက်သန်လျှက်ရှိသည်ဟု ဖော်ပြကာ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် အကူအညီများကို ၀က်ဦးခေါင်းနှင့် စဉ်စားလက်ခံနေကြ သည်ဟု ရေးသားထားသည်။
တနင်္လာနေ့က (၇.၉) ရစ်ချက်တာစကေးပြင်ဟအားရှိသည့် ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၈,၆၄၅ သေဆုံးပြီး ၁၈,၀၀၀ ခန့်ပျောက်ဆုံးနေကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ သိန်းချီရှိနေ၍ သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောဆိုနေစဉ် စစ်အစိုးရက သေဆုံး သူ ၃၂,၀၀၀ ရှိပြီး ပျောက်ဆုံးနေသူ ၃၄,၀၀၀ ကျော်ရှိသည်ဟုသာ ထုတ်ပြန်ထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ကို နအဖ က နောက်တဖန် အထီးကျန်အောင်လုပ်

ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ကို နအဖ က နောက်တဖန် အထီးကျန်အောင်လုပ်



မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 22:40 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံရပ်ခြားနှင့် မြန်မာ အကူအညီပေးရေး လုပ်သားများ ဝင်ရောက်ခွင့်ကို မြန်မာစစ်အစိုးရက ကန့်သတ် ချုပ်ချယ်မှုများ အသစ်တဖန် ထပ်မံ ပြုလုပ်လိုက်သည်။ ယခုအခါ စာနယ်ဇင်းသမားများ သွားရောက်ခွင့်နှင့် ကင်မရာများ အသုံးပြုခွင့်ကိုပါ ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ရန်ကုန်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများ ပြန်လည် တည်ဆောက်ရေးအတွက် တာဝန် ပေးအပ်ခံရသည့် မြန်မာလူမျိုး စီးပွားရေး လုပ်ငန်းရှင်များကို ဤလျှို့ဝှက် အမိန့်အကြောင်း ဝန်ကြီးချုပ် သိန်းစိန်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် အစည်းအဝေး၌ ပြောပြခဲ့ခြင်း ဖြစ်သည်။“ဘယ်နိုင်ငံခြားသားကိုမှ မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုမှာ မဟုတ်ဘူးလို့ သိန်းစိန်က မနေ့က ပြောခဲ့တာ။ မြန်မာ ကုမ္ပဏီတွေတောင်မှ ကင်မရာယူခွင့် မပြုဘူး” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောသည်။ ဧရာဝတီတိုင်း ဘိုကလေးမြို့မှ မကြာသေးခင်က ပြန်လာခဲ့သည့် ဘတ်စ်ကားမောင်းသူ တဦးကလည်း ခရီးသည်များကို စစ်ဆေးမေးမြန်းရန် လမ်းတလျှောက် စစ်ဆေးရေးဂိတ်များ အစိုးရက ချထားသည်ဟု ဆိုသည်။ “နိုင်ငံခြားသားတွေကို ဒေသတွင်း ဝင်ရောက်ခွင့်ပြုတဲ့ ခွင့်ပြုချက်ပါမစ်တွေ ပြခိုင်းတယ်။ မြန်မာနိုင်ငံသားတွေ ကျတော့ ဘိုကလေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေရပ်လိပ်စာတွေနဲ့ သူတို့ရဲ့ နေရပ်လိပ်စာတွေကို မေးလို့ ပြောပြရတယ်” ဟု အဆိုပါ ဘတ်စ်ကားမောင်းသူက ပြောသည်။အလားတူပင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ လေဘေး ဒုက္ခသည်များကို ကူညီလို၍ ရန်ကုန်မြို့မှ သွားရောက်ကြသည့် မြန်မာအလှူရှင် ၂ဝ ဦးပါ အဖွဲ့ကိုလည်း ဒေသခံ တပ်ရင်းတရင်းက ပြန်လှည့်သွားခိုင်း၍ လှူဒါန်းခွင့်မရဘဲ ပြန်ပို့ခံခဲ့ကြရသည်။ရန်ကုန်မှ ဘိုကလေးသွား လမ်းပေါ်တွင် တပ်ရင်းအမှတ် ၆၆ နှင့် ၇၇ တို့က အဆိုပါ အလှူရှင်များကို ရပ်တန့်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု အလှူရှင်များနှင့် နီးစပ်သူတဦးက ပြန်ပြောပြသည်။ အလှူရှင်များက သောက်ရေသန့်များ၊ ဆေးဝါးများ၊ ဆန်များ၊ သကြားနှင့် သောက်သုံး ဓာတ်ဆားရည် ထုပ်များကို သယ်ယူသွားခဲ့ကြခြင်း ဖြစ်သည်။“ဒေသခံ စစ်တိုင်းဌာနချုပ်က ထုတ်ပေးတဲ့ အထူးပါမစ်တွေပါမှ ဝင်ရောက်ခွင့် ပေးမယ်လို့ စစ်တပ်က အလှူရှင်တွေကို ပြောတယ်။ ပြီးတော့ ပြန်လှည့်သွားခိုင်းလိုက်တာပဲ” ဟု အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို ကန့်သတ်မှုများနှင့် တားမြစ်မှုများ ပြုလုပ်နေခြင်းကြောင့် မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီ ပေးပို့ရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်ရှိ ကုလသမဂ္ဂရုံးနှင့် အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြသည်။“ဒေသခံ ဝန်ထမ်းတွေပဲ အလုပ်လုပ်ခွင့် ပြုတယ်။ နိုင်ငံခြားသား ဝန်ထမ်းတွေကို ခွင့်မပြုဘူး” ဟု ရန်ကုန် ကုလသမဂ္ဂရုံး၏ ပြောရေးဆိုခွင့်ရှိသူ အေးဝင်း က ပြောသည်။ သို့သော် ကုလသမဂ္ဂ နိုင်ငံတကာ ဝန်ထမ်းများအတွက် ဗီဇာလျှောက်ထားရေး လုပ်ငန်းစဉ်ကို လွယ်ကူစေရန် လျှော့ပေါ့ပေးမည်ဟု အစိုးရက ကတိပြုကြောင်း သူက ပြောသည်။“အစိုးရ တာဝန်ရှိသူ တယောက်က ကုလသမဂ္ဂကို အင်္ဂါနေ့က ဒီလို ကတိပေးသွားတာ” ဟု အေးဝင်းက ပြောဆိုသည်။မြန်မာအစိုးရသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ ဝန်ထမ်း လက်တဆုပ်စာကိုသာ ဗီဇာ ထုတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) မှ အနည်းဆုံး ၉ ဦး ပါဝင်သည်။ ကုလသမဂ္ဂ၏ အဓိကကျသော ဝန်ထမ်း ၆ဝ ကျော်မှာ မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်မရသေးဘဲ ယခုထိ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ရှိသည်။မြန်မာနိုင်ငံအနေဖြင့် မည်သည့် နေရာမှမဆို ပေးအပ်သည့် အကူအညီများကို လက်ခံကြိုဆိုမည် ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဝေငှရေးကိုမူ အစိုးရကိုသာ ခွင့်ပြုမည်ဟု တရားဝင် ထုတ်ပြန် ကြေညာချက်က ဆိုသည်။“ဝင်ရောက်ခွင့်ဟာ တကယ့်ကို ပြဿနာကြီးပါပဲဗျာ” ဟု ကုလသမဂ္ဂ လူသားချင်း စောင့်ရှောက်မှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ဒေသဆိုင်ရာ အကြီးအကဲ Terje Skavadal ကလည်း ပြောဆိုသည်။ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာများအရ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့လည်း မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသများသို့ ယင်းတို့၏ ဝန်ထမ်းများ သွားရောက်ခွင့် မရကြသေးဟု သိရသည်။ဥရောပ အကူအညီပေးရေး အေဂျင်စီတခုဖြစ်သည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကလည်း အရေးပေါ် အကူအညီများကို ယင်းတို့၏ ဝန်ထမ်းများမှ တဆင့်သာ ဖြန့်ဖြူးပေးနေသည်ဟု ဆိုသည်။ သို့သော် သူတို့၏ အဆိုပါ ဝန်ထမ်းများသည်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် ‘ချုပ်ချယ်မှုများတိုး၍’ ခံလာနေရသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသွားသည်။“ဥပမာ ဘိုကလေးမှာဆိုရင် အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကြီးမား များပြားစွာ လိုအပ်နေတာကို လိုအပ်သလောက် သူတို့ မပေးနိုင်ခဲ့ဘူး” ဟု အဆိုပါ အကူအညီပေးရေး အုပ်စုက ပြောဆိုလိုက်သည်။ဤသို့ဒုက္ခသည်များကို အကူအညီပေးရန် စစ်အစိုးရဘက်မှ ပျက်ကွက်ခြင်းအတွက် ရန်ကုန်မြို့နေ လူထုကလည်း အလွန်အမင်း စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။ “သူတို့ဟာ ဗမာပြည်အတွက်လည်း ရှက်စရာ၊ ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ရှက်စရာ၊ သူတို့ကိုယ် သူတို့အတွက်လည်း ရှက်စရာပဲ” ဟု မြန်မာ ပညာတတ်တဦးက မဇ္ဈိမကို အီးမေးလ်ဖြင့် ဆက်သွယ် ပြောကြားသည်။(ဆော်လမွန်၊ ဟွိုင်ပီ၊ လာရီရေဂင်နှင့် ရန်ကုန်မြို့မှ သတင်းထောက်တို့က သတင်းပေးပို့၍ မုံပီးက သတင်းအဖြစ် ပြန်လည် ရေးသားသည်။)

အပြည့်အစုံဖတ်လိုလျှင်

ဖျာပုံ ၊ ဒေါပုံ ၊နှင့် ကွမ်းခြံကုန်း မြို့နယ်များရှိ လေဘေးဒုက္ခသည်များ လက်ရှိအခြေအနေနှင့် ၄င်းတို့ အပေါ် စစ်အစိုးရ၏ ကောက်ကျစ်ယုတ်မာမှုများ

ဖျာပုံ ၊ ဒေါပုံ ၊နှင့် ကွမ်းခြံကုန်း မြို့နယ်များရှိ လေဘေးဒုက္ခသည်များ လက်ရှိအခြေအနေနှင့် ၄င်းတို့ အပေါ် စစ်အစိုးရ၏ ကောက်ကျစ်ယုတ်မာမှုများ

DVB မှ

















အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဘေး နိုင်ငံတကာကယ်ဆယ်ရေး နောက်ဆုံးအခြေအနေ။ အမေရိကန်လေယာဉ် ငါးစီးမြောက် ဆင်းသက်။

မုန်တိုင်းဘေး နိုင်ငံတကာကယ်ဆယ်ရေး နောက်ဆုံးအခြေအနေ။ အမေရိကန်လေယာဉ် ငါးစီးမြောက် ဆင်းသက်။
DVB news မှ





အပြည့်အစုံဖတ်လိုလျှင်

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း (၅)

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း (၅)


ပြည်ပရောက် မျိုးချစ်မြန်မာများ မှ စင်္ကာပူမှ စေတနာရှင်များကိုယ်စား လေမုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရသည့် ဘိုကလေးမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ သီတဂူဆရာတော် ဦးညဏိသရ မှတဆင့် ဆန်အိတ် (၃၅၀) ၊ ဆေးဝါးပစ္စည်း မြန်မာငွေ (၁၀) သိန်းဖိုး၊ နှင့် အာလူး၊ပဲ၊ကြက်သွန် မြန်မာငွေ (၇)သိန်းဖိုး လှုဒါန်းပြီးဖြစ်ကြောင်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။


ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

ဗုဒ္ဒဟူးနေ့ (၁၄.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း

ဗုဒ္ဒဟူးနေ့ (၁၄.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း


လေဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ ၁၄.၅.၂၀၀၈ (အင်္ဂါနေ့) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်းမှာ S$ ၁၉၅၆.၀၀ တိတိ ဖြစ်ပါသည်။



ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

အခု ၂၄ နာရီအတွင်း ကုန်းတွင်းပိုင်းရောက်လာတော့မယ့် မုန်တိုင်းဖြစ်ပေါ်လာပုံ

အခု ၂၄ နာရီအတွင်း ကုန်းတွင်းပိုင်းရောက်လာတော့မယ့် မုန်တိုင်းဖြစ်ပေါ်လာပုံ
မေ ၁၄ ရက်၊ ည ဂ နာရီ (ကွာလာလမ်ပူ)
ကျော်သိင်္ခ

ယခု ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ကို ၂၄ နာရီအတွင်း တိုက်ခတ်တော့မယ့် အပူပိုင်းမုန်တိုင်း ရွေ့လျားမယ့် လမ်းကြောင်းကို ပုံနဲ့ ဖော်ပြပေးလိုက်ပါတယ်။ အဲဒီလမ်းကြောင်းတစ်လျှောက်မျာ ရှိတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ကြိုတင် ရှောင်တိမ်းနိုင်အောင် ကြိုတင် သတိပေးလိုက်ပါတယ်။
အစိုးရကို အားကိုးလို့မရတော့ဘူးဆိုတာ အားလုံး သိကြပြီးသားပါ။ အားလုံးဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ကြပါ စေ။

အပြည့်အစုံဖတ်လိုလျှင်

National Emergency Warning for Inside Burma


အပြည့်အစုံဖတ်လိုလျှင်

National Emergency Warning for Inside Burma











အပြည့်အစုံဖတ်လိုလျှင်