စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, March 2, 2008

နအဖရဲ့ လူထုဆန္ဒခံယူပွဲ နဲ့ တရားမျှတမှုမရှိ၊ဒီမိုကရေစီအသွင်ကို မဖော်ဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း လက်မှတ်ထိုး၍ စင်္ကာပူနိုင်ငံရှိ မြန်မ

နအဖရဲ့ လူထုဆန္ဒခံယူပွဲ နဲ့ တရားမျှတမှုမရှိ၊ဒီမိုကရေစီအသွင်ကို မဖော်ဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း လက်မှတ်ထိုး၍ စင်္ကာပူနိုင်ငံရှိ မြန်မာလူမျိုးများ၏ ဆန္ဒအမှန်ကိုဖော်ထုတ်နေကြပြီ။

၎င်း လက်မှတ်ထိုး ကန့်ကွက်ခြင်းကို ယမန်နေ့ (၁.၃.၂၀၀၈)၊စနေနေ့ မှ စ၍ ပင်နီစူးလား ပလာဇာ ၃ထပ် နှင့် ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်) တို့ တွင် တပြိုင်တည်း ပြုလုပ်ခဲ့ ပြီး၊ ယနေ့ (၂.၃.၂၀၀၈)၊ တနင်္ဂနွေနေ့တွင် လည်း ပင်နီစူးလား ပလာဇာ ၂ထပ် နှင့် ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်)် တို့ တွင် တပြိုင်တည်း ပြုလုပ်ခဲ့ပါသည်။

နောက်ရက်များတွင်လည်း ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်)တွင် လာရောက်လက်မှတ်ထိုးနိုင်ပါသည်။

၁၆.၃.၂၀၀၈ တင်္နဂနွေနေ့ တွင်လည်း၊ တိုပါးယိုး ဘုန်းကြီးကျောင်းတွင် ကိုဖုန်းမော်နှင့်တကွ ကျဆုံးသွားသော ဒီမိုကရေစီသူရဲကောင်း တို့အား ရည်စူး၍ ဆွမ်းကပ်အလှုပြုလုပ်ပြီး၊ နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်လက်မှတ်ထိုးပွဲ ကိုလည်း တချိန်တည်း တပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး စစ်ကျွန်ဘ၀ သားစဉ်မြေးဆက် မကျရောက်စေဖို့ ယခုအချိန်မှာ ပြတ်ပြတ်သားသား ရဲရဲဝန့်ဝန့် ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ပြကြရမယ့် အချိန်ကာလကို ရောက်ရှိနေပါပြီ။















သို့-

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့။


အကြောင်းအရာ။ ။ နအဖ စစ်အစိုးရမှ ကြီးမှူးပြုလုပ်သော လုထုဆန္ဒခံယူပွဲနှင့် လူထုဆန္ဒကို မထင်ဟပ်သော တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထုမှ လုံးဝ ဆန့်ကျင်ကန့်ကွက်ခြင်း။

ယနေ့ တမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အထွေထွေအကြပ်အတည်းများမှ လွန်မြောက်ပြီး ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးအတွက် အကောင်းဆုံးနှင့် တခုတည်းသော နည်းလမ်းမှာ သုံးပွင့်ဆိုင်တွေ့ဆုံအဖြေရှာရေးပင်ဖြစ်သည်။ ဤသည်မှာ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒလည်းဖြစ်သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံး၏ ဆန္ဒနှင့်လည်း ကိုက်ညီပါသည်။
သို့သော်လည်း နအဖ အစိုးရသည် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို လုံးဝ ပစ်ပယ်ကာ အတုအယောင်အမျိုးသားညီလာခံမှတဆင့် တဖက်သတ်မူများ ချမှတ်၍ ဒီမိုကရေ စီစနစ်သို့ လုံးဝ ဦးမတည်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပါသည်။
ထိုအခြေခံဥပဒေသည် တိုင်းပြည်တွင် လက်တွေ့ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအ၀၀ကို လုံးဝဖြေရှင်းမပေးနိုင်သည့်အပြင် ထိုပြဿနာများကို ပိုမိုနက်ရှိုင်း၍ ဖြေရှင်းရပိုမိုခက်ခဲစေရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။ အမှန်စင်စစ် ထိုအခြေခံ ဥပဒေသည် တိုင်းပြည်ကို စစ်ကျွန်အဖြစ် နွံနစ်စေရန် တမင်ဖန်တီးထားခြင်းသာဖြစ်သည်။
တဖန် နအဖသည် ဤအခြေခံဥပဒေကို အတည်ဖြစ်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရာ၌လည်း ပြည်သူလူထု၏ စစ်မှန်သော ဆန္ဒကို ထုတ်ဖော်ပြသနိုင်ရန် လုံလောက်သော အခြေအနေ၊ အချိန်ကာလ၊ သင့်တော်သော ပတ်ဝန်းကျင်အနေအထားများ ကို ဖန်တီးပေးထားခြင်းမရှိသည့်အပြင် ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများကိုပင် ပြဋ္ဌာန်းထား ပြန်သည်။
ဤသို့လျှင် နအဖမှ တဖက်သတ်ချမှတ်အကောင်အထည်ဖော်လျက်ရှိသော အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံသည် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလာဒ်ကို လုံးဝပစ်ပယ်ထားသည့် အတွက် အမျိုးပြန်လည်ရင်ကြားစေ့ရေးနှင့်လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိသည်။
ထို့ကြောင့် ကျွန်တော်တို့မြန်မာပြည်သူများအနေဖြင့် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လူထု ဆန္ဒခံယူပွဲကို လုံးဝ ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချကြောင်း သိစေအပ်ပါသည်။

လေးစားစွာဖြင့်-
(အောက်တွင် လက်မှတ်ရေးထိုးထားသော စင်္ကာပူရောက် မြန်မာနိုင်ငံသားများ)




အပြည့်အစုံဖတ်လိုလျှင်