စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label organizating for NO at Penjuru. Show all posts
Showing posts with label organizating for NO at Penjuru. Show all posts

Thursday, April 17, 2008

ပြည်ပရောက်မျိုးချစ်မြန်မာများမှ ကန့်ကွက်မဲပေးရန် စည်းရုံးရေးဆင်း လှုပ်ရှားမှုများ စတင်ပြုလုပ်




(၁၆.၄.၂၀၀၈)နေ့ည ၉နာရီမှ ၁၁နာရီ အထိ စင်္ကာပူနိုင်ငံရှိ ပြည်ပရောက်မျိုးချစ်မြန်မာများမှ Jurong East အပိုင်းရှိ Jurong Penjuru Dormitoryများရှိ၊ အလုပ်သမားထုများဆီသို့ အခြေခံဥပဒေကို ကန့်ကွက်မဲပေးကြရန် စည်းရုံးဆွေးနွေးခဲ့ကြပါသည်။ ပြည်ပရောက်မျိုးချစ်မြန်မာများမှ အလုပ်သမားအင်အားစုများအား စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ လူထုဆန္ဒခံယူပွဲအကြောင်း၊ အဘယ့်ကြောင့် ကန့်ကွက်မဲ ပေးသင့်ကြောင်းကို အဖွဲ့ဝင် တဦးစီ အလည့်ကျ ရှင်းပြပြောဆိုခဲ့ကြပါသည်။ အလုပ်သမားအင်အားစုများ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍လေ့လာနိုင်ရန် စာရွက်စာတန်းများလည်း ဝေငှခဲ့ပါသည်။
အလုပ်သမားထုမှ လည်း Referendum နှင့် ပက်သက်၍ သိလိုသည်များကို ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့အား ပွင့်လင်းစွာမေးမြန်းခဲ့ပါသည်။ အဖွဲ့မှလည်း မေးမြန်းသည်များကို တိကျရှင်းလင်းစွာ ဖြေကြားခဲ့ပါသည်။ ထိုပွဲသို့ အလုပ်သမားအင်အားစု ၂၀၀နီးပါးခန့် တက်ရောက်ခဲ့ပါသည်။ အလုပ်သမားထုမှလည်း သံရုံးသို့သွား၍ ကန့်ကွက်မဲပေးကြမည်ဖြစ်ကြောင်း တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ပါသည်။ ထိုပွဲသို့မလာဖြစ်သော ကျန်ရှိ မြန်မာအလုပ်သမားများအားလည်း အချင်းချင်းစည်းရုံး၍ ကန့်ကွက်မဲပေးဖြစ်အောင် လုပ်ကြမည့်အကြောင်း တက်ရောက်လာသောအလုပ်သမားများက၊ကတိပေးပြောကြားခဲ့ပါသည်။ ထိုစက်ရုံဝန်းများတွင် မြန်မာအလုပ်သမားစုစုပေါင်း တစ်ထောင်ကျော်ခန့်ရှိသည်ဟု သိရပါသည်။ NO ကန့်ကွက်မဲ တစ်ထောင်ကျော်ရအောင် ပြည်ပရောက်မျိုးချစ်မြန်မာများမှ ပထမဆုံးခြေလှမ်း အဖြစ် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါသည်။



အပြည့်အစုံဖတ်လိုလျှင်