စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 3, 2008

ဒုက္ခသည်အကူအညီ ဇူလိုင်လလယ်တွင် ပြတ်လပ်မည်ဟု ကုလ ပြောကြား


နေသွင်
တနင်္လာနေ့၊ ဇွန်လ 02 2008 17:24 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ပေးထားသော အကူအညီသည် ဇူလိုင်လလယ်တွင် ပြတ်လပ်သွားမည် ဖြစ်ရာ ရေရှည် အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများသို့ သွားရောက်ခဲ့သူ ကုလသမဂ္ဂ အေဂျင်စီ၏ အကြီးအကဲက သူတို့အဖွဲ့သည် ယခုအချိန်အထိ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသတွင် လူပေါင်း ၅၇၅ဝဝဝ ကို ရိက္ခာများ ဖြန့်ဝေနိုင်ခဲ့သော်လည်း အများစုမှာ ရိက္ခာ အထောက်အပံ့ မရကြသေးသလို ဇူလိုင် လလယ်နောက်ပိုင်း ရေရှည်အတွက် ဆက်လက် လိုအပ်ချက် ရှိနေသည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ကုလ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲ Josette Sheeran က “နိုင်ငံတကာက ရေရှည် အကူအညီတွေရဖို့ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ လက်ရှိ အထောက်အပံ့တွေနဲ့ ဆိုရင် ဇူလိုင်လလယ်မှာ အားလုံး ပြတ်လပ် ကုန်ပါလိမ့်မယ်” ဟု ပြောသည်။ကုလ အေဂျင်စီသည် မုန်တိုင်းဒဏ် အဆိုးဆုံးခဲ့ရသော ဒေသတွင် ဒုက္ခသည် ၆၆၃ဝဝဝ ကို အထောက်အပံ့ပေးရန် ရည်ရွယ်ထားသည်။မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် လူပေါင်း ၂ သန်းခွဲသည် အစားအစာ၊ နေရာထိုင်ခင်းနှင့် သောက်သုံးရေ အရေးတကြီး လိုအပ်ပြီး ၎င်းတို့အနက် ၆ဝ ရာခိုင်နှုန်းသည် အကူအညီ မရကြသေးဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ခန့်မှန်းထားသည်။ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲသည် ကယ်ဆယ်ရေး လုပ်ငန်းများ ကြီးကြပ်ရေးအတွက် အသစ်ဖွဲ့ထားသော သုံးပွင့်ဆိုင် ကြီးကြပ်ရေးအဖွဲ့၏ ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် စနေနေ့က တွေ့ဆုံခဲ့သည်။ဆွေးနွေးပွဲတွင် Josette Sheeran က အကူအညီပေးရေး အဖွဲ့များကို ဗီဇာထုတ်ပေးသည့် အစိုးရ၏ လုပ်ရပ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး အကူအညီပေးရေး လုပ်ငန်းများကို နှောင့်နှေးစေသော ဗျူရိုကရေစီ ယန္တယားများကို ရုပ်သိမ်းပေးရန်လည်း တိုက်တွန်းခဲ့သေးသည်။ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများမှ ဒုက္ခသည်များသည် ရိက္ခာရရှိရေးကို ပထမဦးစားပေးအဖြစ် တောင်းဆိုနေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဝန်ထမ်းများက ပြောကြောင်း Josette Sheeran က ပြောသည်။“တိုးတက်မှုတွေ ရှိနေပါပြီ။ ဒါပေမဲ့ အရေးတကြီး ကိစ္စတွေ လုပ်ဆောင်ဖို့အတွက် နောက်ဆုံးခြေလှမ်းကို မလှမ်းရသေးပါဘူး” ဟု သူက ပြောသည်။မုန်တိုင်းကျရောက်ပြီး တလကျော်လာသည့်အထိ နိုင်ငံတကာ အကူအညီ ပေးရေးတွင် စစ်အစိုးရဘက်က အကန့်အသတ်ဖြင့်သာ လက်ခံနေသည်။ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြင့် မြန်မာ့ရေပိုင်နက် အနီးတွင် ၂ ပတ်ကျော်ကြာ စောင့်ဆိုင်းနေသော အမေရိကန်မှ USS Essex အပါအဝင် စစ်သင်္ဘော ၃ စင်းသည် မကြာမီတွင် နောက်ကြောင်း လှည့်ပြန်တော့မည်။အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် က စစ်အစိုးရဘက်က လက်ရှိပေါ်လစီကို အပြောင်းအလဲ မလုပ်လျှင် နောက်ထပ် လူပေါင်းများစွာ သေဆုံးမည်ဟု ယမန်နေ့က သတိပေးသည်။အမေရိကန် စစ်သင်္ဘောများ၏ နောက်ကြောင်းပြန်မည့် အစီအစဉ်သည် ပြင်သစ်သင်္ဘော၏ နောက်ကြောင်းပြန် ခရီးနှင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်သည်။ပြင်သစ်သဘောင်္သည် မြန်မာပြည်သို့ ဝင်ရောက်ခွင့် မရသဖြင့် ထိုင်းကမ်းခြေသို့ လမ်းကြောင်းပြောင်းကာ မုန်တိုင်းဒုက္ခသည်များအတွက် ရည်ရွယ်သော ကယ်ဆယ်ရေးပစ္စည်း တန်ချိန် တသောင်းကို ကုလ စားနပ်ရိက္ခာ အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက မုန်တိုင်း ဒုက္ခသည်များအား အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၇ဝ လိုအပ်လျက်ရှိရာ ယခုအချိန်အထိ အမှန်တကယ် လိုအပ်သော ပမာဏ၏ သုံးပုံတပုံသာ ရရှိ သေးသည်ဟု ဆိုသည်။မေလ ၂-၃ ရက်နေ့များတွင် လူပေါင်း တသန်းကျော် အသေအပျောက် ရှိခဲ့သော မုန်တိုင်းအလွန် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာသန်း ၂ဝဝ တောင်းခံထားရာ ယခုအချိန်အထိ သန်း ၁၅ဝ ကျော်တန်ဖိုး ကတိကဝတ် ရရှိထားသည်ဟု ကုလသမဂ္ဂက ဆိုသည်။စစ်အစိုးရက မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိသည်ဟု ဆိုသည်။
Rest of your post

No comments: