Burma Campaign U.K/ ၂၉ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရပိုင် လုပ်ငန်းများကို အာမခံထားပေးခြင်းသည် မြန်မာနိုင်ငံသားများအတွက် အကျိုး မရှိဘဲ စစ်အစိုးရ အာဏာတည်မြဲရေးအတွက်သာ အထောက်အကူ ဖြစ်စေသည်ဟု ယနေ့ထုတ် ပြန်သည့် ဘားမားကန်ပိန်း (ယူကေ) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
Insuring Repression ဟု အမည်ပေးထားသော အဆိုပါ အစီရင်ခံစာကို ကမ္ဘာပေါ်ရှိ အာမခံ ကုမ္ပဏီ (၅၀၀) ကျော်နှင့် အာမခံလုပ်ငန်း ကျွမ်းကျင်သူများအား ဆက်သွယ်မေးမြန်း ပြုစုထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို အာမခံပေးနေသည့် လန်ဒန်၊ အန့်ထ၀ပ်၊ စင်ကာပူ၊ ထိုင်း၊ ဂျာမနီ၊ ဘာမြူဒါ၊ ဂျပန်နှင့် မလေးရှားတို့မှ ကုမ္ပဏီကြီးများကို ဖော်ထုတ်ထား ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရပိုင် လုပ်ငန်းများကို အာမခံပေးသည့် ကုမ္ပဏီများတွင် လန်ဒန်အခြေစိုက် လွိုဒ် ဘဏ်ကြီး၏ ထူးခြားစွာ အရေးပါမှုအပါအ၀င် အာမခံကုမ္ပဏီ (၁၆) ခုတို့၏ အမည်များကို အစီရင် ခံစာအတွင်း၌ ဖော်ထုတ်ထားသည်။
မြန်မာစစ်အစိုးရက ၎င်းသုံးငွေ၏ ထက်ဝက်ခန့်ကို စစ်တပ်အတွက် သုံးနေပြီး ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက်မူ နိုင်ငံ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ (၁.၄) ရာခိုင်နှုန်းကိုသာ အသုံး ပြုနေသဖြင့် စစ်အစိုးရနှင့် စီးပွားရေး တွဲလုပ်ခြင်းသည် မြန်မာနိုင်ငံသားများအတွက် အကျိုး မရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
ဘားမားကန်ပိန်း (ယူကေ) ၏ အရှိန်မြင့် လုပ်ဆောင်ခဲ့မှုများကြောင့် ၂၀၀၇ ခု ဇူလိုင်၌ ကမ္ဘာ့ ထိပ်တန်း အာမခံကုမ္ပဏီကြီး (၃၀) အနက် (၁၃) ခုက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေ သောကုမ္ပဏီများကို အာမခံပေးနေခြင်းအား ရုပ်သိမ်းခဲ့မှု၊ ယင်းနှစ် စက်တင်ဘာ၌လည်း စစ် အစိုးရပိုင် မြန်မာ့နိုင်ငံတကာ လေကြောင်း (အမ်အေအိုင်) သည် ၎င်း၏ မြန်မာ-ဘန်ကောက်-ကွာလမ်လာပူ နေ့စဉ် ခရီးစဉ်ကို ခေတ္တ ရပ်ဆိုင်းခဲ့ရမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် စစ်အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းသည် ၂၀၀၄ ခုတွင် အာမခံပေးသွင်းငွေ အမေရိကန် ဒေါ်လာ (၅.၁) သန်း ရရှိခဲ့သော်လည်း ဒေါ်လာ (၁.၅၄) သန်းကိုသာ လျော်ပေးလိုက်ရသည်ကို ကြည့်ခြင်းဖြင့် စစ်အစိုးရအတွက် အာမခံလုပ်ငန်းမှ နှစ် စဉ်ဝင်ငွေ ဒေါ်လာသန်းနှင့်ချီ၍ ရရှိနေ သည်ကို အစီရင်ခံစာက ထောက်ပြထားသည်။
လန်ဒန်ရှိ လွိုဒ်ဘဏ်ကြီးက မြန်မာ့ရေကြောင်းနှင့် လေကြောင်းကုမ္ပဏီတချို့အတွက် အာမခံမှုများ ပြုလုပ်ပေးခဲ့ကြောင်းကို ယခုနှစ် ဧပြီလ၌ ၎င်းကိုယ်တိုင် ၀န်ခံခဲ့သည်သာမက၊ မြန်မာ့အာမခံလုပ် ငန်းကိုလည်း အာမခံပေးခဲ့ကြောင်း စစ်အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ဖော်ခဲ့မှု များရှိသဖြင့် ဘားမားကန်ပိန်း (ယူကေ) က အဆိုပါဘဏ်ကြီးကို ၂၀၀၅ ခု နာမည်ပျက်စာရင်းသို့ ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ။
Thursday, July 31, 2008
ဖိနှိပ်မှုကို အာမခံပေးခြင်း အစီရင်ခံစာထုတ်ပြန်
Posted by
54freedom
at
10:37 PM
Labels: ဇူလှိုင်၂၈ မှ ၃၁ အထိ သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment