စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 24, 2008

ဘော်လကန်သားသတ်သမားတစ်ယောက်၏ နိဂုံး

အပြည့်အစုံဖတ်လိုလျှင်

သတင်းထောက် အိမ့်ခိုင်ဦးကို ရုံးထုတ်စစ်ဆေး

သန်းထိုက်ဦး
ကြာသပတေးနေ့၊ ဂျူလိုင်လ 24 2008


ချင်းမိုင်။ ။ နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံ သတင်းယူသဖြင့် အဖမ်းခံခဲ့ရသော Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ရုံးထုတ် စစ်ဆေးလိုက်သည်။ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသူ အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် ရဲစခန်းမှ တရားလိုသက်သေ ဒု-ရဲအုပ် ဇော်မင်းညွန့် မပါရှိသော်လည်း သက်သေ ၁၈ ဦးဖြင့် ယနေ့တွင် ရုံးထုတ်၍ စတင် စစ်ဆေးလိုက်ခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အခု ရုံးချိန်မှာ တရားလို သက်သေ မလာဘူး။ သူတို့ကို ဖမ်းဆီးစဉ်က သက်သေရဲတွေ ရှိတယ်။ အဲဒီတော့ အဲဒီဟာကို စစ်လိုက်တာပဲ။ တဖက်ရှေ့နေလည်း ရှိတယ်။ သူတို့ ၁၈ ဦးထဲမှာပါတဲ့ တပ်ကြပ်ကြီး မြင့်ဦးဆိုတာ (တာမွေ ရဲစခန်းက) သူက ရှိနေတဲ့အတွက် သူ့ကို ဒီနေ့ စစစ်ဖြစ်တယ်” ဟု မအိမ့်ခိုင်ဦး အမှုတွဲတွင် ပါဝင်သည့် ကိုကျော်ကျော်သန့်၏ ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။တပ်ကြပ်ကြီး မြင့်ဦးသည် အခင်း ဖြစ်ပွားသည့်နေ့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (ယူအန်ဒီပီ) ရုံးရှေ့တွင် တာဝန်ကျခဲ့ပြီး အထက်က ဖမ်းမိန့်ပေးသဖြင့် သူတို့ကို ဖမ်းဆီးခဲ့ကြောင်း သက်သေ ထွက်ဆိုခဲ့သည်။ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၂ နှစ်အထိနှင့် ငွေဒဏ်ပါ ကျခံရနိုင်သည့် လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် မအိမ့်ခိုင်ဦးအား တရားစွဲဆိုထားခြင်း ဖြစ်သည်။ ယနေ့ ရုံးထုတ်ရာတွင် သူမ၏ မိသားစုဝင်များလည်း တက်ရောက် နားထောင်ခဲ့ကြောင်း သိရသည်။ အမှုကိုမူ ယခုလ ၃၁ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်။ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။ ယခုလ ၂ ရက်နေ့က အမှုရက်ချိန်း စတင်ရှိခဲ့သော်လည်း သူတို့နှစ်ဦး၏ ရှေ့နေများက အမှုကို ထပ်မံ လေ့လာလိုသဖြင့် ယနေ့သို့ ပြောင်းရွှေ့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။မအိမ့်ခိုင်ဦးသည် အဖမ်းမခံရခင်က ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။ Ecovision ဂျာနယ်ကို ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်ထုတ်ဝေကာ ယခင်က စီးပွားရေး ကဏ္ဍကိုသာ ဦးစားပေး ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင်မူ ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေးကဏ္ဍနှင့် ဆောင်းပါးများကိုပါ ထည့်သွင်း ထုတ်ဝေလာခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

မန္တလေးလေဆိပ် တယ်လီဖုံးလိုင်းများ ပြတ်တောက်၊ လေယာဉ်ပုံမှန်ပြေးဆွဲ

နန်းဒေ၀ီ
ကြာသပတေးနေ့၊ ဂျူလိုင်လ 24 2008


နယူးဒေလီ။ ။ မန္တလေးတွင် ယမန်နေ့ညက မိုးသည်းထန်စွာရွာခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းရှိ မြေအောက်စက်ပစ္စည်းခန်းများ ရေဝင်ပြီး တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည်။ကွန်ပြူတာခန်း၊ လျှပ်စစ်ဓာတ်အားပေးခန်းများ ရေဝင်ကာ တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသော်လည်း လေယာဉ် ခရီးစဉ်များ ပုံမှန်ပျံသန်းပြေးဆွဲလျှက်ပင်ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယနေ့ နံနက်တွင် မြစ်ငယ်တံကား ရေကျော်မှုဖြစ်ပွားကာ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်း လေယာဉ်ကွင်း သွားရာ လမ်းတလျောက် ရေလွမ်းခဲ့၍ လေယာဉ်စီးမည့်ခရီးသည်များကို ကားကြီးများနှင့် ပြောင်းလဲပို့ဆောင် ပေးခဲ့ရသည်။“ လေယာဉ်ကွင်းတော့ ရေမလျှံဘူး။ ဒါပေမဲ့ စက်ပစ္စည်းတွေထားတဲ့ မြေအောက်ခန်းထဲကို ရေဝင်တော့ လောလောဆယ်တော့ လေယာဉ်ကွင်းက ဖုန်းလိုင်းတခုမှ ခေါ်မရဘူးဖြစ်နေတယ်။ မိုဘိုင်းတွေဘဲခေါ်ရတယ်” ဟု Air Mandalay လက်မှတ်အရောင်းကောင်တာ ဌာနချုပ်ရှိရာ မန္တလေးမှ ဝန်ထမ်းတဦးက ပြောသည်။“ညနေပိုင်းလောက်ဆို ရေပြန်ကျသွားနိုင်ပါတယ်” ဟု သူကပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

နယ်ဆန်တင်ပို့ခွင့် အဓမ္မပိတ်ထား၍ ရန်ကုန်ဆန်ဈေးအေး

NEJ/ ၂၄ ဇူလိုင် ၂၀၀၈

ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ဈေး ပုံမှန်ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဥက္ကဋ္ဌက ပြောဆိုသော်လည်း ဆန်ကုန်သည်များ လွတ်လွတ်လပ်လပ် ရောင်းဝယ်
မရအောင် ကန့်သတ်ထားချက်များကြောင့် ဆန်ဈေး ပုံမှန်မဟုတ်ဘဲ အေးနေခြင်းဖြစ်သည်ဟု ရန်ကုန်ဆန်ကုန်သည်ကြီးများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်မြို့က ဆန်များကို မန္တလေးတိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းကလွဲ၍ အခြားဒေသများ တင်ပို့ ခွင့်ကို အာဏာပိုင်များ ပိတ်ထားသည့်အတွက် ရန်ကုန်ဆန်ဈေး အေးနေခြင်းဖြစ်သည်ဟု ဆန် ကုန်သည်တဦးက ပြောသည်။ သို့သော် မန္တလေးတိုင်းအတွက် တနေ့ ဆန်အိတ် (၁) သောင်းခွဲ၊ ရှမ်းပြည်တောင်ပိုင်းအတွက် တနေ့ အိတ်ရေ (၁) သောင်းထက်ပို၍ တင်ပို့ခြင်းမလုပ်ရန် ဆန် ကုန်သည်များကို ကန့်သတ်ထားပြန်သည်။

ဆန်ကုန်သည်များကို ရန်ကုန်ပြင်ပ အခြားတိုင်းများသို့ ဆန်တင်ပို့ခွင့် ပိတ်ထားသော်လည်း မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးကို သူ့ကိုယ်ပိုင်ပွဲရုံမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် (၅) သောင်း ရောင်းချခွင့်ပေးထားသည့်အတွက် ဆန်ကုန်သည်များ မကျေမနပ် ဖြစ်နေသည်။

ရန်ကုန်မြို့တွင် ဆန်ကုန်သည်ပေါင်း (၁,၀၀၀) ကျော်ရှိပြီး လောလောဆယ် ဆန်ကုန်သည်တဦးကို တလ ဆန်အိတ် (၃၀၀) သာ ရောင်းရန် ရန်ကုန်စည်ပင်သာယာဥက္ကဋ္ဌက ပါမစ်ချပေးထားသဖြင့် ဆန်ကုန်သည်များ ရောင်းစရာ နယ်ပို့စရာ ဆန်မရှိ ဖြစ်နေသည်ဟု ကုန်သည်များက ပြောသည်။

ဧရာဝတီတိုင်းတွင်လည်း ပုသိမ်၊ မြောင်းမြ၊ ကျိုက်လတ်စသည့် မြို့များရှိ ဆန်စက်အများအပြား မလည်နိုင်ဘဲ ရပ်နေရသည်။ လောလောဆယ် ရန်ကုန်ဝင်သည့် ဆန်များသည်လည်း နာဂစ်ဆန် ခေါ် ရေစိုဆန်ဝါများဖြစ်သည်။ အညာမှာ မိုးခေါင်သည့်အတွက် ခိုင်းနွားများကို နှမ်းဖတ်၊ ပဲဖတ် မကျွေးနိုင်တော့ဘဲ ဆန်ဝါကျွေးလျှင် တွက်ခြေကိုက်သော်လည်း တင်ပို့ခွင့်မရှိ ဖြစ်နေသည်ဟု ကုန်သည်များက ပြောသည်။

ဘုရင်နောင် ဆန်ပွဲရုံတခုလျှင် အကြမ်းအားဖြင့် အလုပ်သမားတဦးကို တနေ့ ကျပ် (၃) ထောင်နှင့် အလုပ်သမား (၅) ဦးခန့်အတွက် ကုန်သည်က နေ့စဉ်ရှာပေးနေရသလို ပွဲရုံခက တလ ကျပ်ငွေ
(၅) သိန်းပေးနေရ၍ လက်ရှိဆန်ဈေး တားဆီးမိန့်များနှင့် ရောင်းဝယ်ရ တွက်ခြေမကိုက်ဟု စုံစမ်း သိရသည်။ ထိုအတောအတွင်း ဒီဇယ်ဈေးက တပေပါကို ကျပ်ငွေ (၃) သိန်းကျော်သည့်အတွက် အညာက ရန်ကုန်ဆင်းသည့် ကုန်တင်ကားများ အပြန်ဆန်လည်းမရ၊ အောက်ခံကုန်လည်းမရဘဲ ရန်ကုန်မှာ သောင်တင်နေသည်ဟု ကားပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန် ဆန်ကုန်သည်ကြီးများကမူ အာဏာပိုင်များဘက်က ဆန်တင်ပို့ခွင့် ပိတ်ဆို့ ကန့်သတ်ချက် တွေ ဖယ်ရှားပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပေးစေချင်သည်။ သို့မှသာ ဈေးကွက်ပုံမှန်အတိုင်း လည်ပတ်နိုင်မည်ဟု ပြောပြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် သောက်သုံးရေပြဿနာကြုံတွေ့

NEJ/ ၂၄ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံရသော ဧရာဝတီတိုင်းအတွင်း သောက်သုံးရေပြဿနာ ကြုံတွေ့နေရပြီး လာမည့်ရာသီတွင် ယခုထက်ပိုဆိုးနိုင်ကြောင်း လေဘေးသင့်ခံရသည့် ဒေသခံ ရွာသားများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရေကန်များတွင် နာဂစ်ဖြစ်ပြီးစ အလောင်းများ၊ အမှိုက်များကို ရှင်းလင်းရာ၌ (၂) လကြာမှ ရှင်းလင်းရသည့်ကန်များ ရှိသကဲ့သို့ (၁) လအတွင်း ရှင်းသည့်ကန်များလည်းရှိကြောင်း၊ သို့သော် အဆိုပါကန်များသည် သောက်သုံး၍မရသေးဘဲ နီးစပ်ရာကျေးရွာအချင်းချင်း သောက်သုံးရေ မျှတ သုံးစွဲနေရသည်ဟု ဒေးဒရဲမြို့နယ်မှ သောကြာရွာသားတဦးက ပြောသည်။

“ဒေးဒရဲမြို့နယ်က ကံဆိပ်ကျေးရွာရှိ ရေကန်တွေလည်း သုံး၍မရသေးဘဲ စွယ်တော်ကုန်း ရွာဘက်က သုံးလို့ရတဲ့ ရေမ၀င်ဘဲ ကျန်နေတဲ့ ရေကန်တကန်မှာ သွားခပ်နေရတယ်” ဟု
၎င်းက ပြောသည်။

လပွတ္တာ၊ ဖျာပုံ၊ ငပုတော၊ ဒေးဒရဲ၊ ဘိုကလေး၊ မော်ကျွန်းတို့တွင်လည်း ယခုကဲ့သို့ ရေပြဿနာ ဖြစ်ပေါ်နေပြီး ငပုတောတွင် သက်ကယ်သောင်ကျေးရွာနှင့် အုန်းချောင်းရွာများတွင် ရှိသည့် ဦးကျော်သောင်းကန်၊ လယ်တောကန်၊ ကောင်စီကန် စသည့် ကန်များသည်လည်း သုံးမရဖြစ်နေ ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်အတွင်း မကျဉ်းကံကျေးရွာအုပ်စုရှိ ကံဆိပ်ရွာတွင် ရေကန် (၃) ကန်၊ ကံစုတွင် (၂) ကန်၊ စွယ်တော်ကုန်းတွင် (၂) ကန်၊ ကျုံဇမင်းတွင် (၁) ကန်နှင့် ဖိုးချမ်းကြီးရွာတွင် (၁) ကန်ရှိပြီး သောကြာကျေးရွာအုပ်စုတွင် ယခုနှစ်မှ အသစ်တူးသော ရေကန် (၄) ကန်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် မိုးရွာနေ၍ မိုးရေကိုခံကာ သောက်နိုင်သော်လည်း မိုးမရွာသည့်အခါ ရေပြဿနာ အလွန်ရောက်ကြရကြောင်း ရွာသားများက ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လေ့လာချက်အရ လေဘေးသင့်ဒေသများရှိ ရေတွင်း ရေကန် များ၏ (၃၅) ရာခိုင်နှုန်းသည် မသန့်ရှင်းသည့်အတွက် စိတ်ချရသည့် အနေအထားတွင် မရှိ ကြောင်း ကြက်ခြေနီအသင်း၏ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “သောက်သုံးရေ သောက်သုံးနိုင်ဖို့ အမှိုက်တွေကို ဆယ်တင်ရုံနဲ့ မပြီးဘဲ သန့်ရှင်းအောင် လုပ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း သောက်သုံးရေကန် (၇၅) ရာခိုင်နှုန်း ပျက်ခဲ့ပြီး အခြားမြို့နယ် များတွင်လည်း အပျက်အစီးများကြောင်း၊ အဆိုပါမြို့နယ်များရှိ ကျေးရွာများသည် ရေကန်ကိုသာ အားထား သောက်သုံးရခြင်းဖြစ်ကြောင်း၊ အစိုးရက ပျက်စီးရေကန်များကို ပြန်လည်ပြုပြင် ပေးခြင်းမပြုဘဲ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(ဆွစ်ဇာလန်) ICRC၊ မြန်မာ့ကြက်ခြေနီ၊ အခြားအန်ဂျီအိုများနှင့် ပုဂ္ဂလိကစေတနာရှင်းများသာ လာရောက်ဖော်ပေးကြကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် ရေသန့်စင်စက်များ တပ်ဆင်ပေးခဲ့သော်လည်း ရေချိုကိုသာ သန့်စင်ပေးနိုင်၍ ရေငန်ကို သန့်စင် ၍မရကြောင်း သိရသည်။

ယခုအခါ မိုးရေများကို ခံပြီး ရေထည့်ကန်ငယ်များ တနိုင်တပိုင် ပြုလုပ်၍ သောက်သုံးနေကြရ၍ အချို့မိသားစုများသည့် အိမ်များတွင် အခက်အခဲကြုံနေပြီး နွေရာသီရောက်ပါက သောက်သုံးရေ အတွက် မစဉ်းစားတတ်အောင် ဖြစ်နေကြကြောင်း ရွာသားများက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာမုန်တိုင်းဒုက္ခသည်များကို စနစ်တကျကူညီရန် အလှူရှင်နိုင်ငံများအား လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

HRW/ ၂၄ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ပြီးပြည့်စုံသော အား ထုတ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ရှိစေရန်အတွက် လွတ်လပ်သော ကြီးကြပ်ရေးအဖွဲ့တခု ဖွဲ့စည်းသင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုင်ငံတကာ အလှူရှင်နိုင်ငံများကို ယမန်နေ့က တိုက်တွန်းလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယင်းတိုက်တွန်းချက်ကို HRW မှ အာရှဌာနခွဲ အမှုဆောင်ညွှန်ကြားရေးမှူး ဘရဒ် အဒမ်က အိပ်ဖွင့် ပေးစာအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကြီးကြပ်ရေးအဖွဲ့ကို နိုင်ငံတကာ အလှူရှင်များနှင့် ကုလသမဂ္ဂတို့က ပူးတွဲစီမံခန့်ခွဲသင့်ကြောင်းလည်း အကြံပြုထားသည်။

အကူအညီပေးရေး လုပ်ငန်းများ အကောင်ထည်ဖော်ရာတွင် အလှူရှင်များနှင့်တကွ ကြီးကြပ်ရေး အဖွဲ့အနေဖြင့် ချမှတ်လိုက်နာသင့်သော အခြေခံမူ (၁၀) ချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ကြီးမားသော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အစမပြုမီ ကူညီရေး အမြန်လိုအပ်နေသေးသော မုန်တိုင်းဘေးသင့် လူဦးရေကို ဖော်ပြပေးရေး၊ အကူအညီရောက်ရှိရေး နှေးကွေးနေသည့် မုန်တိုင်း သင့် ဒေသအားလုံးသို့ ပြည်တွင်းနှင့် နိုင်ငံတကာ အကူညီပေးရေးအဖွဲ့များအား သွားရောက်ခွင့်ပြုပြီး ပြန်လည်တည်ဆောက်ရေး လိုအပ်ချက်များကို ရှာဖွေစုံစမ်းခွင့်ပြုရေးတို့ကို အခြေခံမူများအဖြစ် အလှူရှင်များက တောင်းဆိုသင့်ကြောင်း အိပ်ဖွင့်ပေးစာအတွင်း ဖော်ပြသည်။

ထို့အပြင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အကူငွေများကို မြန်မာစစ် အစိုးရထံသို့ တိုက်ရိုက်ပေးခြင်းမပြုဘဲ လူသားချင်းစာနာရေး အကူညီပေးနေသော လွတ်လပ်သည့် အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းများက လုပ်ငန်းများကို အကောင်အထည်ဖော်နိုင် ရန် စီစဉ်သင့်ပြီး၊ ဒေသဆိုင်ရာ ပါဝင်ဆောင်ရွက်မှုကိုလည်း အလှူရှင်များက ကြီးကြပ်ရမည့်မူ ချမှတ် သင့်ကြောင်း ဆက်လက်ဖော်ပြသည်။

အဓမ္မလုပ်အားပေးခိုင်းခြင်း၊ အဓမ္မနေရာရွှေ့ပြောင်းခြင်းနှင့် မြေယာသိမ်းယူခြင်းကဲ့သို့သော လူ့ အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းများ ရှိနေသဖြင့် ယခု ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွင်း ယင်းသို့ မဖြစ်ပွားစေရေး ကြီးကြပ်ရန် လိုအပ် ကြောင်း၊ စီမံကိန်းများကို စဉ်းစားတွက်ချက်ခြင်း၊ ပုံစံချခြင်း၊ အကောင်ထည်ဖော်ခြင်းတို့တွင် ဘေးဒဏ်သင့်သူများ၊ လူမျိုးစုတိုင်းရင်းသားများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကျယ်ပြန့်စွာ ဖွဲ့စည်းထားသော လူထုအခြေပြုအဖွဲ့အစည်းများနှင့် တိုင်ပင်သင့်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတကာ ပိတ်ဆို့မှု ဥပဒေနှင့် ငြိစွန်းနေသည့် မည်သို့သော စစ်အစိုးရပိုင်ကုမ္ပဏီ (သို့) ၎င်းတို့က ထိန်းချုပ်ထားသည့်ကုမ္ပဏီ (သို့) ပုဂ္ဂလိက ကုမ္ပဏီကိုမျှ စီမံကိန်းများအတွက် လုပ်ပိုင်ခွင့် စာချုပ်များ ပေးအပ်ခြင်းမပြုရန်၊ အကူအညီများပေးရာတွင် အမှန်တကယ် လိုအပ်ချက်ကိုသာ အခြေခံပြီး စစ်အစိုးရက ပြုလုပ်ထားသော လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအပေါ် အခြေခံသည့် မူကို ဆန့်ကျင်သွားရန်တို့ကိုလည်း မူများအဖြစ် အကြံပြုထားသည်။

နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ပျှမ်းမျှ သန်း (၃) ထောင်ကျော်နှင့် သဘာဝဓာတ်ငွေ့ တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ပျှမ်းမျှ သန်း (၁၅၀) လစဉ် ရရှိနေသော စစ်အစိုးရအနေဖြင့် တည်ဆောက် ရေးလုပ်ငန်းများသို့ ထိရောက်သည့်ပမာဏ တစုံတရာ ထည့်ဝင်မည်ဟု တရားဝင်ပြောလာရန် လုပ်ငန်းများ မလုပ်ဆောင်မီ တောင်းဆိုသင့်ကြောင်း၊ မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးကို လေးစား မှုများ ရှိလာစေရန် တည်ဆောက်ရေး စီမံကိန်းများကို အသုံးချသင့်ကြောင်း အိပ်ဖွင့်ပေးစာ၌
ဆက်လက်ဖော်ပြသည်။

HRW က အကြံပြုသော အခြေခံမူများကို ကြည့်ခြင်းအားဖြင့် အဂတိလိုက်စားသည့် စစ်အစိုးရက ဆယ်စုနှစ် ချီ၍ ဖိနှိပ်အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံအား ထိရောက်သည့် အကူအညီများ ပေးရာတွင် အခက်အခဲ မည်မျှကြီးမားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း အိပ်ဖွင့်ပေးစာ၌ နိဂုံးချုပ်ဖော်ပြထား သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ရုပ်ရှင်မင်းသား ကျော်သူ၏ ရုပ်ရှင်ကား ရုံတင်မည်

NEJ/ ၂၄ ဇူလိုင် ၂၀၀၈

ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ခံထားရသည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်သူ ခေါင်းဆောင်
ပါဝင်သည့် ရုပ်ရှင်ကား ဇူလိုင် (၂၅) ရက်၌ ရုံတင်မည်ဟု သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ ဇာတ်ကားသည် အကယ်ဒမီ ကျော်သူနှင့် အကယ်ဒမီ မို့မို့မြင့်အောင်တို့ ခေါင်းဆောင်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့ ပါဝင်သည့် ရင်ခုန်နှင်းဆီအမည်ရ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဇူလိုင် (၂၅) ရက်နေ့မှစပြီး ရန်ကုန်မြို့ သမ္မတ၊ သွင်နှင့် မင်္ဂလာရုံတို့တွင် ရုံတင်ပြသမည်ဖြစ်သည်။

ရင်ခုန်နှင်းဆီဇာတ်ကားနှင့် ပတ်သက်၍ ကျော်ရုပ်ရှင်ထုတ်လုပ်ရေးမှ အမည်မဖော်လိုသူ တာဝန်
ရှိသူတဦးက “ဒီဇာတ်ကား ပြသခွင့်ရဖို့ ရုပ်ရှင်ကော်ပိုရေးရှင်းကို ကျနော်တို့ သီးသန့် အသနားခံစာ တင်ရတယ်။ တင်ပြထားတာ ကြာပြီ၊ ခုမှ သူတို့က ခွင့်ပြုတာ။ ခွင့်ပြုလို့ သတင်းစာမှာ ကြော်ငြာ ထည့်တာတောင် ကိုကျော်သူရဲ့ ပုံကို ဖော်ပြခွင့်မရဘူး။ ရုပ်ရှင်အနေနဲ့ ခွင့်ပြုချက်ရတာ ကျနော်တို့ ပထမဦးဆုံးဖြစ်ပြီး နောက်ထပ် ရုပ်ရှင်တကားလည်း အသနားခံစာ တင်ထားတယ်” ဟုပြောသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကိုကျော်သူသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင် လုပ်ကိုင်နေသူဖြစ်ပြီး အခမဲ့ သယ်ဆောင်မီးသဂြုင်္ိဟ်ပေးခြင်း၊ အခမဲ့ ဆေးကုသပေးခြင်းဖြင့် ပြည်သူများကို ကူညီပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာများ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ကာလ၌ ကိုကျော်သူသည် သရုပ်ဆောင်ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာ၊ အခြား အနုပညာရှင်၊ စာရေး ဆရာ၊ ကဗျာဆရာများနှင့် ပူးပေါင်းပြီး သပိတ်မှောက် သံဃာတော်များ၏ ဆွမ်းကွမ်းဝေယျာဝစ္စ ကိစ္စများ ဆောင်ရွက်ပေးခဲ့သည်။

နအဖစစ်အစိုးရက သံဃာတော်များ ဦးဆောင်သည့် သပိတ်မှောက်ကံဆောင်မှုကို နှိမ်နင်းစဉ် ကိုကျော်သူနှင့်ဇနီးကိုပါ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ နောက်ပိုင်း ကိုကျော်သူတို့ ဇနီးမောင်နှံကို ပြန်လွှတ်ပေးခဲ့သော်လည်း ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးခွင့်အပါအ၀င်၊ စာပေအနုပညာ အလုပ်လုပ်ခွင့် များကို ပိတ်ပင်ခဲ့ရုံမက ဂျာနယ်၊ မဂ္ဂဇင်းများတွင်လည်း နာမည်ကိုပင် ဖော်ပြခွင့် မပြုခဲ့ပေ။

ထိုသို့ တားမြစ်လိုက်ချိန်က ကိုကျော်သူအနေဖြင့် ရိုက်ကူးပြီး၊ ရိုက်လက်စ ဗီဒီယို ကားပေါင်း (၆၀) ကျော်နှင့် ရုပ်ရှင်ဇာတ်ကားကြီး (၂) ကားကိုပါ ပြသခွင့် ပိတ်ပင်ခံခဲ့ရသည်။ နောက်ပိုင်း ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများက ၎င်းတို့အနေဖြင့် ငွေကြေးမြောက်မြားစွာ ဆုံးရှုံးကြရမည် ဖြစ်၍ ပြသခွင့်ပြုပါရန် အာဏာပိုင်များထံ အသနားခံစာ တင်ပြ၊ အချို့ လက်ဆောင်များပေးပြီး လာဘ်ထိုးကြ၍ ဗီဒီယိုကားအချို့ ပြန်လည် ပြသခွင့်ရလာသည်။

ယခု ဇူလိုင် (၂၅) ရက် ရုံတင်မည့် ရင်ခုန်နှင်းဆီဇာတ်ကားသည် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သည်။ ရိုက်ကူးပြီး ဗီဒီယို၊ ရုပ်ရှင်များ ပြသခွင့် ရလာသော်လည်း ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးရေး အပါအ၀င် အနုပညာအလုပ် လုပ်ကိုင်ခွင့်များကိုမူ ဆက်လက်တားမြစ်ခံထားရဆဲ ဖြစ်သည်။

ကိုကျော်သူ ဦးဆောင်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကူညီခြင်း၊ ဆေးခန်း ဖွင့်လှစ်၍ အခမဲ့ ဆေးကုသပေးခြင်း အပြင် လေဘေးသင့် ဒေသများတွင် အလောင်းများကို မီးသင်္ဂြိုဟ်ပေးခြင်း၊ ပြည်သူများကို ကူညီကယ်ဆယ်ပေးခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် မြန်မာနိုင်တ၀န်း၌ နအဖစစ်အစိုးရအား ဆန့်ကျင်သည့် သံဃာ တော်များဦးဆောင်သော အထွေထွေသပိတ်တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး စစ်အစိုးရ အာဏာပိုင်များက သံဃာတော်များနှင့် ပြည်သူများအား ပစ်ခတ်ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မဲဆောက်မှ တောင်းရမ်းကလေးများကိုဖမ်း၊စာရိတ္တပြုပြင်ရေးစခန်းပို့

NEJ/ ၂၄ ဇူလိုင် ၂၀၀၈

ယမန်နေ့က မဲဆောက်တွင် တောင်ရမ်းစားသောက်သူနှင့် ပစ္စည်းဟောင်းလိုက်ကောက်သည့် မြန်မာကလေးငယ် (၁၈) ဦးကို ထိုင်းရဲက ဖမ်းဆီးပြီး စာရိတ္တပြုပြင်ရေးဌာနများသို့ ပို့မည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖမ်းခံရသည့် မြန်မာကလေးများမှာ အသက် (၁၀) နှစ်မှ (၁၂) နှစ်ကြားရှိ ကလေးများဖြစ်သည်။
ယခင်က အလားတူ ဖမ်းဆီးခံရသည့် ကလေးများအား မြန်မာဘက်ပြန်ပို့သော်လည်း ယခုအခါ ပြန်ပို့မည်မဟုတ်ဘဲ သက်ဆိုင်ရာ ရပ်ကွက်လူကြီးများ လူမှုဝန်ထမ်းဌာနများကို ဆက်သွယ်ပြီး စာရိတ္တပြုပြင်ရေးဌာနများသို့ ပို့ဆောင်သွားမည်ဟု မြို့နယ်ရဲမှူးကြီး နိုင်ဖတ်စ၀ပ်တင်ကျွိက ပြောသည်။

“ဒီကလေးတွေရဲ့ပြဿနာကကြီးတယ်။ ပိုက်ဆံလိုက်တောင်းရင်း၊ ပစ္စည်းဟောင်းကောက်ရင်း လူမရှိတဲ့အိမ်က တွေ့တဲ့ပစ္စည်း ခိုးတယ်။ ရပ်ကွက်တွေကလည်း ရဲစခန်းကို အကြောင်းကြားပြီး ဖမ်းခိုင်းတာတွေ မကြာခဏရှိတယ်။ ဒီအရွယ်မှာတောင် ဒီလောက်ဆိုးရင် ကြီးလာရင် ပိုဆိုး လာမယ်။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး ထိန်းချုပ်ကိုင်တွယ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ ကလေးငယ်များကို မဲဆောက်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ၎င်းတို့အထဲမှ အသက် (၁၀) နှစ်အရွယ် ကလေးတဦးက “လိုက်တောင်းတာ တနေ့ ဘတ် (၁၀၀-၂၀၀) နေ့တိုင်းရတယ်။ အမေက ကျောင်းမထားဘူး၊ ပိုက်ဆံပဲ တောင်းခိုင်းတယ်။ အရင်က ဖမ်းရင် တရက်ပဲ၊ အခု (၂) ရက်ရှိပြီ မလွတ်သေးဘူး” ဟု ပြောသည်။

ယင်းကလေးငယ်များသည် မဲဆောက်မြို့ မူဂျာဟေဒင်ရပ်ကွက်နှင့် မြို့စွန်ရှိ ကျူးကျော်တဲများ တွင် မိဘများနှင့်အတူ မြန်မာနိုင်ငံမှ လာရောက်၍ နေထိုင်ကြသူများဖြစ်သည်။ ၎င်း ကျူးကျော် ရပ်ကွက်ကို ထိုင်းအာဏာပိုင်များက မကြာခဏ ၀င်ရောက်ဖမ်းဆီးကာ တဲများကို မီးရှို့ဖျက်ဆီး၍ ၎င်းတို့အား မြန်မာဘက်ခြမ်း မြ၀တီမြို့သို့ ပြန်လည်ပို့ဆောင်လေ့ရှိသည်။

အချို့ မိသားစုဝင်များမှာ ထိုင်းလူမျိုးများ ပိုင်ဆိုင်သည့် မြေပေါ်တွင် တလ ဘတ် (၃၀၀) နှုန်းဖြင့် မြေငှားခပေး၍ တဲထိုးနေထိုင်သူများလည်းရှိသည်။ မိဘအများစုမှာ အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ သားသမီးများ တောင်းရမ်း၍ ရသောငွေများဖြင့် မူးယစ်သောက်စားကာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြခြင်း၊ တွေ့ရာမြင်ရာတွင် မစင်စွန့်ခြင်း၊ ခြင်များ ပြေးစေရန် မီးခိုးမှိုင်းတိုက်ခြင်းတို့ ကြောင့် ရပ်ကွက်လူထုနှင့် မကြာခဏ ပြဿနာဖြစ်ပြီး အာဏာပိုင်များက လာရောက်ဖမ်းဆီးလေ့ ရှိသည်။

သို့ရာတွင် အဆိုပါ ကျူးကျော်ရပ်ကွက်တွင် နေထိုင်ကြသူများကို ထိုင်းအာဏာပိုင်များနှင့် ဒေသ ခံများက ထိရောက်သည့် အရေးယူမှုများ မပြုလုပ်သဖြင့် အဆိုပါလူများမှာ အဖမ်းအဆီးရှိစဉ်
ကာလသာ ခေတ္တရှောင်တိမ်းလျက်ရှိပြီးနောက် ယခင်အတိုင်း ပုံမှန်သွားလာနေထိုင်မြဲဖြစ်သည်။

မဲဆောက် World Vision အဖွဲ့မှ ၀န်ထမ်း နိုင်ကော့က “အဲလိုကလေးတွေ (၁၀၀) လောက်ရှိတယ်။ သူတို့အတွက် ကျောင်းနေဖို့ စီစဉ်ပေးတယ်။ မဲဆောက်မှာ အခမဲ့ကျောင်းတွေ အများကြီးရှိတယ်။ သူတို့မိဘတွေကိုင်တိုင်က ကလေးကို ကျောင်းမထားချင်ဘူး။ ပိုက်ဆံပဲ လိုက်တောင်းခိုင်းတယ်။ သူတို့ကို ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းကျောင်းပေးနိုင်ရင်တော့ သူတို့အနာဂတ်ကောင်းမှာပါ” ဟု ပြောသည်။

အလားတူ ကျန်ရှိနေသေးသည့် ကလေးငယ်များကိုလည်း ဆက်လက်ဖမ်းဆီးသွားမည်ဟု မြို့နယ် ရဲမှူးကြီးက ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ၏ စစ်တမ်း အရ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာရွှေ့ပြောင်း ကလေး ငယ်များ စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး လက်ရှိမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာ သင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများတွင် မည်သူမဆို အခမဲ့ ပညာသင်ကြားနိုင်သည်ဟု သိရှိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ မိတ်ဆွေနိုင်ငံများ အစည်းအဝေး ကုလ အတွင်းရေးမှုးချုပ် ခေါ်ယူ

24 July 2008

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအစည်းအဝေးမခေါ်ခင် တရက် မနေ့ကတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မိတ်ဆွေနိုင်ငံများအစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပါတယ်။ တိတိပပ ရလာဒ်တွေမထွက်ခဲ့ပေမယ့်လို့ ဒါဟာ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဘယ်လိုဆွေးနွေးချက်တွေ ဘယ်လိုဆုံးဖြတ်ချက်တွေလုပ်မလဲဆိုတာ အတွင်းရေးမှုးချုပ်ကနေ အဖွဲ့ဝင်နိုင်ငံတွေအကြား ညှိုနှိုင်းတိုင်ပင်တဲ့ သဘောလို့ ယူဆရပါတယ်။ ဒီအကြောင်းကို ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နယူးယောက် ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာတော့ အခု ဇူလှိုင် ၂၄ အမေရိကန်စံချိန် မွန်းလွဲပိုင်းမှာ မြန်မာ အရေးဆွေးနွေးပွဲ လုပ်ကြမှာပါ။ လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတွေအကြား မတူညီတဲ့ သဘောထားတွေကို စုဆောင်းတာ၊ ညှိုနှိုင်းတာလုပ်တဲ့အနေနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကနေ အခု မြန်မာမိတ်ဆွေနိုင်ငံများအစည်းအဝေးကို ခေါ်ယူတာလို့ ယူဆရပါတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Ms. Sound-AH က ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

"ကုလသမဂ္ဂအတွင်းရေးမှုးချုပ်အနေနဲ့ ဒီကနေ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖွဲ့ထားတဲ့ မြန်မာမိတ်ဆွေနိုင်ငံများ အစည်းအဝေးကို ခေါ်ယူ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးအတွင်းမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီက အခုလာမယ့် သြဂုတ်လလယ် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးတင်ပြပါတယ်။ ဒီအဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဖွဲ့စည်းထားပြီးကတည်းကဆိုရင် အခု ၄ကြိမ်မြောက် အစည်းအဝေးလုပ်တာပါ။"

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူတိုင်း ဆုံးဖြတ်ချက် ချမှတ်ရေး သဘောကွဲလွဲမှုတွေ ရှိတဲ့အတွက် အဖွဲ့ဝင်နိုင်ငံအများ ပါဝင်တဲ့ အထွေထွေ ညီလာခံကနေပဲ မြန်မာ့အရေးကို ဆုံးဖြတ်ချက်ယူလေ့ရှိပါတယ်။ အခု မြန်မာ မိတ်ဆွေ နိုင်ငံများဖွဲ့ရတဲ့ သဘောကလည်း လုံခြုံရေး ကောင်စီထက် ကျယ်ပြန့်တဲ့ အစုအဖွဲ့ ဖြစ်လာအောင် လုပ်တဲ့သဘောလို့ မြန်မာ့အရေး လေ့လာသူတွေက ယူဆပါတယ်။ ဒီကနေမှ အတွင်းရေးမှုးချုပ်က ကြားဝင် ညှိုနှိုင်းပြီး အခြားအဆင့်တွေအတွက် ဘယ်လို ဆက်မလဲဆိုတာ သဘောထားတွေ စုဆောင်း ညှိုနှိုင်းတာလို့ဆိုပါတယ်။ ဒါပေမယ့် အခု ဒီ မိတ်ဆွေနိုင်ငံများအသင်းကရော တကယ်တမ်း အထွေထွေ ညီလာခံလောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ်စားပြုနိုင်ပ့ါမလား။ ဒါက မစ္စတာဂင်ဘာရီခရီးစဉ်အတွက်ပဲ သက်သက် ညှိုနှိုင်းနေတဲ့သဘော မသက်ရောက် နေဘူးလားလို့ မေးတော့ ပြောခွင့်ရသူ မစ္စ ဆောင်အာ့က အခုလို ဖြေပါတယ်။

"ဒါဟာ အဖွဲ့ဝင်နိုင်ငံတွေကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်ပါတယ်။ အတွင်းရေးမှုးချုပ်အနေနဲ့ သူဆောင်ရွက်ရမယ့်တာဝန်တွေကို ဆောင်ရွက်ဖို့ ဒီအဖွဲ့နဲ့ အရင်ကနဦး ညှိုနှိုင်းဆောင်ရွက်လိုပါတယ်။ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကတော့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုရှေ့ဆက်ဆောင်ရွက်မလဲဆိုတာကို အပြန်အလှန်အမြင်ချင်းဖလှယ်ကြတဲ့သဘောပါ။ အထူးသဖြင့်တော့ မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံကို မသွားခင် အမြင်တွေ ဖလှယ်ကြတဲ့သဘောပါ။ မစ္စတာဂန်ဘာရီရဲ့ မြန်မာနိုင်ငံသွားတဲ့ အခုခရီးစဉ် ဒါမှမဟုတ် ခရီးစဉ်တွေအတွက်ပဲသက်သက် ဆောင်ရွက်တာမဟုတ်ဘူးဆိုတာကို အတွင်းရေးမှုးချုပ်က အလေးပေးပြောထားပါတယ်။ ဒါဟာ မြန်မာအစိုးရနဲ့ ညှိုနှိုင်းဆက်သွယ်နိုင်တဲ့ ပုံမှန်လမ်းကြောင်း တခုဖြစ်ပါတယ်။"

အတွင်းရေးမှုးချုပ်ရဲ့ ဒီမိတ်ဆွေနိုင်ငံများအဖွဲ့မှာတော့ သြစတေးသျှ၊ တရုတ်၊ ပြင်သစ်။ အိန္ဒိယ၊ အင်ဒိုနီးရှား ဂျပန် နော်ဝေး ရုရှား စင်ကာပူ တောင်ကိုရီးယား ထိုင်း ဗြိတိသျှ အမေရိကန်ပြည်ထောင်စု ဗီယက်နာမ် ဥရောပသမဂ္ဂနဲ့ ဥရောပ မိသားစုတို့ ပါဝင်ကြပါတယ်။
မနက်ဖြန် လုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ မစ္စတာ ဂမ်ဘာရီကနေ မြန်မာ့နိုင်ငံရေးအခြေအနေကို အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြဆွေးနွေးဖို့ရှိပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဆိုပြုချက်အမျိုးမျိုးရှိနေပေမယ့်လို့ ယတိပြတ် တခုခုကို အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ အခုအချိန်အထိ ညှိုနှိုင်းလို့မပြီးသေးပြီလို့သိရပါတယ်။ ဒီအထဲမှာတော့ အာဆီယံဦးဆောင်တဲ့ အာရှနိုင်ငံတွေက ကမကထလုပ်ပြီး မြန်မာ့ဒီမိုကရေစီရေးအစည်းအဝေးခေါ်ယူဖို့ကိစ္စလည်း ပါဝင်တယ်လို့သိရပါတယ်။ အမေရိကန်ပြည်ထောင်စုဖက်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တခုခု ချမှတ်ရေး အရင်ကထက်က ကြိုးစားထားတာရှိပေမယ့် အခုမနက်ဖြန်မှာ အဆိုပြုချက်တခုခု ဆုံးဖြတ်ချက်မူကြမ်းတခုခု တင်ပြချေရှိမရှိ မသိရသေးပါဘူး။ ပြီးခဲ့တုန်းက ဗြိတိသျှနဲ့အမေရိကန်ပြည်ထောင်စုတို့တင်သွင်းခဲ့တဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကိုတော့ တရုတ် ရုရှားတို့က ဗီတိုသုံးပယ်ချခဲ့တာမို့၊ ဒီနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီထဲ ကာဆီးကာဆီး လုပ်သွားဦးမယ်လို့တော့ လေ့လာသူတွေက ယူဆထားကြပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဆိုက်ကလုံးအလှုငွေ မြန်မာစစ်အာဏာရှင်လက်ထဲ မရောက်စေရန် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က သတိပေး

24 July 2008


မြန်မာနိုင်ငံက နာဂစ် ဆိုင်ကလုံး လေမုန်တိုင်းဒဏ် ခံလိုက်ရသူများအတွက် ပေးတဲ့ လူသားချင်း စာနာမှု အထောက်အပံ့များ တခြားဘက်မှာ စစ်အစိုးရက လွှဲပြောင်း မသုံးစွဲရေး နိုင်ငံတကာ အလှူ့ရှင်များက သေခြာအောင် လုပ်ပါလို့ Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာပြည်ကို ပေးခဲ့တဲ့ အထောက်အပံ့များ ဘယ်လို သုံးစွဲတယ်ဆိုတာ သီးခြား လွတ်လပ်တဲ့ ကုလသမဂ္ဂနဲ့ အလှူ့ရှင်များ ပူးတွဲ စီမံခန့်ခွဲတဲ့ အဖွဲ့က စောင့်ကြပ်သင့်တယ်။ အဲဒီလို လုပ်တာမှာလည်းပဲ လုပ်ငန်းဟာ ထင်သာမြင်သာရှိပြီး တာဝန်ယူမှုလည်း ပါဝင်ရလိမ့်မယ်လို့ အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ ထောက်ပြထားတာပါ။

မေလမှာ လေပြင်းမုန်းတိုင်း ကျရောက်ပြီးကတည်းက နိုင်ငံခြား ကယ်ဆယ်ထောက်ပံ့ရေး ကျွမ်းကျင်သူ အလုပ်သမားများ ခရီးသွားလာခွင့်ကို ကန့်သတ် ချုပ်ခြယ်ထားပြီး ကယ်ဆယ်ရေးမှာ သွားရောက်ကူညီကြတဲ့ ဒေသခံများကိုလည်း ဖမ်းဆီးခံပုံကို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ထောက်ပြထားပါတယ်။ အလှူ့ရှင်များအနေနဲ့ လူသားချင်း စာနာမှု အခြေခံမူများအတိုင်း အတိအကျလိုက်နာအောင် စစ်အစိုးရကို ဖိအားပေးပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က တာဝန်ခံ ရစ်ချက် ဂါဖေးလ် မြန်မာပြည်သို့ ရောက်ရှိနေပြီး သူအရင်က ထင်ထားသည်ထက် အစိုးရက လေဘေး ဒုက္ခသည်များကို ပိုမိုကူညီထောက်ပံ့ နေတယ်လို့ ပြောဆိုပါတယ်။

ဧရာဝတီတိုင်းကို သွားရောက် ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဒါန အကြီးအကဲ ဂျွန်ဟုမ်းဟာ ဒီကနေ့မှာ နေပြည်တော်မှာ စစ်အစိုးရ တာဝန်ခံများနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံရေးအကျဉ်းသားများ အင်းစိန်ထောင်မှာ တိုက်ပိတ်ခံရ

23 July 2008

စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတဦးဖြစ်သူ ကိုဥာဏ်လင်းအောင် ဟာ ထောင်တွင်းမှာ တိုက်ပိတ်ခံထားရတယ်လို့ သူ့ရဲ့မိခင်ဖြစ်သူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ မြန်မာအစိုးရအာဘော် သတင်းစာတွေမှာ ဆက်တိုက်လို ဖော်ပြရေးသား နေပါတယ်။ ဒီအကြောင်းတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုဥာဏ်လင်းအောင်နဲ့ ကိုမောင်မောင်လတ်တို့နှစ်ဦးကို ဇူလိုင်လ ၅ ရက်နေ့ကတည်းက အင်းစိန် အကျဉ်းထောင် စစ်ခွေးတိုက်လို့ခေါ်တဲ့နေရာမှာ တိုက်ပိတ်ပြစ်ဒဏ်ပေးထားတယ်လို့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်ခင်ဗျ။ အဲဒီစစ်ခွေးတိုက်ဆိုတဲ့ နေရာဟာ အကျဉ်းထောင်မှာအသုံးပြုတဲ့ အနံ့ခံစစ်ခွေးတွေကိုထားတဲ့နေရာပါ။ အဲဒီတိုက်ထဲမှာ သူတို့ နေထိုင်ရတဲ့အခြေအနေကို မိခင်ဖြစ်သူ ပြောပြခဲ့တာက ဒီလိုပါ။

"စစ်ခွေးတိုက် အခန်းရှေ့မှာ သူတို့ကို ထားတယ်ပေါ့။ နောက် ထမင်းနဲ့ ရေကလွဲပြီး ကျန်တာ ဘာမှ ပေးလို့မရဘူးတဲ့။ ဘာမှလည်း ယူလို့မရဘူး။ နောက် သမံတလင်းပေါ်မှာ အိပ်ရတယ်။ အပေါ့သွားရင်လည်း ဇလုံတလုံး ပေးထားပြီးတော့ ဒီအထဲမှာပဲ သွားရတယ်။ ရေတို့ စက္ကူတို့ ဘာမှ မပေးဘူး။ သူတို့မှာ ရှိတဲ့ အ၀တ်အစားတွေနဲ့ ဖြဲဆုတ် သုတ်ရတယ်။ ရေချိုးချိန်ကိုလည်း ၁၀မိနစ်လောက်ပဲ ပေးတယ်။ တနေ့လုံး တိုက်ထဲမှာပဲ ပိတ်ထားတယ်ပေါ့။ တိုက်ထဲမှာလည်း ကင်းခြေများတို့၊ ခြင်တို့၊ ယင်ကောင်တို့၊ ပိုးတို့တွေက အများကြီးရှိတာ။ ညဘက်ကြရင်လည်း မအိပ်ရဘဲနဲ့ တညလုံး ခဏခဏ ထကြည့်တယ်။ တခါတလေကြရင် တညလုံး မအိပ်ရဘဲနဲ့ ထိုင်နေရတယ်။

သူတို့ကိုတိုက်ပိတ်ရခြင်း အကြောင်းရင်းကတော့ အနက်ရောင်ပါတဲ့ အ၀တ်အစားတွေကို ထောင်အာဏာပိုင်တွေက သိမ်းမယ် ဆိုတာကို အသိမ်းမခံတဲ့အတွက် တိုက်ပိတ်တာလို့ပြောကြောင်း မိခင်ဖြစ်သူကပြောပါတယ်။

ကိုဥာဏ်လင်းအောင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာ တခြားကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ကိုကိုနဲ့ တရက်ထဲ အဖမ်းခံခဲ့ရတာပါ။

ကိုဥာဏ်လင်းအောင်တို့ကို တိုက်ပိတ်ထားတဲ့ အတောအတွင်းမှာပဲ မြန်မာအစိုးရအာဘော် သတင်းစာတွေမှာ မြန်မာ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေအရ သတ်မှတ်ထားတာမရှိဘူးဆိုပြီး ဆက်တိုက်လို ရေးသားဖော်ပြနေတာတွေ တွေ့ရပါ တယ်။

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်တိုင် ဖွဲ့စည်းထားပြီး အကျဉ်းသားတွေအရေး တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ အတွင်း ရေးမှူး ကိုတိတ်နိုင်ကတော့ သူတို့အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် ခုလို အဓိပ္ပာယ် ဖွင့်ဆိုထားတယ်လို့ ပြောပါတယ်။

"နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်နေပြီးတော့ ဒီမိုကရေစီအတွက်၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားရင်းနဲ့၊ ပါဝင်ပတ်သက်ရင်းနဲ့ အဖမ်းခံရတဲ့ မည်သူမဆို၊ မည်သူမဆို ဆိုတဲ့အပေါ်မှာ အေအေပီပီက မှတ်သားထားတာရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေပေါ့၊ ၅ညပါမယ်။ ၁၇ပါမယ်။ ၁၀ခပါမယ်။ ၁၀က ပါမယ်။ ၁၁၀ကျော် ကနေပြီး၊ ၁၄၀ ကျော်အထိ ပုဒ်မတွေ ပါတယ်။ ထို့အပြင် ခုနစာရင်းအရ တချို့ဆိုရင် မူးယစ်ဆေးဝါး ပြစ်ပြီး ဖမ်းတာရှိတယ်။ စီးပွားရေး ကိစ္စအတွက် ဖမ်းတာရှိတယ်။ ဒါပေမယ့် ဒီလူတွေဟာ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်နေရင်းနဲ့ အဖမ်းခံရတဲ့ ကိစ္စဖြစ်တဲ့အတွက် ဥပမာဆိုရင် ခွန်ထွန်းဦးဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ သေချာပါတယ်။ သူကိုတော့ တရား မ၀င်ငွေလဲမှုနဲ့၊ စီးပွားရေး မှုနဲ့ အများကြီးပဲ ပုဒ်မတွေ တပ်ပြီးတော့ ၃၃နှစ် ထောင်ချထားတယ်။"


အခု တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတဲ့ ကိုဥာဏ်လင်းအောင်ဟာ သူတို့ရဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီ တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်ပါတယ်လို့လည်း ကိုတိတ်နိုင်ကပြောပါတယ်။

ကိုဥာဏ်လင်းအောင်ရဲ့ မိခင်ကတော့ သားဖြစ်သူကို ခုလိုတိုက်ပိတ်ထားတဲ့အတွက် ကျန်းမာရေးထိခိုက်နေတာကြောင့် စိုးရိမ်မိ ကြောင်းပြောပါတယ်။


မကြာသေးခင်ရက်ပိုင်းတွေအတွင်းကပဲ အမေရိကန်ပြည်ထောင်စုက ကမကထပြုရေးဆွဲပြီး ဥရောပပြည်ထောင်စု ၂၇ နိုင်ငံနဲ့ တခြား ၃၆ နိုင်ငံတို့က သဘောတူထောက်ခံတဲ့ ယုံကြည်ချက်အကျဉ်းသား ကြေညာစာတမ်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ကြေညာစာတမ်းတခုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြား ဖြန့်ဝေထားပါတယ်။ အဲဒီစာတမ်းမှာ ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေး လုပ်ဆောင်သွားဖို့နဲ့ ဒီအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို တခြားနိုင်ငံ တွေနဲ့ ဆက်ဆံရေးမှာ အဓိကဦးစားပေးအချက်တရပ်အဖြစ် ကိုင်စွဲကျင့်သုံးသွားမယ် ဆိုတာတွေကို အဲဒီ ၆၄ နိုင်ငံက သန္နိဋ္ဌာန်ချ ကြေညာထားကြပါတယ်။

ဒီကြေညာစာတမ်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အထွေထွေညီလာခံမှာဆွေးနွေးပြီး သဘောတူကြတယ်ဆိုရင်ဖြင့် အထွေ ထွေညီလာခံ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းတာပဲဖြစ်ဖြစ်၊ ICC နိုင်ငံတကာရာဇ၀တ်တရားခုံရုံးနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ က လိုအပ်သလို ဆက်လုပ်ဖို့ လွှဲပြောင်းတာမျိုးပဲဖြစ်ဖြစ် ဖြစ်လာနိုင်တယ်လို့ ကိုတိတ်နိုင်က ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်လို့ အေအေပီပီက စာရင်းပြုစု ထုတ်ပြန်ထားပါတယ်။ ဒီထဲကအများအပြားဟာ ကျန်းမာရေးချို့ယွင်းနေကြပြီး ပြည့်စုံတဲ့ဆေးဝါးကုသမှုမရတဲ့အပြင် မကြာခဏဆိုသလို နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းခံနေကြရတယ်လို့ အေအေပီပီက ပြစ်တင် ဝေဖန်ထားပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်မှာ ဒီအကျဉ်းသားတွေလွတ်မြောက်ရေးဟာ ပထမဆုံး မလုပ်မဖြစ်တဲ့ အဆင့်ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ ကလဲ ဒီအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မပြတ် တောင်းဆိုနေ ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရကတော့ အခုရက်ပိုင်း သတင်းစာတွေထဲမှာ ပါနေသလိုပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုတာကို အစဉ်တစိုက် ငြင်းဆိုနေကြောင်းပါ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့အရေး ပိုလုပ်ရန် အာဆီယံကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တိုက်တွန်း

23 July 2008

မြန်မာ့အရေးမှာ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး တခုအတွင်းမှာ မစ္စရိုက်စ်က တိုက်တွန်းခဲ့တာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကွန်ဒိုလီဇာ ရိုက်စ်အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ရှေ့မှာတင် အာဆီယံ အဖွဲ့ကို တိုက်တွန်း ပြောကြားတာဟာ ပထမဆုံး အကြိမ်လို့ ပြောမယ်ဆိုရင် မမှားပါဘူး။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ပြဿနာ အကြောင်းရင်းကို ကိုင်တွယ် ဖြေရှင်းရာမှာ အာဆီယံ အဖွဲ့အနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ မိမိတို့ယုံကြည်ကြောင်း ကွန်ဒိုလီဇာ ရိုက်စ်ကပြောခဲ့ပါတယ်။

မြန်မာ နိုင်ငံအရေး ကိစ္စနဲ့ ပတ်သက်လာရင် အမေရိကန် နိုင်ငံဟာ အပြင်းထန်ဆုံး ဝေဖန်လေ့ရှိတဲ့ နိုင်ငံပါ။ အခု တိုက်တွန်းတာက တော့ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ထိထိရောက်ရောက် မလုပ်သေးတဲ့အတွက် ဖိအားပေးတာ ဖြစ်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သုံးသပ်ပါတယ်။

"နိုင်ငံတကာ အသိုင်းအ၀ိုင်းက နိုင်ငံ တခုရဲ့ အရေးအခင်းမှာ ပါဝင်ဆောင်ရွက်မှုဟာ တနေ့တခြား ပိုမို အရေးကြီး လာတယ်လို့ မြင်တယ်။ အထူးသဖြင့် အခု မြန်မာနိုင်ငံအရေးမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ ပိုမို အရေးကြီးလာတယ်။ အာစီယံဟာ ဒီနေ့အထိတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ အာစီယံအဖွဲ့အနေနဲ့တော့ တစုံတခုမှ ဆောင်ရွက်ပေးတာ ကျွန်တော်တို့ မတွေ့ရဘူး။ သို့သော်လည်းပဲ အခု အာစီယံ လုံခြုံရေး ညီလာခံမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောတယ်ဆိုတာ ဒီလို မဆောင်ရွက်တာကို သိလို့၊ မဆောင်ရွက်ဖူးတာကို သိလို့ အဲဒီလို တွန်းအားပေးတဲ့ သဘောလည်း ရှိတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။"

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မုန်တိုင်းဒဏ်သင့် လူထု ကူညီ ကယ်ဆယ်ရေးတွေ အတွက် အာဆီယံအဖွဲ့ဟာ မြန်မာအစိုးရနဲ့ နိုင်ငံတကာကြားမှာ ကြားဝင် ပေါင်းကူး ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီ ဆောင်ရွက်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ချီးကျူးပြောကြားခဲ့သလို အာဆီယံ ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဒီအပေါ် ကျေနပ် အားရပုံပေါ်ပါတယ်။ မြန်မာ့အရေးမှာ ကုလသမဂ္ဂက ၀င်ရောက် ဆောင်ရွက်တဲ့ အတွက် နိုင်ငံတကာကပါ ပူးပေါင်းလာခဲ့တာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းကကြိုဆိုပါတယ်။ အာဆီယံရဲ့ လုပ်ဆောင်ပေးလို စိတ်ကိုတော့ ဦးဥာဏ်ဝင်းက သံသယရှိပါ တယ်။

"အာစီယံနဲ့ မြန်မာနိုင်ငံရေးမှာ ထင်ထင်ရှားရှား ကြေညာတာ၊ သုံးသပ်တာတော့ မရှိဘူး။ နိုင်ငံတခုချင်း အနေနဲ့ကသာ မိမိတို့ ခံစားမှုကို ပြောတာပဲ ကျွန်တော် ဒီလောက်ပဲ တွေ့တယ်။ ကုလသမဂ္ဂကတော့ သီးခြားပါ။ အာစီယံအနေနဲ့ ပါဝင် ဆောင်ရွက်လို စိတ်မရှိဘူးဆိုတာ ကျွန်တော် ဒီလိုပဲ သဘောရပါတယ်။"


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပါ။

နိုင်ငံရေးအရ ကွဲပြားမှုတွေရှိပေမယ့် မုန်တိုင်းကိစ္စ အကူအညီတွေကိုတော့ ဆက်ပေးသွားမှာပါလို့ ရိုက်စ်ကပြောပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Stephen Smith ကလည်း ဆိုင်ကလုန်းဒဏ်သင့်လူထုအတွက် နောက်ထပ် အကူအညီ သြစတြေးလျဒေါ်လာ သန်း ၃၀ ထပ်ပေးမယ့်အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ပြောခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မှာ ကျင်းပမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတဖို့နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးပြီး ပါဝင်ခွင့်ရစေဖို့လည်း စမစ်သ်က တောင်းဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မြန်မာနိုင်ငံအဖြစ်၊ တရားဥပဒေစိုးမိုးမှုကို လေးစားတဲ့ မြန်မာနိုင်ငံအဖြစ်၊ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်တဲ့ မြန်မာနိုင်ငံအဖြစ် မိမိတို့မြင်ချင်ပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Stephen Smith က တောင်းဆို တိုက်တွန်းခဲ့ကြောင်းပါ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့် ဘိုကလေးမြို့နယ် ကျေးရွာတချို့ အကူအညီလုံလောက်စွာ မရရှိသေး

မိုးအောင်တင်/ဘိုကလေး ဇူလိုင် ၂၃၊ ၂၀၀၈

နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး၂ လ ကျော်ကြာသည်အထိ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကျေးရွာ တချို့ရှိ လေဘေးဒုက္ခ သည်များမှာ အကူအညီများ လုံလောက်စွာ မရရှိ၍ အခက်အခဲများဖြစ်နေကြကြောင်း သိရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကျုံပွန်ကျေးရွာမှ အပျက်အစီးတချို့နှင့် အကူအညီလိုနေသော ရွာသားများ (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)

ဘိုကလေးမြို့နယ် အပိုင် ဂုံညင်းတန်းမြစ်နံဘေးတွင်ရှိသော ကျုံပွန်ရွာမှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေအများ အပြား ပျက်စီးကာ ဆန်စပါးများအပါအ၀င် တခြားဝင်ငွေရသည့် အုန်းခြံနှင့် ကွမ်းသီးခြံများ ပျက်စီးခဲ့ရသော်လည်း ယခုအချိန်အထိ အကူအညီများလိုအပ်လျှက်ရှိနေသောကြောင့် လယ်ယာစိုက်ပျိုးရေးနှင့်တခြား အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ခက်ခဲလျှက်ရှိနေသည်ဟု ဒေသခံ လေဘေးဒုက္ခသည်များက ပြောသည်။

အဆိုပါရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦးက“ကျမတို့ ရွာကို မုန်တိုင်းတိုက်ပြီး ၁၀ ရက်လောက်မှာပဲ အကူ အညီလာပေးတာ တကြိမ်ရှိတယ်။ အဲဒီနောက်တခါ အစိုးရက ဆန် ၁၅ ရက်စာဆိုပြီး လူတယောက်ကို ၃ ပြည်နှုန်းနဲ့ ဝေတယ်။ အဲဒီနောက် ဘာအကူအညီမှလည်း မရတာ ဒီနေ့အထိပဲ။ ဟိုးလှမ်းမြင်နေရတဲ့ ကျုံကျိုက်ရွာဆို အကူအညီတွေ ရတယ်။ အဲဒီရွာက ဖျာပုံအပိုင် ကျမတို့ရွာက ဘိုကလေးအပိုင်ပါ”ဟု ပြောပြသည်။

ယင်းကျုံပွန်ရွာရှိ ဘုန်းတော်ကြီးကျောင်းမှာလည်း ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့ကာ ယခုအချိန် အထိအပျက်အစီးများ နဂိုအတိုင်းကျန်ရှိနေဆဲ ဖြစ်ပြီး ဘုန်းတော်ကြီး ကျောင်းဆောင်များ ပြန်လည်ပြုပြင်နိုင်ရန် အတွက်လည်း ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည် ဟု ရွာခံများကပြောဆိုကြသည်။

ကျုံပွန်ရွာအပြင် ပျားရေစု၊ ပန်းပဲစု စသည့် ဘိုကလေး မြို့နယ်အတွင်းရှိ လူသိနည်းသော ရွာများမှာ အကူအညီ လုံလောက် စွာမရရှိကြကြောင်းလည်း ဒေသခံ ဒုက္ခသည်များက ပြောသည်။

“ဘိုကလေးမြို့နယ်ထဲမှာ ဆိုရင် မြင်းကကုန်းဆိုတဲ့ရွာရဲ့ တောင်ဘက်ပိုင်း ကတော့ မုန်တိုင်းနဲ့အတူ ဒီရေတိုးပြီး အသေ အပျောက်များလို့ဆိုပြီး အကူအညီရကြတယ်။ ကူညီရေး အဖွဲ့အစည်း တွေ သွားကြတယ်။ဒါပေမယ့် အဲဒီ မြင်းကကုန်း ရွာရဲ့ မြောက်ပိုင်းကျတဲ့ ရွာတွေကတော့ အကူအညီမရသလောက်ဘဲ၊ လယ်ပြန်စိုက်ဖို့အတွက် မျိုးစပါး လည်း သက်ဆိုင်ရာကို တောင်းထားတုန်းပဲ၊ အခုထိတော့မရသေးဘူး”ဟု ဒေသခံ ဒုက္ခသည် တဦးဖြစ်သည့် မခင်ခင်ဝင်းက ပြောဆိုသည်။

မခင်ခင်ဝင်းမှာ ယခုအခါ ကောက်ညှင်း ရွှေထမင်းမုန့်လုပ်ပြီး ရွာထဲတွင်ရောင်းချခြင်းဖြင့်ရပ်တည် နေရသည်ဟု ပြောဆိုသည်။

ပျားရေစု ကျေးရွာမှ အသက် ၇၆နှစ်ရှိ အဘွားအို ဒေါ်သန်းတင်ကလည်း ၎င်း အသက်မွေးသည့် အုန်းခြံသည် မုန်တိုင်း ဒဏ်ကြောင့် အုန်းပင်အများစုမှာ အသီးမသီးတော့၍ လတ်တလော ရပ်တည်ရန် ခက်ခဲလျက်ရှိသည်ဟု ပြောဆိုသည်။

ယခုလောလောဆယ်တွင် လယ်ယာပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါး ရရှိရေးမှာ လယ်သမားများအတွက် အရေးကြီးဆုံး အချက်ဖြစ်နေပြီး အချိန်မီ မရရှိပါက စပါးစိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း ယင်း ကျုံပွန်၊ ပျားရေစု၊ ပန်းပဲစု ရွာမှ လယ်သမား များက ပြောဆိုကြသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျုံပွန်ရွာ ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ - မိုးအောင်တင်/ဧရာဝတီ)

ယခင် ပုံမှန်နှစ်များတွင် ယခုအချိန် ၌လယ်ကွက်အားလုံး မျိုးကျဲပြီး စိုက်ပျိုးပြီး ဖြစ်နေလေ့ရှိသော်လည်း ယခုနှစ်တွင် လယ်ထွန်ရန်နှင့် မျိုးစပါးရရှိရန်အခက်အခဲများကြောင့် ယခုကဲ့သို့ အချိန်လွန်နေရခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

စစ်အစိုးရ၏ သတင်းစာများတွင် လယ်ထွန်စက်နှင့် မျိုးစပါးများ ကိုဧရာဝတီတိုင်းမှ မုန်တိုင်းဒဏ်ခံရသည့် ရွာများသို့ ပေးအပ်နေသည်ကို နေ့စဉ်လိုလိုဖေါ်ပြနေသော်လည်း မုန်တိုင်းဒဏ်ခံရသည့် ရွာများထဲမှ ထင်ရှားသည့်ရွာနှင့် မြို့နယ် ခွဲ များဖြစ်သည့် ကြိမ်ချောင်းကြီး၊ သင်္ဃန်းကုန်း၊ ပြင်စလူ၊ အမာ၊ စက်ဆန်း စသည့် နေရာများတွင်သာ အကူ အညီများ ရရှိသည်ကို တွေ့ရပြီး မုန်တိုင်းဒဏ်ခံရသည့် တခြားမထင်ရှားသည့် ရွာများတွင်မူ ယခုအချိန်အထိ ကိုယ်ထူ ကိုယ်ထ လယ်ယာလုပ်ကိုင်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်သည်ကို တွေ့ရသည်။

ဇူလိုင်လ ၁၇ရက်နေ့ထုတ် စစ်အစိုးရ ကြေးမုံသတင်းစာတွင် ဧရာဝတီတိုင်း၌ မိုးစပါးဧက ၂.၂သန်းစိုက်ပျိုးပြီးကြောင်း သတင်းတိုဖြင့် ဖေါ်ပြထားသော်လည်း တိုင်းတတိုင်းလုံး၏ စိုက်ဧက ဘယ်ရွေ့ဘယ်မျှရှိသည် စသည့် အချက်အလက်များ လုံးဝဖေါ်ပြထားခြင်း မရှိဘဲ နေပြည်တော်မှ သတင်း ထုတ်ပြန်သည်ဟုသာ ပါရှိသည်။

အပြည့်အစုံဖတ်လိုလျှင်