စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

ထီဈေးနှုန်း မတိုးမြှင့်ရန် သတိပေး

NEJ/ ၁၁ ဇူလိုင် ၂၀၀၈
ထီဈေးနှုန်း တိုးမြှင့်မရောင်းချရန် အောင်ဘာလေသိန်းဆုဌာနခွဲက သတိပေးထားကြောင်း ထီ လုပ်ငန်းရှင်များက ပြောသည်။
“သတိပေးတယ်ဆိုပေမယ့် ပြင်းပြင်းထန်ထန် အရေးယူတာမျိုးနဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် ထီဈေး တွေ တိုးမြှင့်မရောင်းရင် ထီဆိုင်တွေရဲ့စရိတ်ကို သူတို့က ပေးမှာလားလို့တောင် မေးချင်တယ်။ ဆိုင်ခန်းတွေ အခု (၃) သိန်းနဲ့ မရတော့ဘူး၊ (၄) သိန်းကျော်နေပြီ။ ၀န်ထမ်းတွေရဲ့လစာ အရင်လို (၃) သောင်းလောက်နဲ့ မလုပ်နိုင်ကြတော့ဘူး။ အခု (၅) သောင်းလောက် ပေးနေရတယ်။ ထီ ထည့်ဖို့ ကတ်တွေ ၀ယ်ရတာ၊ ပုံနှိပ်ခ၊ ကြော်ငြာစရိတ်၊ သယ်ယူပို့ဆောင်ခ စရိတ်၊ ဒါတွေကို မထည့်ဘဲ ရောင်းရင် ရောင်းတဲ့လူက အရူးပေါ့” ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလတွင် အောင်ဘာလေသိန်းဆုဌာနခွဲမှ “ကက” နံပါတ် အက္ခရာတလုံး ထပ်တိုးလိုက်သည့် အတွက် ထီတအုပ်လျှင် စောင်ရေ (၃၄) စောင် ဖြစ်သွားကြောင်း သိရသည်။
“ထီစောင်ရေများလာလေလေ ပေါက်ဖို့က ခဲယဉ်းလေလေပဲ။ အစိုးရကတော့ ၀င်ငွေပိုရသွား တာပေါ့“ ဟု ထီလစဉ် ထိုးနေသူတဦးက ပြောသည်။
ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်တွင် ၂၀၀၇ ခု ဧပြီအထိ ထီနံပါတ် အက္ခရာ အလုံး (၃၀) ထုတ်ပေးရာက ၂၀၀၇ ခု မေတွင် (၃၂) လုံး၊ ၂၀၀၇ ခု ဇွန်တွင် (၃၃) လုံး အဆင့်ဆင့် တိုးလာခဲ့ သည်ဟု ဖော်ပြထားသည်။
ရန်ကုန်တွင် လက်ရှိ ပုဂ္ဂလိကများ ရောင်းနေသော ထီဈေးနှုန်းမှာ တစောင်လျှင် (၁၈၀) ကျပ်မှ (၂၀၀) ကျပ်အထိ ရှိကြောင်း၊ အစိုးရက ထီ (၁၁) စောင်ပါ တအုပ်လျှင် (၁,၀၀၀) ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် တစောင်လျှင် (၉၁) ကျပ်သာရှိကြောင်း သိရသည်။
အောင်ဘာလေ သိန်းဆုဌာနခွဲက ထီအုပ်ရေ (၂၇) သိန်းထိ လစဉ် လက်ကျန်မရှိ ရောင်းချပေးနေ ကြောင်း အဆိုပါဌာနခွဲ၏ တာဝန်ရှိသူက ပြောသည်။
ထီလက်မှတ်ရောင်းရငွေမှ (၄၀) ရာခိုင်နှုန်းကို အစိုးရက အခွန်ဘဏ္ဍာငွေအဖြစ် ယူထားပြီး (၆၀) ရာခိုင်နှုန်းကို ဆုငွေအဖြစ်ပေးကြောင်း ပြောသည်။
အပြင်တွင် ထီဈေး ဈေးကြီးရခြင်းမှာ အပိုဆုငွေများ အပြိုင်အဆိုင်ပေးခြင်း၊ ဆိုင်ခန်းခများ၊ ခရီး စရိတ်၊ ၀န်ထမ်းလစာများ စသည့် ၀န်ဆောင်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။

No comments: