စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

မုန်တိုင်းနှင့် ရေကြီး သတင်းကြောင့် မွန်ပြည်နယ် ဒေသခံတချို့ ရွှေ့ပြောင်းနေကြရ

မိုးအောင်တင် ဇွန် ၁၇၊ ၂၀၀၈

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တလခွဲနီးပါး ကြာမြင့်ချိန်အထိ မုန်တိုင်းတိုက်မည်၊ ရေကြီးမည်ဆိုသည့် သတင်းများ မကြာ ခဏ ထွက်ပေါ်လျှက်ရှိသောကြောင့် ကျေးလက် မြို့ပြ မကျန် နေထိုင်သူ လူအများက သဘာဝ ဘေးအန္တရာယ် စိုးရိမ်မှု များရှိသည့်အတွက် လွန်ခဲ့သော ရက်ပိုင်းအတွင်း နေရာရွှေ့ပြောင်းခြင်းနှင့် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်း တို့ကို တွေ့မြင်ရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

မွန်ပြည်နယ် မုဒုံမြို့နယ်မှ ထင်ရှားသည့် ကျောက်တလုံးဆရာတော်၏ မိန့်ဆိုချက်အရ ဇွန်လ ၁၅ ရက်နှင့် ၁၆ရက်နေ့များ တွင် မုန်တိုင်းတိုက်ခတ်ကာ ရေကြီးနိုင်သည်ဟူသော လတ်တလော ထွက်ပေါ်ခဲ့သည့် သတင်းပေါ်တွင် အခြေပြုပြီး နေရာ ရွှေ့ပြောင်းခြင်း၊ ပြင်ဆင်မှုများပြုလုပ်ခြင်းတို့ဖြစ်သည် ဟု မော်လမြိုင်မြို့ခံ တဦးက ပြောသည်။

အဆိုပါ မုန်တိုင်းနှင့် ရေကြီးမည်ဟူသော သတင်းကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျောင်းသားမိဘတချို့က ၎င်းတို့၏ သားသမီးများကို ဇွန်လ ၁၆ ရက် နေ့တွင် ကျောင်းသို့စေလွှတ်ခြင်း မရှိဟုလည်း သိရသည်။

အထက်ပါ မော်လမြိုင်မြို့ခံက“မော်လမြိုင်မြို့နဲ့ ဘီလူးကျွန်းတို့မှာ မှာလွန်ခဲ့တဲ့ သီတင်းပတ်ကတည်းက ဇွန်လ ၁၅ ရက် ၁၆ ရက် နေ့တွေမှာ ရေကြီးမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပြီး မော်လမြိုင်မြို့အစွန်ပိုင်း ကျောက်တန်းရပ်က တချို့လူ တွေ ကျိုက်သံလန်တောင်ပေါ်က ဘုန်းကြီးကျောင်းတွေမှာ လာအိပ်ကြတယ်၊ နောက်ဘီလူးကျွန်းမှာ နေထိုင်တဲ့သူ တချို့ လည်း ဒီသတင်းကြောင့် မြင့်တဲ့နေရာတွေကို ရွှေ့ပြောင်းကြတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

ထို့အပြင် နာဂစ်မုန်တိုင်းပြီးနောက် တလ၀န်းကျင်မှစတင်ကာ မော်လမြိုင်မြို့၏စည်ကားသည့် အောက်လမ်းမကြီးပေါ်၌ မိုးလေ၀သအန္တရာယ် ရှိမရှိပြသသော အလံများစိုက်ထူထားကြောင်းနှင့် ယာဉ်အသွားအလာများသည့် လမ်းမကြီး၌ ၀ါးလုံး တွင်အန္တရာယ်မရှိပါက အလံစိမ်းနှင့် အန္တရာယ်ရှိပါက အလံနီကိုလွှင့်ထူပြီး သတိပေးလျှက်ရှိကြောင်း မော်လမြိုင်မြို့ခံများ က ပြောဆိုသည်။

ယမန်နေ့က အလံစိမ်းသာလွှင့်ထူထားသည်ဟု မော်လမြိုင်မြို့ခံက ပြောသည်။

ရန်ကုန်မြို့တွင်လည်း မိုးကြီး လေကြီးမည်ဟူသော သတင်းကြောင့် ယမန်နေ့က ရန်ကုန်မြို့ရှိ ဘိုကလေးဈေးမှ ဈေးသည် တချို့ ဈေးရောင်း မထွက်ဘဲနေကြကာ ကျောင်းသားမိဘတချို့ကလည်း ၎င်းတို့၏ သားသမီးများကို ကျောင်းသို့ မလွှတ် ဘဲ နေကြကြောင်း ကျောက်တံတားမြို့နယ်မှ အိမ်ရှင်မ တဦးက ပြောသည်။

ယမန်နေ့ကပင် အစိုးရ၏ မိုးလေ၀သ သတင်းကြေငြာချက်တွင်လည်း မုန်တိုင်းသတင်းမပါရှိဘဲ မုတ်သုန်လေ အားကောင်း ရာမှ အားအလွန်ကောင်းနေပြီး မြန့်မာ့ကမ်းလွန်နှင့် ကမ်းရိုးတန်းတလျှောက်တွင် မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တနာရီ ၄၅ မိုင်မှ မိုင် ၅၀ ထိ တိုက်ခတ်နိုင်သည်ဟု ကြေညာထားသည်။
Rest of your post

No comments: