ဆန်စပါးဈေး ရုတ်တရက်တက် ၊ ပြည်သူများစားဝတ်နေရေးအခက်ကြုံ
စပါးဈေးတွေ အခုရက်ပိုင်းနှစ်ဆနီးပါး တက်လာတယ်လို့ DVB News မှဖေါ်ပြ
ထားပါတယ်။စပါးတင်း(၁၀၀)ကို ကျပ်နှစ်သိန်းကျော်ကနေ ဒီနေ့ ၄သိန်းအထိ
တက်လာပြီး ဆန်ဈေးတွေလည်းလိုက်တက်နေပါတယ်။
မနောသုခဆန်သစ်က ကျပ်တစ်သောင်းကနေ ခုရက်ပိုင်းအတွင်း(၁၂,၀၀၀)ကျော်
အထိတက်သွားပါတယ်။ထိပ်တန်းဆန်အကောင်းစား (ဆန်ဟောင်း)အရင်ဈေး
(၁၉, ၀၀၀-၂၀ ,၀၀၀)ကနေ အခုရက်ပိုင်းမှာ(၃၀, ၀၀၀)ကျော်တက်လာတယ်လို့
သိရပါတယ်။
ဆင်ဖြူကျွန်းဘက်မှာ စပါးဈေး (၃၈၄, ၀၀၀)ဖြစ်နေပြီး စပါးဈေးတက်တာဟာအ
စိုးရက နိုင်ငံခြားဆန်တင်ပို့ခွင့်ဖွင့်ပေးလိုက်တာနဲ့ဆက်စပ်နေတယ်လို့ဒေသခံတ
ဦးကပြောပါတယ်။ဒီလိုလမ်းနည်းနည်းဖွင့်လိုက်တာနဲ့ စပါးဈေးကမမျှော်လင့်ဘဲ
ခုန်တက်လာတဲ့အခါကြတော့ လယ်သမား ၊ပြည်သူတွေအတွက်အခက်ကြုံနေ
ပါတယ်။
ဆန်စပါးဈေးတက်လို့ လယ်သမားတွေမှာ အကျိုးမရှိဘဲ အာဏာပိုင်တွေနဲ့ပေါင်း
သင်းလုပ်ကိုင်တဲ့ ကုန်သည်ပွဲစားတွေကသာ အကျိုးအမြတ်ရှိသွားတယ်လို့သာ
ယာဝတီကလယ်သမားတစ်ဦးကပြောသွားပါတယ်။
စပါးဈေးတက်လာတော့ ကုန်သည်တွေက အကုန်ဆွဲပြီးတော့ဝယ်ထားကြတော့
လယ်သမားတွေလက်ထဲမှာစပါးကမကျန်၊အကြွေးဆပ်ချင်ပြန်တော့ လယ်သမား
တွေလက်ထဲမှာဘာမှမရှိ၊အရောင်းအ၀ယ်သမားတွေကလောလောဆယ်တော့အ
မြတ်အစွန်းတွေရကြတာပေါ့။ကုန်သည်ပွဲစားတွေနဲ့(တပ်ရင်းမှူး ၊ တကစမှူး)တို့
ပေါင်းပြီးရိုက်စားလုပ်ကြပါတယ်။ဒီလိုစပါးဈေးတက်လာတာဟာ ဘင်္ဂလားဒေ့ရှ်
နိုင်ငံကို အရောင်းအ၀ယ်အတွက်ဖွင့်ပေးလိုက်တယ်လို့ အစိုးရအာဏာပိုင်တစ်ဦးကပြောပါတယ်။
ဆန်ဈေးတက်လာတာကြောင့် အခက်ကြုံရတယ်လို့ အိမ်ရှင်မအများကပြောပါ
တယ်။အခက်အခဲကတော့လူတိုင်းတွေ့နေရတာပြောစရာတောင်မလိုတော့ပါဘူး
ဒီလိုစားဝတ်နေရေး ကြပ်တည်းရတာဟာ အသုံးမကျတဲ့ နအဖ စစ်အစိုးရကြောင့်
ဖြစ်တယ်လို့ပြည်သူတွေကပြောဆိုလာပါတယ်။အချို့ပြည်သူတွေရဲ့ထွက်ဆိုချက်
အရ ကုန်ဈေးနုန်းတွေအဆမတန် တက်ခြင်းကြောင့် အချို့သောမိသားစုတွေမှာ
ဆန်ပြုတ်စားရခြင်း ၊ ထမင်းနပ်မှန်မစားရခြင်း ၊သူခိုးသူဝှက်များ ပေါများလာခြင်း၊
အချို့သောမိန်းကလေး များ စားဝတ်နေရေးကြောင့် ပျက်စီးရခြင်း စသောအခက်
အခဲများစွာ ကြုံတွေ့နေရပါတယ်လို့လည်းပြောပါတယ်။ဆက်လက်ပြီး မြန်မာပြည်၏
ကုန်ဈေးနုန်းကြောင့် ရှေးဆက်ကြုံလာရမည့် အခက်အခဲတွေကို
မတွေးဝံ့ပါကြောင်း ပြည်သူတွေ ထွက်ဆိုပါတယ်။
DVB News မှကိုးကားတင်ပြပါသည်။
Showing posts with label DVB News 15 December 2007. Show all posts
Showing posts with label DVB News 15 December 2007. Show all posts
Saturday, December 15, 2007
ဆန်စပါးဈေး ရုတ်တရက်တက် ၊ ပြည်သူများစားဝတ်နေရေးအခက်ကြုံ
Posted by
54freedom
at
5:12 PM
0
comments
Labels: DVB News 15 December 2007
Subscribe to:
Posts (Atom)