စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

ဒေးဒရဲ လယ်မြေများ ကာကွယ်ရန် ဆာလာအိတ်ခွံ တသိန်းခန့် လိုအပ်

ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 17 2008 19:07 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်ရှိ အနည်းဆုံး ကျေးရွာအုပ်စု ၁၃ စုအတွင်း ပင်လယ်ရေ ဝင်ရောက်မှု တားဆီးနိုင်ရန် တာရိုးများ ပိတ်ဆို့ရေးအတွက် ဆာလာအိတ်ခွံ တသိန်းခန့် လိုအပ်နေသည်ဟု ကယ်ဆယ်ရေး အဖွဲ့တဖွဲ့က ကြေညာထားသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းသင့် ကျေးရွာများကို ကူညီနေသည့် ပြည်တွင်းအခြေစိုက် မြန်မာ အရေးပေါ် အကူအညီပေးရေး ကွန်ယက် (M/BEAN-Myanmar/Burma Emergency Aid Network) မှ ကျေးရွာအုပ်စုများရှိ လယ်ယာမြေများ အတွင်း ပင်လယ်ရေ ဝင်ရောက်မှု တားဆီးရန် တာရိုးများကို ပြန်လည် ပြုပြင်ရေးအတွက် အရေးပေါ် လိုအပ်နေသဖြင့် အလှူရှင်များကို ဖိတ်ခေါ် ကြေညာထားသည်။

M/BEAN ၏ မေတ္တာ ရပ်ခံချက်ထဲတွင် မုန်တိုင်းကြောင့် တာရိုးအရှည် ၉ မိုင်ကျော်အနက် ၁၇ နေရာခန့်သည် ကျိုးပေါက် ပျက်စီးနေပြီး ပင်လယ် ရေများ ဝင်ရောက်ကာ လယ်မြေဧက သောင်းချီ၍ ဆားငန်ရေ ဖုံးလွှမ်းနေသလို၊ ယခုလည်း ပင်လယ်ရေသည် ဆက်လက် တက်နေသဖြင့် လယ်သမားများ အချိန်မှီ ပြန်လည် ထွန်ယက်ရန် အခက်အခဲ တွေ့နေသည်ဟု ဆိုသည်။

M/BEAN သည် ဒေဒရဲ မြို့နယ်တဝိုက်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများကို လုပ်ကိုင်နေပြီး ပါဝင် လုပ်ကိုင်နေသူများနှင့် အသိမိတ်ဆွေများ အကူအညီဖြင့် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

အသေးစိတ် အချက်အလက်များ ပိုမိုသိရှိနိုင်ရန်အတွက် အဖွဲ့အစည်း တာဝန်ရှိသူတဦးထံ ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆို ခဲ့သည်။

ပင်လယ် ဒီရေတက်ချိန် ဒေးဒရဲ အရှေ့ခြမ်းရှိ နာခေါင်းချောင်း၊ ကဝက်ချောင်းကြီး၊ ကဝက်ရေကံချောင်၊ ကြပ်စဉ်ပျို့၊ တမာတကော၊ တိုး၊ ကျုံကနိ၊ ဦးတို၊ ဆူးကလပ်၊ ရှမ်းကန်၊ တော်ချိုက်၊ ကျုံဒက်၊ မရမ်းအနောက် ကျေးရွာအုပ်စုများ၏ လယ်မြေများတွင် ပင်လယ်ရေ ဝင်လာတတ် သဖြင့် အမြင့် ၈ ပေ၊ အကျယ် ၁၆ ပေ ရှိ တာရိုးကို ၉ မိုင်ကျော် ကာရံထားခဲ့သည်။

ကျိုးပေါက်နေသော တာရိုးများကို မြေဖို့ရန်အတွက် ရေကျချိန်ဖြစ်သည့် ဇွန်လ ၁ဝ ရက်မှ ၁၄ ရက်နှင့် ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အတွင်းသာ လုပ်ဆောင်နိုင်မည် ဖြစ်ကာ လယ်သမားများသည် ဝါဆိုလပြည့်အမှီ ပျိုးကြဲရန်အတွက် တာရိုးကို အမြန်ဆုံး ပြုပြင်ရန် လိုအပ်သည်ဟု M/BEAN က ဆိုထားသည်။

ဒေးဒရဲမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသော ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတဦးက “အစိုးရ ရုပ်မြင်သံကြားမှာ ပြနေတာကတော့ တာရိုးကို နည်းနည်းပါးပါး ဖို့နေတာတော့ တွေ့နေတာပဲ။ လူတွေနဲ့ ဖို့ခိုင်းလိုက်၊ စက် တစီးနှစ်စီးနဲ့ ဆွဲတင်လိုက်နဲ့ တွေ့နေရတာပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့အပတ်က ကျနော့် မျက်မြင်နဲ့ လက်တွေ့ အခြေအနေအရ ဘယ်လိုမှ မပြီးနိုင်ပါဘူး” ဟု ပြောသည်။

စက်အင်အား အသုံးပြုနိုင်မှု နည်းပါးကာ လူအင်အားဖြင့်သာ အဓိက လုပ်ဆောင်နေရကြောင်း သူက ထပ်မံ ပြောဆိုသွားသည်။

Rest of your post

No comments: