စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, April 30, 2008

မျှော်လင့်ယုံကြည် ပုံလိုက်သည်




အပြည့်အစုံဖတ်လိုလျှင်

အစားထိုးမရနိုင်သော ဆုံးရှုံးမှုတရပ်


သံဃာ့ဥသျှောင် အဖွဲ့ ကြီး၏ နာယကဆရာတော်ကြီး ဖြစ်သော မစိုးရိမ်တိုက်ကျောင်းဆရာတော်ကြီး ဦးကောဝိဒသည် ယနေ့  ဧပြီလ ၂၉ ရက် ၂၀၀၈ ခုနစ် နယူးယောက်မြို့ စံတော်ချိန် မွန်းလွဲ တစ်နာရီ လေးဆယ့်ငါး မိနစ်တွင်ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီဖြစ်ပါသည်။ဆရာတော်ကြီးဘ၀နတ်ထံပျံလွန်တော်မူခြင်းသည် သတ္တ၀ါ တို့ ၏ မလွှဲမရှောင်သာသည့် ဇာတိ ဇရာ ဗျာဒိ မရဏ ဖြစ်စဉ်အရ ဖြစ်သော်ငြား မိမိတို့ ပြည်သူလူထုတရပ်လုံးနှင့် ဗုဒ္ဓသာသနာတော်အတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုတရပ်ဖြစ်ပါသည်။ဆရာတော်ကြီးသည် လောကုတ္တရာနယ်တွင် စွမ်းစွမ်းတမံ သာသနာ့တာဝန်ကို ထမ်းဆောင် ရင်း တဖက်တလမ်းတွင် လောကီလူ့ ဘောင်မှ ဒါယိကာ ဒါယိကာမ တို့၏ဆင်းရဲဒုက္ခ ငရဲ ကိုလဲ ဥပေက္ခာပြု ကျောခိုင်းမနေခဲ့ပဲ တတ်စွမ်းသမျှအကျိုးဆောင်တာဝန်သယ်ပိုးခဲ့သော ရဟန်းအာဇာနည်သူတော်စင်တပါးပင်ဖြစ်ပါသည်။ထို့ကြောင့် ယခုကဲ့သို့ ဆရာတော်ကြီး ရုတ်တရက် ဘ၀နတ်ထံပျံလွန်တော်မူခြင်းအတွက် ကောင်းရာသုဂတိ နိဗ္ဗာန်မဂ်ဖိုရ် သို့ မလွဲဧကန် ရောက်မည်မှန်သော်လည်းမြန်မာပြည်သူလူထုကြီးတရပ်လုံးနှင့် ဗုဒ္ဓသာသနာတော်အတွက် ကြီးစွာသောဝမ်းနည်းပူဆွေး မှု ကို ပြည်သူနှင့်ထပ်တူထပ်မျှခံစားရပါသည်။ထို့ပြင် ဆရာတော်ဘုရားကြီး မြင်လို မျက်မှောက်ပြုလိုခဲ့သော အေးချမ်း သာယာဝပြော ပြီး စစ်မှန်သော ဒီမိုကရေစီထွန်းကားသည့် အမိမြန်မာနိုင်ငံတော်ဖြစ်ရေးအတွက် ပြည်သူလူထုကြီးတရပ်လုံး အကြောက်တရား အားငယ်မှုများ သိမ်ငယ်မှုများ ကင်းဖျောက်ကာမိမိတို့ လွတ်မြောက်ရေးအတွက် မိမိတို့ ကိုယ်တိုင်ပြတ်ပြတ်သားသားတက်ညီလက်ညီတိုက်ပွဲဝင်ကြဖို့ လိုအပ်သည် ဖြစ်ကြောင်း တိုက်တွန်း ရင်း ဆရာတော် ဘုရားကြီး လိုလားသော စစ်အာဏာရှင် ချုပ်ငြိမ်းကာ ဒီမိုကရေစီထွန်းကား ပြီး သာယာဝပြောသည့် နိုင်ငံတော်သစ်အား ၀ိုင်းဝန်းတည်ဆောက်ကြမည် ဟု သံဓိဌာန်ပြုအပ်ပါသည်။



မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု (ဗဟို)


ပြည်ပရောက်မျိုးချစ်မြန်မာများအဖွ


ဲ့ဒီမိုကရေစီမဟာမိတ်များအဖွဲ့ ချုပ်

အပြည့်အစုံဖတ်လိုလျှင်

ဝမ်းနည်းစရာ သတင်း


အပြည့်အစုံဖတ်လိုလျှင်

စင်္ကာပူရှိ မျိုးချစ်မြန်မာများသို့ OBPမှ ကျေးဇူးတင်လွှာ


အပြည့်အစုံဖတ်လိုလျှင်

ဒုတိယအကြိမ် Polling Day အတွက် OBP Statement


အပြည့်အစုံဖတ်လိုလျှင်

စင်္ကာပူရှိ မြန်မာများသို့ တိုက်တွန်းနှိုးဆော်ခြင်း

စင်္ကာပူရှိ မြန်မာများသို့ တိုက်တွန်းနှိုးဆော်ခြင်း

၂၇ရက် ဧပြီလ ၂၀၀၈၊ တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံရှိ မျိုးချစ်မြန်မာများမှ နိုင်ငံကြီးသားပီသစွာ စည်းကမ်းသေဝပ်မှု၊ ညီညွတ်မှု နှင့် မကြောက်မရွံ့ ရဲဝင့်စွာ အခြေခံ ဥပဒေ မူကြမ်းအရ မြန်မာနိုင်ငံသားတိုင်း၏ မွေးရာပါ ရပိုင်ခွင့်ဖြစ်သော အသက်(၁၈)နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားတိုင်း ဆန္ဒမဲ ပေးခွင့် ရရှိနိုင်ရန် တောင်းဆိုမှု နှင့် စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသော မြန်မာပြည်သူ လူထုတစ်ရပ်လုံးအား စစ်ကျွန်ဘ၀ရောက်အောင် ပြုလုပ်မည့် အခြေခံ ဥပဒေ မူကြမ်းအား ပြတ်ပြတ်သားသား ကန့်ကွက်မှုကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအား ထင်ရှားစွာ ထုတ်ဖေါ်ပြသနိုင်ခဲ့ပါသည်။

ဤအောင်ပွဲ၏ ရလာဒ်မှာ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ဧပြီလ(၃၀)ရက်၊ မေလ(၁)ရက် နှင့် မေလ(၂)ရက် သုံးရက်တိုင်တိုင် ဆန္ဒမဲပေးရက်များအဖြစ် တရားဝင် တိုးမြင့် သတ်မှတ် ပေးခဲ့ပါသည်။

သို့ဖြစ်ပါ၍ မေလ(၁)ရက်နေ့၊ ကမ္ဘာ့အလုပ်သမားနေ့အား ဒုတိယအကြိမ် Polling Day အဖြစ် သတ်မှတ် ထားပါသဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသော စင်္ကာပူနိုင်ငံရှိ အလုပ်သမားများ၊ ကျောင်းသားများ အပါအ၀င် မြန်မာနိုင်ငံသားအားလုံး အတူတကွ ပူးပေါင်းပါဝင် ဆန္ဒမဲ ပေးကြနိုင်ရန် Peninsula Plaza, City Hall သို့ နေ့လည် ၁၂း၃၀ နာရီ နောက်ဆုံးထားပြီး လာရောက်ကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်၊

အပြည့်အစုံဖတ်လိုလျှင်

Vote NO at MM embassy in SG 2, 27.4.2008

The great event, great history and great Burmese People in Singapore.

အပြည့်အစုံဖတ်လိုလျှင်

Vote NO at MM embassy in SG, 27.4.2008

အပြည့်အစုံဖတ်လိုလျှင်

Marching to MM Embassy in SG to vote NO

အပြည့်အစုံဖတ်လိုလျှင်