စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း

I am one of Burmese revolutionary bloggers.
စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း

Posted by
54freedom
at
11:33 PM
0
comments
Labels: လေးစားစွာ အသိပေးကြေငြာခြင်း
Posted by
54freedom
at
7:00 PM
0
comments
Labels: Inside Burma News in English
ပီတာအောင်/ ၂၇ မေ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) ပါတီဝင် (၁၅) ဦးကို ယနေ့ နေ့လယ်ပိုင်းက လုံထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှ ပါတီဝင်တဦးက ပြောသည်။
အဖွဲ့ချုပ်လူဝင်များသည် အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ လမ်းလျှောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
အန်အယ်လ်ဒီပါတီဝင်တဦးက “နေ့ခင်း (၁) နာရီခွဲလောက်မှာ ကလေးတွေက ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွှတ်ဆိုတဲ့ ဆိုင်းဘုတ်ရယ်၊ ဗိုလ်ချုပ်ပုံရယ် ကိုင်ပြီး အန်တီစု အိမ်ဘက်ကို လျှောက်သွားကြတယ်။ အဲဒါကို ကမ္ဘာအေးဘုရားလမ်း မြရိပ်ညိုဟိုတယ်နား နှင်းဆီကုန်းနား အရောက်မှာပဲ သူတို့ကို ဒိုင်နာကားနဲ့ ဆွဲတင်သွားတယ်။ အန်တီအိမ်နား မရောက်ခင်မှာဘဲ ဒိုင်နာကားနဲ့ တင်ခံရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူတို့မှာ ဒလမှ စောပြည့်ဖြိုးအောင်နှင့် ထက်စိုးလင်း၊ မင်္ဂလာဒုံမှ ထွန်းဝင်းသိန်းနှင့် လှမျိုးနိုင်၊ တွံတေးမြို့မှ ဆရာဦးအောင်ဖေ၊ စမ်းချောင်းမှ ထွန်းထွန်းဝင်းနှင့် ပြည့်ပြည့်၊ တာမွေမှ ကျော်မျိုးနိုင်နှင့် ကြည့်မြင်တိုင်မှ ရန်နိုင်ထွန်း၊ ရွှေပြည်သာမှ ထက်ထက်ဦးဝေနှင့် ၎င်း၏ သမီး (၁၂) နှစ်၊ လှိုင်သာယာမှ မောင်ဆန်း (ခေါ်) ဆန်းနိုင်၊ ကျော်နိုင်၊ မျိုးကျော်ဇင်၊ သက်နိုင်ထွန်း၊ ခရမ်းမှ ၀င်းမြင့်မောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း မရမ်းကုန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယနေ့မွန်းလွဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈) နှစ်မြောက် အခမ်းအနားတခု ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့က စစ် အစိုးရ ကြေညာသည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲရလဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။ ။
Posted by
54freedom
at
6:57 PM
0
comments
Labels: ပြည်တွင်း သတင်းများ
မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့လူတွေက လမ်းဘေးတလျှောက် အစားအသောက်တွေကို တောင်းခံနေကြဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။ အစိုးရ စစ်ဆေးရေးဂိတ်တွေက မပေးဖို့ လူတွေကို သတိပေးနေပါတယ်။ လူ ၂,၀၀၀,၀၀၀ ကျော်ဟာ သန့်ရှင်းတဲ့ရေမရှိ၊ အမိုးအကာမဲ့နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရကြသေးပါဘူး။
Posted by
54freedom
at
6:50 PM
0
comments
Labels: ပြည်တွင်း သတင်းများ
27 May 2008
ဒီကနေ့ဟာ ၁၉၉၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တာ ၁၈ နှစ်ပြည့်မြောက်ခဲ့ပေမယ့် ဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီကို စစ်အစိုးရက အခုအချိန်အထိ အာဏာလွှဲမပေးသေးတဲ့အပြင် လာမယ့် ၂၀၁၀ ခုနှစ်မှာ နောက်ထပ် ရွေးကောက်ပွဲအသစ်တခု ထပ်ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီလို စစ်အစိုးရက စီစဉ်နေတဲ့အပေါ် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်မှာ အရွေးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုယူဆပါသလဲဆိုတာ သိရအောင် ဗွီအိုအေက ရွေးကောက်ပွဲ ၁၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ မဲပေးခဲ့သူတချို့ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
Posted by
54freedom
at
6:46 PM
0
comments
Labels: ပြည်တွင်း သတင်းများ
Posted by
54freedom
at
6:43 PM
0
comments
Labels: ပြည်တွင်း သတင်းများ
NEJ/ ၂၆ မေ ၂၀၀၈
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခသည်များကို နအဖစစ်အစိုးရက မအူပင် လေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေး ခဲ့ပြီးနောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို
နေရပ်သို့ ပြန်ပို့နေကြောင်း သိရသည်။
ဘိုကလေးမြို့နယ်မှ ကိုအောင်ဆန်းဆိုသူက “ကျနော်တို့ကို ကားပေါ်တက်၊ ကားပေါ်တက်ဆိုလို့ တက်လာတာ။ မေးကြည့်တော့ မင်းတို့ကို မင်းတို့နေရာ ပြန်ပို့မလို့ဆိုတာနဲ့ တက်လိုက်လာတာ” ဟု ပြောသည်။
၎င်းက “ကျနော်က ပန်းဘူး စလောင်းကျ၊ ကြိမ်ချောင်းကြီး အုပ်စု ဘိုကလေးကပါ။ ကျနော့်မှာ မိသားစု (၇) ယောက်ရှိတယ်။ ကျနော်တယောက်ပဲ ကျန်တယ်” ဟု ပြောသည်။
မအူပင်၌ ဒုက္ခသည်စခန်းကို အထက (၁) မအူပင်တွင် ဖွင့်လှစ်ထားပြီး ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ တို့မှ ဒုက္ခသည်များအား ထားရှိခြင်းဖြစ်သည်။
မအူပင်ရောက်စတွင် ထမင်း ၀၀လင်လင် ကျွေးသော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကများ လာလှူ သည့် အစားအသောက် အ၀တ်အထည်များကိုပင် ပြည့်ပြည့်စုံစုံ မရတော့ကြောင်း ဘိုကလေးမှ ဒုက္ခသည်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို နေရပ်ဒေသပြန်ပို့ပြီး နေရာချပေးဖို့လို့ ပြောတာပဲ။ ထောင်သားတွေကို တင်သလိုပဲ၊ တက်တက် အားလုံးကို ပြန်ပို့ပေးမယ်လို့ပြောတယ်။ ဘိုကလေးရောက်ရင်တော့ ဘယ်နေရာမှာထားမယ်၊ ဘာလုပ်မယ် ဒါတွေကို ဘာမှမပြောသေးဘူး” ဟုဆိုသည်။
ဘိုကလေးမြို့မှ ဒုက္ခသည်များကို ယခုလ (၂၀) ရက်က ကယ်ဆယ်ရေးစခန်းများမှ မိမိနေရပ် ဒေသများသို့ နောက်ဆုံးထား၍ ပြန်ကြရန် နအဖ လက်အောက်ခံကြံ့ဖွံ့များက အသိပေးခဲ့ပြီး နောက်ပိုင်း အချို့ဒုက္ခသည်များက ပြန်ရန်နေရာ မရှိသည့်အတွက် ခေတ္တခိုလှုံနေသော ဘုန်းတော် ကြီးကျောင်းများ၌ ဆက်လက်နေထိုင်ကြကြောင်း သိရသည်။
“အခု (၂၄-၂၅) ရက်တွေမှာ ပို့တဲ့ဒုက္ခသည်ဟာ ကားတစီးကို (၆၅) ဦးနဲ့ ကားအစီးရေ (၂၀) ရှိပြီ။ တနေ့ကို ကား (၁၀) စီးစီပါ” ဟု ဒုက္ခသည်များအား သယ်ယူပို့ဆောင်နေသည့် ကားဒရိုင်ဘာ တဦးက ပြောသည်။
(၂၄) ရက်၌ ဖျာပုံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည် (၆၅) ဦးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဆန် (၅) ပြည်၊ ငွေ (၅) ထောင်နှင့် မိုးကာဖျင်များပေးပြီး ၎င်းတို့၏ နေအိမ်သို့ ပြန်ခိုင်းကြောင်း သိရသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ရန် အများ ကြီးလိုအပ်နေသေးကြောင်း ပြောကြားနေချိန်တွင် ယခုကဲ့သို့ ဒုက္ခသည်များအား နေရပ်များသို့ အတင်းပြန်လွှတ်နေခြင်းဖြစ်သည်။ ။
Posted by
54freedom
at
6:40 PM
0
comments
Labels: ပြည်တွင်း သတင်းများ