စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, December 18, 2007

Movement of OBP

Nynfya&muf rsKd;cspfNrefrmrsm;\ vlxkvSKyf&Sm;rSKordkif; tusOf;csLyff

စက်တင်ဘာ၂၈၊၂၉၊၃ဝ ပြည်ပရောက် မျိုးချစ်မြန်မာများမှ ဦးဆောင်၍ တိုပါးယိုး ဘုန်းကြီးကျောင်းတွင် ဝတ်ပြုဆုတောင်းပွဲပြုခြင်း၊ ကုလသမဂ္ဂ သို့ပို့ရန် လူထုမှ ထောက်ခံလက်မှတ် စတင်ရေးထိုးကြခြင်း။

အောက်တိုဘာ(၆) ရက် EXCLESIOR HOTEL ငါးထပ၊် Tulip ခန်းမ၌ ဆရာတော် သံဃာတော်များကို အမှူးထား၍ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခြင်း။

အောက်တိုဘာ(၇) ရက် ညနေ ပုံမှန်ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခြင်း။ ထိုပွဲအပြီးတွင် အောက်တိုဘာ ၁၄ ရက်နေ့၌ ပြုလုပ်မည်. ဆွမ်းသွပ် ရေစက်ချ အမျှဝေခြင်း အစီအစဉ်ကို ကြေငြာအသိပေးပြီး၊ မျိုးချစ်စိတ် ထက်သန်သော မြန်မာများအားလုံး စုပေါင်းပါဝင်ကြရန် နှိုးဆော်တိုက်တွန်းခြင်း။

အောက်တိုဘာ(၁၄) ရက် မြန်မာပြည်၌ စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှုတွင် ကျဆုံးသွားသော၊ ဆွမ်းသွတ် ရေစက်ချ အမျှဝေခြင်း ပြုလုပ်ခွင့် မရကြသော အာဇာနည်သူရဲကောင်းများအား ရည်စူး၍ ဆွမ်းသွတ် ရေစက်ချ အမျှဝေခြင်း နှင့် OBP အဖွဲ.၏ ရည်မှန်းချက်၊ ဦးတည်ချက်များ ရှင်းလင်းပြောကြားခြင်း၊ သစ္စာအဓိဋ္ဌာန်ကို တိုင်တည်ရွတ်ဆိုကြခြင်း။

အောက်တိုဘာ(၁၈) ရက် Singapore Prime Minister မှတဆင့် UNSC ဆီသို့ပို.မည့် လူပေါင်း ၃၆၂၆ ပါဝင်လက်မှတ် ရေးထိုးထားသော Petition Letter အား အသိအမှတ်ပြု လက်ခံရယူရန် Application Letter တင်သွင်းခြင်း၊ EU, UN နှင့် ASEAN အပါအဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံသို့ စစ်အစိုးရ၏ ရက်စက် ယုတ်မာမှုများကို အမြန်ဆုံးရပ်တန့်စေရန် ကြားဝင်ဆောင်ရွက်ပေးရေး အဆိုပြုချက်ပါ Letter of Request ကို ပေးပို့ခြင်း။

အောက်တိုဘာ(၂၀) ရက် မြန်မာပြည်၌ ငြိမ်းချမ်းစွာဆန္ဒပြရင်း အသက်ပေးခဲ့သော ရဟန်းရှင်လူ ပြည်သူများအား ရည်စူးပြီး Blood Bank (Singapore General Hospital)တွင် သွေးလှူရှင် ၁၀၀ကျော် ပါဝင် တက်ရောက်သော သွေးလှူပွဲ ပြုလုပ်ခြင်း။ ထိုနေ့တွင်ပင် OBP ခေါင်းဆောင်များ အဖွဲဝင်တချို နှင့် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယိုး တို့ တိုးပါးယိုးဘုန်းကြီးကျောင်းတွင် မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးကြခြင်း။

အောက်တိုဘာ (၂၆) ရက် ညပိုင်းတွင် သီတင်းကျွတ်လပြည့်နေ. မီးထွန်းပွဲနှင့် ဒီမိုကရေစီ လှုပ်ရှားမှု လှုံ.ဆော်ခြင်း ဆောင်းပါး၊ ကဗျာ၊ ကာတွန်းပြပွဲများ ပြုလုပ်ခြင်း။


အောက်တိုဘာ (၂၈) ရက် စက်တင်ဘာ ရွေဝါရောင် တော်လှန်ရေး(၁)လပြည့် ၀တ်ပြုဆုတောင်းပွဲနှင့် သွေးလှုရှင်များ အား ဂုဏ်ပြုမော်ကွန်းလွှာချီးမြှင့်ပွဲ ပြုလုပ်ခြင်း။



နိုဝင်ဘာ (၃) ရက် OBP အဖွဲဝင်များ နှင့် အယ်ဂျားဇီးရား သတင်းဋ္ဌာနမှ သတင်းထောက်များ ပင်နီစူးလား ပလာဇာ တွင် လာရောက် တွေ.ဆုံ မေးမြန်းခြင်း။


နိုဝင်ဘာ (၄) ရက် တိုပါးယိုးဘုန်းကြီးကျောင်း၌ ပုံမှန်ဝတ်ပြု ဆုတောင်းပွဲ ညနေ(၅) နာရီတွင် ပြုလုပ်ခြင်း၊ ထိုနောက် မခင်ဥမ္မာ - A Woman of Courage A Coordinator of Women's League of Burma And a member of the Forum for Democracy in Burma Asia Pacific People's Partnership on Burma(APPPB) နှင့် OBPအဖွဲ.၀င်များ၊ ၊ ဘလော့ဂါများနဲ. ရင်းရင်းနှီးနှီး တွေ.ဆုံပြီး မြန်မာနိုင်ငံရဲ. လက်ရှိအခြေအနေ၊ နိုင်ငံရေး အကြပ်အတည်း၊ လူမျိုးစုပြဿနာ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများကို စိတ်အား ထက်သန်စွာ ဆွေးနွေးခဲ့ ကြပါသည်။

နိုဝင်ဘာ (၉) ရက် အပြည်ပြည်ဆိုင်ရာ သံဃာ့ဥသျှောင်အဖွဲ့ကြီးအား ယုံကြည်အားကိုးစွာ ထောက်ခံ ကြိုဆိုကြောင်း OBP မှကြေငြာစာတမ်း ထုတ်ပြန် ပေးပိုခြင်း။

နိုဝင်ဘာ (၁၁) ရက် Singapore ၀န်ကြီးချုပ် လီရှန်လုန်း ထံသို. ပေးပို.သော Petition Letter & Letter of Request နှင့် ပတ်သက်၍ အကြောင်းပြန် စာလက်ခံရရှိခြင်း၊ ညနေ(၅) နာရီတွင် ပုံမှန် ၀တ်ပြုဆုတောင်းပွဲ ကို တိုပါးယိုးဘုန်းကြီးကျောင်းတွင် လုပ်ဆောင်ြခင်း။


နိုဝင်ဘာ (၁၂) ရက် Singapore National Library ၌ စင်္ကာပူရှိ ဒီမီုကရေစီ အင်အားစုများနှင့် တွေ.ဆုံ၍ နိုဝင်ဘာ(၁၇)ရက်နေ. စင်္ကာပူ နိုင်ငံ EXCLESIOR HOTEL တွင် ပြည်ပရောက် မျိုးချစ်မြန်မာများမှ ကြီင်္းမှုးကျင်းပမည့် မြန်မာ့အရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး တိုင်ပင်ဆွေးနွေးကြခြင်း။

နိုဝင်ဘာ (၁၅) ရက် ညနေ ၆း၃၀ မှ ညနေ ၈း၄၀ ထိ ၁နာရီ ၁၀မိနစ် တိတိကြာ Singapore National Library ၌ှစင်္ကာပူနိုင်ငံ ပါလီမန် အမတ် Mr. Charles Chong နှင့် တွေ.ဆုံ၍ မြန်မာနိုင်ငံအပေါ် ယင်းတို အမြင် သဘောထားနှင့် ဆောင်ရွက်ချက်များ၊ အာဆီယံနိုင်ငံများ အမြင် သဘောထားနှင့် ဆောင်ရွက်ချက်များ၊ ASEAN CHARTER နှင့် ပတ်သက်သော အချက်အလက်များကို ဆွေးနွေး ပြောကြားခြင်း။

နိုဝင်ဘာ(၁၇)ရက်နေ့တွင် စင်္ကာပူ နိုင်ငံ EXCLESIOR HOTEL (၅) ထပ၊် Tulip ခန်းမ၌ ညနေ (၅) နာရီ မှ ညနေ ၈ နာရီ အထိ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပခြင်း။

နိုဝင်ဘာ(၂၀)ရက်နေ့ ညနေတွင် အာဆီယံဆန်းမစ်မှဆုံးဖြတ်လိုက်သော မြန်မာနိုင်ငံအပေါ်ထားရှိသည့် ခေါင်းရှောင်လိုသော ပျော့ညံ့သည့် သဘောထားများကို၊ ရှုံ့ချဆန့်ကျင်သည့် အနေဖြင့် Singapore မြို့လယ်ရှိ၊ Orchard Road ပေါ်၌ မြန်မာလူမျိုးများအားလုံးကို ကိုယ်စားပြုသော မျိုးချစ်မြန်မာများမှ၊ စင်္ကာပူနိုင်ငံတွင် သမိုင်းတွင်ရစ်မည့်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသပွဲ ပြုလုပ်ခဲ့ကြခြင်း

ဒီဇင်ဘာ(၉)ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ YMCA Building ၌ International Human Rights Day အထိမ်းအမှတ်၊ မျှော်လင့်ခြင်းခန်းမ ဟု အမည်ပေးထားသော ခန်းမကြီးတွင်၊ ရှင်သန်ခြင်းသစ်ပင်ထားရှိခြင်း နှင့် လူ့အခွင့်အရေးနှင့်ပက်သက်သော ပန်းချီ၊ဆောင်းပါး၊ကာတွန်း အစရှိသည့် စာပေ၊အနုပညာပြပွဲ ပြုလုပ်ကျင်းပခြင်း။



အပြည့်အစုံဖတ်လိုလျှင်

Sunday, December 16, 2007

အကူအညီတစ်ခုတောင်းချင်ပါသည်။


စင်္ကာပူမှ မြန်မာပြည်သို့ ပြန်ကြမည့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများထံမှ
အကူအညီတစ်ခုတောင်းချင်ပါသည်။

ကျွန်တော်တို့ဆီမှာ မြန်မာပြည်ရှိ ပညာရေး နှိမ့်ကျနေသော ၊ ဗဟုသုတငတ်မွတ်

နေသော ၊ အနာဂတ်ကြယ်ပွင့်လေးများဖြစ်လာကြမည့် ညီငယ်၊ညီမငယ် များအတွက်ရည်မှန်း၍ သူတို့လိုအပ်လျှက်ရှိသော ပညာရေးဆိုင်ရာ စာအုပ်စာတမ်းများ သင်ကြားရေးအထောက်အကူပြုပစ္စည်းများကိုစုဆောင်း

ထားရှိပြီး ဖြစ်ပါသည်။

ထို စုဆောင်းထားသော ပစ္စည်းများထည့်ထားသည့် ပါကင်ပုံးများကို မြန်မာပြည်သို့ ပြန်ကြမည့် မိတ်ဆွေများမှ ကိုယ်စီကိုယ်စီ နိုင်သလောက် သယ်ယူသွားကြခြင်းအားဖြင့် ကုသိုလ်ယူကူညီကြစေလိုပါသည်။

မိတ်ဆွေတို့ မြန်မာပြည် ပြန်ရောက်သောအခါ ရန်ကုန်လေဆိပ်တွင် ကျွန်တော်တို့၏ သက်ဆိုင်ရာ contact များက

မိတ်ဆွေတို့ကိုဆက်သွယ်၍ ထို ပါကင်ထုပ်များကို လာရောက် သယ်ယူကြပါလိမ့်မည်။

အသိပညာ၊ဗဟုသုတ နိမ့်ကျခေါင်းပါးလျက်ရှိသော မြန်မာပြည်ရှိ ကလေးသူငယ်များ၏ အနာဂါတ်အရေးအတွက် မိတ်ဆွေတို့၏ စေတနာထားကူညီမှုကို အရေးတကြီး လိုအပ်နေပါတယ် ခင်ဗျာ။

အသေးစိတ် သိရှိလိုပါက အောက်ပါ contact များကို အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

pjtangel9@gmail.com

freedom2freeman@gmail.com


အပြည့်အစုံဖတ်လိုလျှင်

စာပေအနုပညာပြပွဲ၌ ပြသခဲ့တဲ့ Slideshow video clips



နိုင်ငံတကာလူ့အခွင့်အရေးနေ့ အတွက်ပြုလုပ်တဲ့ စာပေအနုပညာပြပွဲ၌ ပြသခဲ့တဲ့ Slideshow video clips များကိုတင်ဆက်လိုက်ပါတယ်....





အပြည့်အစုံဖတ်လိုလျှင်

Saturday, December 15, 2007

လင်မျှော်ကုန်း






သစ္စာတော်လှန်ရေးမဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၀၇ ထုတ်၊ တွင်ပါရှိသော ရင်ကိုထိခိုက်ဆို့နင့်စေသည့် ဆောင်းပါး တစ်ပုဒ် ကို တင်ဆက် လိုက်ပါတယ်။






အပြည့်အစုံဖတ်လိုလျှင်

ဒေါင်းအိုးဝေ စာစဉ် အတွဲ-၁၊အမှတ်-၃၊ဇူလိုင်-သြဂုတ်-စက်တင်ဘာ၊၂၀၀၇




မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ဗဟိုစည်းရုံးရေးနှင့်ပြန်ကြားရေးဌါနမှ ထုတ်ဝေသည့် ဒေါင်းအိုးဝေ စာစဉ် အတွဲ-၁၊အမှတ်-၃၊ဇူလိုင်-သြဂုတ်-စက်တင်ဘာ၊၂၀၀၇ မှ ကိုရင်ဒေါင်း၏ ဆောင်းပါးကို ကူးယူတင်ဆက်လိုက်ပါသည်။

အပြည့်အစုံဖတ်လိုလျှင်

ဆန်စပါးဈေး ရုတ်တရက်တက် ၊ ပြည်သူများစားဝတ်နေရေးအခက်ကြုံ

ဆန်စပါးဈေး ရုတ်တရက်တက် ၊ ပြည်သူများစားဝတ်နေရေးအခက်ကြုံ

စပါးဈေးတွေ အခုရက်ပိုင်းနှစ်ဆနီးပါး တက်လာတယ်လို့ DVB News မှဖေါ်ပြ
ထားပါတယ်။စပါးတင်း(၁၀၀)ကို ကျပ်နှစ်သိန်းကျော်ကနေ ဒီနေ့ ၄သိန်းအထိ
တက်လာပြီး ဆန်ဈေးတွေလည်းလိုက်တက်နေပါတယ်။
မနောသုခဆန်သစ်က ကျပ်တစ်သောင်းကနေ ခုရက်ပိုင်းအတွင်း(၁၂,၀၀၀)ကျော်
အထိတက်သွားပါတယ်။ထိပ်တန်းဆန်အကောင်းစား (ဆန်ဟောင်း)အရင်ဈေး
(၁၉, ၀၀၀-၂၀ ,၀၀၀)ကနေ အခုရက်ပိုင်းမှာ(၃၀, ၀၀၀)ကျော်တက်လာတယ်လို့
သိရပါတယ်။
ဆင်ဖြူကျွန်းဘက်မှာ စပါးဈေး (၃၈၄, ၀၀၀)ဖြစ်နေပြီး စပါးဈေးတက်တာဟာအ
စိုးရက နိုင်ငံခြားဆန်တင်ပို့ခွင့်ဖွင့်ပေးလိုက်တာနဲ့ဆက်စပ်နေတယ်လို့ဒေသခံတ
ဦးကပြောပါတယ်။ဒီလိုလမ်းနည်းနည်းဖွင့်လိုက်တာနဲ့ စပါးဈေးကမမျှော်လင့်ဘဲ
ခုန်တက်လာတဲ့အခါကြတော့ လယ်သမား ၊ပြည်သူတွေအတွက်အခက်ကြုံနေ
ပါတယ်။
ဆန်စပါးဈေးတက်လို့ လယ်သမားတွေမှာ အကျိုးမရှိဘဲ အာဏာပိုင်တွေနဲ့ပေါင်း
သင်းလုပ်ကိုင်တဲ့ ကုန်သည်ပွဲစားတွေကသာ အကျိုးအမြတ်ရှိသွားတယ်လို့သာ
ယာဝတီကလယ်သမားတစ်ဦးကပြောသွားပါတယ်။
စပါးဈေးတက်လာတော့ ကုန်သည်တွေက အကုန်ဆွဲပြီးတော့ဝယ်ထားကြတော့
လယ်သမားတွေလက်ထဲမှာစပါးကမကျန်၊အကြွေးဆပ်ချင်ပြန်တော့ လယ်သမား
တွေလက်ထဲမှာဘာမှမရှိ၊အရောင်းအ၀ယ်သမားတွေကလောလောဆယ်တော့အ
မြတ်အစွန်းတွေရကြတာပေါ့။ကုန်သည်ပွဲစားတွေနဲ့(တပ်ရင်းမှူး ၊ တကစမှူး)တို့
ပေါင်းပြီးရိုက်စားလုပ်ကြပါတယ်။ဒီလိုစပါးဈေးတက်လာတာဟာ ဘင်္ဂလားဒေ့ရှ်
နိုင်ငံကို အရောင်းအ၀ယ်အတွက်ဖွင့်ပေးလိုက်တယ်လို့ အစိုးရအာဏာပိုင်တစ်ဦးကပြောပါတယ်။
ဆန်ဈေးတက်လာတာကြောင့် အခက်ကြုံရတယ်လို့ အိမ်ရှင်မအများကပြောပါ
တယ်။အခက်အခဲကတော့လူတိုင်းတွေ့နေရတာပြောစရာတောင်မလိုတော့ပါဘူး
ဒီလိုစားဝတ်နေရေး ကြပ်တည်းရတာဟာ အသုံးမကျတဲ့ နအဖ စစ်အစိုးရကြောင့်
ဖြစ်တယ်လို့ပြည်သူတွေကပြောဆိုလာပါတယ်။အချို့ပြည်သူတွေရဲ့ထွက်ဆိုချက်
အရ ကုန်ဈေးနုန်းတွေအဆမတန် တက်ခြင်းကြောင့် အချို့သောမိသားစုတွေမှာ
ဆန်ပြုတ်စားရခြင်း ၊ ထမင်းနပ်မှန်မစားရခြင်း ၊သူခိုးသူဝှက်များ ပေါများလာခြင်း၊
အချို့သောမိန်းကလေး များ စားဝတ်နေရေးကြောင့် ပျက်စီးရခြင်း စသောအခက်
အခဲများစွာ ကြုံတွေ့နေရပါတယ်လို့လည်းပြောပါတယ်။ဆက်လက်ပြီး မြန်မာပြည်၏
ကုန်ဈေးနုန်းကြောင့် ရှေးဆက်ကြုံလာရမည့် အခက်အခဲတွေကို
မတွေးဝံ့ပါကြောင်း ပြည်သူတွေ ထွက်ဆိုပါတယ်။

DVB News မှကိုးကားတင်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

ဆူးကြားဘူးသီးများ (၂)

ဆူးကြားဘူးသီးများ (၂)

အယ်ဒီတာ့ရွာ (၆)

စစ်အာဏာကို အမြဲစိမ်းသစ်တောထင်ရင်...

ဟစ်တလာကို ခင်ဗျားတို့ နတ်ကွန်းမှာ တင်ထား ကိုးကွယ်ပါ။ အဖ ဂျာမန်တွေ မေ့ဖို့ ကြိုးစားနေတဲ့ အနေနဲ့ပေါ့။ ဒီနေ့ ဆူးကြားဘူးသီးများ အနေနဲ့ကတော့ စင်္ကာပူက မြန်မာတွေရဲ့ လှုပ်ရှားမှုလေးတွေကို ချပ်ဝတ်တန်ဆာ အပြည့်ဆင် စစ်မြေပြင်ကို ဆွဲတင်ပြီး ဘင်ခရာ တီးပြလိုက်ဖို့ အစီအစဉ်ရှိပါတယ်။

ပထမဆုံးအနေနဲ့ အင်ဒရူးဆိုတဲ့ကောင် တောင်မရောက် မြောက်မရောက် စာရေးဆရာရဲ့ ရွှေခြည်လင်းလက် ပဟေဠိ (Saffron Con???drum) ဆောင်းပါးနဲ့ ပတ်သက်လို့ပါ။ သူ့ဆောင်းပါက သမိုင်းရှုထောင့်က ကြည့်ကြည့်၊ သဘာဝဘေဒရှုထောင့်က ကြည့်ကြည့်၊ ဘာသာရေး ကျမ်းစာအမြင် ရှုထောင့်ကပဲ ကြည့်ကြည့် ကြည့်ချင်ရာက ကြည့် ချည့်နဲ့ ခွေ့လျော့ လွန်းလှတယ်။

ထားပါတော့။ ကျွန်တော်ပြောချင်တာက ဒီဆောင်းပါးနဲ့ ပတ်သက်လို့ စာဖတ်သူတွေ (အဓိက မြန်မာတွေပေါ့)ဖက်က ထောက်ပြ ဝေဖန်လာကြတယ်။ ဒီကိစ္စမျိုးကို ကျွန်တော်တို့လည်း လက်မနှေးခဲ့ပါဘူး။ ဒါပေမယ့်...။

ကျွန်တော်တို့ဖက်က ပြန်လှန်ချေပချက်တွေကို (Historically, literally, logically) ပြန်လည်ဖော်ပြဖို့ အထင်ကရ သတင်းစာကြီးက ငြင်းဆိုခဲ့တယ်။ “sorry, too late” တွေနဲ့ ယပ်ခပ်ပေးလိုက်တယ်။ ပြီး... သိုသိုသိပ်သိပ်လေး လက်သိပ်ထိုး တောင်းပန်လိုက်တယ်။ သူတို့တောင်းပန်တဲ့ အကြောင်းကို ဘယ်သူမှ မသိပါစေနဲ့ပေါ့။ ဒါပါပဲ။ ဒီထက်လုံးဝ မပိုပါဘူး။ ဒီထက်လုံးဝ မပိုပါဘူး။

ဘာတတ်နိုင်မှာလဲလေ။ ဒါက သူတို့ နိုင်ငံနဲ့ သူတို့ လုပ်ပိုင်ခွင့်ပဲ။ ရုတ်တရက်ကြီး ကုန်းကုန်းကွကွနဲ့ တိုးတက်လာနေတဲ့ မီးခြစ်ပုံးလို တိုက်တွေကလွဲရင် စင်္ကာပူရဲ့ လူ့အခွင့် အရေး (အထူးသဖြင့် လွတ်လပ်စွာ ပြောဆို ရေးသားရေး)ဟာ ကျွန်တော်တို့ ငှက်ရုပ်လေးထက်

နှာတဖျား အသာလေးနဲ့သာ ပန်းဝင်နိုင်တာပါ။

သဘောတူခွင့် ကွဲလွဲခွင့်ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျွန်တော် ဒီလို မြင်ပါတယ်။
- စင်္ကာပူ

- မြန်မာ

- အပါယ်လေးဘုံ။ (ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)

ခင်ဗျားတို့ ရှုပ်နေမှာစိုးလို့ ထပ်ပြောပါရစေ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စင်္ကာပူက မြန်မာထက် နှာတဖျား သာပါတယ်။ မြန်မာကတော့ အပါယ်လေးဘုံထက် နှာတဖျား သာပါတယ်။ (ကျွန်တော့်

အထင်နော်။ မသာပါဘူးကွာလို့ ခင်ဗျားတို့ စောဒက တက်လာရင် ကျွန်တော် ပြန်မငြင်းဘူး။ ခင်ဗျားတို့

ကံနဲ့ ခင်ဗျားတို့ပဲ။)

ဘယ်မှာလဲ အမှားကို ပြန်လည်ချေပခွင့်။ တကယ်ဆူးကြားဘူးသီးပါဗျာ။ နောက်ပြီးတော့ အထင်ကရ ဘူးသီးနုနုလေးတွေ။ (စစ်အစိုးရကတော့ ဆီပွက်ပွက်ထဲထည့်ပြီး ကြော်စားချင် နေမှာပဲ။)

* ဘက်ထရီ မရှိလှတဲ့ အာစီယံ မီတင်၊

* နားကွဲမတတ် တောင်ပံရိုက်ခတ်သံတွေနဲ့ ပျံသန်းလာတဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဘရာဇီးက

သိန်းငှက်ကြီး၊

* သိန်းငှက်ကြီးရှိရင် ငါပြန်လှည့်သွားမှာ ဆိုတဲ့ ငှက်ယုတ်၊ ငှက်ဆိုး၊ တီးတေတူး၊

* ငှက်ဆိုးထိုးသံကို ဗီသိုဗင်ရဲ့ ဂီတလို နားဆင်လိုက်တဲ့ နားရွက်ထောင်ထောင်နဲ့ သဘာပတိ ယုန်မင်း၊

ဘက်ထရီသိပ်မပြည့်တဲ့ မီတင်မှာ သိန်းငှက်ကြီးတက်စရာမလိုတဲ့။ ပျံသန်းလာခဲ့ရတဲ့ အတောင်ပံတစ်စုံကိုမှ အားနာခြင်းမရှိ ရိုက်ချိုးရက်ကြတယ်။ ကဲ မစၥတာဂမ္ဘာရီ ခင္ဗ်ား ဘာလဲ ဘယ္လဲ။

ဒါကို မကျေနပ်ကြတဲ့ ဘူးသီးလေးတွေ၊ ရှော့ပင်း စင်တာကြီးတွေ ကြီးစိုးတဲ့ အောချက်လွင်ပြင်က အနီရင့်ရင့် ဘူးသီးလေးတွေ၊ သုံးလုံးစီ အညှာခြင်း ချည်ကြလို့လေ။ ဘူးတစ်ပင်မှာ လေးလုံးမသီးရဘူးတဲ့။ ဒါအကြောင်းလား။ သုံးလုံးစီ သီးပြခဲ့ကြတယ်။

သူတို့ ရဲဝန့်လှပါလား။ သူတို့လက်ထဲမှာ သူတို့ယုံကြည်တဲ့၊ သူတို့အားထားတဲ့၊ သူတို့ရဲ့ အနာဂတ်ကောင်းကင်ပြာလို့ ယုံကြည်တဲ့ သူတို့အမေရဲ့ ဓါတ်ပုံကို ထွေးပွေ့ရင်း၊ သူတို့ရဲ့ ဖြူစင်တဲ့ ဆန္ဒတွေကို သူတို့အမေရဲ့ ရင်ဘတ်မှာ ကော်နဲ့ကပ်လိုက်ရင်း၊ ငြိမ်းချမ်းရေး သင်္ကေတ ဖယောင်းမီးလေးတွေ မငြိမ်းဖို့ ကာကွယ်ရင်း ဆူးတွေကို ရင်ဆိုင်ခဲ့ကြတယ်။

စင်္ကာပူရဲ့ ဥပဒေအတွင်းကနေ စင်္ကာပူရဲ့ ဥပဒေကို ဒူးနဲ့တိုက်ပြီး ကွေးခဲ့ကြတာ သူတို့ပါပဲ။ ဒီအတွက် ထာဝရ ဂုဏ်ယူနေမိမှာပါ, ဘူးသီးလေးတို့ရေ။ မင်းတို့အထဲမှာသာ ဂဠုန်စော မပါပါစေနဲ့။ ဒါဆိုရင် တို့ငှက်ကလေးရဲ့ အနာဂတ်ဟာ မင်းတို့ရင်ခွင်ထဲမှာ ငြိမ်းချမ်း၊ ကြွယ်ဝ လွတ်လပ်စွာ နားခိုခွင့် ရလာရမှာပါ။

ဒီတော့မှ မင်းတို့ ချစ်သူရဲ့ ဆံစလေးတွေကို ဖွရင်း မင်းတို့ သမိုင်းလေးတွေကို ပြန်ပြီး ရင်ခုံကြပါ။ အခုတော့.... ဘူးသီးတို့ရေ.... !


ဇင်ဝေသော်
(အေ၊ အို၊ အေ၊ ဘီ)

အပြည့်အစုံဖတ်လိုလျှင်