စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 26, 2008

မုန်တိုင်းကြောင့် ဘတ်ဂျက်လိုငွေပြမှု တိုးမည်

PONJA/ ၂၅ ဇူလိုင် ၂၀၀၈

မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်း ရန်ကုန်တိုင်း စီးပွားရေးဆုံးရှုံးမှု ပမာဏမှာ ထိုနှစ်ပေါင်း စီးပွားရေး၏ (၁၁) ရာနှုန်းရှိကြောင်း ကုလသမဂ္ဂ အာဆီယံနှင့် မြန်မာစစ်အစိုးရ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ အစီရင်ခံစာ (PONJA) တွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘတ်ဂျက်လိုငွေပြမှုကို စစ်အစိုးရက ငွေထပ်ရိုက်သည့်နည်းဖြင့် ဖြေရှင်းလေ့ရှိသည့်အလျောက် နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဘတ်ဂျက်လိုငွေပြမှုမှာလည်း သိသိသာသာ ဂယက်ရိုက်မည့် အလားအလာရှိသည်ဟုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မုန်တိုင်းပြန်လည်ထူထောင်ရေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးစရိတ်များ ရှိလာသည့် အတွက် ဘတ်ဂျက်လိုငွေပြမှုအပိုင်းမှာ တိုးလာမည်ဟု PONJA အစီရင်ခံစာက မှန်းထားသည်။ ၂၀၀၇ ခုနှစ်က ဘတ်ဂျက်လိုငွေပြမှု (၃) ရာနှုန်းရှိရာကနေ မုန်တိုင်းကြောင့် အသုံးစရိတ်နှင့် ပြန်လည်နေရာချထားရေး စရိတ်များ တိုးလာသည့်အတွက် ၂၀၀၈ ခုတွင် (၄) ရာနှုန်းထိ တိုးလာမည်ဟု မှန်းသည်။

မြန်မာစစ်အစိုးရက ဘတ်ဂျက်လိုငွေပြမှုကို ကာမိစေရန် ငွေထပ်ရိုက်သည့်နည်း ကျင့်သုံးသည့် အတွက် ငွေဖောင်းပွမှုကို တိုးစေခဲ့သည်ဟု PONJA အစီရင်ခံစာက ထောက်ပြထားသည်။

PONJA အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မတ်ခရိုစီးပွားရေးဆိုင်ရာ ကိန်ဂဏန်းများကို သုံးသပ်ချက် နှင့်တကွ ဖော်ပြထားသည့်အတွက် မတ်ခရိုစီးပွားရေးအစီရင်ခံစာ ထုတ်ပြန်ရန် ၀န်လေးသည့် မြန်မာစစ်အစိုးရအနေဖြင့် ကြိုက်မည်မဟုတ်ဟု စီးပွားရေးပညာရှင် အချို့က ယူဆသည်။

ဧရာဝတီတိုင်း ရန်ကုန်တိုင်းမှာ မုန်တိုင်းဒဏ်ထိထားသည့်အတွက် အစိုးရအခွန်ကောက်ခံငွေ လျော့ကျသွားနိုင်သည်ဟုလည်း မှန်းထားသည်။ ။

No comments: