စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 20, 2008

အဖွဲ့ချုပ် ဗဟိုရုံးရှေ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှု နောက်ကွယ်....


ဒီစာကို Select ပေးပြီးရေးပါ...
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နယူးယော့ခ် မြန်မာသံအမတ်အား စစ်အစိုးရ ပြန်ခေါ်ခြင်းမဟုတ်ဟု သံတမန်သတင်းရပ်ကွက်ပြော

NEJ/ ၂၀ ဇွန် ၂၀၀၈

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့်သတင်း မမှန်ကန်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းကိစ္စတွင် နိုင်ငံတကာဘက်မှ ထောက်ခံပြောဆိုသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည် ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပမီဒီယာများသို့ မကြာခင်က ပေးပို့ခဲ့သည်။ သို့သော် သံအမတ်ကြီး ဦးကျော်တင့်ဆွေ (ဤသတင်းရေးချိန်ထိ) နယူးယော့ခ် မြန်မာသံရုံးတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
နယူးယော့ခ်မြန်မာသံရုံးမှ ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့ကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုများဖြစ်ပြီး မကြာခင် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ဖြန့်ဝေခဲ့ခြင်းဖြစ် သည်ဟု နယူးယော့ခ် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဗိုလ်မှူး အောင်လင်းထွဋ်အား သတင်းမှားများထုတ်ပေးရန် ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းကို စစ်အစိုးရက သီးခြားတာဝန်ပေးခဲ့ပုံရသည်ဟု နေပြည်တော် အရာရှိအသိုင်းအ၀န်းက ယူဆသည်။
နယူးယော့ခ်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် တင့်ဆွေသည် နယူးယော့ခ်မြန်မာသံရုံးတွင် (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီး ကုလ သမဂ္ဂတွင် စစ်အစိုးရအလိုကျ ကူညီပြောဆိုနေသည့် သံတမန်တဦးဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။
လတ်တလော ပြည်ပမီဒီယာများသို့ ဖြန့်ဝေသည့် ဗိုလ်မှူးအောင်လင်းထွဋ်၏ စာများတွင် မြန်မာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျူးလွန်သည်ဆိုသည့် အချက်များကိုသာ အသား ပေးဖော်ထုတ်ထားပြီး အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၊ တချိန်က စစ်ထောက်လှမ်းရေး၏ အတိုက်အခံအပေါ် ရက်စက် ကြမ်းကြုတ်မှုများကိုမူ ယခုချိန်ထိ ဖော်ပြထားခြင်းမရှိဟု အတိုက်အခံအချို့က သုံးသပ်သည်။
ဦးအောင်လင်းထွဋ်သည် ထောက်လှမ်းရေးဗိုလ်မှူးဟောင်းဖြစ်ပြီး တချိန်က ၀ါရှင်တန်ဒီစီ မြန်မာ သံရုံးတွင် သံရုံးဒုတိယတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီး မကြာခင် အမေရိကန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့သည်။ ။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖန်တီးဟု ထောက်လှမ်းရေးအရာရှိဟောင်း စွပ်စွဲ

NEJ/ ၂၀ ဇွန် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှုတခုပြုလုပ်ခဲ့ကြောင်း ဇွန် (၁၇) ရက်စွဲဖြင့် ရေးသားထားသည့် စာတစောင် မီဒီယာများသို့ ပျံ့နှံ့နေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါစာကို အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ဗိုလ်မှူးအောင်လင်းထွဋ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၀၁ ခု ၀ါရှင်တန်မြို့ မြန်မာသံရုံး၌ ၎င်းတာဝန်ထမ်း ဆောင်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်ဖော်ပြ ရေးသားထားခြင်းဖြစ်သည်။
၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဦးအောင်ဆန်းဦးဘက်မှ လက်မှတ်ရေးထိုးရန် သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရား စွဲဆိုမည့် စာရွက်စာတမ်းများကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ ပေးပို့ခဲ့ကာ မြန်မာသံရုံးမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများပေးပို့ခဲ့ပြီး လက်မှတ်ရေးထိုး ပြန်ရောက်လာသောစာကို ထိုစဉ်က မြန်မာသံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သံရုံး ချောစာ Pouch ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း စာတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းလုပ်ရပ်များသည် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား စနစ်တကျ အကွက် ချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိမ်အမွေမှု နောက်ကွယ်မှ စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူအများသိစေရန် တင်ပြရခြင်းဖြစ်ကြောင်း ဗိုလ်မှူး အောင်လင်းထွဋ်၏ စာတွင် ဖော်ပြပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်စဉ်အကျဉ်းချုပ် (သတင်းထောက် မောင်မန်း)
၂၀၀၀- ခု နိုဝင်ဘာလ (၁၆) ရက်အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အမွေရလိုမှုနဲ့ ရန်ကုန်တိုင်း တရားရုံးမှာ အမှုဆိုင်ခဲ့ပါတယ်။ တရားလို ဦးအောင်ဆန်းဦးရဲ့ အပြောအရတော့ မိခင် ဒေါ်ခင် ကြည် ဆုံးတာ (၁၂) နှစ်ပြည့်လို့ မိခင်ဆန္ဒအရ အမွေတောင်းခံတာဆိုပေမယ့် နိုင်ငံခြားသတင်း တွေရဲ့ ရေးသားချက်အရတော့ ဇနီးဖြစ်သူရဲ့ ဖိအားပေးမှုကြောင့် ဦးအောင်ဆန်းဦးဘက်က ခုလို ဖုတ်ပူမီးတိုက် အမွေတောင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ နအဖဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် တရားရုံးကို သွားရောက်မယ်ဆိုရင် အကျယ်ချုပ်ကနေ ခွင့်ပြုမယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး မသွားတဲ့ပြင် သူ့ဘက်က လိုက်ပေးမယ့် ရှေ့နေ တွေ ပေါ်ပေါက်ခဲ့ပါတယ်။
၂၀၀၀- ခု နိုဝင်ဘာလ (၂၃) ရက်တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် ရန်ကုန်မြို့က ရှေ့နေများဖြစ်တဲ့ ဦးကြည် ၀င်း၊ ဦးအောင်သိန်း၊ ဦးမြင့်သောင်းနဲ့ ဦးခင်မောင်အေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ငှားရမ်း ပါတယ်။ ဒေါ်အောင်ဆန်းကြည်ရဲ့ တရားရုံး ကိုယ်စားလှယ်အဖြစ် ရှေ့နေကြီး ဦးထွန်းတင်က ဆောင်ရွက်ပါတယ်။ ဦးအောင်ဆန်းဦးဘက်က ရှေ့နေအဖြစ် ရှေ့နေဦးကျော်ဇေယျက လိုက်ပါ ဆောင်ရွက်ပြီး တရားရုံးကိုယ်စားလှယ်အဖြစ် ရှေ့နေဦးဟန်တိုးက ဆောင်ရွက်ပါတယ်။
ဦးအောင်ဆန်းဦးဘက်က တရားစွဲပုံမှားဦးအောင်ဆန်းဦးရဲ့ရှေ့နေက ရန်ကုန်တိုင်းတရားရုံး (အောက်ရုံးလို့လည်းခေါ်ပါတယ်) မှာ စတင် တရားစွဲတဲ့အချိန်က မြေကို ထက်ဝက်ခွဲစိတ်ပြီး အမွေပုံပစ္စည်း လက်ရောက်ရလိုမှု (Suit for Partition) နဲ့ စွဲပါတယ်။ ဒါပေမယ့် အဲသလိုစွဲဆိုတဲ့ အဆိုလွှာဟာ ဥပဒေကြောင်းနဲ့ မညီဘဲ စွဲဆိုပုံ မှားနေတယ်၊ အမှန်ဆိုရင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (Right for administration) နဲ့သာ စွဲထိုက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ရုံးတော်မှာ လျှောက်လဲခဲ့ပါတယ်။
၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေအရ နိုင်ငံခြားသားတဦးအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို တောင်းခံချင်တယ် ဒါမှမဟုတ် လက်လွဲရောင်းချချင်တယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန ခွင်ပြုမိန့်ရမှ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီဥပဒေနဲ့ ကင်းလွတ်ခွင့်ကို အစိုးရက ပေးနိုင်တယ်လို့ပါ တဘက်က ဆိုထားပါတယ်။
ဦးအောင်ဆန်းဦးဟာ ဗုဒ္ဓဘာသာဝင်တဦးဖြစ်လို့ ဗုဒ္ဓဓလေ့ထုံးတမ်း ဥပဒေအရ အမွေတောင်းခံခွင့် ရှိပေမယ့် အမေရိကန်မှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသားဖြစ်နေတဲ့အတွက် ခုလို အမွေတောင်းခံ ချင်ရင် နိုင်ငံခြားသားဖြစ်နေတဲ့အချက်၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်နေတဲ့ အချက်တွေကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ရဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က လျှောက်လဲပါတယ်။ သဘောကတော့ နိုင်ငံခြားသား ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မရရင် ဘယ်တရားရုံးကမှတဆင့် အမွေတောင်းဖို့ လျှောက်လဲခွင့်မရှိဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဦးအောင်ဆန်းဦးရှေ့နေ ဦးကျော်ဇေယျရဲ့အပြောအရ ၂၀၀၀ ခု ဇူလိုင်လ (၂၈) ရက် နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ဆန်းဦးကို ၁၉၈၇ ခုနှစ် ဥပဒေက ကင်းလွတ်မိန့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ အမှုကို ဒေါ်အောင်ဆန်းစုကြည် မလာရောက်ပေမယ့် မျက်ကွယ်မှာ စစ်မယ်ဆိုပြီး ၂၀၀၀ ခု နိုဝင်ဘာလ (၂၇) ရက် ချိန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ဟာ ကာလပေါက်ဈေးနဲ့ဆိုရင် ကျပ်သန်း (၄၀၀) လောက် တန်တယ်လို့ အိမ်အရောင်းအ၀ယ်သမားတွေက မှန်းပါတယ်။ ၂၀၀၀ ခု နိုဝင်ဘာ (၂၁) ရက် ကနေ ရုံးချိန်း အဆင့်ဆင့်ပြောင်းခဲ့ပါတယ်။
၂၀၀၁- ခု အောက်တိုဘာလ (၂၂) ရက်ရုံးချိန်းတရားလို ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့် မလိုဘဲနဲ့ကို အမွေတောင်းခံ ခွင့်ရှိတယ်လို့ တရားသူကြီး ဦးစိုးသိန်းက အမိန့်ချလိုက်တဲ့အတွက် ဦးအောင်ဆန်းဦးအနေနဲ့ အမွေတောင်းရာမှာ ဥပဒေရေးရာ အခက်အခဲတွေ မရှိသလောက် ဖြစ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။ အရပ်စကားနဲ့ ပြောရရင် အမွေရဖို့ သေချာသွားပြီ၊ ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ပြီ ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီမှာတင် ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေတ၀က်ဆုံးဖို့ အလား အလာရှိဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသတင်းတွေက ရေးကြပါတယ်။
ဒါပေမယ့် နိုင်ငံခြားသတင်းတွေရေးသလို ဒေါ်အောင်ဆန်းစုကြည်ဘက်က အမှုရှုံးဖို့ အလား အလာမရှိတဲ့အပြင် ဥပဒေကြောင်းအရ ငြင်းခုံလျှောက်လဲစရာတွေ အများအပြားရှိနေသေးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးကိုယ်စားလှယ် ဦးထွန်းတင်က ပြောဆိုပါတယ်။ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်းတရားရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်မလိုဘဲ အမွေတောင်းခံနိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘက်က မကျေနပ်တဲ့အတွက် အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားရုံးချုပ်ကို ပြန်လည်စစ်ဆေးပေးဖို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့အဖွဲ့က အယူခံ လျှောက်ထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံလျှောက်ထားချက်ကို ၂၀၀၂ ခု ဇန်န၀ါရီလမှာ တရား ရုံးချုပ်ကနေ လက်ခံစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။ တချိန်တည်းမှာပဲ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးက အမှုတွဲကို တရားရုံးချုပ်က တောင်းခံခဲ့ပြီး အမှုကို ၂၀၀၂ ခု ဖေဖော် ၀ါရီလ (၂၀) ရက်မှာ အပြီးသတ် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသားလည်းဖြစ်နေတဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မပါဘဲ အမွေ တောင်းခံ နေတဲ့အတွက် တရားမ၀င်တဲ့ အဆိုလွှာကို ပယ်သင့်တယ်လို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့ အဖွဲ့က ယူဆပါတယ်။
၂၀၀၂- ခု ဖေဖော်ဝါရီလ (၂၀) ရက်နှစ်ဘက်ရှေ့နေတွေ တရားရုံးချုပ်မှာ အပြန်အလှန် အပြီးသတ်လျှောက်လဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ဦးကြည်ဝင်းကတော့ ဦးအောင်ဆန်းဦးဟာ ပြည်ထဲရေးဝန်ကြီး ဌာန အမိန့်မရဘဲ အမွေတောင်းခံခွင့်မရှိတဲ့အကြောင်း ၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေကို ကိုးကားပြီး (၄၅) မိနစ်ကြာ ခုခံလျှောက်လဲခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မပါဘဲ ဦးအောင်ဆန်းဦးကို အမွေတောင်းခံခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ထုံး ကမောက် ကမဖြစ်သွားမယ့်အလားအလာ ရှိတယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
သုံးသပ်ချက်
၁။ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ တရားရုံးချုပ်က စီရင်ချက်ချခဲ့ရင် အထူးအယူခံအနေနဲ့ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးထံ ဒေါ်စုရှေ့နေတွေက အထူးအယူခံခွင့် ရှိပါတယ်။
၂။ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံ ခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုအနေနဲ့ အိမ်တ၀က် အမွေခွဲပေးရဖို့ သေချာသွားပြီဖြစ် ပါတယ်။
၃။ ဥပဒေလုပ်ထုံးလုပ်နည်းအရ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင်ခုံရုံးကနေ ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ရင် အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးကနေ အမှုကို ပြန်စစ်ရအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးအောင်ဆန်းဦး အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုရှေ့နေတွေဘက်က ငြင်းခုံချေပစရာ ဘာမှမရှိသလောက်ဖြစ်တော့မှာမို့ ဦးအောင်ဆန်းဦး အနေနဲ့ အမွေရဖို့ သေချာပြီလို့ ပြောနိုင်တဲ့အကြောင်း ရန်ကုန်ရှေ့နေ အသိုင်းအ၀န်းက ပြောဆို ပါတယ်။
၎။ အမှုကိုပြန်ကြည့်ရင် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေ တောင်းခံခွင့်ရှိတယ်လို့ အစိုးရက ခွင့်ပြုထားတဲ့အကြောင်း ဦးအောင်ဆန်းဦးရှေ့နေတွေရဲ့ ပြောဆိုချက်မှန်မမှန် အတိအကျ မသိရပေမယ့် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချလိုက်တဲ့ အတွက် ဒီအမိန့်ရဲ့နောက်ကွယ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက တရားသူကြီးကို လက်သိပ်ထိုး ဖိအားပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
၅။ ဒီအခြေအနေတွေကို ထောက်ကြည့်ရင် တရားလွှတ်တော်ရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးဖို့ အတော့်ကို အခွင့်အလမ်းနည်းပါးတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
၆။ ထူးခြားတာက ၂၀၀၃ ဒီပဲယင်း အရေးအခင်းနောက်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေမှုအခြေအနေကို စစ်အစိုးရတရားရုံးတွေက မထုတ်ပြန်ဘဲ ထားခဲ့တာ ကနေ့ထိ ဖြစ်ပါတယ်။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်

မြောင်းမြဆန် ပခုက္ကူတင်ခွင့်ပိတ်

NEJ/ ၂၀ ဇွန် ၂၀၀၈

ဧရာဝတီတိုင်း ဆန်ဖူလုံရေး ရည်ရွယ်ပြီး မြောင်းမြကတဆင့် ပခုက္ကူသို့ ရေလမ်းခရီးမှ ဆန်တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ကြောင်း မြောင်းမြမြို့ခံ ဆန်ကုန်သည်တဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ တနင်္လာနေ့က ဆန်ကုန်သည်တွေနဲ့ ခရိုင်အာဏာပိုင်အဖွဲ့ တွေ့တယ်။ အဲဒီမှာ ဧရာဝတီတိုင်းအတွင်း ဆန်ဖူလုံရေးအတွက် ပခုက္ကူဘက်ကို ဆန်တင်နေတာတွေ ရပ်ခိုင်းတယ်။ ရန်ကုန်ကို တင်နေတာတွေကိုတော့ ဆက်ပြီး ခွင့်ပြုထားသေးတယ်” ဟု ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီတိုင်း မြောင်းမြမြို့သည် ပြီးခဲ့သည့် မေ (၂) ရက်နှင့် (၃) ရက်နေ့တို့တွင် တိုက်ခဲ့သည့် လေမုန်တိုင်းဒဏ် အနည်းငယ်သာ ခံရသည့်မြို့ဖြစ်သည်။ လောလောဆယ် ဧရာဝတီတိုင်းအတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများ၊ ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဒဏ်သင့် မြို့နယ်များ အတွက် မျိုးစပါးလိုအပ်နေသူများသည် မြောင်းမြမြို့မှ ဆန်နှင့်စပါးများကိုသာ အဓိကထား ၀ယ်ယူနေကြကြောင်း၊ ထို့အပြင် ပိုလျံသည့် ကြိတ်ခွဲပြီး ဆန်များကိုလည်း ရန်ကုန်ဈေးကွက်နှင့် မကွေးတိုင်း ပခုက္ကူမြို့သို့ ဆက်လက်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဆန်ဈေးကွက်ဖြစ်ထွန်းရာ မြို့တမြို့ဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဆန်များ ပခုက္ကူဈေးကွက်ကို ရောက်ရှိကာ ပခုက္ကူမှတဆင့် အခြားဒေသအသီးသီးကို သယ်ပို့ရောင်းဝယ်ဖောက်ကားကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စပါးအထွက် တင်းသန်းပေါင်း (၁,၄၀၀) ကျော်ရှိပြီး ဧရာဝတီတိုင်းမှ တင်းသန်း (၄၃၀) ထွက်သည်။ တနည်းဆိုရလျင် မနှစ်က ဧရာဝတီတိုင်း စပါးအထွက်နှုန်းသည် တပြည်လုံး၏ (၃၀) ရာနှုန်းရှိသည်။
ဇွန်လ (၁၀) ရက်နေ့ ကုလသမဂ္ဂ၊ အာစီယံ၊ မြန်မာအစိုးရ သုံးပွင့်ဆိုင် အစည်းဝေးတွင် ၀န်ကြီး ဦးစိုးသာက မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကသည် တနိုင်ငံလုံး၏ (၁) ရာခိုင်နှုန်း မပြည့်ကြောင်း၊ ဆန်စပါးပျက်စီးမှုသည်လည်း တပြည်လုံးအထွက်၏ (၂.၃) ရာခိုင်နှုန်းသာရှိ၍ မပူပင်ရကြောင်း ပြောသည်။ သို့သော် မုန်တိုင်းကြောင့် စပါးစိုက်ဧက ပျက်နှုန်းသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွင် တနိုင်ငံလုံးစိုက်ဧက၏ (၃၇) ရာနှုန်းရှိသည်ဟု ကမ္ဘာ့စားနပ်ရိကာအဖွဲ့ FAO က ပြောသည်။ မုန်တိုင်းထိ ပြည်နယ်တိုင်း (၄) ခုရှိ စပါးအပျက်နှုန်းသည် တနိုင်ငံလုံးစိုက်ဧက၏ (၆၀) ရာနှုန်းရှိသည်ဟု အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း မုန်တိုင်းလွတ်ခဲ့သည့် မြို့များမှ ဆန်စပါးများသည် လာမည့် သြဂုတ်လအထိသာ လုံလောက်မည်ဖြစ်ပြီး သြဂုတ်လကျော်သည်နှင့် အခြားပြည်နယ်နှင့် တိုင်းတို့က ဧရာဝတီတိုင်းသို့ ဆန်ပြန်လည်တင်ပို့ ထောက်ပံ့ရမည်ဖြစ်ကြောင်း မြောင်းမြနှင့်ရန်ကုန်ရှိ ဆန်ကုန်သည်များက ခန့်မှန်းထားသည်။ ။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းလေဘေး ထောက်ပံ့ပစ္စည်းများ စစ်တပ်ထဲရောက်

NEJ/ ၂၀ ဇွန် ၂၀၀၈

လေဘေးသင့်သူများအတွက် နိုင်ငံတကာမှထောက်ပံ့သည့် Shelter Box နှင့် အခြားစားစရာ အသုံးအဆောင်များ တပ်တွင်းရောက်ရှိလာပြီး အရာရှိမိသားစုများနှင့် အခြားအိမ်ထောင်သည် မိသားစုများ ခွဲဝေယူကြကြောင်း ပုသိမ်အခြေစိုက် ခလရ (၃၈) မှ အိမ်ထောင်သည် အမျိုးသမီး တဦးက ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ကျမတို့ တပ်ထဲကို Shelter Box နဲ့ ရွက်ဖျင်တဲတွေ၊ နိုင်ငံခြားက လေဘေးအတွက်လှူတဲ့ အစားအသောက်တွေ ရောက်လာတယ်၊ ဘယ်လိုရောက်လာသလဲတော့ မသိဘူး။ Shelter Box နဲ့ ရွက်ဖျင်တဲ အကောင်းစားတွေကိုတော့ အရာရှိတွေ ခွဲဝေယူကြတယ်၊ ပိုပေမယ့် အခြားအရာခံဗိုလ်၊ အကြပ်တွေကိုတောင် ခွဲမပေးဘဲ ထောက်ပံ့ရေးဂိုဒေါင်ထဲမှာပဲ သိမ်းထားလိုက်တယ်။ သူတို့ရတဲ့ သေတ္တာတွေထဲမှာ တန်ဖိုးရှိတဲ့ လက်သမားနဲ့ အိမ်ဆောက်သုံး ကိရိယာတန်ဆာပလာတွေပါတယ်။ အခြားအဆင့်တွေကိုကျတော့ ခြင်ထောင်၊ အ၀တ်အထည်နဲ့ အစားအသောက်တွေကို ခွဲပေးတာ၊ တချို့ မဲဖောက်ပေးတာ လုပ်တယ်။ ဒါပေမယ့် အဝေမတည့်တော့၊ မမျှတတော့ ကျမတို့ချင်း စကားများကြတယ်။ ဘယ်လိုရသလဲဆိုတာတော့ မသိဘူး” ဟု ပြောသည်။
အဆိုပါပစ္စည်းများ ခွဲဝေပေးစဉ်၌ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက တဆင့်ပြန်လည်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိပါက ကြီးလေးသည့် ပြစ်ဒဏ်နှင့် အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်များကို ဝေငှပေးခြင်းလည်း အပြင်တွင် လုံးဝပြောဆိုခြင်းမပြုရန် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း အဆိုပါ အိမ်ထောင် သည်အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က တပ်ရင်းအရာရှိတဦးထံ ညအိပ်သွားရောက်လည်ပတ်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူတဦးက ၎င်းတည်းခိုသည့် အရာရှိမိသားစုနေအိမ်၌ အဆိုပါ Shelter Box နှင့် ရွက်ဖျင်တဲကို မြင်တွေ့ခဲ့ရကြောင်း ပြောသည်။
နာဂစ်လေမုန်တိုင်းဘေးဒဏ် ခံရသူများကို နိုင်ငံတကာက ပေးအပ်သည့် အကူအညီများအနက် အချို့မှာ စစ်အစိုးလက်ထဲ တိုက်ရိုက်ပေးအပ်လိုက်ရသည့်အတွက် စစ်အစိုးရကသာ အပြည့်အ၀ ချုပ်ကိုင်ဖြန့်ဝေခြင်းရှိသကဲ့သို့ ငွေကြေးအချို့နှင့် ပစ္စည်းများကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတဆင့် လက်ခံရယူ ဖြန့်ဖြူးပေးနေခြင်းလည်းရှိသည်။
မုန်တိုင်းဒဏ်ခံ ဒေသများရှိ ပြည်သူများကမူ အစိုးရဖြန့်ဖြူးသည့် ပစ္စည်းနှင့် အစားအသောက်များ ထဲတွင် နိုင်ငံခြားက ကူညီလှူဒါန်းသည့် အစားအသောက်နှင့် ပစ္စည်းများ လက်ခံရခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။
စစ်အစိုးရလက်ထဲ ငွေနှင့်ပစ္စည်းများ အပ်နှံလိုက်သည့်အခါတွင် နိုင်ငံတကာ အလှူရှင်များ အနေ ဖြင့် မည်သည့်နေ့ရက်၊ မည်သည့်နေရာ၌ မည်သူများကို မည်မျှဖြန့်ဖြူးခဲ့ကြောင်း အချက်အလက် အတိအကျတောင်းပြီး ပစ္စည်းများ အမှန်တကယ် ရောက်မရောက် လွတ်လပ်သည့် အဖွဲ့အစည်း များ ဖွဲ့စည်းစုံစမ်းခိုင်းသင့်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာများက သုံးသပ်ပြောဆိုကြသည်။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်

မုဒိမ်းကျင့်မှုကို လက်နက်အဖြစ်ဆက်လက်အသုံးပြုပါက အရေးယူရန် WLB တောင်းဆို

အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်အသုံးပြုနေမှုအား ရပ်တန့်ကြရန် ယမန်နေ့က ကုလမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဒဗလျူအယ်လ်ဘီက ကြိုဆိုလိုက်ပြီး မလိုက်နာသူများကို အရေးယူရန် တောင်းဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမျိုးသမီး၊ ငြိမ်းချမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို တနေ့တာ ဆွေးနွေးငြင်းခုန်ကြပြီးနောက် အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ သဘော တူညီချက်ဖြင့် အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးမပြုရေး ဆုံးဖြတ်ချက်ကို ချမှတ် ခြင်းဖြစ်သည်။
ဒဗလျူအယ်လ်ဘီ အထွေထွေအတွင်းရေးမှူး မနန်းယဉ်က “ ဒီဆုံးဖြတ်ချက်အပေါ် ကျမတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဒါဟာ မြန်မာပြည်မှာတင်မဟုတ်ဘူး၊ ကမ္ဘာ့နိုင်ငံအရပ်ရပ် ဘယ် နေရာမှာပဲဖြစ်ဖြစ် ဒီကိစ္စမျိုးဟာ လုံးဝမပြုလုပ်သင့်တဲ့ဟာ ဖြစ်တဲ့အတွက် ရှိသင့်တဲ့ ဆုံးဖြတ်ချက် တခုဖြစ်တယ်။ တကယ်လို့ လက်ရှိ နအဖ စစ်အုပ်စုက ဒါကို မလိုက်နာဘူးဆိုရင် အရေးယူ ဆောင်ရွက်မှုတွေ နည်းလမ်းရှာပြီးပြုလုပ်ဖို့ ကျမတို့တောင်းဆိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ တိုင်းရင်းသားနယ်မြေများတွင် နအဖစစ်တပ်၏ အဓမ္မပြုကျင့်မှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အနိုင်မတိုက်နိုင်သဖြင့် ၎င်းတို့နှင့်ပတ်သက် သည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ကာ အနိုင်ယူခြင်းဖြစ်ကြောင်း၊ နအဖစစ်တပ်ကျူးလွန်ခဲ့သည့် အဓမ္မပြုကျင့်မှုပေါင်း (၅၀၀) ခန့်ကို ရှမ်း၊ ကရင်၊ ချင်း စသည့် အမျိုးသမီးအဖွဲ့များက အထောက်အထားခိုင်လုံစွာ ပြုစုထားပြီးဖြစ်ကြောင်း ဒဘလျူအယ်လ်ဘီက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ကလည်း “ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ် မယုံနိုင်လောက်အောင် ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ (၈) နှစ်အရွယ် မိန်းကလေးငယ်တွေ ကိုတောင်မှ အဓမ္မပြုကျင့်တာတွေ မှန်မှန်လုပ်နေတယ်” ဟု ယမန်နေ့က လုံခြုံရေးကောင်စီ၌ ပြောကြားသည်။
အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ပြောမပြနိုင်လောက်သည့် ပမာဏအတိုင်း အတာထိ အနှံ့အပြားဖြစ်ပွားနေကြောင်းနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် ကျရောက် နေသည့် အသံတိတ်စစ်ပွဲကို တားဆီးကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်း ဆိုသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခများတွင် အစဉ်အမြဲ ပစ်မှတ်ထားခံနေရ ကြောင်း၊ အရှက်ရစေရန်၊ စိုးမိုးခြယ်လှယ်ရန်၊ ကြောက်ရွံ့စေရန်နှင့် တိုင်းရင်းသားအုပ်စုများအား အတင်းအကျပ်လူစုခွဲ နေရာရွှေ့ပြောင်းရန်တို့အတွက် စစ်လက်နက်အဖြစ် အသုံးပြုနေသည်ဟု လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ပြောသည်။
မနန်းယဉ်က “ဒီဟာတွေဟာ စစ်ပွဲတွေရဲ့အနိဋ္ဌာရုံတွေဖြစ်တယ်။ ဒီလိုအဖြစ်အပျက်တွေ ဆက်ရှိနေ သေးသရွေ့ လူတွေရဲ့မကျေနပ်မှုတွေ ဆက်ဖြစ်နေမယ်။ ပြည်တွင်းစစ်ဆိုတာကလည်း ဆက်ပြီးရှိ နေအုန်းမယ်။ စစ်ပွဲရှိနေသရွေ့ နိုင်ငံတနိုင်ငံ နယ်မြေတနေရာက မလုံခြုံမှုဖြစ်နေမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေကို မလုံခြုံမှုတွေဟာ ဆက်ပြီးကူးစက်မှာပဲ။ သက်ဆိုင်ရာဒေသတခုလုံးကို ပြန့်လာပြီး တိုင်းပြည်တွေရဲ့တည်ငြိမ်ငြိမ်းချမ်းမှုကို ထိခိုက်ပျက်ပြားစေမယ်” ဟု ပြောသည်။
ကမ္ဘာတ၀န်းလုံးရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အားလုံးအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ကြရန်နှင့် စစ်တပ်ကို သင်တန်းများပေးခြင်း၊ စစ်စည်းကမ်း များတွင်ထည့်သွင်းခြင်းတို့ ပြုလုပ်ကြရန် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၌ တောင်းဆိုထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာဆိုင်ကလုန်းဒုက္ခသည်များအတွက် အမေရိကန်မှ ထပ်ဆောင်းထောက်ပံ့

Asian Tribune/၂၀ ဇွန် ၂၀၀၈

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) မှ လူသားချင်းစာနာမှုအထောက်အပံ့ မက်ထရစ်တန်ချိန် (၂,၆၄၉) တန် ပေးပို့ထားခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးများ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့(WFP) ကို အမေရိကန်ဒေါ်လာ (၃) သန်း ထပ်ဆောင်း ထောက်ပံ့ ပေးမည်ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

မြန်မာပြည်တွင်း ထောက်ပံ့ပို့ဆောင်ရေးအတွက် USAID မှ ယနေ့အချိန်အထိ WFP ကို ထောက်ပံ့ ပေးထားသည်မှာ စုစုပေါင်း ဒေါ်လာ (၄) သန်းရှိပြီဖြစ်သည်။
WFP သည် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ထောက်ပံ့မှုများကို ကုလသမဂ္ဂပူးပေါင်းပါဝင်သည့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် မြန်မာပြည်သူများအား ကယ်ဆယ်ရေး ထောက်ပံ့မှုများ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ ထိုထောက်ပံ့ပို့ဆောင်ရေးအတွက် WFP က ထောက်ပံ့ပို့ ဆောင်ရေးစခန်း (၅) ခု အခြေစိုက်ထားပြီးနောက် ထိုစခန်းများမှ မုန်တိုင်းထိခိုက်ရာနေရာများသို့ ရေပေါ်လျှပ်ပြေးယာဉ်၊ လှေငယ်၊ ထရပ်ကား၊ ရဟတ်ယာဉ်များ စသည်တို့ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စားရေရိက္ခာများ ဖြန့်ဖြူးပေးနေသည်။“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုင်းအ၀န်းအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေးတွေမှာ WFP ကိုပဲ အားထားနေကြရတယ်။ WFP ရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေမှာ အများကြီးလိုအပ်နေတဲ့ ထပ်ဆောင်းထောက်ပံ့ မှုတွေ လုပ်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု USAID စီမံခန့်ခွဲမှူး ဟင်နရီတာဖိုးက ပြောသည်။ယနေ့အထိ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး အရေးပေါ်ထောက်ပံ့မှုများအတွက် USAID မှ မြန်မာ နိုင်ငံသို့ ထောက်ပံ့ပေးခဲ့သည်မှာ စုစုပေါင်း ဒေါ်လာ (၃၁.၄) သန်း ရှိသွားပြီဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားသည့် ဒေါ်လာ (၉.၅) သန်းနှင့်ဆိုလျှင် အမေရိကန် အစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ထားမှုမှာ စုစုပေါင်း ဒေါ်လာ (၄၀.၉) သန်း ရှိသွားပြီ ဖြစ်သည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကြားဖြတ်သတင်း

၂၀ ဇွန် ၂၀၀၈

စစ်အစိုးရ ထိပ်ပိုင်းရာထူးနေရာများ အပြောင်းအလဲ ဖြစ်

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။မေ ၆၊ ၂၀၀၂။

20 June 2008

နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ပွဲကို အမေရိကန်နိုင်ငံ အောက်လွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေးကော်မတီမှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ မြန်မာ့အရေး အားပေးထောက်ခံတဲ့ အမေရိကန် နိုင်ငံရေးလောကသားတချို့ စုဝေးပြီး မနေ့က ၀ါရှင်တန်ဒီစီမှာဂုဏ်ပြုကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန် အောက်လွှတ်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ထူးထူးခြားခြား တက်ရောက်ပြောဆိုခဲ့သူ တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တဦး ငှားရမ်းမှုကြောင့် ဒေါ်စုလွတ်မြောက်ရေး ရှေ့နေလိုက်ပေးနေတဲ့ အမေရိကန်အခြေစိုက် Freedom Now အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဂျဲရက် ဂျန်ဆာ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင်တိုင် အရင်က ဖမ်းဆီးခဲ့တုန်းကလည်း ကုလသမဂ္ဂဘက်ကနေ ဒီလိုဖမ်းဆီးမှုတွေဟာ တရားမ၀င်တဲ့ ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုလိုဖမ်းဆီးထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ အဲဒါကြောင့် ဇွန်လ ၁၈ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကုလသမဂ္ဂဘက်ကနေ တရားဝင်နည်းလမ်းတွေနဲ့ အရေးပေါ် အရေးယူဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချက်တစောင် ကျနော်ပေးပို့ခဲ့ပါတယ်” လို့ ရှေ့နေ ဂျဲရက် ဂျန်ဆာက ပြောသွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး အလီးနား နဂီးကလည်း မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့၊ အခုလိုဖမ်းဆီးထားတဲ့အတွက် မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချတဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ပဲ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး ဒေါ်စုလွတ်မြောက်ရေးအပြင် မြန်မာပြည်အတွက် ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဆောင်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
အခမ်းအနားမှာ တက်ရောက်ပြောဆိုသူ နောက်တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲတော်သူ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဖြစ်ပါတယ်။ ဒေါ်စုလွတ်ခြင်း၊ မလွတ်ခြင်းနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဘယ်လောက်ဆက်စပ်မှုတွေ ရှိနေသလဲလို့ ဒေါက်တာစိန်ဝင်းကို မေးကြည့်ပါတယ်။
“နိုင်ငံရေးရေချိန်ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မလွတ်၊ လွတ်တဲ့အခါမှာလည်း ဘယ်လိုစည်းကမ်းနဲ့လွတ်တယ်၊ မလွတ်ဘူး၊ စသည်အားဖြင့် ဒါတွေနဲ့ ချိန်ကိုက်လို့ရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်ဆက်တိုးတယ်။ ၂၀၀၃ ကနေစပြီး တရားမ၀င် ဖမ်းဆီးထားတယ်ဆိုတာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေ ဘယ်လောက်ဆိုးတယ်ဆိုတာ ရှင်းနေတာပါပဲ။”
အမေရိကန်နိုင်ငံ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး မစ္စတာ တီကူးမားကလည်း ဒေါ်စုရဲ့မွေးနေ့ဟာ ခါးသီးတဲ့ ချိုမြိန်မှုတခုလို့ ဆိုပါတယ်။
“ဒီနေ့ဟာ ကျနော်တို့အားလုံးအတွက် ခါးသီးတဲ့ချိုမြိန်မှုတခုကို ခံစားရတဲ့နေ့ပါပဲ။ မြန်မာပြည်သူတရပ်လုံးနဲ့အတူ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ တိုင်းပြည်ထဲမှာ အကျဉ်းချခံနေရတုန်းပါ” လို့ မစ္စတာ တီကူးမားက ပြောသွားခဲ့ပါတယ်။
မွေးနေ့ပွဲမှာ မြန်မာ့အရေး ထောက်ခံကြတဲ့ အမေရိကန် နိုင်ငံရေးလောကသားတွေအပြင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာအမျိုးသမီးငယ်လေး တဦးလည်း ပါဝင်ပါတယ်။
“အန်တီစုမွေးနေ့နဲ့ ပတ်သက်ပြီးတော့ တခါမှ မကျင်းပဖူးပါဘူး။ ဒါပေမယ့် သတင်းတွေ၊ ဆောင်းပါးတွေကြည့်တဲ့အခါ မျက်ရည်ကျပြီး စိတ်ထဲမှာ အရမ်းခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ မိန်းမတယောက်အနေနဲ့ ဒီလို နိုင်ငံရေးစိတ်ဓာတ် အရမ်းပြင်းပြတယ်ဆိုတာ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပါပဲ။ အမျိုးသမီးတွေအတွက်လည်း ရှေ့ဆောင်ပြနေပါတယ်။ ငါတို့နိုင်ငံမှာ ယောက်ျားမှမဟုတ်ဘူး၊အမျိုးသမီးတွေလည်း တိုက်ခိုက်ဖို့အတွက် အားအင်တခုဖြစ်လာတယ်။
“သမီးတို့လူငယ်တွေအနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ထဲမှာ ဂဃနဏ မသိရဘူး။ ဒီလို ပြည်ပကိုရောက်လာတဲ့အခါ ပိုပြီးတော့ ကိုယ့်နိုင်ငံသားထက် တခြား ပြည်ပနိုင်ငံက လူတွေကပါ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့သိပြီး အားပေးတော့ ကိုယ့်မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျနေရာကလွတ်အောင် ဘယ်လိုအားပေးကူညီ လုပ်ဆောင်ရမယ်ဆိုတာ သူ့အလိုလို သွေးထဲကနေ စကားပြောလာတယ်။ အဲဒီအတွက် သမီးတို့ပြည်ပက လူတွေအနေနဲ့ ပြည်တွင်းကလူတွေ လွတ်မြောက်အောင် တနည်းနည်းနဲ့ ကယ်တင်မယ်ဆိုပြီး စိတ်ထဲမှာဖြစ်လာပါတယ်။”
တိုက်တိုက်ဆိုင်ဆိုင်ပဲ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ သူ့လိုပဲ အကျဉ်းချခံထားရတဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရရဲ့ ၂၈ နှစ်မြောက်မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့အကြောင်း အခမ်းအနားကို ဦးစီးကျင်းပခဲ့တဲ့ US Campaign for Burma အဖွဲ့က ဂျနီဖာ ၀င်ဂလီကလည်း ပြောသွားခဲ့ပါတယ်။
မွေးနေ့တွေတော်တော်များများကို အကျဉ်းချခံပြီး ဖြတ်ကျော်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပျော်ရွှင်ဖို့မကောင်းတဲ့ မွေးနေ့ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပျော်ရွှင်ပါစေလို့ ဆုတောင်းကြမယ့်အစား ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေလို့ပဲ ဆန္ဒပြု ဆုတောင်းကြတာကို တွေ့ခဲ့ရပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်။ဇွန် ၁၈၊ ၂၀၀၈။

20 June 2008

မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတရပ်ကို ကျင်းပရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒီပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် ရက်စက်ရမ်းကားမှုတွေ ရှိနေတာကို အခုလို ဥပမာပေး ပြောသွားပါတယ်။
“ကျမတို့အားလုံး သိနေပြီးသားပါ။ ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ် မယုံနိုင်စရာ ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံကိုကြည့်ပါ၊ စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ အသက် ၈ နှစ်လောက်ပဲရှိတဲ့ မိန်းကလေးငယ်တွေကိုတောင်မှ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုတာတွေ မပြတ်ကျူးလွန်နေပါတယ်။”
ဒါ့အပြင် အခုလို ကမ္ဘာအနှံ့က လွတ်မြောက်ရေးတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ပြောကြမယ်၊ ဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေ့ထားလို့မရဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က အခုလို ပြောသွားပါတယ်။
“မြန်မာနိုင်ငံက ၀မ်းနည်းကြေကွဲစရာ အဖြစ်အပျက်တခုကိုလည်း ပြောရပါမယ်။ မြန်မာနိုင်ငံမှာ ရွေးချယ်ခံ အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရခေါင်းဆောင် ဖြစ်ရမယ့်အစား ဒီကနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာနေအိမ်မှာ အကျယ်ချုပ်ခံထားရပါတယ်။ အကြမ်းဖက်မှုတွေ ရှိနေတဲ့နေရာက လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အမျိုးသမီးလှုပ်ရှားသူ အခြေအနေကို ကျမတို့ ဆန်းစစ်ကြတဲ့နေရာမှာ ဒီအချက်ကိုလည်း မေ့ထားလို့မရပါဘူး။”
ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ အင်္ဂလန်နိုင်ငံက ကိုယ်စားလှယ်ဖြစ်တဲ့ ပက်ထရစ်ရှာ စကော့တ်လန် (PATRICIA SCOTLAND) ကလည်း အကြမ်းဖက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးထုရဲ့ အခြေအနေကိုလည်း သတိရစရာ ဖြစ်မိတယ်လို့ ပြောသွားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အကြောင်း နည်းနည်းပြောချင်ပါတယ်။ ဒီကနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နောက်ထပ် မွေးနေ့ ကျင်းပရပြန်ပါပြီ။ မြန်မာနိုင်ငံသားတွေဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်အစိုးရလက်အောက်မှာနစ်နာခံစားခဲ့ကြရပါတယ်။ ဒီကနေ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေကို အခု ပြောဆိုဆွေးနွေးကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတိရစရာ ဖြစ်လာပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရကြောင့်ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေ၊ ဖိနှိပ်မှုတွေမှာ ခါးစည်းခံကြရတဲ့ မြန်မာနိုင်ငံက သာမန်အမျိုးသမီးတွေကိုလည်း ကျမ သတိရမိပါတယ်။”
အခု ဒီဆွေးနွေးပွဲ ကျင်းပခဲ့တဲ့အချိန်မှာဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ချမှတ်နိုင်ခဲ့တာ ၈ နှစ်ပြည့်အချိန် ကျင်းပခဲ့တာပါ။ အခုလို ဒီဆုံးဖြတ်ချက်ချပြီး ၈ နှစ်အကြာ ကမ္ဘာအနှံ့ စစ်မက်ဖြစ်ပွားတဲ့နေရာတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို ပြန်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။ ဒီပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း တက်ရောက်ပြီး ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် ပိုပြီး အားစိုက်လုပ်ကြဖို့လိုတယ်လို့ ပြောဆိုသွားပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နအဖ အခြေခံဥပဒေ အခြေခံကောင်းမဟုတ်ဟု ဗြိတိန်၊ ပြင်သစ် ပြောကြား


နေသွင်
သောကြာနေ့၊ ဇွန်လ 20 2008 17:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နအဖ ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သော ဖြစ်စဉ် မဟုတ်သလို ဥပဒေ အသစ်ကလည်း မြန်မာပြည်၏ အနာဂတ် နိုင်ငံရေး အတွက် ကောင်းမွန်သော အခြေခံမဟုတ်ဟု ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် ၂ ဦးက သဘောထား ထုတ်ပြန်သည်။ယမန်နေ့က ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်ပြည့် မွေးနေ့နှင့် တိုက်ဆိုင်၍ ထုတ်ပြန်သော အိတ်ဖွင့်ပေးစာတွင် ဗြိတိသျှ ဝန်ကြီးချုပ် ဂျော်ဒန်ဘရောင်းနှင့် ပြင်သစ်သမတ နီကိုလက် ဆာကိုဇီတို့က ကမ္ဘာ့နိုင်ငံကြီး ၂ နိုင်ငံ၏ သဘောထားကို ထင်ဟပ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံမှ အကြီးအကဲများ၏ ပူးတွဲစာတွင် “ကျင်းပ ပြီးစီးသွားသော ဆန္ဒခံယူပွဲသည် ပြည်သူတို့၏ စစ်မှန်သော ဆန္ဒကို ထင်ဟပ်ရန် မှတ်ကျောက်ထင်ခံနိုင်မှု ကင်းမဲ့သဖြင့် ဖွဲ့စည်းပုံ အသစ်သည် မြန်မာပြည်၏ အနာဂတ် နိုင်ငံရေး တိုးတက်မှုတွင် ကောင်းမွန်သော အခြေခံတခု ဖြစ်လာမည်ဟု ကျွန်ုပ်တို့ မယုံကြည်” ဟု ဖော်ပြထားသည်။မြန်မာပြည်၏ လက်ရှိ အကျပ်အတည်းကို ပြေလည်နိုင်ရေးအတွက် စစ်အစိုးရေ ခါင်းဆောင်ပိုင်းနှင့် တွေ့ဆုံ ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်၏ အဆင်သင့်ဖြစ်မှုကို သူတို့က ကြိုဆိုသည်။ အကူအညီ အလုံအလောက် မရသော လေဘေး ဒုက္ခသည်များအတွက် အထူး စိုးရိမ်သည်ဟု ဖော်ပြသော စာတွင် အာဆီယံနှင့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်တို့၏ မြန်မာပြည်တွင် ဝင်ရောက် လုပ်ဆောင်မှုများကို ၂ နိုင်ငံလုံးက ကူညီရန် ဆုံးဖြတ်ထားသည်ဟုလည်း ပါရှိသည်။ပြင်သစ်နှင့် ဗြိတိန်သည် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သော သဘောင်္များကို မြန်မာပြည် ဆိုင်ကလုန်း ဒုက္ခသည်များကို ဝင်ရောက် ကယ်ဆယ်ရန် မြန်မာ့ ရေပိုင်နက် အနီးတွင် ရက်သတ္တပတ် အတန်ကြာ စောင့်ဆိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့သော နိုင်ငံများ ဖြစ်သည်။လွန်ခဲ့သော တလအတွင်းက မုန်တိုင်း ဒုက္ခသည်များ အရေးကို အလေးထား အာရုံစိုက်ခဲ့သော အင်အားကြီး ၂ နိုင်ငံ၏ မြန်မာပြည်နိုင်ငံရေး ထုတ်ဖော် ပြောဆိုမှုသည် ဆိုင်ကလုန်း နောက်ပိုင်း ရှားပါးသော တရားဝင် ပြောဆိုမှု ဖြစ်သည်။ပြီးခဲ့သော ရက်သတ္တပတ် အတွင်းက ကုလ လူ့အခွင့်အရေး စုံစမ်းရေးမှူးသစ် Tomas Qjea Quintana က သူ၏ ပထမဆုံး အစီရင်ခံစာတွင် ဆန္ဒခံယူပွဲသည် ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေ ဝေဝါးနေသည်ဟု ဖော်သားခဲ့သလို ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့မှ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် (Piero Fassino) က မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို မေ့ထားလို့မရဟု ထုတ်ပြောခဲ့သည်။အလားတူပင် အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Sean McCormack ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု စတင်ရန် စစ်အစိုးရကို တိုက်တွန်းခဲ့သေးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ စစ်အစိုးရက ၉၂ ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြုထားသော ဖွဲ့စည်းပုံသည် ဥပဒေကြောင်းအရ တရားဝင်မှု မရှိ ဟုဆိုကာ ပယ်ချထားသည်။ လွန်ခဲ့သော ၂ ရက်က ထုတ်ပြန်သော အဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ချက်တွင် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ခေါ်ရန် စစ်အစိုးရကို ထပ်မံ တောင်းဆိုထားသည်ကို တွေ့ရသည်။ထိုင်းနိုင်ငံတွင် အခြေစိုက်သော မြန်မာအရေး လေ့လာသူ ဦးအောင်နိုင်ဦးက “ဒီအတိုင်းပဲ ဆက်သွားရင်တော့ ပြဿနာက မဆုံးဘူးပေါ့ဗျာ” ဟု ပြောသည်။၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအလွန် မြန်မာပြည် နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ “နိုင်ငံတကာနဲ့ နောက်ထပ်လာမည့် အစိုးရ ဆက်ဆံရေး ဟာ လိပ်ခဲတည်းလည်း ဆက်ဖြစ်နေဦးမယ့် သဘောရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဖွဲ့စည်းပုံကို လက်ခံဖို့ အနေအထားမရှိဘူး။ ဖွဲ့စည်းပုံကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကို အားပေးမယ့် ပုံစံတွေ အများကြီး ရှိနေတော့” ဟု သူက ပြောသည်။သို့သော် ၂ဝ၁ဝ မတိုင်ခင်တွင် “ဘာတွေ ဖြစ်လာမလဲတော့ မသိဘူးပေါ့” ဟု သူက ဖြည့်စွက်ပြောသည်။စစ်အစိုးရသည် စစ်တပ်က ဗီတိုအာဏာရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပြီးနောက် မေလအတွင်း ဆန္ဒခံယူပွဲ ကျင်းပကာ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။ဖွဲ့စည်းပုံကို အတည်ပြုမှုသည် စစ်အစိုးရအတွက် အရေးကြီးသော လမ်းပြမြေပုံ၏ အဆင့် ၄ ဖြစ်ပြီး ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဘက် အစိုးရသို့ အာဏာ လွှဲပြောင်းပေးမည်ဟု ဆိုသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် နိုင်ငံတဝှမ်း အပြတ်အသတ် အနိုင်ရခဲ့သော အတိုက်အခံ အန်အယ်ဒီကိုမူ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် စစ်အစိုးရအာဘော် သတင်းစာများက တိုက်တွန်း ရေးသားလျက် ရှိသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စုအတွက် မွေးနေ့လက်ဆောင် ... ရွှေဝါရောင် လှိုင်းတပိုးများ


နေသန်မောင်
သောကြာနေ့၊ ဇွန်လ 20 2008 05:33 - မြန်မာစံတော်ချိန်

မနှစ်က ဆောင်းဦးရာသီမှာ မဇ္ဈိမအတွက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ချိန်က အဲဒီ ဆောင်းပါးက ကျနော့်ဘ၀အတွက် မှတ်မှတ်ရရနဲ့ တန်ဖိုးအရှိဆုံး ဖြစ်ခဲ့မယ်လို့ မတွေးမိခဲ့ပါဘူး။ သတင်းစာလောကကနေ အနားယူလိုက်ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ကျောင်းသားဘ၀နဲ့ နေထိုင်နေတဲ့ ကျနော့်ကို လွန်ခဲ့တဲ့ (၇) နှစ်ကျော်က ကမောဒီးယားမှာ စာနယ်ဇင်းသင်တန်း အတူတူ တက်ခဲ့ဖူးတဲ့ မိတ်ဆွေ မဇ္ဈိမ အယ်ဒီတာ ကိုစိန်ဝင်းက ဆောင်းပါးတပုဒ် ရေးပေးဖို့ ဖိအားပေးခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး သတင်းဌာနတွေအတွက် စာမရေးဖြစ်တာ (၃)နှစ်ကျော် ကြာနေတဲ့ ကျနော့်အတွက် ကိုစိန်ဝင်းက ထူးထူးခြားခြား အခွင့်အခါကောင်း တစ်ခုကို ဖန်တီးပေးခဲ့တာလို့ ဆိုရင် မမှားနိုင်ပါဘူး။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဲဒီအချိန်က ရန်ကုန်မြို့ပေါ်က လမ်းမတွေပေါ်မှာ ရဟန်းသံဃာတွေ ရာနဲ့ချီ ကြွချီပြီး မေတာသုတ်ကို မုန်သုန်ရဲ့ မိုးလေကြား နေရာအနှံ့ ရွတ်ဖတ်နေကြချိန်လည်း ဖြစ်ပါတယ်။ မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ သင်္ကန်းတွေကို ရုံပြီး ပြည်သူ့ဆန္ဒ ပြည့်ဝစေဖို့၊ တစ်နိုင်ငံလုံး မေတာတရားတော်တွေ ပျံ့နှံ့စေဖို့အတွက် ပင်ပန်းဆင်းရဲ ခံနေကြတဲ့ သံဃာတော်တွေရဲ့ ဦးဆောင် လှုပ်ရှားမှုဟာ ကျနော့်ဘ၀အတွက်ရော၊ မြန်မာနိုင်ငံ သမိုင်းအတွက်ပါ အထူးခြားဆုံး၊ ကြက်သီးဖြန်းဖြန်း ထရလောက်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။နေ့စဉ် မေတာသုတ်ရွတ် သရဇယ်တဲ့ လှုပ်ရှားမှုကြီးကို ရင်ခုန် စောင့်ကြည့်နေရင်းက နေအိမ်မှာ နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာတော်တွေ သူမရဲ့ အိမ်ရှေ့ ဥပဇာမှာ မလွတ်လပ်တဲ့ ဘ၀ရဲ့ လှိုင်းတပိုးအောက် မေတာတရားနဲ့အတူ စတင် ဆုံတွေ့ခဲ့ပါတယ်။ အဲဒီနေ့ဟာ စက်တင်ဘာ (၂၃)ရက်နေ့ပါ။ ကျနော်ဟာ ကျနော့် ဆောင်းပါးကို ရေးချဖို့ လုံလောက်တဲ့ ခွန်အားတွေ ရရှိသွားပြီလို့ ယုံကြည်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး အကြမ်းမဖက် လှုပ်ရှားမှုရဲ့ (၁၉)နှစ်တာ ရုန်းကန်မှု ကာလအတွင်း အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့တဲ့၊ မေတာတရားလွှမ်းတဲ့ ဒီလှုပ်ရှားမှုကြီးဟာ ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ ပြင်းပြတဲ့ ကနဦး လှိုင်းချက်တွေလို့ မှတ်ယူစရာ ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံ (ယခင် ဆိုဗီယက် ယူနီယံ လက်အောက်နိုင်ငံများ) တွေရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေရဲ့ ပုံရိပ်တွေက ကျနော့် ခေါင်းထဲမှာ နေရာဝင်ယူလာခဲ့ပါတယ်။သီတင်းနှစ်ပတ်ခန့် မတိုင်ခင်က ပခုက္ကူမြို့မှာ သံဃာတော်တွေကို စစ်အာဏာပိုင်တွေက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ သံဃာတော်တွေ ဦးဆောင်ပြီး အုပ်စိုးသူ လူတန်းစားရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ စတင်ဖို့၊ ခေတ်သစ် မော်ကွန်းထိုးဖို့ စတဲ့ စတဲ့ ရည်ရွယ်ချက်တွေ ပြည့်နှက်နေတဲ့ စက်တင်ဘာ လှုပ်ရှားမှုဟာ အုတ်တံတိုင်းကို မေတာတရားနဲ့ ၀င်ဆောင့်ကြတဲ့ ပွဲပါပဲ။ဂျော်ဂျီယာနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် နှင်းဆီနီ တော်လှန်ရေး၊ ယူကရိန်းနိုင်ငံရဲ့ ၂၀၀၄ခုနှစ် လိမော်ရောင် တော်လှန်ရေး၊ ကာဇက်စတန်နိုင်ငံရဲ့ ၂၀၀၅ခုနှစ် ကျူးလစ် တော်လှန်ရေးတွေဟာ နာမည်ကျော် ချက်သမတ နိုင်ငံရဲ့ ၁၉၈၉ “ကတ္တီပါ တော်လှန်ရေး” ရဲ့ နောက်ဆက်တွဲအဖြစ် ကွန်မြူနစ် အာဏာရှင် နိုင်ငံတွေကနေ ဒီမိုကရေစီ နိုင်ငံတော်တွေအဖြစ် ငြိမ်းချမ်းစွာ ကူးပြောင်းခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ကျနော့် ဦးနှောက်ထဲမှာ စွဲထင်နေပါတယ်။ ပန်းပွင့်တွေ၊ အရောင်တွေရဲ့ သင်္ကေတတွေနဲ့ လူထုလှုပ်ရှားမှုကို ကင်ပွန်းတပ်ဖို့ မြန်မာပြည်မှာ လိုနေပြီ ဆိုတဲ့အသိ ခေါင်းထဲ ရောက်လာတာနဲ့အတူ ကျနော်ဟာ ကျနော်ရဲ့ ဆောင်းပါးကို စတင် ရေးသားခဲ့ပါတယ်။အဲဒီ ဆောင်းပါးမှာ ကျနော် အခုလို ရေးသားခဲ့ပါတယ်။အရောင်နဲ့ ပန်းပွင့်သင်္ကေတ တော်လှန်ရေးတွေဟာ ကျောင်းသား လှုပ်ရှားမှုတွေ၊ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စနစ်တကျ အေးအေးချမ်းချမ်း နည်းလမ်းတွေ သုံးပြီး အာခံ တော်လှန်မှုတွေကနေ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ချက်သမတနိုင်ငံရဲ့ အောင်မြင်သော ကတ္တီပါ တော်လှန်ရေး ဖြစ်ပွါးပြီး ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားမှုဟာ ကွန်မြူနစ် အာဏာရှင်လ က်အောက်က မလွတ်မြောက်သေးတဲ့ ယခင် ဆိုဗီယက် နိုင်ငံထဲက ခွဲထွက်ခဲ့ကြတဲ့ နိုင်ငံတွေအတွက် အင်အားပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဂျော်ဂျီယာနိုင်ငံက “နှင်းဆီနီ တော်လှန်ရေး” ကြောင့် လာဘ်စားပြီး တိုင်းပြည် စီးပွါးရေး ကသောင်းကနင်း ဖြစ်အောင် လုပ်ခဲ့တဲ့ သမတ အီဒွတ် ရှီဗာနက်ဇီဟာ ရုရှအစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အတိုက်အခံ ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရပြီး ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ အတိုက်အခံ ခေါင်းဆောင်ကို ထောက်ခံအားပေးတဲ့ ပရိသတ်ကြီးဟာ လက်တွေထဲမှာ နှင်းဆီပန်းတွေကို ကိုင်ဆောင်ပြီး တည်ဆဲ သမတရဲ့ အာဏာကို အသိအမှတ် မပြုဘူးဆိုပြီး စတင်ခဲ့တဲ့ နှင်းဆီနီ တော်လှန်ရေးဟာ ငြိမ်းချမ်းစွာပဲ အောင်ပွဲခံခဲ့ပါတယ်။ နောက်တနှစ် အကြာမှာတော့ ယူကရိန်းနိုင်ငံမှာ ခြစားနေတဲ့ ရုရှလိုလားသူ သမတကို ဖြုတ်ချဖို့ ကြိုးစားတဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေရဲ့ လိမ္မော်ရောင် ဖဲကြိုးတွေ တပ်ဆင်ပြီး လိမ္မော်ရောင် တော်လှန်ရေး စတင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲအရေအတွက်နဲ့ ပတ်သက်ပြီး အကျပ်အတည်း ဖြစ်ခဲ့ရာက အတိုက်အခံ ခေါင်းဆောင် ဗစ်တာ ယူရှင်ကို အပြတ်အသတ် အောင်ပွဲရခဲ့ပါတယ်။၂၀၀၅ ခုနှစ်မှာတော့ ကာဂျစ်စတန်နိုင်ငံ သမတ အက်စကာ အကာရက်ဗ်ကို ဖြုတ်ချတဲ့ ကျူးလစ်ပန်း တော်လှန်ရေး ဖြစ်ပွါးခဲ့ပါတယ်။ အခြားသော အရောင် (သို့) ပန်းပွင့် တော်လှန်ရေးတွေ နည်းတူ ကျူးလစ်ပန်း တော်လှန်ရေးကြောင့် အာဏာရှင်သမတနဲ့ သူ့မိသားစုဟာ တိုင်းပြည်ကနေ ရုရှကို ထွက်ပြေးသွားခဲ့ပြီး သမတအဖြစ်က ပြုတ်ကျသွားခဲ့ပါတယ်။ တော်လှန်ရေးရဲ့ ခရီးအစတွေမှာတော့ ကာဂျစ်စတန်ရဲ့ လှုပ်ရှားမှုကို မီဒီယာ သမားတွေက ပန်းရောင် တော်လှန်ရေး၊ လီမွန် (သံပုရိုသီး) တော်လှန်ရေး၊ ပိုးသား တော်လှန်ရေး၊ နွေဦးပန်းပွင့် တော်လှန်ရေး အစရှိသဖြင့် အမည်နာမ တပ်ခဲ့ကြပေမယ့်လည်း ရာထူးက ဖြုတ်ချခံခဲ့ရသူ သမတကိုယ်တိုင်က သူ့ကို ဖယ်ရှားမယ့် အရေးအခင်းကို ကျူးလစ်ပန်း တော်လှန်ရေးလို့ ခေါ်ဝေါ်သမုတ်ခဲ့ပြီး အရောင်တော်လှန်ရေး မဆင်နွှဲဖို့ သတိပေးခဲ့ပါတယ်။ဒီမိုကရေစီကို အာသာပြင်းပြင်း ငတ်မွတ်နေတဲ့ ပြည်သူတွေရဲ့ ဖိနှိပ်မှု တော်လှန်ရေးကို ရွှေဝါရောင်လို့ တင်စားရတဲ့ အဓိက အကြောင်းကတော့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေ အားလုံးကို ကိုယ်စားပြုတဲ့ ဘာသာ သာသနာ၊ နုပျိုရဲဝံ့တဲ့ ရွှေဝါရောင် ခွပ်ဒေါင်း၊ ဆန်ရေစပါးပေါများ ကြွယ်ဝပြီး အကျပ်အတည်းက လွတ်မြောက်စေမယ့် နိုင်ငံအနှံ့က ရွှေဝါရောင် စပါးခင်းတွေ ပိုင်ဆိုင်ကြမယ့် သတိရှိတဲ့ နိုင်ငံသားတွေအဖြစ် ရောက်ရှိစေဖို့ တင်စား ခေါ်ဝေါ်ရခြင်းပါပဲ။ဒီဆောင်းပါးကို မဇ္ဈိမ သတင်းဌာနမှာ စက်တင်ဘာ ၂၃ ရက်စွဲနဲ့ ချက်ချင်းပဲ ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့တော့ (Yellow Revolution) ခေါင်းစဉ်နဲ့ ဧရာဝတီ သတင်းဌာနနဲ့ မဇ္ဈိမမှာပဲ ဆက်တိုက် ရေးသားခဲ့ပါတယ်။ နောက်နှစ်ရက် အကြာမှာ လန်ဒန်က တိုင်းမ်သတင်းစာက ရွှေဝါရောင် တော်လှန်ရေးကို အင်္ဂလိပ်လို (Saffron)လို့ စပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ စက်တင်ဘာ (၂၅)ရက်နေ့ ဗီအိုအေ မြန်မာပိုင်းနဲ့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံရုံး ယာယီတာဝန်ခံ ဖြစ်ခဲ့ဖူးသူ မစက် ကလပ်က ရွှေဝါရောင် တော်လှန်ရေးကို (Yellow Revolution) အဖြစ် သုံးနှုံးပါတယ်။အဲဒီ သတင်းပတ်ဟာ မြန်မာပြည်က သံဃာတော်တွေရဲ့ လှုပ်ရှားမှုကို လူထုနဲ့ ကျောင်းသားတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာပြီး လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေဟာ နေ့စဉ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေ ဖြစ်တဲ့ ဘော်စတွန် ဂလုပ်၊ ယူနိုက်တက် ပရပ်စ် အင်တာနေရှင်နယ်၊ ၀ါရှင်တန်ပို့စ် စတဲ့ သတင်းစာတွေအပြင် မြန်မာ့အရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင်နဲ့ အီကော်နော်မစ် မဂ္ဂဇင်းတွေက အင်္ဂလိပ် (Saffron) ရွှေဝါရောင် တော်လှန်ရေးလို့ စတင် သုံးစွဲခဲ့ကြပါတယ်။မြန်မာရေဒီယို အသံလွှင့် ဌာနတွေကတော့ ရွှေဝါရောင်ကို မသုံးကြသေးပါဘူး။ မဇ္ဈိမမှာ “ရွှေဝါရောင် တော်လှန်ရေး စပြီ” လို့ စက်တင်ဘာ (၂၄) မှာ ပထမဦးဆုံး ဖော်ပြပြီးနောက် အောက်တိုဘာ(၁) ရက်နေ့မှာ ခေတ်ပြိုင်၊ (၂) ရက်နေ့မှာ ဆရာ မောင်စွမ်းရည်က မိုးမခမှာနဲ့ အောက်တိုဘာ (၄) ရက်နေ့မှာ ဘီဘီစီ မြန်မာပိုင်းက “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စလို့ စက်တင်ဘာ လှုပ်ရှားမှုဟာ ရွှေဝါရောင် အရေးတော်ပုံအဖြစ် မြန်မာပြည်သူတွေက လက်ခံခဲ့ကြပါတယ်။ အင်္ဂလိပ်လို (Yellow) နဲ့ (Saffron) အမည်ကွဲပေမယ့် အဓိပ္ပယ်အားဖြင့်တော့ အ၀ါရောင်နဲ့ အ၀ါရောင် ရင့်ရင့်တွေပဲဖြစ်လို့ မြန်မာလို ရွှေဝါရောင်က အင်မတန် သင့်တော်တဲ့ စကားလုံး ဖြစ်ခဲ့ပါတယ်။ထိုင်းက မိတ်ဆွေတစ်ယောက်က ဒီအသုံးအနှုံးနဲ့ ပတ်သက်ပြီး ... တရုတ်အစိုးရက မြန်မာတွေ ရွှေဝါရောင် တော်လှန်ရေးလို့ ကင်ပွန်းတပ်တဲ့အပေါ် အတော့်ကို စိုးရိမ်မကင်း ရှိတယ်လို့ ဆိုပါတယ်။ မဟာ ယဉ်ကျေးမှု တော်လှန်းရေး ဒါဏ်ရဲ့ အနာတရတွေ၊ အိပ်မက်ဆိုးတွေ ကင်းကင်း မပျောက်သေးတဲ့ အချိန်မှာ သူတို့ရဲ့ နောက်ဖေးပေါက်က ဒီမိုကရေစီရေး တော်လှန်မှုအပေါ် တရုတ်တို့ စိုးရိမ်မှုက အံ့သြစရာ မရှိပါဘူး။ အရောင်နဲ့ ပန်းပွင့် သင်္ကေတတို့ရဲ့ တော်လှန်ရေးတွေဟာ သူနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့ပြီး ကွန်မြူနစ် အစိုးရတွေ ဖယ်ရှားခံရတဲ့ သာဓကတွေကြောင့် တရုတ်တို့ စိုးရိမ်တာက သဘာဝ ကျပါတယ်။ ဒါပေမယ့် တရုတ် အစိုးရဟာ မြန်မာပြည်ရဲ့ သဘောသဘာဝ အပေါ် ရှင်းရှင်း မမြင်နိုင်သေးတာက အတော်ဆိုးရွားတဲ့ ကိစ္စတရပ်ပါပဲ။ဒီအချိန်ဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ မအောင်မြင်သေးတဲ့ ရည်မှန်းချက်တွေအတွက် ခရီးဆက်နေရသေးတဲ့ အချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီ ပန်းတိုင်ကို မလှမ်းနိုင်ဘဲ အစမှာတင် အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် လှုပ်ရှားမှုတွေ ရပ်တန့်သွားတာမို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ရဲရဲ မခေါ်ချင်ကြသူတွေလည်း ရှိပါတယ်။ တော်လှန်ရေးဆိုတာ အောင်ပွဲရမှ ခေါ်ကြတဲ့အမျိုး ဆိုတော့ မသုံးချင်ကြတာလည်း ပါပါတယ်။ ဒီနေရာမှာ သေသေချာချာ နားလည် သဘောပေါက်သင့်တဲ့ အချက်က မြန်မာပြည်မှာ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ တန်းတူ ညီမျှရေးတွေနဲ့ ခေတ်သစ်တည်ဖို့အတွက် လူတိုင်းဟာ ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့၊ ကိုယ်နဲ့ သဘောထားမတူတဲ့ သူတွေအပေါ် ရန်သူလို့ မမြင်ဘဲ မေတာတရားနဲ့ အောင်နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကြီးကို အောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့ပြီ ဆိုတာပါပဲ။ရှင်းရှင်းပြောရရင် မန်ဒဲလားလမ်းစဉ်၊ ဂန္ဒီကြီး လမ်းစဉ်တွေလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီဆိုင်ရာ အပြောင်းအလဲများ ငြိမ်းချမ်းသော နည်းနဲ့ ဖြစ်ထွန်းရေးဆိုတဲ့ အတွေးအခေါ်ကို နိုင်ငံရေး လှုပ်ရှားသူတွေ ကြားထဲမှာသာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ နှလုံးသားတဲ့၊ အသိတရားထဲကို မှတ်ကျောက်တင်ခဲ့တဲ့ ဖြစ်ရပ်မို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ရတာ ကျနော်တို့တွေ အားလုံးအတွက် မဟာ အောင်မြင်မှုကြီး တစ်ရပ်ပါပဲ။ကျနော်တို့တွေဟာ ဒီမိုကရေစီရေး ရုန်းကန်မှု ခရီးရှည်ကြီးအတွက် အနှစ်(၂၀) ကြာ ဖြတ်သန်း ခဲ့ကြပြီးပါပြီ။ ကျနော်တို့ ခရီးပေါက်ခဲ့ကြပါပြီ။ အဲဒီ အနှစ်(၂၀)အတွင်းမှာ ကျနော်တို့တွေဟာ ဖြတ်သန်းမှု ပုံသဏ္ဍာန်တွေ အဖုံဖုံနဲ့ အတွေ့အကြုံတွေ များစွာကို သင်ယူရင်း ပန်းတိုင်ဆီကို လှမ်းလျှောက်နေကြဆဲပါ။ ဒီမိုကရေစီ နိုင်ငံတော်ကို ကျနော်တို့ မျက်ရည်တွေ၊ ချွေးတွေနဲ့ အရင်းခံပြီး မေတာတရားနဲ့ အသိပညာနဲ့ တည်ဆောက်မယ် ဆိုတဲ့ ယုံကြည်မှုဟာ တစ်နေ့တစ်ခြား ခိုင်မာလာခဲ့ပါတယ်။ဒါဟာ မြန်မာပြည်သူတွေ ပြည်သားတွေအားလုံး ကျနော်တို့ လေးစားချစ်ခင်တဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်း စုကြည်အတွက် ပြန်ပေးနိုင်တဲ့ တစ်ခုတည်းသော မွေးနေ့ လက်ဆောင်ပါပဲ။ ဒေါ်စုအတွက် ကျနော်တို့ အားလုံး ထွန်းညှိပေးနိုင်ကြတဲ့ တစ်ခုတည်းသော မွေးနေ့ ဖယောင်းတိုင်ဟာ ကျနော်တို့ အားလုံးရဲ့ သစ္စာတရားပါပဲ။ သူမဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ ပြယုဂ်ဆိုရင် ကျနော်တို့တွေဟာ ရွှေဝါရောင် မီးတောက်တွေ ဖြစ်ရပါမယ်။ ဒါမှာ အနာဂတ်ဟာ ထိန်ထိန်ညီးနေမှာ မဟုတ်ပါလား။

နေသန်မောင်
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီချုပ် အစည်းအဝေးလုပ်စဉ် အာဏာပိုင်များ အင်အားပြ စောင့်ကြည့်


ဖနိဒါ၊ မြင့်မောင်
သောကြာနေ့၊ ဇွန်လ 20 2008 17:23 - မြန်မာစံတော်ချိန်

ချင်းမိုင်-နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ အစည်းအဝေး လုပ်နေစဉ် အနီး ပတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားပြကာ အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အတိုက်အခံ နိုင်ငံရေးပါတီ၏ လူငယ်အဖွဲ့ဝင်များ ပုံမှန် အစည်းအဝေးလုပ်ရာ စွမ်းအားရှင်၊ လုံထိန်း၊ ထောက်လှမ်းရေးများသည် အချုပ်ကားတစီးပါ အသင့် ခေါ်ဆောင်ထားကာ ယနေ့ နံနက်ကတည်းက ရောက်ရှိ စောင့်ဆိုင်းနေသည်။အဖွဲ့ချုပ် လူငယ်နှင့် သတင်း ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ရုံးနဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျောက်ဆည် ဓမ္မာရုံမှာ စွမ်းအားရှင်ကား ၈ စီး ရှိတယ်။ စွမ်းအားရှင်တွေက အဲဒီထဲမှာ ထိုင်နေကြတယ်။ ရေတာရှည် လမ်းဟောင်းရဲ့ တဘက်မှာ၊ ယုဇနစင်တာ ခြံဝန်းထဲမှာက စွမ်းအားရှင် ဒိုင်နာကား ၅ စီးနဲ့ အင်အား ၂ဝဝ လောက် ထိုင်နေတာ ရှိတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း မြို့နယ် ၃ဝ မှ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များသည် ၆ လပတ် အစည်းအဝေး ကျင်းပကာ ပြီးခဲ့သည့်လတွင် အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ပါတီ ပြန်ကြားရေးဌာနက ပြောသည်။အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ဝင် လူငယ်တဦးက “လူငယ်အကုန်လုံး တက်ရောက်တဲ့အတွက် အဲဒီ အပေါ်မှာ စိုးရိမ်စိတ်ဝင်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ထောက်လှမ်းရေးများက အစည်းအဝေး တက်ရောက်သော လူငယ်များ၏ အမည်များကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက် အရလည်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်


နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 15:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အန်အယ်ဒီ ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် ပါတီ ခေါင်းဆောင်၏ မွေးနေ့ အခမ်းအနား ပြီးဆုံးသွားသော်လည်း လုံခြုံရေးကိုမူ ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်သည်။နံနက်ပိုင်းက ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အင်အား ၁ဝဝဝ ခန့် ချထားစဉ် ကြံ့ဖွံ့များက ပါတီရုံးဝင်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ သံဃာတော် တပါးနှင့် ပါတီဝင် ၃ ဦးကို ဝင်ရောက် ဖမ်းဆီးပြီးနောက် အခမ်းအနား ဆက်လက် ကျင်းပရာ နေ့လယ် ၂ နာရီတွင် ပြီးဆုံးခဲ့ သော်လည်း အာဏာပိုင်များဘက်က လုံခြုံရေးကို ဆက်ချထားဆဲပင် ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး အခြေအနေက သူတို့ဘက်က မလျှော့ဘူး။ တထောင်ကျော်တော့ ရှိမယ်။ ကြံ့ဖွတ်တွေရော၊ စွမ်းအားရှင် တွေရော၊ ရဲတွေရော။ အုတ်လမ်းဘက်၊ ရွှေတိဂုံဘက်မှာ ပိုဆိုးတယ်။ အဲဒီမှာ ပြည်ထဲရေးဌာန ဓမ္မာရုံ ရှိတယ်။ အဲဒီမှာ လုံထိန်း အကြမ်းဖက် နှိမ်နင်းရေးတပ်တွေ တပ်စွဲထားတယ်။ ဒိုင်နာကားက ၁ဝ စီး ကျော်တယ်။ ကျန်တဲ့ ကားကြီးတွေတော့ ရွှေတိဂုံ ဘုရားဘက်မှာ ဖျောက်ထား တယ်” ဟု ပြောသည်။ ထိပ်တိုက်တွေ့မှု ဖြစ်မည် စိုးရိမ်သဖြင့် အဖွဲ့ချုပ်ရုံးဝင်းကိုမူ ခေတ္တ ပိတ်ခဲ့ရသေးသည်။ရန်ကုန်မြို့ရှိ ထင်ရှားသော နေရာများဖြစ်သော မြို့တော်ခမ်းမ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ လှည်းတန်းဘက်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည်ဟု မြို့ခံတဦးက ပြောသည်။“လူတွေက သုံးယောက်တွဲနေပြီး စောင့်ကြည့်ကြတယ်။ ရဲကားတန်းရှည်လည်း ကင်းပတ်နေတယ်။ လူထုကို ခြောက်ပြတဲ့ သဘောပါ။ ဒေါ်စု အိမ်ရှေ့လမ်းကိုလည်း အင်အား ဖြည့်ထားတယ်” ဟု အဆိုပါ မျက်မြင်တဦးက ပြောသည်။ မြို့အနှံ့တွင် ဒိုင်း၊ ဒုတ် ကိုင်ထားသော ရဲသား ၃ဝ ခန့်ပါသော ကားများလည်း လှည့်နေပြီး ကုန်သည်ကြီးများ ဟိုတယ် တဝိုက်တွင် အရပ်ဝတ်များ စောင့်ကြည့်နေသည်ဟု အဆိုပါ မြို့ခံက ဆိုသည်။ယနေ့ နံနက်ပိုင်းက အဖွဲ့ရုံးဝင်း အတွင်းသို့ စွမ်းအားရှင်များ ဝင်ရောက်ကာ ရုံးလုံခြုံရေး ယူထားသော လူငယ်များကို ဖမ်းဆီးခဲ့သေးသည်။မနက်က အဖွဲ့ချုပ်ရုံးအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မျက်မြင်သက်သေ တဦးက “ဝင်ဆွဲသွားတယ်။ ရုံးရှေ့မှာ၊ ကားတွေ အတင်းထိုးရပ်ပြီးတော့ ဒိုင်နာကားတွေ၊ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုမွန်ကောင်း တောင်းတဲ့ လူတွေကို အတင်းဆွဲသွားတာ၊ တချို့ မြို့နယ်က လူတွေက ကြောက်အားလန့်အားနဲ့ ရုံးထဲ ဝင်ပြေးကြတာပေါ့။ ရုံးမှာ အမြဲတမ်း လုပ်နေတဲ့ လူငယ်တွေက လုံခြုံရေးတာဝန် ယူထားတော့ သူတို့ကို ဆွဲတင်သွားတယ်” ဟု ပြောသည်။ပရိသတ် ၇ဝဝ ခန့် တက်ရောက်သော အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသား မိသားစုများမှ ကလေးငယ်များအတွက် ပညာသင် ထောက်ပံ့ကြေး ပေးသည့် အစီအစဉ်တခု ပြုလုပ်ခဲ့သည်။ ကျောင်းသားအရွယ် ကလေးငယ် ၇၄ ဦးကို တဦးလျှင် ငွေကျပ် ၃ သောင်းနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့သည်။မွေးနေ့ ဆွမ်းကပ်လှူမည့် ပန္နိတရာမ ကျောင်းတိုက် (ရွှေတောင်ကုန်း သာသနာ့ရိပ်သာ) မှ သံဃာ ၅ ပါးကို ဆွမ်းကပ်လှူမည့် အစီအစဉ်မှာ ဆွမ်းချိန် နှောင်းသွားသဖြင့် အထမမြောက်တော့ပါ။ သံဃာတော်များကို ဆွမ်းစား မကြွရောက်ရန် အာဏာပိုင်များက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အဖြစ် အန်န်အယ်လ်ဒီရုံးချုပ်ရှေ့တွင် သံဃာတော်များအား ဆွမ်းလောင်းလှူနေစဉ်။ဇွန် ၁၉၊ ၂၀၀၈။

19 June 2008
ဒီကနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၆၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်အန်န်အယ်လ်ဒီရုံးရှေ့မှာအန်န်အယ်လ်ဒီအဖွဲ့ဝင်တချို့ ငှက်လွှတ်ပြီး ဆုတောင်းခဲ့ကြတဲ့အချိန် အရပ်ဝတ်နဲ့လူတွေ ကားတွေနဲ့ရောက်လာပြီး အတင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့အတွက် အန်န်အယ်လ်ဒီအဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပါတယ်။ ဒီနေ့အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဆွမ်းကပ်လှူဖို့ သံဃာတော်တွေကို စီစဉ်ခဲ့ပေမယ့် အာဏာပိုင်တွေက သံဃာတော်တွေ မကြွရဘူးလို့လည်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့်မွေးနေ့ကို အခမ်းအနားကြီးတခုအနေနဲ့ လုပ်တာမဟုတ်ဘဲ ကုသိုလ်ကောင်းမှု တခုအနေနဲ့သာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အာဏာပိုင်တွေကတော့ ဒီကုသိုလ်ကောင်းမှုပြုတာကိုပဲ ဟန့်တားခဲ့တယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့က အခမ်းအနားမဟုတ်ဘူး။ မွေးနေ့ကို အလှူဒါနပြုတယ်၊ ကုသိုလ်ကောင်းမှု ပြုပေးတာပါ။ မနက်ပိုင်းက ကျနော်တို့ တန်းဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ သီလရှင်တွေရော ကြွရောက်တာတွေကို ရုံးရှေ့မှာလောင်းပါတယ်။ နေ့ခင်းကတော့ သံဃာငါးပါးပင့်ပြီး ဆွမ်းကြွေးဖို့ အစီအစဉ် လုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်ကို သက်ဆိုင်ရာတွေက သံဃာတော်တွေ မကြွနိုင်အောင် တားထားတဲ့အတွက် ရုံးမှာ ဆွမ်းကြွေးတာကိုတော့ မလုပ်ဖြစ်ပါဘူး။”
ဒါ့အပြင် အန်န်အယ်လ်ဒီရုံးချုပ် တည်ရှိရာ ဗဟန်းမြို့နယ်၊ ရွှေတိဂုံတိုင်လမ်း ပတ်ဝန်းကျင်တလျှောက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။
“ရုံးပတ်ဝန်းကျင်မှာလည်း အကြီးအကျယ် လုံခြုံရေးချထားတယ်။ လုံထိန်းက လက်နက်အပြည့်အစုံနဲ့ အများကြီးပဲ။ အရပ်ဝတ်တွေနဲ့လည်း အများကြီးပဲ။ အဖွဲ့ချုပ်က ကုသိုလ်ကောင်းမှုပြုတာကို အဲဒီလိုလုပ်နေတဲ့အတွက် ဒါလေး ပြောချင်တာပါ။”
သံဃာတော်တွေက ရုံးချုပ်ကို ကြွမလာနိုင်ကြတဲ့အတွက် ဘုန်းတော်ကြီးကျောင်းတွေဆီကိုပဲ လှူဘွယ်ဆွမ်းဟင်းတွေ ပေးပို့ကပ်လှူခဲ့ရတယ်လို့ အန်န်အယ်လ်ဒီ ဗဟို သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ အဲဒီနောက် ရုံးရှေ့မှာဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်ပြီးခါစအချိန်လေးမှာပဲ ဒေါက်တာဝင်းနိုင်က ပြောပြခဲ့ပါတယ်။
“ရှေ့မှာ ကျနော်တို့ အခမ်းအနားပေါ့၊ ငှက်တွေဘာတွေလွှတ်တယ်။ လွှတ်တဲ့အချိန်မှာ ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေ ဒိုင်နာကား ဆယ်စီးလောက်နဲ့ ကျနော်တို့ရုံး ပလက်ဖောင်းပေါ်ကို တက်ပြီးတော့ ၀င်ဆွဲလို့ နှစ်ယောက်ပါသွားတယ်။ ကျနော်တို့ဘက်ကတော့ ရုံးအ၀မှာပဲ လုံခြုံရေးချထားတယ်။ အဲဒီအထဲကကို ကင်မရာမင်း ကိုထွန်းမြင့်၊ ဗဟန်းမြို့နယ် အတွင်းရေးမှူးကို ဘေးနားက ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ဆင်းလာပြီး အုပ်စုနဲ့ ၀ိုင်းဆွဲတင်သွားတယ်။ ဒီမှာတော့ အခု ရုတ်ရုတ်သဲသဲ ဖြစ်နေတာပေါ့။”
အဲဒီအဖြစ်အပျက်အတွင်း ကိုယ်တိုင်ရှိနေခဲ့တဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင် လူငယ်တဦးကလည်း အခုလိုပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ တောင်းဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းပွဲတွေလုပ်တယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ရုံးရှေ့ကို ဒိုင်နာကားငါးစီးနဲ့ စွမ်းအားရှင်တွေ ရောက်လာတယ်။ ကားတစီးမှာ လူအနည်းဆုံး ၆၀၊ ၇၀ လောက်ပါတယ်။ စုစုပေါင်း ၃၀၀ လောက်ရှိတာပေါ့။ ကျနော်တို့ ဗဟန်းမြို့နယ်က ကိုထွန်းမြင့်ကို ဖမ်းသွားတယ်။ နောက် အင်းစိန်မြို့နယ်က ကိုဟန်ရှိန်ကို ဖမ်းသွားတယ်။ကျနော်တို့ဆီက ရဟန်းတပါးကို ကားပေါ်တင်ပြီး ဖမ်းသွားတယ်။ နောက် အမျိုးသမီးတဦးနဲ့ အားလုံး လေးဦးဖမ်းသွားတယ်။”
ဗွီအိုအေက ထပ်ပြီး ဆက်သွယ်မေးမြန်းတာတွေအရ အဖမ်းခံရသူပေါင်းဟာ လေးဦးထက်မနည်း ရှိပါတယ်။ အဲဒီထဲမှာ လှိုင်သာယာမြို့နယ် အန်န်အယ်လ်ဒီဥက္ကဋ္ဌ ဦးလှအေး၊ ဓာတ်ပုံမှတ်တမ်းတင်နေသူ ဗဟန်းမြို့နယ် အန်န်အယ်လ်ဒီ အတွင်းရေးမှူး ကိုထွန်းမြင့်၊မင်္ဂလာဒုံမြို့နယ် အန်န်အယ်လ်ဒီအဖွဲ့ဝင် ကိုမောင်မောင်ရှိန်နဲ့ အမည်မသိ သံဃာတော်တပါးလည်း ပါဝင်တယ်လို့ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောပြခဲ့ပါတယ်။
အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေက ဆူဆူပူပူ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဘာမှလုပ်ဆောင်တာ မရှိဘဲနဲ့ကို အခုလို အရပ်ဝတ်နဲ့လူတွေက ၀င်ဖမ်းခဲ့ကြတာပါလို့ ဒေါက်တာဝင်းနိုင်က ဆိုပါတယ်။
“ကျနော်တို့ကတော့ ကျနော်တို့လူတွေကို ရုန်းရင်းဆန်ခတ်မဖြစ်အောင် ထိန်းသိမ်းတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးချင်တဲ့အခါကျတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကြီးက သေးသိမ် မှေးမှိန်ပြီးတော့ ကျနော်တို့ဘက်မှာလည်း အများကြီး ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့လူတွေကို ထိန်းသိမ်းတယ်။ ဘာမှ မပြောဘူး၊ မဆိုဘူး၊ လုံခြုံရေးတွေ ကျနော်တို့ရှေ့မှာလူငယ်တွေ ချထားတယ်။”
အခုလို သက်ဆိုင်ရာ တာဝန်ရှိသူ အာဏာပိုင်တွေက ဖမ်းဆီးတာမျိုးမဟုတ်ဘဲ အရပ်ဝတ် ၀တ်ထားတဲ့ အရပ်သားတွေက ဖမ်းဆီးတာမျိုးဟာ ဥပဒေကြောင်းအရ ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေါက်တာဝင်းနိုင်က ရှုတ်ချလိုက်ပါတယ်။ ဒါပေမယ့် အန်န်အယ်လ်ဒီဘက်ကတော့ ဥပဒေကြောင်းအရပဲ ဆက်လုပ်သွားပါမယ်လို့ ပြောပါတယ်။
“ကျနော်တို့ဘက်ကတော့ ဥပဒေကြောင်းအရပဲ သက်ဆိုင်ရာကို မေးရမြန်းရမှာပေါ့။ သူတို့ကို ဘယ်ခေါ်သွားတယ်။ ဘယ်သူတွေ ခေါ်သွားတယ်၊ စသဖြင့်ပေါ့။ ဒါလည်း ဒီလိုစွမ်းအားရှင်တွေက ၀င်ရောက် ဖမ်းပိုင် ဆီးပိုင်ခွင့်ဆိုတာ ဥပဒေအရ မရှိဘူး။ ဒါဟာ တမင်တကာ ရုန်းရင်းဆန်ခတ်မှုကို ဖန်တီးတယ်လို့ပဲ ကျနော်တို့ကတော့ သုံးသပ်တယ်။လက်ရှိအားဖြင့် လုံခြုံရေးအဖွဲ့အစည်းတွေမှ မဟုတ်တာ။ စစ်တပ်တို့၊ ရဲတို့၊ လုံထိန်းတို့၊ အက်စ်ဘီတို့ ဒီလိုအဖွဲ့အစည်းတွေမှ မဟုတ်တာ။ သူတို့က အရပ်ဖက်အဖွဲ့အစည်းတွေပဲ။သူတို့အနေနဲ့ အရပ်ဖက် ဖွဲ့ထားတဲ့ လူမှုရေးအဖွဲ့တွေလို့ နာမည်ခံထားတဲ့ အဖွဲ့တွေပဲ။ ဒီကိစ္စမှာ သူတို့အနေနဲ့ လူတွေကိုဝင်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်ဖို့ ဘာမှအကြောင်းမရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။”အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ်၊ မေလ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ပြီးကတည်းက နေအိမ်မှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတာကြောင့် အခုကာလအတွင်း မွေးနေ့ပေါင်း ၆ ခုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီးပါပြီ။ သူ့ကိုလွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ၀ိုင်းဝန်းတောင်းဆိုတာတွေ ဆက်လက်ထွက်ပေါ်နေဆဲပါ။ ဒါပေမယ့် မြန်မာအစိုးရကတော့ ဒီတောင်းဆိုမှုတွေအားလုံးကို မျက်ကွယ်ပြုပြီးပြီးခဲ့တဲ့လကုန်ကပဲ နောက်ထပ် အကျယ်ချုပ်သက်တမ်းတနှစ် ထပ်တိုးခဲ့ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ

ပြင်သစ်သမ္မတ နစ်ကိုလပ်စ်ဆာကိုဇီ (၀ဲ) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း။

19 June 2008

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း (Gordon Brown) နဲ့ ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိနဲ့ မြန်မာပြည်သူတွေအတွက် အနစ်နာခံ စွန့်လွှတ်မှုတွေအတွက် ချီးကျူးတဲ့အကြောင်း အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ ပေးပို့ခဲ့ကြပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ချစ်ခင်လေးစားရသော အောင်ဆန်းစုကြည်လို့ နွေးနွေးထွေးထွေး ခေါ်ဝေါ်သုံးနှုန်းထားတဲ့ ဒီအိတ်ဖွင့်ပေးစာထဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားတောက်ပြောင်တဲ့ သူရသတ္တိနဲ့ လူထုအတွက် အနစ်နာခံမှုတွေကို ချီးကျူးထားကြတဲ့အပြင် သူ့ကိုလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်လည်း စစ်အစိုးရကို တောင်းဆိုထားကြပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲဟာ ယုံကြည်ကိုးစားဖွယ် လုံးဝမရှိဘူးလို့ ဆိုထားပါတယ်။
အရပ်သားအတိုက်အခံတွေ၊ တိုင်းရင်းသားအုပ်စုတွေရဲ့ ဘက်ပေါင်းစုံ ကိုယ်စားလှယ်တွေပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တရပ်ကို အချိန်မဆွဲဘဲ စတင်ပြုလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအနေအထားဟာ ကျေနပ်စရာလည်း မရှိသလို တာရှည်တည်တံ့နိုင်မှာလည်း မဟုတ်တဲ့အတွက် သတ္တိရှိရှိ စတင်ဆောင်ရွက်ဖို့နဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တယ်လို့လည်း ဆက်ပြောထားပါတယ်။
လေဘေးကိစ္စမှာလည်း လေဘေးသင့်ဒေသတွေဆီ အကူအညီပေးပို့ရေးကို စစ်အာဏာပိုင်တွေက အဆောတလျင် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ ဖော်ပြထားပါတယ်။ ကယ်ဆယ်ကူညီရေး အဖွဲ့တွေရဲ့ ကြိုးပမ်းမှုဟာ အားတက်စရာကောင်းပြီး လတ်တလော ကယ်ဆယ်ရေးနဲ့ ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ကူညီသွားမယ်လို့လည်း ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင် နှစ်ဦးတို့က တာဝန်ယူ ပြောကြားထားကြပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီချုပ် ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ပြီး လူ ၄ ဦး ဖမ်းဆီး


နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 13:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ရောက်စီးနင်းကာ သံဃာတပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးကို ဖမ်းဆီးသွားသည်။ ပြီးခဲ့သည့် နာရီပိုင်းက စွမ်းအားရှင်များသည် တားဆီးနေသည့် ကြားကပင် အခမ်းအနား ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ဝင် ၇ဝဝ ခန့်ရှိရာ ရုံးဝင်းအတွင်း ဝင်ရောက်ကာ အခမ်းအနား တက်ရောက်သူများထဲက သံဃာတော်တပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဆွမ်းလောင်းပြီးတော့ ငှက်တွေ လွှတ်တယ်။ လူတွေက အော်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့။ အဲဒါ စွမ်းအားရှင်တွေ ရောက်လာတယ်။ ၄ ယောက်လောက်တော့ ပါသွားတယ်။ ဦးထွန်းမြင့်၊ ဘုန်းဘုန်းတပါးရယ်၊ နောက် ၂ ယောက်ရယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။ အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး ချထားတယ်။ ဝင်ဖမ်းမှာ စိုးလို့။ ဝင်ဖမ်းတာဗျ။ စွမ်းအားရှင်ကားတွေနဲ့ ရုံးအရှေ့မှာ ရပ်လိုက်ပြီးတော့ ဝင်ဖမ်းတယ်။ အခု အရင်နေတဲ့ ရွှေတိဂုံဘုရားဘက်ကို သွားတဲ့ကွေ့မှာ ပြန်ရပ်နေတယ်။ ထောက်လှမ်းရေးတွေလည်း သူ့နေရာမှ ပြန်နေနေ ကြတယ်” ဟု ပြောသည်။ ရုံးအနီးတွင် လက်နက်ကိုင် လုံထိန်းတပ်သား၊ ရဲနှင့် ကြံ့ဖွံ့ စုစုပေါင်း ဦးရေ ၁ဝဝဝ ခန့် လုံခြုံရေး ချထားသည်။“အားလုံးပေါင်း ၁ ထောင်လောက် ရှိတယ်။ ဒိုင်နာတွေနဲ့ဆို ၅-၇ ကားရှိတယ်။ ရဲကားတွေလည်း အများကြီး” ဟု အဖွဲ့ချုပ် လူငယ်က ပြောသည်။ ဦးဉာဏ်ဝင်းကလည်း “မနက်က ဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ မယ်သီလရှင်တွေရော ဆွမ်းလောင်းပါတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။ လက်နက်ကိုင် လုံထိန်းကား ၄-၅-၆ စီး ရှိတယ်။ အရပ်ဝတ်နဲ့ လူတွေလည်း အများကြီး ချထား ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။နံနက်ပိုင်းတွင် သံဃာနှင့် သီလရှင် ၂ဝဝ ကျော်ကို ဆွမ်းကပ် လှူပြီးကတည်းက အာဏာပိုင်များနှင့် အန်အယ်ဒီ အဖွဲ့ဝင်များအကြား ထိပ်တိုက် တွေ့မှုများဖြစ်နေပြီး ယခု သတင်းပေးပို့ချိန်အထိ အဖွဲ့ရုံးကို ယာယီ ပိတ်ထားရသည်။ အဖွဲ့ချုပ် လူငယ်တဦးက “အခု ရုံးတွေပိတ်ထားရတယ်။ ခဏ။ ဆွမ်းကျွေးဖို့ ရှိတယ်။ ဘုန်းဘုန်းတွေကို အင်္ဂါနေ့တိုင်း ဆွမ်းလောင်းတာတွေ ဘာတွေ လုပ်ပြီးသွားပြီ။ ဆွမ်းကျွေးမလို့၊ မကျွေးရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။ မဇ္ဈိမက နောက်ဆုံး ဆက်သွယ်သည့် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအထိ အာဏာပိုင်များနှင့် အန်အယ်ဒီ လူကြီးများ အကြားတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။မွေးနေ့ အထိမ်းအမှတ်အဖြစ် ၁ဝ နာရီခွဲ - ၁၁ နာရီခန့်တွင် သံဃာ ၅ ပါးကို နေ့ဆွမ်းကပ်ရန် ဖိတ်ကြားထားသော်လည်း အာဏာပိုင်များက တားမြစ်သဖြင့် မကြွရောက်နိုင်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စုမွေးနေ့ မြို့နယ်အချို့တွင် ကျင်းပ


မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 19 2008 18:30 - မြန်မာစံတော်ချိန

မကွေးတိုင်း၊ အောင်လံမြို့(အန်အယ်ဒီလူငယ်တဦး) – “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မေတ္တာပို့တယ်။ သံဃာ ဆွမ်းလောင်းတယ်။ ၆၃ နှစ်ဆိုတော့ မြို့ထဲမှာ ကြွနေတဲ့ သံဃာ တဇွန်းပေါ့နော်၊ ဆွမ်းလောင်းပေးတယ်။ သံဃာတွေက ၇ဝ လောက် ရှိမယ်။ ဆုတောင်း ပေးကြတယ်လေ။ လူ ၁ဝဝ လောက် တက်ရောက်တယ်။ လုံခြုံရေးက ရဲတွေပေါ့နော်။ ဓာတ်ပုံရိုက်တာတို့ စောင့်ကြည့်တာတို့ပဲ ရှိတယ်”

မကွေးတိုင်း၊ ရေနံချောင်းမြို့(အန်အယ်ဒီ ပါတီဝင်တဦး) – “အခမ်းအနားမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာမှာ အဖမ်းခံရတဲ့ မကွေးတိုင်း၊ သရက်ထောင်၊ မြင်းခြံထောင်က အကျဉ်းမိသားစု ၁၂ ယောက်အတွက် ထောင်ဝင်စာ သွားတွေ့တဲ့ မိသားစုတွေကို စားစရာတွေ သွားလှူမယ်။ မွေးနေ့ အထိမ်းအမှတ်ပေါ့နော်။ နောက်ပြီး ဒီနှစ်ကတော့ ဒေါ်စုက လူထုကိစ္စတွေကို သဘောကျတယ်လေ။ အဲဒါကြောင့် ဒီဒေသခံတွေကိုလည်း အလှူခံတယ်။ ပြီးတော့ ကိုယ်တိုင်လည်း သွားလှူတယ်။ ဒေါ်စု သဘောကျတဲ့ လူထု လှုပ်ရှားမှုကို မုန်တိုင်းသင့်နေရာမှာ သွားလှူလိုက်တယ်”

စစ်ကိုင်းတိုင်း၊ မုံရွာမြို့(မြို့နယ် အန်အယ်ဒီ ပြောခွင့်ရ ဒေါ်ခင်သန်း) – “မုံရွာခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအတွက် ကုန်ကျမယ့် ငွေကြေးပမာဏကို နာဂစ် လေဘေး ဒုက္ခသည်တွေအတွက် အဖွဲ့ချုပ်(ဗဟို)က တဆင့် ပေးလှူလိုက်ပါတယ်။ မွေးနေ့ရှင် အနေနဲ့လည်း ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”

အပြည့်အစုံဖတ်လိုလျှင်

မောင်ဝိတ် အဖမ်းခံနေရဆဲ ဖြစ်ဖွယ်ရှိ


မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 19 2008

နယူးဒေလီ။ ။ မူးယစ်ဆေးဝါး ဖောက်ကားမှုတွင် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ခေါ်ယူ မေးမြန်းခြင်း ခံခဲ့ရသည့် လူငယ် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် အထိန်းသိမ်းခံနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသည်။စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် သဟဇာတဖြစ်သူ အသက် ၃၅ နှစ်အရွယ် မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လီမိတက်၏ မန်းနေးဂျင်း ဒါရိုက်တာ မောင်ဝိတ်ကို မူးယစ်မှုဖြင့်ပင် စစ်ဆေးခံရသည့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးပြီးနောက် နှစ်ရက် အကြာတွင် ဖမ်းဆီးခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မဇ္ဈိမက ရန်ကုန်မြို့ လမ်းမတော်လမ်းရှိ မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လိမိတက်သို့ ဖမ်းဆီးထားသည် ဆိုသော သတင်းနှင့် ပတ်သက်၍ ဆက်သွယ် အတည်ပြုချက် ရယူရာ ကောလဟလသာ ဖြစ်ပြီး ကျိုက်လတ်မြို့နယ်တွင် နာဂစ်ဆိုင်ကလုံးဒဏ်သင့် ဒုက္ခသည်များအတွက် ကျန်းမာရေး ၀န်ဆောင်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျှက် ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။သို့သော် ကျိုက်လတ်တွင် မောင်ဝိတ် ရောက်ရှိနေခြင်း ရှိ မရှိ မဇ္ဈိမ အထောက်တော်များက သွားရောက် စုံစမ်းခဲ့ရာ ကုမ္ပဏီအနေဖြင့် လုပ်ငန်း များ ဆက်လက် လုပ်ဆောင်နေသော်လည်း ရောက်လာခဲ့ခြင်း မရှိဟု ၀န်ထမ်းများက ပြောသည်။ ရာထူးမြင့် စစ်တပ် အသိုင်းအ၀ိုင်း အပြောအရ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ နေရာတခုတွင် ထိန်းသိမ်းခံထားရသည်ဟု ဆိုသည်။ ယခင်ကလည်း မောင်ဝိတ်ကို စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ဖယ်ရှားခံလိုက်ရသော ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ရင်းနှီးသူဖြစ်သည့် မောင်ဝိတ်ကို စွဲချက်တင်မည်ဟု စစ်ခေါင်းဆောင် များနှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောသော်လည်း မည်သည့် အမှုဖြင့် စွဲချက်တင်မည်ကို မဇ္ဈိမအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးပါ။မောင်ဝိတ်သည် စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ တူမဖြစ်သူ မယဉ်မင်းခင်ကို လွန်ခဲ့သည့် လအနည်းငယ် အတွင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁ သိန်းပေးကာ ကွာရှင်းထားသူ ဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့်လည်း ဆွေမျိုးတော်စပ်ပြီး ယခင် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန် နောက်ပိုင်း တန်ခိုး ထွားလာသူလည်း ဖြစ်သည်။ အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးသော အမှုနှင့် ပတ်သက်၍ မဇ္ဈိမက သတင်းဦး ထုတ်ပြန်ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် အောင်ဇော်ရဲမြင့်ကို ပြန်လည် ပြုပြင်ရေး စခန်းတခုတွင် ပို့ထားကာ မူးယစ်ဆေး ဖြတ်လျက် ရှိသည်။ယခုကဲ့သို့ စစ်အစိုးရ အသိုင်းအ၀ိုင်း၊ ရုပ်ရှင်မင်းသား မင်းသမီးများ အပါအ၀င် ရုပ်ရှင်နယ်ပယ်မှ လူ ၂ ဒါဇင်ခန့်ကိုပါ ခေါ်ယူ စစ်ဆေးမှု ပြုလာခဲ့သည်။နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မနန္ဒာလှိုင်နှင့် ကိုဇေသီဟတို့၏ မေလအတွင်းက ပြုလုပ်ခဲ့သော မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက် ရန် ကာယကံရှင်များက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နံပါတ် ၃ အကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို သွားရောက် ဖိတ်ကြားမှုပြုရာမှ အစပြုခဲ့သည်ဟု ဆိုသည်။ မဇ္ဈိမက ကိုဇေသီဟရှိရာ မြရိပ်ညိုဟိုတယ်သို့ ဆက်သွယ် အတည်ပြုချက် ရယူရာတွင် ကိုဇေသီဟက တယ်လီဖုံး လာရောက်ကိုင်ကာ ဆဲရေးပြီး ဖုံးချသွားသည်။မင်းသမီးများကို အာမခံဖြင့် ပြန်လွှတ်ပေးထားခြင်းမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ မေတ္တာရပ်ခံချက်ဟု ပြန်ကြားရေး ၀န်ကြီး ဌာန သတင်းရပ်ကွက်က ပြောသည်။ နာဂစ်မုန်တိုင်းဒဏ် ဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာရန် ပြန်ကြားရေး ၀န်ကြီးဌာနက ရုပ်ရှင် အစည်းအရုံးဝင် မင်းသား မင်းသမီးများဖြင့် ဗီဒီယို ၆ ကားကို ရိုက်ကူးလျှက် ရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကရင်တိုင်းရင်းသား ဒုက္ခသည် နောက်ထပ် ၁,၃၀၀ ကနေဒါ လက်ခံမည်

19 June 2008
မြန်မာနိုင်ငံက ကရင်တိုင်းရင်းသား ဒုက္ခသည် ၁,၃၀၀ ကို ကနေဒါနိုင်ငံက လက်ခံမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အခုလို မြန်မာနိုင်ငံက ကရင်တိုင်းရင်းသားဒုက္ခသည်တွေကို လက်ခံမယ်ဆိုပြီး ကနေဒါနိုင်ငံ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန၀န်ကြီး ဒိုင်ယန်း ဖင်းလေး (Diane Finley) က ကြေညာလိုက်တာပါ။ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အကြား ကနေဒါနိုင်ငံအနေနဲ့ နောက်ထပ် ကရင်ဒုက္ခသည်တွေကို ထပ်ပြီးလက်ခံမယ်လို့ ပြောဆိုတာပါ။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်တိုင်းရင်းသား ဒုက္ခသည်တွေဟာ ၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး ကေနန်ယူရဲ့ ဌာနချုပ်ကို မြန်မာစစ်အစိုးရတပ်တွေ တိုက်ခိုက်ခဲ့တဲ့အချိန်ကတည်းက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကနေဒါနိုင်ငံ လူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကရင်တိုင်းရင်းသား ဒုက္ခသည် ၁၄၀,၀၀၀ ဟာ ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်း ၂၀ လောက် နေခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာပေါ်က အဆိုးဝါးဆုံး အခြေအနေအောက်မှာ နေထိုင်ရပ်တည်နေရတဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေကို ကနေဒါအနေနဲ့ လက်ခံကြိုဆိုမှာ ဖြစ်ပါတယ်။ ဒီလို အကူအညီ အလိုအပ်ဆုံးသူတွေကို အကူအညီပေးခွင့် ရတဲ့အတွက် ကနေဒါနိုင်ငံ ပြည်သူပြည်သားတွေအတွက် ဂုဏ်ယူသင့်တဲ့အကြောင်း ကနေဒါနိုင်ငံ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒိုင်ယန်း ဖင်းလေးက ပြောဆိုပါတယ်။
ကနေဒါနိုင်ငံအနေနဲ့ ကရင်တိုင်းရင်းသား ဒုက္ခသည် ၄,၀၀၀ သူ့နိုင်ငံထဲမှာ လက်ခံပြီး အကာအကွယ်ပေးနိုင်လိမ့်မယ်လို့လည်း ပြောဆိုပါတယ်။
ဒီလို ကရင်တိုင်းရင်းသား ဒုက္ခသည်တွေကို လက်ခံတာနဲ့ပတ်သက်လို့ CFOB မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးတင်မောင်ထူးက အခုလိုပြောပါတယ်။
“ကနေဒါအစိုးရအနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားဒုက္ခသည်တွေကို လက်ခံခဲ့တာဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်လက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ လူပေါင်း ၈၀၀ ကိုလက်ခံခဲ့တာပါ။ ပြီးတဲ့နောက် သက္ကရာဇ် ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်တွေမှာ ဒုက္ခသည် ၂,၀၀၀ လောက် လက်ခံခဲ့ပါတယ်။ အခုတခါ ထပ်ပြီးတော့ ၁,၀၀၀ ကျော်ကို လက်ခံမယ်ဆိုတာဟာ အင်မတန်မှ ကောင်းမွန်တဲ့အခြေအနေလို့ ကျနော်တို့က မြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။
“ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည် ၁၀၀,၀၀၀ ကျော် ရှိနေပါတယ်။ သူတို့တတွေ နေထိုင်ရတဲ့ဘ၀တွေ အထူးသဖြင့် ကလေးတွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကနေဒါအစိုးရရဲ့ မြန်မာပြည်အပေါ် အာရုံစူးစိုက်မှုနဲ့ တကယ့်လက်တွေ့ ဆောင်ရွက်ချက်တွေ ကူညီဆောင်ရွက်မှုကို ပြသရာရောက်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ တချိန်တည်းမှာ ဒုက္ခသည်တွေ တိုင်းရင်းသားတွေရဲ့ အနာဂတ်ကိုလည်း တဖက်ကနေ ပြန်ပြီးတော့ မြှင့်တင်ပေးတယ်လို့ ကျနော်တို့က ယူဆပါတယ်။”
CFOB မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးတင်မောင်ထူး ပြောပြသွားတာပါ။
ကနေဒါနိုင်ငံက အရာရှိတွေဟာ မကြာသေးခင်ကပဲ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က အခြေအနေတွေကို လေ့လာခဲ့တယ်လို့ ကနေဒါ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကနေဒါကိုရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေအနေနဲ့ ကနေဒါနိုင်ငံတ၀န်း အခြေချနေထိုင်နေကြသလို သူတို့ရပ်တည်နေနိုင်အောင် ကနေဒါမှာရှိတဲ့ ဘာသာရေးနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ပေးတဲ့အကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့  ဒေါ်စုအတွက် မွေးနေ့ဆုတောင်း

18 June 2008
ဒီနေ့ ဇွန်လ(၁၉)ရက်နေ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃)နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် နေထိုင် မကောင်းလို့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ရာမှာ ရှစ်လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု ဖြစ်ပွားချိန်နဲ့ တိုက်ဆိုင်ပြီး မြန်မာ့ နိုင်ငံရေးမှာ လူထု ခေါင်းဆောင် ဖြစ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို နေအိမ် အကျယ်ချုပ်ခံထားရတာ သုံးကြိမ်မြောက်ရှိပြီး စုစုပေါင်း ( ၁၂)နှစ်တာ ကြာသွားပါပြီ။ ဒီနေ့ ကျရောက်တဲ့ သူ့မွေးနေ့မှာ ကမ္ဘာ တလွှားက မြန်မာအရေး လှုပ်ရှားသူတွေဟာ အထိမ်းအမှတ် မွေးနေ့ပွဲတွေ ကျင်းပပြီး ဆုတောင်း မေတ္တာပို့သခဲ့ရာမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးတွေကလည်း ဆုတောင်းပေးပို့ခဲ့ ပြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
" ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပျော်ရွှင်မှု အပြည့်ရပါစေလို့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ခြောက်ဦးတို့ ကိုယ်စား ဆုတောင်း မေတ္တာပို့ လိုက်ပါတယ်လို့ ပြောကြား သွားသူကတော့ (၁၉၇၆)ခု နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် အိုင်ယာလန်နိုင်ငံသူ မာရိကော်ရီဂွန်မဂွိုင်းယားပါပဲ၊ သူအပါအ၀င် နောက် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်ကြတဲ့ ဂျိုဒီဝီလျှံ၊ ရှာရင်းအာဘေဒီ၊ ၀င်ကာရာမာသိုင်၊ ၀ီကို့ဘာတာမန်ချူတမ်းနဲ့ ဘက်တီဝီလျှံတို့လို အမျိုးသမီး ငြိမ်းချမ်းရေးဆုရှင်ခြောက်ဦးတို့အနေနဲ့ ဆူဒန်၊ ဒါဖေါ ငြိမ်းချမ်းရေးရှိဖို့၊ အရှေ့အလယ်ပိုင်း စသည်ဖြင့် ဆောင်ရွက်ရာမှာ တဦးတည်း နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ (၁၉၉၁)ခု နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကို အမြဲသတိရရှိကြောင်းလည်း မစ္စမဂွိုင်းယားက ပြောပါ တယ်။ "
" ကျမတို့ရဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ခြောက်ဦးတို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဆိုင်ရာ ရေးယူ ဆောင်ရွက်မှု အဖွဲ့မှာ ခုနစ်ဦးမြောက်ကတော့ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်သူ နေအိမ် အကျယ်ချုပ် ကျခံ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ကမ္ဘာပေါ်မှာ စုစုပေါင်း နိုဘယ် ဆုရှင် အမျိုးသမီး (၁၂)ဦးသာရှိပါတယ်။ နိုင်ငံ အမျိုးမျိုးက လာကြတဲ့ ကျမတို့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်တွေ ပုံမှန် တွေ့ဆုံကြပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတိုင်း နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲသတိရပါတယ်လို့ မစ္စမဂွိုင်းယားက ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ် အကျယ်ချုပ် သက်တမ်း စုစုပေါင်း (၁၂)နှစ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွတ်မြောက်ရေး အတွက်လည်း သူတို့ အဖွဲ့အနေနဲ့ အမြဲ လှုပ်ရှား ဆောင်ရွက်နေတယ်လို့ မစ္စမဂွိုင်းယားက ပြောပါတယ်။ ဒါပေမယ့် သက္ကရာဇ်(၂၀၀၃)ခု မေလက၊ ဒီပဲယင်း အရေးအခင်းအပြီး မြန်မာ စစ်အစိုးရက ငါးနှစ် နေအိမ် အကျယ်ချုပ် ဆက်တိုက် ချခဲ့ပြီး မကြာသေးခင်က ခြောက်ကြိမ်မြောက် သက်တမ်းတိုးခဲ့တဲ့ အပေါ်မှာလည်း နိုင်ငံတကာနဲ့အတူ ဒေါသ ထွက်မိတယ် လို့ မစ္စမဂွိုင်းယားကပြောပါတယ်။ တည်ဆဲ လုံခြုံမှု အက်ဥပဒေအရ လူဦးကို အမှုမစစ်ပဲ အများဆုံး ငါးနှစ်ထက်ကို ဖမ်းဆီး ထားခွင့် မရှိတဲ့အတွက်လည်း အခုလို နေအိမ် အကျယ်ချုပ်သက်တမ်း တိုးလိုက်တဲ့အတွက် နိုင်ငံ တကာနဲ့ အတူ ဒေါသ ထွက်ခဲ့ပါတယ်။ ခုလို နေအိမ် အကျယ်ချုပ် သက်တမ်းတိုး လိုက်တာဟာ မြန်မာစစ်အစိုးရက တည်ဆဲ ဥပဒေကို ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါကြောင့်လည်း အခုလို တရားမ၀င် နေအိမ်အကျယ်ချုပ် ချထားခြင်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ (၁၉၇၆)ခု နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်က ပြောသွားတာပါ၊ အိုယာလန်နိုင်ငံမှာ ပရိုတက်စတင့်နဲ့ ကက်သလစ် ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေး ရယူဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နိုင်ငံအေးချမ်းမှု ရရှိအောင် ဆောင်ရွက်ခဲ့တာကို ထောက်ပြပြီး မြန်မာ စစ်အစိုးအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးနဲ့ တိုင်းရင်းသား အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဘေးဒုက္ခ ကြာရှည်လှတဲ့ မြန်မာနိုင်ငံသားတွေ အတွက် ဒီမိုကရေစီ ဖေါ်ဆောင်ဖို့ကိုလည်း မစ္စမဂွိုင်းယားက တိုက်တွန်း ပြောကြားသွားပါတယ်။ ဒီနေ့ အသက်(၆၃)နှစ်ပြည့်မယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာအနစ်နာခံမှုကိုလည်း မစ္စမဂွိုင်းယားက အခုလို ချီးကျူးသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံမှုဟာ ကျမအပါအ၀င် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသမီးတွေကိုရော၊ ကမ္ဘာ တ၀ှမ်းက လူတွေကိုရော အလွန်အားကျစေပါတယ်။ သူ့ရဲ့ သတ္တိကိုလည်း ချီးကျူပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပြောဆို ကမ်းလှမ်းမှုတွေကိုလည်း ကျမတို့က ထောက်ခံပါတယ်။ အကောင်းဆုံး ဖြစ်လာ ပါစေလို့လည်းဆုတောင်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဒီမိုကရေစီ ရရှိတဲ့နေ့ကို စောင့်ကြိုနေပါ့မယ်လို့ မစ္စမဂွိုင်းယားက ပြောသွားတာဖြစ်ပါတယ်ရှင်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည့်အပေါ် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို ဝေဖန်ရှုတ်ချ

19 June 2008
မြန်မာနိုင်ငံအတွင်း အခြေခံ လွတ်လပ်မှုတွေ ဆုံးရှုံးနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်လို့ ၈ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ မြန်မာ အစိုးရကို ပြစ်တင် ဝေဖန်တဲ့ ဆုံးဖြတ်ချက် တရပ် ချမှတ်ခဲ့ပါတယ်။ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေနဲ့ပတ်သက်လို့ ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မနေ့ကလုပ်တဲ့ ၈ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ တင်သွင်း ချမှတ်ရာမှာ မြန်မာနိုင်ငံအကြောင်းကိုပါ ဆွေးနွေး သွားခဲ့ကြတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကိုတော့ ဥရောပသမဂ္ဂကနေ တင်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ပါ အချက်တွေကတော့ အရင်နှစ်တွေကထက် သိပ်မထူးခြားပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ် ဆိုတဲ့အပေါ် မြန်မာအစိုးရကို ပြစ်တင် ဝေဖန်ထားတာပါ။ ဒီထက် ပိုတာကတော့ အခု ပြီးခဲ့တဲ့ မေလ ဆိုက်ကလုံး မုန်တိုင်းနဲ့ပတ်သက်လို့ ဒုက္ခသည်တွေကို ကူညီရေးမှာ မြန်မာအစိုးရကြောင့် နှောင့်နှေးနေရတဲ့ ကိစ္စကို ထည့်သွင်းထားပါတယ်။ ဒီနေရာမှာ မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာ အထောက်အပံ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးပို့နိုင်ဖို့ ဆိုတာကို တောင်းဆိုထားပါတယ်။ဆုံးဖြတ်ချက်ပါ အကြောင်းအရာ အများစုက ပြီးခဲ့တဲ့နှစ်ကနဲ့ မထူးခြားပေမယ့် မြန်မာအစိုးရအနေနဲ့လည်း အရင် လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် တောင်းဆိုချက်တွေကိုပဲ လိုက်နာတာမတွေ့ရဘူးလို့ ဆုံးဖြတ်ချက်ကို အဆိုပြု တင်သွင်းတဲ့ ဥရောပသမဂ္ဂ ကိုယ်စား ဆလိုဗေးနီးယားနိုင်ငံ ကိုယ်စားလှယ်က ပြောပါတယ်။“နိုင်ငံရေး အကျဉ်းသား အများအပြားဟာ အကျဉ်းထောင်တွေထဲမှာပဲ ရှိနေဆဲပါ။ အခု ဇွန်လ ၁၉ရက်နေဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ရောက်ပါပြီ။ သူမဟာ တဦးတည်း အထီးကျန် နေအိမ်မှာ အကျယ်ချုပ် ချခံထားရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် စစ်အစိုးရက သူတို့ ပြောနေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ဖယ်ထုတ်ထားတယ်ဆိုတာ ရှင်းနေပါတယ်။ ဖွဲ့စည်းပုံဆန္ဒခံယူပွဲကိုလည်း ခြိမ်းခြောက်မှုတွေ ကြားထဲ မှာ ကျင်းပသွာခဲ့ပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ လွတ်လပ်စွာစုရုံးခွင့်တွေ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ကပ်ဘေး ကျရောက်နေတဲ့အချိန်မှာပဲ ဒီဆန္ဒခံယူပွဲဆိုတာကို ဦးစားပေးဆောင်ရွက်ခဲ့တာပါ”လို့ အီးယူ ဥရောပသမဂ္ဂကိုယ်စား ဆလိုဗေးနီးယား ကိုယ်စားလှယ် မစ္စတာ အန်ဒရေခ်ျ လိုဂါက ပြောသွားပါတယ်။ဥရောပ သမဂ္ဂက အဆိုပြုတဲ့ ဆုံးဖြတ်ချက်မှာ ဆိုက်ကလုံး ဒုက္ခသည်တွေကို အကူအညီ ပေးသူတွေ လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့ ထပ်မံ တောင်းဆိုတာပါသလို - ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ် နှိမ်နင်းရာမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ကိုလည်း ထပ်မံ တောင်းဆိုထားပါတယ်။ ဒါပေမယ့်လည်း မြန်မာ အိမ်နီးချင်း အာရှနိုင်ငံအများစုကတော့ အခု ဥရောပ သမဂ္ဂက အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှုမရှိပါဘူး။ မြန်မာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကဆိုရင် ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စား လှယ်သစ်ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်စေမယ်လို့ယူဆပါယတယ်။ “မြန်မာအစိုးရကို အနှောက်အယှက်ဖြစ်စေပြီး ဝေဖန်ရှုတ်ချတဲ့ ဒီဆုံးဖြတ်ချက်မျိုးဟာ အထူးကိုယ်စားလှယ်ကြီးရဲ့ ဆောင်ရွက်ချက်အတွက် အနှောက်အယှက်ပဲဖြစ်စေပါတယ်။ မြန်မာအစိုးရနဲ့ လူ့အခွင့်အရေးကောင်စီအကြား အပြသဘောဆောင်ရွက်တာကပဲ မြန်မာအစိုးရအတွက် ကောင်စီနဲ့ဆက်ဆံဆောင်ရွက်ရေးမှာ အဆင်ပြေပါစေမယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ကတော့ အခု ဆုံးဖြတ်ချက်မှာ သဘောထား မပါဝင်ပါဘူး”လို့ အိန္ဒိယ ကိုယ်စားလှယ် Mr. Swashpawan Singh က ပြောသွားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးကိစ္စတွေနဲ့ ဆိုက်ကလုံးမုန်တိုင်း ကယ်ဆယ်ရေးကိစ္စတွေကိုလည်း နိုင်ငံရေးဖိအားတွေလို အသုံးမပြုဖို့ အိန္ဒိယအစိုးရကိုယ်စားလှယ်က မေတ္တာရပ်ခံပါတယ်။ အလားတူလိုပါ အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံကလည်း လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဝေဖန် ရှုတ်ချနေမယ့်အစား မြန်မာအစိုးရနဲ့ အပြုသဘောဆောင် ထိစပ် ဆောင်ရွက်သွားဖို့ကိုပဲ လိုလားပါတယ်။ “မြန်မာ အစိုးရအနေနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် ရှေ့တိုး ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်ဆိုတာကို သတိပြုမိ ပါတယ်။ ဒါကို နိုင်ငံတကာအ၀ိုင်းအ၀ိုင်းအနေနဲ့ အားပေးသင့်တယ်လို့ ထင်ပါတယ်။ မြန်မာအစိုးရနဲ့ လူ့အခွင့်အရေး ကောင်စီ အကြား အပြုသဘောဆောင် ဆက်ဆံတာကို လိုလားပါတယ်။ ဒါကြောင့် အခု ဆုံးဖြတ်ချက်မှာ ဖိလစ်ပိုင်ရဲ့ သဘောထား မပါပါဘူး”လို့Ms. Erlinda F. Basilioက ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အခုနှစ်ပိုင်းအတွင်း တိုးတက်တာတွေ အချို့မြင်တယ်။ အထူးသဖြင့်တော့ ဖွဲစည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တာ၊ ဒါကို အတည်ပြုနိုင်တာနဲ့ ဆိုက်ကလုံး မုန်တိုင်းကယ်ဆယ်ရေးမှာ နိုင်ငံတကာနဲ့ ပူးတွဲ ဆောင်ရွက်တာတွေကို ဖိလစ်ပိုင်ကိုယ်စားလှယ်က ထောက်ပြသွားပါတယ်။ အာဆီယံအဖွဲ့ဝင် နောက်ထပ် တနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက အယူအဆကတော့ တမျိုးပါ မြန်မာအရေးကိစ္စကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေနဲ့ အဓိက နေရာက ကိုင်တွယ်ဖို့ လိုလားပါတယ်။ ဒီအတွက်လည်း အခုလို လူ့အခွင့်အရေး ကောင်စီကနေ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ အရှည်ကြည့်ပြီး အပြုသဘောဆောင် တွန်းအား ပေးဖို့ကို တိုက်တွန်းခဲ့ပါတယ်။ “မြန်မာနိုင်ငံတွင်းမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခိုင်မာတဲ့ အချိန်ဇယား သတ်မှတ်မှုရှိတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တရပ်ရှိဖို့ဆိုတာ မလေးရှား နိုင်ငံအနေနဲ့ အမြဲတမ်း ထောက်ပြပြောဆိုပါတယ်။ ဒီလုပ်ငန်းစဉ်တွေ သိသိသာသာ တိုးတကလာဖို့နဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ နိုင်ငံတကာကလည်း မြန်မာအစိုးရကို အားပေး အထောက်အပံ့ ပြုကြဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီကနေ အဓိက ကျကျ အခန်းကနေ ပါဝင်ဆောင်ရွက်ဖို့ မလေးရှားနိုင်ငံက အလေးထားပြောဆိုဆောင်ရွက်ပါတယ်။ လူ့အခွင့်အရေး ကောင်စီအနေနဲ့ အပြုသဘောဆောင်ပြီး အရှည်ကို ကြည့်တဲ့ ဆုံးဖြတ်ချက်မျိုးတွေချမှတ်ဖို့ လိုလားပါတယ်” လို့ Mr. Moktar Idham Musa က ပြောသွားတာပါ။ မြန်မာ အစိုးရဖက်ကနေ အမြဲလိုလို အမာခံရပ်တည်လေ့ရှိတဲ့ တရုတ်အစိုးရကိုယ်စားလှယ်ကတော့ မြန်မာအစိုးရရဲ့ အခက်အခဲ အခြေအနေတွေကို နားလည် စာနာဖို့ကိုပဲ အထူးမေတ္တာရပ်ခံပါတယ်။ “မြန်မာ အစိုးရအနေနဲ့ အခုအသစ်ခန့်အပ်တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတယ် ဆိုတာကို ပြသခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့က မြန်မာအစိုးရရဲ့ အခက်အခဲတွေကို နားလည် ပေးသင့်ပါတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ တည်ငြိမ်မှုတွေ တဖြေးဖြေးဖြစ်လာစေဖို့ အခြေအနေ ပတ်ဝန်းကျင် ကောင်းတွေ ဖန်တီးနေမှုကို နိုင်ငံတကာက နားလည် အသိအမှတ်ပြုပြီး အားပေးဖို့ လိုပါတယ်”လို့ Mr. QIAN Bo က ဘာသာပြန်က တဆင့် ပြောသွားခဲ့တာဖြစ်ပါတယ်။ မြန်မာ အစိုးရကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကတော့ အခု ဆုံးဖြတ်ချက်ဟာ နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးဖိအားပေးဖို့ ကြိုးစားတာလို့ အခုလို တုန့်ပြန်သွားပါတယ်။ “အင်အားကြီးနိုင်ငံတွေကနေ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားတွေ ပေးဖို့အတွက် မနှစ်ကလို ဆုံးဖြတ်ချက်မျိုး ချမှတ် နိုင်ဖို့ ကြိုးစားတယ်ဆိုတာ ရှင်းပါတယ်။ မေလအတွင်းက မြန်မာနိုင်ငံတွင်း အဖြစ်အပျက်အတော်မျာများရှိခဲ့ပါတယ်၊”အခု ကာလအတွင်း မြန်မာနိုငငံအနေနဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ ကိစ္စရပ်အတော်များများမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်။ ဒီအတွက် ဒီအခြေအနေမှာ အခုလို ဆုံးဖြတ်တာကို လက်မခံဘူးလို့လည်း ပြောပါတယ်။ ဒီလို တိုးတက်မှုတွေ ဖြစ်တယ်ဆိုတာ သိသာ ထင်ရှားတဲ့ ကာလမျိုးမှာ နိုင်ငံကြီးတွေက နိုင်ငံရေး ဖိအား ပေးလိုတဲ့ သဘောမျိုးနဲ့ လုပ်တဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ လက်မခံပါဘူး။ ဒီလို လုပ်မယ့်အစား နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့က ဆိုက်ကလုံး မုန်တိုင်း ဒုက္ခသည်တွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ နောက် ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ မြန်မာအစိုးရကို အားပေးထောက်ခံဖို့လိုပါတယ်။”ဆုံးဖြတ်ချက် မူကြမ်းတင်သွင်းတဲ့ ဥရောပ သမဂ္ဂကိုယ်စား ဆလိုဗေးနီးယား ကိုယ်စားလှယ်ကတော့ အခု မူကြမ်းမပြင်ခင် ဆုံးဖြတ်ချက်အတွက် အခြားနိုင်ငံတွေနဲ့ ညှိုနှိုင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခု ဆုံးဖြတ်ချက် ကို ဥရောပ သမဂ္ဂက အဆိုပြုပေမယ့် ဂျပန်ကလွဲလို့ အာရှနိုင်ငံအများစုကတော့ ဒီဆုံးဖြတ်ချက်ကို လိုလားတဲ့ ပုံတော့ မတွေ့ရပါဘူး။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်တော်ခေါ်ရန် တောင်းဆို


ဆော်လမွန်

ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 22:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နိုင်ငံတွင် ဆိုးရွားလာနေသည့် အကျပ်အတည်းများကို ဖြေရှင်းရေးအတွက် ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ကို ယနေ့ တောင်းဆိုလိုက်သည်။ယနေ့ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ကြေညာချက်တွင် နာဂစ်မုန်တိုင်း ဖြစ်ပွားမှု အပါအဝင် လက်ရှိ အမျိုးသား စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရန်ဟု ဆိုကာ ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပါတီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “ပြည်သူ့ လွှတ်တော်ဟာ တရားဝင် ရှိနေတယ်။ အမျိုးသား အကျပ်အတည်းလို့ ဆိုရာမှာ စီးပွားရေး အကျပ်အတည်းအပြင် အခြေခံဥပဒေ တရားဝင်မှု၊ မဝင်မှုဆိုတဲ့ အကျပ်အတည်း ပြဿနာလည်း ရှိတယ်။ အဲဒီ အကျပ်အတည်း ဝန်းကျင်ကြီး တခုလုံးကို ဖြေရှင်းနိုင်ဖို့က ဥပဒေကြောင်းအရ အမြင့်ဆုံး ဆောင်ရွက်နိုင်တာ ပြည်သူ့လွှတ်တော်ပဲ” ဟု ပြောသည်။ထုတ်ပြန်ရတဲ့ အရင်းခံ အကြောင်းကတော့ နာဂစ်ကြောင့် ပြည်သူလူထုတွေပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေကို ကုစားတဲ့အခါမှာ နိုင်ငံတကာ အကူအညီတွေ ထိထိရောက်ရောက် ရစေချင်တဲ့ ကျနော်တို့ရဲ့ အရင်းခံ သဘောထားပါပဲ” ဟု သူက ဆက်ပြောသည်။

ကြေညာချက်တွင် နိုင်ငံတကာ အကူအညီများ၊ ကျွမ်းကျင် ပညာရှင်များနှင့် အလှူငွေ အမြောက်အမြား လိုအပ်နေသဖြင့် တိုင်းပြည်တပြည်၊ တဦးတယောက်တည်းနှင့် လုပ်ဆောင်ရန် မဖြစ်နိုင်ဟု ရေးသားထားသည်။ ငွေကြေးဖောင်းပွမှု အဆမတန် မြင့်မားနေပြီး အခြေခံ စားသောက်ကုန်များမှာလည်း အလွန် မြင့်တက်နေကာ ယခုကဲ့သို့သော အကျပ်အတည်း များသည် နိုင်ငံရေးနှင့် ဆက်စပ်နေသောကြောင့် မည်သည့် နိုင်ငံတွင်မဆို နိုင်ငံရေးကို ချန်လှပ်၍ ရမည်မဟုတ်ဟု ဆိုသည်။ ဦးသိန်းညွန့်က မုန်တိုင်းကြောင့် တိုင်းပြည် စီးပွားရေး ပိုပြီး ထိခိုက် ဆိုးရွားလာကာ တောင်းခံထားသည့် ငွေကြေးနှင့် အမှန်တကယ် ရရှိနေသည့် အခြေအနေ ကွာခြားပြီး ပြန်လည် တည်ဆောက်ရေးနှင့် နိုင်ငံတကာ အကူအညီများ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းဖြေရှင်းပေးရန် လွှတ်တော် ခေါ်လိုသည်ဟု ပြောသည်။

ကြေညာချက်ကလည်း တိုင်းပြည်တွင် အကျပ်အတည်းမျိုးစုံ ဖြစ်ပေါ်နေမှုကို ဖြေရှင်းရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုက်ရိုက် အချိုးကျနေကြောင်းနှင့် နိုင်ငံရေးကို ဖြေရှင်းရာတွင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပါတီစုံ ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပြန်လည် တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။“အခက်အခဲကြားက ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို ကျနော်တို့ မီးမောင်းထိုးပြတာပါပဲ။ အချုပ်ကတော့ အဲဒါပါပဲ” ဟု ဦးသိန်းညွှန့်က ကြေညာချက်နှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။

၂ဝဝ၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သောကြောင့် လုံးဝ လက်မခံကြောင်းလည်း ကြေညာချက်က ဆိုထားသေးသည်။

အပြည့်အစုံဖတ်လိုလျှင်

မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်


18 June 2008
ဦးကျော်ကျော်သိန်း

မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက လယ်သမား ၅၂,၀၀၀ ဟာ နိုင်ငံတကာရဲ့ အကူအညီတွေသာ မရခဲ့ရင် စပါးပြန်စိုက်နိုင်မှာ မဟုတ်ဘူးလို့ FAO ကုလသမဂ္ဂ စားနပ် ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဒီလယ်သမားတွေကို ကူညီဖို့ ရေတို ရေရှည် စီမံကိန်းတွေအတွက် အကူအညီငွေ အမေရိကန်ဒေါ်လာ ၈၃ သန်းလိုအပ်နေတယ် လို့လည်းဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သား ဦးကျော်ကျော်သိန်းက တင်ပြပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ နိုင်ငံတကာကျွမ်းကျင်သူတွေ၊ FAO ကျွမ်းကျင်သူတွေနဲ့ မြန်မာ အစိုးရဘက်က ကျွမ်းကျင်သူတွေ သီးခြား လွတ်လွတ်လပ်လပ် တိုင်းတာစစ်ဆေးမှုကနေ တွေ့ရှိခဲ့တာတွေကို ဒီကနေ့ ဘန်ကောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ FAO တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့တာပါ။
ဆိုင်ကလုံးမုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့ အဓိကစားကုန်ဖြစ်တဲ့ ဆန်စပါးထုတ်လုပ်ရာ စပါးကျီဒေသကို မွှေနှောက်ခဲ့တဲ့အတွက် လယ်သမားတွေရဲ့ မျိုးစပါးတွေ၊ ဓာတ်မြေသြဇာတွေ၊ စိုက်ပျိုးရေးကိရိယာတွေပျက်စီးပြီး လယ်ထွန်တဲ့ကျွဲနွားတွေလည်း သေဆုံး ခဲ့ရတယ်လို့ FAO အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြီးအကဲ ဟိရိုယုကိ ကိုနုမ (Hiroyuki Konuma) ကပြောပါတယ်။ ဒါ့ကြောင့်
"ပြည်ပက အထောက်အပံ့တွေမရှိရင် သူတို့တွေဟာ ဆာလောင်ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ကာလတာရှည် ခံစားကြရပါ လိမ့်မယ်။ ဒါ့အပြင် ပြည်ပကအကူအညီတွေပေါ်မှာ ကာလတာရှည် ဆက်ပြီးတော့ မှီခိုနေကြရပါလိမ့်မယ်။" လို့ ပြောပါတယ်။
ဒီအခြေအနေကနေ ပြန်လည် ရုန်းထနိုင်ရေး ကူညီဖို့အတွက် ရေတို ရေရှည် စီမံကိန်းတွေကို FAO က အစီရင်ခံစာပြုစုပြီး နိုင်ငံတကာ အလှူရှင်တွေ၊ အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရဆီကို ပေးပို့ထားပါတယ်။ အဲဒီလို အစီရင်ခံစာ ပြုစုနိုင် အောင် လိုအပ်ချက်တွေကို တိုင်းတာ စစ်ဆေးတဲ့ အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး သီတင်းသုံးပတ်ကြာ တိုင်းတာစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါ တယ်။ စစ်ဆေးမှုကနေ တွေ့ရှိတဲ့ အချက်အလက်တွေကနေ တဆင့် ရေတို ရေရှည် စီမံကိန်းတွေအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၃ သန်း လိုအပ်မယ်လို့ FAO ကဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တိုင်းတာစစ်ဆေးတဲ့အဖွဲ့ကို ဦးဆောင်ခဲ့သူ FAO ရဲ့ လိုအပ်ချက်တိုင်းတာစစ်ဆေးရေးအဖွဲ့က မစ္စတာ အယ်လ် ဘတ်တ် လိုင်းဘာ့ဂ် (Albert Lieberg) က
"အရေးပေါ်လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းလိုအပ်မယ့်အကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျနော်တို့ အဆိုပြုတင်ပြထားပါတယ်။ ဒီထဲမှာ သီးနှံစိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ သစ်တောလုပ်ငန်း တွေအတွက် ပါဝင်ပါတယ်။ ၂၄ လအထိကာလရှိတဲ့ ရေရှည် ပြန်လည်ထူထောင်ရေးအတွက်တော့ စုစုပေါင်းရန်ပုံငွေ လိုအပ်ချက် ၅၁ သန်းရှိမယ်လို့ တင်ပြ ထားပါတယ်။" လို့ အယ်လ်ဘတ် လိုင်းဘာ့ဂ်က ပြောပါတယ်။
FAO အပါအ၀င် ကျွမ်းကျင်သူတွေ တိုင်းတာ စစ်ဆေးခဲ့တဲ့ မြို့နယ် ၁၁ မြို့နယ်မှာ လယ်မြေဧကပေါင်း ၁ ဒဿမ ၄ သန်းကျော် ဟာ ရေဖုံးလွှမ်းနေတာကို တွေ့ခဲ့ရတယ်လို့ အယ်လ်ဘတ်တ်က ပြောပါတယ်။ လယ်ယာစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ကိရိယာတွေ၊ ကျွဲနွားတွေ စသည် ဆုံးရှုံးသွားရလို့ လယ်ပြန်စိုက်ဖို့ အခက်အခဲ တွေ့နေရတဲ့ စုစုပေါင်း လယ်သမား အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ပြောရာမှာ -
"ဒီမုတ်သုန်ရာသီမှာ စပါးမစိုက်ပျိုးနိုင်တဲ့ လယ်သမားအရေအတွက်ဟာ ၅၂,၀၀၀ ရှိပါတယ်။ သူတို့ကို ထောက်ပံ့ ကူညီ တာတွေ မလုပ်ဘူးဆိုရင်တော့ ၂၀၀၈ ခုနှစ် မုတ်သုန်စပါးစိုက်ရာသီမှာ စပါးစိုက်ပျိုးနိုင်ကြမှာမဟုတ်ပါဘူး။" လို့ အယ်လ်ဘတ်တ်က ပြော ပါတယ်။
ဒီလယ်သမားတွေ စပါးမစိုက်နိုင်တဲ့အတွက် လျော့ကျသွားမယ့်စပါးအထွက်နှုန်းဟာ စပါးမက်ထရစ်တန် သန်းဝက်၊ တန် ၅၀၀,၀၀၀၊ တနိုင်လုံး စပါးထုတ်လုပ်မှုရဲ့ ၂% ပဲရှိပါတယ်။ ဒါပေမယ့် ဒီ ၂% လောက်ကိုပဲ ကြည့်လို့မရဘူးလို့ အယ်လ်ဘတ်တ်က ဆိုပါတယ်။
"ဒီ ၂ ရာခိုင်နှုန်းက နည်းနည်းလေးပဲလို့ ထင်ရပေမယ့် ဒီရာခိုင်နှုန်းပေါ်မှာပဲ ကျနော်တို့ပြောမယ်ဆိုရင် အကြီးအကျယ်ကို မှားယွင်းပါလိမ့်မယ်။ အရေးကြီးတာကဘာလဲဆိုတော့ ဘေးဒုက္ခရောက်ကြမယ့် မိသားစုအရေအတွက်၊ အရေးပေါ် အကူအညီတွေ လိုအပ်တဲ့ မိသားစုအရေအတွက်ပါ။ ဒါဟာ တခုတည်းသော အဓိကကျ အရေးပါတဲ့အချက်ပါပဲ။" လို့ပြောပါတယ်။
မုန်တိုင်းကြောင့် လယ်ထွန်ရာမှာ အဓိကအရေးပါတဲ့ ကျွဲနွားကောင်ရေ ၁၂၀,၀၀၀ ကျော် ဆုံးပါးခဲ့ရပါတယ်။ သူတို့နေရာမှာ လယ်ထွန်စက်တွေကို အစားထိုး အသုံးပြုဖို့ တရုတ်၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေက လယ်ထွန်စက်တွေ ပေးပို့ထားပေမယ့် အခက် အခဲတွေက ရှိနေပါတယ်။ ဒီလယ်ထွန်စက်တွေကို လယ်သမားတွေက ချက်ခြင်း အသုံးမပြုတတ်သလို အသုံးပြု တတ်ပြန်ရင် လည်း ဒီဇယ်လောင်စာဆီ လိုအပ်ချက်က ရှိနေပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာရှ-ပစိဖိတ်ဒေသ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် အမှုဆောင်အတွင်းဝန် ဒေါက်တာ နိုးလင်းန်း ဟေးဇာ (Noeleen Heyzer) က မြန်မာနိုင်ငံအတွက် ဒီဇယ်လောင်စာဆီ ဂါလန် တသန်း ကူညီကြဖို့ အထူးသဖြင့် အရှေ့တောင် အာရှဒေသ နိုင်ငံတွေကို အကူအညီတောင်းခံခဲ့ပါတယ်။
ဒါပေမယ့် FAO ရဲ့ အယ်လ်ဘတ်တ် လိုင်းဘာ့ဂ်ကတော့ သူ့အနေနဲ့ ဒီလိုအပ်ချက်ကို သီးခြား အတည်မပြုနိုင်ကြောင်းနဲ့ ဒီ ဂါလန် တသန်းလုံးဟာ လယ်ယာစိုက်ပျိုးရေးအတွက် မဟုတ်ဘဲ တခြား လိုအပ်ချက်တွေ အတွက်လည်း ပါဝင်နိုင်ကြောင်း ပြောပါတယ်။
မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ထဲမှာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအပြင် နောက်ကဏ္ဍတခုကတော့ ငါးဖမ်းလုပ်ငန်းပါ။ မုန်တိုင်း အတွင်း ငါးဖမ်းလုပ်ငန်းနဲ့ ဆက်စပ်သူပေါင်း ၃၀,၀၀၀ သေဆုံးခဲ့ဖွယ်ရှိကြောင်း FAO ကဆိုပေမယ့် အရေအတွက် အတိအကျက တော့ ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူးလို့ အယ်လ်ဘတ်တ် လိုင်းဘာ့ဂ်က ပြောခဲ့ကြောင်းပါခင်ဗျား။

Rest of your post


အပြည့်အစုံဖတ်လိုလျှင်