စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 26, 2008

စစ်အစိုးရ လမ်းပြမြေပုံ ခရီးမပေါက်နိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

အာဆီယံ ဒေသတွင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ တက်ရောက်လာသော နိုင်ငံခြားရေးဝန်ကြီးများ နှင့် အတူတွေ့ရသော မစ္စကွန်ဒိုလီဇာရိုက်စ်။
24 July 2008

အာဆီယံနိုင်ငံတွေအကြား ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရှင်သန်ပြန့်ပွားရေးမှာ
မြန်မာနိုင်ငံဟာ လမ်းချော်ထွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice)က ပြောဆိုလိုက်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်ဆိုင်ကလုံး မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေ ကူညီရေး နိုင်ငံတကာ အကူ
အညီတွေလက်ခံဖို့ အစောပိုင်းကငြင်းဆန်ခဲ့တဲ့ မြန်မာစစ်အစိုးရကို ၀န်ကြီး
ရိုက်စ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ
တက်ရောက်နေတဲ့ ၀န်ကြီး ရိုက်စ်က ဒီနေ့ သတင်းထောက်တွေကို ပြောဆိုလိုက်တာ
ပါ။

မြန်မာစစ်အစိုးရရဲ့ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ လမ်းပြမြေပုံဟာ အတုအယောင်
သဘောမျိုး ဆောင်နေတာကြောင့် ဘယ်ကိုရောက်မယ့် လမ်းညွှန်မြေပုံ မဟုတ်ဘူးလို့
လည်း ဝေဖန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အာဆီယံခေါင်းဆောင်
တွေက တိုက်တွန်းကြဖို့ရှိပါတယ်။

No comments: