စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 22, 2008

ကရင်ဒုက္ခသည်များအား နှင်ထုတ်သည့် ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့ ရှုတ်ချ

ဇူလိုင် (၁၇) ရက် နံနက်က မြန်မာဘက်ခြမ်းသို့ ပြန်ပို့ခံရသူ ကရင်ဒုက္ခသည်များ
NEJ/ ၂၁ ဇူလိုင် ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်ရာမို ကရင်ဒုက္ခသည်စခန်းမှ ကရင် ဒုက္ခသည် (၄၄) ဦးကို နှင်ထုတ်သည့်အတွက် ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့က ပြစ်တင် ရှုတ်ချလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လွန်ခဲ့သည့် (၄) လကျော်က တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ရောက်ရှိလာသူ ကရင်ဒုက္ခသည် (၄၄) ဦးအား ထိုင်းအာဏာပိုင်များက မြန်မာဘက်ခြမ်းသို့ စက်လှေ (၃) စီးဖြင့် ဇူလိုင် (၁၇) နံနက် ပိုင်းက ပြန်ပို့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံ နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့မှ ယခု ကဲ့သို့ ရှုတ်ချလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်ကော်မီတီ KRC ဥက္ကဋ္ဌ စောရောဘတ်ထွေးက “ဒီလူ တွေက ပြီးခဲ့တဲ့ မတ်၊ ဧပြီက ရောက်လာတော့ စခန်းမှာက လူသစ်တွေကို လုံးဝလက်မခံတော့ ဘူးလို့ သိရတယ်။ ဒါကြောင့် သူတို့ကို ပြန်ပို့လိုက်တာဖြစ်တယ်။ မယ်ရာမိုစခန်းမှာ ဒုက္ခသည် လူသစ်တွေကို အသိအမှတ်ပြု မှတ်ပုံတင် လုပ်ပေးတာက ၂၀၀၅ ခုနှစ် နောက်ဆုံးပဲ” ဟု ခေတ်ပြိုင် သို့ပြောသည်။

ပြန်ပို့ခံရသူများအတွက် လိုက်လံကူညီဆောင်ရွက်ပေးသူ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ တွဲ ဖက်အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က “အခုလို စခန်းထဲရောက်လာပြီးမှ ပြန်ပို့ခံရတာ ဟာ ပထမဆုံးဖြစ်ရပ်ပဲ။ ၂၀၀၅ ခုနှစ် နောက်ဆုံးမှတ်ပုံတင်အပြီးမှာ၂၀၀၆-၂၀၀၇ ထပ်ရောက်လာ တဲ့လူတွေကို စခန်းက လက်ခံထားသလိုပဲ သူတို့ကို လက်ခံသင့်တယ်။ သူတို့ဟာ တကယ်စစ် ဘေးဒဏ်ခံနေရတဲ့ဒေသက လူတွေဖြစ်တယ်။ ဒါကြောင့် ထိုင်းအာဏာပိုင်တွေကို လူသားချင်း စာနာမှု ရှုထောင့်ကနေ စဉ်းစားစေချင်တယ်” ဟု ပြောသည်။

ပြန်ပို့မည့် လူစာရင်းမှာ (၅၈) ဦး ဖြစ်သော်လည်း ကျန်းမာရေး မကောင်းသူများအား လောလော ဆယ် မပို့သေးဘဲ ကျန် (၄၄) ဦးကို မြန်မာဘက်ခြမ်းရှိ ကေအန်ယူ ထိန်းချုပ်နယ်မြေရှိရာ သံလွင် မြစ်တဖက်ကမ်း အီတူးထာ ဒုက္ခသည်စခန်းသို့ ထိုင်းအာဏာပိုင်များက နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘက်ခြမ်းရှိ အီတူးထာ ဒုက္ခသည်စခန်းသည် မယ်လာမို ဒုက္ခသည်စခန်းမှ ရေဆန်အတိုင်း စက်လှေဖြင့်သွားပါက (၄) နာရီကျော်ခန့် ကြာမြင့်သည်။

မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ စောကညောကလည်း “အခု ကြားရတဲ့ မယ်လာ မိုကိစ္စ ဒါလုံးဝ နည်းလမ်းမကျဘူး။ ကရင်ဒုက္ခသည်စခန်း (၇) ခု ရှိတဲ့အထဲမှာ တချို့ဆိုရင် နိုင်ငံ ခြားသွားရဖို့ ငွေပေးပြီး စခန်းထဲ လာဝင်နေတာ ရှိတယ်။ လူစားထိုးပြီး သွားတာတွေ နည်းလမ်း အမျိုးမျိုးနဲ့ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရအောင် လုပ်နေကြတာတွေ အများကြီးရှိတယ်။ ကျနော်တို့ဆီမှာဆိုရင် ဒီလိုကိစ္စ ပြဿနာဖြစ်လို့ ရုံးရောက် ဘာရောက်နဲ့ ဖြေရှင်းရတာတွေ အများ ကြီးပဲ။ ပြီးခဲ့တဲ့လက ဒုက္ခသည် အစစ်အမှန်တွေကို စခန်းက ရိက္ခာမပေးလို့ မဲဆောက် ယူအန်ရုံး အထိ သွားပြီး ဆန္ဒပြတာဖြစ်ခဲ့တယ်။ စခန်းတိုင်းမှာ အစစ်နဲ့ အတုရှိတယ်။ အတုက စာရင်းဝင်ပြီး ရိက္ခာရတယ်၊ နိုင်ငံခြားသွားရတယ်။ အစစ်ကတော့ ရိက္ခာမရတဲ့အပြင် မြန်မာပြည်ဘက် အခုလို ပြန်ပို့ခံရတာတွေရှိတယ်။ အာဏာပိုင်တွေအနေနဲ့ သေသေချာချာ စိစစ်ပြီးမှ ဟုတ်မဟုတ် ဆုံးဖြတ် စေချင်တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် မယ်လာအူး၊ မယ်လာမို၊ မယ်လ၊ အုန်းဖျံ၊ နို့ဖိုး၊ ဘန်းတုံယမ်း နှင့် ထမ်းဟင်အပါအ၀င် ကရင်ဒုက္ခသည်စခန်း (၇) ခု ရှိသည်။ မယ်လာမိုစခန်းသည် မယ်ဟောင် ဆောင်ခရိုင်၊ မယ်စရီးယမ်းမြို့နယ် သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိသည်။ ။

No comments: