စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, December 1, 2007

Who should attend to Asean Summit??





အာဆီယံဆန်းမစ်မှာ သူတို့သာတက်ရောက်ဆွေးနွေးခွင့်ရခဲ့ရင်......






အပြည့်အစုံဖတ်လိုလျှင်

ဖမ်းဆီးထိန်းသိမ်းခံ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏မိခင် ကွယ်လွန်သွားသည့်အတွက် အထူးဝမ်းနည်းရပါကြောင်း...

ဖမ်းဆီးထိန်းသိမ်းခံ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏မိခင် ကွယ်လွန်သွားသည့်အတွက်

အထူးဝမ်းနည်းရပါကြောင်း...


အင်းစိန်ထောင်အတွင်း ဖမ်းဆီး ချုပ်နှောင်ခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ဒေါ်မိမိလေးသည် ယမန်နေ့ည ၉ နာရီခွဲခန့်က နေအိမ်တွင် ကွယ်လွန်သွားခဲ့ပါသည်။

RFA မှ နားထောင်ခဲ့ရသော သတင်းကို ပြန်လည် ဝေမျှလိုက်ပါတယ်

ဦးတင်အောင်ခိုင် (RFA)- ကိုဌေးကြွယ်ရဲ့ မိခင် ဒေါ်မိမိလေး ၆၈နှစ်ဟာ မနေ့က ည၉နာရီမှာ ကွယ်လွန်ခဲ့တာပါ။ ဒေါ်မိမိလေးဟာ သားအိမ်ကင်ဆာရောဂါ ခံစားနေရပြီး အခုနောက်ဆုံး လေဖြတ်တဲ့အတွက်ကြောင့် ဆေးရုံတင်ထားရတာဖြစ်ပါတယ်။ ကိုဌေးကြွယ် တိမ်းရှောင်နေတဲ့အချိန်မှာ ဆေးရုံတက်ရတာဖြစ်လို့ ကိုဌေးကြွယ် အဖမ်းခံရတာကို ကွယ်လွန်ချိန်အထိ သိမသွားဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ ကိုဌေးကြွယ်အနေနဲ့ ကွယ်လွန်သွားတဲ့ မိခင်ကို နောက်ဆုံးဂါရ၀ပြုခွင့်ရဖို့ အာဏာပိုင်တွေထံ ခွင့်ပြုချက်တောင်းထားတယ်လို့ သိရပါတယ်။ ကိုဌေးကြွယ်ရဲ့ ညီမဖြစ်သူက အခုလိုပြောပါတယ်.....

ညီမဖြစ်သူ- အကိုကြီး သွားတယ်....ဟုတ်ကဲ့...အကိုကြီးနဲ့အမ သွားတယ်။ နောက်ဆုံးအနေနဲ့ အမေ့ကို လာကြည့်ခွင့်ရဖို့ အဲ့ဒီ့ကိစ္စကို သွားတာ။ အဖေကြီးဆုံးတာ တောင်းတယ်၊ မရဘူး မပေးပါဘူး။

ဦးတင်အောင်ခိုင် (RFA)- ကိုဌေးကြွယ်အနေနဲ့ ၁၉၈၉ ခုနှစ် အဖမ်းခံရစဉ် အချိန်တုန်းကလည်း ဖခင်ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့၊ ၂၀၀၂ ခုနှစ်တုန်းကလည်း အကိုဖြစ်သူ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ကိုဌေးကြွယ်ကို ဖခင်နဲ့အကိုဖြစ်သူတို့အား နောက်ဆုံးဂါရ၀ပြုခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။ ကိုဌေးကြွယ်ရဲ့ ဖခင်ကွယ်လွန်ချိန်က ကိုဌေးကြွယ်နဲ့အတူ သရက်ထောင်မှာအတူနေခဲ့ပြီး အခုအခါမှာ တိမ်းရှောင်လှုပ်ရှားနေတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းက အခုလိုပြောပါတယ်.....

မနီလာသိန်း- န.အ.ဖ လက်ထက်မှာပေါ့နော်...အမေဆုံးပါးသွားလို့ လိုက်ပါပို့ဆောင်ခွင့် မရတဲ့သူတွေ၊ သားဆုံးပါးသွားလို့ သဂြိုလ်ခွင့်မရတဲ့ မိခင်တွေ အများကြီးရှိပါတယ်။ အဲ့ဒီ့သောကတွေ ချုပ်ငြိမ်းသွားဖို့ရာ၊ အာဏာရှင်စနစ် ကျဆုံးသွားမှသာ ကျမတို့တွေဟာ ဒီဒုက္ခတွေထဲက လွတ်မြောက်နိုင်မှာပေါ့နော်။ အခုဆိုရင်လည်း အမေမဆုံးခင်ကတည်းက ကိုဌေးကြွယ်ကို မိခင်နဲ့ တွေ့ဆုံဖို့အတွက် မိသားစုက ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မရရှိခဲ့ပါဘူး။

အပြည့်အစုံဖတ်လိုလျှင်