စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 31, 2008

မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှု အမေရိကန်ထပ်တိုး

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းမှု ပိတ်ပင်သည့်ဥပဒေကို သမ္မတဘုရှ် လက်မှတ်ရေးထိုးနေစဉ်။

30 July 2008


မြန်မာပြည်သူတွေအပေါ် စစ်အစိုးရက ဖိနှိပ်နေမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ရော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတဲ့အတွက်ပါစစ်အစိုးရကို အရေးယူဒဏ်ခတ်တဲ့အနေနဲ့လွန်ခဲ့တဲ့ ၅ နှစ်ထဲက မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ တင်သွင်းမှုကို အမေရိကန်ကပိတ်ပင်ထားတာကို ဗုဒ္ဓဟူးနေ့မှာ သမ္မတဘုရှ် (Bush) က လက်မှတ်ထိုး သက်တမ်းထပ်တိုးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို တတိယနိုင်ငံတွေကတဆင့် အမေရိကန်ပြည်ထောင်စုဆီ တင်သွင်းမှုကို တားမြစ်တဲ့ဥပဒေပါဝင်တဲ့ Block Burmese Jade Act ဥပဒေကိုလည်း သမ္မတက လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မိုက်ကယ်ဘိုးမန်း (Michael Bowman) သတင်းပေးပို့ထားတာကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ လက်မှတ်ရေးထိုးပွဲ မတိုင်ခင်မှာ သမ္မတဘုရှ်က …
"မြန်မာအစိုးရသိဖို့ ကျနော်တို့ ပြောချင်တာကတော့ အမေရိကန်ပြည်ထောင်စုဟာဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ယုံကြည်တယ်ဆိုတာပါပဲ။"
မြန်မာစစ်အစိုးရအပေါ် ဖိအားပေးတဲ့ ခုလို ဥပဒေတွေကို လက်မှတ်ရေးထိုးတဲ့ပွဲမှာသမ္မတကတော် လော်ရာဘုရှ် (Laura Bush) နဲ့ လွှတ်တော်အမတ်တချို့ တက်ရောက်ပါတယ်။ သူတို့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိပြီး လူ့အခွင့်အရေး အခြေအနေတိုးတက်ဖို့ တစိုက်မတ်မတ် ဆောင်ရွက်သွားခဲ့တဲ့ ကွယ်လွန်သူ လွှတ်တော်အမတ်တွမ် လန်းတို့စ် (Tom Lantos) ရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရရဲ့ စစ်အသုံးစရိတ်နဲ့ ထိပ်ပိုင်းအရာရှိကြီးတွေအတွက် အဓိကဖြစ်နေတဲ့နိုင်ငံခြားဝင်ငွေတွေကို ပိတ်ဆို့နိုင်ရေး ရည်ရွယ်တဲ့ Block Burmese Jade Act လို့အမည်ရတဲ့ ဥပဒေဖြစ်လာဖို့အတွက် မစ္စတာ လန်းတို့စ်က ဦးဆောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရဟာ ကျောက်စိမ်းနဲ့ ပတ္တမြား တင်ပို့ရောင်းချမှုကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ လောက် ၀င်ငွေရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ ဒီဥပဒေထဲမှာ မြန်မာ့ကျောက်မျက်တွေကို တတိယနိုင်ငံတွေကတဆင့် အမေရိကန်ပြည်ထောင်စုဆီ တင်သွင်းမှုကို တားမြစ်တဲ့ဥပဒေ တခုထဲမဟုတ်ဘဲ မြန်မာစစ်အစိုးရနဲ့ စစ်အစိုးရနဲ့ပူးပေါင်းပြီး စီးပွားရေးအမြတ်ထုတ်နေသူတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေထိန်းချုပ်တာကို သမ္မတကိုယ်တိုင်က ဆောင်ရွက်နိုင်ရေး၊ အမေရိကန်သမ္မတကခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်ထားရှိရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို အမေရိကန်အစိုးရက တိုးပေးရေးတို့လည်း ပါဝင်ပါတယ်။ခုလို မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုတွေ လုပ်နေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဝေဖန်နေကြသူတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးအိမ်ဖြူတော်ပြောခွင့်ရသူ ဒေနာ ပရီနို (Dana Perino) က ပိတ်ဆို့အရေးယူမှုတွေဟာထိရောက်မှုရှိပါတယ်လို့ မနေ့က အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဖြေသွားပါတယ်။ အရေးယူဒဏ်ခတ်မှုတွေဟာ ထိရောက်တယ်ဆိုတာ သိပါတယ်။ဒါကြောင့်ပဲ စစ်အစိုးရအပေါ် ဖိအားပေးနိုင်ဖို့ အမေရိကန်က တနိုင်ငံထဲအနေနဲ့ရော၊နိုင်ငံစုံအနေနဲ့ပါ အရေးယူဒဏ်ခတ်မှုတွေကို လုပ်နေတာပါ။ အမေရိကန်ရဲ့ ရည်ရွယ်ချက်က ပြည်သူတွေကို ဖိနှိပ်နေတဲ့ အစိုးရကို ဖိအားတွေ တိုးပေးဖို့ပါ။ ပြည်သူတွေကိုထိခိုက်စေဖို့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဖိနှိပ်ခံနေရတဲ့ နိုင်ငံတွေက ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို အမေရိကန်က ရက်ရက်ရောရော ပေးနေတာပါလို့ အိမ်ဖြူတော်ပြောခွင့်ရသူ ဒေနာ ပရီနိုက ပြောခဲ့ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး အခြေအနေ သံတမန်များလေ့လာ

29 July 2008

မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတာတွေကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံတမန်တွေနဲ့ သတင်းမီဒီယာသမားတွေကို မြန်မာအစိုးရ နိုင်ငံခြားရေးဌာနက လှည့်လည်ပြသခဲ့ပါတယ်။ သတင်းမီဒီယာသမားတွေ လိုက်ခွင့်ရတဲ့ ပထမဆုံးခရီးစဉ်မှာ ဖျာပုံ၊ ဒေးဒရဲနဲ့ လပွတ္တာမြို့နယ်တွေ ပါဝင်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖျာပုံခရီးစဉ်ကို မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက ဦးဆောင်ပြီးဂျပန်သံအမတ်၊ အမေရိကန်စစ်သံမှူးနဲ့ ရိုက်တာနဲ့ ဆင်ဟွာတို့က သတင်းသမားတွေပါဝင်တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ မနေ့တုန်းကတော့ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေး အကြီးအကဲ ဂျွန် ဟုမ်းမ်စ်(John Holmes) က နာဂစ်မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ လှူဒါန်းငွေတွေဟာ ၂၅% အထိ ဆုံးရှုံးနစ်နာနေရတယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။
နိုင်ငံခြားငွေကို မြန်မာစစ်အစိုးရရဲ့ FEC ခေါ် နိုင်ငံခြားငွေလဲလက်မှတ်နှုန်းနဲ့ လဲလှယ်ရတဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်ဆိုတာကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမစ္စတာဟုမ်းမ်စ်က ပြောကြားခဲ့တာပါ။ တစ် FEC ဟာ ပြင်ပပေါက်ဈေးထက် ၂၅%လျော့နည်းနေတယ်၊ ဒီပြဿနာကို မိမိတို့ မြန်မာစစ်အစိုးရကို အကြောင်းကြားထားတယ်၊ ဒီကိစ္စမှာ ဘယ်သူအမြတ်ထွက်နေတယ်ဆိုတာ သူ့အနေနဲ့ ရှင်းရှင်းလင်းလင်းမသိဘူးလို့ မစ္စတာဟုမ်းမ်စ်က ဆိုပါတယ်။
မြန်မာစစ်အစိုးရဟာ သူ့အတွက် ဘဏ္ဍာငွေရဖို့အတွက် အတော်နိမ့်တဲ့ငွေလဲနှုန်းကိုအသုံးချခဲ့တယ်လို့ ဝေဖန်ကြပါတယ်။ နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက်နိုင်ငံတကာက ကူညီထောက်ပံ့တာတွေကို မြန်မာစစ်အစိုးရက ကန့်သတ်ချုပ်ချယ်တဲ့အပေါ် ပြစ်တင်ရှုတ်ချမှုရဲ့နောက်ပိုင်းမှာ စစ်အစိုးရရဲ့ ငွေလဲလှယ်နှုန်းကြောင့် နိုင်ငံတကာကပေးတဲ့ အကူအညီတွေ သိသာတဲ့ ပမာဏအတိုင်းအတာနဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ရတာကို ကုလသမဂ္ဂက ၀န်ခံလိုက်တာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကိုတားဆီးကာကွယ်ဖို့၊ ထိန်းချုပ်ဖို့နဲ့ တိုက်ဖျက်ဖို့တွေမှာ ကမ္ဘာ့ဘဏ်ရဲ့ ငွေကြေးအကူအညီနဲ့ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က မြန်မာနိုင်ငံကို အကူအညီပေးမယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။နှစ်ဖက်သဘောတူ သုံးနှစ်စီမံကိန်းတခုကို FAO နဲ့ မြန်မာ့မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနတို့ကြား လွန်ခဲ့တဲ့သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေကို နာမည်ပျက် စာရင်းသွင်း

လန်ဒန်လွိုဒ် အဆောက်အဦး။(ဓာတ်ပုံ-ဘားမားကမ်ပိန်း-ယူကေ)

29 July 2008

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် နိုင်ငံတကာက အရေးယူပိတ်ဆို့ဒဏ်ခတ်တာတွေ ခံနေရတဲ့ မြန်မာနိုင်ငံမှာဆက်လက်ပြီး စီးပွားရှာနေတဲ့ ပြည်ပကုမ္ပဏီတွေထဲက အာမခံလုပ်ငန်းတွေရဲ့ အမည်စာရင်းအသစ်တခုကို ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတဲ့ ဒီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကရတဲ့ ၀င်ငွေတွေဟာ စစ်အစိုးရကို အထောက်အပံ့ပေးရာ ရောက်နေလို့ အခုလိုထုတ်ပြန်ပြောဆိုရတာလို့လည်း ပြောပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးကတင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံမှာ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဲ့နည်းနဲ့တဖုံ စီးပွားရေးလုပ်နေကြတဲ့အာမခံလုပ်ငန်းတွေက အကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေ မခံစားရဘဲ စစ်အစိုးရလက်ထဲသာ ရောက်နေတဲ့အတွက် ဖိနှိပ်မှုကို အားပေးအားမြှောက်ပြုရာရောက်နေတယ်ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့Burma Campaign UK က အစီရင်ခံစာ တစောင်ထုတ်ပြီး လူသိရှင်ကြားဖြစ်အောင်လုပ်လိုက်တာပါ။ ဖိနှိပ်မှုကို အာမခံပေးနေခြင်းလို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ နာမည်ကျော် လန်ဒန် လွိုဒ် (Lloyd's of London)၊ ဂျပန်နိုင်ငံက တိုကီအိုမာရိန်း (Tokio Marine) လို အာမခံကုမ္ပဏီကြီးတွေ အပါအ၀င် ကုမ္ပဏီပေါင်း ၁၆ ခုကမြန်မာအစိုးရပိုင် အာမခံလုပ်ငန်းအတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ ပေးနေတဲ့အကြောင်း အလေးထားဖော်ပြခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာကို ရေးသားခဲ့တဲ့Burma Campaign UK အဖွဲ့က လှုံ့ဆော်ရေး တာဝန်ခံတဦးဖြစ်တဲ့ ဂျွန်နီ ချက်တာတန်(Johnny Chatterton) ပြောတာက …
"ဒီအာမခံလုပ်ငန်းတွေက မြန်မာစစ်အစိုးရအတွက် တနေ့တနေ့ ၀င်ငွေတွေ သန်းနဲ့ချီရအောင် ဘယ်လို အထောက်အပံ့ ပေးနေတယ်ဆိုတာကို အခုအစီရင်ခံစာက ဖွင့်ချထားတာပါ။ နောက်ပြီး ဒါတွေဟာလည်း အများပြည်သူ အကျိုးခံစားခွင့်မရဘဲ၊စစ်ဗိုလ်ချုပ်တွေ အိတ်ကပ်ထဲသာ ရောက်ကုန်တယ်ဆိုတာ ကျနော်တို့သိပါတယ်။"
ဒါကြောင့်မို့လို့လည်း မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေကြတဲ့ ဒီကုမ္ပဏီတွေကို သူတို့လုပ်ငန်းတွေရပ်ဆိုင်းဖို့ လှုံ့ဆော်နေရတာလို့လည်း သူကပြောပါတယ်။ ဒါပေမယ့်လည်းတချို့ကုမ္ပဏီတွေကတော့ ခေါင်းမာမာနဲ့ သူတို့လုပ်ငန်းတွေကို ဆက်လုပ်ဖို့သာဆုံးဖြတ်ထားကြတယ်၊ လန်ဒန် လွိုဒ် ကုမ္ပဏီဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ သူတို့ပြဿနာမဟုတ်ဘူးလို့တောင် ပြန်လည်တုံ့ပြန်ခဲ့တာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ သူတို့လုပ်ရပ်တွေကို ဖော်ထုတ်ရတာလို့လည်း သူကပြောပါတယ်။
"ကျနော်တို့ အစီရင်ခံစာထဲမှာပါတဲ့ ကုမ္ပဏီတွေအားလုံးကို ဆက်သွယ်ခဲ့သလို၊ တချို့နဲ့လည်း တွေ့ဆုံပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စကားပြောခဲ့တာမျိုး ရှိပါတယ်။ ဒါပေမယ့်လည်းအခုစာရင်းထဲမှာပါတဲ့ ကုမ္ပဏီတွေအားလုံးကတော့ သူတို့ရဲ့မူတွေကို မပြောင်းနိုင်ဘူးလို့ ပြောတဲ့အတွက်၊ နောက်တဆင့်တက် ဖိအားပေးတဲ့အနေနဲ့ ကျနော်တို့က သူတို့နာမည်တွေကို ဖော်ထုတ်ပြီး အရှက်ခွဲလိုက်တာပါ။"
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ မပြေလည်နိုင်သေးတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတဲ့အတွက် အီးယူ (ဥရောပသမဂ္ဂ) လို၊ အမေရိကန်ပြည်ထောင်စုလို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရှိနေတာပါ။ ဒါပေမယ့်လည်း ဒီအရေးယူမှုတွေမှာ ပျော့ပြောင်းတာတွေ၊ အားနည်းတာတွေရှိတယ်ဆိုပြီး ထောက်ပြတာတွေလည်း ရှိပါတယ်။ အခုအစီရင်ခံစာထဲမှာလည်း အီးယူရဲ့ ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်မှုတွေဟာ အခုအာမခံလုပ်ငန်းတွေ မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ကိုင်ခွင့်ကို ဟန့်တားနိုင်တဲ့ အခြေအနေမျိုး မရှိဘူး ဆိုပြီးတော့လည်းပြောထားပါတယ်။ ဒီလိုလုပ်ငန်းတွေကို တားမြစ်ဖို့က မြန်မာ့အရေးအတွက် အရေးကြီးတယ်လို့ Burma Campaign UK ကတော့ ယူဆထားတာပါ။
"ဒီကုမ္ပဏီတွေက ကမ္ဘာတလွှားမှာ အခြေစိုက်ထားတယ်ဆိုပေမယ့်လည်း အာမခံလုပ်ငန်း ဈေးကွက်ကိုတော့ ဥရောပက ကြီးစိုးထားတာ ဖြစ်ပြီးတော့၊ အတော်များများဟာ ဥရောပမှာ အခြေစိုက်ထားသလို၊ လန်ဒန်မှာလည်း အများအပြား ရှိကြပါတယ်။ဒါကြောင့်မို့လို့ လန်ဒန်မှာရှိတဲ့ ဒီကုမ္ပဏီတွေရဲ့ မူဝါဒတွေကို ပြောင်းလဲအောင် ကျနော်တို့ လုပ်နိုင်မယ်ဆိုရင် မြန်မာစစ်အစိုးရရဲ့ အမာခံဝင်ငွေ အသက်သွေးကြောကိုဖြတ်တောက်နိုင်မှာပါ။"Burma Campaign UK အဖွဲ့က လှုံ့ဆော်ရေးတာဝန်ခံတဦးလည်းဖြစ်၊ အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို ရေးသားသူလည်းဖြစ်တဲ့ ဂျွန်နီ ချက်တာတန် ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေအရဆိုရင်တော့ ကမ္ဘာပေါ်က ထိပ်တန်းအာမခံကုမ္ပဏီကြီး ၃၀ ဟာမြန်မာနိုင်ငံနဲ့ဆက်စပ်ပြီး စီးပွားဖက်စပ်လုပ်ကိုင်ခွင့် မရှိတော့ပါဘူး။

အပြည့်အစုံဖတ်လိုလျှင်

ကျောက်မျက်တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေ လူ့အခွင့်အရေးအဖွဲ့ ကြိုဆို

29 July 2008

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတာကြောင့် နောက်ထပ်ဖိအားတွေ တိုးမြှင့်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ်အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာဟာ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ဖြစ်ဖို့အတွက် သတင်းကောင်းပဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အမေရိကန်ထဲသွင်းခွင့်လုံးဝမရတော့အောင် ကန့်သတ်မယ့် ဒီဥပဒေမူကြမ်းနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ သဘောထားတွေကို စုစည်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်မပြုတဲ့ဥပဒေမှာ အရင်တုန်းက တတိယနိုင်ငံတွေကတဆင့် တင်သွင်းတာတွေကို တားမြစ်ထားတာမျိုးမရှိဘဲ ဖြစ်နေရာက အခုတော့ အဲဒီလစ်ဟာချက်ကို ပိတ်ပင်လိုက်တဲ့ဥပဒေအသစ် တရပ်ကို အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာပါ။အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံးက မကြာသေးခင် ရက်သတ္တပတ်တွေကပဲအတည်ပြုလက်ခံထားတဲ့ ဒီဥပဒေနဲ့ပတ်သက်လို့ ဒါဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြတာပါ။ ဒါနဲ့ပတ်သက်လို့ နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ HumanRights Watch အဖွဲ့ကြီးက စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန်(Arvind Ganesan) ပြောတာကတော့ …
"ကျနော်တို့အမြင်ကတော့ ဒါဟာ ကောင်းတဲ့ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ အရင်နှစ်တွေတုန်းက မြန်မာစစ်အစိုးရ ပြောပုံအရဆိုရင် ဒေါ်လာ သန်း ၃၀၀ ကျော်လောက်ကျောက်မျက်ရတနာတွေကို ရောင်းချရာကနေ ၀င်ငွေတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ဒီငွေတွေဟာလည်း စစ်အစိုးရလက်ထဲပဲ ရောက်ကုန်တာပါ။ အတိတ်တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေက မြန်မာ့ကျောက်မျက်တွေကို တိုက်ရိုက်တင်သွင်းတာကိုပဲ တားမြစ်ထားခဲ့တာပါ။ ဒါပေမယ့် ထိုင်း၊ အိန္ဒိယတို့လို တတိယနိုင်ငံတခုခုကတင်သွင်းတာတွေကို မပိတ်ခဲ့ပါဘူး။ အခုတော့ ဒီအားနည်းချက်ကို ပိတ်လိုက်နိုင်တာဟာ အလွန်အရေးကြီးပါတယ်။"
ဒီလိုပိတ်ပင်နိုင်တဲ့ အတွက်ကြောင့်မို့လို့လည်း မြန်မာစစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေပြောင်းလဲလာကောင်း ပြောင်းလဲလာနိုင်မယ့် အတွက်ကြောင့်မို့လို့လည်း အခု ပြဋ္ဌာန်းဖို့ပြင်ဆင်နေတဲ့ ဥပဒေဟာ ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ သူတို့အနေနဲ့လက်ခံယူဆထားကြတာလို့လည်း ဆိုပါတယ်။ ဒီလို မြန်မာစစ်အစိုးရရဲ့ ငွေဝင်ပေါက်တွေကို ပိတ်ပင်နိုင်ခြင်းအားဖြင့် တိုက်ရိုက်အကျိုးရလဒ်တွေ ရှိနိုင်သလို တခြားရေရှည်အကျိုးဖြစ်ထွန်းစရာတွေ မြင်တယ်လို့လည်း သူက ယုံကြည်ထားတာပါ။
"အခု ဖိအားပေးမှုတွေက မြန်မာစစ်အစိုးရအပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ရှိပါလိမ့်မယ်။ ရေရှည်မှာ ဖြစ်နိုင်စရာရှိတာကလည်း မြန်မာစစ်အစိုးရရဲ့ အိတ်ကပ်ထဲကို ဒီလိုဝင်ငွေတွေ ရောက်သွားတဲ့အပေါ် ဖိအားတွေရှိလာမယ်ဆိုရင် သူတို့လုပ်ကိုင်နေတာတွေ ပြောင်းလဲပြီး၊ ကိုယ့်ပြည်သူတွေအပေါ် တုံ့ပြန်မှုတွေ ပိုရှိလာမယ်၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ပိုလုပ်ကောင်း လုပ်လာနိုင်ပါတယ်။"
တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်သေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် နိုင်ငံတကာက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာပါ။ ဒါပေမယ့်လည်း ဝေဖန်သူတချို့က ဒါတွေဟာထိရောက်မှုမရှိဘူးလို့ ပြောကြဆိုကြတာတွေ ရှိသလို၊ မြန်မာစစ်အစိုးရ ကိုယ်တိုင်ကလည်း ဒါဟာ မြန်မာပြည်သူတွေကိုသာ ထိခိုက်နစ်နာစေတယ်ဆိုပြီး ကာကွယ်ပြောဆိုတာတွေ ရှိပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်ကတော့ ဒီပြောဆိုမှုတွေဟာမှန်တယ်လို့ မယူဆကြပါဘူး။
"ပြဿနာကတော့ နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေက တစိုက်မတ်မတ် ရှိနေဖို့လိုအပ်နေတာပါ။ ဒီဒဏ်ခတ်မှုတွေက တကယ့်ကို အကျိုးသက်ရောက်မှုရှိတယ်လို့ကျနော်ယူဆပါတယ်။ ဥပမာအနေနဲ့ ပြောမယ်ဆိုရင် မြန်မာ့ပတ္တမြားဟာ တကယ့်ကိုအဖိုးတန် ဇိမ်ခံပစ္စည်းပါ။ အမေရိကန်နိုင်ငံဟာဆိုရင်လည်း ဒီလိုပစ္စည်းတွေအတွက်တကယ့်ကို ကြီးမားတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။ ဒီတော့ ဒါတွေက မြန်မာစစ်အစိုးရအပေါ် အကျိုးသက်ရောက်မှုတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူမှုတွေက တကမ္ဘာလုံးက ၀ိုင်းလုပ်မယ်ဆိုရင်တော့ ပိုပြီး ထိရောက်မှုရှိမှာပါ။လောလောဆယ် အဲလို မဖြစ်သေးတာပါပဲ။ လုံးလုံး အကျိုးသက်ရောက် မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။"နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ Human Rights Watchအဖွဲ့ကြီးက စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန် ဖြစ်ပါတယ်။လောလောဆယ်မှာတော့ အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ Tiffany & Co.Leber ရတနာကုမ္ပဏီ စတဲ့ ကုမ္ပဏီကြီးတွေကတော့ မြန်မာနိုင်ငံကထွက်တဲ့ကျောက်မျက်တွေကို သူတို့ဆိုင်တွေတင် ရောင်းချဖို့ကို ငြင်းပယ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို မြန်မာအာဏာပိုင်တွေကအကြမ်းဖက်ဖြိုခွဲခဲ့တဲ့နောက် ဒီလို မြန်မာကျောက်မျက်တွေကို သပိတ်မှောက်တာ အပါအ၀င် စစ်အစိုးရအပေါ် ဖိအားပေးမှုတွေလည်း အရှိန်မြင့်လာခဲ့တာပါ။ အခု အမေရိကန်ပြည်ထောင်စုက အသစ်ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ ဒီဥပဒေကို ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ အောက်လွှတ်တော်အမတ် တွမ် လန်းတို့စ်(Tom Lantos) ကို အစွဲပြု အမည်ပေးထားပါတယ်။ ဒီဥပဒေကို အထက်နဲ့အောက်လွှတ်တော် ၂ ရပ်လုံးက ဒီလထဲမှာပဲ ထောက်ခံအတည်ပြုထားတာဖြစ်ပြီးသမ္မတ ဘုရှ်က လက်မှတ်ရေးထိုး အတည်ပြုပြီး ရက်ပေါင်း ၆၀ ပြည့်တဲ့အခါမှာတော့ဥပဒေသစ်အဖြစ် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်အမျိုးသမီးများက ဝန်ကြီးချုပ်ကားကိုတား၍ အခက်အခဲများတင်ပြတောင်းဆို

ဖြိုးကြီး။ ဇူလိုင် ၂၉၊ ၂၀၀၈

လေဘေးသင့်ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ဝန်ကြီးချုပ်စီးလာသည့်ကားကိုတား၍ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ကြသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရှိ (၃) မိုင် ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ယမန်နေ့ နံနက်ပိုင်း (၉) နာရီခန့်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် စီးလာသည့်ကားကို လေယာဉ်ကွင်းအပြန်တွင် ရှေ့မှရပ်၍ တားမြစ်ပြောဆိုခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လပွတ္တာမြို့ပေါ်ရှိဒုက္ခသည်များကို စခန်းအာဏာပိုင်များက နေရပ်ရင်းပြန်ရန် အတင်းအကြပ် ဆောင်ရွက်နေသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရသည့်အမျိုးသမီးများက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
“ကျမတို့ပြန်ဖို့ဆိုတာက နေဖို့ထိုင်ဖို့ကလည်း အခက်အခဲရှိပါတယ်၊ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်၊ အခုလည်းကြားနေရတယ်၊ လေတွေတိုက်မယ် ရေတွေကြီးမယ်လို့ ကြားနေရ တော့ ထိတ်လန့်နေတယ်၊ ကျမတို့ နေဖို့မြေနေရာလေးနည်းနည်းလောက်ရရင် ဖြစ်ပါတယ်၊ ကြုံရာလုပ်စားပြီးနေမှာပါလို့ ပြောတာပါ”ဟု ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် နောက်တကြိမ်ပြန်လာ၍ အခက်အခဲများကို ပြေလည်အောင်လုပ်ပေးမည် ဟု ပြောဆိုခဲ့ပြီး အဆိုပါနေ့က လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် အမျိုးသမီး များ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် အမျိုးသမီးတဦးက ဝန်ကြီးချုပ်ကားရှေ့မှရပ်ကာ တားမြစ် ခဲ့သဖြင့် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၎င်းအမျိုးသမီးနှင့် စကားပြောဆိုခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။
ယင်းနေ့မတိုင်မှီ အခက်အခဲများကို တင်ပြပြောဆိုရန် စခန်းအတွင်းရှိ အမျိုးသားများက စီစဉ် ထားသည်ကို သတင်းပေါက်ကြားသွားသဖြင့် အာဏာပိုင်များက စုရုန်းခွင့်မပေးဘဲ ဖမ်းဆီး ထိမ်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ရဲ၊ ရယကအဖွဲ့ဝင်များက သူတို့တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း လေဘေးသင့်ဒုက္ခသည်တဦးက ပြောသည်။
လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများမှ ရွာသားများကို မြို့နယ်အာဏာပိုင်များက နေရပ်သို့ပြန်ရန် အတင်းအကြပ် ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ပြီး မိမိဆန္ဒအလျှောက် ပြန်သည်ဖြစ်ကြောင်းကို စာရွက်များထုတ်ပေး၍ လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်နေသည်။
လက်ရှိဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများမှာ သက္ကယ်သောင်၊ ပြင်စလူ၊ ကိုင်းသောင်၊ လွှစာကျေးရွာများမှဖြစ်ပြီး (၅) မိုင်စခန်းတွင် လူဦးရေ (၅၀) ခန့်၊ ဘောလုံးကွင်းစခန်းတွင် (၃၀)ခန့်လောက်သာကျန်ရှိပြီး၊ (၃) မိုင် စခန်းတွင် (၂,၀၀၀) နီးပါးကျန်နေသေးကြောင်း ဒေသခံ တဦးက ပြောသည်။
“ကျမတို့ကို ရဲမှူးက (၂၅) ရက်နေ့ကနေ (၃၀) ရက်နေ့ နောက်ဆုံးဆင်းပေးရမယ်၊ ဆင်းမပေး ရင် တူးချင်းတပ်ကိုခေါ်ပြီးတော့ ရိုက်ခိုင်းမယ်၊ ခင်ဗျားတို့က သူများလှူတာတမ်းတာတွေနဲ့ တောင်းရမ်းစားနေတဲ့ သူတောင်းစားတွေလို့ပြောတယ်၊ ဒီ (၃) မိုင်စခန်းမှာလည်း နေလို့မရဘူး၊ အနီးနားက ကျောက်ဖြူ၊ ကျောက်မှော်ရွာတွေမှာလည်း သွားနေခွင့်မပြုနိုင်ဘူး”ဟု ပြောဆိုခဲ့ ကြောင်း (၃) မိုင်စခန်းမှ အမျိုးသမီးတဦးက ပြောသည်။
အာဏာပိုင်များဘက်က ဒုက္ခသည်များကို လုံလောက်သည့် ထောက်ပံ့မှုများလုပ်ပေးနေသည် ဆိုသော်လည်း ဒုက္ခသည်တဦးအတွက် တရက်လျှင် ဆန်တဗူးခွဲ၊ ကုလားပဲ၊ ဆီနှင့် အိမ်ထောင်စု တစုအား ဆားတဇွန်းသာပေးသည်ဟု ဆိုသည်။
လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အင်န်အယ်ဒီပါတီမှ ဒေါက်တာအေးကြူက “လတ်တလောကတော့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအခြေအနေက သွေးလွန်တုတ် ကွေး၊ ငှက်ဖျားရောဂါတွေဖြစ်နေတယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါတော့ မရှိတော့ဘူး”ဟု ပြော ဆိုခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

လူ့အခွင့်အရေးချိုးဖောက်ခံရသူများ တိုင်ကြားနိုင်ရန် AAPP က စာအုပ်ထုတ်ဝေ


မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများ ကို ပြည်သူများအနေဖြင့် ကုလသမဂ္ဂသို့ တိုင်ကြားနိုင်ရန် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP) က စာအုပ်ထုတ်ဝေဖြန့်ချိ လိုက်သည်။
မြန်မာနိုင်ငံသားများ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို တစုံတရာ ကာကွယ်ပေးနိုင်ရန် ရည်ရွယ် ပြီး အဆိုပါစာအုပ်ကို ထုတ်ဝေခြင်း ဖြစ်ကြောင်း (AAPP) က ပြောဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စာအုပ်အမည်မှာ “ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်း ယန္တရားများ(၂၀၀၂)၊ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ” ဖြစ်ပြီး မူရင်းစာတမ်းကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)နှင့် အင်္ဂလန်နှင့် ဝေးလ်စ် ဥပဒေရေးရာအဖွဲ့(The Law Society) တို့မှ ၂၀၀၂ ခုနှစ်တွင် ပူးတွဲထုတ်ဝေခဲ့ခြင်းဖြစ်သည်။
စာအုပ်တွင် အသစ်ဖွဲ့စည်းခဲ့သည့် ကုလလူ့အခွင့်အရေးကောင်စီအကြောင်းနှင့် အခွင့်အရေး ဆိုင်ရာ လုပ်ငန်းစံနစ် (၂၈) ခုနှင့် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်သည့် နိုင်ငံများအား ကိုင်တွယ်အရေးယူနိုင်ရန် အထူးလုပ်ငန်းစံနစ် (၁၃) ခုပါဝင်ပြီး ယခုစာအုပ်အား လူ့အခွင့်အရေး လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လူ့အခွင့်အရေး ကို စိတ်ဝင်စားသူများထံ အဓိက ဖြန့်ဝေခြင်းဖြစ်သည်။
(AAPP)အတွင်းရေးမှူး ကိုတိတ်နိုင်က“ လူ့အခွင့်အရေးကာကွယ်ဖို့ဆိုတဲ့ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူကလဲ သူတို့ ဘာအခွင့်အရေးတွေရှိပြီး ဘာတွေချိုးဖောက်ခံနေရတယ်၊ ချိုးဖောက်သူ ဘယ်သူလဲ၊ ဘယ်လိုပုံစံနဲ့လဲ၊ အချက်အလက်ခိုင်လုံအောင် ဘယ်လိုစုဆောင်း မလဲ၊ ဘယ်ကိုတိုင်ရမလဲ၊ ဘယ်လိုတိုင်ရမလဲ၊ ကုလသမဂ္ဂအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက် မှုတွေ လုပ်ပေးနိုင်သလဲဆိုတာ သိထားဖို့လိုတယ်”ဟု ပြောသည်။
ယခုထုတ်ဝေလိုက်သည့်စာအုပ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရပါက လုပ်ကိုင်နိုင်ရန် အသေးစိတ်အချက်အလက်များအပြင် လူ့အခွင့်အရေချိုးဖောက်ခံရသည့် အခြေအနေအမျိုးမျိုး အတွက် တိုင်ကြားရန် လိပ်စာများကိုပါ ထည့်သွင်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
တရားဥပဒေမဲ့စွာ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေးနှင့် လူမျိုးရေးအရ ခွဲခြားခံရမှု၊ အဓမ္မ လယ်ယာသိမ်းဆည်းမှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အတွင်းမှ နိုင်ငံသားများအနေဖြင့် မိမိတို့အခွင့်အရေးများ ဆုံးရှုံးမှုကို ကုလသမဂ္ဂသို့တင်ပြနိုင်ရန် ယခု (AAPP)မှ ထုတ်ဝေလိုက်သည့်စာအုပ်မှာ လေ့လာထားသင့်သည့် စာအုပ်တအုပ်ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်

NEJ/ ၂၉ ဇူလိုင် ၂၀၀၈


ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ တိုးတက်ရေး ပိုမိုကူညီမှု ပေးနိုင်ဖို့အတွက် အမေရိ ကန်သမ္မတကတော် လော်ရာဘုရှ် လာမည့်လ (၇) ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်မည် ဖြစ် သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ကျမတို့ဆေးခန်းကို နောက်လ (၇) ရက်နေ့လာမယ်။ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေမှာ ဘော်ဒါ ဆောင်နေတဲ့ မြန်မာကလေး (၁,၅၀၀) နဲ့

ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
၎င်းကလေးငယ်များအတွက် ထောက်ပံ့မှုများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) မှတဆင့် မယ်တော်ဆေးခန်းသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းမှ အဆောင်နေ မြန်မာကလေးငယ်များအတွက် သူမတို့အဖွဲ့မှ ကူညီပေးခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်း တာဝန်ခံက ပြောသည်။
လော်ရာဘုရှ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မဲဆောက်မြို့ပိုင် နိုင်ကော်ကယ်ကျူလားဖန်းက “အမေရိ ကန်သမ္မတကတော် (၇) ရက်နေ့ မဲဆောက်ကိုလာမယ်။ သူ့ရဲ့ရှေ့ပြေးလူ (၃၀) မနက်ဖြန် ရောက် ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်မှာဖြစ်တယ်” ဟု အတည်ပြု ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဥက္ကဋ္ဌ ဆရာမ နော်ဖောရေ က “လာမယ့် (၇) ရက်နေ့ သူနဲ့တွေ့ရင် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးသင်ကြားမှု အနေအထား ကို ဒီလောက်နဲ့ မရပ်စေချင်ဘူး။ ဒီထက်ဆက်ပြီး ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရဖို့ဆိုတဲ့ အခွင့် အရေးကို ကူညီဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။
မယ်တော်ဆေးခန်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့များက လော်ရာ ဘုရှ်အား နယ်စပ်ကျန်းမာရေးနှင့် ပညာရေး အခြေအနေများအား ရှင်းပြမည်ဖြစ်သည်။
မဲဆောက်ဒေသအတွင်း မဲဆောက်၊ မဲလမတ်၊ ဖို့ဖတ်၊ သုံးမြို့နယ်တွင် မြန်မာကလေးငယ်ရွှေ့ ပြောင်း စာသင်ကျောင်း (၅၄) ကျောင်းရှိပြီး ရွှေ့ပြောင်းမြန်မာကလေးငယ် (၁၀,၀၀၀) ခန့် ပညာသင်ကြားလျက်ရှိသည်ဟု BMWEC ၏ စစ်တမ်းက ဖော်ပြထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဖျက်သိမ်းခံဘဏ်တို့မှ ငွေလာမထုတ်ပါက နိုင်ငံပိုင်အဖြစ်သိမ်းမည်

ပီတာအောင်/ ၂၉ ဇူလိုင် ၂၀၀၈

ဖျက်သိမ်းခံထားရသည့် မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်များမှ အပ်နှံငွေများလာ မထုတ်ယူပါက ယခုနှစ်အကုန်တွင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဟု အဆိုပါဘဏ်များ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက စစ်အစိုးရပိုင် သတင်းစာများမှတဆင့် ကြေညာထား သော်လည်း ငွေအပ်နှံသူများ မည်သည့်အတွက် မထုတ်သေးသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘဏ်အပ်နှံငွေအမျိုးမျိုးနှင့် အခြားပေးရန် တာဝန်များကို ဘဏ်၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိလက်မှ ရန်ကုန် ကော်လိတ္တော် အရာရှိထံသို့ အပ်နှံပြီးဖြစ်ကြောင်း၊ အမှတ် (၆၂)၊ ဒုတိယ ထပ်၊ ပန်းဆိုးတန်းလမ်းရှိ ရန်ကုန် ကော်လိတ္တော်အရာရှိ (ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ဌာနမှူး) ထံတွင် အထောက်အထား အပြည့်အစုံဖြင့် တောင်းခံထုတ်ယူနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။သတင်းစာတွင် ထည့်သွင်းကြေညာသည့်ရက် ဇူလိုင် (၁၉) ရက် မှစ၍ ၂၀၀၈ခု ဒီဇင်ဘာ (၃၁) ရက် အတွင်း လာမထုတ်လျှင် နိုင်ငံတော်ဘဏ္ဍာအဖြစ် ပေးသွင်းမည် ဖြစ်သည်ဟုလည်း ပါရှိသည်။ငွေအပ်နှံထားသူတို့အနေဖြင့် ကိုယ်တိုင် လာရောက်ထုတ်ယူရန်၊ ငွေစုစာအုပ်၊ မှတ်ပုံတင်မူရင်း၊ ငွေစာရင်းအမှတ်နှင့် ငွေအပ်နှံထားခြင်းဆိုင်ရာ အခြားအထောက်အထားများ တင်ပြရန် လိုအပ် ကြောင်း သိရသည်။ အထောက်အထားများ ပြည့်စုံမှုရှိမရှိ ဘဏ်များတွင် စိစစ်စေပြီးနောက် ငွေ ထုတ်ခွင့်အမိန့်ကို ရန်ကုန် ကော်လိတ္တော်အရာရှိက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။ယင်းဘဏ်တို့ ပိတ်သိမ်းခံရစဉ်ကတည်းက ငွေအပ်နှံသူများကို ငွေပြန်ထုတ်ပေးခဲ့သော်လည်း ယခုနောက်ဆုံးအကြိမ်အဖြစ် ကြေညာခြင်းဖြစ်ကြောင်း ရန်ကုန်ရှိ အကြီးတန်း စီးပွားရေးသတင်း ထောက်တဦးက ပြောသည်။၎င်းက “ခုဟာက နောက်ဆုံးစာရင်းရှင်း ဖျက်သိမ်းရေးအဖွဲ့က နောက်ဆုံးဘိတ် ခေါ်တာပေါ့နော်။ ဒါပြီးရင် ဘာမှ လက်မခံတော့ဘူး။ ဘဏ်ကတော့ ပိတ်သွားပြီ။ ရုံးခန်းလည်း မထားတော့ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ဟာလည်း ပိတ်သွားတာ ကြာလှပြီ်။ ငွေမထုတ်ပဲ ကျန်တဲ့လူကတော့ မရှိ သလောက်ပဲ။ အထောက်အထား မပြည့်စုံတဲ့သူသော်လည်းကောင်း ငွေပမာန နည်းလို့ (၂) သောင်း (၃) သောင်းလောက်နဲ့ အလုပ်ရှုပ်ခံပြီး သွားမထုတ်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ငွေပမာဏများတဲ့ ဟာတွေကတော့ တော်တော်များများ ထုတ်ပြီးကြပါပြီ” ဟု ပြောသည်။
မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်နှစ်ခုကို ထိုဘဏ်များကိုယ်တိုင် ငွေမဲခ၀ါချသည့် လုပ်ငန်းများ လုပ်ကိုင်သည့်ဘဏ်များအဖြစ် သံသယရှိကြောင်း ၂၀၀၃ ခု နိုဝင်ဘာလတွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ကြေညာခဲ့သည်။
တဆက်တည်းမှာပင် အမေရိကန်ငွေကြေးအဖွဲ့အစည်းများသည် အဆိုပါ ဘဏ်နှစ်ခုအပါအ၀င် ၎င်းဘဏ်များနှင့် ဆက်စပ်နေသည့် ဘဏ်စာရင်းများနှင့်ပါ အဆက်အသွယ်ဖြတ်ရန် အဆိုပြုချက် ကိုပါ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ် နှစ်ခုပါဝင်နေသည့် ဘဏ်စာရင်းများကိုမူ ခြွင်းချက်မရှိ ပိတ်ရမည်ဟုပါ ကြေညာ ထားသည်။
မကြာခင် မြန်မာစစ်အစိုးရ သတင်းစာများက အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ကို မှားယွင်းသည့်သဘောထားဆိုပြီး ပြောဆိုသည့်ပြင် မျှတမှုမရှိဟု တုံ့ပြန်ခဲ့သည်။ မကြာခင် ထိုဘဏ်နှစ်ခုကို စစ်အစိုးရက စစ်ဆေးပိတ်ပစ်ခဲ့သော်လည်း မည်သူတဦးကိုမှ ငွေမဲခ၀ါချမှုအတွက် ယနေ့တိုင် အရေးယူခဲ့ခြင်း မရှိပေ။ ။

အပြည့်အစုံဖတ်လိုလျှင်

ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ စစ်ဆေးခံရ၊ ဘဏ်ကငွေတွေ အလုအယက်ပြန်ထုတ်

NEJ/ ၂၉ ဇူလိုင် ၂၀၀၈

ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ထိန်းသိမ်းစစ်ဆေးခံနေရသဖြင့် ဘဏ်တွင် ငွေအပ် ထားသူများ ယခုရက်ပိုင်းအတွင်း ငွေပြန်ထုတ်ယူနေကြမှု များနေသည်။
ကမ္ဘောဇဘဏ်သည်လည်း မြန်မာမေဖလားဝါးနှင့် အာရှဓနဘဏ်များကဲ့သို့ မကြာခင် ဖျက်သိမ်း ခံရဖွယ်ရှိသည်ဟု ပြင်ပတွင် ကောလာဟလများ ထွက်လာပြီးနောက် ယခုကဲ့သို့ ဘဏ်အပ်ငွေ များကို ပြန်ထုတ်လာကြခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလလယ်ခန့်က ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းနိုင်ကို သက်ဆိုင် ရာက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုများ ပြုရာမှ အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဦးဇော်ဝင်းနိုင် အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်သို့ ခေတ်ပြိုင်က ဖုန်းအကြိမ် ကြိမ်ဆက်ခဲ့ရာ နံပါတ်အားလုံး ဆက်သွယ်မရသည့်အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။
“မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်ကြားတာပဲ၊ မောင်ဝိတ်တို့နဲ့ ဆက်စပ်နေတယ် လို့ ပြောနေကြတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
အခြားဘဏ်များ ငွေထုတ်ယူမှု ပမာဏကို ကန့်သတ်ချက်ရှိချိန်က အချိန်မရွေး လိုသလောက် မိမိအပ်ငွေကို ထုတ်ပေးနေခဲ့သော ကမ္ဘာဇဘဏ်သည် ယခုအခါ တပတ်တွင် တရက် ကျပ် (၁၀) သိန်းသာ အများဆုံးထုတ်ပေးနေကြောင်း ငွေအပ်ထားသူတဦးက ပြောသည်။
“ဒါက ခုမှမဟုတ်ပါဘူး။ ဒီစည်းကမ်းကို ဗဟိုဘဏ်က ထုတ်ပြန်ထားတာ ကြာပါပြီ။ ကျနော်တို့က ဘဏ်စည်းကမ်းအတိုင်း လုပ်ရတာပါ။ ဒီတပတ် (၁၀) သိန်းထုတ်ပြီးရင် နောက်တပတ်တွေမှာ လည်း တပတ် တရက် (၁၀) သိန်း ထုတ်ယူနိုင်ပါတယ်” ဟု ကမ္ဘောဇ ဘဏ်ခွဲတခုမှ မန်နေဂျာ တဦးက ပြောသည်။
ဘဏ်မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဖမ်းဆီးခံနေရမှုနှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက မသိ ကြောင်း၊ ဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများမှာလည်း အမှားများ သာဖြစ်ကြောင်း၊ မိမိတို့ဘဏ်အနေဖြင့် ပုံမှန်လည်ပတ်နေနိုင်ပါကြောင်း ထပ်မံရှင်းပြသည်။
ဘဏ်နှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်လာပြီး တပတ်အကြာတွင် စီးပွားရေးလုပ်ငန်း ရှင် အသိုင်းအ၀န်းတွင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုဝင်း (ဆရာကျောင်း) ကို ကမာရွတ်မြို့နယ် ဘဏ်ရုံးချုပ်သို့ လာရောက် အစစ်ဆေးခံသွားသည်ကို တွေ့ရသည်ဟု ဆိုသည်။
ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၂၃) ခုနှင့် လည်ပတ်နေကာ မိုင်းရှူး၊ ဖားကန့်တို့တွင်လည်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး စားအုန်းဆီ တင်သွင်းခြင်း၊ လမ်းဖောက် လုပ်ရေး စီမံကိန်းများနှင့် အင်းလေးအမှတ်တံဆိပ်ဖြင့် ပြည်ပပို့ကုန် ဖိနပ်များ ထုတ်လုပ်သော လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။
ဖမ်းဆီးစစ်ဆေးခံနေရသော ဦးဇော်ဝင်းနိုင်မှာ ယခင် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်း ထွန်း၏ သားဖြစ်ပြီး ဦးအောင်ကိုဝင်း၏ မွေးစားသားဖြစ်သည်။ ဦးအောင်ကိုဝင်းသည် စစ်အစိုးရ နံပါတ်နှစ်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးမောင်အေးနှင့် နီးစပ်ပတ်သက်သူဖြစ်သည်ဟု ဆိုကြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

တရုတ်-ကချင်နယ်စပ် ကန်ပိုက်တီးမှာ နယ်စပ်ဂိတ်သစ်ဖွင့်ဖို့ ပြင်ဆင်

NEJ/ ၂၉ ဇူလိုင် ၂၀၀၈

တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်ရန် ကချင်ပြည်နယ် ကန်ပိုက်တီး၌ တရုတ်- မြန်မာနယ်စပ်ဂိတ်သစ် ဖွင့်လှစ်ရန် ရှိသည်ဟု ထိုဒေသတွင် အခြေစိုက်သည့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ဖွင့်ဖို့ အစီအစဉ်တော့ရှိတယ်။ ဆွေးနွေးနေတုန်းပဲ၊ အားလုံးပြင်ဆင်ပြီးတဲ့အချိန်ကျမှ ဖွင့်မယ်။ ခု လမ်းက သိပ်မကောင်းသေးပါဘူး။ လမ်းက ခဏခဏ ပြိုပြီး ပိတ်နေတယ်။ မိုးရာသီ လည်းဖြစ်တယ်။ လမ်းပိတ်တယ်။ တောင်ပြိုတယ်။ ဒါကြောင့်မို့လို့ သွားရေးလာရေး အစဉ်မပြေ သေးဘူး” ဟု ပြောသည်။
ကန်ပိုက်တီး နယ်စပ်ကို စစ်အစိုးရက ထိန်းချုပ်ထားပြီး အကောက်ခွန်မှရသည့် ငွေအချို့ကိုသာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် NDAK ကို ခွဲဝေပေးကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံ ရေးအတွက် စစ်အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သင့်သော်လည်း လက်ရှိအချိန်ထိ ယင်းအစီအစဉ် မရှိသေးဟု NDAK ခေါင်းဆောင်က ပြောသည်။
လာမည့် ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ သို့မဟုတ် ၂၀၀၉ ခုနှစ်ကူးပိုင်းတွင် ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လာနိုင်မည်ဟု NDAK က ခန့်မှန်းထားသည်။
ဦးဇခုန်တိန့်ယိန်း က “တရုတ်ဘက်က အရမ်းလောနေတယ်။ သူတို့ဆီမှာ တနှစ်တနှစ်မှာ ထိန်ချုံး မှာပဲ ၀င်ထွက်သွားလာနေတဲ့ ခရီးသွားတွေက သန်းနဲ့ချီရှိတယ်။ အဲဒီက တချို့တ၀က် (၁၀) ပုံ (၁) ပုံဖြစ်ဖြစ် မြစ်ကြီးနားကို လာတယ်ဆိုရင် သူအတွက် နှစ်ခါ အကျိုးရှိတာပေါ့။ မြစ်ကြီးနားအတွက် လည်း အကျိုးရှိနိုင်တယ်” ဟု ပြောသည်။
အဆိုပါ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ပါက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ကန်ပိုက်တီးမှ ၀ရှောင်၊ ၀ိုင်းမော်၊ မြစ်ကြီးနားနှင့် ရန်ကုန်ထိ ခရီးသွားရောက်နိုင်မည်ဖြစ်ပြီး တရုတ်ပိုင်နက် ထိန်ချုံးမှ ကူမင်းထိ ခရီးလမ်းပွင့်သွားမည်ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဖိနှိပ်မှုကို အာမခံပေးခြင်း အစီရင်ခံစာထုတ်ပြန်

Burma Campaign U.K/ ၂၉ ဇူလိုင် ၂၀၀၈

မြန်မာစစ်အစိုးရပိုင် လုပ်ငန်းများကို အာမခံထားပေးခြင်းသည် မြန်မာနိုင်ငံသားများအတွက် အကျိုး မရှိဘဲ စစ်အစိုးရ အာဏာတည်မြဲရေးအတွက်သာ အထောက်အကူ ဖြစ်စေသည်ဟု ယနေ့ထုတ် ပြန်သည့် ဘားမားကန်ပိန်း (ယူကေ) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
Insuring Repression ဟု အမည်ပေးထားသော အဆိုပါ အစီရင်ခံစာကို ကမ္ဘာပေါ်ရှိ အာမခံ ကုမ္ပဏီ (၅၀၀) ကျော်နှင့် အာမခံလုပ်ငန်း ကျွမ်းကျင်သူများအား ဆက်သွယ်မေးမြန်း ပြုစုထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို အာမခံပေးနေသည့် လန်ဒန်၊ အန့်ထ၀ပ်၊ စင်ကာပူ၊ ထိုင်း၊ ဂျာမနီ၊ ဘာမြူဒါ၊ ဂျပန်နှင့် မလေးရှားတို့မှ ကုမ္ပဏီကြီးများကို ဖော်ထုတ်ထား ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရပိုင် လုပ်ငန်းများကို အာမခံပေးသည့် ကုမ္ပဏီများတွင် လန်ဒန်အခြေစိုက် လွိုဒ် ဘဏ်ကြီး၏ ထူးခြားစွာ အရေးပါမှုအပါအ၀င် အာမခံကုမ္ပဏီ (၁၆) ခုတို့၏ အမည်များကို အစီရင် ခံစာအတွင်း၌ ဖော်ထုတ်ထားသည်။
မြန်မာစစ်အစိုးရက ၎င်းသုံးငွေ၏ ထက်ဝက်ခန့်ကို စစ်တပ်အတွက် သုံးနေပြီး ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက်မူ နိုင်ငံ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ (၁.၄) ရာခိုင်နှုန်းကိုသာ အသုံး ပြုနေသဖြင့် စစ်အစိုးရနှင့် စီးပွားရေး တွဲလုပ်ခြင်းသည် မြန်မာနိုင်ငံသားများအတွက် အကျိုး မရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
ဘားမားကန်ပိန်း (ယူကေ) ၏ အရှိန်မြင့် လုပ်ဆောင်ခဲ့မှုများကြောင့် ၂၀၀၇ ခု ဇူလိုင်၌ ကမ္ဘာ့ ထိပ်တန်း အာမခံကုမ္ပဏီကြီး (၃၀) အနက် (၁၃) ခုက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေ သောကုမ္ပဏီများကို အာမခံပေးနေခြင်းအား ရုပ်သိမ်းခဲ့မှု၊ ယင်းနှစ် စက်တင်ဘာ၌လည်း စစ် အစိုးရပိုင် မြန်မာ့နိုင်ငံတကာ လေကြောင်း (အမ်အေအိုင်) သည် ၎င်း၏ မြန်မာ-ဘန်ကောက်-ကွာလမ်လာပူ နေ့စဉ် ခရီးစဉ်ကို ခေတ္တ ရပ်ဆိုင်းခဲ့ရမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် စစ်အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းသည် ၂၀၀၄ ခုတွင် အာမခံပေးသွင်းငွေ အမေရိကန် ဒေါ်လာ (၅.၁) သန်း ရရှိခဲ့သော်လည်း ဒေါ်လာ (၁.၅၄) သန်းကိုသာ လျော်ပေးလိုက်ရသည်ကို ကြည့်ခြင်းဖြင့် စစ်အစိုးရအတွက် အာမခံလုပ်ငန်းမှ နှစ် စဉ်ဝင်ငွေ ဒေါ်လာသန်းနှင့်ချီ၍ ရရှိနေ သည်ကို အစီရင်ခံစာက ထောက်ပြထားသည်။
လန်ဒန်ရှိ လွိုဒ်ဘဏ်ကြီးက မြန်မာ့ရေကြောင်းနှင့် လေကြောင်းကုမ္ပဏီတချို့အတွက် အာမခံမှုများ ပြုလုပ်ပေးခဲ့ကြောင်းကို ယခုနှစ် ဧပြီလ၌ ၎င်းကိုယ်တိုင် ၀န်ခံခဲ့သည်သာမက၊ မြန်မာ့အာမခံလုပ် ငန်းကိုလည်း အာမခံပေးခဲ့ကြောင်း စစ်အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ဖော်ခဲ့မှု များရှိသဖြင့် ဘားမားကန်ပိန်း (ယူကေ) က အဆိုပါဘဏ်ကြီးကို ၂၀၀၅ ခု နာမည်ပျက်စာရင်းသို့ ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ကချင် အပစ်ရပ်ခေါင်းဆောင်များ နိုင်ငံရေးအဖွဲ့သစ်ဖွဲ့

ကချင်ပြည် လွတ်လပ်ရေး တပ်သားများ ဟူးကောင်းချိုင့်ဝှမ်း၌ ကင်းလှည့်နေစဉ်(Photo: Steve Winter / National Geographic Image Collection)
ဧရာဝတီ ဇူလိုင် ၂၉၊ ၂၀၀၈

ကချင်တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များက ကချင်လူထုကို ကိုယ်စားပြုမည့် နိုင်ငံရေး အဖွဲ့သစ် တဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့ပါဝင်သည့် အဆိုပါ အဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းလိုက် ခြင်းဖြစ်ပြီး KIO ဒု ဥက္ကဌ (၂) ဒေါက်တာ တူးဂျာက ဦးဆောင်သည်ဟု ယင်းအဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။
KIO နိုင်ငံခြားရေးတာဝန်ခံနှင့် ဒု ဥက္ကဌ (၁) ဗိုလ်ချုပ် ဇော်ဆိုင်းက “ကချင်လူထု အနေနဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်း လှုပ်ရှား မှုမှာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အခု ဖွဲစည်းမှုက ပထမ ခြေလှမ်းဖြစ် ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုဖွဲ့စည်းလိုက်သော အဖွဲ့တွင် အဖွဲ့ဝင် အနည်းဆုံး ၅၀ ခန့်ပါဝင်ပြီး KIO နှင့် NDA-K အဖွဲ့များမှ ကိုယ်စား လှယ် ၁၀ ဦး စီ ပါဝင် ကြောင်း၊ KCC အဖွဲ့နှင့် တခြားသော အရပ်သားအဖွဲ့များက ဆက်သွယ်ပါဝင်လာရန် ကျန် ရှိသေးကြောင်း၊ အဖွဲ့၏ အမည်ကိုလည်း မရွေးချယ်ရသေးကြောင်း ၎င်းက ဆိုသည်။
“ဒီ အဖွဲ့ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့်ရခဲ့ရင်တော့ အဖွဲ့အမည် ပေးရမှာပါ”ဟု ဗိုလ်ချုပ်ဇော်ဆိုင်း က ပြောဆိုသည်။
အဖွဲ့ဝင်များအနေနှင့် အသွင်ကူးပြောင်းရေးကာလ တခုအတွက် နောက်ဆုံးအချိန်အထိ နိုင်ငံရေး ပါတီတရပ်၏ တာဝန် များကို ထမ်းဆောင်ပြရမည်ဖြစ်ကြောင်းနှင့် ကချင်လူထု၏ စည်းလုံးမှုနှင့် ကူညီထောက်ပံ့မှုများရရှိရေး အတွက် စည်းရုံး ဆောင်ရွက်သွားရန် အစီစဉ်ရှိသည်ဟုလည်း ဆိုသည်။
ယင်းအဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် မြန်မာ စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရအနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ပါတီဖွဲ့စည်းခွင့် ပေးမည်မပေးမည် ဆိုသည်ကို မသေချာ သေးကြောင်းလည်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် တရုတ် မြန်မာ နယ်စပ် အနီး ကချင်ပြည်နယ် လိုင်ဇာ မြို့၌ ကချင် ခေါင်းဆောင်များက ယခု အဖွဲ့သစ်နှင့် ကချင်လူထု မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ KIO ၊ NDA-K နှင့် KCC အဖွဲ့ဝင်များ အပါအ၀င် ပရိသတ် ၈၀၀ ခန့် တက်ရောက်ခဲ့သည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။
ယခုအဖွဲ့သစ်သည် နိုင်ငံရေးပါတီအနေနှင့် ဦးတည်ရည်မှန်းသည့်အတိုင်း လွယ်ကူချောမွေ့စွာဖြင့် အောင် အောင်မြင်မြင် လုပ်ဆောင်သွားနိုင်ရန် ထောက်ပံ့ကူညီမှုများရရှိနိုင်မည်ဟု မထင်မြင်မိကြောင်းကို KIO ခေါင်း ဆောင်များနှင့် နီးစပ်သူ တဦးဖြစ်သည့် မာဂရမ် က ပြောသည်။
ပြီးခဲ့သော မေလ ကပင် ဖွဲ့စည်းနေသည်ဟု ယူဆရသော ယင်းအဖွဲ့နှင့် ပတ်သက်ပြီး KIO လက်အောက်ခံ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များနှင့် KIO အောက်ခြေ အဖွဲ့ဝင်များ၏ အတိုက်အခံ ပြုလုပ်လိုမှုများကိုတွေ့မြင် ရကြောင်းနှင့် ထိုသို့ သဘောထားကွဲလွဲမှုများ ရှိနေသောကြောင့် KIO ခေါင်းဆောင် များအနေနှင့် နိုင်ငံရေးပါတီဖွဲ့စည်းရေး အတွက် တခြားသော နည်းလမ်းကို ရှာဖွေရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
KIO အဖွဲ့သည် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များအနေနှင့် နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်း လိုပါက လက်နက် စွန့်လွှတ်ရမည်ဖြစ်ကြောင်းနှင့် စာရင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအားလုံးကို အထူး ရဲ တပ်ဖွဲ့ (ပြည်သူ့စစ်) ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း စစ်အစိုးရက တိုက်တွန်းမှုများရှိသည်ဟုလည်း KIO နှင့် နီးစပ် သူများက ပြောဆိုသည်။တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအနှေင့် ယင်းသို့ လက်နက်စွန့်ရန် မဆုံးဖြတ်ပါက စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ ၀င်ခွင့်နှင့် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို ငြင်းပယ်ခံရဖွယ်ရှိကြောင်း သိရှိရသည်။

အပြည့်အစုံဖတ်လိုလျှင်

သတ်မှတ်ချက် မလိုက်နာသည့် ဆန်ကုန်သည်များကို ထောင်ဒဏ် ချမှတ်မည်

အောင်သက်ဝိုင်း/ရန်ကုန် ဇူလိုင် ၂၉၊ ၂၀၀၈

စစ်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သို့ ဆန်ရောင်းချသည့် ကုန်သည်များ၊ ခွင့်ပြုချက် မရှိ နယ်မြေကျော် ကူးသန်းရောင်းဝယ်သည့် ဆန်ကုန်သည်များနှင့် တရားမ၀င် ပြည်ပနိုင်ငံ များသို့ ဆန်တင်ပို့သည့် ကုန်သည်များ ကို ရှာဖွေဖော်ထုတ်ပြီး ထောင်ဒဏ်ချမှတ် အရေးယူကာ လိုင်စင်ပါ သိမ်းမည်ဟု သတိပေး ပြောကြားထား ကြောင်း ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသရှိ ဆန်ကုန်သည်ကြီးများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ်ဆုံးရှုံးပြီး ဧရာဝတီတိုင်းမှ သိုလှောင်ဆန် တင်းထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည့် နောက်ပိုင်း ပြည်တွင်း ဈေးကွက်တွင် ဆန်ဈေးနှုန်း ကမောက်ကမ ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် စစ်အစိုးရက ဆန်ရောင်းဝယ်မှုများကို ထိန်းချုပ်လာခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။
ထိုသို့ ဆန်ကုန်သည်များအား ခေါ်ယူသတိပေးမှုများကို မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းဥက္ကဌ ဦးအောင်သန်းဦးနှင့် အာဏာပိုင်များက မကြာခဏဆိုသလို ပြုလုပ်နေသည့်အတွက် ဆန်ကုန်သည်များမှာ လွတ်လပ်စွာ အရောင်းအ၀ယ် မပြု လုပ်နိုင်တော့ဘဲ ဆန်ဈေးနှုန်းများ ကျဆင်းပြီး အခက်အခဲဖြစ်နေရကြောင်း သိရသည်။
နယ်ကျော်၍ ဆန်ရောင်းချမှုများကို တင်းကျပ်စွာ စိစစ်နေသည့်အပြင် ပြည်ပသို့ ဆန်တင်ပို့ မှုများကိုလည်း စစ်အစိုးရက ပြင်းထန်စွာအရေးယူ ထိန်းချုပ်နေသဖြင့် ဆန်ဈေးနှုန်းများ ထပ်မံကျဆင်းမည့် အရိပ်အရောင် တွေ့နေရသည်ဟု ဘုရင့်နောင် ကုန်သည်များက ပြောသည်။
ရန်ကုန်မြို့တော် ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် တဦးဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချူပ် အောင်သိန်းလင်းကလည်း ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်ပသို့ ဆန်တင်ပို့မှုများကို ပြင်းပြင်းထန်ထန် ထိန်းချူပ်ထားပြီး ယင်းသို့ ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချူပ် (UMFCCI)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၊ ရန်ကုန်မြို့တော် ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီ တို့နှင့် ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နေကြောင်း ဇူလိုင် ၉ ရက်နေ့တွင်ပြုလုပ်သည့် ပြည်တွင်း သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့သည်။
မြို့တော်ဝန်၏ အဆိုအရ ဈေးကွက်တွင် ဆန်တပြည်လျင် ငွေကျပ် ၁၀၀ မှ ၁၅၀ ထိကျဆင်းနေသည့်အပြင် အခွန်လွတ်ဈေး များနှင့် မြန်မာနိုင်ငံ ဆန်ကုန်သည်များ၏ အထူးဆန်ဆိုင်များတွင် ဈေးကွက်ပေါက်ဈေးထက် နိမ့်သော ဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး နေကြောင်း သိရှိရသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးစ အချိန်များက ဘုရင့်နောင် ဆန်ဈေးကွက်တွင် ဆန်အရောင်း အ၀ယ် မြင့်တက်ခဲ့ပြီး ဆန်ဈေး နှုန်း အနေဖြင့် အမြင့်ပိုင်းတွင် ရှိခဲ့သော်လည်း ယခုအခါ အာဏာပိုင်များ၏ ထိန်းချူပ်မှုကြောင့် ဈေးနှုန်း ထိုးကျသွားကာ ဆန်အိတ် တအိတ်လျင် မေလကုန်ပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် ငွေကျပ် ၁၀၀၀၀ နီးပါး ကျဆင်းသွားကြောင်း ကုန်သည်များကပြောသည်။
“ဆန်ဈေးက မေလနှောင်းပိုင်းနဲ့ အခု ယှဉ်ရင် အရမ်းကွာတယ်။ ဥပမာ-ပေါ်ဆန်းရှယ် တအိတ်ကို မေလကုန် တုန်းက ကျပ် ၄၅၀၀၀ လောက်ရှိတယ်။ အခုတော့ ကျပ် ၃၅၀၀၀ ပဲရှိတော့တယ်” ဟု ဘုရင့်နောင် ဆန်ပွဲရုံ ပိုင်ရှင်တဦးက ရှင်းပြသည်။
ဆန်ကူးသန်း ရောင်းဝယ်မှုများ ပိတ်ဆို့နေသည့်အတွက် ကုန်သည်များ လက်ထဲတွင် ဆန်အများအပြား အရောင်းအ၀ယ် မဖြစ်ဘဲ ကျန်ရှိနေကာ ငွေဖော်လိုသော ဆန်ကုန်သည်များမှာ အရှုံးခံရောင်းချ နေရသည်ဟု သိရသည်။
“ပွဲရုံတွေမှာ ဆန်ရောင်းချင်တယ်။ ဒါပေမယ့် နယ်ဝယ်လက်တွေ မရှိဘူး။ အဲဒီတော့ မြို့ပေါ် ၀ယ်လက်တွေနဲ့ပဲ ဆက်ပြီး အရောင်းအ၀ယ် လုပ်နေရတယ်။ ၀ယ်လိုအားထက် ရောင်းလိုအား များနေတဲ့ သဘောပေါ့” ဟု ဘုရင့်နောင်ပွဲရုံသို့ ခေတ္တရောက်ရှိနေသည့် မြောင်းမြ ဆန်ကုန်သည်တဦးက ရှင်းပြသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများ အသင်းမှ ဆန်ကုန်သည်ကြီးတဦးကမူ နေ့စဉ် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ရန်ကုန်မြို့နေ လူဦးရေအတွက် လုံလောက်သော ဆန်ပမာဏ ၀င်ရောက်နေကြောင်း ပြောသည်။
“ရန်ကုန်ဈေးကွက်ကို နေ့တိုင်း ဆန်အိတ် ၄ သောင်း ၀င်ရင် ရန်ကုန်လူထု စားဖို့ လုံလောက်တဲ့အပြင် ပိုတောင် ပိုသေး တယ်။ အခု ရန်ကုန်ကို ဆန်အိတ်တွေက လိုအပ်ချက် ပြည့်မီအောင် ၀င်နေတယ်။ ဈေးကတော့ ဒီတိုင်း ငြိမ်နေလိမ့်ဦးမယ်” ဟု အဆိုပါ ဆန်ကုန်သည်က ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည် အသင်း အမှုဆောင်အဖွဲ့ဝင် တဦးကမူ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် လယ်လုပ် ငန်းများ ပျက်စီးသည်မှာ မှန်သော်လည်း ဆန်ရိက္ခာ ပြတ်လပ်သည်အထိ မဖြစ်ပွားနိုင်ကြောင်း ပြောသည်။ အစိုးရနှင့် ဆန်ကုန်သည်များတွင် လက်ကျန် အရန်ဆန် အမြောက်အမြား ရှိနေပြီး တခြားသော မုန်တိုင်းဒဏ်မခံရသည့် ဧရာဝတီ ဒေသများတွင်လည်း စပါး သီးထပ်စိုက်ပျိုးမည် ဖြစ်သဖြင့် လုံးဝ ရိက္ခာပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“တနိုင်ငံလုံး စိုက်ဧက ၁၉.၈၃၄ သန်းမှာ ၁ သန်းကျော်လောက်ပဲ မုန်တိုင်းထိတာ။ ရာခိုင်နှုန်း အားဖြင့် နည်းတယ်။ လူ တယောက်ကို ပျမ်းမျှ တနှစ် ဆန်ကီလို ၂၀၀ လောက်ပဲ စားနိုင်တယ် ဆိုတာ အသင်းက စစ်တမ်းလုပ်ထားတယ်။ တင်းနဲ့ ပြောရင် လူတဦးကို တနှစ်ဆန် ၆ တင်း စားတယ်။ လူဦးရေ ၅၃ သန်းအတွက် တနှစ် ဆန်တင်း ၃၁၈ သန်း၊ စပါးအနေနဲ့ ပြောရင် စပါးတင်း သန်း ၁၀၀၀ ပဲလိုတယ်။ ပုံမှန် စပါးစိုက်ဧက ၁၉ သန်းကျော်ကနေ စပါးတင်း ၁၄၇၅.၄၇၈ သန်းထွက် တယ်။ အခု စပါးစိုက်ဧက ၁၈ သန်းပဲရှိတယ်ထားဦး လူဦးရေအတွက် လုံလောက်တယ်” ဟု ၎င်းက ရှင်းပြသည်။
ရန်ကုန် ဘုရင့်နောင်ဈေးကွက်သို့ မုန်တိုင်းဒဏ်မခံရသည့် ဧရာဝတီဒေသများ၊ ပဲခူးတိုင်း အနောက်နှင့် ပဲခူးတိုင်းအရှေ့တို့မှ ဆန်များ နေ့စဉ်ဝင်ရောက်နေပြီး ပိုလျှံသည့်အတွက် မန္တလေးဈေးကွက်နှင့် ရှမ်းပြည်နယ် ဈေးကွက်များသို့ပင် ဆန်များ ပြန်လည်ပို့နိုင်ကြောင်း ၎င်းကဆိုသည်။
“ရန်ကုန်ကနေ မန္တလေးကို ဆန်အိတ် ၁သောင်းကျော်၊ ပြီးတော့ ရှမ်းပြည်နယ်ကို နေ့တိုင်း ဆန်အိတ် ၂သောင်းနီးပါး တင်ပို့ခွင့်ပြုထားတယ်” ဟု ၎င်းကဆက်ရှင်းပြသည်။ရန်ကုန် ဘုရင့်နောင် ဆန်ဈေးကွက်တွင် ပေါ်ဆန်းရှယ် (၂၄ ပြည်ပါ) တအိတ် ကျပ် ၃၃၀၀၀ မှ ၃၅၀၀၀ အကြား၊ မနောသုခ တအိတ် ၂၀၀၀၀ ၊ ပေါ်ကျွဲ တအိတ် ၂၁၅၀၀၊ တောင်ပျံရှယ် တအိတ် ၂၆၀၀၀ နှင့် ၂၉၀၀၀ အကြား၊ ဇီယာရှယ် တအိတ် ၁၉၀၀၀၊ ရွှေဝါထွန်းတအိတ် ၁၆၀၀၀၊ ရာကျော် တအိတ် ၁၄၅၀၀၊ ရေစိုဆန်ချော တအိတ် ၁၄၅၀၀ နှင့် ၁၆၀၀၀ အကြား ရှိကြောင်း စုံစမ်း သိရှိရသည်။

အပြည့်အစုံဖတ်လိုလျှင်

မုံရွာမြို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွား

ကိုစိုး ဇူလိုင် ၂၈၊ ၂၀၀၈

စစ်ကိုင်းတိုင်း မုံရွာမြို့ နှင့် အနီးတ၀ိုက် ကျေးရွာများရှိ ကျောင်းနေအရွယ် ကလေးအများစုသည် သွေးလွန် တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားလျှက်ရှိပြီး သေဆုံးမှုရှိကြောင်း သိရှိရသည်။
ယင်းကူးစက်ရောဂါဖြစ်ပွားမှုမှာ ယခင်နှစ်ကထက် ပိုမိုများပြားပြီး လွန်ခဲ့သော ဇွန်လကတည်းက စတင် ဖြစ်ပွား ခဲ့ကာ ယခု အချိန်အထိ ဖြစ်နေဆဲ ဖြစ်သည်ဟု မုံရွာ မြို့တွင် ပုဂ္ဂလိကဆေးခန်းဖွင့်ထားသော ဆရာဝန် တဦး က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“တနေ့က ၅ လ သား ကလေး တယောက် ဆေးရုံမှာ သေသွားတယ်၊ အရင်လ ထဲကလည်း ၇ နှစ် သမီးလေး တယောက် သေတယ်၊ ဆေးရုံမှာပဲ၊ ဒီနှစ်က ဖြစ်တာ မနှစ်ကထက် တော်တော်လေးပိုများတယ်၊ အဓိက က ခြင် ကနေ ကူးတာ၊ ၁၀ နှစ် အောက်တွေအဖြစ်များတယ်၊ ကျောင်းနေ အရွယ်တွေ၊ ဖြစ်တာ ၂ လရှိ ပြီ၊ ကလေး တွေ ဖြစ်တာ၊ ရွာတွေကလည်း အများ ကြီးလာ တယ်၊ မုံရွာပတ်ဝန်းကျင်က ရွာတွေပေါ့၊ ဆေးရုံ မှာ တော်တော် များ တယ်”ဟု ၎င်း က ပြောပြသည်။
လွန်ခဲ့သော ၁၅ ရက် ခန့်က သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် အခြေအနေမှာ ယခုထက် ပိုမို ဆိုးရွားကြောင်း၊ သေဆုံးသည့် ကလေးရှိသော်လည်း ဖြစ်ပွားသည့် နှုန်းထက်ဆာလျင် နည်းပါးကြောင်းလည်း ၎င်းက ဆက်ပြော သည်။
“ဖြစ်တာကတော့ အခုထက်ထိကို ဖြစ်နေကြတုန်းပဲ၊ အခုနည်းနည်းတော့ ပါးသွားတယ်၊ ပြီးခဲ့တဲ့ ၁၅ ရက်လောက် တုန်းက တော်တော်လေးဆိုးတယ်၊ လာတဲ့ ကလေးတိုင်း ဆေးရုံတက်ပဲ၊ သေတဲ့ ကလေးက ဖြစ်တဲ့ ရာနှုန်းနဲ့ ဆာ ရင်တော့ နည်းပါတယ်၊ ကျမတို့ကလည်း သွေးလွန်တုပ်ကွေး လက္ခဏာပြလာတာနဲ့ ဆေးရုံကို တန်းလွှတ် တာ၊ ဖြစ်တဲ့ ကလေးတိုင်း ကလည်း သွေးလွန်တုပ်ကွေး လက္ခဏာတွေ ပြပြလာတော့ လူတွေကကြောက်ပြီး နည်းနည်း လေး ဖြားတယ်ဆိုရင်ကို ကလေးအထူးကုဆီကိုသွား အဲဒီကနေ ဆေးရုံတက်၊ အဲဒီလိုတွေ ဖြစ်ကုန်ကြတာ၊ ကျမ တို့က ၀န်ထမ်းမဟုတ်ဘူး၊ အပြင် GP တွေ ဆိုတော့ လာတဲ့ ကလေးလောက်ပဲ သိတာ၊ ဘယ် လောက်များ များ ဖြစ်နေတယ် ဆိုတာကိုတော့ အတိအကျ မသိဘူး”ဟု လည်း အထက်ပါ ဆရာဝန် ကပြောသည်။
အဆိုပါ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဧရာဝတီ က မုံရွာ ဆေးရုံကြီးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင်“ဆေးရုံအုပ်ကြီးက အစည်းအဝေးသွားတယ် ခင်ဗျ၊ ကျနော်တို့ က ရုံးဝန်ထမ်းတွေ ဆိုတော့ မသိဘူး၊ ဒီကိစ္စက ကုသ ရေး ၀န်ထမ်းတွေမှ သိတာပါ”ဟု ပြောဆို၍ ဖုန်းချသွားခဲ့သည်။
ယခု သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် ကလေးအများစုမှာ အသက် ၈ နှစ်နှင့် ၆ နှစ် အရွယ်များနှင့် ကလေးငယ် များပင် ပါဝင်ကြောင်းနှင့် ယင်းသို့ ဖြစ်ပွားရခြင်းမှာ ရေမစီးသော ရေဆိုးမြောင်းများအတွင်း အောင်း နေသည့် ခြင်များစွာပေါက် ပွား၍ ထိုခြင်များကိုက်ခြင်းမှတဆင့် သွေးလွန်တုပ်ကွေး ကူးစက် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရ သည်။
“ရေဆိုးမြောင်းတွေကလည်း ရေမစီးတော့ ခြင်တွေက တအားအောင်းတာပေါ့၊ ခြင်တွေက တအားပေါက်တာ၊ ဆေးတွေ ဘာတွေ ဖြန်းခြင်းလည်း မရှိဘူး၊ ဟိုတနေ့ကတော့ ဆေးလာဖြန်းတာတဲ့၊ အဲဒါကလည်း တအိမ်ကို ၃၀၀၀ ကျပ် ဆိုလား တောင်းတယ်၊ ဖြန်းပြီး အိမ်ထဲမှာ ၄၅ မိနစ် နေလို့ မဖြစ်ဘူးလို့ ပြောတယ်၊ အဲဒါ တချို့က ခေါ် မဖြန်းကြဘူး၊ အဲဒီ ရေဆိုး မြောင်း ရှင်းလင်းတာတွေကိုလည်း သက်ဆိုင်ရာက ဘာမှ လုပ်တာ မမြင်ဘူး၊ အခု ခြင်ကိုက်လွန်းလို့ ကိုယ့်ဘာသာကိုယ် ခြင်ဆေးတွေ ဘာတွေနဲ့ လုပ်နေရတာ၊ ခြင်နှိမ်နင်းမှု မရှိတော့ ပိုဆိုးတာ ပေါ့” ဟု မုံရွာ မြို့ခံ ကျန်းမာရေး ၀န်ထမ်း တဦးကလည်း ပြောသည်။
ဇွန်လ နှောင်းပိုင်းနှင့် ယခု ဇူလိုင် လဆန်းပိုင်းကလည်း ရန်ကုန်တိုင်း အတွင်းရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသင့် ဒဂုန်မြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် လှိုင်သာယာမြို့နယ်များရှိ အသက် ၅ နှစ်နှင့် အထက် ကလေးများ သွေးလွန် တုပ်ကွေး ဖြစ်ပွားမှု ရှိခဲ့သည်။
လွန်ခဲ့သော မေလ နှောင်းပိုင်း က သွေးလွန်တုပ်ကွေး လူနာ ဧရာဝတီတိုင်း အတွင်း ၄၈၁ ဦးနှင့် ရန်ကုန်တိုင်း အတွင်း ၇၈၁ ဦးကို မှတ်တမ်း ပြုစုရရှိကြောင်း WHO က ထုတ်ပြန်သည်။
၂၀၀၇ ခုနှစ် ပထမ ၇ လအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၁၀၀ နီးပါး သေဆုံး ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ဆိုသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)တို့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှေက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်း မုန်တိုင်း ဒဏ်သင့် ၁၁ မြို့နယ်တွင် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ သိန်း သုံးစွဲဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်း ရန်ပုံငွေ တေးဂီတ စင်မြင့် ဖျော်ဖြေပွဲများ ဆက်တိုက် ပြုလုပ်

အေးလဲ့ ဇူလိုင် ၂၈၊ ၂၀၀၈

နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး မြန်မာဂီတပညာရှင်များနှင့် ဟာသအနုပညာရှင် လူရွှင်တော် များက ပြည်တွင်းပြည်ပတို့တွင် တေးဂီတ စင်မြင့်ဖျော်ဖြေပွဲများ ပြုလုပ်ကြသည်။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ နှစ်ရက်တွင် ရန်ကုန်မြို့ ရွေတိဂုံဘုရား တောင်ဘက်မုခ် Happy world ကစား ကွင်းရှိ ပြဇာတ်ရုံ၌ အဆိုတော် ရင်ဂို၊ စည်သူလွင်၊ ကိုင်ဇာ၊ သျှီ၊ ဇော်ပိုင်နှင့် တခြားသော hip-hop အဆို တော်များ၊ ကင်းကောင်၊ ဧရာ၊ မေတ္တာ စသည့် လူရွှင်တော်များက သီဆိုဖျော်ဖြေသည်ဟု ကိုယ်တိုင် ပါဝင် ဖျော်ဖြေခဲ့သည့် အဆိုတော် ရင်ဂိုက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“၂၆ရက်နေ့ နဲ့ ၂၇ ရက်နေ့ နှစ်ရက်လုပ်ပါတယ်၊ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ ကျင်းပပါတယ်၊ ဖျော်ဖြေတဲ့ အဆိုတော် တွေကော ပရိသတ်ကော တော်တော် များပါတယ်” ဟု အဆိုတော် ရင်ဂိုက ပြော သည်။
ထိုပွဲ၌ ပထမနေ့ ကျပ်သိန်း၂၀ ၊ ဒုတိယနေ့တွင် ကျပ် ၁၇ သိန်း လက်ခံရရှိကြောင်းနှင့် ပွဲဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက် သူများမှာ သားညီ၊ ဇွဲနိုင်ဝင်းအဖွဲ့နှင့် Happy World ပိုင်ရှင်တို့ဖြစ်ကြောင်းလည်း သိရသည်။
ထို့အတူ ယမန်နေ့တွင်ပင်“နာဂစ်မုန်တိုင်းလေဘေးဒုက္ခသည်များအတွက် ရန်ပုံငွေ” ဖျော်ဖြေပွဲ တခုကို ဂျပန် နိုင်ငံ တိုကျိုမြို့ရှိ koKaldo ခန်းမတွင် ကျင်းပခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။
ယင်းပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်က“ကျပ် သိန်း ၄၀ ကျော်ရရှိပါတယ်၊ အဆိုတော်များကိုယ်တိုင် မုန်တိုင်းသင့် ဒေသ များအထိ သွားရောက် လှူဒါန်းနိုင်အောင် သူတို့နဲ့အတူ ထည့်ပေးလိုက်မှာဖြစ်ပါတယ်” ဟု ပြော သည်။
၎င်းရန်ပုံငွေပွဲတွင် အဆိုတော် ခင်မောင်တိုး၊ R ဇာနည်၊ မေခလာ၊ ၊ ရတနာ၊ မေစံပယ်ညို တို့အပါအဝင် ဂီတမှူး ကိုမြတ်မင်းတို့က ဦးဆောင်၍ ညနေ ၆ နာရီခွဲမှ ည ၁၀ နာရီခွဲအထိ ဖျော်ဖြေခဲ့ကြောင်း လည်းသိရသည်။
ကိုယ်တိုင် ဖျော်ဖြေခဲ့သည့် အဆိုတော် မေခလာက“အနုပညာသမားအတွက် ဂုဏ်ယူပါတယ်၊ အမတို့က အခုလို ခရီးဝေးက နေလာပြီး ဖျော်ဖြေရတဲ့ အတွက်ဝမ်းသာပီတီဖြစ်ရပါတယ်” ဟု ပြောသည်။
လာမည့်သြဂုတ်လတွင်လည်း Iron Cross (IC) တေးဂီတအဖွဲ့က ဦးစီးပြီး အဆိုတော် လေးဖြူကိုယ်တိုင် သီဆို ဖျော်ဖြေ မည့် နာဂစ်လေဘေးဒုက္ခသည်များ အလှူငွေ စင်မြင့်ဖျော်ဖြပွဲ ကို ကျင်းပမည်ဖြစ်ကြောင်း IC အဖွဲ့မှ ကိုခင်မောင်သန့် က ပြောသည်။
ကိုခင်မောင်သန့် က “IC က ဖျော်ဖြေမှာ ဟုတ်ပါတယ်၊ လူအများကြီးလာမှာ ဖြစ်တဲ့အတွက် ရုံ နေရာ ကျယ် ကျယ်ဝန်းဝန်း ရှာနေပါတယ်၊ နေရာမရသေးတော့ ရက်အတိအကျတော့မသိသေးဘူး၊ ကိုလေးဖြူကိုလည်း သီချင်းဆိုဖို့ကို အထူး အကူအညီ တောင်းထားတာပါ” ဟု ပြောသည်။ နာဂစ် မုန်တိုင်းဒုက္ခသည်များ အတွက် IC အဖွဲ့နှင့် ခင်မောင်သန့် ဦးစီးပြီး “ကမ်းလင့်မယ့်လက်များ”ဟု အမည်ရသည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ L လွန်းဝါတို့အပါအ၀င် အဆိုတော် ၂၂ ဦး ပါဝင် သီဆိုထားသော တေးစီးရီး အခွေလည်း လာမည့် လတွင် ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

အပြည့်အစုံဖတ်လိုလျှင်

အာဏာဖြင့်တည်သော ဥပဒေ

ကိုစိုး ဇူလိုင် ၂၈၊ ၂၀၀၈

ကမ္ဘာပေါ်တွင် လက်ရှိကျင့်သုံးနေသောဥပဒေသည် လူမှုရေးစည်းကမ်းများကတဆင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပညာရှင်များ၏ အဆိုအရ သိရသည်။
သမိုင်းဦး ဘုံမြေခေတ်နောက်ပိုင်းမှ ဥပဒေ သန္ဓေတည်ခဲ့သည်ဟုလည်း ဆိုသည်။
ခေတ်အဆက်ဆက် လူနေမှုအဆင့်အတန်းများ၊ ယဉ်ကျေးမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာသည်နှင့်အမျှ စောင့်ထိန်းအပ်သည့် လူမှုရေးစည်းကမ်းများများပြားလာခဲ့ပြီး ဥပဒေပြဌာန်းချက်များလည်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက မှတ်တမ်းပြုခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သို့ဖြင့် စည်းမျဉ်းစည်းကမ်းသည် ရှောင်ရန်၊ ဆောင်ရန်၊ ပြုသင့်၊ မပြုသင့်သည်များကို ပြောခြင်းဖြစ်ပြီး ဥပဒေ မှာ ပြုလုပ် ခိုင်းသည်ကို မပြုလုပ်လျှင်သော် လည်းကောင်း၊ မပြုလုပ်ရန် တားမြစ်ထားသည်ကို ပြုလုပ်လျှင်သော် လည်းကောင်း အကျိုးဆက်အနေနှင့် အရေးယူ အပြစ်ဒဏ်ပေးမှုများ ပါဝင်လာသည်။ ဤသည်မှာ စည်းကမ်းနှင့် ဥပဒေ၏ ကွဲပြား ကွာခြား ချက်ဖြစ်ကြောင်း သိရသည်။
ယနေ့ မြန်မာနိုင်ငံ၏ ဥပဒေ ကျင့်ထုံးနှင့် တရားစီရင်ရေးနှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် ဘီစီ ၁၇၈၀ ခု (၁၈ ရာစု ခေတ်) က ပေါ်ပေါက်ခဲ့သော ဟန်မူရာဘီ ကိုဓ ဥပဒေအရ အပြစ်ဒဏ်ပေးခြင်းကို သတိရမိသည်။ ယင်း ဥပဒေသည် လက်စားချေသည့် သဘောမျိုး ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။
မျက်လုံး တလုံး ဆုံးရှုံးလျင် မျက်လုံးတလုံး ပေးဆပ်စေခြင်း၊ သွားတချောင်း ဆုံးရှုံးလျင်သွားတချောင်း ပေးဆပ်စေခြင်း ဟူသည့် ပြစ်ဒဏ်ပေးမှု ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
လက်စားချေသည့် သဘောတွင် အငြိုးအတေးထားသည့် သဘောလည်း ပါဝင်မည်ဟု ထင်ပါသည်။ မြန်မာ စစ်အစိုးရက ၎င်းတို့ကို ဆန့်ကျင်သူများအပေါ် ကျင့်သုံးနေသည့် ဥပဒေ စနစ်သည်လည်း အငြိုးအတေးများ ပါဝင်နေသည်ဟု ယုံကြည် ရသည်။
ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးအောင်ထူးက အစိုးရတရပ် လက်ထက်တွင် ဥပဒေ အသက်ဝင်မှု ၂ ပိုင်းရှိသည်ဟု ပြောသည်။
Rule of Law ဟု ခေါ်သော ဥပဒေ စိုးမိုးရေးအခြေခံနှင့် အသက်ဝင်သည့် ဥပဒေနှင့် Rule by Law ဟု ခေါ်သော ပြဌာန်း ထားသည့် ဥပဒေကို တရားမျှတမှု ရှိမရှိနှင့် မည်သူပြဌာန်းသည်ကို လေ့လာခြင်း ခွင့်မပြုဘဲ ယင်းဥပဒေကိုသာ လေးစား လိုက်နာခိုင်းသော အသက်ဝင်သည့် ဥပဒေဟူ၍ ဖြစ်ကြောင်း ဦးအောင်ထူးက ပြောပြသည်။
“အာဏာရှင်တွေက တိုင်းပြည်အာဏာကို သိမ်းယူအုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့သွားတာတွေ အားလုံးက Rule by Law နဲ့ သွားတာ ချည်းပဲ၊ ဒါကို မလေးစား မလိုက်နာရင် အရေးယူမယ်”ဟု လည်း ဦးအောင်ထူး က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဥပဒေ ပုံစံသည် Rule by Law နှင့် ဖြစ်ကြောင်း သူက သုံးသပ်ပြသည်။
မြန်မာ စစ်အစိုးရသတင်းစာများတွင် အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေး၊ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူ အပြစ်ပေးနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဥပဒေများတွင် နိုင်ငံရေး ပြစ်မှုဆိုသည်ကို ပြဌာန်းခြင်း မရှိကြောင်းနှင့် ကာလကြာရှည်စွာကပင် ပြောဆိုခဲ့သော နိုင်ငံရေး ပြစ်မှုနှင့် အရေးယူသည့်နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ပြစ်မှုအကျဉ်း သားများသာ ရှိကြောင်းတို့ကို ဇူလိုင် ၂၂ ရက်မှ စပြီး ၃ ရက်ဆက် ၍ ဥပဒေ ပုဒ်မများနှင့်တကွ ရေးသားဖော်ပြထားသည်။
ထိုသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခံထားရသူများ၏ အမှုအခင်းများကို အကျိုးဆောင်ပေးနေသည့် ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကမူ နိုင်ငံရှိလျင် နိုင်ငံရေးနှင့် နိုင်ငံရေးသမား၊ နိုင်ငံရေးနှင့် သက်ဆိုင်သည့် အမှုအခင်း များ ရှိကြောင်းကို သိလျက်နှင့် မသိဟန်ပြု၍ သတင်းစာတွင် ရေးသားဖော်ပြခြင်း ဖြစ်သည်ဟု ပြောသည်။
နိုင်ငံရေးသမားအတွက် သတ်မှတ်ပြဌာန်းထားသည့် ပြစ်မှု ပုဒ်မ သီးသန့်မရှိသော်လည်း လုံခြုံရေး အကြောင်းပြ ချက်အရ သော်လည်းကောင်း၊ ဘိန်းပစ် ဖမ်းသကဲ့သို့ တခြားသော ရဲ အရေးပိုင်သည့် ပုဒ်မများတပ်၍သော်လည်းကောင်း ပြစ်မှု သတ်မှတ်၍ အဓိက လုပ်ဆောင်ချက်နှင့် မသက်ဆိုင်သော ဖမ်းဆီးအရေးယူမှုများကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ များအပေါ် ပြုကျင့်နေခြင်း ဖြစ်သည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။
“နိုင်ငံရေးသမားအတွက် ပုဒ်မ သတ်မှတ်ထားတာ မရှိသော်လည်း ဖမ်းဆီးရခြင်း အကြောင်းတရားကို ကြည့်၊ နိုင်ငံရေးအရ ဆန္ဒပြတယ်၊ သူ့မှာ နိုင်ငံရေးအရ ဆန္ဒပြခွင့် ရှိတာပဲ၊ လူသားအခွင့်အရေးရှိတာပဲ၊ သူ့ရဲ့ ပုဂ္ဂိလက ခံစားမှုကို သူပြတာမဟုတ် ဘူး၊ ကုန်ဈေးနှုန်းတက်တယ်၊ ကုန်ဈေးနှုန်းချပေးဖို့၊ လောင်စာဆီဈေးတက်တယ်၊ လောင်စာဆီဈေးချပေးဖို့ ဆန္ဒပြတယ်၊ တဦးတယောက်အကြပ်အတည်းကို သူပြောနေတာမဟုတ်ဘူး၊ တပြည် လုံးနဲ့ချီပြီးတော့ ပြောတဲ့ ကိစ္စရပ်၊ ဒါ နိုင်ငံရေး အလုပ်ကို သူဆောင်ရွက်နေတာ ဖြစ်တယ်”ဟု သူ က ပြောသည်။
ဦးအောင်သိန်း က ဆက်လက်ပြီး “ဒါပေမယ့် အဲဒီလူကို လမ်းပိတ်ဆို့မှုနဲ့ ပြစ်မှု စွဲမယ်၊ ကုန်ဈေးနှုန်းတက်လို့ တက်တယ် ပြောတာကို အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ စွဲမယ်ဗျာ၊ ဒီလို ပြစ်မှုပုဒ်မတွေနဲ့က ဘယ်လိုပဲ ဖြစ်ဖြစ် စွဲလို့ရတယ်၊ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က အများနဲ့ဆိုင်တဲ့ ကိစ္စရပ်ဆိုတော့ ဒါ နိုင်ငံရေး အလုပ်လုပ်တာပဲ၊ အဲဒီလူကို ဖမ်းပြီး ပြစ်မှုနဲ့ ထောင်ချတာပဲ”ဟု လည်း ပြောဆိုသည်။
ထို့အပြင် သတင်းစာ၌ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ တွင် ပုဒ်မ ၅ နှင့် ၅(ည)သည် အများပြည်သူ အေးချမ်း တည်ငြိမ်ရေး ထိပါးနှောင့်ယှက်သူကို ၀ရမ်းမပါဘဲဖမ်းဆီးနိုင်ပြီး ၂ လ အထိ ချုပ်နှောင်ထားနိုင်ကြောင်း၊ ယင်း ပုဒ်မအရ ခေါ်ယူထိန်းသိမ်း ခံရသူအများစုသည် နိုင်ငံရေးသမားများ ဖြစ်သောကြောင့် နိုင်ငံရေး ပုဒ်မအဖြစ် ကင်ပွန်းတပ်ကြခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
“မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရေးသမားကို သပ်သပ်စွဲတဲ့ ပုဒ်မရယ်လို့ သတ်မှတ်ပြဌာန်းထားတော့ မရှိဘူး၊ ပုဒ်မ ၅ ဆိုတာကို ဟိုတုန်းက နိုင်ငံရေးသမားတွေက ၅ စွဲတယ်လို့ ခေါ်ကြတယ်၊ အဲဒီလို ပုဒ်မ ၅ နဲ့ စွဲတဲ့ လူတွေက ဘယ်လို အဆင့်အတန်းရှိသလဲ ဆိုတော့၊ နိုင်ငံရေး အဆင့်အတန်း ရှိတယ်၊ တက္ကသိုလ် ကျောင်းသား အဆင့်အတန်းရှိ တယ်၊ ကျောင်းသားတွေဆိုရင် ထောင်ကနေ၊ အချုပ်ကနေ စာမေးပွဲဖြေလို့ရတယ်၊ အဲဒီလို အဆင့်အတန်းနဲ့ထားတာ၊ အဲဒီ ဂုဏ်သရေရှိတဲ့လူတွေ အချုပ်ခံရစဉ် အေ၊ ဘီ၊ စီ ကလပ်စ် တွေနဲ့ ထားတာ၊ နောက် ဦးနေ၀င်း တက်လာတော့မှ ထောင် တွေမှာ နောင် ဇိမ်နဲ့ နေရတော့မှာမဟုတ်ဘူး ဆိုပြီး ကလပ်စ် တွေကို ဖျက်ပစ်လိုက်တာ”ဟု ဦးအောင်သိန်းက ရှင်းပြသည်။
ယင်းသို့ နိုင်ငံရေးသဘောဆောင်သည့်မှုခင်းများ၊ အစိုးရကို ဆန့်ကျင်သည့် မှုခင်းများ၊ လူ့အဖွဲ့အစည်းတရပ် ပြောင်းလဲရန် ကြိုးစားသည့် မှုခင်းများနှင့်ပတ်သက်၍ နိုင်ငံတော် လုံခြုံရေးထိပါးသည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရက ကျူးလွန် သူအား ပုဒ်မ ၁၀(က) အရ ၁ နှစ်၊ ၁၀(ခ) အရ ၅ နှစ်အထိ တရားရုံး အမိန့်မယူ၊ ရမန် မယူဘဲ သက်တမ်းတိုး ချုပ်နှောင်မှု များကို လက်ရှိပြုလုပ်နေသည်ဟု ဦးအောင်ထူးကလည်း ပြောဆိုသည်။
ဦးအောင်ထူးကဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဥပဒေ စိုးမိုးရေးအခြေခံမှာ ရာနှုန်းပြည့် နီးပါး လုံးဝ ပျက်စီးသွားကြောင်း၊ ဥပဒေကို ဥပဒေအတိုင်း ကျင့်သုံးခြင်းမရှိကြောင်းနှင့် တည်ဆဲဥပဒေများကိုပါ ဆန့်ကျင်၍ ဖမ်းချင်သည့် သူက ဖမ်းဆီးချင် သလို ဖမ်းနေကြောင်း ပြောသည်။
“စစ်သားက ဖမ်းခွင့်မရှိဘူး၊ အရပ်ဝတ် ၀တ်ထားတဲ့ လူ က ဖမ်းခွင့်မရှိဘူး၊ သူတို့က ဘယ်အခါမှာ ဖမ်းခွင့်ရှိ သလဲ ဆိုရင် ရဲ အရေးပိုင်တဲ့ ပြစ်မှုမျိုး၊ လူသတ်မှုအကြီးအကျယ် ကျူးလွန်တဲ့အခါမျိုးမှာ၊ ရဲက အကူအညီတောင်း ပြီး ဖမ်းခိုင်းတာမျိုးမှာ ၀င်ဖမ်းလို့ရတယ်၊ တခြားအမှုအခင်းတွေမှာ အရပ်ဝတ်နဲ့ လူတွေ ၀င်ဖမ်းခွင့်မရှိဘူး၊ ကြံ့ဖွံ့ တွေ ဖမ်းခိုင်းတာဟာ တည်ဆဲ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဖမ်းချင်သလိုဖမ်းတာဖြစ်တယ်၊ အခုပဲ ဒေါ်အောင်ဆန်း စုကြည် ကို ၅ နှစ် ပြည့်ရင် လွှတ်ရမှာ ဆက်ချုပ်ထားတယ်၊ ဥပဒေကို ဥပဒေအတိုင်း မကျင့်သုံးဘဲ အာဏာနဲ့ လိုသလို ကျင့်သုံး နေတာပါ”ဟု ဦးအောင်ထူးက ဝေဖန်သည်။
ယခုကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းချင်သလိုဖမ်း၍ ပုဒ်မများ တပ်ချင်သလို ပြောင်းတပ်နေခြင်းသည် Due process of law ဟု ခေါ်ဆိုသော ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေတွင် သတ်မှတ်ဖော်ပြထားသည့် ဥပဒေ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် နှင့် အရေးယူအပြစ်ပေးရမည်ဟူသော အခြေခံပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ် ကြောင်းလည်း ဦးအောင်ထူးက သုံးသပ်သည်။ ။
ကိုးကား — ၁။ ရာဇသတ်ကြီး (Penal Code)

၂။ ဥပဒေ ဝေါဟာရများ
၃။ မြန်မာသတင်းစာများ
၎။ Hamurabi’s Code of Law

အပြည့်အစုံဖတ်လိုလျှင်

နေပြည်တော်ဝန်ကြီးများကို ရာထူးမှထွက်ပြီး နိုင်ငံရေးလုပ်ခိုင်းမည်

NEJ/ ၂၈ ဇူလိုင် ၂၀၀၈

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်မည့် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ နေပြည်တော် ၀န်ကြီးအချို့ကို တာဝန်ပေးမည်ဖြစ်ရာ နိုင်ငံရေးလိုင်းဝင်မည့် ၀န်ကြီးများ ၀န်ကြီးရာထူးမှ နုတ်ထွက်ပြီး အာဏာလက်လွတ်ဖြစ်မည်ကို စိုးရိမ်နေသည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အထူးသဖြင့် ၀န်ကြီးအဖွဲ့တွင် အသက်အကြီးဆုံးဖြစ်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလို ၀န်ကြီးတွေပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သည့်တိုင် ရာထူးမှထွက်ပြီး ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီခေါင်းဆောင် လုပ်ခိုင်းမှာ စိုးရိမ်နေသည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။
သို့သော် အသက်ကြီးသည့် လက်ရှိဝန်ကြီးတွေကို သက်ဆိုင်ရာဇာတိမြေ တိုင်းအလိုက် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေးပါတီတွေ ဖွဲ့ဘို့ တာဝန်ပေးခြင်းဖြင့် ၀န်ကြီးရာထူး နေရာသစ်များ ပေါ်လာနိုင်သည်- ထို့ပြင် နောက်တက် ဗိုလ်ချုပ်များကို ၀န်ကြီးရာထူး ပေးနိုင်ခြင်း၊ အသက်ကြီး ၀န်ကြီးတွေကို အချိုသတ်ပြီး ရုံခါနိုင်ခြင်းတို့ကြောင့် နေပြည်တော် ၀န်ကြီးများ ရာထူးလက် လွတ်ပြီး နိုင်ငံရေးလုပ်ရမှာ ထိတ်လန့်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ဘို့ တာဝန်ပေးရာတွင် စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းကို မန္တလေးတိုင်း နိုင်ငံရေးပါတီ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီကို ကွမ်းခြံကုန်းစသဖြင့် ၀န်ကြီးများ ဇာတိမြေအလိုက် ကြံ့ဖွံအသွင်ပြောင်း နိုင်ငံရေးပါတီများကို ခေါင်းဆောင်ခိုင်းမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းဆိုလျှင် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများ၌ ဆန္ဒပြသူ များအား ရိုက်နှက်ခိုင်းခဲ့သည့် စွမ်းအားရှင်များကိုလည်း နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် မယုံသဖြင့် ပင်စင်သွားသည့် ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများကို နိုင်ငံရေးပါတီထဲ ၀င်ခိုင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။
ဝန်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေး လုပ်ရမည်ဆိုလျှင် အာဏာမရှိတော့ဘဲ လူထု အရိုက်ခံရမှာကို စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း စိုးရိမ်နေသည်ဟု စက်မှု (၁) အရာရှိများက ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ပြည်တွင်းဂျာနယ်များ မုန်တိုင်းနောက်ဆက်တွဲသတင်းရေးခွင့် စာပေစိစစ်ရေးပိတ်

NEJ/ ၂၈ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြချက်များကို နအဖစစ်အစိုးရ စာပေစိစစ်ရေးက ပိတ်ပင်လိုက်ကြောင်း ပြည်တွင်း သတင်း ရပ်ကွက်မှ ပြောကြားသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပျက်စီးမှု ဓာတ်ပုံများ၊ ကိုယ်တွေ့ကြုံရသည့် လေဘေး ဒုက္ခသည်များ၏ အသံများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ကြသည့် အလှူရှင်များ၏ အသံ များကို ပြည်တွင်းဂျာနယ်များတွင် တပတ်ခန့် ဖော်ပြခွင့် ရရှိခဲ့ကြပြီးနောက် ယခုကဲ့သို့ ပိတ်ပင် လိုက်ခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေဘေးသင့်ဒေသများတွင် အလှူရှင်များ ကွင်းဆင်းလှုပ်ရှားမှု အတွေ့အကြုံများ၊ စာသင်ကျောင်း များတည်ဆောက်ရန် လိုအပ်သည့် ပညာရေးသတင်းများ အစရှိသည့် နာဂစ်နှင့်ပတ်သက်သော သတင်းများကို ပြည်တွင်းဂျာနယ်များတွင် ဖော်ပြခွင့် မရတော့ကြောင်း ဂျာနယ်တိုက်များမှ စုံစမ်း သိရှိရသည်။
အပတ်စဉ်ထုတ် ဂျာနယ်များက နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ မူကြမ်းရေးသား တင်ပြချက်များကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးအဖွဲ့က ယခုရက်ပိုင်းအတွင်း ပိုမိုပယ်ချ လာခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးရုံးသို့ သွားရောက်ရုံးတင်နေသည့် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် (၂၂) ရက်က ပြုလုပ်ခဲ့သည့် နာဂစ်ရန်ပုံငွေ ကာတွန်းပြပွဲသတင်းနှင့် လာမည့် သြဂုတ် (၃) ရက်တွင် ကျင်းပမည့် နာဂစ်ရန်ပုံငွေ မြန်မာနိုင်ငံ Hip Hop ပွဲတော် သတင်းကြိုတင် ရေးသားမှုများကိုလည်း စာပေစိစစ်ရေးက သတင်းဂျာနယ်အားလုံးကို ပယ်ချခဲ့ကြောင်း သိရသည်။
ပြည်တွင်းမှ သတင်းအယ်ဒီတာတဦးက “Hip Hop ပွဲတော်သတင်းကို သတင်းဂျာနယ်တွေမှာတော့ ထည့်ခွင့်မရဘူး၊ ဒါပေမယ့် အနုပညာဂျာနယ် တချို့မှာတော့ ရတယ်ကြားတယ်။ ဒီလိုမဖြစ်သင့် ဘူး။ အားလုံး မထည့်စေချင်လည်း မထည့်နဲ့ပေါ့၊ ခုတော့ အနုပညာကျရေး၊ သတင်းဂျာနယ်ကျ မရေးနဲ့ဆိုတာ လုံးဝမတရားတဲ့ ကိစ္စပဲ” ဟု ပြောသည်။
နာဂစ်သတင်းနှင့် ပတ်သက်၍ ခွင့်ပြုချက်မရဘဲ ရေးသားသည့် သတင်းဂျာနယ်များကို စာပေစိစစ် ရေးက ခေါ်ယူကာ နောက်နောင် ခွင့်မပြုသည့် ရေးသားချက်များကို ကိုယ့်သဘောနှင့်ကိုယ် မရေး သားပါဟု ၀န်ခံလက်မှတ် ထိုးခိုင်းကြောင်း သိရသည်။
သတင်းဂျာနယ်များအနေဖြင့် အစိုးရဌာနဆိုင်ရာသတင်းများ ရေးသားရာတွင် ဌာန၏ ဘက်တခု တည်းအမြင်ကို ရေးသားခွင့် ရသော်လည်း သတင်းအချက်အလက်ပြည့်စုံရန် အခြားအမြင်များ ထည့်သွင်းရေးသားပါက စာပေစိစစ်ရေးက ဖြုတ်ခိုင်းကြောင်း အဆိုပါ သတင်းအယ်ဒီတာက ပြောသည်။
၎င်းက “ကျနော်တို့ သတင်းထောက်တွေဟာ အမှန်ကို အမှန်အတိုင်း ရေးသားခွင့် မရှိတဲ့အတွက် သတင်းတွေဟာ ကြာလေလေ သတင်းတန်ဖိုးကျလာလေ ဖြစ်နေပြီ” ဟု ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းဆောင်းပါးများ ဖော်ပြရေးသားနေသော ဇူလိုင်လထုတ် နာမည်ကြီး မဂ္ဂဇင်းတခုတွင်လည်း သတင်းထောက်များ ရေးသားသော မြင်ကွင်း ဆောင်းပါးများ အပုဒ်လိုက် အဖြုတ်ခံရကြောင်း သိရသည်။
“ဒီမြင်ကွင်းကတော့ အဆိုးအကောင်း ဒွန်တွဲပါတာပေါ့။ ဒါကို စာပေစိစစ်ရေးက စာစစ်မှူးတွေက ဖြုတ်တယ်။ သတင်း၊ ဆောင်းပါးတွေရေးပြီး ဘ၀ရပ်တည်နေရသူတွေအတွက် အခုလို သတင်း တွေအဖြုတ်ခံရတာဟာ ထိခိုက်တာပဲ” ဟု ပြည်တွင်းမှ သတင်းထောက်တဦးက ပြောသည်။
စာပေစိစစ်ရေးက သတင်းဂျာနယ်များကို အပြုသဘောဆောင်သည့် ရေးသားချက်များကိုသာ လိုလားပြီး ဌာနဆိုင်ရာအချို့၏ လုပ်ဆောင်ချက်များကို ရေးသားပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကို တောင်းဆိုကြောင်း သတင်းဂျာနယ်များမှ သိရသည်။
အစိုးရသည် သတင်းသမားများကို အမြဲစောင့်ကြည့်ကာ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ယခုအခါ ပြည်တွင်းရှိ Ecovision ဂျာနယ်မှ မအိမ့်ခိုင်ဦးနှင့် မြန်မာထရီဗြူးဂျာနယ်မှ ဦးအောင်ကျော်ဆန်း၊ ဘလော့ဂ်ရေးသည့် ဇာဂနာ၊ ကဗျာရေးသည့် စောဝေ၊ ဘလော့ဂါ နေဘုန်းလတ်၊ ဂျာနယ်လစ် ကိုဇော်သက်ထွေး၊ ပြည်တွင်းအနုပညာ သတင်းဂျာနယ်များတွင် အယ်ဒီတာလုပ်ခဲ့သော ဥာဏ် လင်းအောင်တို့ကို ဖမ်းဆီးထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ငပုတောမြို့နယ်ရှိ လယ်သမားများအတွက် ရေစုပ်စက်များ အရေးပေါ်လိုအပ်

ပီတာအောင် / ၂၈ ဇူလိုင် ၂၀၀၈

ဧရာဝတီတိုင်း ငပုတောမြို့နယ် ပြင်ခရိုင်ဒေသရှိ လယ်သမားများအတွက် သောက်သုံးရေကန်များ ပြန်လည်တူးဖော်နိုင်ရန် ရေစုပ်စက်များ အရေးတကြီး လိုအပ်နေသည်ဟု ပုဂ္ဂလိက မုန်တိုင်းဘေး ကယ်ဆယ်ဆောင်ရွက်ပေးနေသူတို့က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုဒေသ၌ ရေတွင်းတူးပါက ရေချိုမထွက်ဘဲ ရေငန်သာ ထွက်သဖြင့် ဒေသခံလယ်သမားများအနေ ဖြင့် အကျယ် ပေ (၃၀)၊ အနက် (၁၀) ပေခန့်ရှိ ရေကန်များတူး၍ မိုးရေ စုဆောင်းကာ အသုံးပြုလေ့ ရှိသော်လည်း နာဂစ်မုန်တိုင်းကြောင့် ပင်လယ်ရေငန်နှင့် ရွှံ့နွံများဝင်ကာ ရေကန်များ ပျက်စီးသွား ခဲ့ရသည်။
ထိုဒေသသို့ ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ခဲ့သည့် ပုဂ္ဂလိက အလှူရှင် ဦးမင်းဆွေက “အဲဒီမှာ အရေးကြီးတဲ့ပြဿနာ တခုရှိနေတယ်။ အဲဒါ သူတို့ရဲ့လယ်ကွင်းတွေထဲမှာ သောက်ရေကန်တွေ လယ်သမားတွေက တူးထားတာရှိတယ်။ အဲဒီကွင်းတွေထဲမှာရှိတဲ့ သောက်ရေကန်ပေါင်း များစွာကို ကျတော့ ဘယ်သူကမှ အကူအညီမပေးဘူး။ အန်ဂျီအိုတွေကလည်း လယ်ယာစိုက်ပျိုးရေးမှာ ကူညီ ပံ့ပိုးမှု အားနည်းတယ်။ လယ်ကွင်းတွေထဲမှာရှိတဲ့ လယ်သမားတွေရဲ့ကန်တွေကို ဘယ်သူကမှ ဘာလို့ဖော်မပေးသလဲဆိုတာ နားမလည်ဘူး” ဟု ပြောသည်။
လက်ရှိအချိန်သည် မိုးတွင်းကာလဖြစ်၍ လယ်သမားများသည် တံစက်မြိတ်မှ မိုးရေခံကာ သောက် သုံးပြီး ကျွဲ၊ နွားများသည်လည်း လယ်ကွင်းထဲမှ မိုးရေကိုပင် သောက်သုံးနေကြသဖြင့် ပြဿနာ မရှိသော်လည်း နွေရာသီ၌ လူနှင့် ကျွဲနွားတိရိစ္ဆာန်များ သောက်သုံးရေ ရှားပါးပြတ်လပ်မှု အခက် အခဲနှင့် ရင်ဆိုင်ရမည်ကို ဒေသခံလယ်သမားများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ပြင်ခရိုင်နှင့် သင်္ကန်းကုန်းရွာတို့တွင် အန်ဂျီအို အများအပြား လာရောက်၍ ကျောင်းဆောက်ပေးခြင်း၊ ရေလောင်းအိမ်သာ ဆောက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည့် အကူအညီများ ပေးနေကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်သမားများ၏ ကြုံတွေ့နေရသည့် သောက်သုံးရေ အခက်အခဲကိုလည်း အစိုးရနှင့် အန်ဂျီအိုအဖွဲ့အစည်းများက အမြန်ဆုံး ကူညီဖြေရှင်းပေးသင့်သည် ဟု ဦးမင်းဆွေက ပြောသည်။
ငပုတောမြို့နယ်အတွင်းရှိ သင်္ကန်းကုန်း၊ ပြင်ခရိုင်၊ ချောင်းဝ၊ ကညင်ငူ၊ ၀ါးကုန်း၊ ဥက္ကယ်သောင်ရွာ များ၊ မော်တင်စွန်း အငူတ၀ိုက်နှင့် ဟိုင်းကြီးကျွန်းတ၀ိုက်ရှိ ကျေးရွာများတွင်လည်း အလားတူ ပြဿနာမျိုး ကြုံတွေ့နေရကြောင်း သိရသည်။ ထိုဒေသသည် နာဂစ်မုန်တိုင်း ဦးစွာ ၀င်ရောက်တိုက် ခတ်ခဲ့သည့် ဒေသဖြစ်ပြီး ယင်းနောက် လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ စသည့် ဒေသများသို့ ၀င်ရောက်တိုက်ခတ်ခဲ့သည်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် ရေကန် (၄၃) ရာခိုင်နှုန်း ပျက်စီးသွားကြောင်းနှင့် ရေကန် အတွင်း မိုးရေစုဆောင်း၍ ခြောက်သွေ့ရာသီ၌ အသုံးပြုခြင်းသည် ထိုဒေသ၌ နေထိုင်သူတို့၏ အဓိက ရေအရင်းအမြစ်ဖြစ်ကြောင်း မြန်မာ၊ အာဆီယံနှင့် ကုလသမဂ္ဂ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ နာဂစ်မုန်တိုင်းအလွန် ပူးတွဲအကဲဖြတ်ချက် အစီရင်ခံစာ (PONJA) ၌ ဖော်ပြထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အစိုးရအဝေးပြေး ကားခဈေးနှုန်း မှောင်ခိုဖြစ်

NEJ/ ၂၈ ဇူလိုင် ၂၀၀၈

အစိုးရ အဝေးပြေးယာဉ်လိုင်း ကြီးကြပ်ထိန်းသိမ်းရေးကော်မတီက သတ်မှတ် ကားခဈေးနှုန်း ထက် ပိုရောင်းသည့်ကားလိုင်းများကို အရေးယူမည်ဟု ကြေညာခဲ့ပြီးနောက် ခရီးသည်များမှာ ကားခဈေးနှုန်းများကို မှောင်ခိုပေး ၀ယ်နေကြရသည်။
ရန်ကုန်မှ မော်လမြိုင်၊ မန္တလေး အစရှိသည့် နယ်မြို့များကို သွားသည့် ကားခဈေးနှုန်းများမှာ အမှန်မရှိတော့ဘဲ မှောင်ခိုသဘော ရောင်းချနေကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင် (၂၇) ရက်က မော်လမြိုင်သွားရန် ကားလက်မှတ် စုံစမ်းခဲ့သူတဦးက “ကျမ မော်လမြိုင် သွားဖို့ ကားလက်မှတ် ဈေးနှုန်းမေးတော့ ရာဇာမင်းကားလိုင်းက ဈေးနှုန်းကို တယ်လီဖုန်းထဲမှာ မပြောနိုင်ဘူး။ လက်မှတ်ရောင်းဌာနမှာ တခါတည်း လာဝယ်မှ ရမယ်လို့ဆိုတယ်” ဟု ပြောသည်။
အစိုးရ အဝေးပြေးယာဉ်လိုင်းများ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီက ဇူလိုင် (၂၆) ရက်မှစပြီး ကားခဈေးနှုန်းများကို တိုးမြှင့်ရောင်းချရန် သတ်မှတ်ပေးခဲ့ပြီး သတ်မှတ်ဈေးနှုန်းထက် ပိုရောင်း သည့် ကားလိုင်းများကိုလည်း ဒဏ်ရိုက် အရေးယူမည်ဟု ကြေညာခဲ့သည့်အတွက် ယခုကဲ့သို့ ကားခဈေးနှုန်းများ မှောင်ခိုရောင်းချလာကြခြင်း ဖြစ်ကြောင်း မန္တလေးယာဉ်လိုင်းတခုမှ အရောင်း စာရေးတဦးက ပြောသည်။
၎င်းက “အခု ညွှန်ကြားချက် မတိုင်မီကတည်းက ကားခဈေးနှုန်းတွေဟာ အစိုးရ သတ်မှတ်ချက် ထက် ပိုများနေတယ်။ ဥပမာ မန္တလေး ကားခဆို အရင်က အစိုးရသတ်မှတ်ချက် ကျပ် (၈,၀၀၀) ခန့်သာ ရှိပေမယ့် ကားဂိတ်တွေမှာ ကျပ် (၁၁,၀၀၀) လောက် ရောင်းကြတယ်။ အခု ရန်ကုန်-မန္တလေးကားခကို ကျပ် (၁၀,၀၀၀) တိုးမြှင့်သတ်မှတ်လိုက်တော့ ကားဂိတ်တွေက ကျပ် (၁၂,၀၀၀) ရောင်းနေကြတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ပြေးဆွဲနေသည့် အဝေးပြေး ကားလိုင်းအားလုံးကို အဝေးပြေးယာဉ်လိုင်း ကြီးကြပ် ထိန်းသိမ်းရေးကော်မတီက ထိန်းချုပ်ထားကာ အဝေးပြေးယာဉ်လိုင်း တည်ထောင်ပြေးဆွဲခွင့် ကိုလည်း စစ်အစိုးရက ထိန်းချုပ်ထားပြီး စစ်မှုထမ်းဟောင်း၊ ကြံ့ဖွံ့ကဲ့သို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်သူများသာ လုပ်ခွင့်ရကြသည်။
ထို့ကြောင့် ကားလိုင်းများအကြား ပြိုင်ဆိုင်မှု နည်းပါးပြီး ဈေးနှုန်းကြီးမြင့်ခြင်း၊ ၀န်ဆောင်မှု ညံ့ဖျင်းခြင်းတို့ ရှိသော်လည်း ခရီးသွားပြည်သူများမှာ ရွေးချယ်စရာ မရှိသည့်အပြင် အစိုးရက ဘတ်စ်ကား တင်သွင်းခွင့် ပိတ်ပင်ထားသည့်အတွက် အဝေးပြေးယာဉ်အများစုမှာ ဟောင်းနွမ်း ချို့ယွင်းနေကြာင်း အဆိုပါ အရောင်းစာရေးဖြစ်သူက ပြောသည်။ အစိုးရက ယာဉ်လိုင်းများကို ဒီဇယ်ဆီ ခွဲတမ်းနှင့် ထုတ်ပေးပြီး ကားခဈေးနှုန်းကို သတ်မှတ်ပေး သော်လည်း ကားလိုင်းအားလုံးလိုလိုက တွက်ခြေမကိုက်၍ ကားခဈေးနှုန်းများကို တိုးမြှင့် ကောက်ခံလျက်ရှိကြကြောင်း သိရသည်။
ကားခဈေးနှုန်း တိုးမြှင့်ကောက်ခံ၍ အဝေးပြေးယာဉ်လိုင်း ကြီးကြပ်ထိမ်းသိမ်းရေး ကော်မတီကို တိုင်ကြားသည့်အခါတွင်လည်း အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ကိုယ်တိုင်လာတိုင်ရမည်၊ မှတ်ပုံ တင် အိမ်ထောင်စုစာရင်းများ ယူလာရမည်၊ အမှုစစ်ဆေးနေစဉ် ခေါ်သည့်အခါ မှန်မှန် လာရမည် ဆိုသည့်အချက်များကြောင့် နယ်အပါအ၀င် ရန်ကုန်မှ ခရီးသွားများက တိုင်ကြားနိုင်ခြင်း မရှိ ကြပေ။
ယခုကဲ့သို့ စစ်အစိုးရက ဈေးနှုန်းသတ်မှတ်မှုများ ရှိသော်လည်း ကားလိုင်းများက ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်းသည် ထုံးစံလိုဖြစ်နေပြီး ခရီးသွားပြည်သူများကလည်း မည်သို့မျှ မတတ်နိုင်ဘဲ ပြောသည့်ဈေးနှုန်းအတိုင်း ၀ယ်ယူစီးနင်းနေကြရကြောင်း မြို့ခံများက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

ဗြိတိန်နိုင်ငံ လွိုဒ်အာမခံကုမ္ပဏီနှင့် စစ်အစိုးရပတ်သက်မှု ဖော်ထုတ်တော့မည်

The Observer/NEJ/ ၂၈ ဇူလိုင် ၂၀၀၈

မြန်မာစစ်အစိုးရပိုင် မြန်မာ့လေကြောင်းကုမ္ပဏီအား လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံကုမ္ပဏီ (၃) ခုက ယခုနှစ် အစောပိုင်းတွင် အာမခံပေးခဲ့ကြောင်း ဘားမားကန်ပိန်း (ယူကေ) အဖွဲ့က ယခုသီတင်းပတ်အတွင်း ဖော်ထုတ်တော့မည့်အကြောင်း လန်ဒန်မြို့ တနင်္ဂနွေနေ့ထုတ် The Observer သတင်းစာက ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံကုမ္ပဏီများမှာ Kiln, Atrium နှင့် Catlin တို့ ဖြစ်သည်ဟု The Observer သတင်းစာမှာ ဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လန်ဒန်အခြေစိုက် The Burma Campaign (U.K) ကို ခေတ်ပြိုင်က မေးမြန်းရာ အစီရင်ခံစာ အသေးစိတ်ကို ဇူလိုင် (၂၉) တွင် ထုတ်ပြန်မည်ဟုသာ ဖြေကြားခဲ့သည်။
လန်ဒန်အာမခံလုပ်ငန်းများက မြန်မာစစ်အစိုးရအား ကျားကန်ပေးနေခြင်းကို ဖော်ထုတ်နိုင်မှုသည် လန်ဒန်ငွေကြေးရပ်ကွက်မှ ကုမ္ပဏီကြီးများအား မျက်နှာပူစေမည့် ကိစ္စဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ The Observer သတင်းစာကြီးက လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံ ကုမ္ပဏီများအား ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ပြောဆိုရန် အဆိုပါကုမ္ပဏီများက ငြင်းဆို ခဲ့သည်။
လွိုဒ်ကုမ္ပဏီအုပ်စုမှ အခြားကုမ္ပဏီများကလည်း မြန်မာစစ်အစိုးရ၏ ရေကြောင်းလုပ်ငန်းများ အတွက် အာမခံပေးရန် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ရေကြောင်းနှင့် လေကြောင်းအာမခံများ မရှိပါက မြန်မာစစ်အစိုးရအနေဖြင့် ၎င်းတို့အတွက် နိုင်ငံခြားငွေအဓိက ရရှိစေသော ကျောက်မျက်၊ သစ်၊ အ၀တ်အထည်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို တင်ပို့နိုင်တော့မည် မဟုတ်ပေ။
ဘားမားကန်ပိန်း (ယူကေ) အဖွဲ့၏ အဆိုပါလှုပ်ရှားမှုသည် လန်ဒန်ရှိ လွိုဒ်အာမခံလုပ်ငန်းကြီးက ၎င်း၏ အုပ်စုဝင်ကုမ္ပဏီများကို မြန်မာနိုင်ငံ၌ စီးပွားရေး မလုပ်ရန် တိုက်တွန်းချက်များ ဖြစ်ပေါ် လာစေရန် ရည်ရွယ်သည်။ လွိုဒ်အာမခံလုပ်ငန်းကြီး၏ ဥက္ကဋ္ဌ လော့ဒ် လီဗင်နှင့် ဆွေးနွေးနိုင် ရန်လည်း စည်းရုံးလှုပ်ရှားသူများက တောင်းဆိုနေသည်။
“လွိုဒ်အုပ်စုဝင်တွေအပါအ၀င် အာမခံကုမ္ပဏီတွေဟာ ကျင့်ဝတ်သိက္ခာထက် အကျိုးစီးပွားကို ဦးစားပေးနေတာပါ။ သူတို့က ကျင့်ဝတ်နဲ့အညီ လုပ်နေတဲ့ပုံစံ ဟန်ဆောင်နေကြပေမယ့် တကယ် ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အစိုးရဟာ လူမျိုးတုံးသတ်ဖြတ်ဖို့၊ လူထုကို ဖိနှိပ် အုပ်ချုပ်ဖို့အတွက် သူတို့ဆီကရတဲ့ ငွေတွေနဲ့ လက်နက်ခဲယမ်းနဲ့ တင့်ကားတွေ ၀ယ်မှာကို အဲဒီကုမ္ပဏီတွေက ဂရုစိုက်ကြတာ မဟုတ်ပါဘူး” ဟု ဘားမားကန်ပိန်း (ယူကေ) အဖွဲ့မှ တာဝန်ခံတဦးဖြစ်သူ ဂျော်နီ ချတ်တာတန်က ပြောသည်။
လွိုဒ်အာမခံကုမ္ပဏီကြီးကမူ ၎င်း၏အုပ်စုအဖွဲ့ဝင်များအနေဖြင့် မြန်မာစစ်အစိုးရ၏ ကူးသန်းသွား လာရေးလုပ်ငန်းများကို အာမခံပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံ တကာပိတ်ဆို့မှုများ တရားဝင် ချမှတ်ထားသော်လည်း ၎င်းတို့အနေဖြင့် မည်သည့်အခန်းကဏ္ဍ၌ စီးပွားရေးလုပ်နိုင် မလုပ်နိုင်ကို ဈေးကွက်အား လမ်းညွှန်ခြင်း မရှိကြောင်း ယမန်နေ့က ထုတ်ဖော် ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းက မြန်မာနိုင်ငံနှင့် ဆက်စပ်လုပ်ကိုင်နေသော မည်သည့်စီးပွား ရေးလုပ်ငန်းကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ယခင်ကဖော်ပြခဲ့ဖူးသဖြင့် လွိုဒ်အာမခံကုမ္ပဏီကြီး ယခုကဲ့သို့ အလျော့ပေးမှု မရှိခြင်းသည် ဗြိတိသျှအစိုးရအား ၀င်ရောက်စွက်ဖက်လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။ သို့သော် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လွိုဒ်နှင့် ဆွေးနွေးမှုရှိမရှိမှာမူ မရှင်းလင်းသေးပေ။
ဘားမားကန်ပိန်း (ယူကေ) အဖွဲ့ကြီး၏ မကြာမီထုတ်ပြန်မည့် အစီရင်ခံစာ၌ မြန်မာနှင့်ပတ်သက် သည့် အခြားအာမခံကုမ္ပဏီ (၈) ခု၏ လုပ်ရပ်များကိုပါ ဖော်ထုတ်မည်ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ချင်းမိုင်မှာ အာရှဌာနေတိုင်းရင်းသားပွဲတော်ကျင်းပ


ကျော်ထင်/ ၂၈ ဇူလိုင် ၂၀၀၈

ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား အခွင့်အရေး ကြေညာစာတမ်းကို ဂုဏ်ပြုသည့်အနေဖြင့် အာရှဒေသ ဌာနေတိုင်းရင်းသားပွဲတော်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများက ၎င်းတို့အခွင့်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါပွဲတော်သို့ တရုတ်၊ ဂျပန်၊ တိုင်ဝမ်၊ အိန္ဒိယ အပါအ၀င် အာရှ (၁၅) နိုင်ငံမှ ဌာနေတိုင်းရင်း သားကိုယ်စားလှယ် (၃၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။
ပွဲတော်သို့ တက်ရောက်ခဲ့သူ ချင်းအမျိုးသား ဒေါက်တာရွှေခါးက မြန်မာနိုင်ငံမှ ဌာနေတိုင်းရင်းသား များအခွင့်အရေးကို ဒေသတွင်းနိုင်ငံများမှ ဌာနေတိုင်းရင်းသား အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး၊ မြေယာပိုင်ဆိုင်ခွင့်၊ ရိုးရာဓလေ့ ထုံးစံအရ တရားစီရင်ရေးများအပြင် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် အခွင့်အရေးပိုင်းဆိုင်ရာ များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြောသည်။
၎င်းက “အခုချိန်မှာ ပြောင်းလဲနေတာက ဘာလဲဆိုတော့ အမျိုးသမီးအခွင့်အရေး၊ ဒီအခွင့်အရေး ဆုံးရှုံးခြင်းခံရတာက လွှမ်းမိုးအုပ်စိုးတဲ့ လူ့အဖွဲ့စည်းထဲမှာတင်သာမက ဌာနေတိုင်းရင်းသားတွေရဲ့ လူ့အဖွဲ့အစည်းမှာလည်း ရှိတယ်လေ။ သူနည်းသူ့ဟန်နဲ့ ပြုပြင်ပြောင်းလဲနေတာရှိတယ်။ ဒါကို ကျနော်တို့ အချင်းချင်း ဖလှယ်ကြခြင်းအားဖြင့် ပိုမိုကောင်းမွန်လာမယ်လို့ ယူဆတယ်” ဟု ပြောသည်။ တိုင်ဝမ်ကိုယ်စားလှယ်တဦးက “ဒီကိုရောက်လာတဲ့ ကျမတို့အားလုံးဟာ ဌာနေတိုင်း ရင်းသားတွေ ဖြစ်ကြတာနဲ့အညီ အခွင့်အရေးတွေအတွက် စုပေါင်းလုပ်ဆောင်ကြမှာ ဖြစ်တယ်။ ကျမတို့ရဲ့ ခံစား ချက်တွေ၊ လိုလားချက်တွေ၊ အခွင့်အရေးတွေကို တခြားလူတွေ သိနားလည်နိုင်ဖို့ လိုတယ်လေ။ အထူးသဖြင့် နိုင်ငံတကာက ဌာနေတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့အတွက် အဓိက ပါပဲ” ဟု ပြောသည်။
အခွင့်ရေးပိုင်းဆိုင်ရာ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၊ သဘာဝပတ်ဝန်းကျင်နှင့် စီပွား ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NEED) ခေါင်းဆောင် ခိုင်ဓူဝံက အခြားနိုင်ငံမှ ကိုယ်စားလှယ်များ၏ ဆွေနွေးချက်သည် ၎င်းတို့အတွက် အလေးနက်ထားစရာဖြစ်ကြောင်း ပြောသည်။
၎င်းက “ကျနော်တို့တွေက ပြည်ပမှာ အခြေခံပြီး လုပ်ရတဲ့သူတွေဖြစ်တယ်။ ပြည်တွင်းကလာတာ မဟုတ်ဘူး။ အခြားလူတွေမှာကျတော့ သူတို့သက်ဆိုင်ရာ နိုင်ငံတွေက လာကြတာ။ သူတို့ရဲ့ ဒေသ တွေမှာ လက်တွေ့ကြုံတွေ့နေရတဲ့ အခြေနေတွေအပေါ် သူတို့ရဲ့ အခွင့်ရေးပိုင်းဆိုင်ရာတွေကို တင်ပြလာတဲ့အခါမှာကျတော့ ကျနော်တို့ထက် ပိုပြီးပြည့်စုံတယ်လေ” ဟု ပြောသည်။
ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်းကို ၂၀၀၇ ခု စက်တင်ဘာ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဌာနေတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ၊ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးအပါအ၀င် အခွင့်အရေးများနှင့် ပတ်သက်၍ အဆိုပါကြေညာ စာတမ်းတွင် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်