NEJ/ ၁၂ ဇွန် ၂၀၀၈
ဧရာဝတီတိုင်းမှာ စပါးစိုက်ဧက (၂) သန်းနီးပါး ပင်လယ်ရေကျန်ပြီး မိုးစပါးမစိုက်နိုင် ဖြစ်နေသည့် အတွက် ၂၀၀၈-၂၀၀၉ မြန်မာနိုင်ငံ ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျသွားနိုင်သည် ဟု အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။
မုန်တိုင်းလွန်ကာလ စပါးစိုက်ဧက အပျက်အစီးကို အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေး
ဝန်ကြီးဌာနက စနစ်တကျ လေ့လာအပြီးမှာ ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်သည်။
မိုးစပါးရိတ်သိမ်းမည့် ဧကပေါင်း (၁၆) သန်းသာ ရှိမည်ဖြစ်သည့်အတွက် မနှစ်ကထက် (၁၀) ရာနှုန်း ကျသွားမည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းနှင့် ပါလာသည့် ပင်လယ်ရေကြောင့် ပျက်စီးသည့် ၂၀၀၇-၂၀၀၈ သိုလှောင်ဆန်လက်ကျန်မှာ ဆန်တန်ချိန် (၁) သန်းနီးပါးရှိသည်ဟုပါ အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာစစ်အစိုးရကမူ စပါးတန်ချိန် (၇) သိန်းသာ ပျက်စီးသည်ဟု ထုတ်ပြန်ထားသည့်အတွက် ဆန်တန်ချိန် (၄) သိန်းသာ ပျက်စီးသည်ဆိုသည့်သဘော ဖြစ်နေသည်။ ။
Friday, June 13, 2008
၂၀၀၈ ခုနှစ် ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျမည်
Posted by
54freedom
at
12:16 AM
Labels: ပြည်တွင်း သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment