၂၀၀၄ ခု ဒီဇင်ဘာ အင်ဒိုနီးရှားနိုင်ငံ အာချဲပြည်နယ် တခုလုံးကို ရစရာမရှိအောင် ဖျက်ဆီးခဲ့သော ဆူနာ မီလှိုင်းကြီးသည် လူသားများအတွက် ကြေကွဲဝမ်း နည်းဖွယ်ရာဖြစ်သော်လည်း ငြိမ်းချမ်းရေး သဘော တူညီမှုပုံစံဖြင့် နိုင်ငံရေး အရ မင်္ဂလာတပါး ဖြစ်ခဲ့ သည်။ မြန်မာနိုင်ငံတွင် မေ (၂) ရက်က တိုက်ခတ် ခဲ့သည့်
Ms. Elizabeth Ferris Mr. Lex Rieffel
ဆိုင်ကလုန်း နာဂစ် အဖြစ်ဆိုးကနေ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းစေမည့် မည်သို့သော အခွင့်အလမ်းများ ရရှိလာမည်နည်း။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။၂၀၀၄ ခုက အင်ဒိုနီးရှားနိုင်ငံတွင် ဆူနာမီဖြစ်ပွားခဲ့ချိန်၌ အင်ဒိုနီးရှားအစိုးရသည် အာချဲပြည်နယ်ရှိ ခွဲထွက်ရေးအုပ်စုနှင့် တိုက်ပွဲဝင်နေသည်မှာ နှစ်ပေါင်း (၄၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုပြည် နယ်သည် ညမထွက်ရ အမိန့်အောက်တွင် နှစ်ပေါင်းများစွာရှိခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ များ၊ လူသားချင်း စာနာထောက်ထားသော ကူညီမှုအဖွဲ့အစည်းများနှင့် သတင်းထောက်များကို လည်း ၀င်ခွင့်ပိတ်ပင်ထားသည့် နယ်မြေဖြစ်သည်။
ဆူဆီလို ဘန်ဘန်း ယူဒယိုနိုသည် ဆူနာမီမဖြစ်ပွားမီ (၂) လခန့်အလို အချိန်ပိုင်းတွင် အင်ဒိုနီးရှား သမ္မတဖြစ်လာသူဖြစ်ပြီး ဆူနာမီကို အခွင့်ကောင်းယူကာ အာချဲပြည်နယ်ရှိ ခွဲထွက်ရေးသမားများနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် လမ်းဖွင့်ပေးခဲ့သည်။
ထို့အတွက် ရလဒ်မှာ အကြီးမားဆုံးသော သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်မှုတခု ဖြစ်လာ ခဲ့ပြီး လက်ရှိခေတ်ကာလတွင် အလုံးအရင်းလိုက် ပြန်လည်တည်ဆောက်ရေး အားထုတ်မှုများလည်း ဖြစ်လာခဲ့သည်။ ထိုမှတဆင့် ခွဲထွက်ရေးသမားများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရလာ သည့်ပြင် အာချဲပြည်နယ် ခွဲထွက်ရေးခေါင်းဆောင်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် တင်မြှောက်နိုင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း နှစ်စဉ်လိုလို လူပေါင်း သန်း (၂၀၀) ကျော်သည် သဘာဝ ဘေးအန္တရာယ်ဒဏ်ကို ခံစားခဲ့ကြရသည်။ ကမ္ဘာ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ လေထု ပူနွေး လာခြင်းများ၊ ရေကြီးခြင်းများ၊ တိုင်ဖုန်းမုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်ဖြစ်ရာ ထိုဖြစ်ရပ်များကြောင့် နိုင်ငံရေးအရ အကျိုးဆက်များ ရှိလာမည်မှာ အသေ အချာပင်ဖြစ်သည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ကြီး (၂) ခုသည် နိုင်ငံရေးနှင့် သဘာဝဘေးအန္တရာယ် ဆက်နွှယ်နေသည်ဆိုသည့်သဘောကို ပြသခဲ့သည်။
ပထမအချက်အနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုပြင်းထန်လေ နိုင်ငံရေးအရ မငြိမ်သက်မှုသည် ပိုလေ ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုမရှိသော နိုင်ငံများတွင် မတည်မငြိမ်ဖြစ်မှု ပို၍များသည်။ ထို (၂) ချက်လုံး ထည့်သွင်းစဉ်းစားလျှင် မြန်မာနိုင်ငံတွင် ဖြစ်ပွား ခဲ့သော မတည်ငြိမ်မှုမှာ အတော်ဆိုးဝါးမည်ဖြစ်သည်။
မိုးလေ၀သ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဆိုင်ကလုန်းနာဂစ်သည် ဟာရီကိန်း ကက်ထရီးနား လောက် မပြင်းထန်။ သို့သော် မြန်မာနိုင်ငံအတွက် အတွေ့အကြုံမှာ ဆွေစဉ်မျိုးဆက် တုနှိုင်းစရာ မရှိလောက်အောင် ပြင်းထန်သည်ဟု ဆိုရမည်။ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးအရ အာရှ တွင် မတိုးတက်မှု နှိုင်းပြိုင်စရာဆို၍ မြောက်ကိုရီးယားသာ ရှိသည်။
မြန်မာနိုင်ငံ၏ ဆန်အထွက်နှုန်း အများဆုံးဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့ နယ်တို့ကို နာဂစ်မုန်တိုင်း တိုက်ခတ်သွားပြီး (၁၀) ရက်ကြာသည့်အချိန်အတွင်း စစ်အစိုးရသည် နိုင်ငံခြား ကယ်ဆယ်ရေး လက်တဆုပ်စာမျှကိုသာ ပြည်တွင်းသို့ ၀င်ခွင့်ပြုခဲ့သည်။
ကိုယ်တွေ့သတင်းပို့ချက်များတွင် စိတ်မကောင်းဖွယ်ရာ လူသေအလောင်းများ ချောင်းမြောင်းများ ထဲတွင် မျောနေသည့် ဓာတ်ပုံများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော မိသားစုများ ချို့တဲ့လှသည့် ဒုက္ခ သည်စခန်းများသို့ ရွှေ့ပြောင်းနေပုံများကို တွေ့ရသည်။ စစ်အစိုးရကို ပြည်ပနိုင်ငံများမှ ဖိအားပေး မှုကြောင့် ကုလသမဂ္ဂ အေဂျင်စီများ၊ ပူးတွဲအစိုးရ အေဂျင်စီများနှင့် နိုင်ငံတကာ NGO များမှ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့များ ပြည်တွင်းသို့ ၀င်ခွင့်ရလာကြခြင်းဖြစ်သည်။
သန်း (၅၀) ရှိသော မြန်မာနိုင်ငံ လူဦးရေကို (၄၅) နှစ်ကျော်ကာလအထိ လူ့အခြေခံလိုအပ်ချက်များ မဖြည့်တင်းနိုင်သည့်နေရာတွင် ကမ်းကုန်လောက်အောင် မှတ်တမ်းတင်ထားရသည့် စစ်အစိုးရ အနေဖြင့် မုန်တိုင်းဆိုးကျိုးကို ကာလကြာရှည်စွာ မခံစားနိုင်ဖို့ဆိုလျှင် နိုင်ငံတကာအကူအညီ (ကယ်ဆယ်ရေး ကျွမ်းကျင်သူများ၊ ရိက္ခာနှင့် ကုန်ကြမ်းများ၊ ငွေကြေး) လိုအပ်မည်ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။
ကမ္ဘာ့အခြားနေရာများတွင် အတွေ့အကြုံများရှိခဲ့သည်မှာ မှန်သော်လည်း နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ အာဏာတည်ဆောက်မှုထိခိုက်ရန် မည်သို့မျှ အရာထင်နိုင်မည် မဟုတ်ပေ။ အမှန် တွင်လည်း အစိုးရသည် မုန်တိုင်းသင့် ဒုက္ခသည်များကို မဖြစ်စလောက် ကူညီရန် ကြိုးစားရသည့် အရှုံးများထက်စာလျှင် မေ (၁၀) ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူ ပွဲတွင် နိုင်ငံရေးအကျိုးအမြတ် များစွာရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၀) နှစ်ကျော် ချထားသော၊ စိတ်ကူးပြောင်းပြီး နေပြည်တော်သို့ ရွှေ့သွားသော၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာက သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲကို အင်အားသုံး နှိမ်နင်းခဲ့သော အစိုးရသည်လည်း ထိုစစ်အစိုးရပင်ဖြစ်သည်။
သဘောထားအမြင် ကွဲလွဲသော ဥပဒေသများ ရှိနေသော ကမ္ဘာကြီးတွင် ကျွန်ုပ်တို့ နေထိုင်နေကြ ရခြင်းဖြစ်သည်။ သူတပါးနိုင်ငံတွင်းရှိ ပြည်တွင်းရေးများကို ၀င်မစွက်ရေးဆိုသည့် ကြာမြင့်နေပြီ ဖြစ်သော ဥပဒေသသည်လည်း အချက်တချက်ဖြစ်သည်။ ထိုဥပဒေသ တခုတည်းနှင့်ပင် မြန်မာ အစိုးရအနေဖြင့် ဆိုင်ကလုန်းနာဂစ်ကြောင့် ဖြစ်ပွားခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများကို ပြုပြင်ရာတွင် မည်သည့်နိုင်ငံခြားအကူအညီကို လက်ခံမည်၊ လက်မခံမည်ကို ၎င်းဘာသာ ဆုံးဖြတ်တာဝန်ယူ နိုင်ခွင့် ရှိနေသည်။
ဟာရီကိန်း ကက်ထရီးနား တိုက်ပြီးနောက်တွင် အမေရိကန်အစိုးရသည် ကုလသမဂ္ဂအပါအ၀င် နိုင်ငံခြားအစိုးရများ၏ အကူအညီများကို ငြင်းဆန်ခဲ့သည်မှာလည်း ထိုဥပဒေသကြောင့် ဖြစ်သည်။ ထိုသို့ အကူအညီများကို လက်မခံရသည်မှာ အကူအညီပေးအပ်ခြင်းကို ကြီးကြပ်ရန်အတွက် တာဝန်ရှိမှုအပေါ်တွင် မူတည်သည်။
မကြာသေးမီ ကာလများတွင် အသုံးများလာသည့် ဥပဒေတခုမှာ အစိုးရက တမင်ဖြစ်စေ၊ ကူညီ နိုင်မည့် အနေအထားမျိုး မရှိ၍ဖြစ်စေ ပြည်သူများကို ရက်ရက်စက်စက် ကျူးလွန်နေသည့် အခြေ အနေမျိုးရှိလျှင် နိုင်ငံတကာအသိုင်းအ၀န်းမှ ၀င်ရောက်စွက်ဖက်နိုင်သည်ဟူ၍ဖြစ်သည်။ ကြားဝင် မစွက်ရေးဥပဒေသမှာ ကုလသမဂ္ဂ တည်ထောင်ကတည်းက ရှိနေခဲ့ပြီး နိုင်ငံတကာမှ ၀င်စွက်ခွင့် (R2P) သည် ၂၀၀၅ တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှတဆင့် နိုင်ငံတကာဥပဒေ ဖြစ်လာသည်။
ထို့အပြင် နိုင်ငံတကာမှ ၀င်စွက်ခွင့် (R2P) သည် သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါနှင့် အခြား အလားတူ ဖြစ်ရပ်မျိုးများအတွက် မဟုတ်ဘဲ အစုလိုက်အပြုံလိုက် ရက်စက်ယုတ်မာမှုများနှင့် ရင် ဆိုင်နေရသည့် အချိန်မျိုးတွင် နိုင်ငံတကာမှ အရေးယူရန် လမ်းညွှန်ပြထားပေးခြင်းဖြစ်သည်။ ထို R2P ကို ဒါဖာ အရေးအခင်းတွင် အသုံးပြုခဲ့သော်လည်း အောင်မြင်မှု များများစားစား မရရှိခဲ့ပေ။ ထိုဥပဒေကို ထပ်မံတိုးချဲ့မည်ဆိုလျှင်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အတော်များများက ဆန့်ကျင် ကြမည်ဖြစ်သည်။ ထိုဥပဒေကို ထပ်မံချဲ့ထွင်ရန် ကြိုးစားမည်ဆိုလျှင် လူမျိုးတုံးအောင် သတ်ဖြတ် နေမှုများတွင် R2P ကို ထောက်ခံမည့်အင်အားလည်း ပိုမို၍ လျော့နည်းသွားနိုင်သည်။
မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာ အန်ဂျီအိုများက ကမ်းလှမ်းသည့် အကူ အညီများကို ဆက်လက်ပြီး ငြင်းဆန်သွားမည့် အနေအထားတွင် ရှိနေပုံရသည်။ ယခုအနေ အထား၌ မြန်မာမုန်တိုင်းသင့် ဒုက္ခသည်များအတွက် အကောင်းဆုံး မျှော်လင့်ချက်မှာ တရုတ်နှင့် အိန္ဒိယနိုင်ငံ အပါအ၀င် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ခြိမ်းခြောက်မှု အသွင်မျိုး မဆောင်သည့် အကူအညီများကို အချိန်မနှောင်းခင် လုံလုံလောက်လောက် ပေးနိုင်ရေးပင် ဖြစ်သည်။
(Brookings-Bern စီမံကိန်းမှ ပြည်တွင်း ရွာပုန်းရွာရှောင် ကိစ္စဆိုင်ရာ ပူးတွဲညွှန်ကြားရေးမှူး Elizabeth Ferris နှင့် အမေရိကန်နိုင်ငံ ဂျော့ဝါရှင်တန်တက္ကသိုလ်မှ ထွန်းသစ်စဈေးကွက်များ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Mr. Lex Rieffel တို့ ပူးတွဲရေးသားသည့် ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်)
No comments:
Post a Comment