ဆူးကြားဘူးသီးများ (၂)
အယ်ဒီတာ့ရွာ (၆)
စစ်အာဏာကို အမြဲစိမ်းသစ်တောထင်ရင်...
ဟစ်တလာကို ခင်ဗျားတို့ နတ်ကွန်းမှာ တင်ထား ကိုးကွယ်ပါ။ အဖ ဂျာမန်တွေ မေ့ဖို့ ကြိုးစားနေတဲ့ အနေနဲ့ပေါ့။ ဒီနေ့ ဆူးကြားဘူးသီးများ အနေနဲ့ကတော့ စင်္ကာပူက မြန်မာတွေရဲ့ လှုပ်ရှားမှုလေးတွေကို ချပ်ဝတ်တန်ဆာ အပြည့်ဆင် စစ်မြေပြင်ကို ဆွဲတင်ပြီး ဘင်ခရာ တီးပြလိုက်ဖို့ အစီအစဉ်ရှိပါတယ်။
ပထမဆုံးအနေနဲ့ အင်ဒရူးဆိုတဲ့ကောင် တောင်မရောက် မြောက်မရောက် စာရေးဆရာရဲ့ ရွှေခြည်လင်းလက် ပဟေဠိ (Saffron Con???drum) ဆောင်းပါးနဲ့ ပတ်သက်လို့ပါ။ သူ့ဆောင်းပါက သမိုင်းရှုထောင့်က ကြည့်ကြည့်၊ သဘာဝဘေဒရှုထောင့်က ကြည့်ကြည့်၊ ဘာသာရေး ကျမ်းစာအမြင် ရှုထောင့်ကပဲ ကြည့်ကြည့် ကြည့်ချင်ရာက ကြည့် ချည့်နဲ့ ခွေ့လျော့ လွန်းလှတယ်။
ထားပါတော့။ ကျွန်တော်ပြောချင်တာက ဒီဆောင်းပါးနဲ့ ပတ်သက်လို့ စာဖတ်သူတွေ (အဓိက မြန်မာတွေပေါ့)ဖက်က ထောက်ပြ ဝေဖန်လာကြတယ်။ ဒီကိစ္စမျိုးကို ကျွန်တော်တို့လည်း လက်မနှေးခဲ့ပါဘူး။ ဒါပေမယ့်...။
ကျွန်တော်တို့ဖက်က ပြန်လှန်ချေပချက်တွေကို (Historically, literally, logically) ပြန်လည်ဖော်ပြဖို့ အထင်ကရ သတင်းစာကြီးက ငြင်းဆိုခဲ့တယ်။ “sorry, too late” တွေနဲ့ ယပ်ခပ်ပေးလိုက်တယ်။ ပြီး... သိုသိုသိပ်သိပ်လေး လက်သိပ်ထိုး တောင်းပန်လိုက်တယ်။ သူတို့တောင်းပန်တဲ့ အကြောင်းကို ဘယ်သူမှ မသိပါစေနဲ့ပေါ့။ ဒါပါပဲ။ ဒီထက်လုံးဝ မပိုပါဘူး။ ဒီထက်လုံးဝ မပိုပါဘူး။
ဘာတတ်နိုင်မှာလဲလေ။ ဒါက သူတို့ နိုင်ငံနဲ့ သူတို့ လုပ်ပိုင်ခွင့်ပဲ။ ရုတ်တရက်ကြီး ကုန်းကုန်းကွကွနဲ့ တိုးတက်လာနေတဲ့ မီးခြစ်ပုံးလို တိုက်တွေကလွဲရင် စင်္ကာပူရဲ့ လူ့အခွင့် အရေး (အထူးသဖြင့် လွတ်လပ်စွာ ပြောဆို ရေးသားရေး)ဟာ ကျွန်တော်တို့ ငှက်ရုပ်လေးထက်
နှာတဖျား အသာလေးနဲ့သာ ပန်းဝင်နိုင်တာပါ။
သဘောတူခွင့် ကွဲလွဲခွင့်ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျွန်တော် ဒီလို မြင်ပါတယ်။
- စင်္ကာပူ
- မြန်မာ
- အပါယ်လေးဘုံ။ (ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)
ခင်ဗျားတို့ ရှုပ်နေမှာစိုးလို့ ထပ်ပြောပါရစေ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စင်္ကာပူက မြန်မာထက် နှာတဖျား သာပါတယ်။ မြန်မာကတော့ အပါယ်လေးဘုံထက် နှာတဖျား သာပါတယ်။ (ကျွန်တော့်
