စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, June 29, 2008

အထိန်းသိမ်းခံ သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးကုသမှုခံယူရန် လိုအပ်

28 June 2008

မသင်းသီရိ


မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေ ပါဝင်သင့်တယ်လို့ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ဆွေးနွေးနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ အတိုက်အခံတွေနဲ့ မသင်္ကာသူတွေ အားလုံးကို ဖမ်းဆီး အပြစ်ပေး ထောင်ချတာ ခံနေရာပါတယ်။ အခုဆိုရင် ထိပ်တန်း အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် တဦးလည်းဖြစ်၊ ၀ါရင့်သတင်းစာ ဆရာကြီးတဦးလည်း ဖြစ်တဲ့ ဆရာ ဦးဝင်းတင်ကို ဒီကနေ့မနက် အင်းစိန်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တဲ့အခါ ကျန်းမာရေးသိပ်မကောင်းတာ တွေ့ရတယ်လို့ သူ့ကို တွေ့ခဲ့တဲ့ မိတ်ဆွေ ဦးမောင်မောင်ခင်က ဗွီအိုအေကို အခုလို စ ပြောပြပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျန်းမာရေး အခြေအနေကတော့ ဒီ အခု တွေ့တာတော့ ရင်တွေ ကျပ်နေတယ်။ လေးငါးခြောက်ရက် ခုနှစ်ရက်လောက် ရှိပြီ။ ရင်ကျပ်ပြီး ထမင်းလည်း မစားနိုင်ဘူးတဲ့။ အိပ်လည်း မအိပ်နိုင်ဘူးတဲ့။ ချွဲသံပေါက်ပြီး ရှဲရှဲ ဖြစ်နေတာ တွေ့ခဲ့ရတယ်။ မနက်က တွေ့ခဲ့ရတဲ့ပုံအရတော့ နည်းနည်းလေး ပိန်သွားတယ်။”


ဟုတ်ကဲ့ရှင်။ အခု ဆရာ ဦးဝင်းတင်က ရင်ကျပ်ပြီးတော့ အစားတောင်မစားနိုင်ဘူး ဖြစ်နေတယ်ဆိုတော့ အဲဒီအတွက် ဆေးကုသခွင့်တို့၊ သောက်ဆေးပေးခွင့်တို့ ရပါလားရှင်။ -

“အဲဒါကတော့ ဆရာဝန်က သောက်ဆေးပေးတယ်။ သူ သွားပြောတဲ့အခါမှာ ဆရာဝန်က သူ့ကို ဘိုင်ဆော်ဗန်ဆေးကို သောက်ပါဆိုပြီးတော့ အဲဒီလို ညွှန်းတယ်တဲ့။ ဆေးရုံမှာ မရှိလို့ပဲလား ဘာလားတော့ မသိဘူးပေါ့လေ။ အဲဒါနဲ့ တာဝန်ခံတယောက်ကို အဲဒီဆေးလေး ပေးပါဆိုပြီးတော့ ပိုက်ဆံပေးခဲ့တယ်။”

ဒီဆရာ ဦးဝင်းတင်ကို အကျဉ်းထောင်ထဲမှာ သူ့ရဲ့ ပုံမှန် ကျန်းမာရေး ဆေးစစ်ခွင့်ရတယ်လို့ရော ဦးမောင်မောင်ခင် ကြားမိပါလားရှင့်။ -

“ထောင်ထဲမှာကတော့ သူ့ကိုလာပြီး သွေးတွေဘာတွေ ချိန်ခိုင်းတာတွေ ရှိပါတယ်။ ကြည့်တော့ကြည့်နေပါတယ် လာပြီးတော့။ တရက်ခြား နှစ်ရက်ခြား လာကြည့်တယ်ထင်တာပဲလေ။ သူ စောစောပိုင်းတုန်းကတော့ အဲဒီ ခွဲတယ်စိပ်တယ် ဆိုတာကတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဖူးတယ်လေ။ အခု နောက်ပိုင်းတော့ သူ့ ကျန်းမာရေးကလည်း မဆိုးဘူး ဆိုပြီးတော့ အခုမှ ရင်တော်တော် ကျပ်တာကို တွေ့ခဲ့ရတယ်။ အခုတခေါက် တွေ့ရတာ ကျနော်လည်း တော်တော်လေး စိုးရိမ်သွားတယ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်လည်း ကြီးပြီလေ။ ၇၉ နှစ်။ အခုလို ရင်ကျပ်ပြီးတော့ ချွဲသံပါအောင် အသက်ရှူနေရတာတော့ မကောင်းဘူးပေါ့ဗျာ။ ကျနော်လည်း တော်တော် ခံစားရပါတယ်။”


ဒါကတော့ ဆရာ ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာတွေ့နေသူ ဦးမောင်မောင်ခင်က ဆရာကြီးရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေ အကြောင်းကို ပြောပြခဲ့တာပါ။ ဆရာဦးဝင်းတင်ဟာ အခုဆိုရင် အသက် ၇၉ နှစ် ရှိနေပြီ ဖြစ်သလို အခုလာမယ့် ဇူလိုင်လ ၄ ရက်နေ့ဆိုရင်လည်း ထောင်သက်တမ်း ၁၉ နှစ် ပြည့်ပြီ ဖြစ်ပြီးတော့ ထောင်သက်တမ်း ကျော်လွန်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Thay Chin Soe, Than Shwe 168 to 178

အပြည့်အစုံဖတ်လိုလျှင်

တိုက်ရဲ၊သေရဲ၊အနိုင်ယူရဲ

Read this document on Scribd: 3 COURAGEOUSNESS TO VICTORY

အပြည့်အစုံဖတ်လိုလျှင်

အတ္တာနိအတ္တနောနာထော

ရဲဝင့်သူ ဘလောဂ့်မှ

အပြည့်အစုံဖတ်လိုလျှင်

- ၈၈ အနှစ် ၂၀ - ၊ ၈၈ နှင့် စာရေးဆရာများ

မောင်စွမ်းရည်

(မှတ်ချက် - မောင်စွမ်းရည်က အဲဒီ ၁၉၈၈ သြဂုတ်လ မြင်ကွင်းကို ရေးခဲ့ပါတယ်။ အဲဒါကို ပြန်လည်ဖော်ပြပါတယ်။ ၈၈ နဲ့ စာရေးဆရာများအကြောင်းပါ။ အဲဒီလူတွေ ထဲက တချို့ တိုက်ပွဲမှာ ကျဆုံးတာ၊ ဆုံးပါးကွယ်လွန်ကြတာကလွဲလို့၊ အနှစ် ၂၀ ကြာတဲ့အထိ ထောင်သွင်း အကျဉ်းချခံနေရဆဲနဲ့ ပြင်ပလောကမှာ ရှိနေဆဲ အဲဒီလူတွေထဲက တော်တော်များများဟာ စာနယ်ဇင်းကလောင်ကို ကိုင်စွဲလျက်၊ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ရပ်တည်ချက် မပြောင်းလဲပါ။ ဖတ်ကြည့်ပါ။)

အပြည့်အစုံဖတ်လိုလျှင်

မစ်ရှီဂန်နွေဦး

မစ်ရှီဂန်နွေဦး
အောင်ဝေး
ဇွန် ၂၆၊ ၂၀၀၈

ဒီနွေဦးမှာ
ဂျူးလိယက်ဖူးချစ်ကို သတိရသလို
ယာမာဂူချီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပါဘလိုနီရူဒါကိုသတိရသလို
ဒဂုန်တာရာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မဲဆောက် ဒေါင်းရင်ပြင်ကို သတိရသလို
တာမွေ ၁၆၄ လမ်းကိုလည်း သတိရတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီနွေဦးမှာ
ရွှေလီက မြန်မာတန်းကို သတိရသလို
ရန်ကုန်က တရုတ်တန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ကျော်သူနဲ့ ရွှေဇီးကွက်ကို သတိရသလို
အင်ဂျလီနာဂျီုလီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ချာလီချက်ပလင်ကို သတိရသလို
ဇာဂနာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဘော့ဘ်ဒိုင်လန်ကို သတိရသလို
ခင်ဝမ်းနဲ့ ထူးအိမ်သင်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မော်ရဲ့ချန်ချင်းကို သတိရသလို
ကိုဗဟိန်းရဲ့ မခင်ကြီးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အော့ဇဝစ်ကို သတိရသလို
စောဝေကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
သီးလေးသီးနဲ့ ဆေးရောင်စုံကို သတိရသလို
အဖြူရောင်သက်တံကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
နန္ဒာလှိုင်ကို သတိရသလို
စုစုနွေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မန်ချက်စတာယူနိုက်တက်ကို သတိရသလို
စိုးမြတ်မင်းတို့ ဘဏ္ဍာအခွန်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဗန်ဂိုးရဲ့ဆိုက်ပရပ်စ်လမ်းကို သတိရသလို
တောင်ကြီးမြို့ က ချစ်သူလမ်းကြားကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငုယင်ဗန်ထရွိုင်းကို သတိရသလို
ဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မစ္စစ္စပီကို သတိရသလို
ဧရာဝတီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ခရစ္စတီးနားရဲ့ ကမ္ဘာကို သတိရသလို
မြောက်ဒဂုံကအိမ်ကလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဆရာတင်မိုးကို သတိရသလို
မန္တလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပဒိုမန်းရှာလားဖန်းကို သတိရသလို
ကြွက်နီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အင်တာနေရှင်နယ်သီချင်းကို သတိရသလို
နတ်ရှင်နောင်သီချင်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဂက်တီးစဘတ်မိန့်ခွန်းကို သတိရသလို
ယင်အန်းမိန့်ခွန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဝက်သစ်ချပင်နဲ့ ဖဲကြိုးဝါကို သတိရသလို
ပိတောက်ပန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
စွန့်လွှတ်မှုကို သိရသလို
စွန့်စားမှုကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငါသတိအရဆုံးကတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ 
မေလတော်လှန်ရေးပါပဲ။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘေးဧရိယာက မြန်မာအစုအဖွဲ့များ နာဂစ်လေဘေး ကူညီမှု ဒေါ်လာ ၁ သိန်းကျော်

မိုးမခ အထောက်တော် ၀၀၂
ဇွန် ၂၆၊ ၂၀၀၈


ဘုန်းကြီးကျောင်းများ၊ လူထုစုဝေးရာများတွင် မြန်မာအမျိုးသားအစုအဖွဲ့များက နာဂစ်မုန်တိုင်းလေဘေး ကူညီမှု ရန်ပုံငွေပွဲများ၊ အလှူခံပွဲများ ယခု ၂ လတာ နီးပါးအတွင်း ပြုခဲ့ကြရာ အစုအဖွဲ့အသီးသီး လှူဒါန်းမှု စုစုပေါင်း ဒေါ်လာ ၁ သိန်းကျော် ရခဲ့ပြီဖြစ်ကြောင်း အစုအဖွဲ့အသီးသီး၏ အင်တာနက် စာမျက်နှာများ၊ အီးမေးထုတ်ပြန်ချက်များကတဆင့် သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အလှူခံရရှိသမျှ အများစုကို အမေရိကန်အခြေစိုက် သာသနမောဠိ - မြန်မာရဟန်းတော်များအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။ ဖရီးမောင့်နှင့် ဟတ်ဖ်မွန်းဘေး ဘုန်းတော်ကြီးကျောင်းများက ဆရာတော်ကြီးများ၏ မြန်မာပြည်တွင်းသို့ ပြန်လည်သွားရောက်ပြီး လေဘေးကူညီမှု ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း စေတနာရှင်မြန်မာလူမျိုးများက ၀ိုင်းဝန်း လှူဒါန်းအားပေးကြသည်ဟု သိရသည်။
ဘေးဧရိယာရောက် မြန်မာပြည်ဖွားများသည် ယခု နာဂစ်လေဘေး ကူညီရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ၀ိုင်းဝန်းဆောင်ရွက်ကြကြောင်း၊ ဆရာတော် သံဃာတော်များ၏ လှုပ်ရှားမှုများကိုလည်း ၀ိုင်းဝန်းကြကြောင်းနှင့် ဆက်လက်ပြီး မြန်မာပြည် ဘေးဒုက္ခအသီးသီးက ကယ်ဆယ်ရေး၊ ကူညီရေးတို့ အရှိန်မြှင့် ဆောင်ရွက်နိုင်ကြရေးအတွက် အားရှိမိပါကြောင်း မိုးမခစာဖတ်သူတဦးက မှတ်ချက်ပေးပါသည်။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်