အာဆီယံ ဒေသတွင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ တက်ရောက်လာသော နိုင်ငံခြားရေးဝန်ကြီးများ နှင့် အတူတွေ့ရသော မစ္စကွန်ဒိုလီဇာရိုက်စ်။
24 July 2008
အာဆီယံနိုင်ငံတွေအကြား ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရှင်သန်ပြန့်ပွားရေးမှာ
မြန်မာနိုင်ငံဟာ လမ်းချော်ထွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice)က ပြောဆိုလိုက်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်ဆိုင်ကလုံး မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေ ကူညီရေး နိုင်ငံတကာ အကူ
အညီတွေလက်ခံဖို့ အစောပိုင်းကငြင်းဆန်ခဲ့တဲ့ မြန်မာစစ်အစိုးရကို ၀န်ကြီး
ရိုက်စ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ
တက်ရောက်နေတဲ့ ၀န်ကြီး ရိုက်စ်က ဒီနေ့ သတင်းထောက်တွေကို ပြောဆိုလိုက်တာ
ပါ။
မြန်မာစစ်အစိုးရရဲ့ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ လမ်းပြမြေပုံဟာ အတုအယောင်
သဘောမျိုး ဆောင်နေတာကြောင့် ဘယ်ကိုရောက်မယ့် လမ်းညွှန်မြေပုံ မဟုတ်ဘူးလို့
လည်း ဝေဖန်လိုက်ပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အာဆီယံခေါင်းဆောင်
တွေက တိုက်တွန်းကြဖို့ရှိပါတယ်။
Saturday, July 26, 2008
စစ်အစိုးရ လမ်းပြမြေပုံ ခရီးမပေါက်နိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဝေဖန်
Posted by
54freedom
at
1:58 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
သတင်းသမားများအပေါ် စစ်အစိုးရ ပိုမိုကန့်သတ်
24 July 2008
ရန်ကုန်မှာ နိုင်ငံခြားခရီးသွားတွေနဲ့ နိုင်ငံခြားသတင်းသမားတွေ၊ ပြည်တွင်းသတင်း
သမားတွေကို အခုရက်ပိုင်းတွေအတွင်း မုန်တိုင်းသင့်ဒေသတွေဘက်ကို ခရီးသွားတာ
မျိုးတွေ အတော်လေး ကန့်သတ်နေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်တွင်းသတင်းထောက်တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေကို မုန်တိုင်းသင့်ဒေသ
တွေမှာ သတင်းသွားယူဖို့အတွက် အစကတည်းက ကန့်သတ်ပိတ်ပင်မှုတွေ ရှိပါတယ်။
ဒါပေမယ့် အခုရက်ပိုင်းတွေအတွင်းမှာ နိုင်ငံခြားခရီးသွားတွေအပေါ်မှာ ပိုပြီး တင်းတင်း
ကျပ်ကျပ် စစ်ဆေးတာတွေ၊ ဗွီဒီယိုနဲ့ ဓာတ်ပုံကင်မရာတွေ ပါတယ်ဆိုရင် ရန်ကုန်
နယ်မြေကိုကျော်ပြီး ခွင့်မပြုတာတွေ ပြုလုပ်နေတယ်လို့ ရန်ကုန် ပုဂ္ဂလိက လုပ်ငန်းရှင်
တဦးက အခုလိုပြောပြပါတယ်။
"စဖြစ်ထဲကလည်း သူတို့က တရားဝင်လွှတ်တာမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ်
နားလည်မှုနဲ့ပဲ သွားကြတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Tour Gate တွေ
ကနေစပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက နိုင်ငံခြားသားပါရင် ကားကို လုံးဝ
သွားခွင့်မပေးဘဲ မြို့ထဲမှာပဲနေခိုင်းတယ်။ လေဘေးဖြစ်တဲ့နေရာတွေကို ဘယ်နိုင်ငံခြား
သားမှ သွားလို့မရတော့ပါဘူး။
"ဘယ်လိုဖြစ်သလဲဆိုတော့ ကျနော်တို့သိတာ နိုင်ငံခြားသားပါတဲ့ကားက မြို့တွင်းကနေ
လုံးဝ ထွက်ခွာလို့မရပါဘူး။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ သံလျင်မြို့နယ်မှာတောင်
လေဘေးထဲမှာပါတယ်ဆိုပြီး နိုင်ငံခြားသား သွားလို့မရပါဘူး။ အဲဒီလောက်အထိ
တင်းတင်းကျပ်ကျပ် ပိတ်ထားပါတယ်။"
အခုလိုအခြေအနေတွေဟာ နိုင်ငံခြားသတင်းဌာနကြီးတွေမှာ မုန်တိုင်းလွန်ကာလ
အခြေအနေများဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားပြီး အဲဒီဒေသက အခြေအနေတွေ
အပေါ် နိုင်ငံခြားသတင်းထောက်တွေရဲ့ ကိုယ်တွေ့ရုပ်သံမှတ်တမ်းကြောင့် ဖြစ်နိုင်တယ်
လို့ သူကပဲ အခုလိုခန့်မှန်းပြပါတယ်။
"ကျနော်တို့ထင်တာက လေဘေးစဖြစ်တုန်းက နိုင်ငံခြားသားတွေက စွန့်စွန့်စားစားနဲ့ပဲ
ထိုးဖောက်သွားကြတာပဲ။ အများစုက မကြည့်ပေမယ့် အနည်းစုက နိုင်ငံခြားသတင်း
တွေမှာ လေဘေးဖြစ်နေတဲ့ အမှန်တကယ်ဖြစ်ရပ်တွေကို သူတို့ တွေ့သွားကြတယ်။
အဲတော့ သူတို့အတွက်လည်း ထိခိုက်နစ်နာမှုရှိတယ်လို့ ကျနော်ယူဆတယ်။ အဲဒါ
ကြောင့် တင်းတင်းကျပ်ကျပ် လိုက်ပိတ်လိုက်တာလို့ ယူဆပါတယ်။"
ပုဂ္ဂလိက ခရီးသွားလုပ်ငန်းရှင်တဦး ပြောပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ခွင့်ပြုမိန့်ရတဲ့ NGO လို ကူညီရေးအဖွဲ့တွေ၊ MSF နယ်ခြားမဲ့ ဆရာဝန်များ
အဖွဲ့လို ကျန်းမာရေးအဖွဲ့တွေကိုတော့ ချွင်းချက်နဲ့ စာရွက်စာတမ်းပြပြီး ဒီနေရာတွေကို
သွားခွင့်ရနေပါတယ်။ ပြည်တွင်းသတင်းသမားတွေ အနေနဲ့လည်း ဒီသတင်းတွေကို
ရယူဖို့ အတော်လေး ကြိုးစားရပါတယ်။ မသင်္ကာရင် မသင်္ကာသလို ကင်မရာတွေ
စစ်ဆေးတာ၊ သတင်းထောက်ကတ်ပြားနဲ့ ဌာနကို စစ်ဆေးတာတွေ ပြုလုပ်သလို သူတို့
လိုအပ်မယ်ထင်ရင် ကင်မရာတွေကို ဖွင့်ကြည့်စစ်ဆေးပြီး အထဲက ဓာတ်ပုံမှတ်တမ်း
တွေကို အဖျက်ခံရတဲ့အထိ ရှိတယ်လို့ ပြည်တွင်းသတင်းသမားတွေက ပြောကြပါတယ်။
အဲဒီလို ကန့်သတ်တဲ့ အခြေအနေတွေနဲ့အတူ ဂျာနယ်တွေမှာ ရေးသားတင်ပြရာမှာ
လည်း အလိုက်သင့် ရေးသားတင်ပြနေရတဲ့အကြောင်းကို အမျိုးသမီးသတင်းထောက်
တဦးက အခုလို ရှင်းပြထားပါတယ်။
"အများအားဖြင့်တော့ မရဘူး။ အခုရေးနေကြတာတော့ ဘယ်သူက ဘယ်လောက်
လှူတယ်၊ ဂျပန်က ဘယ်လောက်လှူတယ်၊ အဲလို ကောင်းတဲ့သတင်းတွေပဲ။ ဒီမှာ
ဘာတွေဖြစ်နေတယ်၊ အလှူရှင်တွေ လုံလုံလောက်လောက် မရသေးဘူး၊ အဲလိုသတင်း
တွေတော့ ရေးလို့မရဘူး။ ဒါပေမယ့် အများအားဖြင့်တော့ အလှူသတင်းတွေ၊ ဂျပန်
အစိုးရက ဘယ်လောက်လှူတယ်၊ ဘာတွေပြန်ဆောက်ပေးမယ်၊ ဟိုင်းဝေးလမ်းမကြီး
ပြန်ဆောက်ပေးမယ်၊ အိမ်တွေ ပြန်ဆောက်ပေးမယ်၊ အဲဒါမျိုးဆိုရင်တော့ ရေးလို့ရ
တယ်။"
ပြည်တွင်းသတင်းသမားတွေအနေနဲ့ လွတ်လွတ်လပ်လပ် ရေးသားခွင့်မရပေမယ့်
နိုင်ငံခြားသတင်းသမားတွေနဲ့ သတင်းဌာနတွေကတော့ လက်ရှိအခြေအနေမှန်တွေနဲ့
မြင်တာကိုရေးတာလို့ သူကဆိုပါတယ်။
"နာဂစ်ပြီးမှ နိုင်ငံတကာမီဒီယာတွေက ပိုစိတ်ဝင်စားတယ်။ အားလုံးက သူ့အဆက်
အသွယ်နဲ့သူ လာကြတယ်။ အမေရိကန် သတင်းထောက်တွေလည်း လာတယ်၊ ကမ္ဘာ
ကျော်သတင်းဌာနတွေက သတင်းထောက်တွေလည်း လာတယ်။ လာတဲ့အခါကျတော့
သူတို့က ဘယ်ကြိုက်မလဲ။ များသောအားဖြင့် ပြည်တွင်းသတင်းထောက်တွေအပေါ်မှာ
တော့ သူတို့က နိုင်တာပေါ့။ ပြည်တွင်းသတင်းထောက်က သူတို့လက်ထဲမှာရှိတာကိုး။
"နိုင်ငံခြားသတင်းထောက်ကြတော့ သူတို့က မြင်တာရေးတာလေ။ ကောင်းတာလည်း
ရေးမယ်၊ ဆိုးတာလည်းရေးမယ်၊ ပြီးတော့ ဟန့်တားလို့လည်း မရဘူး။ အဲတော့ သူတို့က
နိုင်ငံခြားသတင်းထောက် မပြောနဲ့၊ နိုင်ငံခြားသားကို ကားပေါ်မှာမြင်တာနဲ့ကို လန့်နေပြီ။
ဒါပေမယ့် နိုင်ငံခြားသတင်းထောက်က သူတို့ထင်သလို မကောင်းရေးတာမဟုတ်ဘူး၊
မြင်တာကိုရေးတာ။ အဲဒီ မြင်တာရေးတာကို သူတို့က မခံနိုင်တာ။"
မုန်တိုင်းလွန်ကာလ သတင်းသမားတွေရဲ့ အခြေအနေဖြစ်ပါတယ်။
Posted by
54freedom
at
1:27 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
နိုင်ငံခြားမြန်မာသံရုံးတွေက လစဉ် ဒေါ်လာ သိန်းဆယ်ဂဏန်းအထက်ရှာပေး၊ သံရုံးဝန်ထမ်းတွေ လစာငွေ မလုံမလောက်သာရ
NEJ/ ၂၅ ဇူလိုင် ၂၀၀၈
တကမ္ဘာလုံးရှိ မြန်မာသံရုံးအသီးသီးမှ လစဉ် နိုင်ငံခြားငွေ ဒေါ်လာ သိန်း (၂၀) ကျော် ရှာပေးနေ သည့်တိုင် စစ်ဗိုလ်သံအမတ်ကြီးများသာ ထိုငွေထဲမှ အကျိုးအမြတ်ရပြီး အရပ်ဘက်သံတမန် အများစုမှာ မလောက်မင သုံးစွဲနေရသည်ဟု သံတမန်အသိုင်းအ၀ိုင်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဝင်ငွေရှာပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံးကြီးတခုမှ အနည်းဆုံး ဒေါ်လာ (၁) သိန်း အထက် ရှာပေးနိုင်သော်လည်း ထိုငွေများ စစ်အစိုးရ၏ မည်သည့်ငွေစာရင်း ခေါင်းစဉ်အောက်မှာ ရောက် သွားသည်ကို မသိရသဖြင့် ၀န်ထမ်းများ မကျေမနပ် ဖြစ်သည်ဟု စုံစမ်းသိရသည်။
သို့သော် သံရုံးဝန်ထမ်းများအတွက် လစာစရိတ်မှာ လစဉ် ဒေါ်လာ(၅) သောင်းအောက်မှာသာရပြီး သံရုံးဝန်ထမ်းအများစု၏ လူမှုရေးအသုံးစရိတ်ကိုမူ စစ်အစိုးရက ဥပေက္ခာပြုထားသည်ဟု နေပြည်တော် သံတမန်တဦးက ပြောသည်။ အချို့ အရပ်ဘက် အကြီးတန်း သံတမန်များဆိုလျှင် ရသည့်ဒေါ်လာ ပြန်ရောင်းပြီး စရိတ်ကာမိအောင် လုပ်ရသည်ဟုပါ ဆက်ပြောသည်။
ကုမ္ပဏီများပေးသွင်းငွေ၊ တိုးရစ်ဗီဇာမှ ရငွေ၊ ပတ်စ်ပို့ သက်တမ်းတိုးငွေ စသည့်ဝင်ငွေ အများဆုံး ရှာပေးနိုင်သည့် သရုံးများမှာ ဂျပန်မြန်မာသံရုံး၊ ဂျာမနီမြန်မာသံရုံး၊ စင်ကာပူ မြန်မာသံရုံး၊ ကိုရီးယား မြန်မာသရုံး၊ ထိုင်းမြန်မာသရုံး၊ မလေးရှား မြန်မာသံရုံးစသည့် သံရုံးကြီးများ ဖြစ်သည်ဟု စုံစမ်း သိရသည်။
ဝင်ငွေရှားပေးနိုင်သည့် နိုင်ငံခြား မြန်မာသံရုံး စစ်ဗိုလ်သံအမတ်ကြီး အတော်များများဆိုလျှင် သံရုံး
ဝင်ငွေအားလုံးကို စစ်အစိုးရလက်သို့ အပ်လေ့မရှိဘဲ ငွေစာရင်းကိုင်နှင့်ပေါင်း၍ အလွဲသုံးစား လုပ်သည်က များသည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။
နိုင်ငံခြား မြန်မာသံရုံးအသီးသီးတွင် လခြုံရေးအစောင့်၊ ယာဉ်မောင်း၊ ဧည်ကြိုစာရေး စသည့် ရာထူးများကို ဒေသခံများ၊ ၀န်ထမ်းများ ငှားရမ်းခန့်ထားလေ့ရှိရာ ထိုဝန်ထမ်းများနှင့် သံရုံး အရာရှိအချို့ပေါင်းပြီး အဂတိလိုက်စားမှုမျိုးစုံ လုပ်သည်များလည်းရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက် လုံခြုံရေးဝန်ထမ်းတဦးဆိုလျှင် မြန်မာသံမန်အရာရှိများနှင့် တွေ့လိုသူများ ထံမှ ငွေတောာင်းခဲ့သည့် သာဓကများရှိသည်ဟု ပေးကမ်းဖူးသူအချို့က ပြောသည်။ ထိုဒေသခံ
ဝန်ထမ်းများနှင့် သံရုံးဝန်ထမ်းများကြား ပြဿနာမျိုးစုံမဖြစ်သည့် မြန်မာသံရုံး အတော်ရှားသည်ဟု ပါ စုံစမ်းသိရသည်။ ။
Posted by
54freedom
at
1:23 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
သံသယတွေ ဘေးဖယ်၍ မြန်မာကယ်ဆယ်ရေးလုပ်ငန်းကို အားပေး အာဆီယံ အတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ
ပီတာအောင်/ ၂၅ ဇူလိုင် ၂၀၀၈
သံသယတွေ ဘေးဖယ်၍ စစ်မှန်သည့် လူသားချင်းစာနာသည့်အကူများ ပေးအပ်ကြရန် အာဆီယံ အတွင်းရေမှူးချုပ် ဆူရင်ပစ်ဆူဝန်က ယနေ့ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မေတ္တာရပ်ခံလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒေါက်တာ ဆူရင်ပစ်ဆူဝန်က “ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အလှူရှင်တွေ ကတိက၀တ်ပြုတဲ့ အစည်း
အဝေးပွဲမှာလည်း သံသယတွေ ဘေးမှာဖယ်ထားကြပါ။ ခင်ဗျားတို့အားလုံး ဒီကိုလာတာ ရည်ရွယ် ချက်တခုတည်းအတွက်ပါ။ ဒါကတော့ သေရေးနဲ့ ရှင်ရေးကြားမှာ ဗျာများနေတဲ့ သန်းနဲ့ချီတဲ့ လူတွေအတွက် လူသားခြင်းစာနာမှုဆိုင်ရာ ကိစ္စပဲဖြစ်တယ်။ တခြားကိစ္စတွေ ဘေးဖယ်ထားဖို့ ပြောခဲ့ပါတယ်။ အဲဒါတွေအတွက် အချိန်ကျလာမှာပါ။ ဒီမှာရှိတဲ့ လူတွေအနေနဲ့ တခြားကိစ္စတွေ အတွက် စိုးရိမ်ပူပန်မှုရှိနေမယ်လို့ ကျနော် အသေအချာ ပြောနိုင်ပါတယ်။ ခုချိန်ထိလဲ ဒီကိစ္စ အတွက်ပဲ အာရုံစိုက်နေတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက် ကျနော်တို့ရဲ့လုပ်ပိုင်ခွင့်က လူသားချင်း စာနာမှုအကူ အညီတွေပေးရေးကိစ္စ သာဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် (၉၂) ရာခိုင်နှုန်း အနိုင်ရသည်ဟု နအဖ စစ်အစိုးရက ကြေညာခဲ့မှုနှင့် လာမည့် ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်အပေါ် အာဆီယံ၏ သဘောထားကို ခေတ်ပြိုင်က မေးမြန်းရာ “ပြည်တွင်းရေးသာဖြစ်တယ်” ဟု အာဆီယံ အတွင်းရေးမှူးချုပ်က ပြန်လည်ဖြေကြားသည်။
မုန်တိုင်းကြောင့် အပျက်အစီးသည် ကြီးမားလွန်းလှသဖြင့် အချိန်ယူ၍ ပြန်လည်တည်ဆောက်ရ မည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် မုန်တိုင်းအကူညီပေးရေး ဆောင်ရွက် နေသည့် ကုလသမဂ္ဂ အေဂျင်စီမျာနှင့် အန်ဂျီအိုများကို ပံ့ပိုးပေးကြရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒန်နီရယ် ဘေကာ က ပြောသည်။
Posted by
54freedom
at
1:18 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
မုန်တိုင်းကြောင့် ဘတ်ဂျက်လိုငွေပြမှု တိုးမည်
PONJA/ ၂၅ ဇူလိုင် ၂၀၀၈
မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်း ရန်ကုန်တိုင်း စီးပွားရေးဆုံးရှုံးမှု ပမာဏမှာ ထိုနှစ်ပေါင်း စီးပွားရေး၏ (၁၁) ရာနှုန်းရှိကြောင်း ကုလသမဂ္ဂ အာဆီယံနှင့် မြန်မာစစ်အစိုးရ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ အစီရင်ခံစာ (PONJA) တွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘတ်ဂျက်လိုငွေပြမှုကို စစ်အစိုးရက ငွေထပ်ရိုက်သည့်နည်းဖြင့် ဖြေရှင်းလေ့ရှိသည့်အလျောက် နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘတ်ဂျက်လိုငွေပြမှုမှာလည်း သိသိသာသာ ဂယက်ရိုက်မည့် အလားအလာရှိသည်ဟုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မုန်တိုင်းပြန်လည်ထူထောင်ရေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးစရိတ်များ ရှိလာသည့် အတွက် ဘတ်ဂျက်လိုငွေပြမှုအပိုင်းမှာ တိုးလာမည်ဟု PONJA အစီရင်ခံစာက မှန်းထားသည်။ ၂၀၀၇ ခုနှစ်က ဘတ်ဂျက်လိုငွေပြမှု (၃) ရာနှုန်းရှိရာကနေ မုန်တိုင်းကြောင့် အသုံးစရိတ်နှင့် ပြန်လည်နေရာချထားရေး စရိတ်များ တိုးလာသည့်အတွက် ၂၀၀၈ ခုတွင် (၄) ရာနှုန်းထိ တိုးလာမည်ဟု မှန်းသည်။
မြန်မာစစ်အစိုးရက ဘတ်ဂျက်လိုငွေပြမှုကို ကာမိစေရန် ငွေထပ်ရိုက်သည့်နည်း ကျင့်သုံးသည့် အတွက် ငွေဖောင်းပွမှုကို တိုးစေခဲ့သည်ဟု PONJA အစီရင်ခံစာက ထောက်ပြထားသည်။
PONJA အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မတ်ခရိုစီးပွားရေးဆိုင်ရာ ကိန်ဂဏန်းများကို သုံးသပ်ချက် နှင့်တကွ ဖော်ပြထားသည့်အတွက် မတ်ခရိုစီးပွားရေးအစီရင်ခံစာ ထုတ်ပြန်ရန် ၀န်လေးသည့် မြန်မာစစ်အစိုးရအနေဖြင့် ကြိုက်မည်မဟုတ်ဟု စီးပွားရေးပညာရှင် အချို့က ယူဆသည်။
ဧရာဝတီတိုင်း ရန်ကုန်တိုင်းမှာ မုန်တိုင်းဒဏ်ထိထားသည့်အတွက် အစိုးရအခွန်ကောက်ခံငွေ လျော့ကျသွားနိုင်သည်ဟုလည်း မှန်းထားသည်။ ။
Posted by
54freedom
at
1:06 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
ကုလနှင့်မပူးပေါင်းလျှင် မြန်မာကို အမေရိကန် ဖိအားပေးမည်
Agencies/ ၂၅ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရအနေနှင့် ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီနှင့် ပူးပေါင်းလုပ် ဆောင်သင့်ကြောင်း ပြောကြားလိုက်ပြီး အကယ်၍ ပူးပေါင်းလုပ်ဆောင်မှုမရှိပါက လုံခြုံရေး ကောင်စီမှ ဖိအားပေးမှု ပိုများလာမည်ဟု အမေရိကန်က သတိပေးလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံအနေနှင့် နောက်လတွင်မြန်မာနိုင်ငံသို့ ဂမ်ဘာရီ သွားရောက် လည်ပတ်မည့် ခရီးမှ ခိုင်မာသည့် ရလဒ်များ ရလာမည်ဟု မျှော်လင့်ကြောင်း ဂမ်ဘာရီနှင့် တံခါး ပိတ်ဆွေးနွေးပွဲအပြီးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဇယ်လ်မေ ခါလီဇက်က ပြောသည်။
“ကျနော် စစ်အစိုးရကို သတင်းပါးချင်တာကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို အခွင့်ကောင်း ယူဖို့ပါပဲ။ နိုင်ငံရေး ပြောင်းလဲမှု ရှိမနေတဲ့အတွက် နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုတွေ ဖြစ်ပွားနိုင်မယ့် အလားအလာကို တွေ့နေရတယ်။ ဖြစ်လာရင်တော့ ကျနော်တို့အနေနဲ့ အရေးမစိုက်ဘဲ နေမှာ မဟုတ်ပါဘူး” ဟု ခါလီဇက်က ပြောသည်။
စစ်အစိုးရအနေနှင့် စာမျက်နှာသစ်ဖွင့်လှစ်ပြီး (၂၀၁၀) ပြည့်နှစ် ရွေးကောက်ပွဲများအတွက် နိုင်ငံရေးလမ်းပြမြေပုံကို သဘောတူညီပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးသင့်ကြောင်းလည်း ဇယ်လ်မေ ခါလီဇက်က ပြောသည်။
“ဒီကိစ္စရပ်တွေမှာ တိုးတက်မှု ရှိမလာဘူးဆိုရင် ကျနော်တို့ လုပ်စရာရှိတာတွေကို ကြည့်ရပါမယ်။ စစ်အစိုးရအပေါ် ပိုပြီး ဖိအားပေးတာမျိုးတွေ လုပ်ရပါမယ်” ဟု ခါလီဇက်က ပြောသည်။
“ပြီးခဲ့တဲ့ (၆) လကျော်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက နောက် ကြောင်း ပြန်သွားနေပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တောင်းဆိုမှုတွေကို စစ်အစိုးရက တုံ့ပြန်မှု မရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ခက်ခဲတဲ့ အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်” ဟု ဗြိတိသျှသံအမတ် ဂျွန်ဆောရားစ်က လုံခြုံရေးကောင်စီစည်းဝေးပွဲမတိုင်မီ ပြောသည်။
သြဂုတ်လလယ်တွင် မြန်မာနိုင်ငံသို့ ဂမ်ဘာရီသွားရောက်မည့် ခရီးစဉ်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံက ထောက်ခံကြောင်းနှင့် ခရီးစဉ် အောင်မြင်ရန် ဆန္ဒပြုကြကြောင်း ယခုလ လုံခြုံရေးကောင်စီ သဘာပတိဖြစ်သူ ဗီယက်နမ်နိုင်ငံမှ ကုလသမဂ္ဂ သံအမတ်ကြီး လီလောင်း မင်းက ထပ်လောင်း အတည်ပြုသည်။ ။
Posted by
54freedom
at
12:56 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
မြန်မာကိစ္စ လုံခြုံရေးကောင်စီမှာ သဘောထားကွဲ
Agencies/ ၂၅ ဇူလိုင် ၂၀၀၈
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း တိုးတက်ကောင်းမွန်လာစေရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည့်ပြင် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်မှ ခိုင်မာသည့်ရလဒ် ထွက်ပေါ်ရန် အမေရိကန်က ဖိအားပေးနေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံသို့ မကြာမီသွားရောက်ရန် ပြင်ဆင်နေစဉ် အဖွဲ့ဝင် (၁၅) နိုင်ငံ ပါဝင်သော လုံခြုံရေးကောင်စီက နိုင်ငံရေးပြောင်းလဲမှုများ ပြုလုပ်ရန် မြန်မာစစ်အစိုးရအပေါ် ဖိအားပေးရန် ပြန်လည်အာရုံစိုက်လာ ခြင်းဖြစ်သည်။
မစ္စတာဂမ်ဘာရီ၏ လာမည့်လ မြန်မာခရီးစဉ်မှ “ခိုင်မာသည့် ရလဒ်” တခု လိုလားကြောင်း၊ သို့မ ဟုတ်ပါက စစ်အစိုးရအနေဖြင့် “ပိုမိုပြင်းထန်သော ဖိအားပေးမှု” ကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု အမေရိကန်အစိုးရက ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဇာမေး ခါလီဇဒ်က “စစ်အစိုးရကို ကျနော်အသိပေးလို တာကတော့ မစ္စတာဂမ်ဘာရီရဲ့ခရီးစဉ်ကို အခွင့်ကောင်းတခုအဖြစ် အရယူပါ။ စာမျက်နှာအသစ် တခုကို ဖွင့်လိုက်ပါ။ ဒါမှမဟုတ်ရင်တော့ ပိုပြီးဖိအားပေးခံရ မယ်ဆိုတာပါပဲ” ဟု သတင်းထောက် များကို ပြောသည်။
မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်အောင်မြင်မှုအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များအပေါ် မြန်မာစစ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမှုတို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဂျွန်ဆ၀ါးက မြန်မာနိုင်ငံအပေါ် ဖိအားပေးမည့် အတိုင်းအတာ ကို သဘောတူရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား အခက်အခဲများ ရှိနေသည်ကို အသိ မှတ်ပြုသော်လည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများအပေါ် ဆက်လက်အာရုံစိုက်သင့်ကြောင်း ပြောသည်။
မစ္စတာဂျွန်ဆ၀ါးက “မြန်မာစစ်အစိုးရက နိုင်ငံတကာရဲ့တောင်းဆိုချက်တွေကို တုံ့ပြန်တာ မရှိတဲ့ အတွက် ကျနော်တို့မှာ အကျပ်အတည်းဖြစ်နေတဲ့ အနေအထားရှိပါတယ်။ ပြီးခဲ့တဲ့ ခြောက်လ လောက်ကဆို မြန်မာနိုင်ငံဟာ ဟိုးအရင်တုန်းက အနေအထား ပြန်ရောက်သွားတာပဲ” ဟု သတင်းထောက်များကို ပြောသည်။
သို့သော် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ၀န်ဂွမ်ကျားကမူ မြန်မာနိုင်ငံအရေးသည် လုံခြုံရေး ကောင်စီ၏ အရေးယူမှု မလိုအပ်ပဲ စိတ်ရှည်သည်းခံရန်သာ လိုအပ်သည်ဟုပြောသည်။ ကုလ သမဂ္ဂဆိုင်ရာ ဗီယင်နမ်အမတ် လီလောင်မင်းကမူ မြန်မာ့ပြဿနာသည် ကျယ်ပြန့်သဖြင့် ဖြစ်ပေါ် လာမည့် မည်သည့်ဖြေရှင်းချက်မဆိုလည်း ကျယ်ပြန့်ရမည်ဟု ပြောသည်။
မစ္စတာဂမ်ဘာရီ ခရီးစဉ်ကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း ကလည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံအပါအ၀င် မြန်မာ့မိတ်ဆွေနိုင်ငံများအစု ဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်တို့နှင့် ဆွေးနွေးခဲ့ပြီးနောက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် “နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် ကိုက်ညီနိုင်သော တိုးတက် မှုတစုံတရာ ဖော်ဆောင်ပေးရန်” လိုအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ လာမည့်လ မြန်မာခရီးစဉ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ဒုတိယအကြိမ် ခရီးစဉ်အတွင်း မြန်မာထိပ်တန်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်မရသဖြင့် သိသာသည့် အောင်မြင်မှု မရရှိခဲ့ကြောင်း ၎င်းက ထုတ်ဖော်ခဲ့သည်။ ။
Posted by
54freedom
at
12:46 PM
0
comments
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