စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, May 25, 2008

သီတဂူဆရာတော် တရားပွဲလာ ပရိတ်သတ်များ

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် စင်္ကာပူနိုင်ငံ Eunos MRT အနီးရှိ မင်္ဂလာဝိဟာရကျောင်းတိုက်၌ (၂၅)ရက်နေ့ ညနေ (၈)နာရီတွင် ဓမ္မတရားတော်ဟောကြားခဲ့ပါသည်။

သီတဂူဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံသံဃာ့ရာဇာမှ လေမုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် အလှုငွေလက်ခံပေးဖို့ရာ ဖိတ်ကြားခြင်းကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကိုရောက်ရှိလျှက်ရှိနေပြီး စင်္ကာပူနိုင်ငံသို့ ဆက်လက်ကြွချီလာမည်ဟုသိရသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသရှိ ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများကို စင်္ကာပူနိုင်ငံမှာ ဝယ်ယူမည်ဟုသိရှိရသည်။
နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး ရက်ပိုင်းအတွင်းမှာပင် ဆရာတော်အရှင်ဥာဏိဿရ ကိုယ်တော်တိုင် လေမုန်တိုင်းဒဏ်ခံရသော ဒေသများသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။
















အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာကယ်ဆယ်ရေး လုပ်သားများ မြန်မာပြည်ဝင်ခွင့် ရရေး မရှင်းသေး

25 May 2008


မြန်မာပြည်က လေဘေးဒုက္ခသည်များအား ကယ်ဆယ် ထောက်ပံ့မယ့် နိုင်ငံခြားက အလုပ်သမားများဟာ စစ်အစိုးရရဲ့ ကတိအတိုင်း မြန်မာနိုင်ငံထဲကို ၀င်ခွင့်ရဖို့ စောင့်ဆိုင်း နေကြပါတယ်။ စနေနေ့မှာ အဲဒီအလုပ်သမားများက လေဘေးဒဏ် အကြီးအကျယ် ခံရတဲ့ ဧရာဝတီ တိုင်းကို သူတို့ သွားရောက်ခွင့် စောင့်နေရတယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံက လေဘေး ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်များ ထားရှိဖို့ အခြေစိုက် စခန်းတစ်ခု ထိုင်းမြို့တော် လေဆိပ်မှာ မနေ့က ကုလသမဂ္ဂက ဖွင့်လှစ်လိုက်ပါတယ်။ နေပြည်တော်မှာ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံပြီး နောက်တနေ့ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဲဒီလို နေရာသတ်မှတ် စခန်းဖွင့်ပေးလိုက်တာပါ။
ကျွမ်းကျင်သူ နိုင်ငံခြားသား ကယ်ဆယ်ရေး အလုပ်သမားများ အားလုံး မြန်မာနိုင်ငံတွင်း ၀င်ခွင့်ပြုဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောတူလိုက်ကြောင်း သောကြာနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုပါတယ်။ အဲဒီအချိန်အထိ နိုင်ငံခြား ကယ်ဆယ် ထောက်ပံ့ရေး ၀န်ထမ်းများ မြန်မာနိုင်ငံတွင်း လေဘေးသင့် ဒေသများ သွားရောက်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်ခွင့် စစ်အစိုးရက ကန့်သတ်ချုပ်ချယ် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ စနေနေ့မှာပဲ မြန်မာနိုင်ငံအတွင်း လေဘေးသင့်တဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း နယ်တချို့မှာ ရွှေ့ဆိုင်းခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်း လူထုဆန္ဒခံယူပွဲ ကျင်းပ ပြုလုပ်ပါတယ်။
ဆိုင်ကလုန်း လေပြင်းမုန်တိုင်းကျလို့ သေကျေပျက်ဆီး များလွန်းနေတဲ့အချိန်မှာ နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားကပဲ စစ်အစိုးရက မြန်မာနိုင်ငံကျန်ဒေသများက မေလ ၁၀ ရက်နေ့က ဖွဲ့စည်းပုံ မူကြမ်း လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆီ ဦးတည်သွားစေမယ့် အဲဒီဖွဲ့စည်းပုံမူကြမ်းကို မဲဆန္ဒရှင်များက တခဲနက် ထောက်ခံခဲ့ကြတယ်လို့ စစ်အစိုးရက ကြေညာခဲ့ပြီး အတိုက်အခံများ၊ လူအခွင့်အရေး အဖွဲ့အစည်းများကတော့ စစ်တပ် အာဏာမြဲရေးအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မူကြမ်းဖြစ်တယ်လို့ ဝေဖန် နေကြပါတယ်။
မနက်ဖြန် ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံတို့ ပူးတွဲ ကမကထ ပြုလုပ်မယ့် အလှူရှင်များ စည်ဝေးပွဲသို့ ဘန်ကီမွန်း တက်ရောက်မှာဖြစ်ပြီး စစ်အစိုးရက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ တောင်းဆိုထားပါတယ်။
နာဂစ် ဆိုင်ကလုန်းလေမုန်တိုင်းကြောင့် လူ ၁၈,၀၀၀ လောက်နီးပါး သေဆုံးပြီး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

Cyclone aid conference in Burma

Cyclone aid conference in Burma



Delegates from more than forty countries and regional organisations are gathering in Burma, to pledge aid following Cyclone Nargis.



Only a quarter of the 2.5m affected have received help, the UN says


At a donor conference in Rangoon, the Burmese military government is expected to ask for a total of nearly eleven billion dollars to fund relief work.
The conference is being sponsored jointly by the United Nations and the South-East Asian regional organisation, ASEAN.


On Friday, the Burmese authorities gave a verbal promise that they would lift restrictions on access by foreign aid workers to the area worst affected by the cyclone, the Irrawaddy Delta.
But correspondents say many countries are reluctant to pledge more aid without clear-cut assurances.
Cyclone Nargis is estimated to have left more than 130,000 people dead or missing.


In the aftermath of the cyclone, many people are less interested in the voting, say local peopole

Meanwhile Burma's military government has pushed ahead in cyclone hit areas with a delayed vote on a new constitution that would legitimise military rule - the rest of the country voted on May 10th - though state media said the delayed vote could not reverse its reported approval.

အပြည့်အစုံဖတ်လိုလျှင်

ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်

ကိုယ်ရံတော် လေးသန်းနဲ့ဘုရင်


မြကြေးမုံ

မြန်မာပြည်မှာ အစိုးရလုပ်ရတာ ဘာမှ ရှက်စရာ မျက်နှာပူစရာ မလိုပါလား။
လူသိန်းနဲ့ချီ သေသွားတဲ့ မုန်တိုင်းကြီးစဲလို့ နှစ်ပတ်ကျော် ကြာမှ လူမြင်ကွင်းကို သွေးအေးအေးနဲ့ ထွက်လာတဲ့ ကျွန်ုပ်တို့၏ နိုင်ငံတော်အကြီးအကဲကြီးကို မြင်ရတယ်။ ရွက်ဖျင်တဲတွေရှေ့မှာ တန်းစီရပ်ပြီး လက်အုပ်လေးတွေ ချီနေရတဲ့ ဒုက္ခသည်တွေရှေ့မှာ။ “ဧရာဝတီ မြစ်ထဲမှာ အပုပ်နံ့တွေ လှိုင်နေပြီ”၊ “နွံထဲ ဒိုက်ထဲက အလောင်းတွေ ခုထိ မဆယ်ရသေးဘူး”၊ “ရေပုပ်တွေပဲ ခပ်သောက်နေရတယ်၊ ၀မ်းရောဂါ ဖြစ်ကုန်ပြီ”ဆိုတဲ့ အသံတွေ ရက်ဆက် ကြားနေရတုန်းက ခမျာ ဘယ်များ ရောက်နေပါလိမ့်။
နင်တို့တွေတော့ ဘဲဥ အလုံး ၁၀၀၀ ကို ချဉ်ဟင်းချက်ပြီး လူ ၂၀၀၀ စာ ရအောင် တယောက်တခြမ်း ဝေရင် ကောင်းမလား၊ ပွားပြီး ပွတက်လာအောင် ဆိုဒါထည့်ကြော်ပြီး လူတယောက် ကြက်ဥကြော် တဖဲ့စီပဲ ထမင်းပေါ် ပုံကျွေးရကောင်းမလား မနက်မနက်ဆို စဉ်းစားရင်း ခေါင်းခြောက်နေကြပြီလား။ မယုံမရှိနဲ့၊ ၀က်သား အချိန် ၂၀ ကို လူ ၂၀၀၀ စာ ကျွေးနိုင်တယ်ဟဲ့ ပြောတော့ တပိဿာကို လူ ၂၀၀ နှုန်း ဘယ်လိုများ လောက်အောင် ကျွေးပါလိမ့်လို့ ငါ လိုက်မမီ ဖြစ်ရသေးတယ်။ လက်သည်းခွံလောက် အတုံးသေးသေးလေး တွေ ညီအောင် တုံးနည်းတို့၊ ဟင်းအနှစ်များလာအောင် ကြက်သွန်ငရုတ်သီး များများ ထောင်းထည့်နည်းတို့၊ အသားဟင်းချက်ရင် အာလူး မဖြစ်မနေ ရောနည်းတို့ နင်တို့ ယောက်ျားလေးတွေ တသက်လုံး စိတ်မ၀င်စားခဲ့တဲ့ မီးဖိုချောင်အတတ်တွေ ခုမှ နာဂစ်ကျေးဇူးနဲ့ တဖက်ကမ်းခတ်ကုန်ရောပေါ့။
“ဆန်က တအိတ် ၂သောင်းရှစ်ထောင်ထိတော့ ပြန်ကျသွားပြီ။ ဒါလဲ ဝေရတာ မလောက်တော့ ကယ်ဆယ်ရေးဆန်ပဲ သောင်းရှစ်ထောင်နဲ့ ပြန်ဝယ်ပြီး တအိမ်ထောင် ၄ ဘူးလောက်စီ လိုက်ဝေတော့မယ်။ သူတို့ပြန်ရောင်းတဲ့ ကယ်ဆယ်ရေးဆန်က နီတယ်၊ ကြမ်းတယ်၊ အကျိုးအကြေများတယ်။ ဒါပေမယ့် ဈေးပေါပေါနဲ့ ရဖို့ အရေးကြီးတယ်။ ဝေရတာ မလောက်လွန်းလို့”
“ရေသန့်ဆိုတာ ချိုလဲ မချိုဘူးတဲ့။ ရေသန့်ဘူးတွေ ဝေတော့ သောက်တဲ့ တောသားကြီးတွေက အံ့သြပြီး ပြန်ပြောတယ်။ မြို့မှာ ပိုက်ဆံပေး ၀ယ် သောက်ကြတဲ့ ဘူးသွတ်ရေဆိုတော့ သူတို့သောက်နေကျ ရိုးရိုးရေနဲ့ အရသာ ကွာမယ် ထင်ကြတာ။ သူတို့ တသက်လုံး မသောက်ဖူးဘူးလေ”
“ဒီနေ့ ထမင်းဟင်းသွားဝေတဲ့ ရွာက ဘယ်သူ့ကြည့်ကြည့် ပိန်ခြောက်နေတာပဲ။ သားတို့ နောက်ရက်လဲ လာပါဦးတဲ့။ ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့ရတယ်။ ငတ်နေတဲ့ ရွာတွေက အများကြီး။ အလှည့်နဲ့ သွားဝေရဦးမှာ။ နောက်ရက်တွေလဲ သူတို့ မျှော်နေမယ်ဆိုတာ သိတော့ သိတယ်။ ဒါပေမယ့်...”
“သူတို့တောင်ယာတွေ အကုန်ရေလွှမ်းကုန်တာ။ ရေကျသွားတော့ စားလို့ရတဲ့ အပင်မှန်သမျှ ဘာမှ မကျန်တော့ဘူး။ စားစရာက မရှိဘူးဆို ဘာမှကို မရှိတာ။ ဆား မရှိဘူး။ ဆီမရှိဘူး။ ဆန်မရှိဘူး”
ဖုန်းထဲက နင်တို့ ညည်းသံတွေကို နားထောင်ရင်း “သဘာဝဘေး ဒုက္ခသည်များအတွက် အကြံပေးချက် လမ်းညွှန်“တွေကို နင်တို့ဆီ ပို့မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အမေရိကားက ကက်တရီးနား မုန်တိုင်းဘေး ဒုက္ခသည်မျိုးတွေအတွက် လိုအပ်မယ့် အကြံပေးစကားတွေ ဟာ ငါတို့ မြန်မာပြည်နဲ့ ဘာမှ မဆိုင်သေးမှန်း သိလိုက်ပြီ။ ဒီအညွှန်းတွေထဲကအတိုင်း ရေချွေတာတဲ့အနေနဲ့ ဟဲယားစပရေးဘူးခွံတို့၊ ဘော်ဒီစပရေး ဘူးခွံတို့ထဲ ရေထည့်ပြီး ကိုယ်ကို ဖြန်းပါဆိုရင် ဒါတွေ တသက်လုံး မသုံးဘူးတဲ့ သူတွေက ဒီဘူးခွံတွေ ဘယ်က လိုက်ရှာရမလဲမသိ ဖြစ်ကုန်မယ်။ အဲဒါတွေက မုန့်နာမည်တွေလား ပြန်တောင် အမေးခံရနိုင်တဲ့ကိစ္စ။ ဆပ်ပြာရှားရင် မုတ်ဆိတ်ရိတ်တဲ့ ကရင်မ်တို့၊ ခန္ဓာကိုယ်လိမ်းတဲ့ ကရင်မ်တို့ကို ဆပ်ပြာအစားထိုး သုံးနိုင်တဲ့အကြောင်းရော ဒီပစ္စည်းတွေ မွေးကတည်းက တခါမှ မမြင်ဖူးတဲ့ သူတွေကို ဘယ်လို သွားပြောရမလဲ။ ဒုက္ခသည်တွေကို စိတ်ဖိစီးမှုတွေ သက်သာစေတဲ့ သကြားလုံးတို့၊ ချောကလက်တို့ ဝေပေးသင့်တယ် ဆိုရင်တော့ ဈေးအပေါဆုံး ဆန်ကြမ်းကိုတောင် တအိမ်ထောင် နို့ဆီဘူး သုံးလေးလုံးစာပဲ မျက်နှာပူပူနဲ့ မလောက်မင လိုက်ဝေနေရတဲ့ နင်တို့တွေက “အဲဒါတွေ နင်ပဲမျို”လို့ ငါ့ကို မေတ္တာပို့လိမ့်မယ်။
ပြည်တွင်းစစ်နဲ့ ငတ်မွတ်ခေါင်းပါးဘေးကြောင့် ဖွတ်ဖွတ်ကျေနေတဲ့ ဆိုမာလီမှာ မယ်မယ်ရရ အစိုးရ မရှိတော့တာ ၁၀ နှစ်ကျော်ပြီတဲ့။ “စစ်ပွဲမရှိရင် ငါတို့နိုင်ငံက အရမ်းနေလို့ကောင်းတာ”လို့ တမ်းတမ်းတတ ညည်းနေကျ ဆိုမာလီသူ ငါ့သူငယ်ချင်းတွေ ပြောဖူးတယ်။ ဒီအတိုင်းဆို ငါတို့မြန်မာနိုင်ငံကတော့ သူတို့နဲ့ ပြောင်းပြန် တတိုင်းပြည်လုံး အစိုးရတွေ ဖြစ်ကုန်ပြီ။ ကယ်ဆယ်ရေးဝန်ကြီး၊ ပြန်လည် နေရာချထားရေးဝန်ကြီး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးဝန်ကြီး၊ ရေအရင်းအမြစ်ဆိုင်ရာ ၀န်ကြီး ဆိုပြီး အချင်းချင်း နောက်ပြောင်ခေါ်ရင်း အထုပ်ကြီးအထုပ်ငယ်တွေ၊ ရေသန့်ဘူးတွေ ထမ်းပြီး မုန်တိုင်းထိသွားတဲ့ အရပ်တွေကို ဆင်းနေကြတဲ့ လူတွေကို အစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ပါလိမ့်။ အင်းလေ... ရင်မဆိုင်ချင်လို့ပဲ သူတို့ ရှောင်နေကြတာပေါ့။ တခြားနိုင်ငံမှာ ဒီလိုသွားလုပ်ရင် ပြုတ်သွားတာ ကြာပြီလို့ ကြိမ်းမိရင် “ဒါ မြန်မာပြည်လေ”လို့ အကြောင်သား ကြည့်ပြီး ပြန်ပြောမယ်ထင်တယ်။
ကုလသမဂ္ဂကြီးရဲ့ အတွင်းရေးမှူးချုပ် တယောက်လုံးလဲ မြန်မာပြည်က နိုင်ငံ့အကြီးအကဲဆိုတဲ့ သူနဲ့တွေ့မှ မရှုမလှ ခံရတော့တာပဲ။ “ကျနော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဖုန်းဆက်စကားပြောခွင့် ရဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်။ မအောင်မြင်ဘူး”တဲ့။ ဂျော့ဒဗလျူဘုရှ်တို့၊ ဂေါ်ဒွန်ဘရောင်းတို့နဲ့ စကားပြောချင်ရင် ဘယ်တုန်းကမှ အောက်မကျခဲ့ရဖူးတဲ့ ဘန်ကီမွန်းခမျာ ပြောရှာတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံပါမယ့်အရေး အထပ်ထပ် တောင်းပန်နေရတဲ့ နိုင်ငံတကာက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ဘ၀ရော ဘာထူးလဲ။ ငါတို့အတွက်ကတော့ မြန်မာပြည်မှာ ပေါ်ထွန်းခဲ့တဲ့ အစိုးရတခုဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒီလို နိုင်ချင်တိုင်း နိုင်ဖူးတဲ့အကြောင်း နောက်လာနောင်သားတွေကို ပြန်ပြောပြရတာပေါ့လေ။
“ပစ္စည်းတွေကို ကိုယ်တိုင် လာမဝေပါနဲ့၊ ရပ်ကွက် ကယ်ဆယ်ရေးစခန်းများသို့ လာရောက် အပ်နှံကြပါ”ဆိုတဲ့ နှိုးဆော်စာတွေ နင်တို့ မိတ္တူဆွဲပြီး အီးမေးနဲ့ ပို့ပေးလို့ ဖတ်ရပါတယ်။ “ဒုက္ခသည်တွေဟာ ဒီပစ္စည်းတွေကို မှောင်ခိုဈေးကနေ ပြန်ဝယ်နိုင်ဖို့ တပြားမှ မရှိတော့လို့ ကိုယ်တိုင်ပဲ ဝေခဲ့ပါရစေ”လို့သာ ပြောလိုက်ကြပါတော့။ ဒီလို လာဝေနေရင် လူတွေ သူတောင်းစား ဖြစ်ကုန်မယ်တဲ့။ အင်း မှန်ပေတယ်။ သူတို့သိမ်းပြီး အောက်ဈေးနဲ့ ပြန်ရောင်းတာ ၀ယ်စားရင် သူတောင်းစား မဟုတ်တော့ဘူးပေါ့။
မိုးကျလာပြီဆိုတော့ ဒုက္ခသည်တွေအတွက် ခြုံစရာစောင်နဲ့ အမိုးမိုးဖို့ တာရပတ်စတွေ လိုတယ်တဲ့။ အိမ်မိုးဖို့ ထိုင်းက လှူတဲ့ သွပ်ပြားတွေတော့ ရောင်းစားလို့ ကျန်မှ ကျန်သေးရဲ့လားမသိ။ ခြုံဖို့စောင်ကတော့ နိုင်ငံတကာက လှူတဲ့ ပစ္စည်းတွေ ပြန်ရောင်းတဲ့ နေရာတွေမှာ နင်တို့ လိုက်ဝယ်ရင် ရမှာပါ။ လေယာဉ်ပေါ်က ချပြီးကတည်းက ပို့ထားတဲ့ ဂိုဒေါင်တွေမှာ တိုးတိုးတိတ်တိတ် ပြောပြီး ၀ယ်လဲ ရတယ်ဆို။ ဒါလဲ ကောင်းတာပဲ။ ပင်ရင်းဒိုင်ကြီးက ၀ယ်တော့ ဈေးသက်သာတာပေါ့။
ဒုက္ခသည်တွေအတွက် ဆေးလေးဝါးလေး ၀ယ်ပေးဖို့ ရှည်ပြီး ငါ အကြံပေးမိတော့ “စားဖို့ဆန်က အဓိကပဲ။ ဆန်ဝယ်ပေးဖို့ ပိုက်ဆံထဲက ဆေးဖိုး မဖဲ့နိုင်ဘူး”လို့ နင်တို့ လက်တွေ့ကျကျ ပြန်ဖြေတယ်။ တခြားသူငယ်ချင်းတယောက်က သူ့ငွေနဲ့ ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ရသလောက် ၀ယ်လှူပေးဖို့ ပြောတုန်းကလဲ “စားလို့မရတဲ့ ပစ္စည်းတွေအကြောင်း ဒီအချိန် လာမပြောရင် ကောင်းမယ်။ ခုနေ ထမင်းမစားရမှ သေမှာ။ ပါးစပ်တွေ ကိုယ်တွေ နံဟောင်နေရုံနဲ့ လူမသေသေးဘူး”တဲ့။ ပိန်ချုံးနေတဲ့ ဗိုက်ပူနံကား ကလေးတွေ၊ မျက်တွင်းဟောက်ကျနေတဲ့ အဘိုးကြီး အမယ်ကြီးတွေ လူ့ဘ၀ထဲက ထွက်မသွားရအောင် စုဆောင်းလို့ ရသမျှ စားရေရိက္ခာနဲ့ တားနေရတဲ့ နင်တို့ စကားတွေဟာ တချက်တချက် မချိုသာနိုင်တော့တာ ငါ နားလည်ပါတယ်။ “မိုးရွာထဲမှာ ဒုက္ခသည်တွေကို အင်္ကျီပါ ချွတ်ပေးခဲ့ရလို့ ပြန်လာတော့ အမျိုးသမီးတွေပဲ အင်္ကျီ ပြန်ပါတယ်။ သွားဝေတဲ့ ယောက်ျားမှန်သမျှ ကိုယ့်အိမ်ပေါ် ကိုယ်ပြန်တက်တော့ အင်္ကျီင်္ကျွတ်ချည်းပဲ“လို့ ပြောပြတုန်းကတော့ နင်တို့ ရယ်နိုင်ကြသေးတယ်။
ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် ကြပ်ပြေးက မထွက်တမ်း ဂူအောင်းနေတဲ့ တယောက်ကို နင်တို့ စိတ်ဆိုးကြမယ်ထင်တာ။ မြန်မာပြည်ထဲက နင်တို့တွေကတော့ “ဒါမျိုး ရိုး...ဟိုးဟိုးနေပြီ”ဆိုတဲ့ ပုံစံအပြည့်နဲ့။ လူတွေ သေပြီး နှစ်ပတ်ကျော်မှ ၀မ်းနည်းကြေကွဲခြင်း သုံးရက် အူကြောင်ကြောင် ကြေညာတော့လဲ နင်တို့ စိတ်မ၀င်စားအားဘူး။ “အာလူးတပိဿာ ၅၀၀ တဲ့။ အိတ်လိုက်ဝယ်ပြီး တအိမ်ထောင် လေးငါးလုံးရရ ဝေပေးရင် ကောင်းမယ်”၊ “ပုစွန်ခြောက်တွေ ငါးခြောက်သေးသေးလေးတွေ လေးငါးအိတ် စုဝယ်ပြီး ငရုတ်သီးနဲ့ ကြော်ရအောင်။ ဆာလာအိတ်တွေနဲ့ သယ်သွားပြီး ဝေရင် နှစ်ရွာလောက်တော့ တနပ်စာ ရမှာပါ”ဆိုတာတွေနဲ့ပဲ ဗျာများနေတယ်။
နင်တို့က ဘယ်လောက်ရရ တနေ့တနေ့ ဝေလို့ မလောက်နိုင်တဲ့ ဆန်တွေ၊ ဆီတွေ၊ ငရုတ်ကြက်သွန်တွေနဲ့ ဒုက္ခသည်တွေရဲ့ မျှော်လင့်မျက်နှာတွေကြား ခေါင်းမဖော်နိုင်အောင် ဖြစ်နေတဲ့အချိန်မှာ သမုဒ္ဒရာတဖက်က ငါလဲ လမ်းတွေ့သမျှ ဖြူဖြူညိုညို လူမျိုးပေါင်းစုံရဲ့ မေးခွန်းတွေကို ဖြေပြီးရင်း ဖြေနေရတယ်။
“အစားအစာတွေ တင်လာတဲ့ သင်္ဘောတွေ နင်တို့အစိုးရက ပေးမ၀င်ဘူးဆို”
“ကယ်ဆယ်ရေးအိတ်စ်ပတ်တွေ မလာရဘူးဆို”
“လှူတဲ့ ပစ္စည်းတွေ ဒုက္ခသည်တွေဆီ အကုန်မရောက်ဘူးဆို”
“...................................... ဆို”
“...............................ဆို”
သေတဲ့သူတွေအတွက် ရက်လည်ဆွမ်းတောင် နှစ်ခါပြန် သွတ်ပြီးလောက်တဲ့ ၁၇ ရက်မြောက်နေ့မှ လူကြားထဲ ခပ်တည်တည် ထွက်လာတဲ့ ငါတို့ နိုင်ငံတော်အကြီးအကဲဟာ တော်တော်တန်တန် နိုင်ငံမှာဆို အရိုးတခြားအသားတခြား ဖြစ်သွားလောက်တယ်။ နိုင်ငံအကြီးအကဲဆိုတဲ့သူရဲ့ မျက်နှာပေါ်က စိတ်မပါ့တပါ အပြုံးတောင့်တောင့်ကြီးရယ်၊ လက်နှစ်ဖက် တောင့်တောင့်ကြီး ဘေးချလို့ လိုက်လာတဲ့ နောက်တော်ပါ ဗိုလ်ချုပ်တွေရယ်၊ လူကြီးလာစစ်မယ်ဆိုလို့ အရေးပေါ် ဆောက်ပြီးစ ရွက်ဖျင်တဲတွေရှေ့မှာ မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီး အသင့်စောင့်နေရတဲ့ ဒုက္ခသည်တွေရယ်ကို မြင်ရတာ သက်သောင့်သက်သာ မရှိလိုက်တာ။ မျက်နှာပေါ်က အကြောအခြင်တွေကလဲ အားလုံး တညီတည်း တောင့်လို့။
ရှေ့ဆုံးကနေ ယူနီဖောင်း လှလှဝတ်ပြီး လက်ယမ်းပြနေတဲ့ နိုင်ငံ့ခေါင်းဆောင်ပုံကို ကြည့်ရင်း သူ့နိုင်ငံက တောသူတောင်သားတွေဆီ အရောက်ဆင်းပြီး သူ့လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ကိုယ်တိုင် ဝေတတ်တဲ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ကို မြင်ယောင်တယ်။ ပစ္စည်းတွေ ခြင်းတွေနဲ့ထည့်ပြီး ပေးနေတဲ့ ထိုင်းဘုရင်နဲ့ လက်ခံယူနေတဲ့ တောသားကြီးတွေရဲ့ မျက်နှာပေါ်မှာ အပြန်အလှန် နွေးထွေးမှုတွေနဲ့။
၁၉၇၃ ခုနှစ်က တကမ္ဘာလုံးမှာ စွမ်းအင်ပြဿနာ ဖြစ်တော့ နော်ဝေမှာလဲ စွမ်းအင် ချွေတာတဲ့အနေနဲ့ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကားမောင်းတာကို ပိတ်ထားတယ်။ သွားစရာ လာစရာ ရှိတဲ့သူတွေ အများသုံး ရထားကိုပဲ သုံးကြပေါ့။
အော်စလို မြို့ပြင်မှာ နှင်းလျှောစီးချင်တဲ့ အသက် ၇၀ အရွယ် အဘိုးကြီးတယောက်ဟာ စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ သူ သုံးနေကျ ကားကို ထားခဲ့ပြီး အများပြည်သူသုံး ရထားပေါ် တယောက်တည်း တက်လာတယ်။ တခုံပြီးတခုံ လက်မှတ်လိုက်စစ်၊ လပေးလက်မှတ် မသုံးတဲ့ သူတွေကို တကြောင်းစာလက်မှတ်ရောင်းနဲ့ အလုပ်များနေတဲ့ လက်မှတ်စစ် သူ့နားရောက်လာတော့ အဘိုးကြီးက လက်မှတ်ခ ပေးဖို့ ငွေအကြွေတွေကို အိတ်ထဲက ထုတ်လိုက်တယ်။
လက်မှတ်စစ်က သူ့ကို လက်မှတ်ခ အကြွေလေးတွေ ကမ်းပေးနေတဲ့ နော်ဝေဘုရင် ပဉ္စမမြောက် အိုလာ့ဗ်ကို အပြုံးနဲ့ကြည့်ပြီး ပြန်ဖြေလိုက်တယ်။
“နောက်ခုံက လူတွေက ဘုရင်မင်းမြတ်အတွက် လက်မှတ်ခ ပေးလိုက်ပြီးပါပြီခင်ဗျား”
တခြားခရီးသည်တွေနဲ့ ရောပြီး ရထားပေါ်မှာ အေးအေးဆေးဆေး စီးလိုက်လာတဲ့ အဘိုးကြီးဟာ နော်ဝေဘုရင်မင်းမြတ်မှန်းသိတော့ လက်မှတ်ခ စိုက်ရှင်းပေးသွားတဲ့ သူ့ပြည်သူတွေနဲ့ ဘုရင်ကြားက ဆက်ဆံရေးက ဒိုးယိုပေါက် နွေးထွေးပွင့်လင်းလို့။ ကိုယ်ရံတော် အစောင့်အရှောက်မပါဘဲ လူထုကြားမှာ တယောက်တည်း သွားလာတတ်တဲ့ အိုလာ့ဗ်ဘုရင်ကို သတင်းစာဆရာ တယောက်က “အကာအကွယ်မဲ့ သွားလာရတာ ဘုရင်မင်းမြတ် မကြောက်ဘူးလား”လို့ မေးခွန်းထုတ်ဖူးတယ်။
“ကျုပ်က ဘာကြောက်ရမှာလဲဗျ။ ကျုပ်မှာ ကိုယ်ရံတော် လေးသန်းတောင် ရှိနေတာပဲ”
အဲဒီအချိန်က သူ့နိုင်ငံ လူဦးရေကို ရည်ညွှန်းပြီး ဘုရင်ကြီးက ပြန်ဖြေလိုက်တယ်။
ကြိုမှာထားတဲ့အတိုင်း လက်အုပ်ပြိုင်တူ ချီပြီး ကြိုနေရတဲ့ ပိန်လှီနွမ်းဖတ် ဒုက္ခသည်တွေ ရှေ့ကနေ အစောင့်အရှောက် အပြည့်နဲ့ တောင့်တောင့်ကြီး ဖြတ်လျှောက်လာတဲ့ ”နိုင်ငံ့ခေါင်းဆောင်”တွေကို ကြည့်ပြီး အိုလာ့ဗ်ဘုရင်ကို မြင်ယောင်မိတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ၁ နှစ်တိုးပြီး ချုပ်နှောင်


ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ၁ နှစ်တိုးပြီး ချုပ်နှောင်

၂၀၀၃ မေလ စစ်အစိုးရ၏ အလိုတော်ရိများ၏ မအောင်မြင်သော ဒီပဲယင်းလုပ်ကြံမှုကြီးနောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းခြင်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း ၁ နှစ်တိုးလိုက်ကြောင်း စစ်အစိုးရက ကြေညာသည်။ ပြည်တွင်းရှိ တည်ဆဲဥပဒေအရ ၅ ကြိမ်ထက် ပိုပြီး နေအိမ်အကျယ်ချုပ်ပြုခွင့်မရှိကြောင်း အတိုက်အခံပါတီနှင့် နိုင်ငံတကာက ဥပဒေပညာရှင်များက ကန့်ကွက် ပြောဆိုကြသည်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်များမှ တပ်မတော်အား လှူဒါန်းသည်။

လေဘေးဒုက္ခသည်များမှ နိုင်ငံတကာမှ ပေးပို့လိုက်သော အကူအညီများကို မရရှိသဖြင့်၊ စစ်တပ်မှ ဒုက္ခသည်စခန်းများတွင် ဟန်ပြချထားသည့် ပါကင်ပုံး အထုပ်များပေါ်တွင် “လေဘေးဒုက္ခသည်များမှ တပ်မတော်အား လှူဒါန်းသည်။” ဟူသော စာများရေးခြစ်၊ကပ်ထား သည်ကို တွေ့ခဲ့ရသည်ဟု မြန်မာပြည်သို့ ကိုယ်တိုင်ဆင်းပြီး ဒုက္ခသည်ကယ်ဆယ်ရေး လှူပ်ရှားခဲ့သည့် OBP member တဦး ပြောကြား သည်ကို သိရှိရပါသည်။

မတရားလုပ်စားသူများ မျိုနိုင်၊ဆို့နိုင်၊ အံဖတ်ဆို့၍ သေနိုင်ကြပါစေ သောဝ်…..

အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက်မျိုးချစ်မြန်မာများမှ မုန်တိုင်းဒုက္ခသည်ပြည်သူများသို့ ကိုယ်တိုင်ကိုယ်ကျလှူဒါန်းခြင်း

ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ၊ နာဂစ်မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တလျှောက် ရောက်ရှိခဲ့သော လေဘေးသင့် တောရွာဒေသများရှိ ကြမ္မာဆိုးကြောင့် အတိဒုက္ခရောက်ရရှာသော အပြစ်မဲ့ကလေးငယ်များ နှင့် ပြည်သူပြည်သားများအား ရေသန့်၊ဆန်ဆီဆား၊ပဲ..စသည်နှင့် အ၀တ်အထည်၊ဆေးဝါး စသည်တို့ ကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြပါသည်။


အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက်မျိုးချစ်မြန်မာများ၏ မုန်တိုင်းဒုက္ခသည်ကယ်ဆယ်ရေးလုပ်ငန်းတလျှောက်ရှိ လေဘေးသင့် တောရွာဒေသများ နှင့် အတိဒုက္ခရောက်ရရှာသော ပြည်သူများ

ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ၊ နာဂစ်မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တလျှောက် ရောက်ရှိခဲ့သော လေဘေးသင့် တောရွာဒေသများ နှင့် တွေ့ကြုံမြင်တွေ့ခဲ့ရသည့် ကြမ္မာဆိုးကြောင့် အတိဒုက္ခရောက်ရရှာသော အပြစ်မဲ့ကလေးငယ်များ နှင့် ပြည်သူပြည်သားများ


အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ၊ နာဂစ်မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တလျှောက် တွေ့ကြုံမြင်တွေ့ခဲ့ရသည့် ကြမ္မာဆိုးကြောင့် အသက်ဆုံး

ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ၊ နာဂစ်မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တလျှောက် တွေ့ကြုံမြင်တွေ့ခဲ့ရသည့် ကြမ္မာဆိုးကြောင့် အသက်ဆုံးရှုံးခဲ့သူများ

အပြည့်အစုံဖတ်လိုလျှင်

သီတဂူဆရာတော် အရှင်ဥာဏိဿရ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး တရားပွဲ


ဂျေမိုး၊ ၂၄မေလ ၂၀၀၈။
စင်္ကာပူ။

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် စင်္ကာပူနိုင်ငံ Eunos MRT အနီးရှိ မင်္ဂလာဝိဟာရကျောင်းတိုက်၌ (၂၅)ရက်နေ့ ညနေ (၈)နာရီတွင် ဓမ္မတရားတော်ဟောကြားမည်ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံသံဃာ့ရာဇာမှ လေမုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် အလှုငွေလက်ခံပေးဖို့ရာ ဖိတ်ကြားခြင်းကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကိုရောက်ရှိလျှက်ရှိနေပြီး စင်္ကာပူနိုင်ငံသို့ ဆက်လက်ကြွချီလာမည်ဟုသိရသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသရှိ ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများကို စင်္ကာပူနိုင်ငံမှာ ဝယ်ယူမည်ဟုသိရှိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး ရက်ပိုင်းအတွင်းမှာပင် ဆရာတော်အရှင်ဥာဏိဿရ ကိုယ်တော်တိုင် လေမုန်တိုင်းဒဏ်ခံရသော ဒေသများသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

လေမုန်တိုင်းတိုက်ခိုက်ခံရသောဒေသ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ဆရာတော်ဘုရားကြီးနှင့် ဘီဘီစီမြန်မာပိုင်း ရေဒီယိုမေးမြန်းခန်းတွင် "ဘုန်းကြီးရောက်တဲ့နယ်မြေတခွင်မှာ လူတွေဒုက္ခဖြစ်ပြီးတော့ မသေပဲနဲ့ကျန်နေတဲ့သူတွေက ရာခိုင်နှုန်း ၈၀-၉၀ လောက်အားလုံး ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေကြတာတွေ့ရတယ် ဘုန်းကြီးကျောင်းတွေကလဲပဲ အမိုးတွေမရှိတာကများတော့ စိုစိုစွတ်စွတ်နဲ့နေကြရတာကို တွေ့ရတယ် ပျက်သွားတဲ့ရွာတွေကို ပြန်ဆောက်ဖို့အနေအထားကတော့ ဒကာကြီး အတော်ကိုမျှော်လင့်ချက်ဝေးတဲ့အနေအထားရှိတယ်" "ရွာတွေကဆောက်တုန်းကလဲပဲ ဓနိလေးတွေ လမုပင်လေးတွေ၊ ဝါးလုံးလေးတွေ နဲ့ဆောက်တော့ ဒီလောက်ပြင်းထန်တဲ့လေကြားမှာ ဒီသစ်တိုသစ်စတွေဟာ အကုန်တစမကျန် ဝါးလေးတွေ၊ဓနိတွေ၊လမုပင်လေးတွေ အကုန်လွင့်ကုန်တာ မြင်ကွင်းက… တခါတည်း ငုပ်တုတ်ငုပ်တုတ်နဲ့ တိုင်ငုပ်တိုလေးတွေပဲကျန်တော့ ဒီနေရာမှာ ဒီလူတွေဟာ အိမ်ပြန်ဆောက်နိုင်ဖို့တော်တော်ခက်မယ်ဒကာကြီး" "ပြီးတော့လယ်ကွင်းတွေကလဲ အကုန်လုံး ဆားငံရေတွေဝင်သွားတော့ လယ်ပြန်လုပ်နိုင်ဖို့လဲပဲ တော်တော်ခက်မယ် နွားတွေကျွဲတွေကလဲပဲ မကျန်သလောက်ဖြစ်နေတယ် အကုန်လုံး လေထဲလွင့် ရေမြုပ်ပြီးတော့ သေကုန်ကျတော့ ကျွဲနွားမရှိတဲ့ခမျာမှာလဲပဲ လယ်ထွန်ဖို့ခက်မယ် မျိုး-တွေလဲရဖို့မလွယ်ဘူး အဲဒီတော့အခက်အခဲတွေကြားထဲက ပြည်လည်ထူထောင်ဖို့ဆိုတာ အများကြီးအများကြီးလိုသေးတယ် အကူအညီအထောက်အပံ့တွေလိုမှာပါ"

"နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များဝင်ခွင့်ပေးလိုက်တဲ့ကိစ္စနှင့်ပတ်သက်ပြီးမိန့်ကြားရာမှာ "ဘုန်းကြီးကတော့ အကောင်းမြင်တဲ့ဘက်ကနေကြည့်ပြီး ဒါဟာ အလွန်အလားအလာကောင်းတဲ့ လက္ခဏာပဲလို့ ဘုန်းကြီးကတော့ ဒီလိုတွက်ပါတယ် သို့သော်လည်းပဲ နိုင်ငံတကာဆိုတော့ နိုင်ငံပေါင်းဘယ်လောက်များများကလာပြီးတော့ ဘယ်လိုပစ္စည်းမျိုးတွေစပေးမလဲဆိုတာ ရှေးဦးစွာ Survey လုပ်တဲ့အနေနဲ့ ကွင်းဆင်းကြည့်ရှုဖို့ကိစ္စမှာ Transport တွေဘာတွေတော်တော်များများလိုလိမ့်မယ် ဒကာကြီး ရေယာဉ်တွေလိုမယ် ကောင်းကင်ကဖြတ်သွားကြည့်တာလောက်နဲ့ မလုံလောက်ဘူး အဲဒီအပျက်အစီးတွေကိုသွားကြည့်ဖို့ရာ လမ်းတွေဖေါက်ပေးဖို့လိုလိမ့်မယ်…. ဆိုတော့ ကြာမယ် ဒကာကြီး…. ကြာလိမ့်မယ်ထင်တယ်….ပြီးတော့ ဘယ်လောက်ပဲနိုင်ငံတကာကပေးပေး ဒီဧရိယာကြီးအနေအထားကကို အလွန်ခက်ခဲတဲ့ အနေအထားဖြစ်နေတယ် ထိထိရောက်ရောက် ရှိမှရှိပါ့မလားဆိုတာကို ဘုန်းကြီးလဲ စိတ်ထဲတွေးပြီးတော့ စိတ်ထဲသိပ်တော့မကောင်းဘူး စိတ်ပူတယ်ဒကာကြီး"။
အနာဂတ်မှာ လက်တွဲလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး ဆရာတော်ကြီးမှာ "အကုန်လုံးက လက်တွဲဖို့တော့လိုနေပြီ ဒကာကြီး ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးနဲ့ကြည့်မယ်ဆိုရင်လဲ ခရစ်ယာန်ရွာတွေကော အစ္စလမ်ရွာတွေကော ဗုဒ္ဓဘာသာရွာတွေ ခံရတာပဲ။ နိုင်ငံရေးနဲ့ကြည့်ရင်လဲပဲ လက်ရှိနိုင်ငံတော်အစိုးရကို အားပေးထောက်ခံတဲ့သူတွေကိုကော နိုင်ငံတော်အစိုးရကို ချချင်တဲ့သူတွေရောအကုန်လုံး ခံရတဲ့နေရာမှာ အတူတူပဲလေ၊ အရပ်သားလဲခံရသလို အဲဒီအရပ်မှာ စစ်သူစစ်သားတွေလဲ ခံကြရတာပဲ၊ ဘာသာရေးကင်းမဲ့တဲ့သူတွေခံရသလို ဘာသာရေးခေါင်းဆောင်တွေလဲခံရတာပဲ ဒုက္ခဆိုလို့ရှိရင် ခံစားရတာအကုန်လုံး တူညီနေတဲ့အတွက်မို့ ဒီအဖြေရှာတဲ့အခါမှာလဲ အကုန်လုံးတူဖို့လိုတယ် တူညီတဲ့ Common Platform တစ်ခုကို ဘုန်းကြီးတို့တည်ဆောက်ရမယ် ဘာသာရေးရှုဒေါင့် လူမှုရေးရှုဒေါင့် နိုင်ငံရေးရှုဒေါင့် အဲဒီရှုဒေါင့်တွေက ကြည့်တာတွေကို ခဏရပ်တန့်ပြီးတော့ အကုန်လုံးတစ်ခါတည်း ဂရုဏာစိတ်ဓါတ်နဲ့ "ဂရုဏာစိတ်ဓါတ် common Platform ပေါ့ဗျာ" အဲဒါလေးအပေါ်မှာ အတူတကွ လက်တွဲလျှောက်လှမ်း သွားရင်တော့ အနာဂတ်မှာ အတော်ကောင်းတဲ့အလားအလာရှိတယ်လို့ ဘုန်းကြီးတော့ ဒီလိုပဲထင်တာပါပဲ" ဟုမိန့်ကြားသွားပါတယ်။
စင်္ကာပူတရားပွဲအပြီးတွင် ဆရာတော်ဘုရားကြီးဟာ မြန်မာပြည်ကိုပြန်လည်ကြွချီမည်လို့သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်မြို့ခံများ ဖွဲ့စည်းပုံဆန္ဒခံယူပွဲကို စိတ်ဝင်စားမှု မရှိ

NEJ/ ၂၄ မေ ၂၀၀၈


ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများ အသက်ရှင်ရပ် တည်ရေး၊ စားဝတ်နေရေး မပြေလည်သေးခင် ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ပြည်သူအများက စိတ်မ၀င်စားကြကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

နအဖ အာဏာပိုင်များ၏ ကြိုတင်မဲကောက်ခံမှု အရေအတွက်များနေသည့်အတွက် မေ (၂၄)၊ ဆန္ဒမဲပေးသည့်ယနေ့တွင် မဲပေးသူ နည်းပါးကြောင်း တာမွေမြို့နယ်၊ မဲရုံအမှတ် (၂) ၌ မဲပေး ခဲ့သူတဦးက ပြောသည်။

၎င်းက “မဲပေးပြီးကြောင်း လက်မှတ်ထိုးရတဲ့ မှတ်တမ်းစာအုပ်ကိုကြည့်တော့ တ၀က်ကျော် လောက်ဟာ မဲပေးပြီးသားဖြစ်နေတာ တွေ့ရတယ်။ ဒါတွေဟာ ကြိုတင်မဲတွေ ဖြစ်မှာမို့ ဒီနေ့ မဲပေးသူ နည်းရတာလို့ ထင်တယ်” ဟု ပြောသည်။

မြောက်ဒဂုံ (၅၀) ရပ်ကွက်တွင်နေထိုင်သူတဦးက “ကျနော်တို့ မြောက်ဒဂုံမှာတော့ မဲပေးရတာ ရပ်ကွက်ဓမ္မာရုံမှာပါ။ ဘာမှမပြောဘူး၊ ပေးချင်တာ ပေးလို့ရတယ်။ ကျနော်က ကြက်ခြေပဲခတ်ခဲ့ တယ်” ဟု ပြောသည်။

၎င်းကဆက်လက်၍ “သူတို့ရထားတာ (၉၂) ရာခိုင်နှုန်းကျော်နေပြီ၊ ကျန်တာက (၈) ရာခိုင်နှုန်း တောင် ကျော်အောင်လုပ်ပစ်မလားမသိဘူးဗျ၊ (၁၀၀) ရာခိုင်နှုန်းကျော်နိုင်တယ် ဒီအတိုင်းဆိုရင် ပေါ့” ဟု ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်များတွင် မိမိတို့နှစ်သက်ရာကို လွတ်လပ်စွာ မဲပေးနိုင်ကြောင်း၊ သို့သော် ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်အချို့တွင်မူ စာသင်ကျောင်းများ၏ စတိတ်ပေါ်တွင် အကာ အရံမဲ့ မဲပေးရသဖြင့် အမှန် ခြစ်သူများကြောင်း သိရသည်။

“အမှား၊ အမှန်ခြစ်ဖို့ အခန်းကာထားတာမရှိဘူး။ သူတို့ရှေ့မှာပဲ ခြစ်ရတာ၊ ကြောက်လို့ အမှန်ပဲ ခြစ်ခဲ့တယ်” ဟု ကမာရွတ်မြို့နယ်သားတဦးက ပြောသည်။

ကျောက်မြောင်းတွင် မဲပေးရန်အတွက် ရပ်ကွက်ကြံ့ဖွံ့များက မိမိတို့နှစ်သက်ရာကို ပေးနိုင် ကြောင်း၊ ကြောက်ရန်မလိုကြောင်းပြောသဖြင့် အမှားပေးခဲ့ကြောင်း တိုင်းရင်းဆေးဆရာတဦးက ပြောသည်။

ကျောက်တံတားမြို့နယ်တွင် မဲပေးရန် တအိမ်တက်ဆင်းလိုက်၍ ခေါ်ယူခဲ့ကြောင်း သိရသည်။

“ဘယ်သူမှ စိတ်မ၀င်စားပါဘူး၊ တာဝန်ရှိလို့သာ သွားပေးရတာ၊ ပေးတာအမှားပေမယ့် အဖြေ ကတော့ ရာခိုင်နှုန်းအပြည့်ပဲ ထွက်မှာပေါ့” ဟု (၃၃) လမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ပန်းပဲတန်းမြို့နယ်ရှိ မူလတန်းပြ ဆရာမတဦးကလည်း “ကျမတို့အိမ်မှာကတော့ သွားပြီးမဲမပေး တော့ဘူး၊ အလုပ်ပျက်တယ်။ ရင်ထဲက မဲတပြားက နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လောက် အရေး ကြီးတယ်ဆိုတာ သိနေပေမယ့် ဒီအချိန်မှာ ဘာမှမထူးတော့ဘူး။ (၉၂) ရာခိုင်နှုန်းကျော်နေပြီပဲ” ဟု ပြောသည်။

လှိုင်မြို့နယ် အင်္ဂလိပ်ကျူရှင်ဆရာတဦးကမူ “မဲပေးဖို့ မနေ့က အမှန်ခြစ်ထားတဲ့ မဲကတ်ပြားတွေ
ဝေတယ်။ ဒါက ကြံ့ဖွံ့ရဲ့ စည်းရုံးရေးပါ။ တကယ်တော့ ဒီလို အမှန်ပေးပါလို့ လာပြောတာနဲ့ အတူတူပေါ့။ ဒါပေမယ့် တချို့က ဒီနေ့ကျတော့ လာမပေးကြတော့ဘူး” ဟု ပြောသည်။

ကြိုတင်မဲများကို ရပ်ကွက်အလိုက် ပြီးခဲ့သည့် မေ (၂၁) ရက်က ကောက်ယူပြီးဖြစ်သောကြောင့် ယနေ့တွင် ဖိအားမပေးဘဲ လွတ်လွတ်လပ်လပ်မဲပေးနိုင်သည်ဟု တာမွေမြို့နယ် (၁၅၇) လမ်းရှိ ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

“မြို့နယ်၊ ရပ်ကွက်အလိုက် လိုချင်တဲ့ ရာခိုင်နှုန်းတွေကို တွက်ချက်ပြီး ကြိုတင်မဲယူထားပြီးသား၊ ဥပမာ အိမ်တအိမ်မှာ (၅) ဦးက မဲပေးရမယ်ဆိုရင် (၃) ဦးကို ကြိုတင်မဲယူထားပြီးပြီ။ ဒီတော့ ဒီနေ့မဲပေးတဲ့အခါ မရမှာ မပူရတော့ဘူးပေါ့” ဟု ပြောသည်။

ယခုလ (၁၀) ရက်တွင်ပြုလုပ်ခဲ့သည့် အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲတွင် ထောက်ခံသူမဲ
အရေအတွက် ၉၂.၄ ရာခိုင်နှုန်းရရှိခဲ့ပြီးပြီဟု စစ်အစိုးရက ကြေညာခဲ့သည့်အတွက် ရန်ကုန်မြို့ခံ အများစုက မဲထည့်ထည့် မထည့်ထည့်၊ ကန့်ကွက်မဲ ပေးပေး၊ မပေးပေး ဘာမှထူးခြားမည်မဟုတ် ဟုဆိုကာ မဲပေးလိုစိတ်မရှိကြကြောင်း သိရသည်။

အလားတူ ရယက ရုံးတချို့မှ တာဝန်ကျသူတို့ပင်လျှင် မဲဆန္ဒခံယူပွဲထက် လေဘေးသတင်းကို ပိုမိုစိတ်ဝင်စားနေကြသည်ဟု ကျောက်တံတားမြို့နယ် လမ်း (၄၀) တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့မိသားစုက ယာယီအိမ်ထောင်စုစာရင်းနဲ့ နေထိုင်ကြတာပါ။ အဲဒါ ကျနော်တို့ မိသားစု မဲပေးပိုင်ခွင့်စာရင်းမှာ မပါလို့ ရပ်ကွက်ရုံးက တာဝန်ကျ တဦးကို သွားမေးတော့ အဲဒီလူက စာရင်းမပါရင် မဲမပေးရဘူး၊ မဲမပေးရတော့ အေးတာပေါ့ဗျာလို့ပြောပြီး ဘီဘီစီ မြန်မာ ပိုင်းအစီအစဉ်ကလွှင့်တဲ့ ဧရာဝတီ လေဘေးသတင်းကို ဆက်နားထောင်နေတယ်” ဟုပြောသည်။

ရန်ကုန်မြို့နေရာအတော်များများတွင် လုံခြုံရေးရဲများ၊ ဆက်သွယ်ရေးစက်ကိုင် အရပ်ဝတ် အထူးရဲတပ်ဖွဲ့ဝင်များကို တွေ့ရကြောင်း၊ ပြည်သူများ မည်သို့ပင် မဲပေးသည်ဖြစ်စေ နအဖ ရွေးကောက်ပွဲ ကော်မရှင်က ထောက်ခံမဲ အပြတ်အသတ်ဖြင့် အခြေခံဥပဒေမူကြမ်း ၂၀၀၈ ကို အတည်ပြုကြောင်း ကြေညာမည်မှာ မလွဲမသွေပင်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

လက်ဖက်ရည်ဆိုင်များထိ ဆန္ဒမဲကောက်ခံ

NEJ/ ၂၄ မေ ၂၀၀၈

မေ (၂၄) ယနေ့ ပြုလုပ်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် လှိုင်သာယာမြို့နယ်တွင် ကြိုတင် ဆန္ဒမဲများကို လက်ဖက်ရည်ဆိုင်များအထိ လိုက်လံကောက်ခံခဲ့သည်။

ကြိုတင်ဆန္ဒမဲယူခြင်းကို လှိုင်သာယာမြို့နယ်၊ (၉) ရပ်ကွက်၊ ရယကရုံးအနီးရှိ လက်ဖက်ရည်ဆိုင် များတွင် မေ (၂၁) ကတည်းက ပြုလုပ်ခဲ့ကြောင်း၊ မဲပေးသူအများစုက ပေါ်ပေါ်တင်တင် ကန့် ကွက်မဲပေးခဲ့ကြကြောင်း ရယက အဖွဲ့ဝင်တဦးက ပြောသည်။

မဲပေးသူများက ကန့်ကွက်မဲပေးခဲ့သော်လည်း ၎င်းတို့နောက်ကွယ်တွင် ထောက်ခံမဲများသာ ဖြစ် သွားမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုံးအဖွဲ့အစည်းများတွင် အမှတ်အသားပြုလုပ်ခြင်း လုံးဝမရှိသေးသည့် ဆန္ဒမဲလက်မှတ်များ ထားရှိကြောင်း၊ ယင်းလက်မှတ်များကို ထောက်ခံမဲ အမှတ်အသားဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ၎င်းတို့စိတ်ကြိုက်ပြုလုပ်ပြီး မဲရုံမှူးထံ အပ်နှံ သွားရန် စီစဉ်ထားကြောင်း ကြိုတင်မဲထည့်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့က ရယကအဖွဲ့ဝင်တွေနဲ့ ရင်းနှီးနေတော့ ကြိုတင်မဲ (၆၃) မဲ လိုတယ်ပြောလို့ ပေးလိုက်တာ။ အမှားပဲခြစ်ပေးလိုက်တယ်။ ဒါပေမယ့် မဲလက်မှတ်မှာ မဲရုံမှူးလက်မှတ် မပါဘူး။ အဲဒါက သူတို့ပြန်ပြင်လို့ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ” ဟု ပြောသည်။

ရယကအဖွဲ့ဝင်များက ယခုကဲ့သို့ ကြိုတင်ဆန္ဒမဲများ အပူတပြင်း လိုက်လံကောက်ခံခဲ့ခြင်းမှာ သက်ဆိုင်ရာမဲရုံမှူးများအား ကြိုတင်မဲအရေအတွက် မည်မျှရရှိရမည်ဟု အထက်မှညွှန်ကြား ထားသည့်အတွက်ကြောင့် ဖြစ်သည်ဟု သိရှိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးမှာ တရားစွဲတော့မယ်

ဥရောပ ပါလီမာန်က သန်းရွေ စစ်အစိုးရကို ခြိမ်းခြောက်နေပါပြီ။ ဥရောပပါလီမန်က သန်းရွေ စစ်အစိုးရ ကို နိင်ငံတကာခုံရုံး မှာ တရားစွဲဆိုဖို့ လုပ်ဆောင်နေပါပြီ။ အမူကတော့ လူသားမျိုးနွယ် တွေ အသက်ရှင်ရပ်တည်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးရန်ကြိုးပန်းအားထုတ်မှု ၊သတ်ဖြတ်မှုတွေကြောင့်ဖြစ်တယ်။ ဒါကိုCrime Against Humanity လို့ နိင်ငံတကာ ဥပဒေမှာခေါ်ဝေါ်ကြပါတယ်။

ဒီမှာဖတ်ကြည့်နိုင်ပါတယ်။


THE European Parliament has called for Burma junta leaders to be brought before the international court in The Hague if they continue to prevent aid from reaching cyclone-stricken regions.

The euro deputies, meeting in Strasbourg, voted overwhelmingly - 524 votes for, three against with 13 abstentions - in the non-binding resolution that "if the Burmese authorities continue to prevent aid from reaching those in danger, they should be held accountable for crimes against humanity before the ICC (International Criminal Court)".

The MEPs also called on EU member states to push the UN Security Council to adopt a resolution to refer the matter to the court "for investigation and prosecution".The assembled MEPs strongly condemned the "unacceptably slow response to this grave humanitarian crisis by the Burmese authorities, which have put preservation of their own power before the survival of their citizens".

The resolution came before Burma voters in the cyclone-ravaged Irrawaddy delta region are asked to approve a new constitution Saturday, even with two million people still hungry and homeless three weeks after the killer storm.The regime has already declared a 92.4 per cent victory in the first round of voting on May 10, which was held in regions that were spared by the cyclone.

The European Parliament deplored "the distorted priorities of the regime in pushing ahead with its so-called referendum on the sham constitution and rejects the implausible outcome at a time when a large part of the country has been devastated and millions are suffering from what has been aptly described as a natural disaster turned into a man-made catastrophe".

Burma's secretive military junta has stunned the world by refusing a full-scale foreign relief effort that could save countless lives.UN Secretary General Ban Ki-moon left today for a personal look at the disaster area, on the first day of a visit aimed at pushing for a full emergency relief effort after Cyclone Nargis.

အပြည့်အစုံဖတ်လိုလျှင်

ဒွန်မောင်းလေဆိပ်ကို ထောက်ပို့ အခြေစိုက်စခန်းအဖြစ် သတ်မှတ်

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 24 2008 22:20 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ တင်ပို့ရန် အခြေစိုက်စခန်း တခုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို အသုံးပြုရန် တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ်းနှင့်အတူ နိုင်ငံအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ စနေနေ့ ညနေ ၅ နာရီက ပြုလုပ်သော ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းက အကူအညီပေးတဲ့ ပစ္စည်းတွေ လိုအပ်တဲ့ နေရာတွေကို ရောက်ဖို့ အရေးကြီးကြောင်းနှင့် လက်ရှိ အနေအထားမှာ ကယ်ဆယ်ရေး အဆင့်မှာသာ ရှိသေးကြောင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းဟာ ဖြစ်နိုင်သမျှ စွမ်းအင် ပြည့်ပြည့်၀၀နဲ့ ခိုင်မာတဲ့ သယ်ယူပို့ဆောင်ရေး ဖြစ်သင့်သည်ဟုလည်း သူက ပြောကြားသွားသည်။

မြန်မာစစ်အစိုးရခေါင်းဆောင်များက နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စက်ဖက် ပစ္စည်းများကို ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် တွန့်ဆုတ်နေကြောင်းလည်း ကုလ အတွင်းရေးမှူးချုပ်က ထည့်သွင်း ပြောကြားသွားသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့လေဘေးဒဏ် ပြန်လည် ထူထောင်ရေးအဆင့် မရောက်သေး


24 May 2008

မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းဒဏ်သင့် လူထုကို ကူညီရာမှာ ပြန်လည် ထူထောင်ရေး အဆင့်ကို မရောက်သေးဘဲ လက်ရှိအချိန်ထိ ကူညီ ကယ်ဆယ်ရေး အဆင့်မှာပဲ ရှိနေ သေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့၊ ဒွန်မောင်း လေဆိပ်ကို ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ မြန်မာနိုင်ငံကို ပေးပို့မယ့် အခြေစိုက် စခန်းအဖြစ် စတင် အသုံးပြုပြီး ပထမဆုံး လေယာဉ် ထွက်ခွာတဲ့ အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားမှာ အတွင်းရေးမှူးချုပ်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို အဲဒီအခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းဒဏ်သင့် လူထုကို ကူညီရေး လုပ်ငန်းတွေမှာ ကူညီ ကယ်ဆယ်ရေး အဆင့် ပြီးသွားပြီ၊ ပြန်လည် ထူထောင်ရေးအဆင့်ကို ရောက်နေပြီလို့ မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်း သွားရောက်ခဲ့တုန်းက မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းကတော့ ဒီကနေ့ ညနေက ဒွန်မောင်း နိုင်ငံတကာ လေဆိပ်၊ ကုန်လှောင်ရုံ အမှတ် (၃) မှာ ကျင်းပတဲ့ အခမ်းအနားမှာ အခုလို ပြောသွားပါတယ်။

“နောက်ထပ် သေဆုံးမှုတွေ၊ ဒုက္ခရောက်မှုတွေကို ကာကွယ် တားဆီးဖို့အတွက် ကျနော်တို့ လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ရမှာ ကျနော်တို့ရဲ့ တာဝန်ပါ။ ဒါ့ကြောင့်လည်း ဒီကနေ့ ဒွန်မောင်း လေဆိပ်ကို လေကြောင်း သယ်ယူပို့ဆောင်ရေး အချက်အချာ နေရာအဖြစ် အသုံးပြုဖို့ တရားဝင်ဖွင့်ပွဲဟာ အင်မတန်အရေးပါတာပါ။ လိုအပ်နေသူတွေ၊ အားနည်းနေသူတွေဟာ အရေးပေါ်အထောက်အပံ့တွေကို မှီခိုအားထားနေကြရတာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံကို အကူအညီတွေ ပေးပို့ရေးလမ်းကြောင်းဟာ ဖြစ်နိုင်သမျှ စွမ်းအင်အပြည့်နဲ့ သယ်ယူပို့ဆောင်ရေးအရ ခိုင်မာသင့်ပါတယ်။” လို့ မစ္စတာ ဘန်ကီ မွန်းကပြောခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ အရင်တုန်းက ခွင့်မပြုခဲ့တဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး လုပ်သားတွေ လာရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ရေတပ်သင်္ဘောတွေနဲ့ မရိန်း ကမ်းတက် တပ်သားတွေဟာလည်း အကူအညီပေးခွင့်ရဖို့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ စောင့်ဆိုင်းနေခဲ့တာ ရက်အတန် ကြာနေပါပြီ။

မရိန်းတပ်သားတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသမှာ ခံစားခဲ့ရတဲ့ ဆူနာမီ ငလျင် ရေလှိုင်းဒဏ်လို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသတွေမှာ ကူညီ ကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဖူးတဲ့ အတွေ့အကြုံ အစဉ်အလာတွေရှိတာကြောင့် ဒီ မရိန်း တပ်သားတွေကိုရော ကူညီကယ်ဆယ်ရေးလုပ်သားတွေအဖြစ် သတ်မှတ်ပါသလားလို့ ဗွီအိုအေမြန်မာပိုင်းက မစ္စတာဘန်ကီမွန်းကို မေးခဲ့ပါတယ်။

“အခုလက်ရှိ ကျနော်တို့ပြောနေကြတာက လူသားဘေးဒုက္ခ ကူညီလုပ်ဆောင်ပေးမယ့် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးလုပ်သားတွေ ၀င်ရောက်မယ့်ကိစ္စပါ။ စစ်သင်္ဘော တွေ၊ စစ်လေယာဉ်တွေကို အသုံးပြုဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးပြောဆိုဖို့ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းမှာ တွန့်ဆုတ်မှုရှိတယ်လို့ ကျနော်ကြားရပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ကြည့်ကြတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခွင့် ဆက်ရှိကောင်း ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီးတာကတော့ လက်ရှိမှာ အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်မယ့် အကူအညီပေးရေးအစီအစဉ်ကို ထူထောင် ပြီးပြီဆိုတာပါ။ ဒါပေမယ့် လုပ်စရာတွေကတော့ အများကြီး ရှိပါသေးတယ်။” လို့ ပြောသွားခဲ့ပါတယ်။

ဒီကနေ့ ပထမဆုံး ထွက်ခွာသွားတဲ့ လေယာဉ်ပေါ်မှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပေးအပ်မယ့် ခြင်ထောင်တွေ၊ သောက်ရေသန့် လုပ်တဲ့စက်တွေ၊ ဆေးဝါးတွေ စသည်ဖြင့် ပါသွားပါတယ်။

ဒီကနေ့ ဖွင့်ပွဲအခမ်းနားကို ထိုင်းဝန်ကြီးချုပ် မစ္စတာ စမတ်က် ဆွန်ဒရာဝဲ၊ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ နိုပါဒွန် ပတ်ထမား၊ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အတွင်း ရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန်၊ အာဆီယံနိုင်ငံတွေရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံရုံးတွေက သံအမတ်တွေ၊ တာဝန် ရှိသူတွေ၊ နိုင်ငံတကာ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက တာဝန် ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဒုတိယသုတ် ဆန္ဒခံယူပွဲ မဲရုံပိတ်ပြီ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 24 2008 13:10 - မြန်မာစံတော်ချိန်

ဒုတိယသုတ် ဆန္ဒခံယူပွဲ မဲရုံပိတ်ပြီ
မဇ္ဈိမသတင်းဌာန
မေလ ၂၄ ရက်၊ ၂ဝဝ၈ ခုနှစ်။

နာဂစ်မုန်တိုင်း အပြင်းအထန် ရိုက်ခတ်ခံရမှုကြောင့် မူလ သတ်မှတ်ခဲ့သည့် မေလ ၁ဝ ရက်နေ့ ရက်စွဲအတိုင်း ကျင်းပနိုင်ခြင်း မရှိသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ ၄၇ မြို့နယ်တွင် အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ဆန္ဒခံယူပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ကာ ကျင်းပလိုက်ပြီ ဖြစ်သည်။

ယနေ့ညနေ ၄ နာရီအထိ ကျင်းပနေမည့် အဆိုပါ ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် အခြေအနေ အရပ်ရပ်ကို အချိန်နှင့် တပြေးညီ တင်ပြသွားမည် ဖြစ်ပါသည်။
---------------------------


သင်္ကန်းကျွန်းမှာ မဲရုံပိတ်ပြီ
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်၊ ဆ၊က ရပ်ကွက်၊ မဲရုံ (အထက ၁) သည် သတ်မှတ်ထားသည့်အတိုင်း ယနေ့ ညနေ ၄ နာရီတွင် မဲရုံပိတ်သွားပြီ ဖြစ်သည်။


ဒေသခံတဦးက ...
“၄ နာရီတိတိမှာ မဲရုံ ပိတ်ပါတယ်။ အခုထိတော့ မဲ မရေတွက်သေးပါဘူး။ ဒီနေ့ မဲပေးကြတဲ့ လူတော်တော်များများ ကျနော်တို့ ရပ်ကွက်မှာတော့ ကန့်ကွက်မဲပဲ ပေးကြတယ်။ စောင့်ကြည့်နေတဲ့ ကြံ့ဖွံ့တွေတော့ ရှိတယ်။ ဘာမှတော့ မနှောင့်ယှက်ပါဘူး။ ကျနော်တို့ ကန့်ကွက်မဲေ ပးတာကို မှတ်ထားလား မသိပါဘူး။ ကျနော်တို့တော့ ဘာမှ ဂရုမစိုက်ဘဲ ပေးလိုက်ပါတယ်။ သူတို့ကလည်း လည်တယ်၊ ကြိုတင်မဲ ပေးထားတဲ့ ထောက်ခံမဲတွေလေ။ ကျန်တဲ့ လူတွေက ကန့်ကွက်မဲပဲ ပေးကြမှာဆိုတော့ မေ့အောင် လိုက်နှိုးဆော်တာ မရှိဘူးဗျ”


သံလျင်မှာ မိသားစုကိုယ်စား မဲပေးနိုင်
ကန့်ကွက်မဲ ရရေး သင်တန်းပေး
ရန်ကုန်တိုင်း သံလျင်မြို့ မြို့မတောင် ရပ်ကွက်သူတဦး ...

“၉ နာရီကနေ ၁ နာရီအထိ ဖွင့်တယ်။ အန်တီတို့ သန်လျင်က မြို့မတောင် ရပ်ကွက်မှာ မဲအခြေအနေကတော့ လုံးဝ မရိုးသားဘူး။ သူတို့ ပြောထားတာက ကိုယ့်မဲ ကိုယ်ပေးရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ တအိမ်သားလုံး မဲကို တယောက်ထဲ ပေးတာကို လက်ခံနေတယ်။ မဲရုံအမှတ် ၁ က မဲသွားပေးတဲ့ ဦးသိန်းလွင် ဆိုတဲ့ လူကလည်း မိသားစုဝင် ၆ ယောက် ရှိတယ်။ အဲဒီမှာ သူတယောက်ထဲ ပေးခဲ့ရတယ်။ အဲလိုပဲ အနည်းဆုံး အိမ်ထောင်စု ဦးရေ အယောက် ၃ဝ လောက်တော့ အန်တီ့ကို လာပြောတယ်။ ဒေါ်တင်အေးဆိုတဲ့ အမျိုးသမီးကလည်း မိသားစုဝင် ၇ ယောက်စာ ထည့်ခဲ့တယ်။

မဲရုံမှာ ရှိတဲ့လူတွေက ထောက်ခံမဲပဲ ခြစ်ခိုင်းတယ်။ ဘာမှ မသိဘဲ့ လူတွေကိုဆို အမှန်ခြစ်ပါလို့ပဲ ပြောတယ်။ အန်တီကတော့ ကြက်ခြေခတ်ပဲ ခြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်တွေနဲ့ လုပ်ရပ်တွေကို မကြိုက်လို့ အမှား ဖြစ်တာ။ အန်တီတို့ သန်လျင်မှာ ရပ်ကွက် ၁၈ ရပ်ကွက်ရှိတယ်။ တခြားရပ်ကွက်တွေ ဆိုရင်လည်း ဒီပုံစံအတိုင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပုံစံ ဖြစ်အောင်လို့ သင်တန်းပေးထားတာကိုး”


ရေနံရပ်ကွက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံမှ ဝန်ထမ်းတဦး ...

“အမှတ် ၁ ရေနံချက်စက်ရုံက ဆန္ဒမဲ လက်မှတ်မှာ နာမည်၊ ဖခင်နာမည်၊ လိပ်စာ၊ အလုပ်အမှတ် ရေးရတယ်။ စက်ရုံမှူး အရာရှိက ‘အမှားခြစ်လို့ ရှိရင် အလုပ်နဲ့ ပတ်သက်ပြီး တာဝန်မယူဘူး၊ စွမ်းအင်ဝန်ကြီးက သူကိုယ်တိုင် ဘာပြောလဲဆိုတော့ အမှား ခြစ်တဲ့လူက ပုန်ကန်သူပဲပေါ့နော်’။ ဝန်ကြီးက ကြိုပြီး လာပြောသွားတယ်။ ကျနော်တို့ကတော့ ကြိုတင်မဲ ပေးလိုက်ရတယ်။

အလုပ်သမားတွေက ၂ဝဝဝ နီပါး ရှိတယ်။ မိသားစုတွေ အားလုံး ပေါင်းလိုက်ရင် ၄ဝဝဝ ရှိတယ်။ ကျနော်က အပြင်မှာ နေတာပေါ့နော်။ ကြိုတင်မဲ ပေးရတယ်။ ဝန်ထမ်းအိမ်ရာမှာ နေတဲ့လူတွေတော့ မသိဘူး။ ကျနော်က လက်မှတ်တော့ ထိုးပေးလိုက်တယ်”


ကိုဇာဂနာလည်း မဲပေးဖို့ စိတ်မ၀င်စား
ဟာသ၀ိဇာနှင့် ဒါရိုက်တာ ကိုသူရ ခေါ် ဇာဂနာကလည်း မဲပေးရန် စိတ်ဝင်စားခြင်း မရှိပေ။

“ကျနော် အခု စိတ်ဝင်စားတာ လူတွေကို ဘယ်လို ကူရမလဲ ဆိုတာပဲ။ အားလုံးလိုလိုကလည်း ကူညီရေးကိုပဲ စိတ်ဝင်စားနေတယ်။ ဒီမဲကို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ကျနော်ဆို မဲ ဘယ်နား သွားပေးရမလဲ ဆိုတာတောင် မသိဘူး။ ပေးလည်း ဘာမှ မထူးပါဘူး”

သူနှင့်အတူ မိတ်ဆွေများ၊ စာပေ၊ ဂီတ၊ အနုပညာရှင်များသည် လေဘေးဒဏ်သင့် ဒေသများတွင် မိမိတို့ တတ်နိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။


အမှန်ခြစ်လေး ခြစ်ခိုင်း
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်မှ ဒေသခံအမျိုးသမီး ပြောဆိုချက် ...
“မဲရုံက ရပ်ကွက်ထဲက ကျောင်းထဲမှာပါ။ အသက်ကြီးပိုင်းတွေ၊ စာမတတ်တဲ့ လူတွေကို မဲရုံမှာ စောင့်ကြည့်နေတဲ့ လူတွေက ‘ဒီလို အမှန်ခြစ်လေး ခြစ်ရတယ်’ ဆိုပြီးတော့ အမှန်ခြစ် ခြစ်ပေးလိုက်ပြီး မဲပုံးထဲမှာ သွားထည့်ခိုင်းတယ်။ လေးထောင့်ကန်ကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ ဟာဂျူလီ အထည်ချုပ် စက်ရုံကတော့ မဲပေးရက်မှာတောင် မပိတ်ပေးပါဘူး။ ဒါကြောင့် ဒီစက်ရုံက မဲပေးခွင့်ရှိတဲ့ သူတွေက စက်ရုံထဲမှာပဲ မဲပေးရတယ်”


ရုပ်ရှင်မင်းသား (ဦး)ကျော်သူ ဆန္ဒပေးပွဲကို သတိမထားမိ
လေဘေး ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသော နာရေး ကူညီမှုအသင်းမှ ကိုကျော်သူက ကယ်ဆယ်ရေး ကိစ္စများတွင်သာ စိတ်နှစ်ထားသည်ဟု မဇ္ဈိမသို့ ပြောပြသည်။

“ကျနော်တို့က အမှန်အတိုင်း ပြောရရင် ဒါကို သတိတောင် မထားမိတော့ဘူး။ ဒီနေ့တော့ ကျနော် မဲသွားမပေးတော့ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က မနက် ၇ နာရီကနေ ည ၈ နာရီအထိ ရုံးမှာ လေဘေး ကယ်ဆယ်ရေးအတွက် အလုပ်တွေ လာလုပ်ကြတာလေ။ ကျနော် အိမ်ပြန်ရောက်ရင် မဲရုံလည်း ပိတ်လောက်ပါပြီ”

နာရေးကူညီမှု အသင်းသည် လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို မေ ၉ ရက်နေ့ ကတည်းက ရန်ကုန် ၀န်းကျင်တွင် စတင် ဆောင်ရွက်ခဲ့ကြပြီး ယခုတွင် ဧရာဝတီတိုင်းအတွင်း လုပ်ဆောင်လျက်ရှိရာ နေရာဒေသပေါင်း ၁၀၀ ခန့်သို့ ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်နှင့် မိုးကာစများ သွားရောက် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


လေဘေးကူညီရေး ဦးစားပေးမည်
မြေနီကုန်း ရှမ်းကုန်းလမ်းအတွင်းမှ ဒေသခံတဦး ...

“ဒီလောက်တောင် လူတွေ သေနေတာ ဘာမဲပေးရမှာလဲ။ လူတွေ အသက်ကယ်ဖို့က ပိုအရေးကြီးတယ်။ သူတို့က နိုင်ပြီးသား။ ပေးပေး၊ မပေးပေး ဘာမှ မထူးတော့ဘူးလေ။ မဲရုံက ဘယ်နားရှိမှန်းတောင် မသိဘူး။ ဒီဘက်မှာတော့ ဘယ်သူမှလည်း စိတ်မ၀င်စားကြဘူးလေ။ အခု လှိုင်သာယာဘက်ကို ပစ္စည်းတချို့ သွားလှူကြမလို့ လုပ်နေတာ။ သူငယ်ချင်းတွေ စုပြီးတော့လေ။ အစားအသောက်တွေပါ”


လေဘေး သွားကူလို့ မဲထည့်ခွင့် မရတော့
ရုပ်ရှင်နယ်ပယ်မှ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦး ...

“ကျနော် မဲမထည့်ဘူး ခင်ဗျ။ ကျနော့်အိမ် အပြောင်းအရွှေ့နဲ့ ခရီးလွန်နေလို့ စာရင်း မဝင်ဘူးခင်ဗျ။ အိမ်အပြောင်းအရွှေ့က ရန်ကုန်ထဲမှာပဲ ခင်ဗျ။ စာရင်း ကောက်နေတဲ့ အချိန်မှာ ကျနော်တို့က ခရီးလွန်နေတာနဲ့ အိမ်အပြောင်းအရွှေ့လုပ်နေတာကြောင့် စာရင်းထဲမှာ ကျနော်တို့ မိသားစု နာမည် မသွင်းဖြစ်ဘူး ခင်ဗျ။ ပြောင်းတဲ့ ရပ်ကွက်မှာ မဲပေးဖို့ ဆိုတာက မကြိုးစားတော့ပါဘူး။ ကျနော်တို့ လေဘေးကယ်ဆယ်ရေး လုပ်နေလို့ ခင်ဗျ။ ကိုယ်တိုင် ဆင်းပါတယ်။ ဒေးဒရဲ၊ ကွမ်းခြံကုန်းတွေကို ကျနော်တို့ ရုပ်ရှင် အစည်းအရုံး၊ တခြား အစိုးရမဟုတ်တဲ့ အဖွဲ့ NGO အဖွဲ့တွေနဲ့လည်း လိုက်ပြီးတော့ လုပ်ပါတယ်။ ဒါကြောင့် မဲပေးမယ့် နာမည်စာရင်း ကောက်တော့ ပါမသွားဘူးခင်ဗျ”


မဲပေးရေးကို ဆိုင်စီးပွားရေးလောက် စိတ်မဝင်စား
ရန်ကုန်မြို့၊ လှည်းတန်းဈေးတွင် ကုန်စုံဆိုင် ဖွင့်ထားသူတဦးက ...

“ကျမက ဆိုင်ဖွင့်ရတယ်လေ။ မဲသွား မပေးအားဘူး။ စိတ်လည်း မ၀င်စားဘူး။ ဘယ်နား မဲပေးရမယ်မှန်းတောင် မသိဘူး။ ကြိုတင်မဲ လာကောက်တာတော့ မရှိပါဘူး။ ကျမ နေတာက ၉ မိုင်ခွဲမှာ”


နအဖ က ဆန္ဒခံယူပွဲသတင်း ထုတ်ပြန်ခြင်း မရှိသေး

အစိုးရပိုင် မီဒီယာများ ဖြစ်သော MRTV, MRTV3 နှင့် မြန်မာ့အသံတို့မှ ယနေ့ ကျင်းပနေသော မဲဆန္ဒပေးပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက် တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းလုပ်သည်ဆိုသော MRTV4 တွင်လည်း တစုံတရာ ထုတ်လွှင့်ခြင်း မရှိသေးပါ။


လေဘေးဒုက္ခသည်အရေး ပိုအရေးကြီးသတဲ့
တာမွေမြို့ခံတဦး ...
“ရယကနဲ့ ကြံ့ဖွံ့တွေက ကျနော်တို့ကို ၁ဝ ရက် ကြိုတင်ပြီး မဲလာကောက်တယ်ဗျာ။ ‘ထောက်ခံမဲပဲ ထည့်ပါ၊ ၂၄ ရက်နေ့ကျရင် သွားစရာ မလိုဘူး’ ဆိုလို့ ကျနော်တို့လည်း အလုပ်ရှုပ် မခံချင်တာနဲ့ ဒီနေ့ သွားထည့် မနေတော့ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ သွားထည့်နေလည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ သူတို့က နိုင်ပြီးသားလည်း ဟုတ်တယ်၊ မနိုင်နိုင်အောင် လုပ်မှာပဲဆိုတော့။ အမှန်ကဗျာ လေဘေးဒုက္ခ ရောက်နေတဲ့ လူတွေအတွက်က ပိုအရေးကြီးတာပဲ”


‘ဒီလိုအမှန်ခြစ်ရတယ်’ ဆိုပြီး ခြိမ်းခြောက်ခံရ
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ခံတဦး ...
“သင်္ကန်းကျွန်းမြို့နယ် င၊က ရပ်ကွက် မဲရုံအမှတ် (၁) မှာ စောင့်တဲ့ လူတွေက ရင်ဘတ်မှာ အမှန် ခြစ်ထားတဲ့ အဝတ်တွေ ဝတ်ထားပြီး မသိလို့မေးတဲ့ လူတွေကို ‘ဒီလို အမှန် ခြစ်ရတယ်’ ဆိုပြီး ပြောတယ်။ သူတို့ဘက် အမှန်ခြစ်များအောင် စည်းရုံးရေး လုပ်တာပေါ့။ နောက်ပြီး ရာအိမ်မှူး ဦးမြအောင်ကလည်း မဲကတ်ပြား လာယူတဲ့ လူတွေကို ‘အမှန်ခြစ်ကြ၊ အမှားခြစ် (ကန့်ကွက်မဲ) တဲ့ လူ ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ငွေ တသိန်း ဒဏ်ရိုက်မယ်’ ဆိုပြီး ခြိမ်းခြောက်တယ်ဗျ။ သူတို့က တကယ့်ကို လိုက်လုပ်မယ့် ပုံစံတွေဆိုတော့ လူတွေက ကြောက်ပြီး အမှန် ခြစ်ခဲ့တာတွေလည်း ရှိတယ်”


ဆန္ဒခံယူပွဲကို သပိတ်မှောက်တယ်
ရန်ကုန်မြို့သားတဦး ...
“ဒီနေ့ မဲသွားမထည့်တော့ဘူး။ အရင်ကတော့Vote No (ကန့်ကွက်မဲ) လုပ်မလို့။ အခုတော့ စိတ်ပြောင်းလိုက်ပြီ။ No Vote (သပိတ်မှောက်) ပဲ လုပ်တော့တယ်။ သွားမပေးတော့ဘူး။ သူတို့က ၉၂ လို့ အရှက်မရှိ ကြေညာထားတာ။ မထူးတော့ဘူးလေ။ ဒါကြောင့် သူတို့ကို ဆန့်ကျင်တဲ့ အနေနဲ့ မဲသွားမပေးတာ”

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလ ရန်ကုန်တွင်ပျံ့နှံ့

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 24 2008 16:00 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလသည် ရန်ကုန်မြို့တွင် ယနေ့ ပျံ့နှံ့နေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းက “ကျနော်တို့လည်း ကြားပါတယ်။ Rumor အနေနဲ့ပါ။ သေချာတာ ဘာတခုမှ မရှိသေးပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သော အချိန်နှင့် တိုက်ဆိုင် ထွက်ပေါ်လာသော ကောလာဟလနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

-----

ရန်ကုန်မှ သတင်း ရပ်ကွက်တခု၏ အဆိုအရ ဧရာဝတီတိုင်း အတွင်းမှ လေဘေး ဒုက္ခသည်များကို သွားရောက် ကြည့်ရူရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နံနက်ပိုင်းတွင် နေအိမ်မှ လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောသည်။

သို့သော် သံတမန် သတင်း ရပ်ကွက်တခုက အထက်ပါ သတင်းကို သတင်းမှား ဖြစ်သည်ဟု ဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်စောင်းရှိ နေအိမ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း လပွတ္တာမှ ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင် မတွေ့ရသေးသလို လာရောက်မည် ဆိုသော သတင်းကို လည်း မကြားရသေးဟု မဇ္ဈိမသို့ ဆက်သွယ် ပြောဆိုသည်။

ဤအတောအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင် တချို့သည် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သွားရောက်နေကြသည်ဟု သိရသည်။

အန်အယ်ဒီ ဗဟိုလူငယ်ပြန်ကြားရေးမှ ကိုနေခြည်ဝင်းက “အဖွဲ့ချုပ်က ဗဟိုအမျိုးသမီး အဖွဲ့ကတော့ လပွတ္တာဖက်ကို သွားတာတော့ ဟုတ်တယ်။ အန်တီပါ၊ မပါတော့ မသေချာဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော သတင်းကိုပင် အတည် မပြုနိုင်သေးဟု ပြောသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “အခုက ဒီလိုပဲ အရပ်ထဲမှာ သတင်းတွေ ထွက်နေတယ်။ အန်ကယ်တို့ အနေနဲ့ကတော့ ဘာမှ မသိရသေးဘူး။ ဒေါ်စုနဲ့ အဖွဲ့ချုပ်နဲ့လည်း ခုထိ အဆက်အသွယ် မရသေးဘူး။ အဲဒီတော့ ဒါကို အတည်မပြုနိုင်သေးဘူး။ အခုက ဒေါ်စု လပွတ္တာအထိတောင် ရောက်သွားတယ် ပြောနေကြတယ်။ သူအကျယ်ချုပ်က လွတ်မှာက မေလ ၂၇ ရက်မှပါ။ ဒီလို သတင်းထွက်တာနဲ့ ပတ်သတ်လို့ အန်ကယ့်အမြင်ကတော့ ဒီနေ့ မဲဆန္ဒ ခံယူနေတော့ လူထုကို အာရုံပြောင်းအောင်များ လုပ်နေတာလားလို့လေ” ဟု ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်