စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ပြည်တွင်း သတင်းများ. Show all posts
Showing posts with label ပြည်တွင်း သတင်းများ. Show all posts

Monday, June 16, 2008

ကော့မှူးတွင် စာသင်ကျောင်းများ မပြင်နိုင်၍ ကျောင်းသားများအခက်တွေ့

NEJ/ ၁၆ ဇွန် ၂၀၀၈

နအဖစစ်အစိုးရက လေဘေးသင့် မြို့နယ်အလိုက် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောကြားနေသော်လည်း ကော့မှူးမြို့နယ်တွင် ကျောင်း အများအပြား မပြင်ဆင်နိုင်သေးသဖြင့် ကျောင်းသားများ အခက်အခဲ တွေ့နေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကော့မှူးမြို့နယ်တွင် ကျောင်းအရေအတွက် (၁၂၆) ကျောင်း ပျက်စီးသွားပြီး ယခုအခါ အထကနှင့် အလကကျောင်းများ ပြန်လည်ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးက မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း လေဘေးအလှူတွင် ယခုလ (၉) ရက်၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ကော့မှူးမြို့နယ် ကျေးရွာအုပ်စု (၅၅) ခုတွင် ရှိသော ကျေးရွာများမှ စာသင်ကျောင်း များ၏ ပြင်ဆင်မှုအခြေအနေမှန်မှာ ယင်းသို့မဟုတ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် တခုမှ သတင်းသမားတဦးက ပြောသည်။

၎င်းက “တကယ်တော့ ဘာမှမလုပ်ရသေးတဲ့ ကျောင်းတွေ များတယ်။ တချို့တလေပဲ ပြုပြင်ပြီး သေးတာကို အားလုံးပြုပြင်ပြီးနေပြီလို့ ခြုံပြောလို့မရဘူး” ဟုပြောသည်။

ထို့အပြင် ကျောင်းဆောက်လုပ်ရေး၊ ကျောင်းသားများ၏ စာသင်ကြားမှုအခြေအနေများနှင့် ပတ် သက်၍လည်း အခြေအနေမှန်များကို တင်ပြရေးသားသည့် ပြည်တွင်းသတင်းဂျာနယ်များကို စာပေစိစစ်ရေးက ထည့်ခွင့်မပေးကြောင်း အဆိုပါ ပြည်တွင်းမှ သတင်းသမားတဦးက ပြောသည်။

ကော့မှူးမြို့ပေါ်ရှိ အမက (မြို့မ) စာသင်ကျောင်း လုံးဝပြိုပျက်သွားသည့် သတင်းရေးသည့် ပြည်တွင်းဂျာနယ်များ ပယ်ချခံရကြောင်း သိရသည်။

အဆိုပါကျောင်းအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် စီမံချက်ချရာထားမှုများအရ ဆောက်လုပ်ရေးအဖွဲ့များက လာရောက်ကြည့်ရှုရုံမျှသာ ရှိသေးသည်ဟု ကော့မှူးမှ မူလတန်း ကျောင်းဆရာတဦးက ပြောသည်။

“အမှန်တော့ သူတို့ပြောတာနဲ့ လုပ်တာနဲ့က တခြားစီပဲ၊ အခုချက်ချင်းပြန်လည်တည် ဆောက်တော့ မလိုနဲ့ နောက်တော့ ပေါ်မလာတော့ဘူး။ ကလေးတွေကို စာသင်ရတာ အခက်အခဲရှိတယ်၊ အဓိက နေရာပေါ့။ အခု ရပ်ကွက်ဓမ္မာရုံတွေမှာ သင်နေရတယ်။ ဘုန်ကြီးကျောင်းတွေမှာ သင်မယ်ဆိုလည်း သူတို့က မကြိုက်ဘူး” ဟု ၎င်းက ပြောသည်။

မြို့မကျောင်းကဲ့သို့ မူလတန်းကျောင်းအများအပြား ပျက်စီးပြိုကျမှုကြောင့် စာသင်ကြားရေး အခက် အခဲရှိနေကြောင်း ကော့မှူးဒေသခံများက ပြောသည်။

ကော့မှူးမြို့နယ်တွင် ဇွန်(၂) ရက်တွင် ကျောင်းများပြန်လည်ဖွင်လှစ်ခဲ့သော်လည်း လေဘေးဒဏ် အပြင်းထန်ဆုံးခံရသည့် ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် မြို့နယ်အချို့တွင် ကျောင်းဖွင့် ရက်ကို တလနောက်ဆုတ်ထားသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ပန်းချီပြပွဲကျင်းပ

NEJ/ ၁၆ ဇွန် ၂၀၀၈

လေဘေးကြောင့် ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပသည့် ပန်းချီပြပွဲတခု ရန်ကုန် ဒဂုံမြို့နယ်၊ သမ္မတဟော်တယ် ပထမထပ် ဂျေအက်ဖ် ဖာနီဗယ်ခန်းမတွင် ပြီးခဲ့သည့် စနေနေ့က ကျင်းပသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြပွဲ တာဝန်ရှိသူ တဦးက “ပန်းချီဆရာနဲ့ ဓာတ်ပုံဆရာ စုစုပေါင်း အယောက် (၁၀၀) ကျော် ပါတယ်။ ပန်းချီကားပေါင်း (၁၉၄) ကားနဲ့ ဓာတ်ပုံတချို့ပါတယ်။ ပန်းချီကားတွေက နာဂစ် လေမုန်တိုင်းနဲ့ ပတ်သက်တာတွေရော၊ အခြားအကြောင်းအရာ ဆွဲထားတာတွေပါ ပါတယ်။ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ ပယ်စတယ် အစုံပါတယ်။ နာမည်ကြီး ပန်းချီဆရာကြီးတွေ ပါသလို လက်သင်လေးတွေလည်း ပါတယ်။ အဓိကကတော့ နာဂစ်လေမုန်တိုင်း ဘေးသင့်တဲ့ ပြည်သူတွေကို ကူညီဖို့ စိတ်နဲ့ ပူးပေါင်းပါဝင်ကြတာပါ။ အချို့ပန်းချီဆရာတွေက ရောင်းရတဲ့ ပန်းချီကားဖိုးငွေ အားလုံးကို လှူမယ်၊ တချို့ကတော့ (၅၀) ရာခိုင်နှုန်းလှူကြမယ်” ဟု ပြောသည်။

ပြပွဲစပြသည့် ဇွန် (၁၄) နံနက်ပိုင်း၌ပင် ပန်းချီဆရာ ကြီးမြင့်စော၏ Yangon Night ဟု အမည် ပေးထားသည့် ပန်းချီကားကို စီးပွားရေးလုပ်ငန်းရှင်တဦးက ဒေါ်လာ (၂,၀၀၀) ဖြင့် ၀ယ်ယူသွား သည်။ ယင်းပန်းချီကားသည် ရောင်းရငွေအားလုံးကို လှူဒါန်းသည့်ပန်းချီကားဖြစ်သည်။

ယခု ပြပွဲဖြစ်မြောက်ရန် ဗြူတီမဂ္ဂဇင်း၊ သရဖူမဂ္ဂဇင်းနှင့် စာပေလောက စာအုပ်တိုက်တို့ ကမကထ လုပ်ပြီး ဗြူတီ မဂ္ဂဇင်းမှ ဒီဇိုင်းဆရာ ထွန်းဝင်းငြိမ်းက ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး ထင်ရှားသည့် ပန်းချီဆရာများဖြစ်သည့် ကြီးမြင့်စော၊ နေမျိုးဆေး၊ အောင်မြင့်၊ ဖေညွန့်ဝေ၊ ခင်မောင်ရင်၊ ၀င်းဖေ မြင့်၊ ညိုဝင်းဖေ။ စိုးနိုင်၊ မမွှေး၊ မောင်မောင်သိုက်တို့ပါဝင်ပြီး အမြင့်ဆုံး ဈေးနှုန်းသတ်မှတ်ချက် ဒေါ်လာ (၂,၀၀၀) မှ အနိမ့်ဆုံး ဒေါ်လာ (၅၀) တန်အထိ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စာပေအနုပညာရှင်များသည် လေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး အတွက် ရန်ပုံငွေ ရှာဖွေရန် စင်တင်တေးဂီတပွဲများ ကျင်းပခြင်း၊ ဗီဒီယို ဇာတ်ကား ရိုက်ကူး ထုတ်လုပ်ခြင်းများကို လုပ်ဆောင်နေသကဲ့သို့ ပန်းချီဆရာများကလည်း ယခုကဲ့သို့ ပန်းချီကား များဖြင့် ရန်ပုံငွေ ရှာဖွေနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀န်းလုံးရှိ အလွှာအသီးသီးမှ ပြည်သူများက လေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ယခုကဲ့သို့ တက်တက်ကြွကြွ လုပ်ကိုင်နေသော်လည်း နအဖ စစ်အစိုးရကမူ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ မိသားစုများ၏ ဆောင်ရွက်ချက်များကို စည်းကမ်းအမျိုးမျိုးထုတ်ပြီး ကန့်သတ်ခြင်း၊ မေ (၂၅) တွင် သွားရောက်လှူဒါန်းပြီး ပြန်လာသည့် ကားများကို ဖမ်းဆီးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသူ လူရွှင်တော် ဇာဂနာကို ဖမ်းဆီးခြင်း၊ လေဘေးဒုက္ခသည်များ ကားလမ်းပေါ် တက်မလာရအောင် ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ကားလမ်းပေါ်၌ လုံထိန်းရဲ အယောက် (၁,၀၀၀) ကျော် ချထားခြင်း၊
ဧရာဝတီတိုင်းအတွင်း ကားလမ်း၊ မြို့အ၀င်အထွက်များတွင် စစ်ဆေးရေးဂိတ်များစွာ ချထားခြင်း တို့ကို ပြုလုပ်ခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးကူညီသူ ၈၈ ကျောင်းသားများ အဖမ်းခံရ

ဆော်လမွန်
တနင်္လာနေ့၊ ဇွန်လ 16 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လေဘေးဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ၈၈ မျိုးဆက် ကျောင်းသား ၃ ဦးကို ယခုလ ၁၂ ရက် နေ့တွင် အာဏာပိုင်များက ဖမ်းဆီးသွားခဲ့သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုမြတ်သူ၊ မယဉ်ယဉ်ဝိုင်းနှင့် မတင်တင်ချိုသည် လေဘေးကိစ္စအတွက် ရန်ကုန်မြို့ လှည်းတန်း မြေနီကုန်းရှိ ရွှေလ္ဘက်ရည်ဆိုင်တွင် ရောက်ရှိ နေခိုက် အရပ်ဝတ်နှင့် အမည်မသိ အာဏာပိုင်များ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သွားတုန်းက ဘုန်းကြီးနဲ့ တွေ့မယ်ဆိုပြီး သွားတာ။ အလှူခံတဲ့ ဘုန်းကြီးလေ။ အဲလိုမျိုး ချိန်းထားလို့ သွားတာ။ အဲဒါ မြေနီကုန်း ရွှေလ္ဘက်ရည် ဆိုင်မှာ အလှူကိစ္စကို ဘုန်းကြီးက လွှတ်လိုက်တာ ဆိုပြီးတော့ အဲလိုပုံစံနဲ့ ဝင်လာတာ။ အဲဒီမှာပဲ ပျောက်သွားတာ” ဟု မတင်တင်ချို၏ ခင်ပွန်းသည်က ပြောသည်။

သူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ အာဏာပိုင်များဘက်က မိသားစုဝင်များသို့ တစုံတရာ အကြောင်းကြားခြင်း မရှိဟု မိသားစုဝင်များက ပြောသည်။

၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ညတွင် နယ်မြေခံရဲများ အပါအဝင် ဒေသ အာဏာပိုင်များသည် ဖမ်းဆီးခံထားရသူ ၃ ဦး၏ နေအိမ်များသို့ လာရောက်ကာ ရှာဖွေ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“မေးတာက ကယ်ဆယ်ရေး ပိုက်ဆံတွေ ပို့ထားတာ ဘယ်မှာ ထားသလဲ၊ ဘယ်ကို သူ ဆက်သလဲ၊ သူတို့ မှတ်ထားတဲ့ ငွေစာရင်းလယ်ဂျာ (ledger) သိချင်တယ်၊ ပြပါ ဆိုပြီး မေးပါတယ်။ ရှာတာက တအိမ်လုံးကို ရှာတာပေါ့။ ဗီရိုတွေ ဖွင့်ကြည့်တယ်။ ပထမတခေါက်တော့ သိပ်ပြီး ထွေထွေထူးထူး ပါမသွားဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ဖြတ်ပိုင်းပုံကလေးတွေ ဖြတ်ထားတဲ့ဟာတွေ ပါသွားတယ်။ ဒုတိယ တခေါက်တော့ လက်တော့ပ် laptop တို့ တောင်းတာ ရှိတယ်” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

ဘာကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးသော်လည်း နေအိမ်များသို့ လာရောက် မေးမြန်းခဲ့သူ အာဏာပိုင်များ၏ စကားများအရ လေဘေး ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းနှင့် ပတ်သက်သည်ဟု ယူဆရကြောင်း မိသားစုဝင်များက ပြောသည်။

အဖမ်းခံလိုက်ရသည့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေတ္တာပေါင်းကူး အမည်ရှိ လေဘေး ကူညီရေးအဖွဲ့က ဧရာဝတီတိုင်းအတွင်းသို့ အနည်းဆုံး ၆ ခေါက်ခန့် ပေးပို့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအတွက် ကူညီနေသည့် နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင်နှင့် လူရွှင်တော် ဇာဂနာ (ကိုသူရ) သည် ယခုလ ၄ ရက်နေ့တွင်၎င်း၊ First Eleven ဂျာနယ် အယ်ဒီတာ ဇော်သက်ထွေးသည် ၁၃ ရက်နေ့တွင်၎င်း ဖမ်းဆီးခံခဲ့ကြရသေးသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘလော့ဂ်ဂါ နေဘုန်းလတ် ကို တကျော့ပြန် စစ်ဆေးမှုလုပ်နေ

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 16 2008 17:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၅ လခန့် ဖမ်းဆီး ခံနေရသည့် စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုတိုင် အာဏာပိုင်များက တကျော့ပြန် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။

ရုံးထုတ်ခြင်း မရှိဘဲ အာဏာပိုင်များက အင်းစိန်ထောင် အတွင်းသို့ မုန်တိုင်းကျအပြီး တကြိမ်နှင့် ယမန်နေ့က တကြိမ် ဘလော့ဂ်နှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ထောင်တွင်းမှာပဲ ခေါ်မေးတာပေါ့နော်။ စစ်ကြောရေးလို့ ပြောရမှာပေါ့နော်။ နာဂစ်အပြီး နောက်ပိုင်းမှာလို့ ပြောတယ်လေ။ နှစ်ကြိမ်ရှိပြီလို့ ပြောတယ်။ ဘလော့ဂ်အကြောင်းပဲ မေးတယ် ပြောတာပဲလေ။ သူ့နာမည်ဝှက် ရှိလား မေးတယ်တဲ့။ တချို့က နာမည်ဝှက်နဲ့ ရေးတာပေါ့နော်။ ဆရာမ မေငြိမ်းတို့၊ ဒေါက်တာ လွဏ်းဆွေတို့က နာမည်နဲ့တကွ ရေးတယ်ပေါ့နော်။ အဲဒီလူတွေရဲ့ နာမည်ကို သိလားလို့ မေးတယ်တဲ့” ဟု ယနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့သူ မိခင် ဒေါ်အေးသန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ထူးဆန်းတယ်။ နာဂစ်အလွန်မှာမှ ဘလော့ဂ်ကိစ္စကိုပဲ ထပ်ခါထပ်ခါ မေးနေတော့ ဘယ်လို သဘောလဲပေါ့နော်။ အန်တီ ထင်တာကတော့ သူ့ကို အပြစ်မရှိ အပြစ်ရှာပြီးတော့ စွဲချက်တင်လို့ ရအောင် လုပ်နေတယ်လို့ပဲ ထင်တာပဲ။ အန်တီ သိသလောက်ကတော့လေ၊ သူ့မှာ သတင်းပို့တာတို့၊ ဘာမှ မရှိတာ။ သူတို့ဟာ သူတို့ ထင်ယောင်ထင်မှားနဲ့ မေးနေတာပဲ” ဟု ပြောသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးကာ ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့် တရားစွဲဆိုရန် ပုဒ်မတပ်ခဲ့သည်။

သူ့ကို လူတွေ့ ညွန်ကြားချက် ရယူခွင့် စာရရန် ရှေ့နေ ဦးအောင်သိန်းမှ တွေ့ဆုံခွင့်ပြုရန် ယနေ့တွင် အင်းစိန်ထောင်၌ စာတင်ခဲ့သည်။

ကိုနေဘုန်းလတ်ကို မေးမြန်းမှုများ လုပ်ခဲ့ကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်ကလည်း အတည်ပြုခဲ့ပြီး နိုင်ငံအတွင်းမှ အမည်မဖော်ဘဲ တင်သော ဘလော့ဂ်များ နှင့်ပတ်သက်၍ အထက်အရာရှိများ သိလိုနေကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ရှေ့နေ ဦးအောင်သိန်းက ဓထောင်ကို လျှောက်ရတယ်။ တခါမှ မပေးသေးဘူး။ သူတို့ တွေ့ပေးမယ်ဆိုတဲ့ သဘောမျိုး စာကပ်ထားလို့ လျှောက်ကြည့်တာ။ တွေ့ခွင့်ရရင် သွားတွေ့မယ်။ (power) အပြည့်ပေးထားပြီပဲ။ ပုံမှန်အားဖြင့်တော့ ဒီနေ့ကနေ သောကြာနေ့အထိ သူ့ကို တွေ့ခွင့်ရမယ်ဆိုရင် သွားတွေ့မယ်” ဟု ပြောသည်။

ဒေါ်အေးသန်းက “တပ်ထားတာက ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ပဲလေ။ အခုဟာက အဲဒီဟာနဲ့ မဆိုင်တော့ဘူး။ ဘလော့ဂ်ကိစ္စပဲ ထပ်မေးတာ တဲ့လေ။ အဲဒါနဲ့လည်း ရုံးမထုတ်ဘူးကွယ်။ အခုဟာက နောက်ကိစ္စ။ ၃၂ (ခ) က ခိုင်မာမှုမရှိလို့ နောက်တခု အပြစ်ရှာနေတဲ့သဘော ရှိတယ် ပေါ့နော်။ လူတယောက်ကို ဖမ်းထားချင်လို့ ပုဒ်မတခု တပ်လိုက်တာပေါ့နော်။ ဖမ်းတုန်းက စင်္ကာပူအငြိမ့်ခွေ တစုံပဲ ရတာကိုး” ဟု ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရုပ်ရှင်မင်းသားကျော်သူ ဆေးရုံတက်ကုသမှု ခံယူ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 16 2008 15:48 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လေဘေးကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ကျော်သူသည် ရန်ကုန်ရှိ ဆေးရုံတခု၌ ဆေးကုသ ခံယူနေရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်ရှိ နာရေးအသင်း ခေါင်းဆောင်လည်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် ပြည်သူ့အချစ်တော် မင်းသား ကျော်သူသည် ဧရာဝတီတိုင်း ပျဉ်ခရိုင် ခရီးစဉ်အတွင်း နေထိုင်မကောင်း ဖြစ်လာသဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံ ပန်းလှိုင်တွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“စိတ်ရှုပ်ရင်၊ စိတ်ဒုက္ခဖြစ်ရင် ဖြစ်တတ်ပါတယ်။ သွေးတိုးလည်း နည်းနည်းရှိတယ်။ ဆေးလိပ်လည်း အရမ်းသောက်တဲ့အပြင် အစားအသောက် လည်း မဆင်ခြင်လို့ ကျန်းမာရေး ထိခိုက်တာ ဖြစ်တယ်” ဟု ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းကို အတူတကွ လုပ်ကိုင်နေသူ တဦးကလည်း “ကျနော်တို့ ပျဉ်ခရိုင်ဘက် သွားရင်းနဲ့ ပုသိမ်အရောက် လမ်းခရီးမှာ ခြေတွေလက်တွေ အေးပြီးတော့၊ ချွေးတွေ ထွက်လာပြီးတော့ နေမကောင်းတာနဲ့ ဆေးရုံ ပြန်တက်တာပါ” ဟု ပြောသည်။

နောက်ထပ် နှစ်ရက်ခန့် အကြာတွင် ဆေးရုံမှ ဆင်းမည်ဖြစ်ကာ ပျဉ်ခရိုင် တီတူးကုန်းကျေးရွာတွင် သူ ဦးဆောင် ဆောက်လုပ်ပေးနေသည့် ကျောင်းသား ၆၂ဝ ဆန့် ဆောက်လက်စ အလယ်တန်းကျောင်းသို့ ထပ်မံ၍ သွားရောက်မည် ဖြစ်သည်။

သူ၏ နာရေးကူညီမှု အသင်းသားများသည် ယခုအခါ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမာနှင့် ကွမ်းမူ၊ ကျိုက်ထော်အနီးရှိ မှော်တောဘက် တွင် လေဘေး ကူညီရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန် မိုးကြီး၊ မော်လမြိုင်တွင် ရေတက်လာ၍ လူအများ ထိတ်လန့်နေ

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ ဇွန်လ 15 2008 14:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့တွင် ယနေ့နံနက် လင်းအားကြီးချိန်မှစ၍ မိုးဆက်တိုက် ရွာသွန်းလျှက်ရှိပြီး အချို့ နေရာများတွင် ရေလျှံမှု ဖြစ်နေသည်။

မိုးလေ၀သဌာန၏ အထူးသတင်း ကြေငြာချက်တွင် ဇွန်လ ၁၅ ရက်နေ့ နံနက်မှ နောက် ၇၂ နာရီအတွင်း နေရာအနှံ့အပြား မိုးရွာနိုင်ကာ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ပါရှိသည်။ မြန်မာ့ ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး တနာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။


လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့သည့် နာဂစ်မုန်တိုင်း ဂယက်ကြောင့် စိုးရိမ်စိတ် ကြီးထွားနေချိန်ဖြစ်သဖြင့် မိုးလေ၀သသတင်း လိုက်လံစုံစမ်းမှုကို အများအပြား တွေ့နေရသည်။

မုန်တိုင်းအဆင့်မဟုတ်ဘဲ မုတ်သုန်လေ အားကောင်းရာမှ အားအလွန်ကောင်းလာကာ လေပြင်းကျရောက်မည် ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

မိုးလေ၀သနှင့် ဇလဗေဒဌာန ညွှန်ချုပ် ဦးထွန်းလွင်က မုန်တိုင်းဝင်ခြင်းသည် ပုံမှန်ပင်ဖြစ်ပြီး ပင်လယ်ထွက်သူများအတွက် လေတိုက်နှုန်းက စိုးရိမ်စရာ ရှိသည်ဟု ပြောသည်။

မော်လမြိုင်မြို့တွင် ကမ်းနားတလျှောက် ရေတက်လာနေ၍ လူအချို့ အထိတ်တလန့် ဖြစ်ကာ အမြင့်ပိုင်းကျရောက်ရာ မြို့ထဲသို့ အုပ်စုလိုက် ရွှေ့ပြောင်းနေကြသည်။ မော်လမြိုင်မြို့တွင် ရေကြီးမည်ဆိုသော ကောလဟလများ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ထွက်ပေါ်ခဲ့ပြီးနောက် လူအများ စိုးရိမ် ထိတ်လန့်နေခဲ့သည်။

ဘီလူးကျွန်းပေါ်ရှိ ကျေးရွာ ၂ ခုတွင် ရေကြီးမည်ဆိုသော ကောလာဟလကြောင့် ရွှေ့ပြောင်းရာ "လူမရှိတော့" ဟု ဒေသခံတဦးက ပြောသည်။

ယနေ့ မော်လမြိုင်မြို့တွင် ရဲအစောင့်အကြပ်များ သိသိသာသာ တိုးမြှင့် ချထားလိုက်သည်။

အပြည့်အစုံဖတ်လိုလျှင်

Saturday, June 14, 2008

ရန်ကုန်တိုင်းမှူးအမိန့်အရ သာသနာ့သိပ္ပံကျောင်းကို ချိပ်ပိတ်

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇွန်လ 14 2008 16:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းတခုဖြစ်သော ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့ သိပ္ပံကျောင်းကို ယမန်နေ့က အာဏာပိုင်များက ချိပ်ပိတ်လိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ်လှဌေးဝင်း အမိန့်အရဆိုကာ မြို့နယ် အေးချမ်းသာယာရေး ကော်မတီ ဥက္ကဌအပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များက သောကြာနေ့ နံနက် ၁၁ နာရီခန့်က ကျောင်းတိုက်သို့ ရောက်ရှိလာပြီး လစ်လပ်နေသော ကျောင်းထိုင် ဆရာတော်နေရာတွင် တရားဝင် ခန့်အပ်မှု မပြီးမချင်း ခေတ္တ ပိတ်ထားမှာ ဖြစ်သည်ဟု ပြောကာ ကျောင်းတိုက်ပေါ်တွင် သီတင်းသုံး နေထိုင်တော်မူနေသော သံဃာတော်များကို ဖယ်ရှားကြပါရန် ပြောကြားခဲ့သည်။

"မနေ့က မနက် ၁၁ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ ရောက်လာတယ် မ.ယ.က ပါတယ် ရ.ယ.က တွေလဲပါတယ် အရပ်ဝတ်တွေနဲ့ ထောက်လှမ်းရေးတွေကော ကြံဖွံ့တွေ၊ စွမ်းအားရှင်တွေကော ၂၀ လောက်ရှိတယ်၊ ညနေ (၅)နာရီမှာ ဘုန်းကြီးကျောင်းကို သူတို့မှာ ပါလာတဲ့ သော့နဲ့ခတ်ပြီး ချိပ်ပါပိတ်သွားတယ်" ဟု ကျောင်းတိုက်တွင် ၀ါဆို သီတင်းသုံးနေထိုင်ခဲ့သူ ရဟန်းတော်တပါးက မဇ္ဈိမ သို့ ပြောကြားသည်။

ယခုအခါ ဝါဆို သံဃာတော်သုံးပါးမှာ ခြောက်ထပ်ကြီး ဘုရားဝန်းအတွင်းရှိ အခြားသော ကျောင်းတိုက်နှစ်ခုသို့ ရွှေ့ပြောင်း သီတင်းသုံးနေသည်။

ကျောင်းထိုင်ဆရာတော် ရွေးချယ်မှုမှာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး ပြန်လည် ဖွင့်ပေးလိမ့်မည် မထင်ကြောင်း ရဟန်းတော်များက လက်ခံထားကြသည်။

ဒီမိုကရေစီ လိုလားသူများ၏ ကိုးကွယ်လှူတန်းခြင်းကို စစ်အစိုးရငြိုငြင်မှာ မကြောက်မရွံ့ဘဲ လက်ခံလေ့ရှိသူ သာသနာ့သိပ္ပံ ကျောင်းထိုင် ဆရာတော်ကြီး၏ ဈာပနပွဲကို ဇွန်လ(၇) ရက်နေ့က ကျင်းပခဲ့ရာ ရန်ကုန်ရှိ အတိုက်အခံ အင်အားစုများမှ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

ဈာပနပွဲကို အာဏာပိုင်များကလည်း အနီးကပ် စောင့်ကြည့်နေခဲ့ပြီး လိုအပ်လျှင် ဖြိုခွင်းခြင်းပြုရန် စွမ်းအားရှင်နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးများကိုပါ အဆင်သင့် ခေါ်ယူထားခဲ့သည်။

၂၀၀၇ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့်"ရွှေဝါရောင် တော်လှန်ရေး" တွင် ဘုန်းကြီးကျောင်း များကို စစ်အစိုးရက ၀င်ရောက် စီးနင်းခံခဲ့ရပြီး ကျောင်းတိုက်အချို့မှာ ချိပ်ပိတ်ခံခဲ့ရသည်။

ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပ္ပံနှင့် သာသာနာ့ဂုဏ်ရည် ကျောင်းများမှာလည်း လုံခြုံရေး တပ်ဖွဲ့များ၏ ၀င်ရောက်စီးနင်း ရှာဖွေခြင်းခံခဲ့ရသည်။ သာသနာ့ ဂုဏ်ရည်ကျောင်းကို ချိပ်ပိတ်ထားခဲ့ရာ နာဂစ် မုန်တိုင်းကြောင့်လည်း ကျောင်းတိုက်ပျက်စီးမှုများ ရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Friday, June 13, 2008

WFP ဆန်ဝယ်ယူနေခြင်းကို စစ်အစိုးရပိတ်ပင်

ကိုစိုး ဇွန် ၁၃၊ ၂၀၀၈

မုန်တိုင်း ဒုက္ခသည်များစားသုံးရန်အတွက် ပေးပို့လှူဒါန်းရာတွင် လိုအပ်သော ဆန်များကို မြန်မာပြည်တွင်း ဆန်လုပ်ငန်းရှင် များထံမှ ဝယ်ယူနေခြင်းအား ပိတ်ပင်လိုက်ကြောင်း မြန်မာအစိုးရက ကူညီကယ်ဆယ်ရေး အဖွဲ့များကို ပြောသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)အရာရှိတဦးက အတည်ပြုပြောဆိုသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီကိစ္စက အခုလက်ရှိဖြစ်နေပြီဆိုတော့ ပြည်ပကနေ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်”ဟု WFP ပြောရေး ဆိုခွင့်ရှိသူ ပေါလ် ရစ္စလေက ဆိုသည်။

ယခုကဲ့သို့ ပြည်ပက ဆန်များမတင်သွင်းမီ အစိုးရထံမှခွင့်ပြုချက်အကြောင်းကြားစာ ရရှိမှသာ လိုအပ်သော ဆန်များကို ဝယ်ယူနိုင်မည် ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

လက်ရှိ WFP က ကူညီပေးနေသော ဆန်အရေအတွက်သည် နောက် ၆ ပတ် အတွက်သာ လုံလောက်မှုရှိ ကြောင်း၊ မုန်တိုင်းဒဏ် ဆိုးရွာစွာ ခံရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အထောက်အပံ့မှာ တနှစ် စာခန့် လိုအပ်ကြောင်း မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ က ပြောဆိုထားသည်။

နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံး၍ လယ်ယာသုံးပစ္စည်းများ လိုအပ်ချက် ကြောင့် ယခုနှစ် မုတ်သုန်ရာသီ ဆန်စပါး စိုက်ပျိုးချိန်တွင် လယ်သမားအများစုမှာ စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း လည်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က မြစ်ဝကျွန်းပေါ်ဒေသ၌ စိုက်ပျိုးမြေ ဟက်တာ ၁.၃ သန်း ရှိရာ တွင် မုန်တိုင်းကြောင့် ဟက်တာ ၂ သိန်း ခန့် သို့မဟုတ် ၁၆ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးရသည့်အတွက် ယခုနှစ် စိုက်ပျိုး ရာသီတွင် စိုက်ပျိုးနိုင်မည်မဟုတ်ဟု ဆိုသည်။

အကူအညီပေးရေးနှင့်ပတ်သက်ပြီး မြန်မာ စစ်အစိုးရ၏ ခေါင်းမာနေမှုကြောင့် လာမည့်နှစ် မြန်မာနိုင်ငံ သည် စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ကလည်း အလွန် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာကမူ ဆန်စပါး မလုံလောက်မှုရှိသည်ဟူသော ပြောဆို နေခြင်းများသည် အခြေအမြစ်မရှိသော ကောလာဟလများဖြစ်ကြောင်း ပြောဆိုသည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သတင်းစာ၌ ဝန်ကြီးက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မုန်တိုင်းကြောင့် ဆန်စပါးပျက်စီးမှုမှာ တပြည်လုံး ဆန် အထွက်၏ ၂.၃ ရာခိုင်နှုန်းသာရှိပြီး လာမည့် မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်မည့် လယ်ဧက မှာ လည်း တပြည်လုံး စပါးစိုက် ဧက ၏ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း ပြောဆိုသည်။

ယခုနှစ်အတွက် သီရိလင်္ကာနှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဆန် တန်ချိန် ၆ သိန်း တင်ပို့ မည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရ ပယ်ဖျက်ထားသည်ဟုလည်း ဆိုသည်။
WFP အနေနှင့်မူ မုန်တိုင်း ဒဏ်သင့် ဒေသများသို့ ပြည်တွင်း ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ ဝယ်ယူရရှိထား သော ဆန်များထဲမှ ဆန်တန်ချိန် ၁၁၀၀၀ ကျော် ပေးပို့ပြီးဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ WFP ကို ဆန်ယူခွင့်ပိတ်ပင်ခြင်းသည် တရားမျှတမှုမရှိကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းက ပြောဆိုသည်။

“အစိုးရက သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောင်းဖို့ဖျက်လိုက်တဲ့ဆန်တွေက အရန်ဆန်တွေပါ၊ တကယ်လို့ အဲဒီဆန်တွေကို သူတို့က WFP ကို ပြန်ရောင်းမယ်ဆိုရင်လည်း ရောင်းမှာပေါ့”ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။

WFP သည် ယခုအခါ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက်ပေးပို့ရန် ကုလ သမဂ္ဂ၊ အာဆီယံနိုင်ငံများနှင့် မြန်မာစစ်အစိုးရတို့မှ ကျွမ်းကျင်သူပေါင်း ၂၅၀ ပါဝင်သည့်အဖွဲ့အပါအဝင် ရဟတ်ယာဉ် ၆ စီးဖြင့် ဆောင်ရွက်ခွင့် ရနေပြီဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၂.၄ သန်းခန့်ရှိ မုန်တိုင်း ဒုက္ခသည်များအတွက် လိုအပ်သော ယာယီအမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေ သန့်များအပါအဝင် မြစ်ဝကျွန်းပေါ် တလျှောက်ရှိ ပျက်စီးသွားသော အိုးအိမ်များနှင့် လယ်ယာလုပ် ငန်းများ ပြန်လည်ထူ ထောင်ရေးကို ထောက်ပံ့ကူညီပေးရန်ဆောင်ရွက်နေကြောင်း အေပီသတင်းတွင်လည်း ဖော်ပြထားသည်။

WFP ရဟတ်ယာဉ် ၂ စီး လာရောက်ကြောင်းနှင့် ရွာပေါင်း ၄၀၀ ခန့်ရှိ ဘိုကလေးမြို့နယ်မှ ၂၁ ရွာအတွက် စားနပ်ရိက္ခာများ ပို့ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

လွန်ခဲ့သော ၃ ရက်ခန့်က ယင်းရဟတ်ယာဉ်များကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်နေသူ ကိုဘားကူ က ဆိုသည်။

ဘိုကလေးတွင် ရုံးဝန်ထမ်းများအပါအဝင် အကူအညီပေးရေးလုပ်သား ၆၂ ဦး ရှိသည့် WFP ရုံး တရုံး ကို ဖွင့် လှစ်ထား ကြောင်းလည်း သိရသည်။

ဘိုကလေးမြို့ခံတဦးက WFP ရဟတ်ယာဉ်နှင့် ဖြန့်ဝေသည့် စားနပ်ရိက္ခာများမှာ လတ်တလော စားသုံးရန် အတွက်ဖြစ်ပြီး ရေရှည်အတွက် များစွာလိုအပ်ချက်ရှိကြောင်း ပြောဆိုသည်။

“လယ်သမားတွေ ပြန်လည်ထူထောင်ရေးအတွက် သူတို့မှာ စားရေရိက္ခာ ရရှိမှဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။

စားရေရိက္ခာအပြင် လယ်ယာလုပ်ငန်းအတွက် ကျွဲ နွား စက်ပစ္စည်းများလည်း မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ လပွတ္တာမြို့ရှိ ကျေးရွာများမှ တခြားသောနေရာဒေသများသို့ ပြောင်ရွှေ့ခံရသည့် မုန်တိုင်း ဒုက္ခသည် များသည် လည်း တလ စာ အတွက်သာ ကူညီထောက်ပံ့ရေး ပစ္စည်းတချို့ကို ရရှိသည့်အတွက် လုံလောက်မှု မရှိကြောင်း သူက ပြောပြသည်။

ရန်ကုန်မြို့ရှိ မုန်တိုင်း ဒုက္ခသည် ၂၅ ဦးခန့်သည် အင်္ဂါနေ့တွင် နိုင်ငံတကာ ကြက်ခြေနီ ရုံး ICRC သို့ အကူအညီ သွားရောက် တောင်းခံ ရာ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အေပီသတင်းက ဖော်ပြသည်။

၎င်း ဒုက္ခသည်များသည် ဒဂုန်မြို့သစ် အရှေ့ပိုင်းမှဖြစ်ကြောင်း ICRC ပြောခွင့်ရ ခရစ် စထရက်တန်က ပြောသည်။

ဖမ်းဆီးခံထားသည့် ၎င်း ဒုက္ခသည်များထဲမှ ၁၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ယမန်နေ့က အေအက်ဖ်ပီ သတင်းတွင် ရေးသားထားသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ ခန့်သေဆုံး၍ ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေး ကယ်ဆယ်ရေး သံဃာတော် အရှင်သူမြတ်များလည်း ပါဝင်

နေသွင်
သောကြာနေ့၊ ဇွန်လ 13 2008 17:22 - မြန်မာစံတော်ချိန်

(အရှင်ပညာသီဟ - ရွှေညဝါ ဆရာတော်နှင့် အင်တာဗျူး)

နာဂစ်မုန်တိုင်းအပြီး လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် စေတနာရှင် မြန်မာပြည်သူများနှင့် လူသားချင်း စာနာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း နည်းတူ မြန်မာ သံဃာတော်များကလည်း ပြည်တွင်းပြည်ပမှ နေ၍ တတ်စွမ်းသမျှ ကြိုးပမ်း ကူညီနေပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မကြာသေးခင်က ဧရာဝတီတိုင်း အတွင်းရှိ လေဘေးသင့် ဒေသများသို့ ကြွရောက်ကာ ကယ်ဆယ်ရေး အကူပစ္စည်းများ သွားရောက် ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်း များကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်း ပေးခြင်းများကို လုပ်ဆောင်ပေးနေသည့် သံဃာတော်များလည်း ရှိပါသည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး မုန်တိုင်းသင့် ဒေသများတွင် သံဃာနှင့် အရပ်သားများ ၁ဝဝ ခန့်ကို ဦးဆောင်ကာ အကူအညီပေးပြီး မကြာသေးခင်က ပြန်လည် ကြွရောက်လာသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ပညာသီဟ (သက်တော် ၄၄၊ ဝါတော် ၂၄) ကို လျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

ဆရာတော်ကြီးသည် နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်ပြီး အဘိဓမ္မာကို သင်တန်းဖွင့် ပို့ချပေးသူဖြစ်ကာ ပရိယတ္တိ လုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျောဇောထင်ရှားသူ ဖြစ်ပါသည်။

မေး။ ။ ဘယ်နေ့က ရန်ကုန် ပြန်ရောက်တာလဲ ဘုရား။

ဖြေ။ ။ ၁ဝ ရက်နေ့က ပြန်ရောက်တယ်။ ဦးဇင်းတို့ တက်သွားတာ ၅ ရက်နေ့က လပွတ္တာနယ် တနယ်လုံးမှာရှိတဲ့ ရွာတွေဆီ စက်လှေတွေ၊ ပဲထောင်တွေနဲ့ သွားပြီးတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတယ်။ ပေါက်တူး၊ ပေါက်ပြား၊ ဒန်အိုး၊ ဒယ်အိုး၊ ဇွန်း၊ ဓား၊ ယောက်မ၊ အဝတ်အထည်၊ ဆေး အဲဒါတွေ ရွာပေါင်း ၆ဝ ကျော်လောက် ဘုန်းကြီးတို့ လှူနိုင်ခဲ့တယ်။

မေး။ ။ လူဦးရေက ဘယ်လောက်ကို တွေ့ခဲ့ပါသလဲဘုရား။

ဖြေ။ ။ လူဦးရေက တချို့က ရွာလုံးကျွတ်၊ တရွာလုံးမှာ ၃ ယောက်လောက် ကျန်တာလေ။ ပျမ်းမျှဆိုရင် တရွာမှာ ၂ဝဝ-၃ဝဝ။ ရွာပေါင်း ၆ဝ ကို ကိုယ်ဘာသာ တွက်ကြည့်တော့။

မေး။ ။ အရှင်ဘုရားတို့ သံဃာအင်အားဘယ်လောက်နဲ့ သွားခဲ့တာလဲဘုရား။

ဖြေ။ ။ ဦးဇင်း အပါး ၄ဝ၊ ကပ္ပိယ လူပုဂ္ဂိုလ် ၇ဝ ကျော်၊ အားလုံးပေါင်း ၁ဝဝ ကျော်ပေါ့။

မေး။ ။ ရွာတွေမှာ အခြေအနေ ဘယ်လို ရှိသလဲဘုရား။ လူတွေ ကယ်ဆယ်ရေး ပစ္စည်းတွေ ဘယ်လောက် ရနေပြီလဲ။

ဖြေ။ ။ ကယ်ဆယ်ရေး ပစ္စည်းတွေက လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်၊ မရပါဘူး။ မယ်မယ်ရရ မရပါဘူး။ ရတာတွေကလည်း ဆန်လိုလို ပဲလိုလို၊ အာလူးလိုလို ဒီလောက်ပါပဲ။ တောရွာတွေက ဆိုးဆိုးရွားရွား ခံစားရပါတယ်။ မြို့ပြတွေမှာ ခိုအောင်းနေတဲ့ လူတွေက အတော်အတန် ရတယ်လို့ ဆိုရမှာပေါ့။ မြင်ရတာက လက်ရှိ အနေအခြေမှာ လုံလုံလဲလဲ၊ လောက်လောက်လားလား မရှိပါဘူး။ ပြောရရင်တော့ လူလိုတောင် မနေရပါဘူး။ ရေညစ်ရေညမ်းတွေ ဖယ်ထုတ်ပြီးတော့ သန့်ရှင်းရေး လုပ်နိုင်တာ ဘာမှ မရှိသေးပါဘူး။

မေး။ ။ အရှင်ဘုရားတို့ ရောက်သွားတဲ့အချိန်မှာ အခြား ဘယ်လိုအဖွဲ့တွေ ရှိနေသလဲ။

ဖြေ။ ။ မရှိပါဘူး။ မန္တလေး မစိုးရိမ်တို့၊ ပဲခူးသာမဏေကျော်တို့၊ ပခုက္ကူတို့ ဘာတို့ ပြောသံတော့ ကြားတယ်။ ကျုပ်တို့နဲ့တော့ တည့်တည့် မတိုးပါဘူး။

မေး။ ။ အစိုးရပိုင်းကရော ဘယ်သူတွေနဲ့ ဆုံခဲ့ပါသလဲ ဘုရား။

ဖြေ။ ။ အစိုးရပိုင်းကတော့ အစကတည်းက ပတ်သက်မှုမရှိတော့ မတွေ့ခဲ့ပါဘူး။ လပွတ္တာရောက်တော့ လာပြီး လျှောက်ထားတာပေါ့။ ဘုန်းကြီးပြောတာ နားထောင်တာပါပဲ၊ ဘာမှသိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောပါဘူး။

မေး။ ။ သူတို့ရော ကယ်ဆယ်ရေး လုပ်နေကြလား ဘုရား။

ဖြေ။ ။ စိတ်လည်း မဝင်စားဘူး။ လေ့လည်း မလေ့လာဘူး။ စိတ်အနှောင့်အယှက် ထပ်ဖြစ်မှာစိုးလို့၊ ဘာမှ မဖတ်တော့၊ ဘာမှ မသိတော့ ပိုမကောင်းဘူးလား။ ဒုက္ခရောက်နေတဲ့ လူတွေဆီက အရောက်သွားမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သွားတာပဲ၊ ပေးနိုင်သမျှ ပေးမယ်။ ကြည့်ရှုပေးတယ်။ ရေကန်တွေ သန့်ရှင်းပေးပြီး၊ ကူဘူတာစက်နဲ့ စုပ်ပေးတယ်။ အလောင်းကောင်တွေ မီးရှို့ သဂြုင်္ိဟ်ပေးတယ်။ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သရဏဂုံ တင်ပေးပြီး အမျှဝေရေစက်ချ၊ သာဓုခေါ်တယ်။ ဘယ်ရွာ ဘယ်ရပ်ရောက်ရောက် ဘုန်းကြီးတို့ အဲဒါ လုပ်တယ်။ အဲဒါတွေက ဘုန်းကြီးတို့ရဲ့ ရည်ရွယ်ချက်ပဲ။

မေး။ ။ အရှင်ဘုရားတို့က အလောင်းတွေကို မီးရှို့ သဂြုင်္ိဟ်ပေးခဲ့တယ် ဆိုတော့ အရှင်ဘုရားတို့ ပြန်လာတော့ ဒီလုပ်ငန်းတွေ ပြီးပြတ်သွားပြီလား ဘုရား။

ဖြေ။ ။ အလောင်းတွေက ခွေးသေသေပြီး၊ ခွေးလို ပစ်ထားတာလေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပေးဘူး။ ဘယ်အဖွဲ့မှ မလုပ်ပေးဘူး။ ဦးကျော်သူတို့ အဖွဲ့က လုပ်နေတယ်လို့ ကြားရတာပဲ။ ဒါပေမဲ့ဗျာ၊ အလောင်းက မရေမတွက်နိုင်အောင် များနေတဲ့ အခြေအနေဆိုတော့ ဘာမှ အရာမရောက်ဘူး။ ကိုယ် တတ်နိုင်သလောက် လုပ်ခဲ့တယ်။ အလောင်း ၇ဝ၊ ကျွဲ ၄ ကောင်၊ နွား ၁ ကောင်၊ မြေမြှုပ်တန်တာ မြှုပ်၊ မီး မီးသဂြုင်္ိဟ်တန် မီးရှို့သဂြုင်္ိဟ်ခဲ့တယ်။ ဘုန်းကြီးတို့ ပါသွားတဲ့ လောင်စာက ဒီလောက်ပဲလေ။ အလောင်းတွေက ကိုင်လို့တောင် မရတော့ဘူး။ ကိုင်လိုက်ရင် ခြေထောက်ကဆွဲရင် ခေါင်းက ပြုတ်ကျန်ခဲ့။ အဲဒါတွေ ကောက်ပြီး မီးရှို့၊ အဲလို လုပ်ရတာ။ အဲဒါတွေက ရေထုရော၊ လေထုရော အကုန်ကို ညစ်ညမ်းစေတယ်လေ။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကတော့ ဆင့်ပွားဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာလေ။

မေး။ ။ ပြန်လာတော့ အရှင်ဘုရားတို့ အားလုံး ပြန်ကြွလာကြတာလား။

ဖြေ။ ။ ရေစုပ်စက် ၁၃ လုံးနဲ့၊ ကပ္ပိယ ၁၁ ယောက်ထားခဲ့တယ်။ ဆက်ပြီးတော့ စာရင်းပေးထားတဲ့ ရပ်ရွာတွေ၊၊ အားကိုး အားထားပြုတဲ့ ရေကန်တွေကို အကုန်ဆက်လုပ်နေတယ်။ ဘုန်းကြီးတို့ ရောက်တာက အကြိမ် ၅ ခေါက်ရှိပြီး၊ ကွမ်းခြံကုန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်ကျွန်း ရောက်ပြီးပြီ။ လပွတ္တာက ထဲထဲဝင်ဝင် ဒေသတွေကို မရောက်သေးလို့ သွားခဲ့တာ။

မေး။ ။ ဒေသထဲက သာသနိက အဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဘုန်းကြီးတွေ သေတဲ့ ကျောင်းတွေက အများကြီး။ ကျောင်းတွေက မရှိတာ များပါတယ်။ ပြိုပျက်ကုန်ကြတာ များပါတယ်။ တချို့တိုင်တောင် မကျန်ဘူး။ အဲဒါတွေ ပြန်လည် ထူထောင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ။

မေး။ ။ ဝါတွင်းကျတော့ အရှင်ဘုရားတို့ လုပ်ငန်းတွေ ဘယ်လို ဖြစ်သွားမလဲဘုရား။

ဖြေ။ ။ ပုံမှန်အတိုင်းပေါ့ဗျာ။ ကျုပ်ကလည်း ဗုဒ္ဓ တက္ကသိုလ် ဖွင့်ထားတော့ အချိန်ရသလောက်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လုပြီးတော့ တက်နိုင်သလောက် လုပ်ပေးမယ်။ ဒါပေမဲ့လည်း ပြည်တွင်းအနေနဲ့ စေတနာ့ရှင်၊ အလှူရှင်တွေက လာရောက် လှူဒါန်းတာတွေ လက်ပမ်းကျလာတဲ့ သဘောရှိပါတယ်။ တဖြည်းဖြည်း သွေးအေးလို့ လက်ပမ်းကျသွားလို့ ရှိရင် ဒုက္ခသည်တွေ ရှေ့ရေးက ရင်လေးစရာ ကောင်းပါတယ်။ ပြန်လည် ထူထောင်ရေးက တော်တော်ကို မလွယ်သေးတဲ့ ကိစ္စပါ။ ပြည်တွင်းက အလှူရှင်တွေ ပေးနိုင်ကမ်းနိုင်လို့ရှိရင် နောက်ဆုံး ၆ လပိုင်း မကုန်ခင်ပေါ့ဗျာ။

မေး။ ။ ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက ပြန်စနေတာ တွေ့ခဲ့လားဘုရား။

ဖြေ။ ။ စဖို့ နေနေသာသာ၊ လယ်တွေက ဆားငန်ရေတွေ ဝင်နေတယ်။ ဘယ်လို နိုင်ငံတကာ ပံ့ပိုးမှုတွေ ဘယ်ပုံရမယ်ဆိုရင် အားရစရာပေါ့ဗျာ။ အဲလို မဟုတ်ဘူး ဆိုရင်တော့ တောင်သူလယ်သမားတွေက လက်ရှိ ဘုန်းကြီးပေးတဲ့ ပေါက်တူးလေး တလက်တောင် အားရဝမ်းသာနဲ့ တော်တော်လေး ပေါက်တူးလေးဖက်ပြီး ဝမ်းသာနေကြတာ။ အဲလောက်လေးရတာ ဝမ်းသာတယ်ဆိုတော့ ကျွဲတွေ၊ နွားတွေမှ မရှိတော့ပဲ။ ကြားခဲ့တာက တအုပ်စုက ရေကန် သန့်ရှင်းရေး လုပ်ကိုင်နိုင်ဖို့ ၅ ရွာ၊ ၆ ရွာ စုထားတဲ့ ကျေးရွာအုပ်စုတွေ ရှိတယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ရေစုပ်စက်၊ ၃ လက်မပိုက်နဲ့ တလုံးရတယ် ပြောတာပဲ။ ရနေတာ မဟုတ်ဘူး၊ ရမှာ ပြောတာ။

အနည်းစုတော့ အဆောက်အဦ ပုံသဏ္ဍာန်တော့ ကျန်ပါသေးတယ်။ ပြိုလဲသွားတာ များပါတယ်။ ဘာမှ မကျန်တာ များပါတယ်။

မေး။ ။ ရွာသားတွေက ဘယ်လို နေနေကြလဲဘုရား။

ဖြေ။ ။ ရွာသားတွေက အသက်ရှင် ကျန်နေတဲ့ သူတွေက စုစည်းပြီး တနေရာမှာ ကိုယ့်အိမ့် ကိုယ့်နေရာ မရွေးတော့ဘူး။ စုစုရုံးရုံးနေမှလည်း ကိုက်မှာလေ။ ညဘက်တွေမှာ တစုတဝေးထဲ ရှိမှကိုး။ အဲဒီမှာ တာပေါ်လင်စတွေနဲ့ ကာထားတာတို့၊ မိုးထားတာတို့ အဲလိုစုနေမှ ဖြစ်မှာကိုး။ စုမနေရင် ညဘက်ဆို အန္တရာယ် ရှိတာကိုး။ အဲဒီမှာက ညဘက်ကျတော့ သေသွားတဲ့ လူတွေက သေချင်းဆိုးတွေနဲ့ သေတာဆိုတော့ မကျွတ်မလွတ်တာတွေ များတယ်လေ။ ညဘက်ကျတော့ ကယ်ပါ၊ ယူပါ အသံဗလံတွေက တော်တော်များများ ကြားနေရတယ်။ အဲဒီအတွက် ဘုန်းကြီးတို့က အမျှအတန်း ဝေခဲ့တာပဲ။ ရနိုင်သူတော့ ရမှာပေါ့ဗျာ။ အကုန်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကံနည်းလို့ ဒီဘဝရတာကိုး။ အဘိဓမ္မာလို ပြောရင်တော့ ဘဝပေါင်းများစွာက ကံတခုကလည်း သာသနာနဲ့ ကြုံပြီး သာဓုခေါ်ဖို့ သတိရရင်တော့ ကျွတ်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ဘယ်တတ်နိုင်မှာလဲ။ မဟုတ်ဘူးလား။

မေး။ ။ တပည့်တော်တို့လည်း ကြားပါတယ်ဘုရား။ ဒီကိစ္စတွေ။

ဖြေ။ ။ မနက်မိုးလင်း အာရုံဆွမ်း စားပြီးရင် သင်္ဘောကျောက်ချ၊ နှစ်စီး တွဲထားတာကိုး။ တပည့်တို့ တို့လာတာ ကယ်ဆယ်ရေး လုပ်ဖို့လာတာ။ မွန်မြတ်တဲ့ စိတ်စေတနာကို သစ္စာဓိဋ္ဌာန် ပြုပြီးတော့၊ ပဲ့ထောင်မှာ ဘယ်နှစ်ပါးတက်ကြ။ ကပ္ပိယ ဘယ်နှစ်ယောက်သွားကြ။ ပစ္စည်း ပစ္စယ တင်ကြ။ သွားကြ။ ညနေ ၆ နာရီမှ ပြန်မရောက်ရင် မင်းတို့ကိုတော့ ငါရေစက်ချ အမျှဝေလိုက်မယ်။ ငါတို့ ထိုနည်းလည်းကောင်း ဒီအတိုင်းပဲ ထွက်မှာကိုး။ လှိုင်းတွေ လှေတွေ၊ တံပိုးတွေကြားမှာ သွားရမှာကိုး။ သစ္စာတရား မှန်ကန်လို့လား မသိဘူး။ ဘေးမသီ၊ ရန်မခ အကုန် ပြန်ရောက်တယ်။ သွားတဲ့ နေရာတွေက သိပ်ဝေးလံတော့ လှိုင်းလေတွေက ကြီးတော့ မော်တော်သမား၊ ပဲ့ထောင်တွေက ကျွမ်းကျင်မှုနည်းရင် မပို့ရဲဘူး။ ထိုက်တန်တဲ့ အဖိုးအခတော့ ဘုန်းကြီးက ပေးပါတယ်။ ဝတ်ရွတ်တယ်။ ပရိတ်ရွတ်တယ်။ အမျှဝေပေးတယ်လေ၊ ညတိုင်း လုပ်ပေးတယ်။ ဘုန်းကြီးတို့ တခါတလေ အနံအသက်ဆိုးတွေ ရတယ်။ အမျှယူချင်လို့ လာကြတယ် ထင်တာပဲ။ တချို့ ဦးပဉ္စင်းတွေဆိုရင် ထင်ထင်ရှားရှားကြီးတွေ တွေ့ရ။ အနံ့အသက်တွေ ရကြ။ ဒါတွေက သူတို့ဘဝရဲ့ ဘဝအကျိုးပေးတွေပေါ့။ သူတို့ လာတယ်ဆိုတဲ့ အထောက်အထားတွေပေါ့။

မေး။ ။ ဘာများ မိန့်ကြားချင်သေးလဲ ဘုရား။

ဖြေ။ ။ လုပ်တဲ့ကိုင်တဲ့ သံဃာတွေလည်း ထိထိရောက်ရောက် သွားပြီးမှာတော့၊ ကိုယ်ပင်ပမ်းတာကို ပဓာနမထားဘဲနဲ့ ဒုက္ခသည်တွေ လက်ထဲကို ကိုယ်ထိလက်ရောက် သွားပေးနိုင်ရင် ကောင်းမှာပဲ။ ကြားပါတယ်။ ဘယ်ဆရာတော်က ဘယ်မြို့ကို ဦးတည်သွားပြီး ပုံအောပြီး အပ်ပစ်ခဲ့တာတို့၊ ကြားပါတယ်။ ငါ့လာအပ်ရင် ကောင်းမှာလို့၊ အပ်ပစ်ခဲ့တာ မသေချာဘူး။ ၅ဝ ရာခိုင်နှုန်း ရောက်ဖို့တောင် မသေချာဘူး။ တကယ့် နေရာတွေကို ပြောတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပူတာအိုထောင်အတွက် ရိက္ခာဆန် ကုန်သည်များ ထောက်ပံ့

မျိုးကြီး
သောကြာနေ့၊ ဇွန်လ 13 2008 19:01 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ နာဂစ်မုန်တိုင်းနောက်ပိုင်း ကချင်ပြည်နယ် မြောက်ဖျားရှိ ပူတာအို အကျဉ်းထောင်အတွက် လိုအပ်သည့် ဆန်များကို ခရိုင်အတွင်းရှိ ဆန်ကုန်သည်များက ထောက်ပံ့နေရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အကျဉ်းသားများ စားသုံးရန် ရိက္ခာဆန် အခက်အခဲ ရှိနေသဖြင့် ဆန်ကုန်သည်များ အသင်းမှ ဆန်ထောက်ပံ့ပေးရန် ပြည်ထဲရေးဌာနမှ ညွှန်ကြား သောကြောင့် ယခုလို ထောက်ပံ့နေရခြင်း ဖြစ်ကြောင်း ခိုင်လုံသော ပူတာအို ထောင်ဝန်ထမ်း သတင်းရပ်ကွက်က မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းမှ စတင်ကာ ယခုလကုန်အထိ ဆန်ကုန်သည်များက ထောင်အတွက် တတင်းခွဲ ဆန်အိတ် ၂၈ဝ ကျော် ထောက်ပံ့ ပေးရမည်ဟု ထောင်အာဏာပိုင်များဘက်က သတ်မှတ်ပေးခဲ့ပြီး၊ မေလ ၃၁ ရက်နေ့က ဆန် ၄၅ အိတ်ကို စတင်ထောက်ပံ့ခဲ့ပြီး ကျန်ရှိသည့် ဆန်အိတ်များကို အရစ်ကျနည်းဖြင့် ထပ်မံ ပေးသွင်းရမည်ဟု သတင်းရပ်ကွက်က ဆိုသည်။

ပူတာအိုရှိ ဆန်ကုန်သည် တဦးကလည်း ဆန်ပေးရကြောင်း အတည်ပြု ပြောဆိုသော်လည်း ဆန်ကုန်သည်များက မည်ကဲ့သို့ အချိုးကျ ထည့်ဝင် ရမည်နှင့် အသေးစိတ် အချက်အလက်များကိုမူ ပြောဆိုခြင်း မပြုပါ။ ဌာနဆိုင်ရာ လိုအပ်ချက်များရှိရင် အာဏာပိုင်များက ပတ်သက်ရာ နီးစပ်ရာ ကုန်သည် စီးပွား လုပ်ငန်းရှင်များထံမှ အလှူ ကောက်ခံလေ့ ရှိသည်။

ယခင်က ထောင်တွင်းသို့ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ အသားငါး စသည့်ရိက္ခာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက တာဝန်ယူ ပေးပို့ရန်အတွက် သတင်းစာများတွင် ကြော်ငြာထည့်၍ တင်ဒါ ခေါ်ယူလေ့ရှိပြီး၊ တင်ဒါရသူများက တင်ပို့ ရောင်းချခွင့် ရသည်။ နာဂစ် နောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်သာ တင်ဒါခေါ်ယူပြီး ဆန်ကို ခေါ်ယူခြင်း မရှိတော့ပါ။

ပူတာအိုတွင် ဆန်အကောင်းစား လုံးသွယ်မွှေး ခတ်ချိုဆန်သည် တအိတ်လျှင် ကျပ် ၆ဝဝဝဝ ဝန်းကျင်၊ ငစိန်ဆန်ကဲ့သို့ အညံ့စားဆန်က တပြည် ၁၃ဝဝ ခန့် ဈေးပေါက်နေပြီး၊ ၂ ဆနီးပါး ခုန်တက်လာကြသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် ဆန်ဈေးသည် ၂ ဆနီးပါး တက်နေသည်။

ဒေသတွင်း၌ ဆန်ဈေး တက်နေကာ တရုတ်နိုင်ငံဘက်သို့ မြန်မာမှ ဆန်သယ်ယူရောင်းချမှုကို အာဏာပိုင်များက ပိတ်ပင်ထားပြီး ရှာဖွေ ဖမ်းဆီးမှုများ လုပ်နေသည်။

နှစ်နိုင်ငံနယ်စပ်တွင် ဆန်ရောင်းဝယ်နေသည့် ကုန်သည်တဦးက “အာဏာပိုင်တွေဘက်ကတော့ တရားဝင် ပိတ်ထားတာပဲ။ အခုဝင်တာက အောက်လမ်းလို့ ခေါ်တာပေါ့။ ဂိတ်နဲ့ ကားသမားနဲ့ ညှိပြီး သွင်းကြတာ” ဟု ပြောသည်။

မုန်တိုင်းသင့် ဧရာဝတီတိုင်းက လယ်ယာမြေများတွင် ဆန်စပါးကို အချိန်မီ မစိုက်ပျိုးနိုင်ပါက မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က FAO က ထောက်ပြထားသည်။

နအဖ စီမံကိန်းဝန်ကြီးဌာနမှ ဦးစိုးသာက FAO ၏ ပြောဆိုချက်ကို အခြေအမြစ်မရှိဟု တုံ့ပြန် ပြောဆိုခဲ့သည်။

ပူတာအို အကျဉ်းထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများကလည်း အကျဉ်းကျနေသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပြည်တွင်းမှ စေတနာ့ဝန်ထမ်းအချို့ အလှူငွေ လက်မခံရဲတော့

ဇွန် ၁၃။ ရဲအောင်သော်

အဆိုတော် ဇာဂနာကို ဖမ်းဆီးသွားပြီးနောက်ပိုင်း နာဂစ်ဒုက္ခသည်များအတွက် ပြည်တွင်းမှ ကယ်ဆယ်ရေးလုပ်နေကြသော စေတနာ့ဝန်ထမ်း အလှူရှင် အဖွဲ့အချို့သည် ရပ်ဝေးမှ အလှူငွေ လက်ခံရန် အခက်ကြုံလျက် ရှိသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဘိုကလေးက ပြန်လာတဲ့ အဖွဲ့တခုဆို အလှူငွေ လက်မခံတော့ပါဘူး။ လှူချင်တဲ့လူရှိရင် သူတို့ လူအားပဲ စိုက်ပြီး ကူညီပါ့မယ်လို့ ကြေညာထားရတယ်။ ကိုဇာ့ဂနာ့လဲ ခေါ်တုန်းက ခဏပါ၊ အ၀တ်အစားတွေပါ ယူခဲ့ပါဆိုပြီး ခုထိ ပြန်မလွှတ်သေးတော့ အခြေအနေက သိပ်မလွယ်ဘူး”ဟု အလှူရှင် အုပ်စုတခုက ပြောကြားသည်။

ဘလော့ဂါဒေါ့ကွန်းကို ပြည်တွင်းတွင် ပိတ်ဆို့ထားပြီး နာဂစ်ဒုက္ခသည်များနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်ပုံများကို အမြောက်အများ တင်ပေးနိုင်သည့် ဖလစ်ကာနှင့် ပီကာဆာ ဒေါ့ကွန်းများကိုလည်း ပိတ်ဆို့လိုက်သဖြင့် လှူဒါန်းသည့် အထောက်အထား ဓာတ်ပုံများကို ပြည်ပအလှူရှင်များအား ပြန်လည်မျှဝေရန် မလွယ်ကူတော့ကြောင်း သိရသည်။

“ဂျီတော့ကိုတော့ ပိတ်လို့မလွယ်လို့ သူတို့ မပိတ်ဘူး။ ဒါပေမယ့် ရန်ကုန်ကနေ ဂျီတော့က ဓာတ်ပုံပို့ရတာ အရမ်းကြာတယ်။ ပို့နေတုန်း ပြန်ပြန်ပြုတ်ကျသွားတယ်။ ကော်နက်ရှင် နှေးတာလဲ ပါတယ်။ အလှူလုပ်တယ်ဆိုတာလဲ ရှင်းရှင်းလင်းလင်း ရှိမှ ကောင်းတော့ ဓာတ်ပုံမှတ်တမ်းတွေ၊ စာရင်းတွေ ပြန်ပို့ပေးတယ်ဆိုတာလဲ လိုကို လိုတယ်။ ဒါ ကိုယ်တွေသိက္ခာပဲ”ဟု စေတနာ့ဝန်ထမ်း တဦးက ပြောပြသည်။ ကုလသမဂ္ဂ၊ ဝေါလ်ဗစ်ရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ပြည်တွင်း ကိုယ်ထူကိုယ်ထ အလှူရှင်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။

“အကောင်းဆုံးနည်းက ဒါတွေ(ကယ်ဆယ်ရေးတွေ) လုပ်နေရင် အိမ်မှာ ချဲစာရွက်ကအစ မရှိစေနဲ့။ အိမ်ဝင်ရှာရင် ငြိနိုင်တဲ့ပစ္စည်းမှန်သမျှ အကုန်ရှင်းထား။ အလှူငွေ ဖြတ်ပိုင်းတွေ တခြားမှာ သွားထား။ လှူနေတဲ့ပုံတွေ စီဒီခုတ်ထားတာတို့၊ ကွန်ပျူတာထဲမှာ သိမ်းထားတာတို့က ခုထိတော့ ပြဿနာ မရှိသေးဘူး ထင်တာပဲ။ ကိုဇာဂနာက လွဲရင်ပေါ့”ဟု FNG အဖွဲ့နှင့် ပူးပေါင်း ကယ်ဆယ်ရေးလုပ်နေသူ တဦးက ပြောသည်။

အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာက အန်ဂျီအိုများအား ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် ဒေသခံ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လှူဒါန်းမည့်ပစ္စည်းစာရင်း ဒေသခံ အာဏာပိုင်များသို့ ပေးအပ်ရန်နှင့် လေဘေးသင့်သူများ အမှန်တကယ် လိုအပ်သည့် ပစ္စည်းများသာ ဖြစ်ရန် ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ မလိုအပ်သည့် ပစ္စည်းဖြစ်၍ ပြန်လည် ရောင်းချပါက နိုင်ငံဂုဏ်သိက္ခာ အထိခိုက် မခံနိုင်ဟု ဆိုသည်။ မင်္ဂလာဈေး၊ မင်္ဂလာဒုံဈေး ဈေးကွက်များသို့ ရောက်ရှိလာသော ခေါက်ဆွဲခြောက်များ၊ စောင်များမှာ မြန်မာဒုက္ခသည်များ လိုအပ်သော ပစ္စည်းများ ဟုတ်မဟုတ်ကို ဦးစိုးသာက မပြောပါ။

အပြည့်အစုံဖတ်လိုလျှင်

တောင်ပြိုသဖြင့် မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံး

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 13 2008 14:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မိုးသည်းထန်စွာ ရွာသွန်းရာမှ မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးပြီး လူနေအိမ်ခြေ အများအပြား ပျက်စီးသွားသည် ဟု ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယနေ့ နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြားထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီး သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူအသေအပျောက် အနည်းဆုံး ၁ဝ ဦးရှိမည်ဖြစ်ကြောင်း ဒေသခံ ကူညီ လုပ်ကိုင်ပေးနေသူ တဦးက ပြောသည်။ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေခဲ့၍ သီးခြား အတည်ပြုချက်များ ယခု သတင်းပေးပို့ချိန်တွင် မရနိုင်ဘဲ ဖြစ်နေသည်။

ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါးပြိုကျမှုကြောင့် ထိခိုက် ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။

ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး

သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 12 2008 23:25 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း အပျက်အစီးများကို လေ့လာ အကဲဖြတ်မှုများ ပူးတွဲ ပြုလုပ်လျက် ရှိကြသည့် သုံးပွင့်ဆိုင် ပင်မအုပ်စု 'Tripartite Core Group' (TCG) နှင့်အတူ ပူးတွဲလိုက်ပါ တာဝန် ထမ်းဆောင်ရန် မြန်မာ စစ်အစိုးရက ထောက်လှမ်းရေး အရာရှိ ၂ ဒါဇင်ကျော်ကို တာဝန်ပေးအပ်ခဲ့သည် ဟု ဤအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်၏ အပြောအရ သိရပါသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မြန်မာ အကြီးတန်းအရာရှိ အတော်များများကတော့ စစ်အစိုးရက ခုလို နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာမှု လုပ်ငန်း (PONJA) မှာ ထောက်လှမ်းရေး အရာရှိတွေနဲ့ တွဲပြီး လေ့လာ စူးစမ်းမှုတွေ လုပ်မယ်ဆိုတဲ့ ကိစ္စကို တော်တော့်ကို မချင့်မရဲ ဖြစ်နေကြတယ်” ဟု (TCG) တွင် ပါဝင်သည့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသွားပါသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် ပင်မအုပ်စု (Core Group) ဟု သိကြသည့်အဖွဲ့ကို အာဆီယံ အဖွဲ့ကြီး၏ အကူအညီဖြင့် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ၊ ကုလအေဂျင်စီများ၊ ဝန်ကြီးဌာန အသီးသီးမှ မြန်မာအရာရှိများဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောက်လှမ်းရေး အရာရှိ အများစုမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖြစ်ကြပြီး သူတို့ ဝင်လာနိုင်ရန်အတွက် ဤလုပ်ငန်းတွင် မူလက တာဝန်ပေးထားသော အရာရှိများမှာ နေရာ ဖယ်ပေးခဲ့ကြရသည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆက်လက် ပြောကြားပါသည်။

ဤမစ်ရှင်အဖွဲ့၏ အဖွင့် အခမ်းအနားကို အင်္ဂါနေ့က ရန်ကုန်မြို့ Chatrium ဟော်တယ်၌ ကျင်းပပြီးနောက် အဆိုပါ အမြင်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် TCG အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်သူ တက်ရောက်ခဲ့သည်။

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရင်း ပစ်ဆူဝမ်း Mr. Surin Pitsuwan လည်း အဆိုပါ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

ထိုနေ့တွင်ပင် မုန်တိုင်း ဖျက်ဆီးမှုဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းသို့ အစိုးရ လိုလားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) မှအဖွဲ့ဝင် ၂၅ဝ ကျော်ကိုလည်း စေလွှတ်ခဲ့သည်။

အဆိုပါ ကြံ့ဖွံ့ အဖွဲ့ဝင်အချို့သည် အစိုးရ သတင်းပေးများ အဖြစ်လည်း ဆောင်ရွက်ကြလိမ့်မည်ဟု လေ့လာသူများက ပြောဆို နေကြပါသည်။ စစ်အစိုးရ၏ အခြေအမြစ် မရှိသည့် စိုးရိမ်ကြောင့်ကြမှုများကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်း မရှိဘဲ အမေရိကန် ရေတပ် စစ်သင်္ဘော ၄ စင်း ပြန်လည် ထွက်ခွါသွားပြီး နောက်မှာပင် နိုင်ငံခြား အကူအညီပေးရေး လုပ်သားများအပေါ် စစ်အစိုးရက သင်္ကာမကင်းဖြစ်ဆဲ ရှိသေးသည် ဟု သူတို့က ဆက်လက် ပြောဆိုသွားကြပါသည်။

မည်သည့် နိုင်ငံခြားသားများကိုမျှ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ လူနေ ရပ်ကွက်များ အတွင်းသို့ ဝင်ရောက်ခွင့် မပေးရန် ရပ်ကွက်နှင့် မြို့နယ် အဆင့် ဒေသခံ အာဏာပိုင်များကို အမိန့်ပေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောကြားခဲ့ပါသည်။

“မြန်မာအစိုးရက သူတို့ ကတိပေးထားသလို နိုင်ငံခြားသား အကူအညီပေးရေး ဝန်ထမ်းတွေကို ပိုမို ဝင်ရောက်ခွင့် ပြုမယ်လို့ မျှော်လင့်ခဲ့တာ ပါဘဲ။ ဒါပေမဲ့ ခုလို နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ရှည်လက်ရှည် စောင့်နေသေးပေမဲ့ ထင်ထားသလို ခွင့်မပြုသေးပါဘူး” ဟု အမည် မဖေါ်လိုသူ ထိုပုဂ္ဂိုလ်က ဆက်လက် ပြောကြားပါသည်။

မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လူပေါင်း ၁၃၃ဝဝဝ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်မှာ တလကျော် ကြာမြင့်သည့်တိုင်အောင် လူတသန်းကျော်မှာ မည်သည့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီမျှ ယခုတိုင် ရရှိခြင်း မရှိသေးဟု ကုလသမဂ္ဂက ခန့်မှန်းထားပါသည်။

အဆိုပါ လေ့လာအကဲဖြတ်ရေး အဖွဲ့သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သည့် လူပေါင်း ၂.၄ သန်းအတွက် လိုအပ်မည့် အစားအစာ၊ သောက်ရေသန့်၊ ယာယီ အမိုးအကာများကို လေ့လာ တွက်ချက်သွားမည် ဖြစ်ပြီး၊ အိမ် များ၊ ကျောင်းများ၊ လယ်ယာ စိုက်ပျိုးရေး အခြေခံ စီးပွါးရေးတို့ကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ကုန်ကျမည့် စရိတ်စကများကို ခန့်မှန်း တွက်ချက်သွားမည် ဖြစ်သည်။

ကျွမ်းကျင်သူ ၂၅ဝ ခန့် ပါဝင်သည့် အဆိုပါ အဖွဲ့သည် ပင်မအုပ်စု (Core Group) ၏ ခေါင်းဆောင်မှုဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ထရပ်ကားများ၊ လှေသင်္ဘောများ၊ ရဟတ်ယဉ်များဖြင့် လေ့လာ စူးစမ်းမှုများ ပြုလုပ်ရန် အင်္ဂါနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းအလွန် ဒုတိယအကြိမ် ကပ်ဘေးဆိုးကျရောက်နိုင်ဟု ကျန်းမာရေးကူညီမှုအဖွဲ့များ သတိပေး

13 June 2008


အစားအစာများဝေငှမည်ကို မိုးရွာထဲတွင် စီတန်းစောင့်ဆိုင်းနေကြသော လပွတ္တာမြို့နယ်ရှိ လေဘေးဒုက္ခသည်များ။ဇွန် ၉၊ ၂၀၀၈။

မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းသင့်ဒေသတွေမှာ နောက်ပိုင်းရောဂါဆိုးတွေ ကူးစက်ပျံ့နှံ့လို့ ဒုတိယအကြိမ် ကပ်ဆိုး ကျရောက်လာနိုင်မယ့် အန္တရာယ်အတွက် စိုးရိမ်စရာရှိတယ်လို့ အမေရိကန်အခြေစိုက် Direct Relief International လို့ခေါ်တဲ့ ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကူညီရေးအဖွဲ့က ပြောလိုက်ပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးကဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံတွင်း ဆိုင်ကလုံးမုန်တိုင်းသင့်တဲ့ ဒေသတွေမှာ ကျန်းမာရေးဆိုင်ရာ
အဆောက်အဦတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ အတော်လေးကို ပျက်စီး
ကုန်ပြီး နေရာအတော်များများမှာလည်း မသန့်ရှင်းတဲ့ရေတွေ ကျန်ရစ်တာကြောင့်
ရောဂါပိုးတွေ ကူးစက်လာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကူညီရေးအဖွဲ့တွေက စိုးရိမ်
နေကြတာပါ။ မြန်မာနိုင်ငံထဲ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနေရာတွေ ပျက်စီး
ကုန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်စီးသွားတာ၊ ဒေသတွင်းမှာလည်း
ကျန်းမာရေးဝန်ထမ်းတွေ အလုံအလောက်မရှိတာ၊ လမ်းပန်းဆက်သွယ်ရေးကြောင့် အရေးပေါ်ကျန်းမာရေး ကုသမှုပေးဖို့ ခက်ခဲတာ၊ အဆိုးဆုံးကတော့ ကျန်းမာရေး
ကာကွယ်မှုစနစ်တွေ ချို့တဲ့တာတွေကြောင့် ရောဂါပြန့်ပွားမှုတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆကြပါတယ်။ ဒီအထဲမှာ ဆိုင်ကလုံးဒုက္ခသည်တွေအတွက် ဆေးဖက်ဆိုင်ရာ
ပစ္စည်းတွေ၊ ဆေးဝါးတွေ ကူညီထောက်ပံ့နေတဲ့ အမေရိကန်အခြေစိုက် Direct Relief
International အဖွဲ့ကြီးလည်း အပါအ၀င်ပါ။ ဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ မစ္စတာ ဂျင်မ်
ပရောဆာ (Jim Prosser) က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ကပ်ဘေးဆိုးကျရောက်မယ့် အလားအလာအတွက်
ကျနော်တို့ အလွန်အမင်းကို စိုးရိမ်နေပါတယ်။ ရောဂါတွေဖြစ်နေတယ်ဆိုတဲ့ သတင်း
ရတာကြောင့် ကျနော်တို့အနေနဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံထဲ ကျနော်တို့နဲ့တွဲလုပ်နေတဲ့ အဖွဲ့တွေရဲ့ မေတ္တာရပ်ခံချက်အရ အရေးပေါ် လိုအပ်တဲ့ပစ္စည်းတွေ၊ ရောဂါတိုက်ဖျက်ရေးဆေးဝါးတွေကို နောက်ထပ်ပို့နိုင်အောင်
လည်း ပြင်ဆင်နေပါတယ်။”

မြန်မာစစ်အစိုးရသတင်းစာမှာတော့ တနေ့ကပဲ မုန်တိုင်းသင့်ဒေသတွေမှာ အများက
စိုးရိမ်သလို ရောဂါကူးစက်မှုတွေ မရှိဘူးလို့တော့ ပြောထားပါတယ်။ ဒါကြောင့် အခုလို စိုးရိမ်စရာတွေ ဖြစ်လာရအောင် ဘယ်လိုအခြေအနေတွေကြောင့်လဲလို့ မေးကြည့်
တော့ မစ္စတာ ဂျင်မ် ပရောဆာက အခုလိုပြောပါတယ်။

“WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံချက်တွေအရ အသက်ရှူလမ်းကြောင်း
ဆိုင်ရာ ကူးစက်ရောဂါပိုး ကူးစက်ခံရသူ ၆၉၅ ဦး၊ သွေးဝမ်းကိုက်တဲ့ ရောဂါသည်
၁၁၄ ဦး၊ သွေးလွန်တုပ်ကွေး ရောဂါသည် ၃ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါက အခိုင်
အမာရထားတဲ့သတင်းပါ။ မြန်မာနိုင်ငံထဲက သတင်းမှန်တွေ၊ အခြေအနေမှန်တွေကို
သိဖို့ကလည်း ခက်ခဲပါတယ်။ အခုအပတ်ထဲကျမှပဲ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက
ကိုယ်စားလှယ်တွေ တရွာဝင် တရွာထွက် အခြေအနေတွေကို သုံးသပ်အကဲခတ်ခွင့်
ရမှာပါ။ ဒါကြောင့် အခြေအနေတစုံလုံးကို သိရဖို့ ခဲယဉ်းနေတုန်းပါ။”

Direct Relief International အဖွဲ့အနေနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တဦး မုန်တိုင်း
နောက်ပိုင်းမှာ ရန်ကုန်ကို သွားရောက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အကူအညီတွေ
ပေးတာကိုတော့ သူတို့ကိုယ်တိုင် ဆောင်ရွက်တာမဟုတ်ဘဲ မြန်မာနိုင်ငံတွင်း
ဆေးဖက်ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့တွေကို ပြန်ပြီး ကူညီနေတာဖြစ်ပါတယ်။

“Direct Relief International အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံတွင်း ဒေသခံ အစိုးရမဟုတ်
တဲ့အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ အဲဒီက ဆေးဖက်ဆိုင်ရာ လိုအပ်
ချက်တွေကို ကူညီဆောင်ရွက်နေပါတယ်။ အထူးသဖြင့်ဆိုရင်တော့ မြန်မာနိုင်ငံထဲက
အကြီးဆုံး ဆေးဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းနဲ့ ပူးတွဲဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့မှာက ဆရာဝန် ၈,၀၀၀ ကျော် အဖွဲ့ဝင်ရှိပါတယ်။
ဧရာဝတီတိုင်းက မုန်တိုင်းဒုက္ခသည်တွေကို ကုသဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်း
က အဖွဲ့လိုက် သွားရောက်ကူညီနေပါတယ်။” လို့ ဂျင်မ် ပရောဆာက ပြောခဲ့ပါတယ်။

သူတို့အနေနဲ့ လက်ရှိအားဖြင့် ဆေးဖက်ဆိုင်ရာပစ္စည်းတွေ၊ ဆေးဝါးတွေ စုစုပေါင်း
တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၈,၀၀၀ တန်ဖိုးခန့် ကူညီခဲ့တယ်လို့ သိရသလို
ဆေးဖက်ဆိုင်ရာ ကူညီရေးအဖွဲ့တွေအတွက် ငွေသား ၁၆၃,၀၀၀ ကိုလည်း ထောက်ပံ့
ပေးခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ဆရာဝန်များအသင်းကိုတင်မဟုတ်ဘဲ တခြား
နိုင်ငံခြားက အကူအညီပေးရေးအဖွဲ့တွေကိုပေးတာလည်း ပါပါတယ်။

“Australia Aid International ကိုလည်း အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကူညီထားပါ
တယ်။ ဒီအဖွဲ့က ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ ၇ ဦးဟာ နိုင်ငံကူးဗီဇာရပြီး မြန်မာ
နိုင်ငံထဲ ရောက်နေပါတယ်။ သူတို့ဟာ ဒီ စိတ်ပိုင်းဆိုင်ရာ ဆေးပညာကုသမှုနဲ့
ပတ်သက်တာ၊ နောက် အရေးပေါ်ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ ဆေးပညာ
တွေကို အခု သင်တန်းပေးနေပါတယ်။” လို့ မစ္စတာ ဂျင်မ် ပရောဆာက ဆက်ပြောပါ
တယ်။

အခုလိုကြောင့်လည်း သူတို့အနေနဲ့ ဒီမုန်တိုင်းသင့်ဒေသတွေမှာ ကျန်းမာရေးအရ
စိုးရိမ်ရတယ်၊ ဒုတိယကပ်ဆိုး ကျရောက်မယ့်အန္တရာယ် ရှိတယ်ဆိုတာကို သူတို့ရဲ့ ဆန်းစစ်ချက်တင်မဟုတ်ဘဲ အဲဒီ ကူညီရေးဆေးအဖွဲ့တွေကတဆင့် ရတဲ့သတင်းတွေ
အပေါ်မှာလည်း သုံးသပ်ထားတာလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အခု မိုးတွင်း ရောက်လာတာနဲ့အမျှ အဲဒီဒေသတွေမှာ သွားရေးလာရေးခက်လာတဲ့အပြင်
ရေကြောင့်ဖြစ်တဲ့ ရောဂါမျိုးတွေ အချို့နေရာတွေမှာ ဖြစ်ပေါ်နေတယ်လို့ အဲဒီမှာ
သွားရောက်ခွင့်ရတဲ့ ဆေးအဖွဲ့တွေကတဆင့် သိရတယ်လို့လည်း ပြောပြပါတယ်။


အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန် သိန်းရာကျော် လာဘ်ထိုးရ

NEJ/ ၁၂ ဇွန် ၂၀၀၈

နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အလုပ်လျှောက်သူများအနေဖြင့် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ကို သိန်းဆယ်ဂဏန်းမှ ရာဂဏန်းထိ လာဘ်ပေးနေရသည်ဟု နေပြည်တော် နိုင်ငံခြားရေး
ဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိရာထူးရရန်အတွက် ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ အရာရှိ အချို့ကို သိန်း (၁၅၀) ထိ လာဘ်ပေးရသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ခြေအဆင့် ရာထူးရရန်အတွက် သိန်း (၈၀) ၀န်းကျင် လာဘ်ထိုးနေရသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။ ယင်းသို့ လာဘ်ငွေ အများအပြား ပေးနေရကြောင်း မြန်မာသံရုံး သတင်းရပ်ကွက်ကလည်း အတည်ပြုပြောသည်။

(သတင်းအပြည့်အစုံကို သောကြာနေ့တွင် ဆက်လက် အစီရင်ခံသွားမည်ဖြစ်သည်)


အပြည့်အစုံဖတ်လိုလျှင်

၂၀၀၈ ခုနှစ် ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျမည်

NEJ/ ၁၂ ဇွန် ၂၀၀၈


ဧရာဝတီတိုင်းမှာ စပါးစိုက်ဧက (၂) သန်းနီးပါး ပင်လယ်ရေကျန်ပြီး မိုးစပါးမစိုက်နိုင် ဖြစ်နေသည့် အတွက် ၂၀၀၈-၂၀၀၉ မြန်မာနိုင်ငံ ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျသွားနိုင်သည် ဟု အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။

မုန်တိုင်းလွန်ကာလ စပါးစိုက်ဧက အပျက်အစီးကို အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေး
ဝန်ကြီးဌာနက စနစ်တကျ လေ့လာအပြီးမှာ ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်သည်။

မိုးစပါးရိတ်သိမ်းမည့် ဧကပေါင်း (၁၆) သန်းသာ ရှိမည်ဖြစ်သည့်အတွက် မနှစ်ကထက် (၁၀) ရာနှုန်း ကျသွားမည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းနှင့် ပါလာသည့် ပင်လယ်ရေကြောင့် ပျက်စီးသည့် ၂၀၀၇-၂၀၀၈ သိုလှောင်ဆန်လက်ကျန်မှာ ဆန်တန်ချိန် (၁) သန်းနီးပါးရှိသည်ဟုပါ အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရကမူ စပါးတန်ချိန် (၇) သိန်းသာ ပျက်စီးသည်ဟု ထုတ်ပြန်ထားသည့်အတွက် ဆန်တန်ချိန် (၄) သိန်းသာ ပျက်စီးသည်ဆိုသည့်သဘော ဖြစ်နေသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်ဒေသတွင် သတင်းမီဒီယာသမားများအား စောင့်ကြည့်ရန်စစ်အစိုးရ ညွှန်ကြား

NEJ/ ၁၂ ဇွန် ၂၀၀၈

နအဖ စစ်အစိုးရ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် (စရဖ) များက လေဘေးဒဏ်သင့် ကျေးရွာ များသို့ သွားရောက်ပြီး အဆိုပါ ရွာများကို ရောက်လာသူများအနက်မှ သတင်းမေးသူများ၊ အင်တာ ဗျူးလုပ်သူများ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်းတင်သူများ ရှိပါက ၎င်းတို့ထံ အမြန်ဆုံး သတင်း ပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေဘေးဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် ကျုံဒါးကျေးရွာအုပ်စုရှိ အမည်မဖော်လိုသူ ရာအိမ်မှူးတဦးက “ပြီးခဲ့တဲ့ (၃) ရက်လောက်က ကျနော်တို့ရွာကို ကျေးရွာအုပ်စု ဥက္ကဋ္ဌနဲ့ စရဖ
အဖွဲ့ဝင်တယောက် ရောက်လာတယ်။ ဒီရွာကို ဘယ်သူတွေ လာတယ်၊ ဘယ်ကလူတွေ ဖြစ်တယ်၊ ဘာလာလုပ်တယ်၊ လှူတယ်ဆိုရင်လည်း ဘာတွေလှူတယ် စသဖြင့် သူတို့ဆီကို သတင်းပို့ရမယ်လို့ ပြောတယ်။ ထူးခြားတာက အဲဒီလာတဲ့ လူတွေထဲမှာ သတင်းမေးတဲ့လူတွေ၊ အင်တာဗျူးလုပ်တဲ့ လူတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တဲ့လူတွေပါရင် ချက်ချင်း သူတို့ဆီ မပျက်မကွက် အမြန်ဆုံး အကြောင်း ကြားရမယ်လို့ လာပြောသွားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း မြို့နယ်အချို့သို့ မကြာခဏ သွားရောက် ကူညီလှူဒါန်းသူ တဦးက ယခုနောက်ပိုင်း ၎င်းတို့ရောက်သွားသည့် ကျေးရွာများတွင် စရဖ သို့မဟုတ် ၎င်းတို့ တာဝန်ပေးထားသူတဦး ရှိနေ ကြောင်း၊ ထိုသူက ရွာကို ကိစ္စအမျိုးမျိုးနှင့် ရောက်လာသူများ၏ အချက်အလက် မှန်သမျှ ကျေးရွာ ရုံးထံမှ ရယူပြီး ဆက်သွယ်ရေး စက်တလုံးဖြင့် ပုံမှန်သတင်းပေးနေသည်ကို မြင်ရကြောင်း ပြောသည်။

ထို့အပြင် မြို့အ၀င်အထွက် ဂိတ်များနှင့် ကားလမ်းပေါ်တွင် နေရာချထားသည့် စစ်ဆေးရေးများက ကားပေါ်တွင် နိုင်ငံခြားသားများ ပါမပါ၊ ပါလာပါက သက်ဆိုင်ရာ စစ်ဒေသက ထုတ်ပေးထားသည့် ရောက်ရှိရာ နေရာကို ၀င်ရောက်ခွင့် ခရီးသွားလက်မှတ် ရှိမရှိ စစ်ဆေးနေကြောင်း၊ မြန်မာနိုင်ငံ သားများကိုမူ မှတ်ပုံတင်စစ်ဆေးပြီး လာရောက်ခြင်းကိစ္စ၊ အလှူပစ္စည်း သွားပေးမည်ဆိုပါက သွားပေးမည့် နေရာအတိအကျနှင့် အလှူပစ္စည်းစာရင်းများကို တောင်းယူကြောင်း သိရသည်။

ပြည်ပအခြေစိုက် ရေဒီယို အသံလွှင့်ဌာနများနှင့် ဒီဗွီဘီ ရုပ်သံဌာနတို့မှ ဧရာဝတီတိုင်း သတင်း အချက်အလက်မှန်များ ထွက်ပေါ်နေ၍ နအဖစစ်အစိုးရက ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာသမားများက သုံးသပ်ပြောဆိုသည်။

စစ်အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာ နောက်ကျောဖုံး၌လည်း ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက် များနှင့် မသမာသူများက လုပ်ကြံသတင်း ဗီဒီယိုများ ရိုက်ကူးပြီး ပြည်ပသတင်းဌာနများသို့ ပေးပို့နေကြောင်း စွပ်စွဲရေးသားထားသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Thursday, June 12, 2008

ရောဂါဖြစ်မှုများသော်လည်း ကပ်ဘေးအဆင့် မဟုတ်ဟု MSF ပြော

ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 12 2008 18:58 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံးဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများအကြား ၀မ်းရောဂါနှင့် အသက်ရူ လမ်းကြောင်းဆိုင်ရာ ပြဿနာများ ရှိနေသော်လည်း ကပ်ဘေးတခု အနေအထားအထိ ရောက်ရှိသည့် လက္ခဏာ မတွေ့ရသေးဟု ပြောလိုက်သည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"အဲဒီဒေသမှာ ၀မ်းပျက် ၀မ်းလျောဖြစ်တာ လူနာ ၅၀ ကျော် တွေ့ရတယ်" ဟိုင်းကြီးကျွန်းပေါ်တွင် အဖွဲ့နှင့်အတူ ဆေးကုသရေး လုပ်ကိုင်နေသူ မြန်မာ ဆရာဝန်တဦးက ဗုဒဟူးနေ့က မဇ္ဈိမသို့ ပြောသည်။

"ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ကျနော်တို့ ထိန်းချုပ်နိုင်ပြီး ရောဂါကပ်ဘေး အနေနဲ့ ပျံ့ပွားမယ့် အနေအထား မဟုတ်ပါဘူး" ဟု သူက ပြောသည်။

ဆရာဝန်နှင့် သူဆေးအဖွဲ့သည် မေ ၂ ရက်နေ့က မုန်တိုင်း တိုက်ခိုက်မှု ခံရသည့် ဟိုင်းကြီးကျွန်း ကျေးရွာအုပ်စုမှ ကျေးရွာ ၁၀၀ ကျော်ကို သွားရောက်ခဲ့ပြီးနောက် ယခုလို သုံးသပ်ပြခြင်း ဖြစ်သည်။

လပွတ္တာမြို့တွင် ကိုယ်ပိုင် ဆေးခန်းတွင် ဆိုင်ကလုံး ဒုက္ခသည်များကို ဆေးကုသမှု ပေးနေသူ ဒေါက်တာအေးကြူက သူ၏ ဆေးခန်းသို့ နေစဉ် လူနာ ၂၅ ဦးခန့် ၀မ်းရောဂါနှင့် ပတ်သက်ပြီး လာရောက်ကုသမှု ခံယူလျှက် ရှိသည်ဟု ပြောသည်။

ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းအရ လူပေါင်း ၆၈၅ ယောက် အသက်ရူလမ်းကြောင်းဆိုင်ရာ ဝေဒနာ ခံစားနေရပြီး ၀မ်းရောဂါဖြစ်ပွားသူ ၁၁၇ ယောက်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃ ဦး၊ အသည်းရောင်အသားဝါ ဖြစ်သူ ၄ ဦးတို့ကို ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းအတွင်း တွေ့ရှိခဲ့သည်ဟု ပါရှိသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ကပ်ဘေးတခု အနေဖြင့် သတ်မှတ်ခြင်း မပြုပေ။ ထို့အပြင် ဆေးဝါး အထောက်အပံ့များ ဝေးလံ ခေါင်ဖျား ဒေသများအထိ ပို့ဆောင်ရန် လုပ်ဆောင်ပြီး ဖြစ်သည်ဟုလည်း ပြောသည်။

သို့သော်လည်း ကယ်ဆယ်ရေး လုပ်သားများကို ကန့်သတ် တားမြစ်ခြင်း ခံရလျှင် ဆေးဝါးကုသမှု အကူအညီများ ချက်ခြင်း မရောက်နိုင်လျှင် လူအမြောက်အများ သေစေနိုင်သည့် "ဒုတိယမြောက် သေမင်းတမန် လှိုင်းလုံးကြီး" ဖြစ်သွားမည့် အန္တရာယ် ရှိသည်ဟုတော့ ကုလသမဂ္ဂ အဖွဲ့ကြီးက သတိပေးထားသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မိုးစပါးအတွက် အမတော်ကြေးများ ထုတ်ပေးမည်

ဝိုင်းပီး
ကြာသပတေးနေ့၊ ဇွန်လ 12 2008 17:36 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်းအတွင်းရှိ နာဂစ် မုန်တိုင်းဒဏ်သင့် မြို့နယ်များတွင် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးအတွက် အမတော်ကြေး လယ်တဧကလျှင် ၈ ထောင်ကျပ်နှုန်း ထုတ်ချေးရန် စီစဉ်လျှက် ရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြို့နယ်အလိုက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကျေးရွာတခုချင်း၏ ချေးငွေ စီစစ်ရေးအဖွဲ့ ဥက္ကဌများကို ခေါ်ယူကာ ၂ဝဝ၈ ခုနှစ် မိုးစပါး အတွက် ငွေချေးပုံစံ လျှောက်လွာများ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

၁ ဧက ၈ဝဝဝ နှုန်းနှင့် ၁ဝ ဧကအထိ ချေးပေးမည် ဖြစ်ကာ ၁၇ ရာခိုင်နှုန်း အတိုးပေးရမည့် ချေးငွေအတွက် ရယူလိုသော လယ်သမားသည် ဘဏ်၏ အသင်းဝင် ဖြစ်ရမှာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားများနှင့် ကျေးရွာ ချေးငွေ စီစစ်ရေးအဖွဲ့ ဥက္ကဌ၏ ထောက်ခံစာများ တင်ပြရမည် ဟု ဘိုကလေးမြို့နယ်ရှိ မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယ ကြီးကြပ်ရေးမှူးတဦးက မဇ္ဈိမကို ပြောသည်။

နာဂစ် မုန်တိုင်းဒဏ်ကြောင့် မြို့နယ် လယ်ယာဘဏ်နှင့် နွေစပါးအတွက် အမတော်ကြေးငွေ ထုတ်ယူခဲ့သည့် လယ်သမားများ အခြေအတင် အငြင်းပွားနေရမှုများလည်း ရှိသည်။

ဖျာပုံမြို့နယ်တွင် ဘဏ်က လယ်သမားများထံမှ ချေးငွေ ပြန်ဆပ်ပြီး ဖြစ်ကြောင်း ပြေစာ ပြသနိုင်မှသာ နောက်ထပ် ချေးငွေအသစ် ပေးမည်ဟု ထုတ်ပြန်ထားသည်။

“ဘဏ်က ပြောတာကာ နာဂစ်ကြောင့် စာရွက်စာတမ်းတွေ ပျောက်သွားပြီတဲ့၊ အဲတော့ သူတို့မှာ စာရင်း မရှိတော့ဘူး။ လယ်သမားကပဲ ငွေဆပ် ပြီးတဲ့ စာပြရမယ်တဲ့။ လယ်သမားတွေလည်း နာဂစ်ကြောင့် အကုန်လုံး ဆုံးရှုံးမှတော့ စာရွက်စာတမ်းမရှိတဲ့ လူတွေက အများကြီး။ အဲဒီတော့ ဘဏ်က ချေးငွေသစ် ထုတ်မချေးပါဘူး လုပ်နေတယ်။” ဟု ဖျာပုံမြို့နယ်မှ တောင်သူကြီး တဦးက ပြောသည်။

ချေးထားသည့်ငွေများ ပြန်ဆပ်နိုင်ခြင်း မရှိသလို လယ်ယာ ဆက်လုပ်နိုင်ရန် ငွေကြေးလည်း မရှိခြင်းကြောင့် မျှော်လင့်ချက် မဲ့နေသည်ဟု လယ်သမားတဦးက ပြောသည်။

“လယ်လုပ်ငန်းကို ဆက်လုပ်ဖို့ အင်အားလည်း မရှိတော့ဘူး၊ မျှော်လင့်ချက် မဲ့နေတာ၊ ကျောချဖို့ တောင်မနည်း လုပ်နေရတယ်” ဟု မြင်းဂကုန်း ကျေးရွာမှ လယ်သမားတဦးက ပြောသည်။

အစိုးရဘဏ်က ထုတ်ချေးမှုမှာ ပမာဏ နည်းလွန်းလှသည်ဟုလည်း လယ်သမားများက ပြောသည်။

“ဘဏ်ကရတာ အရမ်းနည်းပါတယ်၊ ကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်း နည်းနည်းလေးပဲရတာ၊ မြို့ပေါ်က လုပ်ငန်းရှင်တွေဆီက ချေးပြီး လုပ်နေရတာ” ဟု မြင်းဂကုန်း ကျေးရွာရှိ လယ်သမားတဦးက ပြောသည်။ လယ်ဧက ၃ဝ ကျော်ပိုင်သော သူ၏ စပါးတင်း ၂ဝဝဝ ကျော် နာဂစ်ကြောင့် ရေစို ပျက်စီးသွားခဲ့သည်။

ထိုဒေသတွင် လယ် ၁ ဧကကို စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ အပါအဝင် ပျှမ်းမျှ ကုန်ကျစားရိတ်မှာ ကျပ် ၁ သိန်း ၈ သောင်း ဝန်းကျင် ဖြစ်သည်။ ငွေလိုသူ လယ်သမားများမှာ နီးစပ်ရာ ပုဂလိကများထံတွင် အတိုးနှုန်း အမြင့်နှင့် ချေးငှား လုပ်ဆောင်ရသည်ဟု လယ်သမားများက ပြောသည်။

ယခင် နွေစပါးအတွက် ချေးငွေနှုန်းထားမှာ တဧကလျှင် ၇ ထောင်ကျပ်နှုန်းဖြစ်ပြီး ၁ဝ ဧက အတွက် အများဆုံး ချေးငွေ ထုတ်ယူနိုင်သည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ချက်တွင် နာဂစ်ကြောင့် လယ်ဧကပေါင်း ၅ သိန်းကျော် ပျက်စီး သွားသည်ဟု ပြောသည်။

သို့သော် ယခု မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကမှာ တပြည်လုံး စပါးစိုက်ဧက၏ ၁ ရာခိုင်နှုန်း မပြည့်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဗီဒီယို ကင်မရာများ လိုက်လံ သိမ်းဆည်းနေ

နန်းဒေဝီ
ကြာသပတေးနေ့၊ ဇွန်လ 12 2008 17:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ် မုန်တိုင်းဒဏ် ခံရသည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့တွင် အာဏာပိုင်များက ဗီဒီယိုနှင့် ရုပ်သေ ကင်မရာ ၁ဝ လုံးထက်မနည်း သိမ်းဆည်းထားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရ သတင်းစာမှ စစ်အစိုးရ ဆန့်ကျင်သူများနှင့် ကိုယ်ကျိုးရှာ အတ္တသမားများက လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ကြံသတင်းများ ဖန်တီးလျက် ဓာတ်ပုံ ဗီဒီယို ရိုက်ကူးပြီး ပြည်ပ သတင်းဌာနများသို့ ပေးပို့ကာ ကိုယ်ကျိုးရှာနေကြကြောင်း ရေးသား ဖော်ပြခဲ့ပြီးနောက် သိမ်းဆည်းမှု ဖြစ်လာခဲ့သည်။

“ကွမ်းခြံကုန်းမှာ သိမ်းတာ။ ဒီဂျစ်တယ် ဗီဒီယို ကင်မရာ ၄ လုံးနဲ့ တခြား အိမ်သုံးကင်မရာ စုစုပေါင်း ၁ဝ ခုထက် မနည်းတော့ဘူး။ ဒီအပတ် ထဲမှာလည်း အိမ်တွေကို လိုက်ပြီးတော့ ကင်မရာတွေ သိမ်းနေတာ” ဟု ကွမ်းခြံကုန်းမှ ပြန်ရောက်လာသူ မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။

အလှူ မင်္ဂလာဆောင် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးသူ အများစုထံနှင့် ဓာတ်ပုံ ရိုက်ကူးရေး ဆိုင်ငယ်များ ဖွင့်ထားသူများ ထံမှ ခေတ္တခဏဟု ပြောကာ ယူငင်သွားသော်လည်း ယခုအချိန်အထိ ပြန်ပေးခြင်း မရှိသေးကြောင်း သူက ဆက်ပြောသည်။

ယခုလဆန်း ၄ ရက်နေ့ ညပိုင်းတွင် အာဏာပိုင်များက နာဂစ် မုန်တိုင်းဒဏ် ခံနေရသည့် ဒုက္ခသည်များအား ကူညီပေးနေသည့် ရုပ်ရှင်လောကမှ နာမည်ကျော် အနုပညာရှင် ဟာသ သရုပ်ဆောင် ကိုဇာဂနာကို ဖမ်းဆီး ထိန်းသိမ်းထားသည်။

ကိုဇာဂနာ ခေါ် ကိုသူရ၏ အိပ်ခန်းရှိ နာဂစ် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ကလေးသူငယ်များ သီဆိုထားသည့် သီချင်းခွေများပါ သိမ်းဆည်းသွားသည်။

မေလ ၂-၃ ရက်နေ့များအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း မြို့နယ်အချို့နှင့် ဧရာဝတီတိုင်း မြို့နယ်များရှိ လူများ သေကြေပျက်စီးပုံ၊ လမ်း၊ သစ်ပင်များ၊ လူနေအိမ်ခြေများ ပျက်စီး ပြိုလဲမှုများကို မှတ်တမ်း တင်ထားသော ဓာတ်ပုံ၊ ဗွီဒီယိုခွေ၊ ဗီစီဒီခွေများကို အရောင်းတွင်ကျယ် လူကြိုက်များခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်