အထင်နော်။ မသာပါဘူးကွာလို့ ခင်ဗျားတို့ စောဒက တက်လာရင် ကျွန်တော် ပြန်မငြင်းဘူး။ ခင်ဗျားတို့
ကံနဲ့ ခင်ဗျားတို့ပဲ။)
ဘယ်မှာလဲ အမှားကို ပြန်လည်ချေပခွင့်။ တကယ်ဆူးကြားဘူးသီးပါဗျာ။ နောက်ပြီးတော့ အထင်ကရ ဘူးသီးနုနုလေးတွေ။ (စစ်အစိုးရကတော့ ဆီပွက်ပွက်ထဲထည့်ပြီး ကြော်စားချင် နေမှာပဲ။)
* ဘက်ထရီ မရှိလှတဲ့ အာစီယံ မီတင်၊
* နားကွဲမတတ် တောင်ပံရိုက်ခတ်သံတွေနဲ့ ပျံသန်းလာတဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဘရာဇီးက
သိန်းငှက်ကြီး၊
* သိန်းငှက်ကြီးရှိရင် ငါပြန်လှည့်သွားမှာ ဆိုတဲ့ ငှက်ယုတ်၊ ငှက်ဆိုး၊ တီးတေတူး၊
* ငှက်ဆိုးထိုးသံကို ဗီသိုဗင်ရဲ့ ဂီတလို နားဆင်လိုက်တဲ့ နားရွက်ထောင်ထောင်နဲ့ သဘာပတိ ယုန်မင်း၊
ဘက်ထရီသိပ်မပြည့်တဲ့ မီတင်မှာ သိန်းငှက်ကြီးတက်စရာမလိုတဲ့။ ပျံသန်းလာခဲ့ရတဲ့ အတောင်ပံတစ်စုံကိုမှ အားနာခြင်းမရှိ ရိုက်ချိုးရက်ကြတယ်။ ကဲ မစၥတာဂမ္ဘာရီ ခင္ဗ်ား ဘာလဲ ဘယ္လဲ။
ဒါကို မကျေနပ်ကြတဲ့ ဘူးသီးလေးတွေ၊ ရှော့ပင်း စင်တာကြီးတွေ ကြီးစိုးတဲ့ အောချက်လွင်ပြင်က အနီရင့်ရင့် ဘူးသီးလေးတွေ၊ သုံးလုံးစီ အညှာခြင်း ချည်ကြလို့လေ။ ဘူးတစ်ပင်မှာ လေးလုံးမသီးရဘူးတဲ့။ ဒါအကြောင်းလား။ သုံးလုံးစီ သီးပြခဲ့ကြတယ်။
သူတို့ ရဲဝန့်လှပါလား။ သူတို့လက်ထဲမှာ သူတို့ယုံကြည်တဲ့၊ သူတို့အားထားတဲ့၊ သူတို့ရဲ့ အနာဂတ်ကောင်းကင်ပြာလို့ ယုံကြည်တဲ့ သူတို့အမေရဲ့ ဓါတ်ပုံကို ထွေးပွေ့ရင်း၊ သူတို့ရဲ့ ဖြူစင်တဲ့ ဆန္ဒတွေကို သူတို့အမေရဲ့ ရင်ဘတ်မှာ ကော်နဲ့ကပ်လိုက်ရင်း၊ ငြိမ်းချမ်းရေး သင်္ကေတ ဖယောင်းမီးလေးတွေ မငြိမ်းဖို့ ကာကွယ်ရင်း ဆူးတွေကို ရင်ဆိုင်ခဲ့ကြတယ်။
စင်္ကာပူရဲ့ ဥပဒေအတွင်းကနေ စင်္ကာပူရဲ့ ဥပဒေကို ဒူးနဲ့တိုက်ပြီး ကွေးခဲ့ကြတာ သူတို့ပါပဲ။ ဒီအတွက် ထာဝရ ဂုဏ်ယူနေမိမှာပါ, ဘူးသီးလေးတို့ရေ။ မင်းတို့အထဲမှာသာ ဂဠုန်စော မပါပါစေနဲ့။ ဒါဆိုရင် တို့ငှက်ကလေးရဲ့ အနာဂတ်ဟာ မင်းတို့ရင်ခွင်ထဲမှာ ငြိမ်းချမ်း၊ ကြွယ်ဝ လွတ်လပ်စွာ နားခိုခွင့် ရလာရမှာပါ။
ဒီတော့မှ မင်းတို့ ချစ်သူရဲ့ ဆံစလေးတွေကို ဖွရင်း မင်းတို့ သမိုင်းလေးတွေကို ပြန်ပြီး ရင်ခုံကြပါ။ အခုတော့.... ဘူးသီးတို့ရေ.... !
ဇင်ဝေသော်
(အေ၊ အို၊ အေ၊ ဘီ)
No comments:
Post a Comment