စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, May 28, 2008

အာဏာသိမ်းစစ်အုပ်စု နှင့် ပြည်သူလူထုသို့ GW ၏ အသိပေးကြေငြာချက်


အာဏာသိမ်းစစ်အုပ်စု နှင့် ပြည်သူလူထုသို့ GW ၏ အသိပေးကြေငြာချက်ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒခံယူပွဲရလဒ်ကို လက်မခံဟု အဖွဲ့ချုပ် တရားဝင်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ ဌာနချုပ်မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာသို့ ၂၇.၅.၂၀၀၈ နေ့က ချီတက်သွားနေစဉ်။လမ်းခရီးတွင်ပင် လူငယ်များကို ရဲများက ဖမ်းဆီးသွားခဲ့သည်။


နေသွင်
အင်္ဂါနေ့၊ မေလ 27 2008 18:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၁၉၉ဝ ရွေးကောက်ပွဲရလဒ် လွှတ်တော်ခေါ်ယူရေးကို တောင်းဆိုသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယနေ့ ကြေညာချက်တွင် မကြာသေးခင်က ပြီးစီးသွားသော ဆန္ဒခံယူပွဲ ရလဒ်ကို လက်မခံနိုင်ဟု တရားဝင် ထုတ်ဖော် ပြောဆိုလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံကို တနိုင်ငံလုံးရှိ မဲဆန္ဒရှင်များ၏ ၉၂ ရာခိုင်နှုန်းက ထောက်ခံသည် ဟူသော သတင်း ထုတ်ပြန်ချက်နှင့် ရက်ဆက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ် တရားဝင် တုံ့ပြန်ချက် ဖြစ်သည်။ အဖွဲ့ချုပ်ရုံးတွင် ယနေ့ ကျင်းပသော ရွေးကောက်ပွဲ (၁၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အပြီးတွင် ထွက်ပေါ်လာသော အဖွဲ့ချုပ်၏ ကြေညာချက်တွင် စစ်အစိုးရက ပြုလုပ်သော ဆန္ဒခံယူပွဲသည် နိုင်ငံတကာ စံချိန်မမှီရုံမျှမက မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က စံချိန်ကို မမှီဟု ဝေဖန်ထားသည်။ “အာဏာပိုင်တို့က ဖွဲ့စည်းပုံကို ၁၄ နှစ်ကြာ အချိန်ဆွဲယူခဲ့ပြီး၊ ဖွဲ့စည်းပုံ မူကြမ်းအား ဆုံးဖြတ်ပေးရမည့် ပြည်သူလူထု၏ သဘောထားကို တလအတွင်း တောင်းခံခဲ့ခြင်းသည် နိုင်ငံတကာ စံနှုန်းများကို ညီညွတ်ရန် မဆိုထားနှင့် တပါတီစနစ် ကျင့်သုံးသည် မြန်မာ့ဆိုရှယ်လစ် ပါတီ၏ ၁၉၇၃ ခုနှစ် ဆန္ဒခံယူပွဲ အဆင့်ကိုပင် မမှီပါ” ဟု ဆိုထားသည်။ ကြေညာချက်တွင် စာမျက်နှာ (၄) မျက်နှာ ပါဝင်ပြီး လွှတ်တော်ခေါ်ပေးရေး၊ ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး၊ အဖွဲ့ချုပ်ရုံးများ ပြန်ဖွင့်ပေးရေး၊ ဖျက်သိမ်းခံ တိုင်းရင်းသား ပါတီများကို ပြန်လည် တရားဝင်ခွင့်ပေးရေး၊ လွတ်လွတ်လပ်လပ် နိုင်ငံရေး လှုပ်ရှားခွင့်ပေးရန် အချက်များကိုလည်း ထုံးစံအတိုင်း ထည့်သွင်း တောင်းဆိုထားသည်။ ဆန္ဒခံယူပွဲနှင့် ပတ်သက်သော အဖွဲ့ချုပ်၏ ရပ်တည်ချက်တွင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူလူထု၏ လွတ်လပ်သော ဆန္ဒကို အခြေခံသည့် အဆုံးအဖြတ်ကို လက်ခံမည် ဖြစ်သော်လည်း အာဏာပိုင်များ၏ အတုအယောင် ဆန္ဒခံယူပွဲကို လက်ခံနိုင်မည် မဟုတ်ပေ” ဟု ပါရှိသည်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးနေချိန်တွင် စစ်အစိုးရသည် “ကိုယ်ကျိုးအာဏာ နိုင်ငံရေးအတွက် တဇွတ်ထိုး ကျင်းပခဲ့သည်” ဟုလည်း အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ လူထုကိုယ်စားလှယ်များ ပါဝင် ရေးဆွဲခြင်း မရှိသော ဖွဲ့စည်းပုံ မူကြမ်းတွင် ပြည်သူတို့၏ သဘော အကြံဥာဏ်များကို တောင်းခံခဲ့ခြင်း မရှိသလို ဆန္ဒခံယူပွဲ ကျင်းပသည့် အချိန်တွင်လည်း စစ်အစိုးရ ကိုယ်တိုင် ချမှတ်ထားသော ဆန္ဒခံယူပွဲ ဥပဒေ နည်းဥပဒေများကို ချိုးဖောက်ကာ ထောက်ခံမဲရအောင် နည်းမျိုးစုံ ကြိုးပမ်းခဲ့သဖြင့် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်မှုမရှိ ဟုလည်း အဖွဲ့ချုပ်က ဆိုသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့် ဒေသသို့ ခရီးသွားလာခွင့် ကက (ကြည်း) ထိန်းချုပ်

အေးချမ်းမြေ့ မေ ၂၇၊ ၂၀၀၈
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့်ဒေသများသို့ သွားလာမည်ဆိုပါက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ အကြောင်းကြားကာ ခရီးသွားလာခွင့် တင်ပြ၍ ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်စား အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ရန်နိုင်က ထုတ်ပြန်ကြေညာထားသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းထုတ်ပြန်ချက်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ် မေလ ၂၃ ရက် ရက်စွဲပါ စာအမှတ် ၁၂ က ၂၀၀၈/ နပတ/ ၂၅၄၇ ဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကို ပေးပို့ခဲ့ရာ အသင်းဝင်ကုမ္ပဏီများ သိရှိစေရန် “ခရီးသွားလုပ်ငန်း သတင်းလွှာ” အဖြစ် ဖြန့်ချိထားခြင်း ဖြစ်သည်။
“ကာကွယ်ရေး လုပ်သားတွေ လေဘေးသင့်ဒေသတွေကို မြန်မြန်မရောက်အောင် အချိန်ဆွဲတာပဲ။ နေပြည်တော်ကို စာတင်ရင် အနည်းဆုံး ၁ လ၊ ၁ လ ခွဲလောက် ကြာမှာ” ဟု ခရီးသွားကုမ္ပဏီ တခု၏ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများကို လေဘေးသင့် ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာစစ်အစိုးရက ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ၎င်း အဖွဲ့အစည်းများ၏ ခရီးသွားလာ ခွင့်ကို ကန့်သတ်နိုင်ရန် ယခုကဲ့သို့ သတိပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။
လေဘေးဒုက္ခသည်များကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်တော့မည် ဆိုကာ ယမန်နေ့ ညနေ ၃ ရာရီမှစ၍ ဒုက္ခသည်စခန်းများတွင် နေခွင့်မပြုတော့ကြောင်း လပွတ္တာမြို့မှ ပြန်လာသူ တဦးကပြောပြသည်။
“ဘုန်းကြီးကျောင်းတွေမှာ ဘုန်းကြီးတွေပဲရှိရမယ်လို့ပြောတယ်။ လူတွေ အစုအဝေးနဲ့ မမြင်ချင်ဘူး။ ဒုက္ခသည်စခန်းတွေ မှာကော လမ်းတွေမှာ တောင်းနေတာကော မမြင်ချင်ဘူးတဲ့။ အဲလိုတွေ့ရင်ဖမ်းမယ် ခြိမ်းခြောက်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခင်ရက်ပိုင်းများက ကဲ့သို့ လမ်းတလျှောက် အလှူရှင်များကို စောင့်ဆိုင်းနေသော ဒုက္ခသည်များမှာ နေ့ခင်းပိုင်းတွင် မတွေ့ရသလောက်ဖြစ်သွားပြီး ညဘက်မှောင်မှသာ ထွက်လာရဲကြတော့သည်ဟု သူက ပြောသည်။
“တကယ်ဖမ်းမှာလား ခြောက်တာလားတော့မသိဘူး။ လူတွေကတော့ တော်တော်လေး ကြောက် နေကြတယ်။ စစ်သားတွေ စစ်ကားတွေ တွေ့တာနဲ့ ထွက်ပြေးတာပဲ။ ရေကန်တွေ့ ရေကန်ထဲခုန်ချကြတယ်” ဟု ၎င်းက ဆိုသည်။
ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ဘုရားကြီးကျောင်းတိုက်မှ ဒုက္ခသည် ၃၃ ဦးကိုလည်း ရယက များက မနက်ဖြန် အပြီး ထွက်သွားပေးရန် ဖိအားလာပေးကြောင်း ၎င်း ဒေသမှ ပြန်လာသူတဦးကပြောသည်။
စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ မေလ ၂၄ ရက်နေ့ထုတ်တွင် မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံ ရသော ရွာပေါင်း ၈၄ ရွာမှ ဒုက္ခသည် ၉၂၀၀ ကို ဧရာဝတီတိုင်း ဝါးခယ်မ မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် စောင့်ရှောက်ထားခဲ့ရာမှ ယခုအခါ ပြန်လည် နေရာချထားရေးအစီအစဉ်အရ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဟု ပါရှိသည်။
ယခုအခါတွင် ဧရာဝတီတိုင်းအတွင်း နေထိုင်သူအားလုံး အခြားဒေသများသို့ သွားလာခွင့် လုံးဝမရှိတော့ပေ။ ထိုဒေသမှ ထွက်လာသူတိုင်း၏ မှတ်ပုံတင်ကို တောင်းယူစစ်ဆေးကာ ဧရာဝတီတိုင်း မှတ်ပုံတင်ဖြစ်နေပါက ကွမ်းခြံကုန်းမှ လှည့်ပြန် သွားရကြောင်း ၎င်းဒေသသို့ သွားရောက်လေ့လာသူ တဦးက ပြောပြသည်။
ပြီးခဲ့သည့် ၂၅ ရက်နေ့ကလည်း ဒုက္ခသည်များကို လှူဒါန်းရန်သွားသော ကားများကို အပြန်တွင် တွံတေး အထွက်နှင့် ပန်းလှိုင်တံတားထိပ်တို့မှ စောင့်၍ ဖမ်းဆီးကြောင်း မျက်မြင်တဦးထံမှ သိရသည်။ လှူဒါန်းရန် သွားရောက်မည့် ကားများကို လမ်းတလျှောက် စောင့်ဆိုင်းကာ တောင်းနေသော ဒုက္ခသည်များအား ရပ်နားပေးကမ်းလျင် နံပါတ်မှတ်၍ အပြန်၌ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းကပြောပြသည်။
“ဘာပုဒ်မနဲ့ ဖမ်းတာလဲလို့မေးကြည့်တော့ နိုင်ငံတော်ကို အကြည်ညိုပျက်စေသောပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းတာတဲ့” ဟု သူကပြောသည်။
ယာဉ်အစီး ၂၀ ကို ၎င်းရှေ့တွင်ပင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အများစုမှာ ပစ္စည်းတင်သည့် ဒိုင်နာကားများ ဖြစ်သည်ဟု ဆိုသည်။ ကားနှင့် ယာဉ်မောင်းကိုသာ ခေါ်ထားလိုက်ခြင်းဖြစ်ပြီး ပါလာသည့် လူများကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို ပြည်ဝင်ခွင့်ပြုမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ပြောခဲ့သော်လည်း မစ္စတာ ဘန်ကီမွန်းနှင့် နိုင်ငံတကာ အလှူရှင်များ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ဗိုလ်ချုပ်မှူးကြီး၏ ကတိစကားကို သတိနှင့်သာ ကြိုဆိုကြောင်း ၂၅ ရက်နေ့က ကျင်းပသည့် နိုင်ငံတကာ လေဘေးဒုက္ခသည်များအကူ အညီပေးရေးနှင့် ကတိ က၀တ်ပြုညီလာခံအပြီး ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စု ဆက်လက်ထိန်းသိမ်းထားခြင်း ကုလ အတွင်းရေးမှူးချုပ် စိတ်မကောင်းဖြစ်

28 May 2008

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားမှု ဆဋ္ဌမနှစ် သက်တမ်းတိုးဖို့ စစ်အစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) က ပြောပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အသက် ၆၂ နှစ်အရွယ်ရှိ မြန်မာ့အတိုက်အခံခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ကျော် နေအိမ်အကျယ်ချုပ် ချခံနေခဲ့ရပါတယ်။ မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တခြားသော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ နိုင်ငံရေးစကားဆိုပါလို့ သမ္မတအိမ်ဖြူတော်က စစ်အစိုးရကို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးခြင်းဟာ မြန်မာပြည်က နိုင်ငံရေးလွတ်လပ်ခွင့်အတွက် ၀မ်းနည်းစရာတရပ်ဖြစ်တယ်၊ ဒါပေမယ့် ဆိုင်ကလုံးလေပြင်းမုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေးကိုတော့ ထိခိုက်စေမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ကြေညာပါတယ်။
မြန်မာစစ်အစိုးရ တာဝန်ခံများ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ မနေ့က သွားရောက်ပြီးနောက် နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးကြောင်း အသိပေး ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုက နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ အလွန်အရေးအကြီးဆုံးနဲ့ အကြီးအကျယ်စိုးရိမ်ရတဲ့ အမှုတွေထဲမှာ တခုအပါအ၀င်ဖြစ်ကြောင်း ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားအားလုံး စောနိုင်သမျှစောပြီး လွတ်လာကြတာကို မြင်တွေ့ရရေး ကုလသမဂ္ဂက ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။
မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စကို ထည့်သွင်းဆွေးနွေးခြင်း မပြုခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ မြန်မာပြည်ကိုသွားရောက်တာဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဘေးသင့်ခံရတဲ့အတွက် ကူညီဖို့ကိစ္စဖြစ်ပြီး နိုင်ငံရေးကိစ္စမဟုတ်လို့ ဆွေးနွေးခဲ့ခြင်းမပြုတာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရှင်းပြပြောဆိုပါတယ်။

Rest of your post


အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စု နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှု သမ္မတဘုရှ် လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်တိုးလိုက်တဲ့အပေါ် အမေ ရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ အခုလို မြန်မာစစ်အစိုးရအပေါ် ဝေဖန်မှုတွေ ရှိပေမယ့်လည်း မြန်မာဆိုင်ကလုံး ဒုက္ခသည်တွေအတွက် အကူအညီတွေကိုတော့ အမေရိကန်ပြည်ထောင်စုက ဆက်ပေးသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကနေ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလ်လပ်စ်တ် (David Gollust) သတင်းပေးပို့ထားတဲ့အတိုင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာစစ်အစိုးရလက်ကိုင်တုတ် အဖွဲ့အစည်းတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းကစလို့ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားသလို အခုလို ဆက်ပြီး အကျယ်ချုပ်သက်တမ်း တိုးလိုက်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ သမ္မတဘုရှ်က ဆိုပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုစတင်ဖို့ သမ္မတဘုရှ်က ကြေညာချက်တစောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် မြန်မာစစ်အစိုးရက အာဏာလွှဲမပေးခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ပဲ အများအားဖြင့် ရှိနေခဲ့တာပါ။
မြန်မာစစ်အစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်သက်တမ်းကို တိုးလိုက်တာဟာ သူတို့လုပ်နေကြအရာတခု လုပ်လိုက်တာဖြစ်လို့ အံ့သြစရာမဟုတ်ပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်တော့ ဒါဟာ ၀မ်းနည်းစရာအချက်ပါလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack) က မှတ်ချက်ချ ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆက်လက်ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုက အပြင်းအထန် ဝေဖန်ရှုတ်ချပေမယ့် ဒီ့အတွက်ကြောင့် မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရရဲ့ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူးလို့ အမေရိကန်သမ္မတဘုရှ်က ပြောဆိုခဲ့သလိုပဲ ရှောင် မက်ကောမက်ကလည်း ဒါကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ ဒီကိစ္စနှစ်ခုကို ခွဲခြားထားပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အရင်ကတည်းက လူသိရှင်ကြား ပြောဆိုနေခဲ့ကြတဲ့အတိုင်း အခုလည်း ဒီအတိုင်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ ဆက်ပြီး ဝေဖန်ပြောဆိုမှုတွေကို လုပ်သွားမှာပါ။ ဒါပေမယ့် မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကျနော်တို့ အခုလို ဝေဖန်ပြောဆိုနေတဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံသားတွေအတွက် အခုအချိန်မှာ တကယ့်ကိုလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ၊ အထောက်အပံ့တွေပေးဖို့ ကျနော်တို့ ဆက်ပြီးကြိုးစားသွားမှာပါ။”
မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ အမေ ရိကန်ပြည်ထောင်စုက ကူညီဖို့ ကတိပြုထားသလို အခြေခံလိုအပ်ချက် အထောက်အပံ့ ပစ္စည်းတွေကိုလည်း လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒုက္ခသည်တွေ အမှန်တကယ်လိုအပ်နေတာကို ကူညီနိုင်ဖို့ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမေရိကန် ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ မြန်မာစစ်အစိုးရက လာရောက်ခွင့်မပြုပါဘူး။ အဲဒီဒေသက ဒုက္ခသည်တွေကို အမေရိကန်စစ်ဖက်က အထောက်အပံ့ပစ္စည်းတွေ တိုက်ရိုက်ဖြန့်ဝေခွင့်ကိုလည်း မြန်မာစစ်အစိုးရက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးက ကမကထပြု ကြီးမှူးကျင်းပခဲ့တဲ့ အလှူရှင်များညီလာခံမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ သန်းနဲ့ချီတဲ့ မုန်တိုင်းဒုက္ခသည်တွေကိုကူညီဖို့ အမေရိကန်အနေနဲ့ အထောက်အပံ့ပစ္စည်းတွေနဲ့အတူ ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ကမ်းလှမ်းထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့အပတ်က ကတိပြုထားတဲ့အတိုင်း ဒါကို ချက်ချင်း အကောင်အထည်ဖော်ဖို့ကိုလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
အများဝေဖန်ခံနေရတဲ့ မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည် ပြုနိုင်ရေးအတွက် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ရွှေ့ဆိုင်းထားတဲ့ လူထုဆန္ဒခံယူပွဲကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့စနေနေ့က အပြီးသတ် ဆန္ဒကောက်ယူခဲ့တဲ့အပေါ်မှာလည်း စိတ်ပျက်မိတဲ့အကြောင်း ဒီကြေညာချက်ထဲမှာ ဆက်လက်ဖော်ပြထားပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သတင်းဆောင်းပါး လေဘေး ဒုက္ခသည်များအတွက် ကမ္ဘာ့နိုင်ငံများ ကူညီမည် အောင်သက်ဝိုင်း | မေ ၂၆ ၊ ၂၀၀၈

မုန်တိုင်းဒဏ်သင့် ဒုက္ခသည် နှစ်သန်းကျော်ကို အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန်အတွက် အာဆီယံ ဦးဆောင်၍ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ သုံးဦးသုံးဖလှယ် ပါဝင်သော လူသားချင်း စာနာ ထောက်ထားမူ ကူညီရေးအထူးအဖွဲ့ ဖွဲ့စည်းအတည်ပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဌ စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဂျော့ရိုး (Mr.GEORGE YEO )က ကြေညာလိုက်သည်။

နာဂစ်မုန်တိုင်းမြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ပြီး သီတင်းသုံးပတ်ကျော်အကြာ မေလ၂၅ ရက်နေ့က ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ကျင်းပသော ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း(INGO)များ ပါဝင်သည့် လေဘေးဒုက္ခသည်များအကူ အညီပေးရေးနှင့် ကတိ က၀တ်ပြုညီလာခံအပြီး ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်ပြီး ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများမှ သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ကယ်ဆယ်ရေးလုပ်သားများ၊ ကျန်းမာရေးနှင့် ဆေး ပညာရှင် များ ၊ မြန်မာအစိုးရ အရာရှိများ ပူးပေါင်းပါဝင်မည့် ယင်းအထူးအဖွဲ့ကို ရန်ကုန်တွင် အခြေစိုက်ထားရှိမည်ဖြစ်ပြီး ကူညီရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အတားအဆီးမရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာ အကူအညီများ မုန်တိုင်းဒဏ် သင့်ဒေသများရှိ ဒုက္ခသည်များထံ အမြန်ဆုံးရောက်ရှိနိုင်ရန် လုပ်ငန်းစဉ်များ ကိုချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဂျော့ရိုးက ပြောသည်။
တနင်္ဂနွေနေ့က ကျင်းပသော ယင်းညီလာခံတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အာဆီ ယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်၊ အာဆီယံဥက္ကဌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျော့ရိုး နှင့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ထိပ်တန်း အစိုးရ အရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့များမှ ဌာနေကိုယ်စားလှယ်များက အာဆီယံဦးဆောင်သည့် အကူအညီ ပေးရေးအထူး အဖွဲ့ ဖွဲ့စည်းရေးကို တခဲနက် ထောက်ခံကြကြောင်း သိရှိရသည်။
“အာဆီယံဦးဆောင်တဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူများ အကူအညီပေးရေးအထူးအဖွဲ့ပေါ်ပေါက်ရေး မြန်မာအစိုးရရဲ့သဘော တူညီချက်ကို ကြိုဆိုပါတယ်။ ပြီးတော့ ဒီအဖွဲ့ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင် မယ်ဆိုတာကိုလည်း ကြိုဆိုပါတယ်”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ညီလာ ခံ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။
အာဆီယံအထူးကူညီရေးအဖွဲ့သည် နိုင်ငံတကာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ယုံကြည်မှုနှင့် နား လည်မှု ပျောက်ဆုံးနေသော မြန်မာအစိုးရကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဒုက္ခသည်များ အသက် ရှင်ရေးအတွက် အချိန် အနည်းငယ်သာကျန်ရှိတော့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။
“ဒုက္ခသည်တွေအတွက် အတားအဆီးမှန်သမျှကျော်လွှားပြီး အကူအညီတွေ ရောက်အောင်လုပ်သွားမယ်”ဟု အာဆီယံ အတွင်းရေးမှူးချုပ် က ဆိုသည်။
မြန်မာ ပြည်တွင်း အစိုးရမဟုတ်သော ပုဂ္ဂလိက အန်ဂျီအို အဖွဲ့များကလည်း အာဆီယံ ဦးဆောင်သော အထူး အဖွဲ့တရား ၀င်ဖွဲ့စည်းလိုက်ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ဒုက္ခသည်များအတွက် အစိုးရ၏ဆောင်ရွက် ချက်များ အလွန်ညံ့ဖျင်းနေချိန် တွင် အာဆီယံနှင့် နိုင်ငံတာကာ ၏ တိုက်ရိုက် အကူအညီပေးမှုများ အရေးပေါ် ရရှိရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“မုန်တိုင်းတိုက်ပြီး နှစ်ပတ်အတွင်းမှာတောင် နိုင်ငံတကာအကူအညီ လက်ခံဖို့ ချီတုံချတုံ ဖြစ်နေတဲ့အစိုးရ က ပြည်သူတွေကို ဘယ်လို ပြန်လည်ထူထောင်ပေးမလဲ။ အခု အာဆီယံက ၀င်မယ်။ ဒါ မုန်တိုင်းဒဏ်ခံရတဲ့ ကျနော် တို့ မြန်မာပြည်သူတွေ အတွက်တော့ မင်္ဂလာသတင်းပဲ” ဟု ပြည်တွင်းအန်ဂျီအိုတခုမှ ဦးဆောင်လူငယ် တဦးက ဆိုသည်။
ပြည်တွင်း သတင်းအယ်ဒီတာတဦးကလည်း မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရသောအခြေ အနေမှာ ပြည်တွင်း အလှူရှင်များ နှင့် ပြည်တွင်းအန်ဂျီအိုများ၏ အားသွန်ခွန်စိုက်ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ နှင့် မလုံ လောက်ကြောင်း၊ ယခုအာဆီယံဦးဆောင်သော နိုင်ငံတကာအကူအညီပေးရေး အဖွဲ့ များ ၀င်ရောက်မည် ဆိုသောသတင်း ကို အလွန်အားရမိကြောင်း ပြောသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသော တွံတေးမြို့နယ်မှ ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်ဘွဲ့ရ ဒေသခံတဦးကလည်း “လူတွေမှာ လယ်ယာ ကျွဲ နွားတွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအားလုံး ဆုံးရှုံးကုန်တာ ။ ဒါတွေကို ပြန်လည်ထူထောင်ဖို့ ဆိုရင် နိုင်ငံတကာ က ၀င်ကို ၀င်မှရမှာ။ နိုင်ငံတကာအကူ အညီ မရရင် သေချာတယ် ဒီဒုက္ခသည်တွေ ရဲ့ ဘ၀ လုံးဝ နာလန်မထူဘူး”ဟု ပြောသည်။
ယခု ညီလာခံတက်ရောက်လာသော နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအဖွဲ့များနှင့်အစိုးရမဟုတ်သော အဖွဲ့ များ က မြန်မာအစိုးရအား မုန်တိုင်းသင့် ပြည်သူများကိုကူညီရာတွင် အကန့်အသတ် အချုပ်အနှောင်မရှိ ဆောင် ရွက်ခွင့်ပြုရန်ပန်ကြားကြပြီး အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတကာကယ်ဆယ်ရေးလုပ်သား များ ပြည်ဝင်ခွင့်ပြုမည်ကို သတိနှင့် ကြိုဆိုကြကြောင်း သိရှိရသည်။
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး ကတိက၀တ်ပြု ညီလာခံတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မုန်တိုင်းသင့် ပြည်သူများကို ပထမအဆင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ် အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း တရားဝင် ပြောဆို သော်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအစိုးရများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရန်လိုအပ်နေကြောင်းနှင့် လက်ရှိအကူအညီများမှာ လုံလောက်မှူမရှိသော အနေအထား တွင်ရှိကြောင်း အလေးထား ပြောကြားကြသည်။
“ကယ်ဆယ်ရေးလုပ်ငန်းတွေက လပေါင်းများစွာ လုပ်ဆောင်ရမှာပါ။ အနည်းဆုံးခြောက်လလောက်တော့ ကုန်းကောက်စရာ မရှိအောင် အရာရာအားလုံးဆုံးရှုံးသွားကြတဲ့ဒုက္ခသည်တွေကို ကျွေးမွေးစောင့်ရှောက်ရမယ်။ တခြား တဘက်မှာလည်း ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေး၊ ပြန်လည်နာလန်ထူထောင်နိုင် အောင် တပြိုင်နက်လုပ်ဆောင် သွားမှာပါ”ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာက နာဂစ်မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၁၀.၆၇ ဘီလီယံ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ပြည်သူပိုင် အဆောက်အအုံ၊ စိုက်ပျိုးရေး၊ စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆက်သွယ်ရေး နှင့် စွမ်းအင်အပိုင်း၊ ဘာသာရေး၊ သစ်တောနှင့် သစ်ပင်များစုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာ ၃.၀၅ ဘီလီယံရှိ ကြောင်း၊ ပုဂ္ဂလိကပိုင်အနေဖြင့်မူ အမေရိကန်ဒေါ်လာ ၇.၆၂ ဘီလီယံ ဆုံးရှုံး ကြောင်း ပြောသည်။
“ပြည်သူပိုင်အဆောက်အအုံ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၂.၁၃ ဘီလီယံ၊ အစိုးရပိုင် စိုက်ပျိုးရေးလုပ်ငန်းမှာ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၀.၀၀၇ ဘီလီယံ၊ အစိုးရပိုင်စက်မှုလုပ်ငန်းမှာ ဆုံးရှုံးမှုက ဒေါ်လာ ၀.၁၂ဘီလီယံ၊ လျှပ်စစ်နဲ့ဆက်သွယ် ရေးလုပ်ငန်းမှာ ၀.၈၂၈၀ ဘီလီယံ၊ အစိုးရပိုင်ဘာသာရေးအဆောက်အအုံတွေမှာ ဒေါ်လာ ၀.၀၀၂၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင် အဆောက်အအုံ ဆုံးရှုံးမှုက ၅.၁၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စိုက်ပျိုရေးနဲ့မွေးမြူရေး မှာ ၀.၉၁၈ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စက်မှု၊ ယဉ်နဲ့ ရေယဉ်ဆုံးရှုံးမှုက ၁.၄၇ ဘီလီယံနဲ့ ပုဂ္ဂလိကပိုင် ဘာသာရေး အဆောက်အအုံဆုံးရှုံးမှုက ၀.၁၂၅ ဘီလီယံ၊ သစ်တော ဆုံးရှုံးမှုက ၀.၀၁၄ ဘီလီယံရှိပါတယ်”ဟု ဦးစိုးသာက ပြောသည်။
မုန်တိုင်းဒဏ်သင့် ဒေသများပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင်အနည်းဆုံး ၂ နှစ် အချိန်ယူရဖွယ်ရှိပြီး မုန်တိုင်းသင့် ဒေသများတွင် ၂.၄၃ သန်းစိုက်ပျိုးမြေဧကရှိပြီး ၅၄၃၀၄၂ ဧကမှာ ဆားငန်ရေများဝင်ရောက် ခံခဲ့ရကြောင်း၊ မုန်တိုင်းဒဏ် သင့်ဒေသတွင် ၀.၈၃ မက်ထရစ်တန် ဆန်ရိက္ခာာများလိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အတွက်ဓာတ်မြေသြဇာများ ၊ မျိုးစပါးများနှင့် အခြားစိုက်ပျိုးရေးသုံးဆေးဝါးများနှင့် စက်ပစ္စည်း များလိုအပ် ကြောင်း၊ စိုက်ပျိုးရေးအပိုင်းအတွက် လိုအပ် သည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၂၂၀.၇၈ သန်းဖြစ် ကြောင်း၊ စိုက်ပျိုးမြေများအတွက် ဓာတ်မြေသြဇာလိုအပ်မှုမှာ တန်ချိန် ၀.၄၄ သန်းဖြစ်ကြောင်း ဦးစိုးသာက ရှင်းပြသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရာဝတီတိုင်းမှရေလှောင်တမံများပြုပြင်ရန်လည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀.၄၇ လိုအပ်နေကြောင်း၊ ဆားချက်လုပ်ငန်းများအတွက် ဒေါ်လာ ၂၁.၃၀ သန်း၊ ကျန်းမာရေးစောင့်ရှောက် မှု အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့်ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၂.၅၂ သန်း၊ ပညာရေးအဆောက်အဦး များပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် ဒေါ်လာ ၁၃၅.၁၃ သန်းနှင့် စက်သုံး ဆီ များ၊ အကြီးစားပြုပြင်သည့် စက်ယန္တရားကြီးများ၊ ရေစုပ်စက်များနှင့် ငါးဖမ်းသဘောင်္အများအပြားနှင့် အခြား အကူအညီအများအပြား လိုအပ်နေ ကြောင်း ၄င်းကဆိုသည်။
၎င်းကဆက်လက်ပြောကြားရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အလှူရှင်များအနေဖြင့် မုန်တိုင်းသင့် ကျေးရွာများ၊ မြို့နယ် များကို ရွေးချယ်ပြီးပြန်လည်ထူထောင်ရေးနှင့် ကူညီဆောင်ရွက်မှုများပြုလုပ်လိုပါကလည်း မြန်မာ အစိုးရက လက်ခံသွား မည်ဖြစ်ကြောင်း၊ သို့ရာတွင်အလှူရှင်များအနေဖြင့် မြန်မာအစိုးရကို ကြိုတင်အသိပေး အကြောင်းကြားမှုများ ပြုလုပ်ရ မည်ဖြစ်ကာ လှူဒါန်းမှုပြုလုပ်လိုသော ဒေသများနှင့်ပတ်သက်သော လိုအပ် သည့် သတင်းအချက်အလက်များကို မြန်မာ အစိုးရ ကပေးမည်ဖြစ်ကြောင်း ပြောသည်။
ဝန်ကြီးဦးစိုးသာ က ပြန်လည်ထူထောင်ဦးစားပေးလုပ်ငန်းစဉ်များချပြပြီး နိုင်ငံတကာကို လိုအပ်သည့်အကူအညီများ တင်ပြခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအ၀န်းကမူ ဒုက္ခသည်များအတွက် စားဝတ်နေရေးနှင့် မပြီးပြတ်သေးသော ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်ပြောဆိုကြပြီး ငွေကြေးလှူဒါန်းမှုများကို မြန်မာအစိုးရသို့ တိုက်ရိုက်ပေး ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်နေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများထံသို့ လွှဲပြောင်း လှူဒါန်းမှုများသာ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ညီလာခံတွင်ဥရောပသမဂ္ဂ အီးယူက အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀န်းကို မုန်တိုင်းသင့်ဒုက္ခ သည်များအတွက်ပူးတွဲအလုပ်လုပ် ကြရန်တိုက်တွန်းပြီး ဥရောပသမဂ္ဂက ယူရိုငွေ သန်း ၆၃ သန်းတန်အရေး ပေါ် အကူအညီများပေးအပ်ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်အနေဖြင့် မုန်တိုင်းသင့် ဒုက္ခသည်များအတွက် ယူရိုငွေ ၁၇,၀၀၀,၀၀၀ ကူညီမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
တခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် သြစတီးယားနိုင်ငံက ယူရိုငွေ ၂၅၀၀၀၀ ၊ ဘယ်လ်ဂျီယံ က ယူရို ၁၀၀၀၀၀၀၊ ချက်သမ္မတနိုင်ငံက ယူရို၈၂၅၀၀၀၊ ဆိုက်ပရပ်စ်နိုင်ငံက ယူရို ၃၀၀၀၀ ၊ ဒိန်းမတ်နိုင်ငံက ယူရို ၆၄၀၀၀၀၀ ၊ အက်စတိုးနီးယား နိုင်ငံက ယူရို ၃၁၉၅၆ ၊ ဖင်လန်နိုင်ငံက ယူရို၁၁၀၀၀၀၀ ၊ ပြင်သစ်နိုင်ငံက ယူရို ၂၀၀၀၀၀၀ ၊ဂျာမနီ နိုင်ငံက ယူရို ၄၀၀၀၀၀၀ ၊ ဂရိက ယူရို ၁၃၀၀၀၀ ၊ ဟန်ဂေရီ နိုင်ငံက ယူရို ၅၀၀၀၀၊ အိုင်ယာ လန် က ယူရို ၁၀၃၀၀၀၀ ၊ အီတလီက ယူရို ၁၉၀၀၀၀၀၊လက်ဗီးယားနိုင်ငံက ယူရို ၂၀၀၀၀ ၊ လူဇင်ဘတ်နိုင်ငံက ယူရို ၃၀၀၀၀၀၊ နယ်သာလန်နိုင်ငံက ယူရို ၁၅၀၀၀၀၀၊ ပိုလန်နိုင်ငံက ယူရို ၁၅၀၀၀၀၊ ရိုမေးနီးယားနိုင်ငံက ၁၀၀၀၀၀၊ ဆလိုဗက်ကီးယားနိုင်ငံက ၅၀၀၀၀၊ စပိန်နိုင်ငံက ၂၂၀၀၀၀၀၊ ဆွီဒင်နိုင်ငံက ၁၆၀၀၀၀၀၊ဗြိတိသျှ က ၂၁၄၀၀၀၀၀ ကူညီမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းတရုတ်နိုင်ငံက ၄င်းကိုယ်တိုင် ငလျှင်ဒဏ်ကြောင့် အခက်အခဲများကြုံတွေ့ရလင့်ကစား မြန်မာ မုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီမည်ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရမ်ဂျီချီ(Mr.Yang Jiechi)က ပြောသည်။
မြန်မာနိုင်ငံသို့ အကူအညီအများဆုံးပေးနေသည့် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁.၇ သန်းညီမည့် အပြင် ဂျပန် ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ပြီး ဆေးဝါးကုသမှုများဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ရန်ကုန် ဆိပ်ကမ်းးတွင် နစ်မြုပ်သွားသော သဘောင်္များဆယ်ယူရေးအတွက် ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက်လည်းဆောင် ရွက်ပေး မည်ဖြစ်ကြောင်း ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုဆာမူးယူနို( Mr.Osamu UNO ) ကပြော သည်။
အမေရိကန်ပြည်ထောင်စုကလည်း ကယ်ဆယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ရန်ပြောဆိုပြီး လက်ရှိတွင် ဒေါ်လာ ၂၀.၅ သန်းတန် အကူအညီများပေးအပ်မည်ဖြစ်ကြောင်း၊ အကူအညီများထပ်မံတိုးမြှင့်ရန်ရှိကြောင်း ကြေညာချက်ထုတ်ပြန်သည်။
အာဆီယံ နိုင်ငံများဖြစ်သော စင်္ကပူ၊ အင်ဒိုနီးရှား ၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် တို့ကလည်း လေဘေး ဒုက္ခသည်များအတွက် အလှူငွေများ ထည့်ဝင်မည်ဖြစ် ကြောင်း ကတိပြုကြသည်။
လက်ရှိ အာဆီယံ အတွင်းရေးမှူးတာဝန်ယူထားသော ထိုင်းနိုင်ငံက မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ အကူအညီများကို ပေးအပ်ပြီးဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကူအညီ အဖွဲ့များ၊ INGO များနှင့် ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး လေယာဉ်များ အတွက် ဘန်ကောက်မြို့ရှိ ဒွန်မောင်း နိုင်ငံတကာလေဆိပ်ကို အသုံးပြုခွင့်ပေးထားကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး နပ္ပဒွန် ပတ္တမာက ပြောဆိုသည်။
အာဆီယံ ဥက္ကဌ စင်ကာပူနိုင်ငံအနေဖြင့် မုန်တိုင်းသင့်မြန်မာပြည်သူများအတွက်အမေရိကန် ဒေါ်လာ ၅ သန်း အကူအညီ ပေးမည်ဖြစ်ပြီး တခြားရဟတ်ယဉ်အပါအ၀င်ပို့ဆောင်ဆက်သွယ်ရေး ပစည်းများနှင့် လိုအပ်သော ပစ္စည်များ ထောက်ပံ့မည် ဖြစ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လည်းထပ်မံကူညီသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး ကပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဟာဆန်ဝီရာ ယုဒ က ၎င်းတို့ နိုင်ငံအနေနှင့် နာဂစ် မုန်တိုင်း ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၁ သန်း ငွေသား အကူအညီကို အာဆီယံ အဖွဲ့သို့ ပေးအပ်မည်ဖြစ်သည်ဟု ဆို သည်။
လေးရှားနိုင်ငံကလည်း မလေးရှား ရင်းဂစ် ငွေ ၅ သိန်း တန်ဖိုးရှိ အကူအညီများပေးပြီးသည့် အပြင် အမေရိကန် ဒေါ်လာ ၁ သန်း ကိုလည်း အလှူငွေထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံများက အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ စီ ငွေသား လှူဒါန်းမည်ဖြစ်ပြီး ဗီယက်နမ် နိုင်ငံကမူ အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ငွေသားအကူအညီပေးမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုသည်။
တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၂.၅ သန်း တန်ဖိုးရှိ အကူအညီပစ္စည်းများကို လှူဒါန်းမည်ဖြစ်ပြီး ဘရူနိုင်း နိုင်ငံက ဒေါ်လာ ၁ သန်း လှူမည်ဖြစ်သည်ဟု ဆိုသည်။
သြစတြေးလျှနိုင်ငံကလည်း မြန်မာနိုင်ငံအတွက် သြစတေးလျှဒေါ်လာ ၂၅ သန်း ကူညီမည်ဖြစ်ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ မှတဆင့်ပေးအပ်သွး မည်ဖြစ်ကြောင်း သြစတြေးးလျှ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အကူဝန်ကြီး မစ္စတာ ဘော့ မက်မူလန်(Mr.Bob McMullan) ကပြောသည်။
ကနေဒါနိုင်ငံ အနေနှင့် မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း ပြောသည်။
နော်ဝေး နိုင်ငံက မူ ငွေသား အမေရိကန်ဒေါ်လာ သန်း ၂၀ ကို မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ လှူဒါန်းမည်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် တောင်အာဖရိက နိုင်ငံနေနှင့် အမေရိကန် ဒေါ်လာ ၈ သန်း လှူဒါန်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ရုရှ နိုင်ငံအပါအ၀င် တခြားသော နိုင်ငံအစိုးရများကလည်း မြန်မာနိုင်ငံမှ မုန်တိုင်းသင့် ပြည်သူများအတွက် ငွေကြေးကူညီမှု များပြုလုပ်ရန်ကတိပြုကြပြီး မည်မျှကူညီမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ယင်းညီလာခံအပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာအကူအညီငွေမည်မျှရရှိကြောင်း ထုတ်ပြန်ခြင်း မပြုနိုင်သေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိုနှိုင်းရေးမှုးရုံးအကြီးအကဲ ဒုတိယ အတွင်းရေးမှူးချူပ် မစ္စတာ ဂျွမ်းဟုန်းက သတင်းထောက်များကို ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက်မျိုးချစ်မြန်မာများ၏ အေရာဝတီတိုင်းခရီးစဉ်တစ်ချို့

ကျွန်တော်တို့မှာဆန်ကိုပဲလိုအပ်ပါတယ် ဆန်ကိုပဲပေးပါ၊ဆန်ပဲအရေးကြီးပါသည် ဟု တစ်စာစာတောင်းခံကြသူများနှင့်၊လေဘေးဒုက္ခသည်များမှ တပ်မတော်အားလှုဒါန်းခြင်းဟုပြက်ရယ်ပြုကြခြင်း၊ပြည်ပရောက်မျိုးချစ်မြန်မာများ၏ အေရာဝတီတိုင်းခရီးစဉ်တစ်ချို့

အပြည့်အစုံဖတ်လိုလျှင်

Myanmar extends Aung San Suu Kyi's house arrest


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း စစ်အစိုးရ ထပ်တိုး

YANGON (AFP) - - Myanmar's ruling junta has extended the house arrest of Aung San Suu Kyi by another year, an official said Tuesday, as 16 of the democracy leader's supporters were arrested.


Seven Myanmar officials went to the lakeside Yangon home that has been Aung San Suu Kyi's prison for most of the last 18 years and delivered the news on Tuesday afternoon during a 10-minute meeting, a state official said.
"Her detention was extended by one year," the official told AFP.
The Nobel Peace Prize winner's most recent period in detention began on May 30, 2003, when her convoy was ambushed while she toured upcountry.
The junta says four people were killed in that attack, but the party puts the toll at nearly 100.
After the ambush, Aung San Suu Kyi was initially confined at the notorious Insein prison, but was allowed to return to her home in September 2003.
About 100 uniformed and plainclothes police, along with pro-junta militia, patrolled around the rambling lakeside house in Yangon ahead of the afternoon meeting.
Earlier Tuesday, about 30 of her supporters tried to march towards her home, but security forces broke up the protest and arrested 16 people including a 12-year-old boy, a spokesman from her National League for Democracy party said.
Six police trucks were stationed near the NLD's rundown headquarters in the centre of the country's main city Yangon, while plainclothes police stood watch from across the street, witnesses said.
The arrests came as the NLD held a ceremony to mark the anniversary of its victory in 1990 elections, which was ignored by the ruling military junta.
Instead, the generals kept Aung San Suu Kyi in detention and pressed ahead with their own "roadmap to democracy," which led this month to a referendum on a constitution that democracy activists say enshrines the army's grip on power.
Forging ahead with the vote on May 10 and May 24 despite a devastating cyclone which left more than 133,000 people dead or missing, the junta on Monday declared an overwhelming referendum victory.
The regime claimed that despite the devastation, 98 percent of voters turned out for the referendum and more than 92 percent had endorsed the charter.
The NLD rejected the outcome, calling the approval of the text a "sham."
"Although the NLD is ready to accept the verdict of the people, based on their free will, it will not be able to accept the sham referendum of the authorities," the party said in a statement.
"The authorities used coercion, intimidated, deceived, misrepresented and used undue influence, and abused their power to get the affirmative votes.... Hence the outcome is not the true judgement of the people."
The party also denounced the regime for holding the referendum after the cyclone, which left 2.4 million people in desperate need of food, shelter and medicine, the United Nations has said.
The NLD said the regime had ignored the public welfare "by obstinately holding the referendum, considering only power politics and self-interest, after the devastation to the people caused by Cyclone Nargis."
International calls for Aung San Suu Kyi's release have been overshadowed by the high-level diplomacy aimed at convincing Myanmar's junta to allow a full-scale relief effort for victims of the cyclone.
UN Secretary General Ban Ki-moon was in Myanmar last week for talks with the generals, but said that the country's struggling pro-democracy movement was not discussed as his trip was purely humanitarian.

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း စစ်အစိုးရ ထပ်တိုး


အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို စစ်အစိုးရအရာရှိတဦး ကားမောင်းဝင်သွားခဲ့ပြီး သက်တမ်းတိုးကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ထပ်ခါတလဲလဲ တောင်းဆိုနေတာကို စစ်အစိုးရက ဂရုမစိုက်၊ လျစ်လျူရှုပြီး ဒီကနေ့ နောက်ထပ်သက်တမ်း တနှစ်တိုးလိုက်တာဖြစ်တယ်လို့ ရန်ကုန်ကလာတဲ့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ချီတက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၅ ယောက်ထက်မနည်း ဒီနေ့ အဖမ်းခံရပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နှစ်ပြည့် အောင်ပွဲခံ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကျင်းပရာ အန်န်အယ်လ်ဒီဌာနချုပ်ကနေ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာကို မိုးရေထဲမှာ ခမောက်တွေဆောင်းပြီး အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီချီတက်ကြတဲ့သူတွေထဲက ၁၅ ယောက်ထက်မနည်းကို လုံထိန်းတွေက ထရပ်ကားတွေပေါ်တင်ပြီး ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မုန်တိုင်းဘေးသင့်ဒုက္ခသည်တွေအတွက် တကမ္ဘာလုံးက စာနာမှုနဲ့ ကူညီနေကြတဲ့အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ စိတ်ကောင်းစေတနာထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒ (Hassan Wirajuda) က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

နေရပ်ပြန်ခိုင်းခံရသည့် ဒုက္ခသည် နှင့် ရဲများ ပြဿနာတက်...DVB မှ


အပြည့်အစုံဖတ်လိုလျှင်

အလှူပစ္စည်းလက်ခံသူ သွေးထွက်သံယို ရိုက်နှက်ခံရ...DVBမှ


အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များအား သွားလှူသည့်ကားများ အပြန် ထိန်းသိမ်းခံရ...DVB မှ


အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်များကို ကူညီတဲ့ ကား ၇ဝ ကျော် ဖမ်းဆီးခံရ

ဖနိဒါ
တနင်္လာနေ့၊ မေလ 26 2008 19:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီးရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။

ရန်ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။“တံတား ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အစီး ၅ဝ လောက် တန်းထားတယ်။ နောက် အင်းစိန် ဂျီတီအိုင် ဝင်းထဲမှာ ၂၂ စီး။ မနေ့ည ၈ နာရီကမှ ဖမ်းတာ။ အခု လောလောဆယ် ပြန်မပေးသေးဘူး၊ အခုထိပါပဲ။ ကားပိုင်ရှင်တွေကို ဒီနေ့ ခေါ်တယ်။ ကား ပြန်မပေးသေးဘူး” ဟု အန်အယ်ဒီ လူငယ်အဖွဲ့ (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဖမ်းဆီးရခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းကြောင့်ဟု ရဲများက ပြောဆိုသည့်အပြင် လှူဒါန်းလိုများသည် ရန်ကုန်တိုင်း ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့ရှိ မြို့နယ် မယက အာဏာပိုင်များကို အကူအညီ တောင်းပြီးနောက် လှူဒါန်းရန်နှင့် လမ်းပေါ်သို့ ပစ်ချပေးခြင်းသည် အကျင့်စာရိတ္တ ပျက်ပြားစေသော စိတ်ဓာတ်များ ပေါ်ပေါက်ရန် နှိုးဆော်ပေးသည့်အတွက် ထိုကဲ့သို့ မလှူဒါန်းရန် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ကြေညာချက် ထုတ်ခဲ့သည်ဟု ဆိုသည်။

အနုပညာရှင် ကိုဇာဂနာက “ဒီလို လှူဒါန်းတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ လမ်းလယ်ခေါင်မှာ ဟိုပစ်ပေး ဒီပစ်ပေး၊ နောက်ပြီး ပြဿနာတွေလည်း ဖြစ်တယ်ပေါ့လေ။ အဲလိုမျိုးကျတော့ လှူဒါန်းတာတွေက လှူရာမရောက်ဘူး။ နောက်တော့ နိုင်ငံတော်က စနစ်တကျ လုပ်တာကို အနှောင့်အယှက် ဖြစ်တယ်ပေါ့။

ဒုက္ခသည်တွေက စခန်းသွားဖို့ လုပ်တာကို သူတို့က စခန်းမသွားဘဲနဲ့ လမ်းပေါ်မှာပဲ လုပ်တာပေါ့လေ။ တချို့က အဲလိုရှိတယ်” ဟု ဖမ်းဆီးရာ၌ အကြောင်းပြပုံကို ပြန်ပြောပြသည်။

ကားများကို အင်းစိန် ရွာမရှိ ဂျီတီအိုင် ကျောင်းထဲတွင် ထားရှိကာ ကားပိုင်ရှင်များကို ယနေ့တွင် ထပ်မံခေါ်ထားကြောင်းနှင့် ယခု ဖမ်းဆီး နေသူများသည် ကျိုက္ကဆံ စစ်ကြောရေး စခန်းမှ စစ်တပ်နှင့် ရဲများဖြစ်ကြောင်း ကြားသိရသည်ဟု နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်မင်းသား (ဦး) ကျော်သူက ပြောသည်။“အများ ပြောနေတာက ကျိုက္ကဆံ စစ်ကြောရေးက ခေါ်သွားတယ်လို့ ပြောတယ်။ ရဲရော၊ စစ်တပ်ရော ပါမယ်ထင်တယ်။ ညဘက် ကားအစီး ၁ဝဝ လောက်ရှိမယ်။ မနေ့က ကား တော်တော်များတယ်၊ ကျနော်တို့ ကားတော့ အဖမ်းမခံရဘူး။ ဒီနားက သူတို့က အသင်းအဖွဲ့တော့ မဟုတ်ဘူးပေါ့နော်။ ဆန်တို့သွားလှူတာ ဟိုင်းလပ်စ် နှစ်စီးလည်း ကားရော လူရော အဖမ်းခံရတယ်။ လူကိုတော့ ညမိုးချုပ်မှ ပြန်လွှတ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး “နိုင်ငံတကာ လူကြီးတွေလည်း ရောက်နေတာကို အဲလို လုပ်နေတယ်ဆိုတော့ မကောင်းပါဘူး။ အကုန်လုံးက မြန်မာလူမျိုး မိသားစုတွေ။ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြတာကို အဲလိုကြီး ဖမ်းဆီးတာကတော့ မကောင်းပါဘူး။ ဒီနေ့ ကျနော်တို့ကို လာပြီး သတိပေးတာရှိတယ်။ ကားတွေကို အပြစ်ရှာတယ်ပေါ့လေ။ မီးလင်းလား၊ မီးမလင်းရင် ယာဉ်စည်းကမ်းနဲ့ ဖမ်းမယ်လို့ ပြောတယ်” ဟု ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း ရန်ကုန်မှ ဝင်လာမည့် လေးဘေးကူညီရေး အလှူရှင်များ၏ ကားများကို ဒေးဒရဲ၊ မအူပင် ဂိတ်များတွင် အာဏာပိုင်များက တားဆီးထားသဖြင့် အလှူရှင်များက ကားနှင့် အစောင့် ထားခဲ့ကာ ပြန်လှည့်ရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။ယနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်တံတား အနီးတွင် လုံထိန်းများလည်း ချထားသည်။

အပြည့်အစုံဖတ်လိုလျှင်