စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 9, 2008

ထိုင်းစစ်ဦးစီးအရာရှိချုပ် ထိုင်း-မြန်မာနယ်စပ် စစ်ဆေး


ဗိုလ်ချုပ်ကြီးမွန်တရီချွန်ဖူကျန်နှင့်အဖွဲ့ဝင်များ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားသို့ ရောက်ရှိစဉ်
NEJ/ ၉ ဇူလိုင် ၂၀၀၈

နယ်စပ်မူးယစ်ဆေးဝါးပြဿနာ၊ ဒုက္ခသည်စခန်းဆိုင်ရာ ကိစ္စနှင့် နိုင်ငံခြားသား အလုပ်သမားများ ခိုးဝင်သည့် ကိစ္စများအား တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ထိုင်းစစ်ဦးစီး အရာရှိချုပ်နှင့်အဖွဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုနှင့် မယ်လဒုက္ခသည်စခန်းသို့ လာရောက် ခဲ့သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းနိုင်ငံ နိုင်ငံတော်ပြည်တွင်းလုံခြုံရေးဌာနအတွင်းရေးမှူး ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မွန်တရီချွန်ဖူကျန်နှင့်အဖွဲ့သည် ယနေ့နံနက်က မဲဆောက်မြို့သို့ ရောက်ရှိလာပြီး ဒေသခံအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ယနေ့နံနက်ပိုင်းက မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာကွပ်ကဲရေးတပ် စည်းဝေး
ခန်းမတွင် အဆိုပါကိစ္စများကို တံခါးပိတ်အစည်းအဝေး ကျင်းပအပြီးတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က “ဒီကိစ္စသုံးခုအတွက် ဒေသခံတာဝန်ရှိ သူတွေနဲ့ လာရောက်တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး တာဖြစ်တယ်။ နိုင်ငံခြားသားအလုပ်သမား ခိုးဝင်တဲ့ကိစ္စ၊ မူးယစ်ဆေးဝါး နယ်စပ်ကနေ ဝင်ရောက်
တဲ့ကိစ္စတွေ ဆက်လက်မဖြစ်ပွားရအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားဖို့အတွက် လာရောက်ဆွေးနွေးတာဖြစ်တယ်” ဟု ဒေသခံ သတင်းထောက်များအား ပြောကြားသည်။

သို့ရာတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က ဒေသခံ သတင်းထောက်များ၏ မေးမြန်းချက်များကို အသေးစိတ် ဖြေကြားရန် ငြင်းဆိုခဲ့ပြီး ထိုင်းသတင်းထောက်တဦးက တတိယနိုင်ငံသို့ ဒုက္ခသည် များ ထွက်ခွာလျက်ရှိပြီး တတိယနိုင်ငံသို့ မထွက်ခွာလိုဘဲ ကျန်ရှိသူများအတွက် မည်သည့်အစီ အစဉ်များ ရှိပါသနည်းဟု မေးမြန်းရာ ဗိုလ်ချုပ်ကြီးက "ဒုက္ခသည်နဲ့ ပတ်သက်တဲ့ကိစ္စကို ထိုင်း အစိုးရက ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်" ဟုသာ ဖြေကြားသည်။

ဗိုလ်ချုပ်ကြီး မွန်တရီနှင့်အဖွဲ့ဝင်များသည် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားသို့ သွားရောက် ကာ နယ်စပ်ကုန်သွယ်ရေး အခြေအနေများအား ကြည့်ရှုပြီး မွန်းလွဲ (၂) နာရီခွဲတွင် ရဟတ်ယာဉ် ဖြင့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး စခန်း အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်တွေ့ဆုံကာ စခန်းအတွင်း အခြေအနေများကို စစ်ဆေးခဲ့သည်။

မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောသာကဲက “အဲဒီလူကြီးအဖွဲ့ စခန်းကို လာသွားတယ်။ ကျနော်တို့ စခန်းကော်မတီ တာဝန်ရှိသူတွေနဲ့ မတွေ့ဘူး။ ထိုင်းစခန်းအုပ်ချုပ်ရေးမှူး နိုင်အခရပ်ဖန်းနဲ့ အဖွဲ့ကို တွေ့ပြီး ဆွေးနွေးကြတယ်၊ နောက်ပြီး စခန်းလုံခြုံရေး ယူထားတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့တယ်၊ ဘာတွေ ဆွေးနွေးလဲတော့ ကျနော်တို့လည်း မသိဘူး။ အခုကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးမယ် ဆိုရင်တော့ စခန်းအုပ်ချုပ်ရေးမှူးက ကျနော်တို့ စခန်းကော်မတီကို ခေါ်ပြီး အခြေအနေကို ရှင်းပြမှာဖြစ်တယ်။ လောလောဆယ်တော့ ဘာမှမသိရသေးဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါအဖွဲ့တွင် ဗိုလ်ချုပ်ကြီးနှင့်အတူ အမှတ် (၃) စစ်ဒေသ ဒုတိယတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနုံဆတ်အဖိရတ်ယိုထင်၊ မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဘွန်းစို့နှင့် တာ့က်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး၊ ရဲနှင့် ထိုင်းလဝကအဖွဲ့ တာဝန်ရှိသူများ ပါရှိသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့ရိက္ခာအခက်အခဲကြောင့် အာဆီယံ ပိုမိုအားကောင်းလာဟုအာဆီယံအကြီးအကဲ ပြောကြား

Bangkok Post/ IRIN ၉ ဇူလိုင် ၂၀၀၈

မြန်မာနိုင်ငံတွင် မုန်တိုင်းသင့်ပြီးနောက် ဆန်အခက်အခဲပါ ကြုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများပါ ထိခိုက်ခဲ့ပြီးနောက် အာဆီယံအဖွဲ့အစည်း၏ အင်အားတောင့်တင်းမှုမှာ ပိုမိုထင်ရှားလာရသည်ဟု အာဆီယံ အကြီးတန်း အရာရှိတယောက်က ယမန်နေ့၌ ပြောကြား ခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆိုင်ကလုန်းမုန်တိုင်းသင့် ဒုက္ခသည်များကို အရေးပေါ် အကူအညီပေးရာတွင် နိုင်ငံတကာ လူသား ချင်း စာနာထောက်ထားမှု ကြိုးပမ်းချက်ကို အာဆီယံ (၁၀) နိုင်ငံမှ ဦးဆောင်နိုင်ခဲ့သောကြောင့် အာဆီယံအုပ်စုတွင် စည်းလုံးမှုနှင့် ယုံကြည်မှု စိတ်ဓာတ်ပြရာ ရောက်သည်ဟု အာဆီယံ အထွေ ထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်စ၀မ်က မနီလာမြို့ကို အလည်အပတ်ရောက်သည့် ခရီးစဉ် အတွင်း သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံပါဝင်သည့် TCG သုံးပွင့်ဆိုင် ဗဟိုအဖွဲ့သည် ဧရာဝတီတိုင်းအတွင်း မုန်တိုင်းလွန်ကာလ အပျက်အစီးကို မကြာခင်က ကွင်းဆင်းလေ့လာခဲ့သည် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့တွင် အဖွဲ့ဝင် (၃၀၀) ကျော်ပါရှိပြီး ကုလသဂ္ဂ၊ အန်ဂျီအိုများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ အာဆီယံတို့မှ ပြည်တွင်းပြည်ပ ၀န်ထမ်းများ၊ လူမှုဝန်ထမ်းများနှင့် ပြည်တွင်း စေတနာ့ဝန်ထမ်းများ ပါဝင်သည်။
မုန်တိုင်းလွန်ကာလ အပျက်အစီး လေ့လာရေးအဖွဲ့၏ အဆိုအရ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မိသားစုဝင် (၄၆) ရာခိုင်နှုန်းအတွက် ရိက္ခာမှာ (၂) ရက်စာမျှသာ ကျန်တော့သည်ဟု သိရသည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (၁၀) ရက်ကြာ ကွင်းဆင်းလေ့လာပြီး အချက်အလက်များ စုဆောင်း အကဲ ဖြတ်ရာတွင် ကျေးရွာအုပ်စုလိုက် ကွင်းဆင်းလေ့လာရေးအဖွဲ့မှ မန်နေဂျာဖြစ်သူ ရစ်ချတ် ဘလူး
ဝစ်က မုန်တိုင်းသင့် ဒုက္ခသည်များမှာ မရေမရာ နေထိုင်နေကြရသည်ကို တွေ့ရှိရသည်ဟု ပြောသည်။

“မုန်တိုင်းသင့်တဲ့ဒဏ် အခံရဆုံး မြို့နယ် (၃၀) မှာ အရေးပေါ် လိုအပ်ချက်တွေ၊ အဆောတလျင် ပြန်လည် ထူထောင်ရေးတွေ လိုအပ်နေတယ်” ဟု ဘလူးဝစ်က ပြောသည်။

မုန်တိုင်းတိုက်ပြီးကတည်းက မုန်တိုင်းသင့် ဒုက္ခသည်များ မည်သို့ နေထိုင် ရှင်သန်ကြသည်ကို အထူးလေ့လာသည့် ကျေးရွာအုပ်စုလိုက် ကွင်းဆင်း လေ့လာရေးအဖွဲ့၏ အပြီးသတ် အစီရင် ခံစာကို ဇူလိုင်လထဲတွင် တင်ပြရမည်ဖြစ်ပြီး ထိုအစီရင်ခံစာတွင် မုန်တိုင်းကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု၊ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများ ပါဝင်မည်ဖြစ်သည်။

မုန်တိုင်းလွန်ကာလ ပူးတွဲကွင်းဆင်းလေ့လာရေးအဖွဲ့ (PONJA) ကလည်း နိုင်ငံတကာ ကယ်ဆယ် ရေးအေဂျင်စီများ၊ အလှူရှင် အစိုးရများကို မုန်တိုင်းကြောင့် ပျက်စီးမှုများ၊ လူသားချင်းစာနာ ထောက်ထားမှု ကယ်ဆယ်ရေးအားထုတ်မှုများကို ပွင့်ပွင့်လင်းလင်း ပြသနိုင်ရန် ရည်ရွယ်ထား သည်။

ကွင်းဆင်းလေ့လာရင်းတွေ့ရှိချက်များတွင် စားနပ်ရိက္ခာချို့တဲ့မှုကို တွေ့ရှိရပြီး အိမ်ထောင်စု (၆၀) ရာခိုင်နှုန်းမှာ သောက်ရေသန့် လောက်ငစွာသုံးစွဲနိုင်ခြင်းမရှိသကဲ့သို့ အိမ်ထောင်စု (၂၂) ရာခိုင်နှုန်းမှာ စိတ်ဖိစီးမှုဒဏ် ခံနေကြရသည်ဟု ဆိုသည်။ မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကြောင့်
မြစ်ဝကျွန်းပေါ်ဒေသရှိ အိုးအိမ် (၅၉) ရာခိုင်နှုန်းမှာ ပျက်စီးဆုံးရှုံးမှု ကြီးစွာခံခဲ့ရသည်ဟုလည်း ကွင်းဆင်း လေ့လာချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်ချက်များလုပ်နေမှုနှင့် ပတ်သက် သည့် အကဲဖြတ်ချက်အစည်းအဝေးကို နောက်အပတ်ထဲတွင် စင်ကာပူ၌ ကျင်းပမည်ဟု ဆူရင်က ပြောသည်။

၎င်းက “နိုင်ငံတကာ အသိုင်းအ၀န်းက ထောက်ပံ့တဲ့ အနေအထားဟာ အလွန့်အလွန် အားတက် စရာဖြစ်ခဲ့ပြီး မုန်တိုင်းသင့် ဒုက္ခသည်တွေကိုသာမက တခြားအာဆီယံနိုင်ငံတွေမှာရှိတဲ့ ဆင်းရဲနွမ်း ပါးသူတွေကိုပါ ကူညီပေးနိုင်ပါလားဆိုတဲ့အထိ ကျနော်တို့ကို အားတက်စေခဲ့ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ အခက်အခဲနှင့် ဆန်အခက်အခဲသည် အာဆီယံအဖွဲ့၏ ကနဦး ဥပဒေအခြေခံသည့် ပဋိညာဉ်ကို အာဆီယံနိုင်ငံများ အတည်ပြုရေးတွင် တွန်းအားတရပ်အဖြစ် အထောက်အကူပြုခဲ့သည်ဟုလည်း ဆူရင်က ပြောသည်။

အာဆီယံပဋိညာဉ်ကို အဖွဲ့ဝင် (၆) နိုင်ငံမှ အတည်ပြုပြီးဖြစ်ပြီး ကျန်သည့် (၄) နိုင်ငံအနေဖြင့်
နိုဝင်ဘာတွင် ဘန်ကောက်၌ ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေး၌ အချိန်မီအတည်ပြု မည်ဟု မျှော်လင့်ကြောင်းလည်း ဆူရင်က ပြောသည်။

“အားလုံးတညီတညွတ်တည်း အပြည့်အ၀အတည်ပြုပွဲကို ဘန်ကောက်မှာ ကျင်းပနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ကြံ့ဖွံ့များ ၂၄ နာရီ အချိန်ပြည့် လုံခြုံရေးချထား

သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 16:26 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ရွှေပြည်သာမြို့နယ် ဗုံးပေါက်ကွဲမှုအပြီး ရန်ကုန်တိုင်း မြို့နယ် အများအပြားရှိ ရပ်ကွက် ကြံ့ဖွံ့ရုံးများတွင် အလှည့်ကျ ၂၄ နာရီအချိန်ပြည့် လုံခြုံရေးအဖြစ် အလှည့်ကျ ကင်းစောင့်နေကြရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလ ၁ ရက်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက် စစ်တောင်းလမ်း၌ ရှိသော မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံး၏ အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသော ရပ်ကွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးတွင် အသေးစား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့အပြီး နောက်တရက်မှ စတင်ကာ ကြံ့ဖွံ့လုံခြုံရေးများကို စတင် ချထားလိုက်ခြင်း ဖြစ်သည်။

“ကြံ့ဖွံ့ရုံးတွေ အားလုံးပဲ အသေအချာ၊ အလုံအခြုံ ချထားတယ်။ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ကြံ့ဖွံ့ရုံးတွေ အကုန်လုံးပဲ” ဟု အမည်မဖော် ပြည်တွင်းဂျာနယ် သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

ဆိပ်ကမ်း၊ ဒဂုံနှင့် အခြားမြို့နယ် အချို့တွင် ယခုလို လုံခြုံရေး ချထားမှုမျိုး တွေ့မြင်နေရသည်ဟု သူက ဆက်ပြောသည်။

ရန်ကုန်ဒေသခံ တဦးကလည်း “၇ ရက်နေ့တုန်းက လူစည်ကားတဲ့ နေရာတွေ၊ အဆောက်အဦတွေနဲ့ ရပ်ကွက် ရုံးတွေမှာ မနက် ၆ နာရီလောက်ကတည်းက တွေ့နေရတယ်။ တောင်ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်၊ ရွှေပြည်သာ အနီးတဝိုက်မှာ ရှိတဲ့ ရပ်ကွက်ရုံးတွေမှာ တရက်မှာ ကြံ့ဖွံ့အဖွဲ့ဝင် ၁ဝ ယောက်ကျော်လောက် ချထားတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ယခုလ ၂ ရက်နေ့က ရန်ကုန်အခြေစိုက် ဂျာနယ် သတင်းထောက်များကို တွေ့ဆုံခဲ့စဉ်က ယခုလို ဆောင်ရွက်ရခြင်းသည် ယင်းကဲ့သို့ (ဗုံးပေါက်ကွဲမှု) မသမာသော လုပ်ရပ်များ ထပ်မံ မဖြစ်ပေါ်စေရန် အထူးလုံခြုံရေး ချပေးသွားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွှေပြည်သာရှိ ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး နောက်တရက်တွင် နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (UWSB) က သူတို့လက်ချက် ဖြစ်ကြောင်း ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

မြန်မာ စစ်အစိုးရ သတင်းစာ၌ လူများ ထိခိုက်ဒဏ်ရာ မရရှိဘဲ ယင်းဗုံးပေါက်ကွဲမှုကြောင့် ရုံး၏ အောက်ထပ် အဝင်တံခါးမကြီး၊ ပြတင်းပေါက်မှန်၊ စာရေးစားပွဲ၊ ကုလားထိုင်၊ လက်နှိပ်စက်၊ တယ်လီဖုန်း စသဖြင့်သာ ပျက်စီးသွားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရွှေပြည်သာ ဗုံးကွဲမှုသည် ယခုနှစ်အတွင်း မြို့ကြီး ၃ မြို့တွင် ၅ ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်သည်။

ဇန်နဝါရီလအတွင်းက နေပြည်တော် ပျဉ်းမနားဘူတာအနီး ဗုံးပေါက်ကွဲသဖြင့် အမျိုးသမီးတဦး သေဆုံးခဲ့ကာ၊ ရန်ကုန် ဘူတာကြီးအနီးတွင်လည်း အနည်းဆုံး လူတဦး ဒဏ်ရာရရှိသည့် ဗုံးကွဲမှု ဖြစ်ပွားခဲ့သေးသည်။ ထို့နောက် ပဲခူးတိုင်း ဖြူးမြို့အနီးတွင် ဘတ်စ်ကားပေါ် ဗုံးကွဲရာတွင် ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးခဲ့သလို၊ ဧပြီလ ၂ဝ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဗုံးနှစ်လုံး ပေါက်ကွဲရာ ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

အပြည့်အစုံဖတ်လိုလျှင်

တိုက်ပိတ်သူများစာရင်း အင်းစိန်ထောင်က ကြေညာ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 18:20 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရသူ နိုင်ငံရေး အကျဉ်းသားများ၏ အမည်စာရင်းကို ပြစ်မှု ဖြစ်ပွားပုံနှင့်တကွ ယခုလမှ စတင်ကာ ထောင်ဗူးဝတွင် ထုတ်ပြန် ကြေညာလာသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံရေး အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအကြား အခြေအတင် ခွန်းကြီးခွန်းငယ် ပြောဆိုကြသဖြင့် တိုက်ပိတ်ထားရခြင်းကို A4 side စာရွက်ပေါ်တွင် ကွန်ပြူတာ စာစီကာ အများမြင်သာနိုင်သည့် နေရာရှိ ကြော်ငြာဆိုင်းဘုတ်တွင် ကပ်ထားခြင်း ဖြစ်သည်။

“အရင်က တခါမှ မရေးဖူးဘူး။ ရန်ဖြစ်တယ် ဆိုရင်လည်း ရန်ဖြစ်တဲ့ စကာလုံး ၏သည် မရွေးပေါ့နော်။ ဆဲဆိုတဲ့ စကားလုံးတွေကိုပါ ရေးထားတယ်လေ။ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေကိုပါ ရေးထားတယ်။ ကွန်ပြူတာ စာရွက်နဲ့ ရုံးသုံးစာရွက်နဲ့ ဆဲတဲ့စကားလုံးတော့ မပြောတော့ဘူးပေါ့နော်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း မဥမ္မာက ပြောသည်။

ပြီးခဲ့သည့်လ ၂၄ ရက်နေ့က လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ အခန်းအတွင်း အကျဉ်းထောင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်အေး၊ ဒေါ်သီတာဦးတို့က လာရောက် ရှာဖွေသည်ကို တာဝန်အရ လုပ်နေတာပါ ပြောဆိုပြီးနောက် တဦးနှင့်တဦး ခွန်းကြီးခွန်းငယ် ပြောဆိုသည့် စကားလုံးများကိုပါ ရေးသားထားသည်ဟု သူက ပြောသည်။

မစုစုနွေးကို ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထောင်စည်းကမ်း ဖောက်ဖျက်သဖြင့် ထောင်ဝင်စာ၊ ပါဆယ်ပေးခွင့်၊ ထောင်ဝင်စာ တွေ့ခွင့်များ ပိတ်လိုက်သည်ဟု ရေးသားထားသည်။

“အရင်တုန်းက သူတို့က ဒီလိုကိစ္စတွေကို ခိုးကြောင်ခိုးဝှက် လုပ်နေကြတယ်။ ဒီလို အသိပေးတာ မရှိဘူး၊ အခုဟာက ဂရုမစိုက်ဘူး။ ဒီလိုမျိုး လုပ်တယ်ဆိုတာကို ကျန်တဲ့လူတွေကိုပါ ဖွင့်ပြီး တိုက်လိုက်တဲ့ သဘောလို့ မြင်တယ်လေ” ဟု မဥမ္မာက ပြောသည်။

အကျဉ်းကျနေသူ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဉာဏ်လင်းအောင်သည် အင်းစိန်ထောင် ဝန်ထမ်းများနှင့် ငြင်းခုန်မှုများ ဖြစ်သဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ တိုက်ပိတ်ထားကြောင်းလည်း ဖော်ပြထားသည်။

အကျဉ်းကျ နိုင်ငံရေးသမားများ၏ အနက်ရောင်ပါသည့် ပုဆိုးများကို ထောင်အာဏာပိုင်များက သိမ်းယူရာမှ အခြေအတင် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် ဗကသ ခေါင်းဆောင် (စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်) အား ထောင်စည်းကမ်း ဖောက်ဖျက်သည်ဟု ဆိုကာ ယခုလ ၅ ရက်နေ့မှစတင်ကာ ၁၈ ရက်နေ့အထိ တိုက်ပိတ်ခြင်း ဖြစ်သည်။

“ဒီရက်ပိုင်းမှာ ယောပုဆိုးအနက်တို့၊ အနက်ရောင် အင်္ကျီတွေ၊ အနက်နဲ့ ပတ်သက်တဲ့ အဲဒါတွေ ပြန်ပို့ခိုင်းတယ်။ သူက ဘာကြောင့် သိမ်းရတာလဲ ဆိုပြီးတော့ ထောင်ဝန်ထမ်းတွေနဲ့ အချင်းများကြတယ် ပြောတယ်။ ၁၄ ရက် ပိတ်ခံရတယ်” ဟု တရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

သူက “ဘာဖြစ်လို့ သိမ်းတယ်ဆိုတော့ အနက်ရောင်၊ နီညိုရောင်တွေလည်း ပါတယ်။ ဒါပေမဲ့ အနက်ရောင် ယောပုဆိုးမလို့ သိမ်းတယ်တော့ မဟုတ်ဘူး။ ယောလုံချည်တို့၊ ကချင်လုံချည်တို့ ဆိုတာက တိုင်းရင်းသား ဝတ်စုံတွေပဲလေ။ ပင်နီတိုက်ပုံ၊ အမျိုးသား ဝတ်စုံအနေနဲ့ ရှိထားတာကို နိုင်ငံရေးသမားမှ ဝတ်တာမှ မဟုတ်ဘဲ။ အန်ကယ်တို့ ယူဆတာက အစိုးရိမ် လွန်ပြီးတော့ အခုလို လိုက်သိမ်းတယ်လို့ ထင်တယ်” ဟု ဆက်ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ် ၂၈ ရက်နေ့တွင် ဗကသ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုဉာဏ်လင်းအောင်သည် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူ့အား ၂ဝဝ၈ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ပုန်းအောင်းနေသည့် နေရာမှ အာဏာပိုင်များက ဖမ်းဆီးပြီး ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ထောင်ဝင်စာ သွားတွေ့ခဲ့သူတဦးက “မနေ့က ယောပုဆိုးအနက်တွေ ပြန်ထုတ်ပေးတယ်၊ အားလုံးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရက်တွေ ၇ ဇူလိုင်တို့ ရှိတယ်မလား။ နိုင်ငံရေးသမား အားလုံးက တထည်နှစ်ထည် ပါတယ်လေ။ အထဲမှာ ဝတ်ခွင့် ရှိတယ်” ဟု ပြောသည်။

သူကလည်း လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ ကိုဉာဏ်လင်းအောင်နှင့် အခြားတဦးကို ထောင်ဝန်ထမ်းများနှင့် ရန်ဖြစ်သဖြင့် တိုက်ပိတ် ခံထားရသူများအဖြစ် အမည်စာရင်းကို ထောင်ပြင်ပတွင် ရေးသားထားသည်ဟု ပြောသည်။

ကိုဉာဏ်လင်းအောင်အား မရမ်းကုန်း တရားရုံးတွင် စွဲချက်တင်ထားကာ အမှု စစ်ဆေးခြင်း မပြုဘဲ ရုံးချိန်း ၆ ကြိမ်မျှ ပေးခဲ့ပြီးနောက် သူ နေထိုင်သည့်နေရာမှာ မရမ်းကုန်မြို့နယ်တွင် မဟုတ်သောကြောင့် တရားစီရင်ပိုင်ခွင့် မရှိသဖြင့် ယခုအခါ မင်္ဂလာတောင်ညွန့် တရားရုံးသို့ ပြောင်းရွှေ့လိုက်သည်။

အလားတူပင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဇော်ဇော်မင်းကိုလည်း ၁၄ ရက်ကြာ တိုက်ပိတ် ခံနေရကြောင်းနှင့် မည်သည့် အကြောင်းကြောင့် ယခုလို တိုက်ပိတ်ခြင်း ဖြစ်သည်ဟု မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ကိုဇော်ဇော်မင်းသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အတူ ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ညက ပုန်းအောင်းနေသည့် နေရာတွင် ဖမ်းဆီးခံခဲ့ရသည်။ သူ့တွင် အဆုတ်ရောဂါ အခံရှိပြီး၊ သားဖြစ်သူ ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းကိုလည်း အာဏာပိုင်များက ဖမ်းဆီးကာ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။

အပြည့်အစုံဖတ်လိုလျှင်

သတင်းစာအသစ် ထုတ်မည် မဟုတ်ကြောင်း ပြန်ကြားရေး ငြင်းဆို

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 17:44 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နေပြည်တော်မှ သတင်းစာအသစ် ထုတ်ဝေမည်ဟူသည့် အပြောများ ရန်ကုန် စာနယ်ဇင်း လောကတွင် ထွက်ပေါ်နေသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကမူ မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လက်ရှိ ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် New Light of Myanmar အပြင် ၄ စောင်မြောက် သတင်းစာကို နေပြည်တော်မှ ထုတ်လုပ် ဖြန့်ချိသွားမည်ဟု ပြောဆိုခြင်းသည် မမှန်ကန်ကြောင်း နေပြည်တော်ရှိ “ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန” ညွှန်ကြားရေးမှူးချုပ်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်က “လောလောဆယ်တော့ ကျနော်တို့ ဘာမှ မကြားရသေးပါဘူးခင်ဗျာ။ ကျနော်တို့ သေသေချာချာ ဂဃနဏ မသိရသေးပါဘူး။ ဒီရုံးမှာတော့ မကြားဘူးဗျ။ ဘယ်သူသိလဲ ဆိုတော့လည်း ကျနော်တို့လိုပဲ ဖြစ်နေတယ်။ Confirm မဖြစ်ပါဘူးဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်အခြေစိုက် မဂ္ဂဇင်း အယ်ဒီတာတဦးကတော့ စစ်အစိုးရအနေဖြင့် သတင်းစာအသစ်တခု ထုတ်လုပ်ရန် စီစဉ်နေပြီး စမ်းသပ်လည်ပတ်မှုကို မကြာမီ လုပ်လိမ့မည်ဟု ပြောသည်။ ထို့အပြင် ထွက်ရှိလာမည့် သတင်းစာသည် လက်ရှိ သတင်းစာများနှင့် ခြားနားမှု ရှိမည်ဟု ပြောသည်။

“နောက်အပတ်ဆို ထုတ်ပြီ။ သတင်းစာနာမည် အကြမ်းဖျင်း “နေပြည်တော်” လို့ ပေးထားတယ် ပြောတယ်။ အရင် သတင်းစာတွေနဲ့ ပုံစံကွဲမယ်။ အရင် သတင်းစာတွေထက် ပိုကောင်းမယ်။ သတင်းတွေ ပိုလွတ်လပ်မယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

သူက ပြန်ကြားရေးဌာနမှ ညွှန်ချုပ်ဖြစ်သူ၏ ငြင်းဆိုချက်အပေါ် ယခုလို ဆက်လက်၍ ဝေဖန်ပြောဆိုသည်။

“သူတို့ကြည့်ရတာ မအောင်မြင်ရင် ဆက်မထုတ်ဘဲ ရပ်မယ်ထင်တယ်။ အဲဒါကြောင့် သိပ်မကျယ်ပြန့်စေချင်ပုံပဲ” ဟု သူက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

ဂျီ ၈ ခေါင်းဆောင်များက ဒေါ်စုကို လွှတ်ပေးရန် တောင်းဆို

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 16:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ယခု ဂျပန်နိုင်ငံတွင် ကျင်းပနေသည့် စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး တက်ရောက်လျက် ရှိကြသော ခေါင်းဆောင်များက နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးပြီး ဒီမိုကရေစီစနစ်သို့ ရှေးရှုသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတရပ် ပြုလုပ်ပါရန် မြန်မာစစ်အစိုးရကို အင်္ဂါနေ့က တောင်းဆိုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ရုရှ နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သော စက်မှု ၈ နိုင်ငံ အစည်းအဝေးက ကြေညာချက်တရပ် ထုတ်ပြန်ပြီး “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေး၍ တရားဝင်မှုရှိပြီး ဒီမိုကရေစီ နည်းကျသည့် အရပ်သား အစိုးရ တရပ်သို့ အသွင်ကူးပြောင်းရေးကို အားပေးပါရန်” မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ကြသည်။

နိုင်ငံတကာ၏ တောင်းဆို ဖိအားပေးမှုများကို မသိကျိုးကျွန်ပြု၍ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းကို မေလအတွင်းက နောက်ထပ်သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ ကျော်ကြာမျှ သူမ၏ ရန်ကုန်မြို့ အင်းယားကန် နံဘေး နေအိမ်တွင် တဦးတည်း အကျယ်ချုပ် ကျခံနေခဲ့ရသည်။

ဂျီ ၈ ဟု အတိုကောက် ခေါ်ဝေါ်ကြသည့် စက်မှုထိပ်သီး ၈ နိုင်ငံ၏ ခေါင်းဆောင်များ ထုတ်ပြန်လိုက်သော ကြေညာချက်တွင် မြန်မာနိုင်ငံ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ကို မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ် ဖျက်ဆီးသွားခဲ့သောကြောင့် ကျန်ရစ်ခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များထံ နိုင်ငံခြားသား အကူအညီပေးရေး လုပ်သားများ လွတ်လပ်စွာ သွားရောက်ကူညီ ခွင့်ပြုရန်လည်း တောင်းဆိုထားသည်။ ထိုမုန်တိုင်းကြောင့် လူပေါင်း ၁၃၈ဝဝဝ ကျော်သေဆုံး ပျောက်ဆုံးခဲ့ရသည်။

စက်မှုထိပ်သီး ၈ နိုင်ငံခေါင်းဆောင်များက “မိမိတို့သည် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များထံ အကူအညီများ အမှန်တကယ် ရောက်ရှိရေးအတွက် သံန္နိဌာန် ချမှတ်ထားကြောင်း၊ နိုင်ငံခြားသား အကူအညီပေးရေး လုပ်သားများအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသေးသော အကန့်အသတ် အားလုံးကို ရုပ်သိမ်းပေးရန်လည်း မြန်မာ အာဏာပိုင်များကို တောင်းဆိုကြောင်း” အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။

သို့သော် မြန်မာနိုင်ငံ အစိုးရကမူ ဆိုင်ကလုံး ဒုက္ခသည်များကို လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန် နိုင်ငံခြားသား အကူအညီပေးရေး ကျွမ်းကျင်သူ ၁၅ဝဝ ကျော်ကို ဗီဇာများ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ဖေါ် ပြောဆိုသွားပါသည်။

ကုလသမဂ္ဂ လူသားချင်း စာနာသည့် အကူအညီပေးရေး ညှိနှိုင်းရေးရုံး (UNOCHA) ၏ အဆိုအရ ဇူလိုင်လ (၇) ရက်နေ့ အထိ ကုလသမဂ္ဂဝန်ထမ်း (၃၁၇) ဦးသာဗီဇာ ရရှိသေးကြောင်း၊ ဗီဇာလျှောက်ထားမှု ၁၃ ခုမှာ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရပါသည်။

“ယခုအခါ သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) သို့ တင်ပြလျှင် ဗီဇာ လျှောက်လွှာများကို ၂ ရက်၊ ၃ ရက်အတွင်း ထုတ်ပေးလျက် ရှိပါသည်။ ဗီဇာအများစုကို ကနဦး ရက်သတ္တ ၂ ပတ် ခွင့်ပြုချက်ဖြင့် တကြိမ်သာ ဝင်ရောက်ခွင့် ဗီဇာများအဖြစ် ထုတ်ပေးထားပါသည်” ဟု (UNOCHA) အဖွဲ့၏ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော “အခြေအနေ သုံးသပ်ချက်” အစီရင်ခံစာတွင် ရေးသား ဖေါ်ပြထားပါသည်။

ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများသို့ သွားရောက်ခွင့်ကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသို့ တင်ပြ တောင်းခံရပြီး လျှောက်လွှာများ စိစစ်ခြင်းသည် ပျှမ်းမျှ ၄ ရက်မှ ၅ ရက်အထိ ကြာသည်ဟု သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ကလေး ၄ဝဝ ကျော် မိဘများကို ရှာဖွေနေဆဲဟု ယူနီဆက်က ပြော

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 12:41 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မုန်တိုင်းတိုက်ပြီး ၂ လကျော် ကြာမြင့်ခဲ့သော်လည်း ကလေးငယ် ၄ဝဝ ကျော်မှာ သူတို့၏ ပျောက်ဆုံးနေသော မိဘများကို လိုက်လံရှာဖွေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ပြီးခဲ့သည့် တနင်္လာနေ့က ပြောကြားလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန်လကုန်အထိ ကလေးငယ် ၄၂၈ ဦးမှာ မိဘအုပ်ထိန်းသူများနှင့် ကွဲကွာနေဆဲ ဖြစ်သည်ဟု ယူနီဆက်၏ ဆိုင်ကလုံးနာဂစ် တုံ့ပြန်မှု ရက် ၆ဝ လုပ်ငန်း အစီရင်ခံစာတွင် ရေးသားထားခြင်း ဖြစ်သည်။

ရန်ကုန်အခြေစိုက် ယူနီဆက်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ Zafrin Chow Chury က “၁၅ ယောက်ကတော့ မိဘတွေနဲ့ ပြန်တွေ့သွားပြီ။ ဒါပေမဲ့ တခြားကလေးတွေကတော့ သူတို့ရဲ့ မိဘတွေပြန်တွေ့ဖို့ သဲလွန်စ ရှာနေတုန်းပဲ” ဟု ပြောသည်။

ကလေးများ၏ မိသားစုများကို ပြန်လည်ရှာဖွေရေး လုပ်ငန်းသည် ဒုက္ခသည်များမှာ ယာယီစခန်းများမှ နေရင်းကျေးရွာများသို့ ပြန်သွားခြင်းနှင့် တနေရာမှ တနေရာသို့ ရွှေ့ပြောင်းသွားနေမှုများမှာ ကြီးစွာသော အတားအဆီး အနှောင့်အယှက် ဖြစ်နေသည်ဟု ယူနီဆက်က ပြောသည်။

“လောလောဆယ်မှာတော့ မိဘတွေကို ပြန်ရှာနေတဲ့အတွက် ကျနော်တို့ရဲ့ မိတ်ဘက် အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်း လုပ်ဆောင်ပေးနေပါတယ်” ဟု ကုလအေဂျင်စီက ပြောသည်။


ပညာရေး
ကွဲကွာနေသော မိသားစုများ ပြန်လည် ဆုံစည်းပေးရေး လုပ်ဆောင်နေရသလို စာသင်ကျောင်းများ အကြီးအကျယ် ပျက်စီး ဆုံးရှုံးသွားခဲ့ခြင်းအတွက် ကလေးငယ် အများစုမှာ ပညာသင်ကြားနိုင်ခြင်း မရှိသည့်အပေါ် ယူနီဆက်၏ အဓိက ပူပန်ကြောင့်ကြမှုတရပ် ဖြစ်နေသည်။

ယူနီဆက် အဆိုအရ မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်ခဲ့သော နာဂစ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း စာသင်ကျောင်းပေါင်း ၄၁ဝဝ ကျော် ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် တခုတည်းတွင်ပင် အနည်းဆုံး ကျောင်းပေါင်း ၁၂ဝဝ တစိတ်တဒေသ သို့မဟုတ် အလုံးစုံ ပျက်စီးမှု ဖြစ်ပွားခဲ့သည်ဟု ကုလအေဂျင်စီက ပြောသည်။

“စာသင်ကျောင်းပေါင်း ၁၃၂၆ ကျောင်းလောက် ပြင်ဖို့အတွက် ကျနော်တို့ ကူညီခဲ့ပါတယ်” ဟု ပြောဆိုခွင့်ရှိသူ Chury က ပြောကြားရင်း နောက်ထပ်လည်း ကျောင်းအများကြီး ပြင်ဆင်ရန်နှင့် ပြန်တည်ဆောက်ရန် လုပ်ရဦးမှာဟု ဆိုသည်။

“ကျောင်းအဆောက်အဦတွေ ပြိုကျပျက်စီးသွားတဲ့ နေရာတွေမှာ ယာယီစာသင်ဖို့ တဲတွေ၊ ပစ္စည်းတွေ ထောက်ပံ့နေတယ်” ဟု သူက ပြောသည်။


ကျန်းမာရေး
ယူနီဆက် အစီရင်ခံစာအရ ဆိုင်ကလုံးနာဂစ်သည် ဆေးပေးခန်း၊ ဆေးရုံ ၆ဝဝ ကျော်ကို ဖျက်စီးပစ်လိုက်ပြီး ရေတွင်းပေါင်း ၄ဝဝဝ ကျော် ရေညစ်ညမ်းမှုဖြစ် သောက်သုံးမရ ဖြစ်သွားသည်ဟု ဆိုသည်။

“ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အဓိက စိန်ခေါ်မှုတွေကတော့ ဆေးပေးခန်း၊ ဆေးရုံတွေ ပျက်စီးမှုနဲ့ ဆေးဝန်ထမ်းတွေ သေဆုံးမှုတွေဖြစ်ပြီး ဝန်ထမ်း နည်းပါးကုန်တာ” ဟု ယူနီဆက်က ပြောသည်။

ရေနှင့်ပတ်သက်၍ ဖြစ်ပွားသော ရောဂါများ ကပ်ဘေးအဆင့် ဖြစ်ပွားမှုမရှိသော်လည်း ယူနီဆက် အပြောအရ ဆိုင်ကလုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများ ဖြစ်ပွားနိုင်ချေရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေး ရောဂါများအတွက် ကြိုတင် ကာကွယ်နိုင်ရန် ကာကွယ်ဆေး၊ ဗိုက်တာမင် အေ ကဲ့သို့သော ဆေးဝါးများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရ၏ စီးပွားရေးသမားများ လေဘေးလုပ်ငန်း မလုပ်ဘဲ ရှောင်နေ

မုံပီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 11:09 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီးတွင် မုန်တိုင်းသင့် ဒေသများ၌ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီများကို တာဝန် ပေးအပ်ခဲ့သည်။ သို့သော် သူတို့ လိုအပ်သော ငွေကြေးများရမည် မရမည် မသေချာသည့်အတွက် အတော်များများက ဤအလုပ်ကို လက်ခံရန် ဝန်လေးနေကြကြောင်း သတင်းရပ်ကွက်များက ပြောဆိုကြပါသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်း၏ အပြောအရ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၃ဝ ကျော်ကို စစ်အစိုးရက တာဝန် ပေးအပ်ခဲ့သည်ဟုဆိုသည်။ သို့သော် ကုမ္ပဏီအများအပြားမှာ ရှေ့ဆက်လုပ်ရန် အတွက် စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြသည်ဟု ဆိုပါသည်။

ပုံမှန်အားဖြင့် စစ်အစိုးရနှင့် အမြီးစားဖက် ခေါင်းစားဖက် ဖြစ်ကြသော အဆိုပါ စီးပွါးရေး အုပ်စုများမှာ စစ်အစိုးရ၏ မည်သည့် စီမံကိန်းအတွက်မဆို အပြေးအလွှားသွား၍ ဝင်ရောက် လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများသာ ဖြစ်သည်။ ဤသို့ လုပ်ပေးခြင်းဖြင့် သူတို့အတွက်လည်း “စီးပွါးရေး အခွင့်အလမ်း” များဆိုသည့် အထူး အခွင့်အရေးများကို စစ်အစိုးရက ပြန်လည် ဆုချလေ့ ရှိခြင်းကြောင့် ဖြစ်သည်။

“ဒီလို ကုမ္ပဏီတွေအတွက် ဒါမျိုးတွေက အသက်သွေးကြောလို ဖြစ်နေတာလေ” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောဆိုသွားပါသည်။

သို့သော် ယခုအခါတွင်မူ မည်သည့် “စီးပွါးရေး အခွင့်အလမ်း” မျိုး အပြန်အလှန်အားဖြင့် ကျေးဇူးပြုခံရမည်ကို မသေချာသဖြင့် အဆိုပါ ကုမ္ပဏီများသည် မုန်တိုင်းသင့် ဒေသများတွင် ဤသို့ စေတနာ့ဝန်ထမ်း ပရဟိတ လုပ်ငန်းများ သွားလုပ်ပေးရမည်ကို အင်တင်တင် ဖြစ်နေကြသည်။

ဤသို့ စီးပွါးရေးသမား အတော်များများက သူတို့၏ စိုးရိမ်ကြောင့်မှုများကို ထုတ်ဖေါ် ပြောဆိုခဲ့ကြသော်လည်း အချို့မှာမူ မုန်တိုင်း အပျက်အစီးများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသောအခါ စိတ်အလွန်ထိခိုက်ပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် အပြည့်အဝ ဝင်ရောက် ဆောင်ရွက်နေကြသူများလည်း ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ အရေးသုံးသပ်သူ ဦးအောင်နိုင်ဦး ကပြောဆိုသွားပါသည်။

သို့သော် တချိန်တည်းတွင်ပင် အချို့သော ကုမ္ပဏီ အများအပြားကလည်း မုန်တိုင်း ဒုက္ခသည်များအတွက် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ပေးခြင်းဖြင့် သူတို့အတွက် ဘာပြန်ရနိုင်မလဲ ဆိုသည်ကို အပေးအယူလုပ် ဈေးစကားပြောလျက်ပင် ရှိသေးကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

“မြစ်ဝကျွန်းပေါ်က လူထုတွေကြားမှာ ပြောနေကြတာ ရှိတယ်။ ဒီဆိုင်ကလုံးက စီးပွါးရေးသမားတွေ ကြားထဲ ဘယ်သူက လူသားဆန်တဲ့ နှလုံးသား ရှိတယ်၊ ဘယ်သူက မရှိဘူး ဆိုတာ မုန်တိုင်းက ကွဲကွဲပြားပြား ပြပေးလိုက်တာဘဲလို့ ပြောနေကြတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသွားပါသည်။

ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် အပျက်အစီးများကို ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စောင့်ကြည့် လေ့လာရန် မြန်မာနိုင်ငံ စစ်အစိုးရက သူ၏ ဝန်ကြီး အများအပြားကို မုန်တိုင်းသင့် ဒေသများရှိ မြို့နယ်များသို့ စေလွှတ် တာဝန်ပေးထားသည်ဟု ဆိုသည်။

စစ်အစိုးရနှင့် နီးစပ်သူများ၏ အပြောအရ စစ်အစိုးရသည် ဤပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အရှက်တကွဲနှင့် သိက္ခာအကျခံပြီး လုပ်နေရသည်ဟု ဆိုပါသည်။

စစ်အစိုးရ၏ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးက ဟိုင်းကြီးကျွန်းသို့ သွားရောက် စစ်ဆေးစဉ် အဆိုပါ ဒေသမှ ကျေးရွာသားများအား “ကျုပ်တို့က ဒီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အရှက်တကွဲ နဲ့ သိက္ခာအကျခံပြီး လုပ်နေရတာ” ဟု ပြောသွားသည်ဟု သတင်းရပ်ကွက် တခုက ပြောဆိုပါသည်။

ဤသို့ တင်အောင်မြင့်ဦး ပြောဆိုသွားသည်ကို သီးခြား လွတ်လပ်သည့် အတည်ပြုချက် မရရှိနိုင်သော်လည်း ရန်ကုန်တိုင်းတွင် မုန်တိုင်း ဒုက္ခသည်များအား အကူအညီများ ပေးနေသည့် အကူအညီပေးရေး လုပ်သားများက ပြောဆိုသည်မှာ ယခုအခါ မုန်တိုင်း ဒုက္ခသည်များကို သူတို့ခိုလှုံရာ မုန်တိုင်း ကယ်ဆယ်ရေး ယာယီစခန်းများမှ ပြောင်းရွှေ့ခိုင်းနေပြီး အခြေအနေများ ပုံမှန်သို့ ပြန်လည် ရောက်ရှိနေပြီဟု ထင်မြင်အောင် ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“အခုဆိုရင် ယာယီ ကယ်ဆယ်ရေးစခန်းတွေ အတော်များများ ပိတ်ပစ်လိုက်ပြီဗျ။ လူတွေကို အတင်းအကြပ် ကိုယ့်နေရာကိုယ် ပြန်ခိုင်းနေတယ်။ အဲဒီမှာလဲ နေစရာဆိုလို့ ဘာမှ ကျန်တော့တာ မဟုတ်ဘူး” ဟု ကွမ်းခြံကုန်း၊ ဒေးဒရဲ နှင့် ကော့မှူး မြို့နယ်များတွင် မုန်တိုင်း ဒုက္ခသည်များအား အကူအညီများ ပေးအပ်နေသော အကူအညီပေးရေး လုပ်သားတဦးက ပြောဆိုသွားခဲ့ပါသည်။

အာဏာပိုင်များက သူတို့၏ ကြိုးပန်းမှုနှင့် ညှိနှိုင်း ဆောင်ရွက်မှုများကြောင့် ယခုအခါ အခြေအနေမှာ ပုံမှန်သို့ ပြန်လည် ရောက်ရှိသွားပြီဟု နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြချင်နေသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုသွားပါသည်။

အပြည့်အစုံဖတ်လိုလျှင်

ချင်းတွင်းမြစ်ရေကြီး ရေဘေးဒုက္ခသည်များ မော်လိုက်နှင့် ခန္ဓီးတွင် ပိုများလာ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 08 2008 15:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ချင်းတွင်းမြစ်ရေ ထပ်မံမြင့်တက်နေပြန်ရာ ခန္ဓီးနှင့် မော်လိုက်မြို့များတွင် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ ယနေ့ ပိုမိုများပြားလာသည်။

မြန်မာပြည်အနောက်ပိုင်း စစ်ကိုင်းတိုင်းရှိ မြို့များအနက် ခန္ဓီးတွင် မြေနိမ့်ရာဒေသများမှ ပြောင်းရွှေ့လာသော အိမ်ထောင်စု ၆၁ စုသည် အခြေခံပညာ မူလတန်းကျောင်း အမှတ် ၁ တွင်လည်းကောင်း၊ အိမ်ထောင်စု ၂၂ စုသည်
ပေါ်မိုင်းဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ မိသားစု ၁၀ စုသည် မူလတန်းကျောင်း အမှတ် ၃ ကျောင်းနှင့် အိမ်ထောင်စု ၅ စုသည် အလယ်တန်းကျောင်းတကျောင်းတွင် ခိုလှုံနေထိုင်နေကြရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မော်လိုက်တွင် အိမ်ထောင်စု ၆၈ စုသည် မြို့နယ်ခန်းမ၊ မူလတန်းကျောင်းအမှတ် ၁ နှင့် အားကစားကွင်းတခုတွင် အစုခွဲ ခိုလှုံနေထိုင်နေကြရသည်။

လူအသေအပျောက်နှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်ခြင်း မရှိသော်လည်း နောက်ထပ် ရေတက်လာနိုင်သေးကြောင်း အခင်းဖြစ်ရာဒေသအနီးရှိ မိုးလေ၀သစခန်းမှ အရာထမ်းတဦးက ပြောသည်။

ဟုမ္မလင်းတွင် ရေအမြင့် ၃၀၂၁ စင်တီမီတာ ဖြစ်နေရာ စိုးရိမ်ရေမှတ်ထက် ၁၂၁ စင်တီမီတာပိုမိုမြင့်တက်နေပြီး၊ ခန္ဓီးတွင် ၁၄၈၀ စင်တီမီတာဖြစ်နေပြီး စိုးရိမ်ရေမှတ်ထက် ၁၂၀ စင်တီမီတာဖြစ်ကာ ကလေးဝတွင် စိုးရိမ်ရေမှတ်ထက် ၁၂၄ စင်တီမီတာပိုမို ရောက်ရှိနေသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနေကြောင်း မြန်မာ့မိုးဇလက ထုတ်ပြန်ထားသည်။ ကမ်းရိုးတန်းတလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံမိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု ပါရှိသည်။

မုတ်သုန်မိုးကြောင့် ချင်းတွင်းမြစ်ရေကဲ့သို့ပင် စစ်တောင်းမြစ်လည်း ရေတက်လျှက်ရှိရာ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၁၀၇၀ စင်တီမီတာအထက် ရေအမြင့်တည်ရှိလျှက်ရှိမည်ဖြစ်သည်ဟု မိုးဇလ၏ ယမန်နေ့နေစွဲနှင့် ထုတ်ပြန်ချက်ကို ယနေ့ထုတ် မြန်မာ့အလင်းက ဖော်ပြထားသည်။


ဆက်စပ်သတင်း ၊

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၆ ပေနီးပါးမြင့်တက်

အပြည့်အစုံဖတ်လိုလျှင်

ကရင်နီဒုက္ခသည်များ ထိုင်းနယ်စပ်ကို ထွက်လာဆဲ

သန်းထိုက်ဦး
အင်္ဂါနေ့၊ ဂျူလိုင်လ 08 2008 16:40 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ကယားပြည်နယ်အတွင်း လှုပ်ရှားနေသော စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်ဟုဆိုကာ ယခုနှစ်အတွင်း ကရင်နီလူမျိုး ၁၆၅ ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီ ဒုက္ခသည်စခန်းများသို့ ထွက်ပေးခိုလှုံလာခဲ့ကြသည်ဟု စခန်းတာဝန်ရှိသူများအပြောအရ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒေသခံများအား သူပုန်များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခြိမ်းခြောက်မှု အပါအဝင် အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းမှု၊ လုပ်အားပေးခိုင်းစေမှုများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုသို့ ကယားပြည် ရှားတောနှင့် ဖရူးဆိုးမြို့နယ် အတွင်းက ဒေသခံ ၁၆၅ ဦးသည် ဇန်နဝါရီလမှ စတင်ပြီး ယနေ့အထိ ထွက်ပြေးခိုလှုံလာကြခြင်းဖြစ်သည်။

နအဖ စစ်သားတွေက သူတို့ကို ခဏ ခဏ ခေါ်တယ်၊ မေးတယ်။ နောက် ပြဿဿနာရှာတယ်။ အဲဒီလိုမျိုးပေါ့။ သူတို့ ကြောက်ပြီး ထွက်လာကြတယ်။ နောက် တချို့က မသင်္ကာမှုပေါ့နော်။ သူပုန်နဲ့ ဆက်သွယ်တယ် ဆိုပြီးတော့မှ အဲဒီလိုမျိုး သူတို့ကို စွပ်စွဲတယ်။ စွပ်စွဲတော့ ရွာမှာ မနေရဲလို့ သူတို့ တောထဲမှာ နေနေပြီးတော့ သူတို့ ရောက်လာကြတယ် ဟု ကရင်နီ ဒုက္ခသည်စခန်းကော်မတီ ဥက္ကဋ္ဌ ဖိုးပြားက မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင်တော်လှန်နေသော ကရင်နီတိုးတက်ရေးပါတီ (ကေအန်ပီပီ) အတွင်းရေးမှူး ၂ ခူးဦးရယ်ကလည်း သူတို့ကျေးရွာတွေ မကြာခဏ ရွှေ့ခိုင်းတယ်။ အတင်းအကျပ် လုပ်အားပေးနေတာလည်း နေ့တိုင်းပဲ။ တပ်စခန်းတွေကို မွမ်းမံခိုင်းတာတွေ၊ ပြင်ခိုင်းတာတွေ ရှိတယ်။ ခြံကာခိုင်းတာတွေ ရှိတယ်။ သစ်ဝါးတွေ တောင်းတာ ရှိတယ်။ ဆန်တွေ၊ အသားငါးတွေ တောင်းတယ် စသဖြင့်ပေါ့။ ကျေးရွာတွေ ရွေ့ပြောင်းတဲ့အထိ ဖြစ်တာလည်း ဥပမာ သတင်းတွေ ထိန်ဝှက်တယ် ပြောပြီးတော့ ပြဿဿနာရှာ ရွှေ့ပြောင်းခိုင်းတာ၊ တချို့ကလည်း အနီးနားမှာ တိုက်ပွဲဖြစ်တာကို အကြောင်းပြပြီး ပြဿဿနာရှာ ရွှေ့ခိုင်းတာတွေ။ လူတွေက မလွဲမရှောင်သာ၊ လုံးဝ နေလို့ မဖြစ်မှသာ သူတို့ လာကြတယ် ဟု ပြောသည်။

လက်ရှိအချိန်တွင် ရှားတောနှင့် မော်ချီးဒေသဘက်တွင် ကေအန်ပီပီ တပ်ရင်းနှင့် အစိုးရတပ်များအကြား တိုက်ပွဲငယ်များ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်းနှင့် အဆိုပါ ဒေသတဝိုက်တွင် ခြေမြန်တပ်ရင်း (ခမရ) ၄၂၆ ၊ ၅၃ဝ နှင့် ၅၃၁ တို့ တပ်စွဲထားကြောင်း သိရသည်။

ယခုလို စခန်းသို့ ထွက်ပြေးရောက်ရှိလာသော ကရင်နီများသည် ဆွေမျိုးနီးစပ်သူများထံတွင် နေထိုင်ခွင့် ပြုထားသလို စားနပ်ရိက္ခာများကို စခန်းကော်မတီက ကူညီထောက်ပံ့ပေးထားသည်။

ခိုလှုံလာသူများအား ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးအတွက် ခရိုင်အာဏာပိုင်များနှင့် ဆွေးနွေးရန် စခန်းကော်မတီက စီစဉ်နေသည်။

ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ နှင့် ၂ နှစ်ခုပေါင်းတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ ၂၃ဝဝဝ ခန့် ရှိကြောင်း စခန်းတာဝန်ရှိသူ ပြောပြချက်အရ သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရလက်အောက် မြန်မာအမျိုးသမီးများ၏ဒုက္ခ ဗြိတိန်ပါလီမန်မှာ တင်ပြမည်

09 July 2008

မြန်မာစစ်အစိုးရလက်အောက်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လို ဒုက္ခခံစားနေကြရသလဲဆိုတာကို ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိသျှပါလီမန်မှာ မြန်မာအမျိုးသမီး၃ ယောက်က တင်ပြဆွေးနွေးကြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ဘ၀၊ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ အခြေအနေနဲ့ နယ်စွန်နယ်ဖျားတွေက အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်တွေက လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အမျိုးသမီးလေး ၃ ယောက်က မီးမောင်းထိုး ပြောပြကြမှာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေရဲ့ ဘ၀တွေကို နိုင်ငံတကာက ပိုပြီးအာရုံစိုက်
လာစေဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ စီစဉ်
ပေးမှုနဲ့ ဗြိတိန်ရောက် မြန်မာအမျိုးသမီးများအဖွဲ့က အမျိုးသမီး ၃ ယောက်ကနေပြီး
ဗြိတိန်ပါလီမန်မှာ အမျိုးသမီးတွေရဲ့အရေးကို ဇူလိုင်လ ၁၅ ရက်နေ့မှာ တင်ပြကြမှာ
ဖြစ်ပါတယ်။ အမျိုးသမီး ၃ ယောက်က သီးခြားခေါင်းစဉ် အကြောင်းအရာတွေကို
ပြောပြကြမယ့်အထဲမှာ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အဓိကထား ပြောပြမယ့် မယုဝါလှိုင်က ဘာကြောင့် ဒီ
ခေါင်းစဉ်ကို ရွေးပြီးပြောမှာလဲဆိုတာကို ခုလိုပြောပြပါတယ်။

“အဓိကကတော့ ကရင်၊ ကယား၊ ကရင်၊ ချင်းတွေရဲ့ နယ်စပ်ကနေပြီး ထိုင်းနယ်စပ်တို့၊
တရုတ်နယ်စပ်တို့ အဲလိုနယ်စပ်ကြားထဲမှာရှိတဲ့ မိန်းကလေးတွေရဲ့အဖြစ်ကို အဓိက
ပြောချင်တာပါ။ ကျမတို့ မြန်မာနိုင်ငံမှာ မိန်းကလေးတွေဟာ တကယ့် လူ့အခွင့်အရေး
အပြည့်မရဘူး။ ကရင်ပြည်နယ်၊ ကယားပြည်နယ် တကယ့်နယ်တွေမှာဆိုရင်
တော်တော်ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေ အများကြီးပါ။ အဲဒါကြောင့် ကျမက
ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ။

“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မိန်းကလေးတွေရဲ့အဖြစ်က တော်တော်ဆိုးတယ်ပေါ့
လေ၊ မြန်မာနိုင်ငံမှာနေရတာ။ လူ့အခွင့်အရေးခံစားခွင့် အပြည့်အ၀မရလို့ ကျမ
ဒီမိန်းကလေးတွေအကြောင်းကို ပြောလိုက်တာ။ ကယ်တင်မယ့်လူလည်း မရှိဘူး။
ဒါကြောင့် ဗြိတိသျှအစိုးရကလည်း သိရအောင်လို့။ မြန်မာမိန်းကလေးတွေက ဘယ်လို၊
ဘယ်လောက်အထိ ဒုက္ခရောက်နေလဲဆိုတာ။ သူတို့မှာ လူကုန်ကူးခံရတဲ့အပြင် နအဖ
စစ်အစိုးရက သူတို့ကိုလည်း အဓမ္မ လိင်ဆက်ဆံခြင်းကို ပြုလုပ်တယ်ပေါ့။ သူတို့ရဲ့ဆန္ဒ
မပါဘဲ အတင်းအဓမ္မလုပ်တဲ့ကိစ္စတွေကို မြန်မာအမျိုးသမီးတွေက ခံနေရတာ။ သူတို့မှာ
ငြင်းဆိုခွင့်လည်းမရှိဘူး၊ ဆန့်ကျင်မှုလည်း လုပ်လို့မရတဲ့အဖြစ်ကို မြန်မာအမျိုးသမီး
တွေက ခံစားနေရတာ။ ဒါကို နိုင်ငံတကာက သိအောင်ဆိုပြီး ကျမ ဒီခေါင်းစဉ်ကို
ရွေးလိုက်တာ။”

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်က တိုင်းရင်းသား အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုနဲ့
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို စနစ်တကျ ပြုလုပ်နေတယ်ဆိုပြီး ဒီအပေါ်မှာ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူသင့်တယ်ဆိုတဲ့ ခေါင်းစဉ်ကိုလည်း
နောက်ထပ် အမျိုးသမီးတယောက်က ပြောပြပါလိမ့်မယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားရင်း ထောင်ကျ
နေသူတွေရဲ့ မိသားစုဘ၀ အခြေအနေတွေကိုလည်း ပြောပြကြမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို အဓိကထား ပြောပြမယ့်သူကတော့ လက်ရှိထောင်ကျနေတဲ့
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန် ဖြစ်ပါတယ်။

“သမီးပြောမယ့်အကြောင်းအရာက သမီးရဲ့ မိသားစုဘ၀ပေါ့။ သမီးငယ်ငယ်တုန်းက
အဖေနဲ့ ဘယ်လိုမတွေ့ခဲ့ရဘူးဆိုတဲ့အကြောင်း၊ အဖေက သမီးငယ်ငယ်ကတည်းက
ထောင်ကျသွားပြီးတော့ ပြန်ထွက်လာပေမယ့်လည်း နောက်တခါ ထောင်ကျတယ်
ဆိုတဲ့အကြောင်း၊ သမီးမွေးပြီး ငါးလကတည်းက အဖေက ထောင်ကျသွားလို့ သမီး
အဖေကို မတွေ့ခဲ့ရဘူး။ သမီးအသက် လေးနှစ်လောက်အရွယ်ကျတော့မှ အဖေ့ကို
တွေ့ခဲ့ရတယ်။ အဲဒါကလည်း အင်းစိန်ထောင်မှာ သွားတွေ့ခဲ့ရတာ။ ဆိုတော့ သမီး
အဖေနဲ့ သမီးနဲ့ကြားမှာ သူများမိသားစုတွေလို ယုယကြင်နာမှုဆိုတာ မရှိခဲ့ဘူး။
စကားပြောတာလောက်ပဲရှိတယ်။

“အဖေတို့၊ သမီးတို့ မိသားစုတခုတည်း မဟုတ်ပါဘူး။ တခြားမှာလည်း မိသားစုတွေ
အများကြီးရှိတယ်။ အဲဒီလိုပဲ အမျိုးသမီးတွေကလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရဖို့
အတွက် သူတို့လည်း ဘယ်လိုကြိုးစားနေရတယ်၊ မနီလာသိန်းတို့ မမီးမီးတို့ အဲဒီဘက်
ကိုဦးတည်ပြီး သမီးက ပြောထားတယ်။”

ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားရင်း ထောင်ချခံရ ဒါမှမဟုတ်လည်း တိမ်းရှောင်နေ
ရတဲ့ အမျိုးသမီးလှုပ်ရှားသူတွေ မိသားစုဘ၀ကိုရင်းပြီး ပေးဆပ်နေကြရတဲ့ အကြောင်း
ကိုလည်း မဝေနှင်းက ပြောပြမှာပါ။

“မနီလာသိန်း သူ့ရဲ့မိသားစုနဲ့ ဘယ်လိုခွဲသွားရတယ်ဆိုတဲ့အကြောင်း၊ သူ အခုထိ
သူ့သမီးနဲ့ တွေ့ခွင့်မရှိဘူးဆိုတဲ့အကြောင်း၊ ပြီးတော့ မမီးမီးအကြောင်းကိုလည်း သမီး
ပြောထားတယ်။ မနီလာသိန်းတို့ မမီးမီးတို့ဆိုတာလည်း ၈၈ မျိုးဆက် ကျောင်းသား
အဖွဲ့ဝင်တွေပါပဲ။ သူတို့လည်း သမီးအဖေ ကိုမြအေးတို့ ကိုမင်းကိုနိုင်တို့နဲ့ လက်တွဲပြီး
လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေပါပဲ။”

ညီမတို့က ဗြိတိသျှပါလီမန်မှာ အခုလို နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ
အကြောင်း၊ အမျိုးသမီးတွေရဲ့အကြောင်း ပြောပြမယ်ဆိုတော့ ညီမတို့ရဲ့ အဖြစ်အပျက်
တွေကို ကြားသွားတဲ့ ဗြိတိန်ကအမတ်တွေက ဘယ်လိုမျိုး အကူအညီတွေ ပေးလာဖို့
ကိုရော မျှော်လင့်ပါသလဲ။

“သူတို့ မြန်မာနိုင်ငံအကြောင်း ပိုသိလာတဲ့အခါကျတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက
မြန်မာအမျိုးသမီးတွေကို ထောက်ခံမှုတွေ၊ အားပေးမှုတွေ၊ ကူညီမှုတွေ ရလာနိုင်မယ်
လို့ သမီးတို့ မျှော်လင့်ပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန်က ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိန်ပါလီမန်မှာ ပြောပြမယ့်အချက်
တွေကို ရှင်းပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လူကုန်ကူးခံနေရတဲ့ကိစ္စ၊ နယ်စပ်ဒေသတွေမှာ အစိုးရ
စစ်တပ်တွေရဲ့ အဓမ္မပြုကျင့် ခံနေရတဲ့ကိစ္စတွေ ရပ်သွားအောင် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာတ၀န်းမှာရှိကြတဲ့ မြန်မာအမျိုးသမီး
များအရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်း ၁,၅၀၀ ကျော် မြန်မာပြည် ၀င်ခွင့်ဗီဇာ ထုတ်ပေးခဲ့

08 July 2008

မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်လူထုကို အကူအညီပေးဖို့ နိုင်ငံတကာ
အကူအညီပေးလုပ်သား ၁,၅၀၀ ကျော်ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေ
ပေးခဲ့တယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ အစိုးရအာဘော် သတင်းစာတွေကို ကိုးကားပြီး
အေပီသတင်းတပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒီလုပ်သားတွေထဲက တ၀က်ဟာ
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ကြသူတွေဖြစ်တယ်လို့လည်း ဆိုပါ
တယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့တဲ့ မေလ ၂ ရက် ၃ ရက်နေ့တွေမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးတဲ့
နောက် အကူအညီပေးချင်ကြတဲ့ နိုင်ငံတကာက လုပ်သားတွေကို မြန်မာစစ်အစိုးရက
ပြည်ဝင်ခွင့်မပေးခဲ့တဲ့အတွက် အစောပိုင်းမှာ ဝေဖန်ခံခဲ့ရပါတယ်။ မုန်တိုင်းကြောင့်
လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရပါတယ်။

မေလနှောင်းပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Ban Ki-moon) နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အကူအညီပေး လုပ်သားတွေကို
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆီ သွားခွင့်ပြုဖို့ မြန်မာစစ်ကောင်စီခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်သားတွေ လွတ်လွတ်
လပ်လပ် သွားလာလုပ်ကိုင်နိုင်ခွင့်တွေပေါ်မှာတော့ အကန့်အသတ်တွေ လုပ်ထားခဲ့ပါ
တယ်။

အပြည့်အစုံဖတ်လိုလျှင်

ဈေးအဆောက်အဦများ ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိသည့်အတွက် ဈေးသည်များ အခက်ကြုံနေရ

ဖြိုးကြီး။ ဇူလိုင် ၈၊ ၂၀၀၈

မုန်တိုင်းဒဏ်သင့်ဒေသမှ ပျက်စီးသွားသည့် ဈေးအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း မရှိ သည့်အတွက် ဈေးသည်များမှာ လမ်းဘေးတွင်ရောင်းချနေရပြီး အခက်အခဲများနှင့် ကြုံတွေ့ နေရလျှက်ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘိုကလေးမြို့ပေါ်ရှိ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့်ဈေးဆိုင်ခန်းများကို ပြန်လည် ဆောက်လုပ်ပေးခြင်းမရှိသည့်အတွက် ဈေးသည်များမှာ လမ်းဘေးတွင် ရောင်းချနေရပြီး စည်ပင်သာယာဝန်ထမ်းများက ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်နေသည့်အတွက် ယခုကဲ့သို့ ဒုက္ခရောက်နေရကြောင်း မြို့ခံဈေးသည်တဦးက ပြောဆိုခြင်း ဖြစ်သည်။

ဘိုကလေးမြို့ပေါ်ရှိ ဈေးသည်များအခြေအနေနှင့် ပတ်သက်၍ “ဈေးသည်တွေက လမ်းဘေးမှာ ရောင်းနေရတာ၊ သူတို့က နောက်ဆုတ်ပါ ဆိုတော့လည်း ဆုတ်ပြီးတော့ ရောင်းပေးတယ်။ ဒီထက်လည်း ဆုတ်စရာ မရှိတော့ဘူး။ ဒါပေမယ့် မနေ့က လာပြီးတော့ ဒဏ်ငွေတစ်ထောင်စီ ရိုက်သွားတယ်။ စည်ပင်သာယာက ရိုက်သွားတာ” ဟုမြို့ခံဈေးသည်တဦးက ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နှစ်လကျော်ကြာမြင့်သည့်အချိန်ထိ သက်ဆိုင်ရာ အာဏာပိုင် များဘက်မှ ဈေးဆိုင်ခန်းများ ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိသည့်အပြင် ပစ္စည်းများကို ခိုးယူမှုများနှင့်ကြုံတွေ့နေရကြောင်း ၎င်းကဆက်လက်ပြောသည်။

“ဈေးကတော့ ဖျက်ထားတာ အခုထိဘာမှ မလုပ်ရသေးဘူး၊ အဲဒီဖျက်ထားတဲ့ ပစ္စည်းတွေကို လည်း ခိုးတဲ့သူတွေက အကုန်ခိုးတာ၊ ဘာမှကို မရှိတော့လောက်အောင်ကို ဖြစ်နေတာ၊ ဘာတခု မှမရှိတော့ဘူး”ဟု မြို့ခံ အခြားဈေးသည်တဦးက ပြောသည်။

ထိုကဲ့သို့ ဈေးပြန်လည်ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြို့နယ် (မယက) ဥက္ကဌထံသို့ အကြောင်းကြား တင်ပြခဲ့ကြသော်လည်း မြို့နယ်စည်ပင်သာယာဦးစီးဌာနနှင့် ညှိနှိုင်းကာ ဆောက်လုပ်နေကြောင်းပြောဆိုခဲ့ပြီး ယနေ့ထိ လက်တွေ့အကောင်ထည်ဖော်လုပ်ဆောင်နေခြင်း မရှိသေးဟု ဆိုသည်။

“မနေ့က သွားပြောတော့လည်း မယက ဥက္ကဌက ဆောင်လုပ်ပြီးပြီဆိုပြီး ပြောတယ်၊ ဘိုကလေး ဈေး၊ (စ)ဈေး၊ (ဆ)ဈေးတွေက ပြင်ကို မပြင်ပေးသေးတာ၊သူတို့က ပြင်ပြီးပြီ ဆိုတဲ့အကြောင်းပဲ ပြောနေတာ၊ တကယ်က ဘာမှ မလုပ်ပေးသေးတာ၊ လမ်းဘေးမှာပဲ ရောင်းစား၊ ဖယိုဖရဲတွေ ဖြစ်ကုန်ကြပြီ” ဟု ဒေသခံဈေးသည် တဦးကပြောသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဈေးသည်များ၏ သားသမီးများအတွက် ကျောင်းတက်ရန် အခက်အခဲများ ကြုံနေရသည့်အပြင် စားဝတ်နေရေးအကြပ်တည်းများနှင့် ရင်ဆိုင်နေရသည်ဟု အလှကုန်ပစ္စည်းများရောင်းချသည့် ဈေးသည်တဦးက ဆက်လက်ပြောသည်။

“ကျနော်တို့ ကလေးတွေ ပညာရေးကလည်း ဆိုးပါတယ်၊ ကလေးတွေ ကျောင်းထားဖို့ကို စဉ်းစားလို့ မရသေးဘူး၊ ကျနော်တို့မှာ ဈေးရောင်းမှ စားဝတ်နေရေး ပြေလည်တာ၊ လမ်းဘေး မှာ ရောင်းရတော့ ဒုက္ခရောက်ကြတာပေါ့၊ အဲဒီထဲမှာ မိဘတွေက မကျန်းမာဖြစ်ကြ၊ ကျနော် ဆိုရင် လုံးဝကို မရောင်းနိုင်တော့ဘူး၊ ဒီလိုမိုးရေတွေထဲမှာ ဘယ်လိုမှကို ရောင်းလို့ မရတော့ ဘူး” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ်ရှိ ပျက်စီးသွားသည့် ဈေးအဆောက်အဦများကို ပြန်လည်ဆောက်လုပ်ရန် အတွက် ထူးထရေးဒင်းကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး (က)၊ (ခ)၊(ဈ) ဈေးရုံများမှ ဆိုင်ခန်း(၃၀၀) ကျော်ခန့်ကို ဆောက်လုပ်ပြီးစီးသွားသော်လည်း ကျန်ရစ်သည့် ဆိုင်ခန်းများမှာ စည်ပင်သာယာ၏ တားမြစ်မှုကြောင့် ပြန်လည်ဖျက်ပစ်လိုက်ရသည်ဟု ဆိုသည်။

“ထူးကုမ္ပဏီကနေပြီးတော့ (ဇ)ဈေးရုံမှာ အရှေ့မျက်နှာစာကို (၇) ပေထိ သူတို့ ထုတ်ပြီးတော့ မိုးပေးတယ်၊ အဲဒါကို စည်ပင်ဦးစီး ကျော်နိုင်လာပြီးတော့မှ (၃) ပေဘဲ ထားရမယ်ဆိုပြီးတော့ လေးပေကို ဖျက်ချသွားတယ်၊ ဈေးသူဈေးသားတွေက ထူးကုမ္ပဏီမန်နေဂျာကို တင်ပြတဲ့အခါ မှာ လာကြည့်ပြီးတော့ ဘာပြောသွားမှန်းမသိဘူး၊ နောက်နေ့လာကြည့်ပြီး ဆိုင်ခန်းတွေ အားလုံး ဖျက်ချလိုက်တယ်” ဟု ဈေးသည်တဦးက ဆက်လက်ပြောဆိုခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

ပဒေါင်အမျိုးသမီးများကိုကယ်တင်ရန် တရားရေးအဖွဲ့ ဖွဲ့စည်း

ဉာဏ်မောင်။ ဇူလိုင် ၉၊ ၂၀၀၈

ကမ္ဘာလှည့်ခရီးသည်များအားပြသရန် ပဒေါင်အမျိုးသမီးနှင့် ကလေးများအားလူကုန်ကူးခံရမှုမှ ကာကွယ်ရန် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ဒုတိယခရိုင်မှူးဦးစီးသည့် တရားရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စုဝင် (၁၁) ဦးအား အခြားခရိုင်သို့ ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပြီး နောက် ဒုတိယခရိုင်မှူး သွန်ချိုင်ဝမ်ဂရိယမ်သွန်ဦးဆောင်သည့် တရားရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ် သို့ ရောက်ရှိလာသည့် ပဒေါင်မျိုးနွယ်စုလူမျိုးများကို ချင်းရိုင်ခရိုင်နှင့် ခွန်ဘူရီခရိုင်များသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအားပြသ၍ စီးပွားရေးလုပ်ကိုင်သူများထံ ရောင်းချရန် လူကုန်ကူးသူများက ယခုလ (၃) ရက်နေ့တွင် ပဒေါင်လူမျိုး (၁၁) ဦးအား ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ လူမှောင်ခိုပြုလုပ်သူများအနေဖြင့် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု၊ အလုပ်အကိုင်ခိုင်းစေမှု ဆိုင်ရာ ဥပဒေအရ လူဝင်မှုအကြမ်းဖက်ခြင်းနှင့် အာဏာပိုင်တို့၏ ထုတ်ပြန်ထားသော အမိန့်များ ကို အာခံမှုတို့ဖြင့် ယခုဖွဲ့စည်းထားသည့် တရားရေးအဖွဲ့၏ တရားစွဲဆိုခြင်းခံရမည်ဖြစ်သည်။

ကလေးငယ်(၄) ဦးအပါအ၀င် ပျောက်ဆုံးနေသော ပဒေါင်လူမျိုး(၁၁) ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အခြားရွာများသို့ ပြောင်းရွှေ့ခေါ် ဆောင်သွားသည်ဟုသာ သိရသည်။

ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စု အမျိုးသမီးများ၏ လည်ပင်းတွင် ကြေးကွင်းများစွပ်၍ ၀တ်စား ဆင်ယင်ခိုင်းပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ခိုက်ရန် ချင်းရိုင်၊ ချင်းမိုင်၊ ခွန်ဘူရီနှင့် အခြားခရိုင်များရှိ လုပ်ငန်းချင်းဆက်စပ်လျှက်ရှိသော အေဂျင်စီများသို့ လည်း ယခုတရားရေးအဖွဲ့မှ အကြောင်းကြားထားလိမ့်မည် ဖြစ်သည်။

အဆိုပါတရားရေးအဖွဲ့အနေဖြင့် လည်ပင်းရှည်ပဒေါင်အမျိုးသမီးများအား မယ်ဟောင်ဆောင်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ထည့်သွင်းထားမည်မဟုတ်ပဲ မုန်းခရိုင်ရှိ ဟွေးဆွာတောင်နှင့် ဟွေးပူက ကျေးရွာများတွင် ထိမ်းသိမ်းစောင့်ရှောင့်ထားပြီး ခရီးသွားလုပ်ငန်းအေဂျင်စီများ၏ အစီအစဉ်ဖြင့်ရောက်ရှိလာသည့် ကမ္ဘာ့လှည့်ခရီးသည်များထံမှ ၀င်ငွေရရှိရန်ဖန်တီးပေးမည်ဟု လည်းဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသား ၁၁ ဦး ပျောက်ဆုံး

08 July 2008

ပြီးခဲ့တဲ့သောကြာနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့ဟောင်ဆောင်ခရိုင် အတွင်းမှာရှိတဲ့
ဟွေပူကဲကျေးရွာအနီး ပဒေါင်တိုင်းရင်းသားတွေ နေထိုင်ရာကျေးရွာက ပဒေါင်လူမျိုး
၁၁ ယောက်ကို အမည်မသိလူတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းအာဏာ
ပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး
ပြအစားခံရတဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသားတွေဟာ လူကုန်ကူးသူတွေ ဖမ်းဆီး
ခေါ်ဆောင်တာ ခံရလေ့ရှိတဲ့ လူမျိုးတမျိုး ဖြစ်လာနေတယ်လို့လည်း ဒေသခံတွေက
ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီ ပဒေါင်လူမျိုးတွေကို ဘယ်သူဘယ်ဝါ ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့
အတိအကျ မသိရသေးပါဘူး။ အဖမ်းခံရတဲ့အထဲမှာ ကလေးငယ် ၄ ယောက်နဲ့ လူကြီး
၇ ယောက် ပါဝင်ပါတယ်။

လည်ပင်းမှာ ကြေးကွင်းတွေ စွတ်ထားလေ့ရှိတဲ့ ပဒေါင်လူမျိုးတွေကို ထိုင်းနိုင်ငံရဲ့
ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသလေ့
ရှိပါတယ်။ နိုင်ငံခြားသားတွေကလည်း အထူးစိတ်ဝင်တစား ကြည့်လေ့ရှိပါတယ်။
ဒါကြောင့်လည်း နိုင်ငံခြားသားတွေကို ပြစားဖို့ လူကုန်ကူးသူတွေ မျက်စိကျစရာ
လူမျိုးစုတခု ဖြစ်လာနေတဲ့အကြောင်း ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်က ပြောပြပါတယ်။

“အရင်တုန်းက လိမ်ပြီး ခေါ်သွားတာတွေတော့ ရှိတယ်။ ပွဲစားတွေပေါ့။ သူတို့က
ချင်းမိုင်စခန်းမှာဖြစ်ဖြစ်၊ ပဒေါင်စခန်းလေးမှာပဲဖြစ်ဖြစ် ပြစားဖို့ ခေါ်သွားတာတို့ ရှိတော့
ရှိဖူးတယ်။ စီးပွားရေးသမားတွေ လုနေတဲ့သဘောမျိုး ရှိနေတယ်။”

ဒီလို အဖမ်းခံရတဲ့သူတွေဟာ လူကုန်ကူးသူတွေရဲ့လက်ချက်နဲ့ အဖမ်းခံရတာ ဖြစ်နိုင်
တယ်ဆိုတာကို မဲ့ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေကလည်း သတ်မှတ်ထား
ကြပါတယ်။ ဒါကြောင့်လည်း အပြင်းအထန် ရှာဖွေနေပါတယ်။ မဲ့ဟောင်ဆောင်နဲ့
အခြားနေရာတွေကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ပြီး ရှာဖွေနေတာ
ပါ။ ပဒေါင်လူမျိုးတွေ နေထိုင်ရာဒေသ၊ အဖမ်းခံရတဲ့ နေရာကိုလည်း အခုလိုပြောပါ
တယ်။

“မဲ့ဟောင်ဆောင်နဲ့ ဟွေပူကဲက ခရီးတထောက်ဆိုရင် ၇ ကီလိုမီတာလောက်ပဲရှိမယ်။
မဲ့ဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ နန်းစွယ်ရွာနားက ကယန်းသာယာဆိုတဲ့ ကယန်းရွာ
တရွာရှိတယ်။ နောက်တခုက မဲ့ဟောင်ဆောင်ခရိုင်မှာပဲ ဟွေပူကဲမှာ တရွာရှိတယ်။
ဟွေစထောက်မှာ တရွာရှိတယ်။ အမှန်ကတော့ သုံးရွာပဲ။ ဒီသုံးရွာထဲကပဲ ပြီးခဲ့တဲ့
နှစ်လောက်တုန်းကမှ ထိုင်းဒေသအာဏာပိုင်တွေ စီစဉ်တဲ့နေရာကို ရွှေ့ချင်တဲ့လူတွေ
ရွှေ့ပြောင်းလို့ရတယ်၊ သွားနေလို့ရတယ်ဆိုပြီး လုပ်ပေးတာရှိတယ်။ လူဦးရေက စုစု
ပေါင်းဆိုရင် တရွာမှာ အနည်းဆုံး ၅၀၀ လောက်ရှိတယ်။ သုံးရွာဆိုရင် အနည်းဆုံး
၁,၅၀၀ ပေါ့။ ဒါ ကျနော် ပျှမ်းမျှ ခန့်မှန်းတာပဲ။”

ပြီးခဲ့တဲ့ သောကြာနေ့က ပဒေါင်လူမျိုးတွေ အဖမ်းခံခဲ့ရတယ်ဆိုတာကို အဲဒီကျေးရွာ
အကြီးအကဲ လူကြီးတယောက်ကလည်း အခုလို အတည်ပြုပြောပါတယ်။

“ကီလို ၂၀ ကျော်လောက်ကွာမယ်။ ကားနဲ့သွားရင် တနာရီတောင်မရှိဘူးဗျ။ အားလုံး
သုံးရွာပေါင်းတော့ ၁,၅၀၀ ကျော်ရှိတယ်။”

တယ်လီဖုံးလိုင်း အခက်အခဲကြောင့် အသံမရှင်းမလင်းဖြစ်တာပါ။ အဖမ်းခံရတဲ့နေရာ
ဟာ မဲ့ဟောင်ဆောင်နဲ့ မိနစ် ၃၀ လောက်သွားရတဲ့နေရာလို့ ပြောပါတယ်။

ပဒေါင်လူမျိုးတွေဟာ အရင်က မြန်မာနိုင်ငံဘက်မှာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး
စုတွေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခနဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြားမှာ အိမ်နီးချင်းနိုင်ငံကို
ရွှေ့ပြောင်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်ကတော့ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“အဲဒီပဒေါင်ဆိုတာ ကျနော်တို့ရဲ့ ကရင်နီပြည်ကပေါ့။ ကရင်နီပြည်နဲ့ ရှမ်းပြည်
တောင်ပိုင်း ဖယ်ခုံဘက်မှာပဲ ရှိပါတယ်။ ကျန်တဲ့နေရာမှာ မရှိပါဘူး။ ထွက်လာတဲ့
အကြောင်းကလည်း နှစ်ပေါင်း ၂၀ နီးပါးလောက်ရှိပြီပေါ့။ ဖြတ်လေးဖြတ်ပေါ့။ မဆလ
ခေတ်ကတည်းက ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာတို့၊ ဖျက်ဆီးခံရတာတို့၊
အကန့်အသတ်တွေ လုပ်တာတို့ကြောင့် သူတို့က ဒီနယ်စပ်ကို ထွက်ပြေးလာတယ်လို့ပဲ
ပြောရမှာပေါ့။”

ပဒေါင်လူမျိုးတွေ အဖမ်းခံရတာနဲ့ပတ်သက်ပြီး မဲ့ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်တာမရှိဘူးဆိုပြီး ဝေဖန်ပြစ်တင်ပါ
တယ်။ ရဲနဲ့ အာဏာပိုင်တွေ ပူပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့ပြီးတော့လည်း
အပြင်းအထန် ရှာဖွေနေပါတယ်။

ဒီပဒေါင်တွေဟာ စစ်မက်ဖြစ်ပွားရာ နေရာတွေကနေ ဘေးလွတ်ရာကို ပြေးခဲ့ကြပေ
မယ့် ကမ္ဘာလှည့်ခရီးသည်တွေ အကြည့်ခံရဖို့ သူတို့ကို ခြံခတ်ပြီး အပြခံရတဲ့နေရာတွေ
မှာ အထားခံရတယ်၊ အခုတော့ လူမှောင်ခိုကူးသူတွေရဲ့ သားကောင်ဖြစ်နေပြီလို့
ပြောဆိုနေကြပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူတို့ဘ၀သမိုင်းကြောင်းနဲ့ အကျပ်အတည်းတွေ
ထက် ကြေးကွင်းတွေတပ်ထားတဲ့ သူတို့လည်ပင်းတွေကိုပဲ ပိုပြီးစိတ်ဝင်စားနေကြတယ်
လို့လည်း ဝေဖန်သူတွေ ရှိနေပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အက်ဖ်အီးစီဈေး တန်ဖိုးကျဆင်းနေ

အေးချမ်းမြေ့ ဇူလိုင် ၈၊ ၂၀၀၈

မြန်မာနိုင်ငံအတွင်း လက်ရှိ အက်ဖ်အီးစီဈေးနှုန်းမှာ ဒေါ်လာဈေးနှုန်းထက် အဆမတန် ထိုးကျနေကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအဝန်းမှ ကြားသိရသည်။
လက်ရှိအပြင်ဒေါ်လာပေါက်ဈေးမှာ ရောင်းဈေး ၁၁၈၀၊ ဝယ်ဈေး ၁၁၉၀ ကျပ် ဝန်းကျင်ရှိနေပြီး အက်ဖ်အီးစီ ရောင်းဈေးမှာ ၉၆၅ ကျပ် ဝယ်ဈေး ၉၉၀ ခန့်သာ ရှိနေသဖြင့် ဒေါ်လာနှင့် ၂၀၀ ဝန်းကျင်ခန့် ကွာခြား နေကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာပြည်တွင်း ဝင်မွှေသွားပြီး ကမ္ဘာအရပ်ရပ်မှ နိုင်ငံခြားငွေများ အလှူငွေအဖြစ် အင်နှင့် အားနှင့် ဝင်လာပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ အက်ဖ်အီးစီ ဈေးထိုးကျသွားခြင်း ဖြစ် ကြောင်း ရန်ကုန်ရှိ စီးပွားရေးသမားတဦးက ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် အန်ဂျီအိုတခုမှ စာရင်းကိုင်တဦးကလည်း ယခုကဲ့သို့ အက်ဖ်အီးစီ ဈေးနှုန်းများ ထိုးကျလာခြင်းမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ပြည်ပမှ အလှူငွေများ အလုံးအရင်းနှင့် ဝင်လာခြင်း ကြောင့်ဖြစ်သည်ဟု သုံးသပ်သည်။

“ပြည်ပက အလှူငွေတွေက နိုင်ငံခြားငွေနဲ့ဝင်တယ်။ အဲဒါတွေကို ဈေးကွက်မှာ သုံးလို့မရဘူး ဘဏ်ကို အပ်ရတယ်။ ဘဏ်က ပြန်ထုတ်တော့ အက်ဖ်အီးစီပဲ ပြန်ထုတ်လို့ ရတယ်။ အဲဒါကြောင့် အက်ဖ်အီးစီတွေ အပြင်မှာဖောင်းပွပြီး ဈေးကျကုန်တာပါ” ဟု ၎င်းက ပြောပြသည်။

စီးပွားရေးပညာရှင်တဦးကမူ ယခုကဲ့သို့ အက်ဖ်အီးစီဈေးနှုန်းများ ကျဆင်းရခြင်းမှာ မြန်မာအစိုးရအနေနှင့် နိုင်ငံခြားငွေ ကိုင်ဆောင် သုံးစွဲမှုကို ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အက်ဖ်အီးစီပဲ သုံးရမယ်ဆိုတော့ လူတွေအတွက် အက်ဖ်အီးစီတွေ ပိုလိုလာရော။ ဒီတော့ အက်ဖ်အီးစီတွေ ပိုပြီး ပုံနှိပ် ထုတ်ဝေရရော။ အဲဒါကြောင့် ဈေးက ပိုပို ကျလာတာ” ဟု သူက ပြောသည်။

နိုင်ငံခြားငွေကို မည်သည့် မြန်မာနိုင်ငံသားတဦးတယောက်မှ ကိုင်ဆောင်ခွင့်မရှိဘဲ ပြည်ပမှ နိုင်ငံခြားငွေ လွှဲလိုပါက တရားဝင်အားဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို လွှဲရမည်ဖြစ်သည်။

အမှန်အားဖြင့် အက်ဖ်အီးစီ၏ တရားဝင်သက်မှတ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့် တန်ကြေး အတူတူပင် ဖြစ်သည်။ သို့ရာတွင် ပြင်ပပေါက်ဈေးတွင်မူ အမေရိကန်ဒေါ်လာက ဈေးပိုရသည်။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း မတိုင်မီက အက်ဖ်အီးစီ နှင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၁၀၊ ၁၅ ကျပ် ခန့်သာကွာခြားမှုရှိကြောင်း သံရုံးဝန်ထမ်းတဦးကပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းမတိုင်မီက အက်ဖ်အီးစီကို ဖုန်းကြေးပေးသွင်းရန် အဓိက ဝယ်ယူကြရပြီး ဧည့်လမ်းညွှန်များမှာ အခွန်ကြေးပေးသွင်းရန် သက်သာဖို့အတွက် ဝယ်ယူ ဆောင်ထားကြောင်း ဧည့်လမ်းညွှန်တဦးကပြောပြသည်။

“ကျနော်တို့ကတော့ အက်ဖ်အီးစီ လိုက်ဝယ်ထားရတယ်။ ဧည့်သည်တွေလာရင် ဧည့်သည်တွေက ဒေါ်လာပေးခဲ့ပေမယ့် အက်ဖ်အီးစီလဲပြီးပေးခဲ့တာပါ ဆိုပြီး ပြကြတယ်။ အခွန်ကြောင့်ရယ် တခုထဲတော့မဟုတ်ဘူး ကျနော်တို့ ဧည့်လမ်းညွှန်တွေ ထဲမှာ နိုင်ငံခြားငွေ ကိုင်သုံးခွင့် မရှိတဲ့သူများတယ်” ဟု ၎င်းကရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် ဆိပ်ကမ်းအင်ဂျင်နီယာအလုပ် လုပ်ကိုင်လျှက်ရှိသူတဦးကလည်း ယခင်က ၎င်း၏ ဇနီးဖြစ်သူထံသို့ မြန်မာနိုင်ငံခြား ကုန်သွယ်ရေးဘဏ်မှ တဆင့် ငွေ လဲလှယ်ပေးခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိက ငွေလွှဲသူများထံမှ တဆင့်သာ လွှဲပေးတော့သည်ဟု ပြောပြသည်။

“မနှစ်ကတော့ အက်ဖ်အီးဘဏ်က တဆင့် ငွေလွှဲသေးတယ်။ ခုတော့ မလွှဲတော့ဘူး။ ဈေးက အရမ်းကွာတယ်လေ။ သူတို့ အက်ဖ်အီးစီကိုလည်း လုံးဝအယုံအကြည့်မရှိဘူး” ဟု သူက ဆက်ပြောသည်။

မြန်မာစစ်အစိုးရသည် နိုင်ငံခြားငွေနှင့် တန်ဖိုးတူ အက်ဖ်အီးစီများကို ၁၉၉၄ ခုနှစ်မှ စတင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံခြားငွေ ဈေးကွက်ကို ထိန်းညှိရန် ကြိုးစား ခဲ့သည်။

“ကျနော်တို့က လစာကို ဒေါ်လာနဲ့ ရတယ်ဆိုပေမယ့်။ အကောင့်ကိုသွင်းပေးတာ ဆိုတော့ အကောင့်ကနေ တိုက်ရိုက် ထုတ်ရင် အက်ဖ်အီးစီပဲ ထုတ်လို့ရတယ်။ တိုက်ရိုက်ဗမာငွေ ရောင်းပြီးသားထုတ်မယ်ဆိုရင်လည်း အကောင့်ကို တခါဖြတ် တိုင်း ၁ ယူရို အနုတ်ခံရ တယ်။ အဲဒီတော့ ဒေါ်လာက ၁၁၉၀ ပေါက်တယ်။ အက်ဖ်အီးစီက ၉၇၀ ပေါက်တယ်ဆိုရင် အကောင့်က ဗမာငွေ တိုက်ရိုက်ထုတ်ရင် ၁၁၃၅ ကျပ်ပဲရတယ်” ဟု ဖက်စပ် ရေနံကုမ္ပဏီ တခုတွင် အလုပ်လုပ်နေသော အင်ဂျင်နီယာ တဦးကပြောသည်။

မြန်မာစစ်အစိုးရအနေနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု မြင့်တက်လာပြီးနောက်ပိုင်း နိုင်ငံတော် သုံးငွေအတွက် ငွေမာကို ဒေါ်လာမှ ယူရိုငွေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ရန်ကုန်မြို့နေ စီးပွားရေးသုံးသပ်သူတဦးကမူ စစ်အစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာ မှ နာဂစ် ဆိုင်ကလုန်းအတွက် အလှူ ငွေများကို အခွန်ငွေ မစည်းကြပ်ဟု ဆိုသော်လည်း လက်ရှိတွင် ပြင်ပပေါက်ဈေး၂၀၀ ကျပ်ကွာခြားနေသောကြောင့် ၁ ဒေါ်လာအတွက် ၂၀ ရာခိုင်နှုန်း အခွန်ဖြတ်တောက်နေသည်နှင့် တူသည်ဟု ဆိုသည်။

ယခုလက်ရှိတွင် နိုင်ငံတကာမှ နာဂစ်ဆိုင်ကလုန်းအတွက် လှူဒါန်းသည့်တန်ဖိုးမှာ ငွေကြေးနှင့် ပစ္စည်းတန်ဖိုးအပါအဝင် အမေရိကန်ဒေါ်လာ ၁၃၄ သန်းခန့်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးအဖွဲ့ (UNOCHA) က ထုတ်ပြန်ထားသည်။ ၎င်းအထဲမှ တချို့သော ငွေများမှာ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် ကိုဖြတ်သန်းပြီးမှ ပြည်သူများထံရောက်ရှိခြင်း ဖြစ်သည်။


အပြည့်အစုံဖတ်လိုလျှင်

တုပ်ကွေးရောဂါ ပျံ့နှံ့မှာ စိုးရိမ်နေရ

ဧရာဝတီ ဇူလိုင် ၈၊ ၂၀၀၈

မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားလာမှုကို ရန်ကုန်မြို့လူနေထူထပ် သည့်နေရာ များရှိ ကလေးငယ်တချို့၌တွေ့ရှိရသည့်အတွက် တခြားသော နာဂစ် မုန်တိုင်း ဒဏ်သင့် ဒေသများ တွင်လည်း ဖြစ်ပွား နိုင်ကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်မြို့လယ်ရှိ ၎င်း၏ ပုဂ္ဂလိက ဆေးခန်းသို့ လာရောက် ဆေးကုသမှုခံယူသော ကလေးများထဲမှ ၈၀ ရာခိုင် နှုန်းသည် သွေးလွန်တုပ်ကွေးဖြစ်နေသည်ကို တွေ့ရှိရသည်ဟု အမည်မဖော်လိုသော ဆရာဝန် တဦးကပြောသည်။

“အခုမိုးရာသီမှာ လူကြီးတွေရော ကလေးငယ်တွေပါ သွေးလွန်တုပ်ကွေး ပိုမိုဖြစ်ပွားနိုင်ပါတယ်၊ အထူးသဖြင့် နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ နေရာကလူတွေပါ၊ အဲဒီက လူအများစုက ဆင်းရဲဒုက္ခရောက်သူတွေ ဆိုတော့ ခြင်မ ကိုက်အောင်ကာကွယ်တဲ့ ခြင်ထောင် မသုံးနိုင်ကြပါဘူး”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

ယင်းသွေးလွန်တုပ်ကွေးရောဂါသည် ယခုကဲ့သို့သော မိုးဦးကျစ ဇွန်လအတွင်း စတင်ဖြစ်ပွားတတ်ပြီး သွေးလွန် တုပ်ကွေး ရောဂါပိုး သယ်ဆောင်သည့် ခြင်များကိုက်ရာမှ ရောဂါကူးစက်ကာ ရောဂါဖြစ်ပွားသူ ကလေး၊ လူကြီး အသက်အန္တရာယ် ရှိနိုင်သည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။

လူသေဆုံးမှု မရှိသေးသော်လည်း မိုးရာသီတွင် လူနေထူထပ်သည့် ရပ်ကွက်များရှိ ရေကြွင်းရေကျန်များရှိရာ ရေအိုး ရေပုံး များ၊ ရေဆိုးမြောင်းများ အတွင်း ခြင်များပေါက်ပွားတတ်ပြီး ယင်းခြင်များကို သုတ်သင်ရှင်းလင်းခြင်း မပြုသည့် အတွက် ခြင်မှတဆင့် သွေးလွန် တုပ်ကွေး ရောဂါ ဆက်လက်၍ ကူးစက်ဖြစ်ပွားနိုင်သည်ဟု အဆိုပါ ဆရာဝန်က ပြောသည်။

“ရန်ကုန်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတော့ ခြင်တွေပေါက်ပွားနိုင်တဲ့ ကျန်နေခဲ့တဲ့ အပျက်အစီးတွေ၊ ပိတ်ဆို့ နေတဲ့ ရေမြောင်းတွေကို တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ ရှင်းလင်းတဲ့ အစီအစဉ်မတွေ့ရသေးဘူး”ဟု ရန်ကုန် ရန်ကင်း မြို့နယ်ရှိ ပုဂ္ဂလိက ဆေးခန်း တခုမှ သူနာပြု မမီးမီးက ပြောသည်။

ယမန်နေ့က ထုတ်ဝေသည့် အစိုးရ မြန်မာ့အလင်းသတင်းစာတွင်မူ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရန်ကုန်မြို့ လူနေထူ ထပ်သည့် မြို့နယ် ၂ ခု တွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်မှုများ စတင်ပြုလုပ်နေ ကြောင်း ဖော်ပြပါရှိသည်။

ရန်ကုန်မြို့ ဒဂုန်မြို့သစ် တောင်ပိုင်းနှင့် သာကေတမြို့နယ်များရှိ ပြည်သူများအား အစိုးရ ကျန်းမာရေးအဖွဲ့က သွေးလွန် တုပ်ကွေး ကူးစက်ရောဂါ ဆိုင်ရာ အသိပညာပေးမှုများကို စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ပြုလုပ်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

၂၀၀၇ ခုနှစ် ပထမ ၇ လအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၁၀၀ နီးပါးသေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ဆိုသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)တို့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်း မုန်တိုင်းဒဏ် သင့် ၁၁ မြို့နယ်တွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ သိန်း သုံးစွဲဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

ယခုနှစ် မေလ နှောင်းပိုင်း က သွေးလွန်တုပ်ကွေး လူနာ ဧရာဝတီတိုင်းအတွင်း ၄၈၁ ဦးနှင့် ရန်ကုန်တိုင်းအတွင်း ၇၈၁ ဦးကို မှတ်တမ်း ပြုစုရရှိကြောင်း WHO က ဆိုသည်။

အစိုးရသတင်းဌာနများကမူ မေလ အစောပိုင်းကပင် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်ပေါင်း ၂၀၆၀၃၉ မှာ ကျန်းမာရေး စောင့်ရှောက်မှု ရရှိထားသည့်အတွက် ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာဝန်များပါဝင်သော အဖွဲ့က လေဘေးဒုက္ခသည်များအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြောင်းလည်း အစိုးရ မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။


အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဒဏ်သင့် ကလေးများအား အလုပ်စေခိုင်းမှုများရှိနေ

အောင်သက်ဝိုင်း ဇူလိုင် ၈၊ ၂၀၀၈

ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် ခိုကိုး ရာမဲ့ ဖြစ်နေသော ကလေးငယ်များကို အခိုင်းအစေ အလုပ် သမားများအဖြစ် အသုံးချမှုများရှိနေကြောင်း မော်လမြိုင်ကျွန်း မြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ စာသင် တိုက်များမှ သံဃာ တော်များ၊ လပွတ္တာမြို့နယ်မှ သံဃာတော်များနှင့် ဧရာဝတီတိုင်းလေဘေးသင့် ဒေသများသို့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည့် ရန်ကုန်မြို့မှ သံဃာတော်များက အတည်ပြု ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် မိဘဆွေမျိုးများသေဆုံးသွား၍သော်လည်းကောင်း၊ မုန်တိုင်း တိုက်ခတ်စဉ် ဖြစ်ပေါ်လာသော ပင်လယ်ဒီရေလှိုင်းများနှင့် မျောပါသွားပြီး မိဘဆွေမျိုးများနှင့် ဝေးရာအရပ်ဒေသ များဆီသို့ ရောက်ရှိ သွား၍သော်လည်း ကောင်း ခိုကိုးရာမဲ့ ကလေးငယ် အများအပြား ရှိနေကြောင်း သိရှိရသည်။

ထိုကဲ့သို့သော ကလေးငယ်များမှာ မုန်တိုင်းတိုက်ခတ်ပြီးသည့် ရက်ပိုင်းအတွင်း ၄င်းတို့နှင့် နီးစပ်ရာ ပတ်ဝန်းကျင် ဒေသ များရှိ အိမ်ထောင်စုများထံတွင် ၀င်ရောက်ခိုလှုံခဲ့ကြပြီး ယခုမုန်တိုင်းသင့်ဒေသများတွင် အနည်းငယ် ပြန်လည် နာလန် ထူလာချိန်တွင် အလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများ အပါအ၀င် တခြား စီးပွားရေးလုပ်ငန်း များတွင် အသုံးချခံနေရကြောင်း ဧရာဝတီတိုင်းဒေသခံ သံဃာတော်များက ပြောသည်။

“မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ မိဘမဲ့ဖြစ်သွားကြတဲ့ ကလေးတွေ၊ မိဘဆွေမျိုးပျောက်ဆုံးသွားတဲ့ ကလေးတွေက ဒုက္ခသည် စခန်းတွေနဲ့ လေဘေးဒုက္ခသည်တွေ ခိုလှုံတဲ့ဘုန်းကြီးကျောင်းတွေဆီ ရောက်မလာခဲ့ဘူး။ နီးစပ်ရာ ပတ်ဝန်းကျင်က လူတွေ ဆီမှာပဲ နေလိုက်ကြတယ်။ အခု ဒီကလေးတွေက လယ်ယာတွေ၊ တံငါလုပ်ငန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမားလေးတွေအဖြစ် အခိုင်းခံနေရတယ်”ဟု မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဘုရားကြီးကျောင်းတိုက်မှ ဦးပဉ္ဖင်းတပါးက မိန့်ကြားသည်။

ယခု ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်တွင် ကလေးငယ် ၈၀၀ ကို မူလတန်း ပညာသင်ကြားပေးနေသည့် မော်လမြိုင် ကျွန်းမြို့ ပေါ် ကျောင်းတိုက်တတိုက်မှ တာဝန်ခံဆရာတော်တပါးကလည်း မုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ကလေးငယ်များကို အခိုင်း အစေအလုပ်သမားများအဖြစ် လယ်ယာလုပ်ငန်းခွင်များ၊ မော်ကျွန်းမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် အရောင်းအ၀ယ်လုပ်ငန်း များတွင် အသုံးပြုနေမှုအများအပြား ဖော်ထုတ်တွေ့ရှိခဲ့ရပြီး အဆိုပါကလေးငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် အလုပ်သမားများအဖြစ် အသုံးချခံနေရသည့် ခိုကိုးရာမဲ့ကလေးငယ် အများအပြားကျန်ရှိနေသေးကြောင်း မိန့်ကြားသည်။

“မုန်တိုင်းတိုက်ပြီး နှစ်လအတွင်းမှာ အခိုင်းအစေတွေလို အလုပ်ခိုင်းခံနေရတဲ့ ခိုကိုးရာမဲ့ကလေး ၂၀ ကျော်ကို ဦးပဉ္ဖင်းတို့ ကယ်တင်နိုင်ခဲ့တယ်။ ဒီကလေးတွေကို ဦးပဉ္ဖင်းတို့ကျောင်းတိုက်နဲ့အဆက်အသွယ်ရှိတဲ့ မန္တလေး ဖောင်တော်ဦးပရဟိတ ကျောင်းကို ပို့ပေးထားတယ်။ ဒီလို ကလေးတွေ အများကြီးကျန်နေသေးတယ်။ ဦးပဉ္ဖင်း တို့လည်း သတင်း စုဆောင်းပြီး ကယ်ဖို့ကြိုးစားနေတယ်”ဟု အဆိုပါဆရာတော် က မိန့်ကြားသည်။

ရန်ကုန်မြို့တွင် ခေတ္တရောက်ရှိနေသော လပွတ္တာမြို့ခံသံဃာတော် တပါးကလည်း ယင်းသို့လေဘေးသင့်ဒေသ များမှ ခိုကိုးရာမဲ့ကလေးငယ်များကို အလုပ်ခိုင်းစေမှုများ လပွတ္တာမြို့နယ်အပိုင် ကျေးရွာများတွင် ရှိနေပြီး အချို့ သော ကလေး ငယ်များမှာ မြို့ပြဒေသကြီးများရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် စားပွဲထိုးများအဖြစ် ရောက်ရှိအလုပ်လုပ်နေ ကြကြောင်း မိန့်ကြားသည်။

“မြေနိမ့်ရာလှံစိုက်ဆိုသလိုပါပဲကွယ်။ မိဘဆွေမျိုးတွေမရှိတော့လို့ ဒုက္ခရောက်နေတဲ့ ကလေးတွေ ထမင်းစား ကျွန်ခံဘ၀နဲ့ အခိုင်းအစေ တွေဖြစ်နေကြတယ်”ဟု အဆိုပါဆရာတော် ကမိန့်သည်။

ထိုကဲ့သို့သော ခိုကိုးရာမဲ့ကလေးငယ်များအား အခိုင်းအစေများအဖြစ် အသုံးချမှုများကို ကာကွယ်တားဆီးနိုင်ရန် အစိုးရ ပိုင်းက ပြင်းထန်သော သတိပေးတားမြစ်ချက်များထုတ်ပြန်ပြီး စံပြအရေးယူမှုများပြုလုပ်သင့်ကြောင်း ဆရာတော်က အကြံပြုသည်။

မုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးငယ်များသာမက မုန်တိုင်းကြောင့် စီးပွားရေးများပျက်စီးပြီး စားဝတ်နေရေး အခက် အခဲများကြုံတွေ့နေရသည့် ဧရာဝတီတိုင်းဒေသခံတချို့မှာ ၄င်းတို၏ကလေးငယ်များကို ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်နှင့်အိမ်ဖော်လုပ်ငန်းများတွင် အလုပ်သမားများအဖြစ်အလုပ်လုပ်ရန် သွားရောက်ပို့ ဆောင်မှုများရှိနေကြောင်း သိရှိရသည်။

“ငပုတောက ကလေး၂ ယောက်ရောက်လာတယ်။ ဆိုင်မှာခိုင်းဖို့ဆိုပြီး ကလေးဆွေမျိုးတွေကိုယ်တိုင် အထောက် အထားနဲ့ လာပို့သွားတာ။ တယောက်ကို တလ ၈၀၀၀ နဲ့ ခြောက်လစာ လစာ ကြိုထုတ်ပေးလိုက်ရ တယ်”ဟု လှိုင်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးကဆိုသည်။

ရန်ကုန်မြို့မှ အိမ်ဖော် ပွဲစား အမျိုးသမီးကြီးများ၏အဆိုအရ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း ဧရာဝတီတိုင်း လေဘေးသင့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ငပုတောဒေသမှ အိမ်ဖော်အလုပ်လုပ်ကိုင်ရန် အမျိုးသမီးအများ အပြားရောက်ရှိ လာရာတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် အများအပြား ပါဝင်ကြောင်း သိရှိရသည်။

“၁၀ နှစ် ကနေ ၁၆ နှစ် ကလေးမလေးတွေ ပါတယ်။ ကျမတို့ကလည်း ဥပဒေနဲ့ငြိမှာစိုးလို့ သူတို့ မိဘဆွေမျိုးတွေရဲ့ လက်မှတ်တောင်းပြီးမှ အိမ်ဖော်လုပ်ဖို့ပို့ပေးတယ်။ များသောအားဖြင့် ကလေးတွေရမယ့် လစာကို ကြိုထုတ်သွား ကြတယ်” ဟု အင်းစိန်မြို့နယ် အိမ်ဖော်အကျိုးဆောင်ပွဲစား အမျိုးသမီးကြီးတဦးက ဆိုသည်။

ယင်းသို့ မိမိတို့ရင်သွေးငယ်များကို အလုပ်သမားများအဖြစ်ပို့ဆောင်ပြီး ရရှိလာသော ငွေကြေးများဖြင့် ပျက်စီးချို့ ယွင်းသွား သည့် နေအိမ်များပြန်လည်တည်ဆောက်ခြင်း အပါအ၀င် အခြားလိုအပ်ချက်များ ၀ယ်ခြမ်းဖြည့်ဆည်းရ သည်ဟု အသက် ၁၄ နှစ်အရွယ် သမီးမိန်းကလေးငယ်ကို အိမ်ဖော်အလုပ်လုပ်ရန် အပ်နှံခဲ့သူ လေဘေးသင့် ဖျာပုံဒေသခံ မိခင်တဦးက ဆိုသည်။

“စိတ်လည်းချရမယ့်အိမ်၊ ပြီးတော့ကလေးအဆင်ပြေမယ့်အိမ်ကို ရွေးပြီးမှပို့တာပါ။ ကျမတို့ရွာက တရွာလုံးနီးပါး မြို့မှာတက် အိမ်ဖော်လုပ်နေကြတာ အဆင်ပြေတယ်။ အမြဲဖုန်းအဆက်အသွယ် လုပ်နိုင်တယ်ဆိုတော့ ကလေးအတွက် သိပ်စိတ်မပူ ပါဘူး”ဟု ယင်းအမျိုးသမီးကြီးကဆိုသည်။

မုန်တိုင်းသင့် ဧရာဝတီဒေသများမှ ခိုကိုးရာမဲ့ကလေးငယ်များနှင့် အမျိုးသမီးငယ်များမှာ အလုပ်သမားများအဖြစ် အလုပ်လုပ် နေရရုံသာမက တချို့မှာ လူကုန်ကူးခံရမည့် အနေအထားများတွင်ရှိကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ထုတ် ဘိုင်ဝိကလီးအီလဲဗင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် လေဘေးဒုက္ခသည် ကလေးများနှင့် အမျိုးသမီး ၈၀ ကျော်ကို လူကုန်ကူးခံရမည့်အခြေအနေမှ ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့်ရဲ အရာရှိကြီးတဦးကို ကိုးကားပြီး သတင်းဖော်ပြသည်။

လပွတ္တာမြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသည့်နိုင်ငံတကာ INGO တခု မှ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းမန်နေဂျာတဦးကမူ လေဘေးသင့် ဧရာဝတီ တိုင်းဒေသများမှ အိမ်နီးချင်း နိုင်ငံများသို့လူကုန်ကူးခံရမှုများ သေချာပေါက်ရှိနေပြီဖြစ် ကြောင်း၊ အစိုးရပိုင်းနှင့် ပြည်တွင်း NGO နှင့် နိုင်ငံတကာ INGO များ မသိရှိလိုက်သည့် လူကုန်ကူးမှုများရှိနိုင်ပြီး အစိုးရပိုင်း၏ လူကုန်ကူးမှုတားဆီးရေး ဆောင်ရွက်ချက်များမှာ လေဘေးသင့်ဧရာဝတီတိုင်း ဒေသတခုလုံးကိုခြုံငုံ နိုင်ခြင်းမရှိသေးသည်ကို တွေ့ရကြောင်း ပြောကြားသည်။

ထို့ပြင်ဧရာဝတီတိုင်း ဒေသခံအများစုမှာ စာတတ်မြောက်မှုမရှိခြင်း၊ ဗဟုသုတနည်းပါးခြင်းနှင့် လတ်တလော ရင်ဆိုင်ကြုံ တွေ့နေရသော စီးပွားရေးမပြေလည်မှု၊ လက်ရှိ နာဂစ်မုန်တိုင်းသင် ဒေသများတွင် ပြန်လည်နေထိုင်လိုစိတ် မရှိခြင်းတို့ ကြောင့် လူကုန်ကူးခံရမည့်အခြေအနေများ ပိုမိုများနေကြောင်း ၄င်းကသုံးသပ်ပြောသည်။

“လူတွေက ဒုက္ခတွေအရမ်းရောက်တော့ ထွက်ပေါက်ရှာကြပြီ။ ဒီအချိန်မှာ ဘာပြောပြော သူတို့ ဖြစ်ချင်တာက ဒုက္ခတွေ ကျော်လွှားချင်တယ် ။ သူတို့အတွက် အိမ်မက်ဆိုးတခုလိုဖြစ်နေတဲ့ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့နေရာတွေမှာ ပြန်မနေချင် တော့ဘူး။ ဒီအထဲမှာကလေးတွေနဲ့ အမျိုးသမီးတွေလည်း အပါအ၀င်ပေါ့”ဟု အဆိုပါ ကယ်ဆယ် ရေးနှင့် ပြန်လည် ထူထောင်ရေး စီမံကိန်းမန်နေဂျာက ရှင်းပြသည်။

ဧရာဝတီတိုင်းရှိမုန်တိုင်းသင့် ခိုကိုးရာမဲ့ကလေးများ အလုပ်သမားများအဖြစ် အသုံးချခံရမှုများနှင့် လူကုန်ကူးခံရ မည့် အခြေအနေများရှိနေလင့်ကစား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် မြန်မာစစ် အစိုး ရတို့ကမူ လေဘေးသင့်ဒေသများတွင်မိဘမဲ့ကလေးများအပါအ၀င် ကလေးသူငယ်များနှင့် သက်ဆိုင်သော အရေး ကိစ္စများ အောင်မြင်တိုးတက်စွာ ကိုင်တွယ်နိုင်ပြီဖြစ်ကြောင်း ဆိုကြသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zafrin Chowdhury က မုန်တိုင်းသင့် ဒေသများ တွင် အစိုးရ၏ဆောင်ရွက်ချက်များမှာ ချီးကျူးဖွယ်ဖြစ်ပြီး အခြေအနေများတိုးတက် ကောင်းမွန်ကာ ကလေးငယ်များ၏ အရေးကိစ္စများမှာလည်း ပူးပေါင်းဆောင်ရွက်မှုများကြောင့် အခြေအနေဆိုးရွားခြင်းမရှိဟု ဇူလိုင် လ ၇ ရက်တွင် ရန်ကုန်မြို့ တွင်ပြောကြားကြောင်း အေပီနှင့် အေအက်ဖ်ပီ သတင်းဌာနများ၏ ဖော်ပြချက် အရသိရှိရသည်။

မြန်မာစစ်အစိုးရကလည်း ၄င်းပိုင် သတင်းမီဒီယာများမှတဆင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အလွန် အောင်မြင် နေပြီး လေဘေးသင့်ဒေသများအားလုံး တည်တည်ငြိမ်ငြိမ်ဖြင့် မူလပုံမှန်အနေအထားပြန်လည် ရောက်ရှိနေပြီဟု ဂုဏ်ယူ ၀င့်ကြွားစွာ ထုတ်ဖော်ပြောနေသည်ကို တွေ့ရှိရသည်။

ရန်ကုန်အခြေစိုက် နာဂစ်မုန်တိုင်းဒဏ်ခံဒေသများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေသည့် လူငယ်အဖွဲ့ တခုမှ တာဝန်ရှိသူတဦးကမူ“ဒီအခြေအနေမှာ အားလုံးကောင်းမွန်နေတယ်လို့ ပြောလို့မရသေးဘူး။ တိုးတက်မှု ရှိတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့် ပြောရင် ၅၀ အောက်မှာပဲရှိတယ်။ အစိုးရပြောသလောက် နာ လန်ထူနိုင် တယ်၊ မထူနိုင်ဘူး ဆိုတာ လက်တွေ့လုပ်နေတဲ့ သူတွေပိုသိပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း ရဲ့အောင် မြင်မှုကရေရှည် အခြေအနေပေါ် မှာပဲမူတည်နေတယ်”ဟု သုံးသပ်သည်။

အပြည့်အစုံဖတ်လိုလျှင်

အရပ်ဖက် အဖွဲ့အစည်းများ အားကောင်းလာစေရေး အားပေးရန် လိုသည်

ရဲနည် ဇူလိုင် ၈၊ ၂၀၀၈

မယုံကြည်နိုင်လောက်စရာ ကောင်းသည်။ မြန်မာနိုင်ငံရှိ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒုက္ခသည်များက ကပ်ဘေးကျရောက် ရအပြီး ၂-လအကြာတွင် စစ်အစိုးရ အာဏာပိုင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိကြသော်လည်း ကြံ့ကြံ့ခံ၍ သူတို့၏ ဘ၀များကို ပြန်လည် တည်ဆောက်နေကြပြီ ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဤနာဂစ်မုန်တိုင်းကြီးတွင် အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ လူပေါင်း ၈၄,၅၃၇ အသက်ဆုံးရှုံးခဲ့ရပြီး၊ လူပေါင်း ၅၃,၈၃၆ ပျောက်ဆုံးနေခဲ့သည်။ ဤမျှ ပြင်းထန်ဖျက်အားပြင်းလှသည့် မုန်တိုင်းကြီးကို ညွှန်းဆို၍ အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့ (အာဆီယံ) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က " မုန်တိုင်း ကြီး၏ ဆိုးရွားပြင်းထန်လှသည့် ဒေါသကို အံတု၍ အရှုံးပေးလက်မြှောက်ရန် ငြင်းဆန်ကြသည်၊ ပြန်လည်ထရပ်မည်ဟု သံန္နိဌာန် ပြုကြသည်၊ သူတို့၏ ဘ၀အတိုင်း ပြန်လည်ရပ်တည်လာကြသည်ကို တွေ့မြင်ကြရသည်မှာ မိမိတို့အားလုံးအတွက် အမှန်တကယ် စိတ်အားတက်ကြွဖွယ်ပင် ဖြစ်ပါသည်" ဟု ဆိုခဲ့သည်။

ဤသို့ မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများအပေါ် ချီးကျူးပြောဆိုခဲ့သည်ကို ကြားကြရသည်မှာ အထူးဝမ်းမြောက် ဖွယ်ပင် ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ အခန်းကဏ္ဍကို ချီးကျူးပြောဆိုခဲ့ကြပြီး၊ ဤရဟန်းသံဃာ များက ပုဂ္ဂလိက အလှူရှင်များနှင့် လိုအပ်မှုရှိနေကြသည့် ဒုက္ခသည်များအကြား အရေးပါသည့်အခန်းကဏ္ဍမှနေ၍ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ဒေသဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ အစည်း များတွင် ပါဝင်လုပ်ကိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားများကိုလည်း ကျေးဇူးဆိုရခြိမ့်မည်။ ထိုသူများ၏ ၀ိုင်းဝန်းကူညီမှု များကြောင့်သာ မုန်တိုင်းသင့်ဒုက္ခသည်များအနေဖြင့် ကပ်ဘေးရောဂါများနှင့် ငတ်မွတ်ခေါင်းပါး မှုဘေးကြောင့် နောက်ထပ် ဒုတိယအကြိမ် ကြုံရဖွယ်ရှိသည့် ကပ်ဘေးဒုက္ခဆိုးကို ရှောင်လွှဲနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း အမှန်တွင် မကြာသေးမီ ကာလတိုင် မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် အင်အားအချိနဲ့ဆုံး အခြေအနေတွင်ရှိခဲ့ပြီး၊ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင်လည်း မဖွံ့ဖြိုး ခေါင်းမထောင်နိုင်လောက်အောင် နှိပ်ကွပ် ခံခဲ့ရသည်။ အဆက်ဆက်သော အစိုးရများကလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများကို ဖယ်ရှားနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြပြီး၊ စစ်အစိုးရများ၏ အကျိုးဆောင်ပေးကြမည့် ထိန်းချုပ်ခံ အဖွဲ့အစည်းများကိုသာ ခွင့်ပြုထားခဲ့သည်။

ဤအရပ်ဖက် လူမှုအဖွဲ့အစည်းများက ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ပြန်လည် နိုးကြား၍ ပေါ်ပေါက်ခဲ့ဖူး ကြသည်။ ကျောင်းသားအဖွဲ့အစည်းများ၊ သံဃာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့ အစည်းများ မိုးဦးမှိုများလို အနှံ့အပြား ပေါ်ပေါက်လာခဲ့ကြသည်။

ယခုတကြိမ်တွင်တော့ နာဂစ်မုန်တိုင်း အပြီးတွင် ပုဂ္ဂလိက စေတနာအလှူရှင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ အများအပြား ပေါ်ပေါက်လာကြသည်။ နာမည်ကြီး အနုပညာသည်များ၊ သတင်းမီဒီယာ အုပ်စုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူပေး ရေး အဖွဲ့များကလည်း စိတ်တူကိုယ်တူ လူထုများနှင့် စုပေါင်းဖွဲ့စည်း၍ ကယ်ဆယ်ရေး လုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်။

သို့သော်လည်း ယနေ့ကာလတိုင် စစ်အစိုးရ အာဏာပိုင်များက လွတ်လပ်သည့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများကို စောင့်ကြည့်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲပင် ဖြစ်သည်။ စစ်အစိုးရက မျက်နှာသာပေးမှ ပိုမိုလွတ်လပ် စွာ ဆောင်ရွက် ခွင့်ရနိုင်သည့် အခြေအနေလည်း ရှိနေသည်။

စစ်အစိုးရ ခေါင်းဆောင်များအတွင်း ယခုအချိန်တိုင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက် ရန်အတွက်လည်း စိတ်ဆန္ဒ မတွေ့ကြရသေးပေ။ ပြုပြင်ပြောင်းလဲရေးကိစ္စများ လုပ်ဆောင်ကြရမည့်အစား မြန်မာစစ်ဗိုလ် ချုပ်များက တက်ကြွလှုပ်ရှားသူများကို ဆက် လက်ဖမ်းဆီးခြင်း၊ လူထုများ၏ အခွင့်အရေးများ ဆက်လက်ချိုးဖောက်နေ ခြင်း၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစု ပြည်သူများကို ဖိနှိပ်နေကြခြင်းများ ဆက်လက်ဆောင်ရွက်နေကြပြီး ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အပြေးအလွှား စီစဉ်နေလျှက် ရှိသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများကမူ လူထုအများ၏ မျှော်လင့်ချက်များ ပြန်လည်၍ ပျိုးထောင်မြှင့်တင်ပေးရန်၊ တရားမျှတမှု၊ ဗဟုဝါဒ လူ့အဖွဲ့အစည်း၊ နောက်ဆုံး ဒီမိုကရေစီရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက စွမ်းဆောင်နိုင်ကြောင်း အထင် ကြီးရလောက်အောင် လက်တွေ့သက်သေပြနိုင်ခဲ့ကြသည်။ သို့သော်လည်း ဤအဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်မှု ပေးရန်၊ မြေတောင်မြှောက် အားပေးရန်နှင့် ကျယ်ပြန့် သည့် ပို၍ စနစ်တကျစုစည်းမှုရှိသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် တာဝန်မည်သူယူပါမည်နည်း။ ဤမေးခွန်းအတွက် အဖြေမရှိသေးပါ။

ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့အနေဖြင့် စစ်အစိုးရနှင့် ပူးတွဲ၍ ရေတိုကာလ ပြဿနာများဖြစ်သည့် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရေး၊ အစားအစာနှင့် အမိုးအကာ ရရှိရေး၊ နောက်ထပ် အသက်များသေဆုံးရသည့် ကပ်ဘေးများ ထပ်မံ မကြုံစေရေး စသဖြင့် နိုင်စွမ်းသမျှ ကူညီဖြေရှင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာ အကူအညီများ ရရှိရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်းကြရန် မှန်သော်လည်း၊ နိုင်ငံရေးအရ သင့်မြတ်ပြေလည်မှုရစေရေး အတွက်လည်း ဆက်လက်ကြိုးပမ်းရန် လိုအပ်ပါသည်။

ရေရှည် ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စအများ၌ ပိုမိုခိုင်မာ အင်အားကောင်း သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပေါ်ထွန်းလာစေရေးကိုလည်း အရေးပေး အကောင်အထည်ဖော်ရန် လိုအပ်နေပါ သည်။ သို့မှသာ ကြုံတွေ့ရဖွယ်ရှိနေသည့် စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးများကို ကျော်လွှားနိုင်ကြဖွယ် ရှိပါတော့သည်။

အပြည့်အစုံဖတ်လိုလျှင်

ကုလသမဂ္ဂအနေဖြင့် သတ်သတ် မှတ်မှတ် လုပ်ရန် လိုအပ်နေပေပြီ

ဧရာဝတီ ဇူလိုင် ၈၊ ၂၀၀၈

မြန်မာနိုင်ငံ၏ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသို့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်သားများ မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒေသများသို့ အကန့် အသတ်မရှိ အပြည့်အ၀ ၀င်ရောက်လုပ်ကိုင်ခွင့်ပေးပါမည်ဟု ကတိပြုခဲ့သည်မှာ ရက်သတ္တပတ် ၆ ပတ်ကျော်လာခဲ့ပြီ ဖြစ်သည်။ မူလက လူအများသေကြေဆုံးရှုံးရဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ကြရပြီး ကုလသမဂ္ဂက “၀င်ရောက် ကာကွယ်ပေးပိုင်ခွင့် တာဝန်” ကို အတင်းအကျပ် အသုံးပြုရတော့မည့် အခြေအနေတိုင် ဆိုက်ခဲ့ရပြီးနောက်၊ ဘန်ကီမွန်းက ဤသို့ ခွင့်ပြုလာချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့သည်။ သို့သော်လည်း သူ၏ "လမ်းဖွင့်နိုင်ခဲ့ပြီ" ဆိုသည့် စကား၏ တန်ဖိုးကိုမူ လူအများက သံသယရှိနေကြဆဲ ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုကဲ့သို့ စစ်အစိုးရ၏ ခေါင်းမာမှုအပေါ် အလျှော့ပေး လိုက်လျှောကျေနပ်ခဲ့ရသည်မှာ ကုလသမဂ္ဂအဖို့ ယခုတကြိမ်တည်း မျှသာ မဟုတ်ပေ။ ဘန်ကီမွန်းက သူ၏ရှေ့တော်ပြေး မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာစစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံရန် ယခုနှစ် အစောပိုင်းက စေလွှတ်ခဲ့သည့်အခါ စစ်ဗိုလ်ချုပ်များက မစ္စတာဂမ်ဘာရီကို ဆိုးသည့်ကလေး ကြိမ်ဆုံးမသည့် သဖွယ် ဆက်ဆံလွှတ်ခဲ့ကြသည်။ ကမ္ဘာတ၀ှမ်းလုံးက စစ်အစိုးရအပေါ် ပစ်ပယ်ရှုံ့ချသည့် သဘောထားရှိပြီး ဆက်ဆံနေမှု များကို မကျေနပ်ဒေါသဖြစ်နေကြသည့် မြန်မာစစ်ဗိုလ်ချုပ်များက သူတို့၏ဒေါသများကို မစ္စတာဂမ်ဘာရီထံ ပုံအောဖွင့်ချခဲ့ ကြသည်။ သို့သော်လည်း ကုလ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်လာသည့်ကိစ္စက တမျိုးတဘာသာ ဖြစ်သည်။ သူက နိုင်ငံရေးကိစ္စနှင့် မပတ်သက်ဘဲ လာရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ အကူအညီများ ပိုမိုရရှိလာစေရန် ကတိက၀တ်နှင့် တိတိကျကျ ရည်ရွယ်ချက်ချမှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့အတွက်ကြောင့်လည်း ပို၍အဆင်ပြေချောမွေ့သော ဆက်ဆံခံရ ပြီး၊ ထိပ်တိုက်ရင်ဆိုင်တိုးရန်အခွင့်နည်းခဲ့သည်။

သို့သော်လည်း မစ္စတာဘန်ကီမွန်းလာရောက်ခဲ့သည့် ခရီးစဉ် ရည်ရွယ်ချက်၏ အောင်မြင်မှုကို လူမည်မျှ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့သနည်းဟူသည့် အရေအတွက်ဖြင့်သာ တိုင်းတာရမည် ဖြစ်သည်။ ယုံကြည်ဖွယ်မကောင်းလှသည့် နာမည် ပျက်နေသူ စစ်အစိုးရ၏ ကတိစကားများဖြင့် တိုင်းတာဆုံးဖြတ်၍ ရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (Tripartite Core Group) က ဆောင်ရွက်ပေးနေသည့် ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကလည်း မရေမရာ မသဲမကွဲပင် ရှိနေသေးသည်။ ဤသုံးပွင့်ဆိုင်ဗဟိုအဖွဲ့က ကုလသမဂ္ဂ၏ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ)၊ မြန်မာစစ်အစိုးရတို့ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ဤအဖွဲ့က နာဂစ်မုန်တိုင်းကပ်ဘေးဆိုင် ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်ဦးရွက် ပြုသွားမည်ဟုလည်း ဆိုထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UN OCHA) ၏ ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် တသန်းကျော်မှာ ယခုတိုင် မည်သည့်အကူအညီမျှ ရရှိခြင်းမရှိသေး ဟု ဆိုပါသည်။ ပို၍ စိတ်ပျက်ဖွယ်ကောင်းသည့် အခြေအနေမှာ လွန်ခဲ့သည့် တလခန့်က ထုတ်ဝေသည့် အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါကလည်း ကိန်းဂဏန်းများ မပြောင်းမလဲ ရှိနေခြင်းပင် ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဇွန်လ ၁၃ ရက်နေ့ထုတ် အစီရင်ခံစာအရ "ဇွန်လ ၄ ရက်နေ့တိုင် ပဏာမကြိုတင်ခန့်မှန်းမှုများအရ ကပ်ဘေး သင့်၍ ဒုက္ခခံစားရသည် လူဦးရေ ၂. ၄ သန်းအနက်မှ ၁. ၃ သန်းသော အကျိုးခံစာရဖွယ်ရှိသူများ (ဒုက္ခသည်များ) ထံသို့ သာ အကူအညီများရောက်ရှိနိုင်သေးသည်" ဟု ဆိုပါသည်။

နိုင်ငံတော်က ဦးဆောင်သည့်၊ နိုင်ငံတကာက ပါဝင်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများ တလကြာမြင့်သည့် တိုင်အောင် မုန်တိုင်းဒဏ်သင့်ခဲ့ရသူ ဒုက္ခသည် အရေအတွက် တ၀က်နီးပါးမျှမှာ မည်သည့်အတွက်ကြောင့် အကူအညီများ မရရှိ ဖြစ်နေရပါသနည်း။ မေးခွန်းထုတ်ဖွယ် ရှိလာပါသည်။ ဖြစ်နိုင်ဖွယ် အကြောင်းမျိုးစုံ ရှိနိုင်ပါသည်။ ရာသီဥတုပြဿနာ များကြောင့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားကျယ်ပြန့်ခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ် ရှိပါ သည်။ သို့သော်လည်း အခြားလွတ်လပ်သည့် သတင်းဌာနအမျိုးမျိုး၊ အစီရင်ခံချက် အမျိုးမျိုးမှ တွေ့ရှိနေရသည်ကား ပြဿနာ၏ အဓိက အစိတ်အပိုင်းမှာ စစ်အစိုးရ ကိုယ်တိုင် ဖြစ်နေပါသည်။ ၎င်းတို့က ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့် နှေးစေရန် နည်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြပါသည်။

ကုလသမဂ္ဂ၏ ဌာနများက စစ်အစိုးရထံ အပြစ်ပုံ လက်ညှိုးမထိုးမိစေရန် သတိပြု ရှောင်လွှဲနေကြပါသည်။ သူတို့က တွေ့ ကြုံရသည့် အခက်အခဲများကို ခြေရာကောက်ပြီး ဒေသဆိုင်ရာ ဗြူရိုကရေစီ အဟန့်အတားများ၊ သို့မဟုတ် စစ်အစိုးရ၏ စစ်ဖက်ဆိုင်ရာ ကြားဝင်စွက်ဖက်မှုများအဖြစ် အချက်ပြဖော်ပြခဲ့ကြပါသည်။ ဥပမာတင်ပြရလျှင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (OCHA) ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ၌ " မကြာခဏ ဆိုသလို လူများရွှေ့ ပြောင်းနေခြင်းကြောင့်" သတ်မှတ်ထားသည့် လိုအပ်ချက်ရှိသူများထံ အကူအညီများရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက် မှု၌ ပြဿနာများ ပိုမိုရှုပ်ထွေးစေသည်ဟု ဆိုထားပါသည်။ သို့သော်လည်း ကိစ္စအများစုတွင် ဤသို့ပြောင်းရွှေ့နေကြမှုသည် လူအများက ဆန္ဒအရပြောင်းရွှေ့ခြင်း မဟုတ်ကြောင်း၊ စစ်အာဏာပိုင်များက လူများကို ဒုက္ခသည်စခန်းများမှ နေ၍ ၎င်းတို့ နေထိုင်ရာ ကျေးရွာလယ်ကွက်များတွင် အလုပ်ပြန်လုပ်ကိုင်ကြစေရန် အတင်းအကျပ် ပြန်လည်နှင်ထုတ် ပြောင်းရွှေ့စေ ခြင်း ဖြစ်ကြောင်း သူတို့က မဖော်ပြခဲ့ကြပါ။

အလားတူ ကိစ္စရပ် များစွာရှိပါသေးသည်။ ရဟတ်ယာဉ်များ မုန်တိုင်းသင့်ဒေသများသို့ ပို့ဆောင်ရန်အတွက် ခွင့်ပြုချက် ရရှိ ရန် နှောင့်နှေးကြန့်ကြာနေရမှုများ၊ ပြည်တွင်းမှ ဆန်ဝယ်ယူ၍ ဖြန့်ဖြူးရန် တားမြစ်ထားချက်များ၊ သတင်း အချက်အလက် များ ကန့်သတ်ထားခြင်းကြောင့် ထောက်ပံ့ရေးဆိုင်ရာ ပြဿနာကြုံရခြင်းများလည်း ရှိနေပါသေးသည်။ "သူတို့ (မြန်မာ အာဏာပိုင်များ) က ကျနော်တို့ကို အဲသည် မုန်တိုင်းဒဏ်ခံရတဲ့ နေရာတွေမှာ ဆက်သွယ်ရေးကိရိယာတွေနဲ့ မရှိစေချင် ဘူးဆိုတာ သေချာပါတယ်။" အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တခုဖြစ်သူ နယ်စည်းမခြား အဝေးပြောဆက်သွယ်ရေးအဖွဲ့ (Telecoms Sans Frontieres) မှ ပြောရေးဆိုခွင့်ရှိသူတဦးက ကုလသမဂ္ဂ တောင်းဆိုချက်အရ ထောက်ပံ့ပေးရန် မြန်မာ နိုင်ငံတွင်း ရောက်ရှိလာပြီးမှ လက်လျှော့ မထွက်ခွါရမီတွင် ပြောဆိုခဲ့ပါသည်။

ဤသို့သော ကန့်သတ်ချက် အခက်အခဲများမှာ ကုလသမဂ္ဂ အဖွဲ့အစည်းအတွက် တခုမျှ လက်ခံနိုင်ဖွယ် မရှိပါ။ သို့သော် လည်း ယခုအချိန်တွင် နိုင်ငံတကာအလှူရှင်များသို့ ၎င်းတို့၏ ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ အောင်မြင်နေ ကြောင်း ဆင်ခြေပေး ပြသနေရပြီး ယခုအချိန်တွင် ၎င်းတို့၏ ရည်မှန်းချက်အထမြောက်၍ ဆောလျင်စွာ ပြန်လည်နာလံထူ ခဲ့ကြောင်း ဆင်ခြေပေး တိုက်တွန်းနေရသည့် အခြေအနေဖြစ်နေပေသည်။

ဤသို့တင်ပြချက်များကိုလည်း လူအများက ယုံကြည်လက်ခံရန် ခက်ခဲကြပေလိမ့်မည်။ အလျူရှင်များဖက်က ယုံကြည်မှု နည်းနေကြသည်။ စစ်အစိုးရက ကွင်းဆင်းဆောင်ရွက်နေသည့် အဖွဲ့များ ဆောင်ရွက်နိုင်ရန် အခြေခံမူ လုပ်ပိုင်ခွင့်များ သတ် မှတ်ပေးရန် ဆက်လက်ငြင်းဆန်နေခဲ့ပြီး၊ ဤအချက်ကြောင့်ပင် ကယ်ဆယ်ရေးလုပ်ငန်းများလည်း ထိခိုက်နှောင့် နှေးနေ စေသည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ (WFP) က သတိပေးပြောကြားရာတွင် အကယ်၍ နောက်ထပ် ရန်ပုံငွေများ မရရှိပါက ယခုထောက်ပံ့ရေးလုပ်ငန်းများအတွက် ပျံသန်းနေကြသည့် ရဟတ်ယာဉ်များလည်း ရပ်နားနေကြရ တော့မည်ဟု သတိပေးပြောဆိုခဲ့သည်။ ဤသို့ဆိုလျှင် စစ်အစိုးရအလိုကျ ဖြစ်ရပေတော့မည်။ စစ်အစိုးရ က ဤရဟတ်ယာဉ် များ နိုင်ငံအတွင်း ပျံသန်းခွင့်ပြုရန် ကနဦးကတည်းက မလိုလားခဲ့ပါ၊ သို့အတွက်ကြောင့်ပင် ခွင့်ပြုချက် ပေးရေး တုံ့ဆိုင်း ဖင့်နှေးနေခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့က ဦးဆောင် ဆောင်ရွက်ခဲ့သည့် နာဂစ်မုန်တိုင်းအပြီး ပူးတွဲအကဲဖြတ် စစ်ဆေးချက် (PONJA) ထွက်ပေါ် လာအပြီးတွင် ဤအကဲဖြတ်စစ်ဆေးမှုကြောင့် အကူအညီများ ပို၍ရလာဖွယ် ရှိသည်။ မြန်မာနိုင်ငံအဖွဲ့ဝင် ဖြစ်လာပြီး နောက် ဆယ်စုနှစ်တခုကြာ အကောင်းရလဒ်တခုမျှ မပြနိုင်ဘဲ ရှိနေရာမှ၊ ယခုအခါတွင် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် အာဆီယံက ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ကြောင်း ဟိတ်ဟန်ထုတ်လွန်းလိုမှုကြောင့်လည်း ၎င်း၏အခန်းကဏ္ဍကို ပြန်၍ ဖျက်နေသည့်သဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ အာဆီယံအဖွဲ့က ၎င်းတို့၏အစီအစဉ်များအတိုင်း အစီအစဉ်တကျ လုပ် ဆောင်နေနိုင်သည်ဟူသည့် ဗလာကတိ အာမခံချက်များထက်စာလျှင် အနည်းငယ်မျှသာ ပို၍ လုပ်ကိုင်ဆောင်ရွက်နိုင်ပါ သေးသည့် အခြေအနေ ရှိပါသည်။ "ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆီးပေးနိုင်ပြီး သူတို့က ဆောလျှင်စွာ ပြန်လည်နာလံထူနိုင်ကြ ပြီ" ဟု အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆူရင် ပစ်ဆူဝန်က (PONJA) အကဲ ဖြတ် စစ်ဆေးမှုအဖွဲ့၏ ကနဦး လေ့လာတွေ့ရှိချက်များကို ကိုးကား၍ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၏ ထိရောက်မှုအပေါ် သံသယဖြစ်နေကြမှုများ ပျောက်ကင်းကြရန်ဟု ဆိုလျှင် ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအလိုကျ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေရ သည့် အခြေအနေမှ ရုန်းထွက်ရန် တနည်းသာ ရှိပါသည်။ အကူအညီပေးရေးလုပ်ငန်းများကို စစ်အစိုးရက ပြန်ပေးဆွဲထား သည့်သဖွယ် ပြုနေသည့် အခြေအနေကို ငြင်းဆန်ရန် လိုအပ်နေပါသည်။

ဤသို့ဖြစ်စေရန်ဆိုလျှင် စစ်အစိုးရက ယခုလူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်ရေးအတွက် နောက် ထပ် နိုင်ငံတကာအကူအညီများ ရရှိရန်မျှော်လင့်နေသေးသည်ဆိုပါက၊ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှသာလျှင် လက်ခံ နိုင်ဖွယ် ရှိပါသည်။ ယခုဖြစ်ပွားခဲ့သည့် ကပ်ဘေးအခြေအနေက ပိုမိုဆိုးရွားသွားပြီး နိုင်ငံရေးအရ မငြိမ်မသက်မှုများ ဆက် လက် ဖြစ်ပွားလာမည့် အန္တရာယ်လည်း ရှိနေပါသည်။

ယခုလကုန်ပိုင်းတွင် ကုလသမဂ္ဂ၏ အထူးသံ မစ္စတာဂမ်ဘာရီက သွားရောက်သွားရောက်ဦးမည် ဖြစ်ပြီး၊ အမျိုးသားပြန် လည် ရင်ကြားစေ့ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေးအတွက် နောက်ထပ်သွားရောက်တိုက်တွန်း လိမ့်ဦးမည် ဖြစ်သည်။ ဤအချိန်တွင် စစ်အစိုးရက အတိုက်အခံအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းစရာမလိုဟု မြင်ထား သည်။ သူ၏ အကြီးအကဲဖြစ်သူ မစ္စတာဘန်ကီမွန်က "မြန်မာပြည်သူများ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အပြည့်အ၀ရရှိ ခံစားနိုင်စေရေးအတွက် အပြင်းအထန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သံန္နိဌာန်ခိုင်ခိုင်မာမာ ချထားကြောင်း" ပြောထား ခဲ့သည်။ အကယ်၍ သူက ဗိုလ်ချုပ်သန်းရွှေ၏ ကတိအတိုင်း မြဲစေအောင် မလုပ်ဆောင်နိုင်ပါက သူ၏ကတိစကားသည် လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသည့် လူလိမ်ကြီးများ၏ အနှစ်မဲ့ကတိစကားသဖွယ် အတူတူသာ ဖြစ်နေပေတော့မည်။

အပြည့်အစုံဖတ်လိုလျှင်