စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

ဆွေမျိုးအားလုံးကောင်းစားအောင်လုပ်ပြီးမှ ၀န်ကြီးရာထူးက ထွက်မည်

NEJ/ ၃၁ ဇူလိုင် ၂၀၀၈

ဆွေမျိုးသားချင်းများအား အထူးစောင့်ရှောက်သည်ဟု ၀န်ထမ်းများကြား နာမည်ကြီးသည့် နေပြည်တော်စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် ရာထူးမှထွက်ပြီး နိုင်ငံရေးမလုပ်မီ "ငါ့ဆွေမျိုးအားလုံးကောင်းစားအောင်လုပ်ပေးပြီးမှ ၀န်ကြီးရာထူးက ထွက်မယ်" ဟု မကြာခင်က ပြောခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဦးဆောင်ညွှန်ကြားရေးမှူးများတက်ရောက်သည့် နေပြည်တော်စက်မှု (၁) ၀န်ကြီးဌာန အီးစီ အစည်းအဝေးတခုတွင် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။ မည်သည့်အတွက် ယခုကဲ့သို့ပြောသည်ကို ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း ၀န်ကြီးဦးအောင်သောင်းအား ၀န်ကြီးဌာန တခုလုံးနီးပါး သဘောမကျဟု ၀န်ထမ်းများက ပြောသည်။
ဝန်ကြီးဦးအောင်သောင်းသည် ၂၀၀၇ ခုနှစ် အရေးအခင်းများတွင် ဆန္ဒပြပြည်သူများကို ရိုက်နှက် ဖို့ကိစ္စ နောက်ကွယ်က ကြိုးကိုင်သူအာဏာပိုင်များထဲမှာ တဦးအပါအ၀င် ဖြစ်သည်ဟု စက်မှု (၁) ၀န်ကြီးဌာန အရာရှိများ၏ စွပ်စွဲခြင်းခံရသူဖြစ်သည်။ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ လက်ကိုင်ထားသည့် ၀န်ကြီးဦးအောင်သောင်းသည် အခြေခံဥပဒေ ဆန္ဒခံယူပွဲ၌ ၎င်း၏ဇာတိ တောင်သာမြို့နယ် ကျောက်ကာကျေးရွာမှ (၆၂) ရာနှုန်းသာ ထောက်ခံမဲရသည်ဟု စုံစမ်း သိရသည်။ ။

No comments: