ပီတာအောင်/ ၂၅ ဇူလိုင် ၂၀၀၈
သံသယတွေ ဘေးဖယ်၍ စစ်မှန်သည့် လူသားချင်းစာနာသည့်အကူများ ပေးအပ်ကြရန် အာဆီယံ အတွင်းရေမှူးချုပ် ဆူရင်ပစ်ဆူဝန်က ယနေ့ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မေတ္တာရပ်ခံလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒေါက်တာ ဆူရင်ပစ်ဆူဝန်က “ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အလှူရှင်တွေ ကတိက၀တ်ပြုတဲ့ အစည်း
အဝေးပွဲမှာလည်း သံသယတွေ ဘေးမှာဖယ်ထားကြပါ။ ခင်ဗျားတို့အားလုံး ဒီကိုလာတာ ရည်ရွယ် ချက်တခုတည်းအတွက်ပါ။ ဒါကတော့ သေရေးနဲ့ ရှင်ရေးကြားမှာ ဗျာများနေတဲ့ သန်းနဲ့ချီတဲ့ လူတွေအတွက် လူသားခြင်းစာနာမှုဆိုင်ရာ ကိစ္စပဲဖြစ်တယ်။ တခြားကိစ္စတွေ ဘေးဖယ်ထားဖို့ ပြောခဲ့ပါတယ်။ အဲဒါတွေအတွက် အချိန်ကျလာမှာပါ။ ဒီမှာရှိတဲ့ လူတွေအနေနဲ့ တခြားကိစ္စတွေ အတွက် စိုးရိမ်ပူပန်မှုရှိနေမယ်လို့ ကျနော် အသေအချာ ပြောနိုင်ပါတယ်။ ခုချိန်ထိလဲ ဒီကိစ္စ အတွက်ပဲ အာရုံစိုက်နေတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက် ကျနော်တို့ရဲ့လုပ်ပိုင်ခွင့်က လူသားချင်း စာနာမှုအကူ အညီတွေပေးရေးကိစ္စ သာဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလက ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် (၉၂) ရာခိုင်နှုန်း အနိုင်ရသည်ဟု နအဖ စစ်အစိုးရက ကြေညာခဲ့မှုနှင့် လာမည့် ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်အပေါ် အာဆီယံ၏ သဘောထားကို ခေတ်ပြိုင်က မေးမြန်းရာ “ပြည်တွင်းရေးသာဖြစ်တယ်” ဟု အာဆီယံ အတွင်းရေးမှူးချုပ်က ပြန်လည်ဖြေကြားသည်။
မုန်တိုင်းကြောင့် အပျက်အစီးသည် ကြီးမားလွန်းလှသဖြင့် အချိန်ယူ၍ ပြန်လည်တည်ဆောက်ရ မည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် မုန်တိုင်းအကူညီပေးရေး ဆောင်ရွက် နေသည့် ကုလသမဂ္ဂ အေဂျင်စီမျာနှင့် အန်ဂျီအိုများကို ပံ့ပိုးပေးကြရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒန်နီရယ် ဘေကာ က ပြောသည်။
Saturday, July 26, 2008
သံသယတွေ ဘေးဖယ်၍ မြန်မာကယ်ဆယ်ရေးလုပ်ငန်းကို အားပေး အာဆီယံ အတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ
Posted by
54freedom
at
1:18 PM
Labels: ဂျူလိုင်လ ၂၁ မှ ၂၇ အထိ သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment