စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

တရုတ်အိုလံပစ်သို့ မြန်မာအားကစားသမား (၆) ဦးစေလွှတ်မည်

ပီတာအောင်/ ၁၁ ဇူလိုင်၂၀၀၈

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် အိုလံပစ်အားကစားပြိုင်ပွဲသို့ မြန်မာအားကစားသမား (၆) ဦးအပါအ၀င် အဖွဲ့ဝင် (၂၀) ကျော် သွားရောက်မည်ဟု အားကစားဝန်ကြီးဌာနမှ ဦးစီး အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။
မြန်မာအားကစားသမားများအနက် အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ပါဝင်ပြီး ပြေးခုန် ပစ်၊ ရေကူး၊ မြားပစ်၊ ကနူးလှေနှင့် အနောက်တိုင်းလှေလှော် အားကစားနည်း (၅) မျိုး ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယမန်နှစ်က ထိုင်းနိုင်ငံ၌ ကျင်းပသည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဆုတံဆိပ်ရ အတွေ့ အကြုံရှိ အားကစားသမားများ ပါဝင်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အားကစားသမားများမှာ အပြေး စိုးမင်းသူ မီတာ (၅,၀၀၀) နှင့် လဲ့လဲ့ဝင်း မီတာ (၂၀၀)၊ မြားပစ် နေမျိုးအောင်၊ ရေကူး ကျော်ဇင်၊ ကနူးလှေလှော် ဖုန်းမြင့်တေဇာနှင့် အနောက်တိုင်း လှေလှော် ရွှေဇင်လတ်တို့ဖြစ်သည်။
“ပြိုင်ပွဲစမှာက ရှေ့လ (၈) ရက်နေ့ဆိုတော့ (၃-၄) ရက်လောက် ကြိုထွက်မယ်ထင်တယ်။ မြန်မာ အဖွဲ့က ၀န်ကြီး (ဗိုလ်မှူးချုပ်သူရအေးမြင့် ) အပါအ၀င် အားလုံး (၂၁ ) ယောက် ပါမယ်။ အား ကစားသမား (၆) ယောက်၊ ဒိုင် (၁) ယောက်၊ အိုလံပစ်လူငယ်စခန်းအတွက် (၂) ယောက်ပါမယ်” ဟု အားကစားဝန်ကြီးဌာနမှ ဦးစီးအရာရှိတဦးက ပြောသည်။
(၂၉) ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ သြဂုတ် (၈) ရက်မှ (၂၄) ရက်ထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ အားကစားသမားပေါင်း (၁၀,၅၀၀) ခန့်က အားကစားနည်း (၂၈) မျိုးတွင် အမျိုးအစားပေါင်း (၃၀၀) ကျော် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခု (၁၄) ကြိမ်မြောက် လန်ဒန်အိုလံပစ်ပြိုင်ပွဲမှစ၍ အားကစားသမား များ စေလွှတ်ခဲ့ပြီး ၁၉၇၆ ခု (၂၁) ကြိမ်မြောက် ကနေဒါ အိုလံပစ်သို့ စေလွှတ်ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သည့် ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီး အားကစားသမား (၂) ဦးသာ မြားပစ်နှင့် အလေးမပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အိုလံပစ်ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ဆုတံဆိပ် ရရှိခဲ့ဖူးခြင်း မရှိသော်လည်း ၁၉၇၂ ခု အကြိမ် (၂၀) မြောက် မြူးနစ်အိုလံပစ်၌ မြန်မာဘောလုံးအသင်း အသန့်ရှင်းဆုံးဆု ရရှိခဲ့ပြီး ဖလိုင်းဝိတ်တန်း အလေးမပြိုင်ပွဲ၌ အောင်ကြည်က ကမ္ဘာ့စံချိန် ချိုးဖူးသည့် မှတ်တမ်းရှိသည်။


No comments: