စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, April 17, 2008

Thay Chin Soe Gyi, Than Shwe 89


အပြည့်အစုံဖတ်လိုလျှင်

Thay Chin Soe Gyi, Than Shwe 86


အပြည့်အစုံဖတ်လိုလျှင်

Thay Chin Soe Gyi, Than Shwe 85


အပြည့်အစုံဖတ်လိုလျှင်

Thay Chin Soe Gyi, Than Shwe 81


အပြည့်အစုံဖတ်လိုလျှင်

Thay Chin Soe Gyi, Than Shwe 80


အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက်မျိုးချစ်မြန်မာများမှ ကန့်ကွက်မဲပေးရန် စည်းရုံးရေးဆင်း လှုပ်ရှားမှုများ စတင်ပြုလုပ်




(၁၆.၄.၂၀၀၈)နေ့ည ၉နာရီမှ ၁၁နာရီ အထိ စင်္ကာပူနိုင်ငံရှိ ပြည်ပရောက်မျိုးချစ်မြန်မာများမှ Jurong East အပိုင်းရှိ Jurong Penjuru Dormitoryများရှိ၊ အလုပ်သမားထုများဆီသို့ အခြေခံဥပဒေကို ကန့်ကွက်မဲပေးကြရန် စည်းရုံးဆွေးနွေးခဲ့ကြပါသည်။ ပြည်ပရောက်မျိုးချစ်မြန်မာများမှ အလုပ်သမားအင်အားစုများအား စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ လူထုဆန္ဒခံယူပွဲအကြောင်း၊ အဘယ့်ကြောင့် ကန့်ကွက်မဲ ပေးသင့်ကြောင်းကို အဖွဲ့ဝင် တဦးစီ အလည့်ကျ ရှင်းပြပြောဆိုခဲ့ကြပါသည်။ အလုပ်သမားအင်အားစုများ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍လေ့လာနိုင်ရန် စာရွက်စာတန်းများလည်း ဝေငှခဲ့ပါသည်။
အလုပ်သမားထုမှ လည်း Referendum နှင့် ပက်သက်၍ သိလိုသည်များကို ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့အား ပွင့်လင်းစွာမေးမြန်းခဲ့ပါသည်။ အဖွဲ့မှလည်း မေးမြန်းသည်များကို တိကျရှင်းလင်းစွာ ဖြေကြားခဲ့ပါသည်။ ထိုပွဲသို့ အလုပ်သမားအင်အားစု ၂၀၀နီးပါးခန့် တက်ရောက်ခဲ့ပါသည်။ အလုပ်သမားထုမှလည်း သံရုံးသို့သွား၍ ကန့်ကွက်မဲပေးကြမည်ဖြစ်ကြောင်း တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ပါသည်။ ထိုပွဲသို့မလာဖြစ်သော ကျန်ရှိ မြန်မာအလုပ်သမားများအားလည်း အချင်းချင်းစည်းရုံး၍ ကန့်ကွက်မဲပေးဖြစ်အောင် လုပ်ကြမည့်အကြောင်း တက်ရောက်လာသောအလုပ်သမားများက၊ကတိပေးပြောကြားခဲ့ပါသည်။ ထိုစက်ရုံဝန်းများတွင် မြန်မာအလုပ်သမားစုစုပေါင်း တစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရပါသည်။ NO ကန့်ကွက်မဲ တစ်ထောင်ကျော်ရအောင် ပြည်ပရောက်မျိုးချစ်မြန်မာများမှ ပထမဆုံးခြေလှမ်း အဖြစ် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါသည်။



အပြည့်အစုံဖတ်လိုလျှင်

Wednesday, April 16, 2008

ပန်ကြားချက်



ပြည်ပရောက် မျိုးချစ်မြန်မာများ



ပန်ကြားချက်

မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထုကြီးနှင့်တကွ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒီမိုကရေစီ လိုလားသော မျိုးချစ်စိတ်ရှိသည့် တပ်မတော်သားများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များ၊ ဘာသာရေး အသင်းအဖွဲ့များ အားလုံးသို့ ပြည်ပရောက် မျိုးချစ်မြန်မာများ (OBP) မှ “ နှစ်သစ် ကူးပြောင်းရာ အခါသမယတွင် ဘေးရန် ကင်းငြိမ်းလျှက် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ စိတ်တူကိုယ်တူ ပြောင်းလဲနိုင်ပါစေ ” ဟု ဆုမွန် ပြုအပ်ပါသည်။ ထိုသို့ ပြောင်းလဲရန်မှာလည်း မိမိတို့ အားလုံး၏ တာဝန်ပင် ဖြစ်သည်ဟု မှတ်ယူ၍ အားလုံး ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြပါရန် နှင့် မကြာမီ ကျင်းပတော့မည့် လူထုဆန္ဒခံယူပွဲအတွက် အောက်ပါအတိုင်း အထူး နှိုးဆော် ပန်ကြားအပ်ပါသည်။

မိမိတို့၏ ရင်ထဲမှ ဆန္ဒအမှန်တရားများကို လာမည့် မေလ (၁၀) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လူထုဆန္ဒခံယူပွဲ၌် ရဲဝင့် ပြတ်သားစွာ ကန့်ကွက် ဆန္ဒမဲပေး၍ ထုတ်ဖေါ်ကြရန်။

အကြောက်တရားများ ဖုံးလွှမ်းနေသောစိတ၊် လက်ရှိ ရရှိထားသော ရာထူး၊ စည်းစိမ်များ ဆုံးရှုံးမည့် စိုးရိမ်စိတ်ဖြင့် ထောက်ခံမဲ (Yes) ပေးရန် စဉ်းစားနေကြသော တပ်မတော်သားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အဖွဲ့အစည်းပေါင်းစုံမှ လူမျိုးစုများသည် သာသနာ့ဥသျှောင် ပဓာနာစေရ မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော်ကြီး ဦးကောဝိဒါ ဘိဝံသ ဟောကြားချက်အတိုင်း “ စစ်အစိုးရ ရေးဆွဲသော ဥပဒေကို ထောက်ခံမဲ ထည့်လျှင် ထိုစစ်အစိုးရ လွန်ကျူးခဲ့သော အကုသိုလ် အပြစ်အတိုင်း ထောက်ခံမဲ ထည့်သူတိုင်းလည်း ပြန်လည် အပြစ် ခံစားရမည် ” ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြတော့ပဲ မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြမည့်အရေး မိမိကိုမိမိ ဆင်ခြင်ကာ ထောက်ခံမဲ (Yes) ပေးမည့်အကြံကို ဖျက်၍ ကန့်ကွက်မဲ (No) ပေးရန် နှင့် လုံးဝ မဖြစ်နိုင်ပါက သွားရောက် ထောက်ခံမဲ မပေးကြရန်။

မဲပေးမည့်သူအားလုံးသည် ကန့်ကွက်မဲ (No) သာလျှင် ဖြစ်စေရန်။

စစ်အစိုးရ တစ်ဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းသည် မြန်မာပြည်သူ တစ်ရပ်လုံးအား တရားဝင် စစ်ကျွန် (ဖက်ဆစ်ကျွန်) ဖြစ်မြောက်ရေးအတွက် ရေးဆွဲထားသော ဥပဒေဖြစ်၍ အတည်ပြုပြီးပါက ထိုဥပဒေကို ပြန်လည် ပြင်ဆင်ရန်မှာ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်မှ လွတ်မြောက်ရန် ကြိုးစားအားထုတ်မူထက် ပိုမို ခက်ခဲမည် ဖြစ်၍ ဤလူထုဆန္ဒခံယူပွဲကို ကန့်ကွက်မဲ (No) ပေးပြီး ဖျက်ဆီးပစ်ရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။

No ပေးမည့်သူများ ……………. မျိုးချစ်ပြည်သူများ
Yes ပေးမည့်သူများ ……………. မိစ္ဆာဒိဋ္ဌိများ

No ပေးမည့်သူ ……………. ဒို့ပြည်သူ
Yes ပေးမည့်သူ ……………. ဒို့ရန်သူ





ပြည်ပရောက် မျိုးချစ်မြန်မာများ
စင်္ကာပူနိုင်ငံ

အပြည့်အစုံဖတ်လိုလျှင်