NEJ/ ၁၆ ဇွန် ၂၀၀၈
လေဘေးကြောင့် ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပသည့် ပန်းချီပြပွဲတခု ရန်ကုန် ဒဂုံမြို့နယ်၊ သမ္မတဟော်တယ် ပထမထပ် ဂျေအက်ဖ် ဖာနီဗယ်ခန်းမတွင် ပြီးခဲ့သည့် စနေနေ့က ကျင်းပသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြပွဲ တာဝန်ရှိသူ တဦးက “ပန်းချီဆရာနဲ့ ဓာတ်ပုံဆရာ စုစုပေါင်း အယောက် (၁၀၀) ကျော် ပါတယ်။ ပန်းချီကားပေါင်း (၁၉၄) ကားနဲ့ ဓာတ်ပုံတချို့ပါတယ်။ ပန်းချီကားတွေက နာဂစ် လေမုန်တိုင်းနဲ့ ပတ်သက်တာတွေရော၊ အခြားအကြောင်းအရာ ဆွဲထားတာတွေပါ ပါတယ်။ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်၊ ပယ်စတယ် အစုံပါတယ်။ နာမည်ကြီး ပန်းချီဆရာကြီးတွေ ပါသလို လက်သင်လေးတွေလည်း ပါတယ်။ အဓိကကတော့ နာဂစ်လေမုန်တိုင်း ဘေးသင့်တဲ့ ပြည်သူတွေကို ကူညီဖို့ စိတ်နဲ့ ပူးပေါင်းပါဝင်ကြတာပါ။ အချို့ပန်းချီဆရာတွေက ရောင်းရတဲ့ ပန်းချီကားဖိုးငွေ အားလုံးကို လှူမယ်၊ တချို့ကတော့ (၅၀) ရာခိုင်နှုန်းလှူကြမယ်” ဟု ပြောသည်။
ပြပွဲစပြသည့် ဇွန် (၁၄) နံနက်ပိုင်း၌ပင် ပန်းချီဆရာ ကြီးမြင့်စော၏ Yangon Night ဟု အမည် ပေးထားသည့် ပန်းချီကားကို စီးပွားရေးလုပ်ငန်းရှင်တဦးက ဒေါ်လာ (၂,၀၀၀) ဖြင့် ၀ယ်ယူသွား သည်။ ယင်းပန်းချီကားသည် ရောင်းရငွေအားလုံးကို လှူဒါန်းသည့်ပန်းချီကားဖြစ်သည်။
ယခု ပြပွဲဖြစ်မြောက်ရန် ဗြူတီမဂ္ဂဇင်း၊ သရဖူမဂ္ဂဇင်းနှင့် စာပေလောက စာအုပ်တိုက်တို့ ကမကထ လုပ်ပြီး ဗြူတီ မဂ္ဂဇင်းမှ ဒီဇိုင်းဆရာ ထွန်းဝင်းငြိမ်းက ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး ထင်ရှားသည့် ပန်းချီဆရာများဖြစ်သည့် ကြီးမြင့်စော၊ နေမျိုးဆေး၊ အောင်မြင့်၊ ဖေညွန့်ဝေ၊ ခင်မောင်ရင်၊ ၀င်းဖေ မြင့်၊ ညိုဝင်းဖေ။ စိုးနိုင်၊ မမွှေး၊ မောင်မောင်သိုက်တို့ပါဝင်ပြီး အမြင့်ဆုံး ဈေးနှုန်းသတ်မှတ်ချက် ဒေါ်လာ (၂,၀၀၀) မှ အနိမ့်ဆုံး ဒေါ်လာ (၅၀) တန်အထိ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ စာပေအနုပညာရှင်များသည် လေဘေးဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး အတွက် ရန်ပုံငွေ ရှာဖွေရန် စင်တင်တေးဂီတပွဲများ ကျင်းပခြင်း၊ ဗီဒီယို ဇာတ်ကား ရိုက်ကူး ထုတ်လုပ်ခြင်းများကို လုပ်ဆောင်နေသကဲ့သို့ ပန်းချီဆရာများကလည်း ယခုကဲ့သို့ ပန်းချီကား များဖြင့် ရန်ပုံငွေ ရှာဖွေနေကြကြောင်း သိရသည်။
မြန်မာနိုင်ငံတ၀န်းလုံးရှိ အလွှာအသီးသီးမှ ပြည်သူများက လေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ယခုကဲ့သို့ တက်တက်ကြွကြွ လုပ်ကိုင်နေသော်လည်း နအဖ စစ်အစိုးရကမူ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ မိသားစုများ၏ ဆောင်ရွက်ချက်များကို စည်းကမ်းအမျိုးမျိုးထုတ်ပြီး ကန့်သတ်ခြင်း၊ မေ (၂၅) တွင် သွားရောက်လှူဒါန်းပြီး ပြန်လာသည့် ကားများကို ဖမ်းဆီးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသူ လူရွှင်တော် ဇာဂနာကို ဖမ်းဆီးခြင်း၊ လေဘေးဒုက္ခသည်များ ကားလမ်းပေါ် တက်မလာရအောင် ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ ကားလမ်းပေါ်၌ လုံထိန်းရဲ အယောက် (၁,၀၀၀) ကျော် ချထားခြင်း၊
ဧရာဝတီတိုင်းအတွင်း ကားလမ်း၊ မြို့အ၀င်အထွက်များတွင် စစ်ဆေးရေးဂိတ်များစွာ ချထားခြင်း တို့ကို ပြုလုပ်ခဲ့သည်။
Rest of your post
Monday, June 16, 2008
လေဘေးကယ်ဆယ်ရေး ရန်ပုံငွေ ပန်းချီပြပွဲကျင်းပ
Posted by
54freedom
at
10:11 PM
Labels: ပြည်တွင်း သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment