စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 13, 2008

WFP ဆန်ဝယ်ယူနေခြင်းကို စစ်အစိုးရပိတ်ပင်

ကိုစိုး ဇွန် ၁၃၊ ၂၀၀၈

မုန်တိုင်း ဒုက္ခသည်များစားသုံးရန်အတွက် ပေးပို့လှူဒါန်းရာတွင် လိုအပ်သော ဆန်များကို မြန်မာပြည်တွင်း ဆန်လုပ်ငန်းရှင် များထံမှ ဝယ်ယူနေခြင်းအား ပိတ်ပင်လိုက်ကြောင်း မြန်မာအစိုးရက ကူညီကယ်ဆယ်ရေး အဖွဲ့များကို ပြောသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)အရာရှိတဦးက အတည်ပြုပြောဆိုသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီကိစ္စက အခုလက်ရှိဖြစ်နေပြီဆိုတော့ ပြည်ပကနေ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်”ဟု WFP ပြောရေး ဆိုခွင့်ရှိသူ ပေါလ် ရစ္စလေက ဆိုသည်။

ယခုကဲ့သို့ ပြည်ပက ဆန်များမတင်သွင်းမီ အစိုးရထံမှခွင့်ပြုချက်အကြောင်းကြားစာ ရရှိမှသာ လိုအပ်သော ဆန်များကို ဝယ်ယူနိုင်မည် ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

လက်ရှိ WFP က ကူညီပေးနေသော ဆန်အရေအတွက်သည် နောက် ၆ ပတ် အတွက်သာ လုံလောက်မှုရှိ ကြောင်း၊ မုန်တိုင်းဒဏ် ဆိုးရွာစွာ ခံရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အထောက်အပံ့မှာ တနှစ် စာခန့် လိုအပ်ကြောင်း မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ က ပြောဆိုထားသည်။

နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံး၍ လယ်ယာသုံးပစ္စည်းများ လိုအပ်ချက် ကြောင့် ယခုနှစ် မုတ်သုန်ရာသီ ဆန်စပါး စိုက်ပျိုးချိန်တွင် လယ်သမားအများစုမှာ စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း လည်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က မြစ်ဝကျွန်းပေါ်ဒေသ၌ စိုက်ပျိုးမြေ ဟက်တာ ၁.၃ သန်း ရှိရာ တွင် မုန်တိုင်းကြောင့် ဟက်တာ ၂ သိန်း ခန့် သို့မဟုတ် ၁၆ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးရသည့်အတွက် ယခုနှစ် စိုက်ပျိုး ရာသီတွင် စိုက်ပျိုးနိုင်မည်မဟုတ်ဟု ဆိုသည်။

အကူအညီပေးရေးနှင့်ပတ်သက်ပြီး မြန်မာ စစ်အစိုးရ၏ ခေါင်းမာနေမှုကြောင့် လာမည့်နှစ် မြန်မာနိုင်ငံ သည် စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ကလည်း အလွန် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာကမူ ဆန်စပါး မလုံလောက်မှုရှိသည်ဟူသော ပြောဆို နေခြင်းများသည် အခြေအမြစ်မရှိသော ကောလာဟလများဖြစ်ကြောင်း ပြောဆိုသည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သတင်းစာ၌ ဝန်ကြီးက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မုန်တိုင်းကြောင့် ဆန်စပါးပျက်စီးမှုမှာ တပြည်လုံး ဆန် အထွက်၏ ၂.၃ ရာခိုင်နှုန်းသာရှိပြီး လာမည့် မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်မည့် လယ်ဧက မှာ လည်း တပြည်လုံး စပါးစိုက် ဧက ၏ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း ပြောဆိုသည်။

ယခုနှစ်အတွက် သီရိလင်္ကာနှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဆန် တန်ချိန် ၆ သိန်း တင်ပို့ မည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရ ပယ်ဖျက်ထားသည်ဟုလည်း ဆိုသည်။
WFP အနေနှင့်မူ မုန်တိုင်း ဒဏ်သင့် ဒေသများသို့ ပြည်တွင်း ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ ဝယ်ယူရရှိထား သော ဆန်များထဲမှ ဆန်တန်ချိန် ၁၁၀၀၀ ကျော် ပေးပို့ပြီးဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ WFP ကို ဆန်ယူခွင့်ပိတ်ပင်ခြင်းသည် တရားမျှတမှုမရှိကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းက ပြောဆိုသည်။

“အစိုးရက သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောင်းဖို့ဖျက်လိုက်တဲ့ဆန်တွေက အရန်ဆန်တွေပါ၊ တကယ်လို့ အဲဒီဆန်တွေကို သူတို့က WFP ကို ပြန်ရောင်းမယ်ဆိုရင်လည်း ရောင်းမှာပေါ့”ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။

WFP သည် ယခုအခါ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက်ပေးပို့ရန် ကုလ သမဂ္ဂ၊ အာဆီယံနိုင်ငံများနှင့် မြန်မာစစ်အစိုးရတို့မှ ကျွမ်းကျင်သူပေါင်း ၂၅၀ ပါဝင်သည့်အဖွဲ့အပါအဝင် ရဟတ်ယာဉ် ၆ စီးဖြင့် ဆောင်ရွက်ခွင့် ရနေပြီဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၂.၄ သန်းခန့်ရှိ မုန်တိုင်း ဒုက္ခသည်များအတွက် လိုအပ်သော ယာယီအမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေ သန့်များအပါအဝင် မြစ်ဝကျွန်းပေါ် တလျှောက်ရှိ ပျက်စီးသွားသော အိုးအိမ်များနှင့် လယ်ယာလုပ် ငန်းများ ပြန်လည်ထူ ထောင်ရေးကို ထောက်ပံ့ကူညီပေးရန်ဆောင်ရွက်နေကြောင်း အေပီသတင်းတွင်လည်း ဖော်ပြထားသည်။

WFP ရဟတ်ယာဉ် ၂ စီး လာရောက်ကြောင်းနှင့် ရွာပေါင်း ၄၀၀ ခန့်ရှိ ဘိုကလေးမြို့နယ်မှ ၂၁ ရွာအတွက် စားနပ်ရိက္ခာများ ပို့ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

လွန်ခဲ့သော ၃ ရက်ခန့်က ယင်းရဟတ်ယာဉ်များကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်နေသူ ကိုဘားကူ က ဆိုသည်။

ဘိုကလေးတွင် ရုံးဝန်ထမ်းများအပါအဝင် အကူအညီပေးရေးလုပ်သား ၆၂ ဦး ရှိသည့် WFP ရုံး တရုံး ကို ဖွင့် လှစ်ထား ကြောင်းလည်း သိရသည်။

ဘိုကလေးမြို့ခံတဦးက WFP ရဟတ်ယာဉ်နှင့် ဖြန့်ဝေသည့် စားနပ်ရိက္ခာများမှာ လတ်တလော စားသုံးရန် အတွက်ဖြစ်ပြီး ရေရှည်အတွက် များစွာလိုအပ်ချက်ရှိကြောင်း ပြောဆိုသည်။

“လယ်သမားတွေ ပြန်လည်ထူထောင်ရေးအတွက် သူတို့မှာ စားရေရိက္ခာ ရရှိမှဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။

စားရေရိက္ခာအပြင် လယ်ယာလုပ်ငန်းအတွက် ကျွဲ နွား စက်ပစ္စည်းများလည်း မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ လပွတ္တာမြို့ရှိ ကျေးရွာများမှ တခြားသောနေရာဒေသများသို့ ပြောင်ရွှေ့ခံရသည့် မုန်တိုင်း ဒုက္ခသည် များသည် လည်း တလ စာ အတွက်သာ ကူညီထောက်ပံ့ရေး ပစ္စည်းတချို့ကို ရရှိသည့်အတွက် လုံလောက်မှု မရှိကြောင်း သူက ပြောပြသည်။

ရန်ကုန်မြို့ရှိ မုန်တိုင်း ဒုက္ခသည် ၂၅ ဦးခန့်သည် အင်္ဂါနေ့တွင် နိုင်ငံတကာ ကြက်ခြေနီ ရုံး ICRC သို့ အကူအညီ သွားရောက် တောင်းခံ ရာ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အေပီသတင်းက ဖော်ပြသည်။

၎င်း ဒုက္ခသည်များသည် ဒဂုန်မြို့သစ် အရှေ့ပိုင်းမှဖြစ်ကြောင်း ICRC ပြောခွင့်ရ ခရစ် စထရက်တန်က ပြောသည်။

ဖမ်းဆီးခံထားသည့် ၎င်း ဒုက္ခသည်များထဲမှ ၁၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ယမန်နေ့က အေအက်ဖ်ပီ သတင်းတွင် ရေးသားထားသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ ခန့်သေဆုံး၍ ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေး ကယ်ဆယ်ရေး သံဃာတော် အရှင်သူမြတ်များလည်း ပါဝင်

နေသွင်
သောကြာနေ့၊ ဇွန်လ 13 2008 17:22 - မြန်မာစံတော်ချိန်

(အရှင်ပညာသီဟ - ရွှေညဝါ ဆရာတော်နှင့် အင်တာဗျူး)

နာဂစ်မုန်တိုင်းအပြီး လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် စေတနာရှင် မြန်မာပြည်သူများနှင့် လူသားချင်း စာနာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း နည်းတူ မြန်မာ သံဃာတော်များကလည်း ပြည်တွင်းပြည်ပမှ နေ၍ တတ်စွမ်းသမျှ ကြိုးပမ်း ကူညီနေပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မကြာသေးခင်က ဧရာဝတီတိုင်း အတွင်းရှိ လေဘေးသင့် ဒေသများသို့ ကြွရောက်ကာ ကယ်ဆယ်ရေး အကူပစ္စည်းများ သွားရောက် ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်း များကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်း ပေးခြင်းများကို လုပ်ဆောင်ပေးနေသည့် သံဃာတော်များလည်း ရှိပါသည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး မုန်တိုင်းသင့် ဒေသများတွင် သံဃာနှင့် အရပ်သားများ ၁ဝဝ ခန့်ကို ဦးဆောင်ကာ အကူအညီပေးပြီး မကြာသေးခင်က ပြန်လည် ကြွရောက်လာသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ပညာသီဟ (သက်တော် ၄၄၊ ဝါတော် ၂၄) ကို လျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

ဆရာတော်ကြီးသည် နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်ပြီး အဘိဓမ္မာကို သင်တန်းဖွင့် ပို့ချပေးသူဖြစ်ကာ ပရိယတ္တိ လုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျောဇောထင်ရှားသူ ဖြစ်ပါသည်။

မေး။ ။ ဘယ်နေ့က ရန်ကုန် ပြန်ရောက်တာလဲ ဘုရား။

ဖြေ။ ။ ၁ဝ ရက်နေ့က ပြန်ရောက်တယ်။ ဦးဇင်းတို့ တက်သွားတာ ၅ ရက်နေ့က လပွတ္တာနယ် တနယ်လုံးမှာရှိတဲ့ ရွာတွေဆီ စက်လှေတွေ၊ ပဲထောင်တွေနဲ့ သွားပြီးတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတယ်။ ပေါက်တူး၊ ပေါက်ပြား၊ ဒန်အိုး၊ ဒယ်အိုး၊ ဇွန်း၊ ဓား၊ ယောက်မ၊ အဝတ်အထည်၊ ဆေး အဲဒါတွေ ရွာပေါင်း ၆ဝ ကျော်လောက် ဘုန်းကြီးတို့ လှူနိုင်ခဲ့တယ်။

မေး။ ။ လူဦးရေက ဘယ်လောက်ကို တွေ့ခဲ့ပါသလဲဘုရား။

ဖြေ။ ။ လူဦးရေက တချို့က ရွာလုံးကျွတ်၊ တရွာလုံးမှာ ၃ ယောက်လောက် ကျန်တာလေ။ ပျမ်းမျှဆိုရင် တရွာမှာ ၂ဝဝ-၃ဝဝ။ ရွာပေါင်း ၆ဝ ကို ကိုယ်ဘာသာ တွက်ကြည့်တော့။

မေး။ ။ အရှင်ဘုရားတို့ သံဃာအင်အားဘယ်လောက်နဲ့ သွားခဲ့တာလဲဘုရား။

ဖြေ။ ။ ဦးဇင်း အပါး ၄ဝ၊ ကပ္ပိယ လူပုဂ္ဂိုလ် ၇ဝ ကျော်၊ အားလုံးပေါင်း ၁ဝဝ ကျော်ပေါ့။

မေး။ ။ ရွာတွေမှာ အခြေအနေ ဘယ်လို ရှိသလဲဘုရား။ လူတွေ ကယ်ဆယ်ရေး ပစ္စည်းတွေ ဘယ်လောက် ရနေပြီလဲ။

ဖြေ။ ။ ကယ်ဆယ်ရေး ပစ္စည်းတွေက လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်၊ မရပါဘူး။ မယ်မယ်ရရ မရပါဘူး။ ရတာတွေကလည်း ဆန်လိုလို ပဲလိုလို၊ အာလူးလိုလို ဒီလောက်ပါပဲ။ တောရွာတွေက ဆိုးဆိုးရွားရွား ခံစားရပါတယ်။ မြို့ပြတွေမှာ ခိုအောင်းနေတဲ့ လူတွေက အတော်အတန် ရတယ်လို့ ဆိုရမှာပေါ့။ မြင်ရတာက လက်ရှိ အနေအခြေမှာ လုံလုံလဲလဲ၊ လောက်လောက်လားလား မရှိပါဘူး။ ပြောရရင်တော့ လူလိုတောင် မနေရပါဘူး။ ရေညစ်ရေညမ်းတွေ ဖယ်ထုတ်ပြီးတော့ သန့်ရှင်းရေး လုပ်နိုင်တာ ဘာမှ မရှိသေးပါဘူး။

မေး။ ။ အရှင်ဘုရားတို့ ရောက်သွားတဲ့အချိန်မှာ အခြား ဘယ်လိုအဖွဲ့တွေ ရှိနေသလဲ။

ဖြေ။ ။ မရှိပါဘူး။ မန္တလေး မစိုးရိမ်တို့၊ ပဲခူးသာမဏေကျော်တို့၊ ပခုက္ကူတို့ ဘာတို့ ပြောသံတော့ ကြားတယ်။ ကျုပ်တို့နဲ့တော့ တည့်တည့် မတိုးပါဘူး။

မေး။ ။ အစိုးရပိုင်းကရော ဘယ်သူတွေနဲ့ ဆုံခဲ့ပါသလဲ ဘုရား။

ဖြေ။ ။ အစိုးရပိုင်းကတော့ အစကတည်းက ပတ်သက်မှုမရှိတော့ မတွေ့ခဲ့ပါဘူး။ လပွတ္တာရောက်တော့ လာပြီး လျှောက်ထားတာပေါ့။ ဘုန်းကြီးပြောတာ နားထောင်တာပါပဲ၊ ဘာမှသိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောပါဘူး။

မေး။ ။ သူတို့ရော ကယ်ဆယ်ရေး လုပ်နေကြလား ဘုရား။

ဖြေ။ ။ စိတ်လည်း မဝင်စားဘူး။ လေ့လည်း မလေ့လာဘူး။ စိတ်အနှောင့်အယှက် ထပ်ဖြစ်မှာစိုးလို့၊ ဘာမှ မဖတ်တော့၊ ဘာမှ မသိတော့ ပိုမကောင်းဘူးလား။ ဒုက္ခရောက်နေတဲ့ လူတွေဆီက အရောက်သွားမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သွားတာပဲ၊ ပေးနိုင်သမျှ ပေးမယ်။ ကြည့်ရှုပေးတယ်။ ရေကန်တွေ သန့်ရှင်းပေးပြီး၊ ကူဘူတာစက်နဲ့ စုပ်ပေးတယ်။ အလောင်းကောင်တွေ မီးရှို့ သဂြုင်္ိဟ်ပေးတယ်။ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သရဏဂုံ တင်ပေးပြီး အမျှဝေရေစက်ချ၊ သာဓုခေါ်တယ်။ ဘယ်ရွာ ဘယ်ရပ်ရောက်ရောက် ဘုန်းကြီးတို့ အဲဒါ လုပ်တယ်။ အဲဒါတွေက ဘုန်းကြီးတို့ရဲ့ ရည်ရွယ်ချက်ပဲ။

မေး။ ။ အရှင်ဘုရားတို့က အလောင်းတွေကို မီးရှို့ သဂြုင်္ိဟ်ပေးခဲ့တယ် ဆိုတော့ အရှင်ဘုရားတို့ ပြန်လာတော့ ဒီလုပ်ငန်းတွေ ပြီးပြတ်သွားပြီလား ဘုရား။

ဖြေ။ ။ အလောင်းတွေက ခွေးသေသေပြီး၊ ခွေးလို ပစ်ထားတာလေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပေးဘူး။ ဘယ်အဖွဲ့မှ မလုပ်ပေးဘူး။ ဦးကျော်သူတို့ အဖွဲ့က လုပ်နေတယ်လို့ ကြားရတာပဲ။ ဒါပေမဲ့ဗျာ၊ အလောင်းက မရေမတွက်နိုင်အောင် များနေတဲ့ အခြေအနေဆိုတော့ ဘာမှ အရာမရောက်ဘူး။ ကိုယ် တတ်နိုင်သလောက် လုပ်ခဲ့တယ်။ အလောင်း ၇ဝ၊ ကျွဲ ၄ ကောင်၊ နွား ၁ ကောင်၊ မြေမြှုပ်တန်တာ မြှုပ်၊ မီး မီးသဂြုင်္ိဟ်တန် မီးရှို့သဂြုင်္ိဟ်ခဲ့တယ်။ ဘုန်းကြီးတို့ ပါသွားတဲ့ လောင်စာက ဒီလောက်ပဲလေ။ အလောင်းတွေက ကိုင်လို့တောင် မရတော့ဘူး။ ကိုင်လိုက်ရင် ခြေထောက်ကဆွဲရင် ခေါင်းက ပြုတ်ကျန်ခဲ့။ အဲဒါတွေ ကောက်ပြီး မီးရှို့၊ အဲလို လုပ်ရတာ။ အဲဒါတွေက ရေထုရော၊ လေထုရော အကုန်ကို ညစ်ညမ်းစေတယ်လေ။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကတော့ ဆင့်ပွားဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာလေ။

မေး။ ။ ပြန်လာတော့ အရှင်ဘုရားတို့ အားလုံး ပြန်ကြွလာကြတာလား။

ဖြေ။ ။ ရေစုပ်စက် ၁၃ လုံးနဲ့၊ ကပ္ပိယ ၁၁ ယောက်ထားခဲ့တယ်။ ဆက်ပြီးတော့ စာရင်းပေးထားတဲ့ ရပ်ရွာတွေ၊၊ အားကိုး အားထားပြုတဲ့ ရေကန်တွေကို အကုန်ဆက်လုပ်နေတယ်။ ဘုန်းကြီးတို့ ရောက်တာက အကြိမ် ၅ ခေါက်ရှိပြီး၊ ကွမ်းခြံကုန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်ကျွန်း ရောက်ပြီးပြီ။ လပွတ္တာက ထဲထဲဝင်ဝင် ဒေသတွေကို မရောက်သေးလို့ သွားခဲ့တာ။

မေး။ ။ ဒေသထဲက သာသနိက အဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဘုန်းကြီးတွေ သေတဲ့ ကျောင်းတွေက အများကြီး။ ကျောင်းတွေက မရှိတာ များပါတယ်။ ပြိုပျက်ကုန်ကြတာ များပါတယ်။ တချို့တိုင်တောင် မကျန်ဘူး။ အဲဒါတွေ ပြန်လည် ထူထောင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ။

မေး။ ။ ဝါတွင်းကျတော့ အရှင်ဘုရားတို့ လုပ်ငန်းတွေ ဘယ်လို ဖြစ်သွားမလဲဘုရား။

ဖြေ။ ။ ပုံမှန်အတိုင်းပေါ့ဗျာ။ ကျုပ်ကလည်း ဗုဒ္ဓ တက္ကသိုလ် ဖွင့်ထားတော့ အချိန်ရသလောက်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လုပြီးတော့ တက်နိုင်သလောက် လုပ်ပေးမယ်။ ဒါပေမဲ့လည်း ပြည်တွင်းအနေနဲ့ စေတနာ့ရှင်၊ အလှူရှင်တွေက လာရောက် လှူဒါန်းတာတွေ လက်ပမ်းကျလာတဲ့ သဘောရှိပါတယ်။ တဖြည်းဖြည်း သွေးအေးလို့ လက်ပမ်းကျသွားလို့ ရှိရင် ဒုက္ခသည်တွေ ရှေ့ရေးက ရင်လေးစရာ ကောင်းပါတယ်။ ပြန်လည် ထူထောင်ရေးက တော်တော်ကို မလွယ်သေးတဲ့ ကိစ္စပါ။ ပြည်တွင်းက အလှူရှင်တွေ ပေးနိုင်ကမ်းနိုင်လို့ရှိရင် နောက်ဆုံး ၆ လပိုင်း မကုန်ခင်ပေါ့ဗျာ။

မေး။ ။ ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက ပြန်စနေတာ တွေ့ခဲ့လားဘုရား။

ဖြေ။ ။ စဖို့ နေနေသာသာ၊ လယ်တွေက ဆားငန်ရေတွေ ဝင်နေတယ်။ ဘယ်လို နိုင်ငံတကာ ပံ့ပိုးမှုတွေ ဘယ်ပုံရမယ်ဆိုရင် အားရစရာပေါ့ဗျာ။ အဲလို မဟုတ်ဘူး ဆိုရင်တော့ တောင်သူလယ်သမားတွေက လက်ရှိ ဘုန်းကြီးပေးတဲ့ ပေါက်တူးလေး တလက်တောင် အားရဝမ်းသာနဲ့ တော်တော်လေး ပေါက်တူးလေးဖက်ပြီး ဝမ်းသာနေကြတာ။ အဲလောက်လေးရတာ ဝမ်းသာတယ်ဆိုတော့ ကျွဲတွေ၊ နွားတွေမှ မရှိတော့ပဲ။ ကြားခဲ့တာက တအုပ်စုက ရေကန် သန့်ရှင်းရေး လုပ်ကိုင်နိုင်ဖို့ ၅ ရွာ၊ ၆ ရွာ စုထားတဲ့ ကျေးရွာအုပ်စုတွေ ရှိတယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ရေစုပ်စက်၊ ၃ လက်မပိုက်နဲ့ တလုံးရတယ် ပြောတာပဲ။ ရနေတာ မဟုတ်ဘူး၊ ရမှာ ပြောတာ။

အနည်းစုတော့ အဆောက်အဦ ပုံသဏ္ဍာန်တော့ ကျန်ပါသေးတယ်။ ပြိုလဲသွားတာ များပါတယ်။ ဘာမှ မကျန်တာ များပါတယ်။

မေး။ ။ ရွာသားတွေက ဘယ်လို နေနေကြလဲဘုရား။

ဖြေ။ ။ ရွာသားတွေက အသက်ရှင် ကျန်နေတဲ့ သူတွေက စုစည်းပြီး တနေရာမှာ ကိုယ့်အိမ့် ကိုယ့်နေရာ မရွေးတော့ဘူး။ စုစုရုံးရုံးနေမှလည်း ကိုက်မှာလေ။ ညဘက်တွေမှာ တစုတဝေးထဲ ရှိမှကိုး။ အဲဒီမှာ တာပေါ်လင်စတွေနဲ့ ကာထားတာတို့၊ မိုးထားတာတို့ အဲလိုစုနေမှ ဖြစ်မှာကိုး။ စုမနေရင် ညဘက်ဆို အန္တရာယ် ရှိတာကိုး။ အဲဒီမှာက ညဘက်ကျတော့ သေသွားတဲ့ လူတွေက သေချင်းဆိုးတွေနဲ့ သေတာဆိုတော့ မကျွတ်မလွတ်တာတွေ များတယ်လေ။ ညဘက်ကျတော့ ကယ်ပါ၊ ယူပါ အသံဗလံတွေက တော်တော်များများ ကြားနေရတယ်။ အဲဒီအတွက် ဘုန်းကြီးတို့က အမျှအတန်း ဝေခဲ့တာပဲ။ ရနိုင်သူတော့ ရမှာပေါ့ဗျာ။ အကုန်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကံနည်းလို့ ဒီဘဝရတာကိုး။ အဘိဓမ္မာလို ပြောရင်တော့ ဘဝပေါင်းများစွာက ကံတခုကလည်း သာသနာနဲ့ ကြုံပြီး သာဓုခေါ်ဖို့ သတိရရင်တော့ ကျွတ်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ဘယ်တတ်နိုင်မှာလဲ။ မဟုတ်ဘူးလား။

မေး။ ။ တပည့်တော်တို့လည်း ကြားပါတယ်ဘုရား။ ဒီကိစ္စတွေ။

ဖြေ။ ။ မနက်မိုးလင်း အာရုံဆွမ်း စားပြီးရင် သင်္ဘောကျောက်ချ၊ နှစ်စီး တွဲထားတာကိုး။ တပည့်တို့ တို့လာတာ ကယ်ဆယ်ရေး လုပ်ဖို့လာတာ။ မွန်မြတ်တဲ့ စိတ်စေတနာကို သစ္စာဓိဋ္ဌာန် ပြုပြီးတော့၊ ပဲ့ထောင်မှာ ဘယ်နှစ်ပါးတက်ကြ။ ကပ္ပိယ ဘယ်နှစ်ယောက်သွားကြ။ ပစ္စည်း ပစ္စယ တင်ကြ။ သွားကြ။ ညနေ ၆ နာရီမှ ပြန်မရောက်ရင် မင်းတို့ကိုတော့ ငါရေစက်ချ အမျှဝေလိုက်မယ်။ ငါတို့ ထိုနည်းလည်းကောင်း ဒီအတိုင်းပဲ ထွက်မှာကိုး။ လှိုင်းတွေ လှေတွေ၊ တံပိုးတွေကြားမှာ သွားရမှာကိုး။ သစ္စာတရား မှန်ကန်လို့လား မသိဘူး။ ဘေးမသီ၊ ရန်မခ အကုန် ပြန်ရောက်တယ်။ သွားတဲ့ နေရာတွေက သိပ်ဝေးလံတော့ လှိုင်းလေတွေက ကြီးတော့ မော်တော်သမား၊ ပဲ့ထောင်တွေက ကျွမ်းကျင်မှုနည်းရင် မပို့ရဲဘူး။ ထိုက်တန်တဲ့ အဖိုးအခတော့ ဘုန်းကြီးက ပေးပါတယ်။ ဝတ်ရွတ်တယ်။ ပရိတ်ရွတ်တယ်။ အမျှဝေပေးတယ်လေ၊ ညတိုင်း လုပ်ပေးတယ်။ ဘုန်းကြီးတို့ တခါတလေ အနံအသက်ဆိုးတွေ ရတယ်။ အမျှယူချင်လို့ လာကြတယ် ထင်တာပဲ။ တချို့ ဦးပဉ္စင်းတွေဆိုရင် ထင်ထင်ရှားရှားကြီးတွေ တွေ့ရ။ အနံ့အသက်တွေ ရကြ။ ဒါတွေက သူတို့ဘဝရဲ့ ဘဝအကျိုးပေးတွေပေါ့။ သူတို့ လာတယ်ဆိုတဲ့ အထောက်အထားတွေပေါ့။

မေး။ ။ ဘာများ မိန့်ကြားချင်သေးလဲ ဘုရား။

ဖြေ။ ။ လုပ်တဲ့ကိုင်တဲ့ သံဃာတွေလည်း ထိထိရောက်ရောက် သွားပြီးမှာတော့၊ ကိုယ်ပင်ပမ်းတာကို ပဓာနမထားဘဲနဲ့ ဒုက္ခသည်တွေ လက်ထဲကို ကိုယ်ထိလက်ရောက် သွားပေးနိုင်ရင် ကောင်းမှာပဲ။ ကြားပါတယ်။ ဘယ်ဆရာတော်က ဘယ်မြို့ကို ဦးတည်သွားပြီး ပုံအောပြီး အပ်ပစ်ခဲ့တာတို့၊ ကြားပါတယ်။ ငါ့လာအပ်ရင် ကောင်းမှာလို့၊ အပ်ပစ်ခဲ့တာ မသေချာဘူး။ ၅ဝ ရာခိုင်နှုန်း ရောက်ဖို့တောင် မသေချာဘူး။ တကယ့် နေရာတွေကို ပြောတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပူတာအိုထောင်အတွက် ရိက္ခာဆန် ကုန်သည်များ ထောက်ပံ့

မျိုးကြီး
သောကြာနေ့၊ ဇွန်လ 13 2008 19:01 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ နာဂစ်မုန်တိုင်းနောက်ပိုင်း ကချင်ပြည်နယ် မြောက်ဖျားရှိ ပူတာအို အကျဉ်းထောင်အတွက် လိုအပ်သည့် ဆန်များကို ခရိုင်အတွင်းရှိ ဆန်ကုန်သည်များက ထောက်ပံ့နေရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အကျဉ်းသားများ စားသုံးရန် ရိက္ခာဆန် အခက်အခဲ ရှိနေသဖြင့် ဆန်ကုန်သည်များ အသင်းမှ ဆန်ထောက်ပံ့ပေးရန် ပြည်ထဲရေးဌာနမှ ညွှန်ကြား သောကြောင့် ယခုလို ထောက်ပံ့နေရခြင်း ဖြစ်ကြောင်း ခိုင်လုံသော ပူတာအို ထောင်ဝန်ထမ်း သတင်းရပ်ကွက်က မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှ စတင်ကာ ယခုလကုန်အထိ ဆန်ကုန်သည်များက ထောင်အတွက် တတင်းခွဲ ဆန်အိတ် ၂၈ဝ ကျော် ထောက်ပံ့ ပေးရမည်ဟု ထောင်အာဏာပိုင်များဘက်က သတ်မှတ်ပေးခဲ့ပြီး၊ မေလ ၃၁ ရက်နေ့က ဆန် ၄၅ အိတ်ကို စတင်ထောက်ပံ့ခဲ့ပြီး ကျန်ရှိသည့် ဆန်အိတ်များကို အရစ်ကျနည်းဖြင့် ထပ်မံ ပေးသွင်းရမည်ဟု သတင်းရပ်ကွက်က ဆိုသည်။

ပူတာအိုရှိ ဆန်ကုန်သည် တဦးကလည်း ဆန်ပေးရကြောင်း အတည်ပြု ပြောဆိုသော်လည်း ဆန်ကုန်သည်များက မည်ကဲ့သို့ အချိုးကျ ထည့်ဝင် ရမည်နှင့် အသေးစိတ် အချက်အလက်များကိုမူ ပြောဆိုခြင်း မပြုပါ။ ဌာနဆိုင်ရာ လိုအပ်ချက်များရှိရင် အာဏာပိုင်များက ပတ်သက်ရာ နီးစပ်ရာ ကုန်သည် စီးပွား လုပ်ငန်းရှင်များထံမှ အလှူ ကောက်ခံလေ့ ရှိသည်။

ယခင်က ထောင်တွင်းသို့ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ အသားငါး စသည့်ရိက္ခာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက တာဝန်ယူ ပေးပို့ရန်အတွက် သတင်းစာများတွင် ကြော်ငြာထည့်၍ တင်ဒါ ခေါ်ယူလေ့ရှိပြီး၊ တင်ဒါရသူများက တင်ပို့ ရောင်းချခွင့် ရသည်။ နာဂစ် နောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်သာ တင်ဒါခေါ်ယူပြီး ဆန်ကို ခေါ်ယူခြင်း မရှိတော့ပါ။

ပူတာအိုတွင် ဆန်အကောင်းစား လုံးသွယ်မွှေး ခတ်ချိုဆန်သည် တအိတ်လျှင် ကျပ် ၆ဝဝဝဝ ဝန်းကျင်၊ ငစိန်ဆန်ကဲ့သို့ အညံ့စားဆန်က တပြည် ၁၃ဝဝ ခန့် ဈေးပေါက်နေပြီး၊ ၂ ဆနီးပါး ခုန်တက်လာကြသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် ဆန်ဈေးသည် ၂ ဆနီးပါး တက်နေသည်။

ဒေသတွင်း၌ ဆန်ဈေး တက်နေကာ တရုတ်နိုင်ငံဘက်သို့ မြန်မာမှ ဆန်သယ်ယူရောင်းချမှုကို အာဏာပိုင်များက ပိတ်ပင်ထားပြီး ရှာဖွေ ဖမ်းဆီးမှုများ လုပ်နေသည်။

နှစ်နိုင်ငံနယ်စပ်တွင် ဆန်ရောင်းဝယ်နေသည့် ကုန်သည်တဦးက “အာဏာပိုင်တွေဘက်ကတော့ တရားဝင် ပိတ်ထားတာပဲ။ အခုဝင်တာက အောက်လမ်းလို့ ခေါ်တာပေါ့။ ဂိတ်နဲ့ ကားသမားနဲ့ ညှိပြီး သွင်းကြတာ” ဟု ပြောသည်။

မုန်တိုင်းသင့် ဧရာဝတီတိုင်းက လယ်ယာမြေများတွင် ဆန်စပါးကို အချိန်မီ မစိုက်ပျိုးနိုင်ပါက မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က FAO က ထောက်ပြထားသည်။

နအဖ စီမံကိန်းဝန်ကြီးဌာနမှ ဦးစိုးသာက FAO ၏ ပြောဆိုချက်ကို အခြေအမြစ်မရှိဟု တုံ့ပြန် ပြောဆိုခဲ့သည်။

ပူတာအို အကျဉ်းထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများကလည်း အကျဉ်းကျနေသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

63rd Birthday of Daw Aung San Suu Kyi


အပြည့်အစုံဖတ်လိုလျှင်

ပြည်တွင်းမှ စေတနာ့ဝန်ထမ်းအချို့ အလှူငွေ လက်မခံရဲတော့

ဇွန် ၁၃။ ရဲအောင်သော်

အဆိုတော် ဇာဂနာကို ဖမ်းဆီးသွားပြီးနောက်ပိုင်း နာဂစ်ဒုက္ခသည်များအတွက် ပြည်တွင်းမှ ကယ်ဆယ်ရေးလုပ်နေကြသော စေတနာ့ဝန်ထမ်း အလှူရှင် အဖွဲ့အချို့သည် ရပ်ဝေးမှ အလှူငွေ လက်ခံရန် အခက်ကြုံလျက် ရှိသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဘိုကလေးက ပြန်လာတဲ့ အဖွဲ့တခုဆို အလှူငွေ လက်မခံတော့ပါဘူး။ လှူချင်တဲ့လူရှိရင် သူတို့ လူအားပဲ စိုက်ပြီး ကူညီပါ့မယ်လို့ ကြေညာထားရတယ်။ ကိုဇာ့ဂနာ့လဲ ခေါ်တုန်းက ခဏပါ၊ အ၀တ်အစားတွေပါ ယူခဲ့ပါဆိုပြီး ခုထိ ပြန်မလွှတ်သေးတော့ အခြေအနေက သိပ်မလွယ်ဘူး”ဟု အလှူရှင် အုပ်စုတခုက ပြောကြားသည်။

ဘလော့ဂါဒေါ့ကွန်းကို ပြည်တွင်းတွင် ပိတ်ဆို့ထားပြီး နာဂစ်ဒုက္ခသည်များနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်ပုံများကို အမြောက်အများ တင်ပေးနိုင်သည့် ဖလစ်ကာနှင့် ပီကာဆာ ဒေါ့ကွန်းများကိုလည်း ပိတ်ဆို့လိုက်သဖြင့် လှူဒါန်းသည့် အထောက်အထား ဓာတ်ပုံများကို ပြည်ပအလှူရှင်များအား ပြန်လည်မျှဝေရန် မလွယ်ကူတော့ကြောင်း သိရသည်။

“ဂျီတော့ကိုတော့ ပိတ်လို့မလွယ်လို့ သူတို့ မပိတ်ဘူး။ ဒါပေမယ့် ရန်ကုန်ကနေ ဂျီတော့က ဓာတ်ပုံပို့ရတာ အရမ်းကြာတယ်။ ပို့နေတုန်း ပြန်ပြန်ပြုတ်ကျသွားတယ်။ ကော်နက်ရှင် နှေးတာလဲ ပါတယ်။ အလှူလုပ်တယ်ဆိုတာလဲ ရှင်းရှင်းလင်းလင်း ရှိမှ ကောင်းတော့ ဓာတ်ပုံမှတ်တမ်းတွေ၊ စာရင်းတွေ ပြန်ပို့ပေးတယ်ဆိုတာလဲ လိုကို လိုတယ်။ ဒါ ကိုယ်တွေသိက္ခာပဲ”ဟု စေတနာ့ဝန်ထမ်း တဦးက ပြောပြသည်။ ကုလသမဂ္ဂ၊ ဝေါလ်ဗစ်ရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ပြည်တွင်း ကိုယ်ထူကိုယ်ထ အလှူရှင်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။

“အကောင်းဆုံးနည်းက ဒါတွေ(ကယ်ဆယ်ရေးတွေ) လုပ်နေရင် အိမ်မှာ ချဲစာရွက်ကအစ မရှိစေနဲ့။ အိမ်ဝင်ရှာရင် ငြိနိုင်တဲ့ပစ္စည်းမှန်သမျှ အကုန်ရှင်းထား။ အလှူငွေ ဖြတ်ပိုင်းတွေ တခြားမှာ သွားထား။ လှူနေတဲ့ပုံတွေ စီဒီခုတ်ထားတာတို့၊ ကွန်ပျူတာထဲမှာ သိမ်းထားတာတို့က ခုထိတော့ ပြဿနာ မရှိသေးဘူး ထင်တာပဲ။ ကိုဇာဂနာက လွဲရင်ပေါ့”ဟု FNG အဖွဲ့နှင့် ပူးပေါင်း ကယ်ဆယ်ရေးလုပ်နေသူ တဦးက ပြောသည်။

အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာက အန်ဂျီအိုများအား ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် ဒေသခံ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လှူဒါန်းမည့်ပစ္စည်းစာရင်း ဒေသခံ အာဏာပိုင်များသို့ ပေးအပ်ရန်နှင့် လေဘေးသင့်သူများ အမှန်တကယ် လိုအပ်သည့် ပစ္စည်းများသာ ဖြစ်ရန် ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ မလိုအပ်သည့် ပစ္စည်းဖြစ်၍ ပြန်လည် ရောင်းချပါက နိုင်ငံဂုဏ်သိက္ခာ အထိခိုက် မခံနိုင်ဟု ဆိုသည်။ မင်္ဂလာဈေး၊ မင်္ဂလာဒုံဈေး ဈေးကွက်များသို့ ရောက်ရှိလာသော ခေါက်ဆွဲခြောက်များ၊ စောင်များမှာ မြန်မာဒုက္ခသည်များ လိုအပ်သော ပစ္စည်းများ ဟုတ်မဟုတ်ကို ဦးစိုးသာက မပြောပါ။

အပြည့်အစုံဖတ်လိုလျှင်

တောင်ပြိုသဖြင့် မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံး

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 13 2008 14:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မိုးသည်းထန်စွာ ရွာသွန်းရာမှ မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးပြီး လူနေအိမ်ခြေ အများအပြား ပျက်စီးသွားသည် ဟု ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယနေ့ နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြားထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီး သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူအသေအပျောက် အနည်းဆုံး ၁ဝ ဦးရှိမည်ဖြစ်ကြောင်း ဒေသခံ ကူညီ လုပ်ကိုင်ပေးနေသူ တဦးက ပြောသည်။ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေခဲ့၍ သီးခြား အတည်ပြုချက်များ ယခု သတင်းပေးပို့ချိန်တွင် မရနိုင်ဘဲ ဖြစ်နေသည်။

ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါးပြိုကျမှုကြောင့် ထိခိုက် ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။

ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး

သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 12 2008 23:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း အပျက်အစီးများကို လေ့လာ အကဲဖြတ်မှုများ ပူးတွဲ ပြုလုပ်လျက် ရှိကြသည့် သုံးပွင့်ဆိုင် ပင်မအုပ်စု 'Tripartite Core Group' (TCG) နှင့်အတူ ပူးတွဲလိုက်ပါ တာဝန် ထမ်းဆောင်ရန် မြန်မာ စစ်အစိုးရက ထောက်လှမ်းရေး အရာရှိ ၂ ဒါဇင်ကျော်ကို တာဝန်ပေးအပ်ခဲ့သည် ဟု ဤအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်၏ အပြောအရ သိရပါသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မြန်မာ အကြီးတန်းအရာရှိ အတော်များများကတော့ စစ်အစိုးရက ခုလို နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာမှု လုပ်ငန်း (PONJA) မှာ ထောက်လှမ်းရေး အရာရှိတွေနဲ့ တွဲပြီး လေ့လာ စူးစမ်းမှုတွေ လုပ်မယ်ဆိုတဲ့ ကိစ္စကို တော်တော့်ကို မချင့်မရဲ ဖြစ်နေကြတယ်” ဟု (TCG) တွင် ပါဝင်သည့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသွားပါသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် ပင်မအုပ်စု (Core Group) ဟု သိကြသည့်အဖွဲ့ကို အာဆီယံ အဖွဲ့ကြီး၏ အကူအညီဖြင့် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ၊ ကုလအေဂျင်စီများ၊ ဝန်ကြီးဌာန အသီးသီးမှ မြန်မာအရာရှိများဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောက်လှမ်းရေး အရာရှိ အများစုမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖြစ်ကြပြီး သူတို့ ဝင်လာနိုင်ရန်အတွက် ဤလုပ်ငန်းတွင် မူလက တာဝန်ပေးထားသော အရာရှိများမှာ နေရာ ဖယ်ပေးခဲ့ကြရသည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆက်လက် ပြောကြားပါသည်။

ဤမစ်ရှင်အဖွဲ့၏ အဖွင့် အခမ်းအနားကို အင်္ဂါနေ့က ရန်ကုန်မြို့ Chatrium ဟော်တယ်၌ ကျင်းပပြီးနောက် အဆိုပါ အမြင်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် TCG အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်သူ တက်ရောက်ခဲ့သည်။

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရင်း ပစ်ဆူဝမ်း Mr. Surin Pitsuwan လည်း အဆိုပါ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

ထိုနေ့တွင်ပင် မုန်တိုင်း ဖျက်ဆီးမှုဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းသို့ အစိုးရ လိုလားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) မှအဖွဲ့ဝင် ၂၅ဝ ကျော်ကိုလည်း စေလွှတ်ခဲ့သည်။

အဆိုပါ ကြံ့ဖွံ့ အဖွဲ့ဝင်အချို့သည် အစိုးရ သတင်းပေးများ အဖြစ်လည်း ဆောင်ရွက်ကြလိမ့်မည်ဟု လေ့လာသူများက ပြောဆို နေကြပါသည်။ စစ်အစိုးရ၏ အခြေအမြစ် မရှိသည့် စိုးရိမ်ကြောင့်ကြမှုများကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်း မရှိဘဲ အမေရိကန် ရေတပ် စစ်သင်္ဘော ၄ စင်း ပြန်လည် ထွက်ခွါသွားပြီး နောက်မှာပင် နိုင်ငံခြား အကူအညီပေးရေး လုပ်သားများအပေါ် စစ်အစိုးရက သင်္ကာမကင်းဖြစ်ဆဲ ရှိသေးသည် ဟု သူတို့က ဆက်လက် ပြောဆိုသွားကြပါသည်။

မည်သည့် နိုင်ငံခြားသားများကိုမျှ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ လူနေ ရပ်ကွက်များ အတွင်းသို့ ဝင်ရောက်ခွင့် မပေးရန် ရပ်ကွက်နှင့် မြို့နယ် အဆင့် ဒေသခံ အာဏာပိုင်များကို အမိန့်ပေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောကြားခဲ့ပါသည်။

“မြန်မာအစိုးရက သူတို့ ကတိပေးထားသလို နိုင်ငံခြားသား အကူအညီပေးရေး ဝန်ထမ်းတွေကို ပိုမို ဝင်ရောက်ခွင့် ပြုမယ်လို့ မျှော်လင့်ခဲ့တာ ပါဘဲ။ ဒါပေမဲ့ ခုလို နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ရှည်လက်ရှည် စောင့်နေသေးပေမဲ့ ထင်ထားသလို ခွင့်မပြုသေးပါဘူး” ဟု အမည် မဖေါ်လိုသူ ထိုပုဂ္ဂိုလ်က ဆက်လက် ပြောကြားပါသည်။

မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လူပေါင်း ၁၃၃ဝဝဝ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်မှာ တလကျော် ကြာမြင့်သည့်တိုင်အောင် လူတသန်းကျော်မှာ မည်သည့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီမျှ ယခုတိုင် ရရှိခြင်း မရှိသေးဟု ကုလသမဂ္ဂက ခန့်မှန်းထားပါသည်။

အဆိုပါ လေ့လာအကဲဖြတ်ရေး အဖွဲ့သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သည့် လူပေါင်း ၂.၄ သန်းအတွက် လိုအပ်မည့် အစားအစာ၊ သောက်ရေသန့်၊ ယာယီ အမိုးအကာများကို လေ့လာ တွက်ချက်သွားမည် ဖြစ်ပြီး၊ အိမ် များ၊ ကျောင်းများ၊ လယ်ယာ စိုက်ပျိုးရေး အခြေခံ စီးပွါးရေးတို့ကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ကုန်ကျမည့် စရိတ်စကများကို ခန့်မှန်း တွက်ချက်သွားမည် ဖြစ်သည်။

ကျွမ်းကျင်သူ ၂၅ဝ ခန့် ပါဝင်သည့် အဆိုပါ အဖွဲ့သည် ပင်မအုပ်စု (Core Group) ၏ ခေါင်းဆောင်မှုဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ထရပ်ကားများ၊ လှေသင်္ဘောများ၊ ရဟတ်ယဉ်များဖြင့် လေ့လာ စူးစမ်းမှုများ ပြုလုပ်ရန် အင်္ဂါနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်းများ ပိုမိုလက်ခံရန် သမ္မတကတော် လော်ရာဘုရှ် တိုက်တွန်း

13 June 2008



အမေရိကန်သမ္မတကတော်လော်ရာဘုရှ်။ ဇွန် ၁၂၊ ၂၀၀၈။


မြန်မာနိုင်ငံမှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျလို့ အကြီးအကျယ် ပျက်စီးနေတဲ့ဒေသက ဒုက္ခသည်များ
ကို နိုင်ငံတကာ လူသားချင်းစာနာမှု ကျွမ်းကျင်သူအလုပ်သမားများ လျှင်မြန်ထိရောက်စွာ သွားရောက်
ကူညီခွင့်ပြုပါလို့ စစ်အစိုးရကို အမေရိကန် သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က တိုက်တွန်း
လိုက်ပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကြာသပတေးနေ့က ရောမမြို့မှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ရဲ့ အမှုဆောင်ဘုတ်အဖွဲ့သို့ မိန့်ခွန်းပြောကြားရင်း လော်ရာဘုရှ်က အဲဒီလို ထည့်သွင်း တိုက်တွန်းသွားတာပါ။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အထောက်အပံ့ ဒေါ်လာ ၃၅ သန်းဖိုး ပေးတဲ့အထဲ
က ဒေါ်လာ ၁၁ သန်းက ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကတဆင့် ပေးပို့သွားတာ
လို့ ထောက်ပြရင်း သမ္မတကတော် လော်ရာဘုရှ်က မြန်မာနိုင်ငံမှာ အခက်အခဲများစွာ
ကြားက သွားရောက်ကူညီထောက်ပံ့ လုပ်ကိုင်နေကြတဲ့အတွက် WFP ကမ္ဘာ့စားနပ်
ရိက္ခာ အစီအစဉ်ကိုလည်း ချီးကျူး ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

မေလ ၃ ရက်နေ့က နာဂစ်ဆိုင်ကလုံး လေပြင်းမုန်တိုင်းကျပြီး ဧရာဝတီတိုင်း အကြီး အကျယ်ပျက်စီးနေလို့ အခုထက်ပိုပြီး ကူညီထောက်ပံ့ခွင့်ပေးဖို့ သမ္မတကတော်
လော်ရာဘုရှ်က စစ်အစိုးရအား ထပ်တလဲလဲ တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။

စစချင်းမှာ စစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေးများကို လက်မခံဘဲ
နောက်ပိုင်းကျမှ တစတစနဲ့ လက်ခံလာခဲ့ပေမယ့် လေဘေးဒုက္ခသည်များ သောက်ရေ
သန့် မရကြလို့ ကူးစက်ရောဂါများ ပြန့်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းအလွန် ဒုတိယအကြိမ် ကပ်ဘေးဆိုးကျရောက်နိုင်ဟု ကျန်းမာရေးကူညီမှုအဖွဲ့များ သတိပေး

13 June 2008


အစားအစာများဝေငှမည်ကို မိုးရွာထဲတွင် စီတန်းစောင့်ဆိုင်းနေကြသော လပွတ္တာမြို့နယ်ရှိ လေဘေးဒုက္ခသည်များ။ဇွန် ၉၊ ၂၀၀၈။

မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းသင့်ဒေသတွေမှာ နောက်ပိုင်းရောဂါဆိုးတွေ ကူးစက်ပျံ့နှံ့လို့ ဒုတိယအကြိမ် ကပ်ဆိုး ကျရောက်လာနိုင်မယ့် အန္တရာယ်အတွက် စိုးရိမ်စရာရှိတယ်လို့ အမေရိကန်အခြေစိုက် Direct Relief International လို့ခေါ်တဲ့ ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကူညီရေးအဖွဲ့က ပြောလိုက်ပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးကဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံတွင်း ဆိုင်ကလုံးမုန်တိုင်းသင့်တဲ့ ဒေသတွေမှာ ကျန်းမာရေးဆိုင်ရာ
အဆောက်အဦတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ အတော်လေးကို ပျက်စီး
ကုန်ပြီး နေရာအတော်များများမှာလည်း မသန့်ရှင်းတဲ့ရေတွေ ကျန်ရစ်တာကြောင့်
ရောဂါပိုးတွေ ကူးစက်လာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကူညီရေးအဖွဲ့တွေက စိုးရိမ်
နေကြတာပါ။ မြန်မာနိုင်ငံထဲ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနေရာတွေ ပျက်စီး
ကုန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်စီးသွားတာ၊ ဒေသတွင်းမှာလည်း
ကျန်းမာရေးဝန်ထမ်းတွေ အလုံအလောက်မရှိတာ၊ လမ်းပန်းဆက်သွယ်ရေးကြောင့် အရေးပေါ်ကျန်းမာရေး ကုသမှုပေးဖို့ ခက်ခဲတာ၊ အဆိုးဆုံးကတော့ ကျန်းမာရေး
ကာကွယ်မှုစနစ်တွေ ချို့တဲ့တာတွေကြောင့် ရောဂါပြန့်ပွားမှုတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆကြပါတယ်။ ဒီအထဲမှာ ဆိုင်ကလုံးဒုက္ခသည်တွေအတွက် ဆေးဖက်ဆိုင်ရာ
ပစ္စည်းတွေ၊ ဆေးဝါးတွေ ကူညီထောက်ပံ့နေတဲ့ အမေရိကန်အခြေစိုက် Direct Relief
International အဖွဲ့ကြီးလည်း အပါအ၀င်ပါ။ ဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ မစ္စတာ ဂျင်မ်
ပရောဆာ (Jim Prosser) က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ကပ်ဘေးဆိုးကျရောက်မယ့် အလားအလာအတွက်
ကျနော်တို့ အလွန်အမင်းကို စိုးရိမ်နေပါတယ်။ ရောဂါတွေဖြစ်နေတယ်ဆိုတဲ့ သတင်း
ရတာကြောင့် ကျနော်တို့အနေနဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံထဲ ကျနော်တို့နဲ့တွဲလုပ်နေတဲ့ အဖွဲ့တွေရဲ့ မေတ္တာရပ်ခံချက်အရ အရေးပေါ် လိုအပ်တဲ့ပစ္စည်းတွေ၊ ရောဂါတိုက်ဖျက်ရေးဆေးဝါးတွေကို နောက်ထပ်ပို့နိုင်အောင်
လည်း ပြင်ဆင်နေပါတယ်။”

မြန်မာစစ်အစိုးရသတင်းစာမှာတော့ တနေ့ကပဲ မုန်တိုင်းသင့်ဒေသတွေမှာ အများက
စိုးရိမ်သလို ရောဂါကူးစက်မှုတွေ မရှိဘူးလို့တော့ ပြောထားပါတယ်။ ဒါကြောင့် အခုလို စိုးရိမ်စရာတွေ ဖြစ်လာရအောင် ဘယ်လိုအခြေအနေတွေကြောင့်လဲလို့ မေးကြည့်
တော့ မစ္စတာ ဂျင်မ် ပရောဆာက အခုလိုပြောပါတယ်။

“WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံချက်တွေအရ အသက်ရှူလမ်းကြောင်း
ဆိုင်ရာ ကူးစက်ရောဂါပိုး ကူးစက်ခံရသူ ၆၉၅ ဦး၊ သွေးဝမ်းကိုက်တဲ့ ရောဂါသည်
၁၁၄ ဦး၊ သွေးလွန်တုပ်ကွေး ရောဂါသည် ၃ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါက အခိုင်
အမာရထားတဲ့သတင်းပါ။ မြန်မာနိုင်ငံထဲက သတင်းမှန်တွေ၊ အခြေအနေမှန်တွေကို
သိဖို့ကလည်း ခက်ခဲပါတယ်။ အခုအပတ်ထဲကျမှပဲ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက
ကိုယ်စားလှယ်တွေ တရွာဝင် တရွာထွက် အခြေအနေတွေကို သုံးသပ်အကဲခတ်ခွင့်
ရမှာပါ။ ဒါကြောင့် အခြေအနေတစုံလုံးကို သိရဖို့ ခဲယဉ်းနေတုန်းပါ။”

Direct Relief International အဖွဲ့အနေနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တဦး မုန်တိုင်း
နောက်ပိုင်းမှာ ရန်ကုန်ကို သွားရောက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အကူအညီတွေ
ပေးတာကိုတော့ သူတို့ကိုယ်တိုင် ဆောင်ရွက်တာမဟုတ်ဘဲ မြန်မာနိုင်ငံတွင်း
ဆေးဖက်ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့တွေကို ပြန်ပြီး ကူညီနေတာဖြစ်ပါတယ်။

“Direct Relief International အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံတွင်း ဒေသခံ အစိုးရမဟုတ်
တဲ့အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ အဲဒီက ဆေးဖက်ဆိုင်ရာ လိုအပ်
ချက်တွေကို ကူညီဆောင်ရွက်နေပါတယ်။ အထူးသဖြင့်ဆိုရင်တော့ မြန်မာနိုင်ငံထဲက
အကြီးဆုံး ဆေးဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းနဲ့ ပူးတွဲဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့မှာက ဆရာဝန် ၈,၀၀၀ ကျော် အဖွဲ့ဝင်ရှိပါတယ်။
ဧရာဝတီတိုင်းက မုန်တိုင်းဒုက္ခသည်တွေကို ကုသဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်း
က အဖွဲ့လိုက် သွားရောက်ကူညီနေပါတယ်။” လို့ ဂျင်မ် ပရောဆာက ပြောခဲ့ပါတယ်။

သူတို့အနေနဲ့ လက်ရှိအားဖြင့် ဆေးဖက်ဆိုင်ရာပစ္စည်းတွေ၊ ဆေးဝါးတွေ စုစုပေါင်း
တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၈,၀၀၀ တန်ဖိုးခန့် ကူညီခဲ့တယ်လို့ သိရသလို
ဆေးဖက်ဆိုင်ရာ ကူညီရေးအဖွဲ့တွေအတွက် ငွေသား ၁၆၃,၀၀၀ ကိုလည်း ထောက်ပံ့
ပေးခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ဆရာဝန်များအသင်းကိုတင်မဟုတ်ဘဲ တခြား
နိုင်ငံခြားက အကူအညီပေးရေးအဖွဲ့တွေကိုပေးတာလည်း ပါပါတယ်။

“Australia Aid International ကိုလည်း အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကူညီထားပါ
တယ်။ ဒီအဖွဲ့က ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ ၇ ဦးဟာ နိုင်ငံကူးဗီဇာရပြီး မြန်မာ
နိုင်ငံထဲ ရောက်နေပါတယ်။ သူတို့ဟာ ဒီ စိတ်ပိုင်းဆိုင်ရာ ဆေးပညာကုသမှုနဲ့
ပတ်သက်တာ၊ နောက် အရေးပေါ်ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ ဆေးပညာ
တွေကို အခု သင်တန်းပေးနေပါတယ်။” လို့ မစ္စတာ ဂျင်မ် ပရောဆာက ဆက်ပြောပါ
တယ်။

အခုလိုကြောင့်လည်း သူတို့အနေနဲ့ ဒီမုန်တိုင်းသင့်ဒေသတွေမှာ ကျန်းမာရေးအရ
စိုးရိမ်ရတယ်၊ ဒုတိယကပ်ဆိုး ကျရောက်မယ့်အန္တရာယ် ရှိတယ်ဆိုတာကို သူတို့ရဲ့ ဆန်းစစ်ချက်တင်မဟုတ်ဘဲ အဲဒီ ကူညီရေးဆေးအဖွဲ့တွေကတဆင့် ရတဲ့သတင်းတွေ
အပေါ်မှာလည်း သုံးသပ်ထားတာလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အခု မိုးတွင်း ရောက်လာတာနဲ့အမျှ အဲဒီဒေသတွေမှာ သွားရေးလာရေးခက်လာတဲ့အပြင်
ရေကြောင့်ဖြစ်တဲ့ ရောဂါမျိုးတွေ အချို့နေရာတွေမှာ ဖြစ်ပေါ်နေတယ်လို့ အဲဒီမှာ
သွားရောက်ခွင့်ရတဲ့ ဆေးအဖွဲ့တွေကတဆင့် သိရတယ်လို့လည်း ပြောပြပါတယ်။


အပြည့်အစုံဖတ်လိုလျှင်

Burma Cyclone aid

Burmese military government should give unfettered access to U.S. and other humanitarian aid, Laura Bush, the wife of U.S. President George W. Bush, said Thursday.

United Nations says funding to keep its relief effort going is falling short of the targets.
The first lady made the appeal during a speech to officials of the U.N. World Food Program at the food agency's Rome headquarters. She and her husband are on a weeklong European trip.
The United Nations said Thursday it has received less than half the money it needs for cyclone relief in Burma, with some nations delaying their donations because of concerns about restrictions imposed by the military government on foreign aid workers.

အပြည့်အစုံဖတ်လိုလျှင်

Ali Ba Ba and Four Hundred Thousand Thieves

_ by Prof. Kanbawza Win
Abhorrence and horrified, the international community look on at the unfolding of modern Arabian Knights in changing the Burmese natural disaster into a human catastrophe. Not that the words of Edmund Burke, an 18th century Anglo Irish philosopher words, “All that necessary for the evil to triumph is for good men and women to fold their arms and do nothing about it,” proves to be true, but irresoluteness of the world particularly that of the West which championed democracy and human rights did nothing, except their megaphone diplomacy of loud rhetoric not followed by any action conceded to this crime against humanity. The classic example is the withdrawing of the Western flotilla, which the Generals are so paranoid as this is the only language they understands, prove that action is much needed in that sad country where crime against humanity has triumph.

To read full story, please Click အပြည့်အစုံ။
A month after Burma’s cyclone left 133,000 people dead or missing, the UN’s food agency warned that “urgent work” is needed to help hundreds of thousands of survivors stave off hunger. Delayed and obstructed by the ruling junta, despite their commitments to do so, international assistance has yet to reach about a quarter of a million people. A trickle of assistance that got through was seized and sold on the street while the Junta declares the relief phase is over and forcibly evicting peoples and an estimated 2.5 million people have been displaced by this crisis. No nation on earth can match Burma’s record of atrocities. The ruling Junta has carried out a campaign of ethnic cleansing involving the systematic use of rape as a weapon of war, the forcible conscription of child soldiers, human minesweepers, torture, murder, and the destruction of over 3,200 villages. More than a million people have been internally displaced by military offensives aimed almost exclusively at civilians. Hundreds of thousands have fled to camps in Thailand or into India and Bangladesh.
Now confirmed news reveal that several colonels gathered at night get into a truck and went to the area of the cyclone victims where they picked up the critically injured victims lying that they are taking them to hospitals and put into their truck then drove away to the place which they had dug a big hole and threw them all together and buried them alive. This news is nothing new to the Burmese because since the 7th July 1962, when I was just a freshman, in Rangoon University I saw with my eyes of how the Burmese army blown up the Student’s Union, while many students were inside. Again when I became the Prime Minister’s Secretary in 1976 I saw with my own eyes, the order to cremate the bodies killed in the demonstrations including those who are badly injured but still alive. A soldier who defected to the ethno democratic forces reveals that he could not carry out the order to burn the wounded demonstrator alive when he is shouting that he is still alive. There is an ample of authenticated proofs that these soldiers will do anything to sustain them in power why is the world looking on?
The Generals are using the goodwill of the world as an opportunity to carry on with their diabolical business as usual. There is no reconstruction in any sense but only the continuity of benefiting themselves and their cronies (Tay Za, Steven Law and Zaw Zaw are giving to reconstruct some infrastructure) by tricking, manipulating and killing any one who reveal the true situation. Has the regime able to lie all the people all the time? Cyclone Nargis could not kill a million but the Junta can? They will continue to kill in their living silence as even before the cyclone people are silently dying of so many diseases (HIV/AIDS Pneumonia Malaria, Malnutrition) now the army had accelerated it by withholding the aid and sending back the survivors seeking solace in towns to their original place.
“Crime against humanity” which is an act of persecution or any large scale atrocities against a body of people is the highest level of criminal offence, which Burma refuse to ratify in June this year. Besides, blocking aid for cyclone victims was not only breaking international law, but also flouting its own criminal code under criminal laws 269 and 270.
Burma’s feudal warlords are not deaf and dumb the real cause is that the generals truly fear is that if they allow US warships and foreign forces to come to the aid of cyclone survivors in the Irrawaddy delta, people will soon rise up and the regime would be overthrown. This is the only rational which every Burmese can read but not the international community. Hence Aung Zaw wrote, “Imagine a scenario where US marines and other servicemen land in the Irrawaddy delta, to be greeted by desperate Burmese urging them to overthrow the hated regime the relief mission could quickly turn into one of regime-change.” The other factor is the fear of exposure, foreign aid workers and media will exposure the real extent of disaster and its criminal neglect not only to the world but also to the entire people of Burma.
While the White House has made a significant investment in Burma, domestic political pressure on the Oil autocrat is minimal because Burma represents little strategic value to the United States is well known. U.N. apologists would decry a U.S.-led intervention as a breach of international law–but only by ignoring the “responsibility to protect”R2P doctrine adopted by U.N. member states nearly three years ago. “If the deliberate and calculated failure to protect and assist its own population in the face of a devastating catastrophe does not invoke the U.N. mandate, what does?“ Wrote Benedict Rogers and Joseph Loconte.
Not that the Junta can easily hohoodwink the UN Secretary General, who was taken on a cyclone tourism of a show camp, opposite of reality, after manipulating its special representative Ibrahim Gambari, the Burmese men in uniform ask for $11.7 billion aid without any simple arithmetic tantamount to the strategy of Ali Ba Ba and the forty thieves. Given the unflinching paralysis of the U.N. Security Council over Burma, what should the United States do? International community has the moral sensibility even though the political will to confront the most despotic of regime is missing. The question is will the American leadership prevails in such a situation? The United States, with a democratic coalition that could include Great Britain and France, should prepare immediately to intervene in Burma to ensure humanitarian aid reaches the tens of thousands of cyclone victims whose lives are still at risk. Surely an intervention of this kind, even with its humanitarian objective, would not be without its risks but the costs of inaction–the deaths of thousands of people, the emboldening of a murderous regime, must also be weighed.
Intervention will be seen as divine intervention by the Burmese people, not only to help the cyclone victims but also to finally free the entire nation from the military yoke, “Please do not compare Burma with Iraq, because Buddhist monks, students, Burmese patriots will happily assist you with whatever you need to go inside Burma and help the cyclone victims and entire nation Many concerned Burmese citizens are willing to join the intervention. Please do not waste precious time.” wrote the ethno democratic forces of Burma to US President. Burma represents an opportunity not only to save lives, but to rescue the principle of humanitarian intervention from the forces of cynicism and moral cowardice.
Now it is a shame that USS Essex and French warship Mistral with its tons of relief supplies will be leaving for good, tantamount to pouring oil to the fire of Crime against Humanity. We cannot comprehend of why did the Western powers bow down to the regime’s insistence that only civilian craft and aid workers will be used when the regime has been lying all the time? Perhaps the Burmese saying of “Mwe Mwe Chin Che Myin Dae” literally interpreted as a snake sees the legs of another snake. Both the General and the Burmese people knew full well that millions of Burmese wait in hope for the arrival of US warships, and not only for the relief supplies they would bring. It could prove to be one of the most important legacies of Bush administration and if it miserably failed perhaps Obama or Mc Cane would do so.
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Cyclone assessment team to have full access


Southeast Asian and UN experts will have full access to cyclone-devastated parts of Burma, ASEAN Secretary General said.

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
Surin Pitsuwan said the post-Nargis assessment team will be doing full assessment and will have full access to the cyclone affected Rangoon, Irrawaddy divisions and other affected regions.
However, its advance teams, ferried by UN World Food Programme helicopter, would compile a first-hand "progress report" for an ASEAN Roundtable meeting in Rangoon on June 24.
Nargis cyclone that hit Burma in the beginning of May has brought devastation in lower Burma with more than a hundred thousand people either dead or missing.
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြစ်ဝကျွန်းပေါ် စစ်ဆင်ရေး



အောင်ဇော် ဇွန် ၁၂၊ ၂၀၀၈

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မုန်တိုင်းကပ်ဘေး ဆိုးကျိုးများကို အမှန်တကယ် လျစ်လျူရှုခဲ့ခြင်းလော၊ သို့မဟုတ် မြစ်ဝကျွန်း ပေါ်ဒေသရှိ ယခင်သူပုန်ဟောင်း ကရင်ရွာသားများကို အညှိုးအတေးဖြင့် စတေးခဲ့ခြင်းလော... သို့လော သို့လော တွေးဆဖွယ် ဖြစ်နေရသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းသင့် ဒုက္ခသည်များအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုက်လံတွေ့ဆုံစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရပြီး ရက်သတ္တ ၂ ပတ်ကြာသည့်အချိန်တွင်မှ မြန်မာနိုင်ငံ၏ လျှို့ဝှက်သိပ်သည်းလွန်းလှ သည့် ခေါင်းဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ဆုံးတွင် လူထုရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည်။ သူက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ်ခံရသောနေရာများရှိ ဟန်ပြဆောက်လုပ်ထားသည့် စခန်းများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

သိမီသမျှသော မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် အဆိုးရွားအပြင်းထန်ဆုံးသော မုန်တိုင်းကြီး တိုက်ခတ်နေစဉ်နှင့် နောက်ပိုင်းကာလတွင် ဗိုလ်ချုပ်ကြီးက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ ကပ်ဘေးဒုက္ခအပေါ် မည်သို့မျှ တုံ့ပြန် ဆောင်ရွက်ခြင်းလည်း မရှိခဲ့ပါ။ ဤသို့ပြုမူနေခဲ့ခြင်းကိုပင် လူအများက သူရဲဘောကြောင်မှုဟု ထင်မြင်ယူဆခဲ့ကြသကဲ့သို့ လူထုအပေါ် ကြီးမားသည့်အမှားအယွင်းတရပ် ကျူးလွန်ခဲ့သည်ဟုလည်း မြင်ကြသည်။

မည်သို့ဖြစ်စေ စိတ်ဝင်စားဖွယ်ကောင်းသည့် မေးခွန်းမှာ ၎င်းနိုင်ငံ့ခေါင်းဆောင်ကြီးက အမှန်တကယ်ပင် ပျက်စီးဆုံးရှုံးရမှု သတင်းများနှင့် ပတ်သက်၍ မသိရှိရဘဲ လိမ်ညာခံထားရခြင်းလော၊ သို့တည်းမဟုတ် သိလျှက်နှင့် တမင်တကာ ရည်ရွယ် ချက်ဖြင့် လျစ်လျူရှုထားခြင်းလောဟူသည့် မေးခွန်းပင် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများက စိုးရိမ်ပူပန်၍ ပြောဆိုနေကြသံများက ပဲ့တင်ထပ်နေသည်။ ဤအသံများက သူ၏ နားထဲသို့လည်း ရောက် နိုင်သည်။ သို့သော်လည်း စစ်အစိုးရခေါင်းဆောင်ကြီးက အခြေအနေဆိုးရွားပြင်းထန်မှုကို မခြုံငုံမိ၊ မဆုပ်ကိုင်မိ ဆိုသည် ကတော့ ယုံကြည်ရန် ခက်ခဲပါသည်။ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ အကူအညီများ မရောက်ရှိရလေအောင် ပိတ်ဆို့ထား သည် ဆိုသည်မှာလည်း ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင် ကိုင်စွဲထားသည့် စံနှုန်းများနှင့် တိုင်းတာလျင်ပင် လူသား မဆန်၊ စာနာမှု ကင်းမဲ့လွန်းသည့်အသွင် သက်ရောက်နေပါသည်။

သို့သော်လည်း ထည့်သွင်းစဉ်းစားရန်အချက်တခုမှာ စစ်အစိုးရ၏ အမြင်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဆိုသည်မှာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစ၍ တလျှောက်လုံး သူပုန်သူကန်များ မွေးထုတ်ပေးခဲ့ရာဒေသ ဖြစ်နေခဲ့ သည်။

၁၉၉၁ မုန်တိုင်းစစ်ဆင်ရေးအတွင်း ဗိုလ်ချုပ်သန်းရွှေကို တွေ့ရစဉ်

ကရင်သူပုန်ခေါင်းဆောင် အများစုမှာ မြစ်ဝကျွန်း ပေါ်ဒေသတွင် မွေးဖွားကြီးပြင်း ခဲ့ကြသူများဖြစ်ပြီး ဤဒေသသည် ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ) အတွက် လူသစ်စုဆောင်းရာ ရေခံ မြေခံဒေသကြီး ဖြစ်နေပါသည်။ အလားတူပင် ၁၉၇၀ ပြည့်နှစ်များ အထိ ကွန်မြူနစ်ပါတီ (ဗမာ ပြည်) ၏ လူသစ်စုဆောင်းသိမ်းသွင်းရာ အရေး ပါသည့် ဒေသတခုလည်း ဖြစ်နေခဲ့ပါသည်။

မုန်တိုင်းဒဏ်မှရှင်ကျန်ရစ်ရသူများအနေဖြင့်လည်း ၁၉၉၁ ခုနှစ် ဘိုကလေးဒေသ စစ်ဆင်ရေးမှ အဖြစ်အပျက်များကို ပြန်၍ မြင်ယောင် အမှတ်ရ နေနိုင်ပါသေးသည်။ ဗိုလ်ချုပ်သန်းရွှေဦးဆောင်၍ ၁၉၉၁ ခုနှစ်က တိုက်တိုက်ဆိုင်ဆိုင် "မုန်တိုင်း စစ် ဆင်ရေး" ဟူသော အမည်ဖြင့် ကရင်သူပုန်များကို အမြစ်ဖြုတ်သုတ်သင်နိုင်ရေးအတွက် မြစ်ဝကျွန်း ပေါ်ဒေသတွင် ထိုးစစ် များပြုလုပ်ခဲ့ပြီး တိုက်ပွဲများလည်း ပြင်းပြင်းထန်ထန် ကြုံခဲ့ရပါသေးသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် သူပုန်များနှင့် မြန်မာ့တပ်မတော် (ကြည်းတပ်) အကြား ပဋိပက္ခဖြစ်ပွားလာခဲ့သည်မှာ သမိုင်းနှင့် ချီ၍ ရှိလာခဲ့ပြီ ဖြစ်ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီး မရှေးမနှောင်း ပြည်တွင်းစစ် စတင်လာ ကတည်းကဟုပင် ဆိုရပါလိမ့်မည်။

၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲအပြီးတွင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် မြန်မာအစိုးရတပ်များက ကရင်သူပုန်များကို ရန်ကုန် မြို့၏ ဆင်ခြေဖုံး ဒေသမှနေ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ထိုင်းနိုင်ငံနှင့် နယ်စပ်ကပ်လျှက်ရှိသော ကရင်ပြည်နယ် တောင်တန်းများပေါ်သို့ မောင်းနှင်ထုတ်နိုင်ခဲ့ကြသည်။

ဤသွေးထွက်သံယို ဖြစ်ရသည့် တိုက်ပွဲများအတွင်း၌ပင် မြန်မာနိုင်ငံ၏ နောက်ထပ် တော်လှန်ရေးသမား မျိုးဆက်သစ်များ ကို မွေးထုတ်နိုင်ခဲ့သည်။ ဤခေါင်းဆောင်များအနက်တွင် စောဘသင်စိန်လည်း တဦးအပါအ၀င်ဖြစ်ပြီး နောက်ပိုင်းတွင် ကေအန်ယူအဖွဲ့အစည်း၌ သူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရာ အသက် ၈၂ နှစ်အရွယ် မကြာသေးမီ ၂၀၀၈ ခုနှစ် မေလက ကွယ်လွန်ခဲ့သည်။

ဗျူဟာအရဆိုလျှင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက အရေးပါလှသည်။ ပဲခူးရိုးမ၊ ရခိုင်ရိုးမများနှင့် ကပ်လျှက်တည်ရှိသလို ယခင်တချိန်က ဤတောင်တန်းများပေါ်တွင် ကွန်မြူနစ်သူပုန်များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက ဌာနချုပ် များ၊ အခြေစိုက်စခန်းများ တည်ထောင်၍ အံတုခြားနားခဲ့ကြဖူးသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် ကွန်မြူနစ်များနှင့် ကရင်သူပုန်တို့၏ သြဇာလွှမ်းမိုးမှု ကျန်ရှိနေသေးကြောင်း သိရှိထားသည့် နည်းတူ ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်းနှင့် သူ၏ တပ်မှူးများကလည်း မြစ်ဝကျွန်းပေါ်ဒေသအတွင်းတွင် ပုံမှန် ဆိုသလို ထိုးစစ်များ ၀င်ရောက်ဆင်နွှဲခဲ့ကြဖူးသည်။ မည်သို့ပင်ဖြစ်စေ သူပုန်များကို အမြစ်ဖြုတ်သုတ်သင်နိုင်ခြင်း မရှိခဲ့ပေ။

၁၉၇၁ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းက ဗိုလ်မှူးကြီးသန်းတင်ကို ဦးဆောင်စေ၍ မြစ်ဝကျွန်းပေါ်ဒေသကို "အဖြူရောင်ဒေသ" ဖြစ်စေရန် စစ်ဆင်ရေးဆင်းစေခဲ့သည်။ ဆိုလိုသည်မှာ သူပုန်သူကန်များ ကင်းရှင်း၍ ကျူပင်ခုတ် ကျူငုတ်အစအန မကျန် ရှင်းလင်းစေရေးပင် ဖြစ်သည်။ တက်ကြွ၍ ထက်မြက်သည့် ဗိုလ်မှူးကြီးသန်းတင်ကို နောက်ပိုင်းတွင် ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့စေ၍လည်း ကွန်မြူနစ် သူပုန်များကို နှိမ်နင်းစေခဲ့ပြန်သည်။

ဗိုလ်မှူးကြီးသန်းတင်က မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာအများအပြားကို စုစည်းကာ ကျေးရွာသစ်များ တည်ထောင်ခဲ့သည်။ "ကျေးရွာသစ်" များဟု ခေါ်ဆိုသော်လည်း အမှန်တွင်မူ အချုပ်စခန်းကျေးရွာများ ဖြစ်သည်။ ကွန်မြူနစ်ပါတီနှင့် ကေအန်ယူ ၏ ရှေးဦးမဆွ အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ် (ကေအန်ဒီအို) များအပေါ် သစ္စာခံသူဟု ယူဆရ သည့် ရွာသားများကို စုစည်းစေ၍ တင်းကျပ်စွာစောင့်ကြပ်ထားစေသော စခန်းကျေးရွာများသာ ဖြစ်သည်။

ဤစုစည်းကျေးရွာများအားလုံးကို စစ်စခန်းများနှင့် နီးကပ်စွာ တည်ဆောက်ထားခဲ့သည်။ ထိုကျေးရွာများတွင် ရံဖန် ရံခါဆိုသလို ၀င်ရောက်ရှာဖွေရန်အတွက်လည်း အထူးကွန်မင်ဒိုတပ်ဖွဲ့များကို ညွှန်ကြားထားခဲ့သေးသည်။ ဤသို့ ရှောင် တခင်ဝင်ရောက်စစ်ဆေးသည့်အချိန်များတွင် မတွေ့ရဘဲ ပျက်ကွက်နေသူများကို သူပုန်ဟူ၍ သတ်မှတ် အရေးယူ အပြစ် ပေးမှုများလည်း ရှိခဲ့ပါသည်။

ဗိုလ်ချုပ်နေ၀င်း၏ လက်စွဲသာဝကတဦးဖြစ်ပြီး နောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သူ ဗိုလ်ချုပ်စန်းယုကို ဗိုလ်မှူးကြီးသန်းတင်က အခြေအနေများကို တင်ပြခဲ့ကာ ဆန်စပါးထွက်ရာ စပါးကျီဟု ခေါ်နိုင်သည့် ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသအတွင်း သောင်းကျန်းသူနှိမ်နင်းရေး လျှို့ဝှက်စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် အမိန့်တောင်း ခံခဲ့ပါသည်။

ဗိုလ်မှူးကြီးသန်းတင် ကိုယ်တိုင်ရေးဖော်ပြခဲ့သည့် ကိုယ်ရေးရာဇ၀င်စာအုပ်တွင် စကားကို နူးညံ့ပျော့ပြောင်းစွာ ပြောဆို တတ်သူတဦးဖြစ်ပြီး နောက်ပိုင်း သမ္မတဖြစ်လာသည့် ဗိုလ်ချုပ်စန်းယုက "ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ ၏ စပါးကျီဖြစ်သလို၊ တပြိုင်နက်တည်းမှာ သူပုန်အဖွဲ့တွေရဲ့ ၀မ်းဗိုက်ဖြစ်တယ်" ဟု ပြောကြောင်း ဖော်ပြ ပါရှိသည်။

ဤဒေသကို သူပုန်များပေါက်ဖွားရာဒေသဟု အာဏာပိုင်များဘက်က မြင်ထားကြသည့်အပြင် မြန်မာပြည်ကွန်မြူနစ်ပါတီ ၀င် သူပုန်အဖွဲ့များကလည်း မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာများမှ တနှစ်လျှင် ကျပ် ၃ သန်းကျော် အခွန်အတုတ်ကောက်ခံရရှိနေ သည်ဟု တွက်ဆထားကြသည်။ ထို့ပြင် (ကေအန် ဒီအို) အဖွဲ့ကလည်း တနှစ်လျှင် ၅ သန်းမျှ ဤဒေသမှ ငွေဝင်လမ်းရှိ သည်ဟု တွက်ဆခဲ့ကြပြန်သည်။

ဗိုလ်မှူးကြီးသန်းတင် နောက်ထပ်ဆောင်ရွက်ခဲ့ရသည့်တာဝန်မှာ စစ်တပ်၏ သောင်းကျန်းသူနှိမ်နင်း ရေး စစ်ဆင်ရေးများ တွင် ဒေသခံပြည်သူများ ပါဝင်လာစေရန်နှင့် သူပုန်အဖွဲ့များကို ရှုတ်ချဆန့် ကျင်ကြစေရန် ဖြစ်ပါသည်။

သူပုန်အဖွဲ့များအနေဖြင့်လည်း အကြပ်အတည်းကြုံလာကြရပါသည်။ လုယက်မှုများနှင့် ဓားပြမှုများ ပို၍ဖြစ်ပွားလာပြီး ကျေးရွာလူကြီးများက စစ်တပ်ကို ၀င်ရောက်၍ လုံခြုံမှုပေးပါရန် တောင်းဆိုမှုများ ဖြစ်လာခဲ့ပါသည်။

စစ်တပ်၏ သောင်းကျန်းသူနှိမ်နင်းရေး အစီအစဉ်ကို တန်ပြန်ရန်အတွက် ကေအန်ယူအဖွဲ့က ထိုင်း-မြန်မာနယ်စပ်မှ သူတို့ ရဲဘော်များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ စေလွှတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရနောင်း မှတဆင့် ပို့ဆောင်ရန် စီစဉ်ခဲ့သည်။ ၎င်းသူပုန်ရဲဘော်များကို ကေအန်ယူအဖွဲ့အပေါ် စာနာထောက်ခံသူအများ အပြား နေထိုင်ကြသည့် ဘိုကလေးဒေသ၊ ကဒုံကနိကျေးရွာသို့ တိတ်တဆိတ် ပို့ဆောင်ခဲ့ကြပါသည်။

ကေအန်ယူအဖွဲ့ ထိုးဖောက်ဝင်ရောက်လာသည့်သတင်း ကြားဖြတ်သိရှိခဲ့ရာ ဗိုလ်မှူးကြီးသန်းတင်က "ထော်ပိုင်စစ်ဆင်ရေး" ဆင်နွှဲ၍ ဘိုကလေးမြို့ ထော်ပိုင်မြစ်ရိုးတလျှောက်တွင် ထိုးစစ်များ ဆောင်ရွက်ခဲ့သည်။

စက်သေနတ်များတင်ဆောင်ထားသည့် စစ်ရေယာဉ်များက မြစ်ချောင်းများကြားတွင် အထူးအသုံးဝင်ခဲ့ပြီး မြန်မာစစ်တပ်၏ ခြေလျင်တပ်များကို အားဖြည့်ပေးနိုင်ခဲ့ကြသည်။ ဤစစ်ဆင်ရေးကို ၁၉၇၄ ခုနှစ်ထိ ဆင်နွှဲခဲ့ပြီး ဗိုလ်မှူးကြီးသန်းတင်ကတော့ ထိုအချိန်တွင် မြစ်ဝကျွန်းပေါ်ဒေသကို "အဖြူရောင်ဒေသ" အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဟု ဆိုခဲ့ပါသည်။

ဗိုလ်မှူးကြီးသန်းတင်၏ ဒေါသအာဃာတဒဏ်ကို နောက်ထပ် ခံစားတွေ့ကြုံခဲ့ရသူများမှာ ကွန်မြူနစ်သူပုန်များ ဖြစ်သည်။ သူက စစ်ဆင်ရေးများကို ပဲခူးတိုင်းဘက်လှည့်ခဲ့ပြီး ရှိနေသည့် သူပုန်စခန်းများကို ရှင်းလင်းစေခဲ့သည်။ ဤစစ်ဆင်ရေးများ တွင် ကွန်မြူနစ်များ၏ နာမည်ကြီးခေါင်းဆောင်များဖြစ်သူ သခင်ဇင်နှင့် သခင်ချစ်တို့ ကျဆုံးခဲ့ကြရသည်။

ယင်းနောက်ပိုင်းတွင် စစ်အစိုးရအပေါ် ခုခံဆန့်ကျင် သူပုန်ထမှုများ မြစ်ဝကျွန်းပေါ်ဒေသတွင် ကာလတစုံတရာတိုင် ငြိမ် သက်သွားခဲ့သည်ဟု ပြောလျင် ရနိုင်ပါသည်။

နောက်တဖန် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုများက မြန်မာနိုင်ငံကို ဆက်လက်ရိုက်ခတ်လာပြန်သည်။ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ လူထုထောက်ခံမှု အကြီးအကျယ် ရရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ၁၉၉၀ ပြည့်နှစ်တွင် ခရီးထွက်ခဲ့ရာ လမ်းခရီးတလျှောက်တွင် ထောက်ခံအားပေးသူ လူထုက ကမ်းပြည့်လမ်းပြည့် ထွက်၍ ဆီးကြိုခဲ့ကြပြန်သည်။

ဤခရီးစဉ်တွင် လူသိများထင်ရှားသည့် အဖြစ်အပျက်တခု ဖြစ်ခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည် လမ်းလျှောက် သွားနေစဉ် စစ်သားတချို့က ရပ်တန့်ရန် အမိန့်ပေးခဲ့ရာ သူမက အမိန့်ဖီဆန်၍ ဆက်လက်လမ်းလျှောက် ချီတက်ခဲ့သည်။ စစ်ဗိုလ်တဦးက ပစ်ခတ်မည်ခြိမ်းခြောက်၍ သေနတ်နှင့်ပင် ချိန်ထားခဲ့သည်။ သို့သော်လည်း ဒေါ်စုက အာခံရပ်တည်နေဆဲ။ ဤသို့ အခြေအနေ တင်းမာနေချိန်၌ ၎င်းစစ်ဗိုလ်က အမိန့်ကို ပြန်ရုပ်သိမ်း ပေးခဲ့သည်။ ဒေါ်စုနှင့် လူထုက ဆက်လက် လမ်းလျှောက် ချီတက်ခဲ့ပြီး သူမ၏ ရဲရဲတောက် သတ္တိပြောင်မြောက်လှသည့် ၎င်းဖြစ်ရပ်သည် မြစ်ဝကျွန်းပေါ် ဒေသသာမက အခြားနေရာများတိုင် ပျံ့နှံ့ ကျော်စောခဲ့ပါသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် ချက်ချင်းဆိုသလိုပင် ဒေါ်စုဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမာခံ ခံတပ် ဖြစ်လာခဲ့သည်။ သူ့ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြန်သည်။

ဤအဖြစ်အပျက်နှင့် တချိန်တည်းသောကာလတွင် ထိုင်း-မြန်မာနယ်စပ်၌ ပြည်တွင်းစစ်မီးက ပြင်းထန်စွာ တောက်လောင် နေဆဲ၊ တိုက်ပွဲများလည်း ပြင်းထန်နေဆဲ ဖြစ်သည်။ ကေအန်ယူအဖွဲ့ခေါင်းဆောင်များက သောင်ရင်းမြစ်ကမ်းပါးရှိ မာနယ် ပလောဒေသတွင် ဌာနချုပ်ပြု၍ အာခံနေကြသည်။ သူတို့က မြစ်ဝကျွန်းပေါ်ဒေသရှိ သူတို့၏ အမာခံများကို သုံး၍ ပြန်လည် ထိုးစစ်ဆင်နိုင်ရန်လည်း ကြံစည်နေခဲ့ကြသည်။

ကေအန်ယူအဖွဲ့က ထားဝယ်ဒေသမှတဆင့် လက်နက်များကို ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ တိတ်တဆိတ် ခိုးသွင်းခဲ့ကြ သည်။ စစ်အစိုးရ မှတ်တမ်းများအရ အစောဆုံး ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ ဤသို့ဆောင်ရွက်ခဲ့ကြသည်ဟု ဆို သည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် လျှို့ဝှက် အမာခံများ အများအပြား ရှိနေကြဆဲဖြစ်ပြီး သူတို့ကတော် လှန်ရေးတွင် ပူးပေါင်းပါ ၀င်ရန် စိတ်အားထက်သန်နေကြဆဲ ဖြစ်သည်။ အများစုမှာ ယခင် ကေအန်ဒီအိုအဖွဲ့ဝင်များဖြစ်ကြပြီး ဗိုလ်မှူးကြီးသန်းတင် စီစဉ်လုပ်ဆောင်ခဲ့သည့် စုစည်းအကျဉ်းချရွာများအတွင်း၌ ဖြတ်သန်း ရှင်သန်နိုင်ခဲ့ကြသူများ ဖြစ် သည်။

ကေအန်ယူတို့က မြစ်ဝကျွန်းပေါ်ဒေသတွင် တပ်မ ၇ ခုဖွဲ့ပြီး မြေအောက်ကွန်ယက်များ စီစဉ်ဆောင်ရွက်ပြီးသည့်အခါ ဒေသခံ ရွာသားများကို ပြောက်ကျားစစ်ရေးဗျူဟာများ လေ့ကျင့်သင်တန်းပေးရန် အဖွဲ့တခု စေလွှတ်ခဲ့သည်။

သို့သော်လည်း ရဲလှည့်ကင်းတခုက ရှေ့ပြေး ရေဒီယို ဆက်သွယ်ရေးစက်များ၊ ကျည်ဆန်များ ဘိုကလေးမြို့သို့ သယ် ဆောင်လာသည့် အဖွဲ့တခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ဤကနဦး ထိတွေ့တိုက်ပွဲမှ အစပြု၍ နောက်ပိုင်းတွင် မြစ်ဝ ကျွန်းပေါ်ဒေသ၌ အကြီးအကျယ် စစ်ဆင်ရေး ဆင်နွှဲခဲ့ရသည့် အခြေအနေတိုင် ဆိုက်ရောက်စေခဲ့သည်။

ထိုအချိန်က တပ်မတော်ကာကွယ်ရေး ဒု-ဦးစီးချုပ်လည်းဖြစ် (န၀တ) စစ်အစိုးရ၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်သန်းရွှေ က မြစ်ဝကျွန်းပေါ်ဒေသ စစ်ဆင်ရေးများကို စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်တင်ဦး၊ စစ်ဒေသတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် တို့နှင့် အတူ ကြီးကြပ်ကွပ်ကဲ ခဲ့ရသည်။ ဤစစ်ဆင်ရေးများက စစ်အစိုးရက "မုန်တိုင်းစစ်ဆင်ရေး" ဟု အမည်ပေး ခဲ့ကြသည်။

မြေပြင်ပေါ်ရှိ တပ်များကို အားဖြည့်ပေးရန်အတွက် ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ ရေတပ်စစ်သင်္ဘောများကို ခေါ်ယူ အသုံးပြုခဲ့ကြပြီး သူပုန်ဟု ထင်သမျှ သင်္ကာမကင်းဖြစ်ခံရသူအားလုံးကို ရှာဖွေချေမှုန်းခဲ့ကြသည်။ သို့သော်လည်း ဤစစ်ဆင်ရေးတွင် ထိခိုက်ရသူ အများစုမှာ သာမန်အရပ်သားများသာ ဖြစ်ကြပါသည်။

ဤစစ်ဆင်ရေးနိဂုံးချုပ်တွင် စစ်အစိုးရ၏ စာရင်းများအရ ရန်သူ တိုက်ခိုက်ရေးသမား ၂၇၅ ဦး ကျဆုံး၊ ၁၃ ဦး ဒဏ်ရာရ၊ ၃ ဦး လက်နက်ချလာသည်ဟု ဖော်ပြပါသည်။ သို့သော်လည်း လေ့လာသူများကမူ ထိခိုက်ဒဏ်ရာရမှု ထိုထက်ပို၍ များပြား နိုင်သည်ဟု ဆိုကြပါသည်။

ကရင်ရွာသားများက ပြောပြကြရာတွင် သေဆုံးရသူအများစုမှာ သာမန်အရပ်သားများဖြစ်ပြီး စစ်တပ်က သတ်ဖြတ် ကွပ်မျက်ခြင်း သို့မဟုတ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးရသည်ဟု ပြောဆိုကြပါသည်။

ဖမ်းဆီးခံရသူများမှာလည်း နှိပ်စက်ညှဉ်းပန်းခံကြရပြီး တချို့မှာ လူမဆန်သော ရက်စက်ညှဉ်းပန်းမှုများ ကြုံခဲ့ကြရသည်။ ရာနှင့်ချီသည့် ရွာသားအများအပြားကိုလည်း ထောင်သွင်းအကျဉ်းချခဲ့ပြီး ၎င်းတို့အထဲတွင် အသက် ၁၅ နှစ်အရွယ် ကလေးများပင် ပါဝင်ခဲ့သည်။ ယနေ့တိုင် တချို့သော ကရင်ရွာသားများမှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရဆဲ ရှိသေးသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြုံရချိန်တွင် ဘိုကလေး၊ လပွတ္တာနှင့် အခြားသော မြစ်ဝကျွန်းပေါ်ဒေသများရှိ လူများ အနေဖြင့် ဗိုလ်ချုပ်သန်းရွှေ၏ ထိန်းချုပ်မှုအောက် ထပ်မံကျရောက်ကြရသည်မှာ အထူးကြေကွဲဖွယ်ရာ ဖြစ်သည်။ ယခုတကြိမ်တွင် လည်း သူက လေဘေးသင့်၍ ရှင်ကျန်ရစ်ရသူ ဒုက္ခသည်များထံ အကူအညီများ မရောက်နိုင်ရန် တားဆီးနေပြန်သည်။ မြစ်ဝကျွန်းပေါ်ဒေသသို့ အကူအညီပေးမည့် ရဟတ်ယာဉ်များ၊ သင်္ဘောများ၊ လူပုဂ္ဂိုလ်များ မရောက်နိုင်အောင် ဟန့်တား နေပြန်သည်။

တနည်းဆိုရလျင် မုန်တိုင်းစစ်ဆင်ရေး၏ အဆက် ပို၍ ရက်စက်ကြမ်းကြုတ်သည့် အပိုင်းကို ဆောင်ရွက်နေပြီဟု ဆိုနိုင်ပါ သည်။ ယခုတကြိမ်တွင်လည်း ဗိုလ်ချုပ်သန်းရွှေက လူသားချင်းစာနာမှု ကူညီပံ့ပိုးမှုများထက် စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်း ချက်များကို ကြည့်ရှု ရှေ့တန်းတင် လုပ်ဆောင်နေပြန်သည်။

ယခုတကြိမ် နောက်ပိုင်း မပြီးပြတ်သေးသည့် မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးတွင်လည်း ထောင်နှင့်ချီသည့် အပြစ်မဲ့ပြည်သူများ ထပ်မံသေကြေကြရဖွယ် ရှိနေပါတော့သည်။

အောင်ဇော်ရေးသားသည့် Operation Delta ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အမေစု မွေးနေ့ အမှတ်တရ


အမြဲတမ်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်ဂါရ၀ ပြုပါသည်။

အပြည့်အစုံဖတ်လိုလျှင်

ရှစ်လေးလုံးနေ့ကို ဘာကလေမြို့က ဂုဏ်ပြု




ဧရာဝတီ ဇွန် ၁၂၊ ၂၀၀၈

The 8888 Uprising. The current democracy movement in Burma draws inspiration from a series of mass demonstrations culminated on August 8, 1988 (8/8/88 - a day deemed auspicious).

မြန်မာပြည်သူပြည်သား တို့၏ စည်းလုံးညီညွတ်မှုနှင့် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် တိုက်ပွဲဝင်နေကြသည်ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တက္ကသိုလ် မြို့တော် တမြို့က သြဂုတ်လ ၈ ရက်နေ့ကို မြန်မာနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြောက်ပိုင်း ကယ်လီဖိုးနီးယားတွင် တည်ရှိ၍ မြန်မာလူဦးရေ အနည်းငယ်သာ နေထိုင်သော ဘာကလေမြို့၌ ၎င်းမြို့တော် ကောင်စီအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး စည်းလုံး ပြင်းထန်သော မြန်မာပြည်သူလူထုကို ဂုဏ်ပြုသည့် နေ့အဖြစ် သတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။

အမေရိကန် လွှတ်တော်တွင် ဘာကလေမြို့၏ ကိုယ်စားလှယ်အဖြစ် ဘာဘရာလီက တက်ရောက်ခဲ့ပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင်ပြောဆိုခဲ့သည်။

မြန်မာပြည် ဒီမိုကရေစီရရှိရန် ၄၆ နှစ်တာ ကာလပတ်လုံး မဆုတ်မနစ် ရုန်းကန်ခဲ့သည့် မြန်မာပြည်သူလူထုနှင့် နာမည်ကျော် ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကို ဂုဏ်ပြုသောအားဖြင့် ဘာကလေ မြို့တော်ကောင်စီက သြဂုတ် ၈ ရက်နေ့ကို မြန်မာနေ့ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

လာမည့် သြဂုတ်လ ၈ ရက်နေ့ မှစ၍ နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် ဘာကလေမြို့၌ မြန်မာအမျိုးသားအလံတော်ကို လွှင့်ထူ ထားမည်ဖြစ်ပြီး ယင်းအလံတော်ကို မြန်မာနိုင်ငံ အတွင်း၌ စစ်မှန်သော ဒီမိုကရေစီ ပြန်လည်မရရှိမချင်း ဆက်လက် လွှင့်ထူထား မည်ဖြစ်သည်။ ၎င်းအလံကို မြန်မာအမေရိကန် ဒီမိုကရေစီ သဟာရအဖွဲ့က တာဝန်ယူ ပြုလုပ်မည်ဖြစ်၏။

“၈ လေးလုံး အထိမ်းအမှတ်ပွဲကို ဘာကလေ မြို့တော်ကောင်စီက အကူအညီပေးမှာ ဖြစ်ပြီး မြန်မာအမေရိကန် ဒီမိုကရေစီ သဟာရအဖွဲ့၊ ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး အဖွဲ့နဲ့ တခြားအဖွဲ့တွေ ပူးပေါင်းကျင်းပမှာ ဖြစ်ပါတယ်” ဟု ဘာကလေ မြို့တော် ကောင်စီ၏ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်က မြန်မာနေ့အဖြစ် သတ်မှတ်သည့် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ထို့ပြင် ဘာကလေ မြို့တော်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ဘာဘရာလီအနေနှင့် အမေရိကန်သမ္မတဘုရှ်ကို ပေကျင်းအိုလံပစ်ပွဲတော်သို့ တက်ရောက်ခြင်းမပြုရန် တောင်းဆိုစာ ရေးသားခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ယင်းသို့ စာရေးသားရခြင်းမှာ တရုတ်အစိုးရက မြန်မာစစ်တပ်ခေါင်းဆောင်များကို ထောက်ခံသော ကြောင့်ဖြစ်၏။

မြို့တော်ကောင်စီက ဆက်လက်၍ လီအပါအဝင် ဆီးနိတ်လွှတ်တော်အမတ် ဘာဘရာ ဘောက်စ်ဆာနှင့် ဒိုင်ယန် ဖီယန်စတိန်းတို့အား မြန်မာပြည်အတွက် ကူညီထောက်ပံ့မှုများ ကို မြန်မာစစ်အစိုးရက ခွင့်ပြုသည်ဖြစ်စေ ငြင်းဆန် သည်ဖြစ်စေ တတ်နိုင်သမျှ ပေးဖို့ရန် တောင်းဆိုထားသည်။

အထက်ပါ ဆုံးဖြတ်ချက် ကော်ပီကို ပေကျင်းအိုလံပစ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ လျှူကွီ နှင့် အိုလံပစ်ပွဲတော်ကို အဓိကပံ့ပိုးသည့်ကုမ္ပဏီများဖြစ်သော ကိုကာကိုလာ၊ မက္ကဒေါ်နယ်၊ ဂျန်နရယ် အီလက်ထရစ်၊ ဂျွန်ဆင်အန်ဂျွန်ဆင်၊ ကိုဒက်ခ်၊ လီနိုဗို၊ ပန်နာဆိုးနစ်၊ ဆမ်ဆောင်း၊ မန်နျူလိုက်ဖ် ဖိုင်နန်ရှယ် အက်တော့စ်အော်ရီဂျင်နှင့် အိုမီဂါတို့ကို ပို့မည်ဖြစ်သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန် သိန်းရာကျော် လာဘ်ထိုးရ

NEJ/ ၁၂ ဇွန် ၂၀၀၈

နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အလုပ်လျှောက်သူများအနေဖြင့် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ကို သိန်းဆယ်ဂဏန်းမှ ရာဂဏန်းထိ လာဘ်ပေးနေရသည်ဟု နေပြည်တော် နိုင်ငံခြားရေး
ဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန်အတွက် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အရာရှိ အချို့ကို သိန်း (၁၅၀) ထိ လာဘ်ပေးရသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ခြေအဆင့် ရာထူးရရန်အတွက် သိန်း (၈၀) ၀န်းကျင် လာဘ်ထိုးနေရသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ ယင်းသို့ လာဘ်ငွေ အများအပြား ပေးနေရကြောင်း မြန်မာသံရုံး သတင်းရပ်ကွက်ကလည်း အတည်ပြုပြောသည်။

(သတင်းအပြည့်အစုံကို သောကြာနေ့တွင် ဆက်လက် အစီရင်ခံသွားမည်ဖြစ်သည်)


အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းကြောင့် စပါးစိုက်ဧကပျက်စီးမှု တပြည်လုံး၏ (၆၀) ရာခိုင်နှုန်းရှိဟု အမေရိကန်အစိုးရမှန်း

NEJ/ ၁၂ ဇွန် ၂၀၀၈

မြန်မာနိုင်ငံမှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်နှင့်တိုင်း (၄) ခု၏ စပါးစိုက်ဧက ပျက်စီး မှုသည် တပြည်လုံး စပါးစိုက်ဧက၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု အမေရိကန် လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန် ပြည်နယ်နှင့်တိုင်း (၄) ခု၏ စပါးစိုက်ဧက ပျက်စီးမှုသည် ဧက (၁၀) သန်းရှိသည့်အတွက် တပြည်လုံး စပါးစိုက်ဧက၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု ဇွန်လ (၁၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

အမေရိကန်အစိုးရ၏ စပါးစိုက်ဧက ပျက်စီးမှု ခန့်မှန်းချက်သည် မြန်မာစီးပွားရေးပညာရှင်များ တွက်ချက်မှုနှင့် ကိုက်ညီနေသည်။ မြန်မာစစ်အစိုးရဘက်ကမူ စပါးစိုက်ဧက ပျက်စီးမှုကို မုန်တိုင်း ကျပြီး (၁) လကျော်သည်ထိ ထုတ်ပြန်နိုင်ခြင်း မရှိချေ။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ရေတို ရေရှည် စပါးအပျက်နှုန်းမှာ ပျက်စီးမှုနှုန်း အများဆုံးဖြစ်ပြီး တပြည်လုံး စပါးစိုက်ဧက၏ (၃၇) ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ စပါးစိုက်ဧက (၆.၄) သန်းအနက် စပါးစိုက်ဧက (၃) သန်း မုန်တိုင်းကြောင့် ပင်လယ်ရေ အလွှမ်းခံခဲ့ရသည်။

မေလ (၃၀) ရက်ထိ လေ့လာချက်အရ ပင်လယ်ရေ ပြန်ကျသွားသည့်တိုင် စပါးစိုက်ဧက (၂.၇) သန်းမှာ အတိုင်းအတာတရပ်ထိ ရေကျန်နေသေးသည်ဟုပါ အမေရိကန် လယ်ယာနှင့် စိုက်ပျိုး
ရေးဝန်ကြီးဌာန အစီရင်ခံစာက ထောက်ပြထားသည်။ တနည်းဆိုရလျှင် မုန်တိုင်းအပြီး တလကြာ သည့်တိုင် မူလက ပင်လယ်ရေလွှမ်းခဲ့သည့် စပါးစိုက်ဧက၏ (၈၀) ရာနှုန်း ရေကျန်သေးသည်ဟု ဖော်ပြထားသည်။ ။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

၂၀၀၈ ခုနှစ် ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျမည်

NEJ/ ၁၂ ဇွန် ၂၀၀၈


ဧရာဝတီတိုင်းမှာ စပါးစိုက်ဧက (၂) သန်းနီးပါး ပင်လယ်ရေကျန်ပြီး မိုးစပါးမစိုက်နိုင် ဖြစ်နေသည့် အတွက် ၂၀၀၈-၂၀၀၉ မြန်မာနိုင်ငံ ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျသွားနိုင်သည် ဟု အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။

မုန်တိုင်းလွန်ကာလ စပါးစိုက်ဧက အပျက်အစီးကို အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေး
ဝန်ကြီးဌာနက စနစ်တကျ လေ့လာအပြီးမှာ ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်သည်။

မိုးစပါးရိတ်သိမ်းမည့် ဧကပေါင်း (၁၆) သန်းသာ ရှိမည်ဖြစ်သည့်အတွက် မနှစ်ကထက် (၁၀) ရာနှုန်း ကျသွားမည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းနှင့် ပါလာသည့် ပင်လယ်ရေကြောင့် ပျက်စီးသည့် ၂၀၀၇-၂၀၀၈ သိုလှောင်ဆန်လက်ကျန်မှာ ဆန်တန်ချိန် (၁) သန်းနီးပါးရှိသည်ဟုပါ အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရကမူ စပါးတန်ချိန် (၇) သိန်းသာ ပျက်စီးသည်ဟု ထုတ်ပြန်ထားသည့်အတွက် ဆန်တန်ချိန် (၄) သိန်းသာ ပျက်စီးသည်ဆိုသည့်သဘော ဖြစ်နေသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်ဒေသတွင် သတင်းမီဒီယာသမားများအား စောင့်ကြည့်ရန်စစ်အစိုးရ ညွှန်ကြား

NEJ/ ၁၂ ဇွန် ၂၀၀၈

နအဖ စစ်အစိုးရ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် (စရဖ) များက လေဘေးဒဏ်သင့် ကျေးရွာ များသို့ သွားရောက်ပြီး အဆိုပါ ရွာများကို ရောက်လာသူများအနက်မှ သတင်းမေးသူများ၊ အင်တာ ဗျူးလုပ်သူများ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်းတင်သူများ ရှိပါက ၎င်းတို့ထံ အမြန်ဆုံး သတင်း ပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေဘေးဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာအုပ်စုရှိ အမည်မဖော်လိုသူ ရာအိမ်မှူးတဦးက “ပြီးခဲ့တဲ့ (၃) ရက်လောက်က ကျနော်တို့ရွာကို ကျေးရွာအုပ်စု ဥက္ကဋ္ဌနဲ့ စရဖ
အဖွဲ့ဝင်တယောက် ရောက်လာတယ်။ ဒီရွာကို ဘယ်သူတွေ လာတယ်၊ ဘယ်ကလူတွေ ဖြစ်တယ်၊ ဘာလာလုပ်တယ်၊ လှူတယ်ဆိုရင်လည်း ဘာတွေလှူတယ် စသဖြင့် သူတို့ဆီကို သတင်းပို့ရမယ်လို့ ပြောတယ်။ ထူးခြားတာက အဲဒီလာတဲ့ လူတွေထဲမှာ သတင်းမေးတဲ့လူတွေ၊ အင်တာဗျူးလုပ်တဲ့ လူတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တဲ့လူတွေပါရင် ချက်ချင်း သူတို့ဆီ မပျက်မကွက် အမြန်ဆုံး အကြောင်း ကြားရမယ်လို့ လာပြောသွားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း မြို့နယ်အချို့သို့ မကြာခဏ သွားရောက် ကူညီလှူဒါန်းသူ တဦးက ယခုနောက်ပိုင်း ၎င်းတို့ရောက်သွားသည့် ကျေးရွာများတွင် စရဖ သို့မဟုတ် ၎င်းတို့ တာဝန်ပေးထားသူတဦး ရှိနေ ကြောင်း၊ ထိုသူက ရွာကို ကိစ္စအမျိုးမျိုးနှင့် ရောက်လာသူများ၏ အချက်အလက် မှန်သမျှ ကျေးရွာ ရုံးထံမှ ရယူပြီး ဆက်သွယ်ရေး စက်တလုံးဖြင့် ပုံမှန်သတင်းပေးနေသည်ကို မြင်ရကြောင်း ပြောသည်။

ထို့အပြင် မြို့အ၀င်အထွက် ဂိတ်များနှင့် ကားလမ်းပေါ်တွင် နေရာချထားသည့် စစ်ဆေးရေးများက ကားပေါ်တွင် နိုင်ငံခြားသားများ ပါမပါ၊ ပါလာပါက သက်ဆိုင်ရာ စစ်ဒေသက ထုတ်ပေးထားသည့် ရောက်ရှိရာ နေရာကို ၀င်ရောက်ခွင့် ခရီးသွားလက်မှတ် ရှိမရှိ စစ်ဆေးနေကြောင်း၊ မြန်မာနိုင်ငံ သားများကိုမူ မှတ်ပုံတင်စစ်ဆေးပြီး လာရောက်ခြင်းကိစ္စ၊ အလှူပစ္စည်း သွားပေးမည်ဆိုပါက သွားပေးမည့် နေရာအတိအကျနှင့် အလှူပစ္စည်းစာရင်းများကို တောင်းယူကြောင်း သိရသည်။

ပြည်ပအခြေစိုက် ရေဒီယို အသံလွှင့်ဌာနများနှင့် ဒီဗွီဘီ ရုပ်သံဌာနတို့မှ ဧရာဝတီတိုင်း သတင်း အချက်အလက်မှန်များ ထွက်ပေါ်နေ၍ နအဖစစ်အစိုးရက ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာသမားများက သုံးသပ်ပြောဆိုသည်။

စစ်အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာ နောက်ကျောဖုံး၌လည်း ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် များနှင့် မသမာသူများက လုပ်ကြံသတင်း ဗီဒီယိုများ ရိုက်ကူးပြီး ပြည်ပသတင်းဌာနများသို့ ပေးပို့နေကြောင်း စွပ်စွဲရေးသားထားသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာကလေးအလုပ်သမားများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန်လို

NEJ/ ၁၂ ဇွန် ၂၀၀၈

အရွယ်မရောက်မီ အလုပ်လုပ်နေရသည့် မဲဆောက်ဈေးထဲမှ မြန်မာ ကလေးငယ်တဦး

နိုင်ငံတကာ ကလေးအလုပ်သမားများ ပပျောက်ရေးကိစ္စတွင် ကုလသမဂ္ဂ၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၊ သက်ဆိုင်ရာ အစိုးရအသီးသီးနှင့် နိုင်ငံသားများ နည်းမှန်လမ်းမှန် ပူးပေါင်းဆောင်ရွက် မှသာ ဖြေရှင်းနိုင်မည်ဟု မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဆိုပါအဖွဲ့၏ တာဝန်ခံ ကိုမိုးကြိုးက ပြောကြားခြင်းဖြစ်ပြီး “မဲဆောက်ဒေသအတွင်းမှာ တရားဝင် စက်ရုံ အလုပ်ရုံပေါင်း (၂၈၀) ရှိတဲ့အထဲမှာ ကလေးအလုပ်သမားဟာ တရုံမှာ ပျမ်းမျှ (၅၀) ခန့်ရှိတယ်” ဟုဆိုသည်။

မဲဆောက်ဒေသနှင့် ပတ်ဝန်းကျင်အတွင်း အလုပ်သမား (၅) ဦးတွင် ကလေးအလုပ်သမား (၁) ဦး ပါရှိပြီး စိုက်ပျိုးရေးခွင်များတွင် နေ့စားလုပ်ကိုင်ပါက လူကြီး ဘတ်ငွေ (၆၀) မှ (၇၀) အတွင်း ရရှိကြကာ ကလေးအလုပ်သမားများမှာ ဘတ် (၄၀) ခန့်သာ ရရှိသည်။

မဲဆောက်ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများတွင် မြန်မာအလုပ်သမား (၁) သိန်းခန့် အလုပ်လုပ် ကိုင်လျက်ရှိပြီး ကလေးအလုပ်သမားများကို အစမ်းခန့်ဟုဆိုကာ ထမင်းကြွေး အလုပ်ခိုင်းပြီး တလလျှင် ဘတ် (၅၀၀) ထက် မပိုသည့် လုပ်အားခကိုသာ ပေးသည်ဟု JACBA ၏ စစ်တမ်းတွင် ဖော်ပြောသည်။

ထောင်နှင့်ချီသည့် ကလေးအလုပ်သမားများ မဲဆောက်မြို့ရှိ ဈေးဆိုင်၊ စားသောက်ဆိုင်များတွင် လုပ်ကိုင်လျက်ရှိကြပြီး တလလျှင် စရိတ်ငြိမ်း မြန်မာငွေ (၁၅,၀၀၀) ထက် မပိုသည့် လုပ်အားခ သာ ရရှိကြသည်။

မဲဆောက်ဈေး လက်ဖက်ရည်ဆိုင်မှ (၁၃) နှစ်သား မြန်မာစားပွဲထိုးတဦးက “မော်လမြိုင်မှာထက် လုပ်အားခကောင်းလို့ မဲဆောက်မှာ လာလုပ်တယ်၊ ထိုင်းစကား မတတ်တော့ တခြားနေရာမှာ အလုပ်ဝင်ဖို့ မလွယ်ဘူး၊ ဒါကြောင့် ဒီမှာပဲ ၀င်လုပ်တာ။ ကျနော့်ညီမက အသက် (၁၁) နှစ် သူ့ကို တော့ တလ (၁၀,၀၀၀) ပေးတယ်။ ကျနော်ကတော့ (၁၅,၀၀၀) ရတယ်” ဟု ပြောသည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) က လာမည့် သက္ကရာဇ် ၂၀၁၀ တွင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ရည်ရွယ်ထားသည့် အစီအစဉ်များရှိပြီး လက်ရှိ တကမ္ဘာလုံးတွင် ကလေး အလုပ်သမား သန်းပေါင်း (၁၆၀) ခန့် ရှိသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာကလေးအလုပ်သမားများ ပပျောက်ရေးနေ့ အခမ်းအနားများကို ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပကြပြီး ကလေးအခွင့်အရေး၊ ကလေးအလုပ်သမားများဆိုင်ရာ ဟောပြောပွဲများနှင့် ပျော်ပွဲရွင်ပွဲများ ပြုလုပ်ကြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်