စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 13, 2008

ရှစ်လေးလုံးနေ့ကို ဘာကလေမြို့က ဂုဏ်ပြု




ဧရာဝတီ ဇွန် ၁၂၊ ၂၀၀၈

The 8888 Uprising. The current democracy movement in Burma draws inspiration from a series of mass demonstrations culminated on August 8, 1988 (8/8/88 - a day deemed auspicious).

မြန်မာပြည်သူပြည်သား တို့၏ စည်းလုံးညီညွတ်မှုနှင့် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် တိုက်ပွဲဝင်နေကြသည်ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တက္ကသိုလ် မြို့တော် တမြို့က သြဂုတ်လ ၈ ရက်နေ့ကို မြန်မာနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြောက်ပိုင်း ကယ်လီဖိုးနီးယားတွင် တည်ရှိ၍ မြန်မာလူဦးရေ အနည်းငယ်သာ နေထိုင်သော ဘာကလေမြို့၌ ၎င်းမြို့တော် ကောင်စီအဖွဲ့က ဇွန်လ ၁၀ ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး စည်းလုံး ပြင်းထန်သော မြန်မာပြည်သူလူထုကို ဂုဏ်ပြုသည့် နေ့အဖြစ် သတ်မှတ်လိုက်ကြခြင်း ဖြစ်သည်။

အမေရိကန် လွှတ်တော်တွင် ဘာကလေမြို့၏ ကိုယ်စားလှယ်အဖြစ် ဘာဘရာလီက တက်ရောက်ခဲ့ပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင်ပြောဆိုခဲ့သည်။

မြန်မာပြည် ဒီမိုကရေစီရရှိရန် ၄၆ နှစ်တာ ကာလပတ်လုံး မဆုတ်မနစ် ရုန်းကန်ခဲ့သည့် မြန်မာပြည်သူလူထုနှင့် နာမည်ကျော် ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲ နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကို ဂုဏ်ပြုသောအားဖြင့် ဘာကလေ မြို့တော်ကောင်စီက သြဂုတ် ၈ ရက်နေ့ကို မြန်မာနေ့ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

လာမည့် သြဂုတ်လ ၈ ရက်နေ့ မှစ၍ နှစ်စဉ်နှစ်တိုင်း ထိုနေ့တွင် ဘာကလေမြို့၌ မြန်မာအမျိုးသားအလံတော်ကို လွှင့်ထူ ထားမည်ဖြစ်ပြီး ယင်းအလံတော်ကို မြန်မာနိုင်ငံ အတွင်း၌ စစ်မှန်သော ဒီမိုကရေစီ ပြန်လည်မရရှိမချင်း ဆက်လက် လွှင့်ထူထား မည်ဖြစ်သည်။ ၎င်းအလံကို မြန်မာအမေရိကန် ဒီမိုကရေစီ သဟာရအဖွဲ့က တာဝန်ယူ ပြုလုပ်မည်ဖြစ်၏။

“၈ လေးလုံး အထိမ်းအမှတ်ပွဲကို ဘာကလေ မြို့တော်ကောင်စီက အကူအညီပေးမှာ ဖြစ်ပြီး မြန်မာအမေရိကန် ဒီမိုကရေစီ သဟာရအဖွဲ့၊ ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး အဖွဲ့နဲ့ တခြားအဖွဲ့တွေ ပူးပေါင်းကျင်းပမှာ ဖြစ်ပါတယ်” ဟု ဘာကလေ မြို့တော် ကောင်စီ၏ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်က မြန်မာနေ့အဖြစ် သတ်မှတ်သည့် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ထို့ပြင် ဘာကလေ မြို့တော်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ဘာဘရာလီအနေနှင့် အမေရိကန်သမ္မတဘုရှ်ကို ပေကျင်းအိုလံပစ်ပွဲတော်သို့ တက်ရောက်ခြင်းမပြုရန် တောင်းဆိုစာ ရေးသားခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ယင်းသို့ စာရေးသားရခြင်းမှာ တရုတ်အစိုးရက မြန်မာစစ်တပ်ခေါင်းဆောင်များကို ထောက်ခံသော ကြောင့်ဖြစ်၏။

မြို့တော်ကောင်စီက ဆက်လက်၍ လီအပါအဝင် ဆီးနိတ်လွှတ်တော်အမတ် ဘာဘရာ ဘောက်စ်ဆာနှင့် ဒိုင်ယန် ဖီယန်စတိန်းတို့အား မြန်မာပြည်အတွက် ကူညီထောက်ပံ့မှုများ ကို မြန်မာစစ်အစိုးရက ခွင့်ပြုသည်ဖြစ်စေ ငြင်းဆန် သည်ဖြစ်စေ တတ်နိုင်သမျှ ပေးဖို့ရန် တောင်းဆိုထားသည်။

အထက်ပါ ဆုံးဖြတ်ချက် ကော်ပီကို ပေကျင်းအိုလံပစ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ လျှူကွီ နှင့် အိုလံပစ်ပွဲတော်ကို အဓိကပံ့ပိုးသည့်ကုမ္ပဏီများဖြစ်သော ကိုကာကိုလာ၊ မက္ကဒေါ်နယ်၊ ဂျန်နရယ် အီလက်ထရစ်၊ ဂျွန်ဆင်အန်ဂျွန်ဆင်၊ ကိုဒက်ခ်၊ လီနိုဗို၊ ပန်နာဆိုးနစ်၊ ဆမ်ဆောင်း၊ မန်နျူလိုက်ဖ် ဖိုင်နန်ရှယ် အက်တော့စ်အော်ရီဂျင်နှင့် အိုမီဂါတို့ကို ပို့မည်ဖြစ်သည်။

Rest of your post

No comments: