စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 22, 2008

နာဂစ်မုန်တိုင်းကြောင့် မြန်မာ့စီးပွားရေး၏ (၃) ရာနှုန်းပျက်စီး


NEJ/ ၂၁ ဇူလိုင် ၂၀၀၈

မြန်မာနိုင်ငံ၌ တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်း အပျက်အစီး အသေးစိတ် အခြေ အနေနှင့် ပတ်သက်ပြီး မြန်မာ-အာဆီယံနှင့် ကုလသမဂ္ဂသုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ပူးတွဲအကဲ ဖြတ်ချက် အစီရင်ခံစာကို ယနေ့ ထုတ်ပြန်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အစီရင်ခံစာ၌ နာဂစ်မုန်တိုင်းကြောင့် အိမ်ခြေ (၄) သိန်းခွဲ ပျက်စီးပြီး အခြားအဆောက်အဦ (၃၅၀,၀၀၀) ပျက်စီးသည်ဟု ဖော်ပြထားသည်။ မုန်တိုင်းထိဒေသများတွင် ကျန်းမာရေး အဆောက် အဦ (၇၅) ရာခိုင်နှုန်း ပျက်စီးပြီး စာသင်ကျောင်း (၄,၀၀၀) ၀န်းကျင်ပျက်စီးသွားသည်။
မုန်တိုင်းကြောင့် ရေလွှမ်းမိုးသွားသည့် စိုက်ပျိုးဧက (၁.၅) သန်း ရှိပြီး ခိုင်းကျွဲ၊ ခိုင်းနွား (၅၀) ရာခိုင် နှုန်း သေကျေပျက်စီးမှုရှိသည်ဟု ဆက်လက်ဖော်ပြသည်။ နာဂစ်မုန်တိုင်းကြောင့် စီးပွားရေး ဆုံးရှုံး မှုမှာ ၂၀၀၈ ခုအတွက် လျာထားသည့် စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ (၂.၇) ရာနှုန်းရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် နောက်ထပ် (၃) နှစ်ကြာသည်အထိ လုပ်ကိုင်ရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) လိုအပ်မည်ဟု အဆိုပါအစီရင်ခံစာ၌ မှန်းထားသည်။

No comments: