စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, March 5, 2008

စင်္ကာပူမှ မျိုးချစ်မြန်မာများ ခင်ဗျာ…န.အ.ဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကန့်ကွက်ဆန့်ကျင်တဲ့ လက်မှတ်ထိုးတဲ့ ပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြပါစို့

စင်္ကာပူ မှ မျိုးချစ်မြန်မာများ ခင်ဗျာ…န.အ.ဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကန့်ကွက်ဆန့်ကျင်တဲ့ လက်မှတ်ထိုးတဲ့ ပွဲ ကို ၊ ကိုယ် ကို တိုင် သာမက မိတ်ဆွေအပေါင်းအသင်းများကို ပါ ပါဝင်လက်မှတ်ထိုးစေချင်ရင် အောက်မှာ ပေးထားတဲ့ လင့်ခ် ကနေ petition letter format ကို download ရယူပါ။ ၄င်း petition letter ကို အလုပ် တွင်ဖြစ်စေ၊ ကိုယ့် အိမ် မှာ ဖြစ်စေ ရှိကြသော မိတ်ဆွေအပေါင်းအသင်းများ ကို လက်မှတ်ထိုး ၍ ကိုယ့်နိုင်ငံအတွက် တတက်တအား ကူညီကြရန် တိုက်တွန်းပေးပါ။

ဖြည့်စွက် လက်မှတ်ထိုးပြီးသော မူရင်းစာရွက်များကို ပင်နီစူးလား ပလာဇာ ၅ ထပ် ရှိ၊ လမ်းပြကြယ် စာကြည့် တိုက်သို့ ၁၅.၃.၂၀၀၈ နောက်ဆုံးထား၍ ပေးပို့ နိုင်ပါသည်။

petition letter format ကို download ရယူရန် ဒီကိုနှိပ်ပါ။ Click here.


ဒီမှာ….ဒီလို ဖြည့်ပါ ခင်ဗျာ……………..



အပြည့်အစုံဖတ်လိုလျှင်

Monday, March 3, 2008

စင်္ကာပူမှ စစ်ကျွန်အဖြစ် နွှံနစ်မခံလိုသူများ






















အပြည့်အစုံဖတ်လိုလျှင်

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါ

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတော် ဖျက်ဆီးပုံ အခြေခံဥပဒေ

ဘာမှ ၁၀၄ချက်အထိ ဖတ်ကြည့် နေစရာ မလိုဘူး။ ဒီ flow chart လေးကိုသာကြည့်။ စစ်တန်းလျားကို ကုတ်နဲ့ ကော်တောင် ဆင်းပြန်မှာ မဟုတ်ဘူး။ ပြည်သူတွေကို စစ်ကျွန်ဘ၀ရောက်အောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ သာဖြစ်တယ် ဆိုတာ အရှင်းကြီးပဲ။ ဒါဆို ဘာလုပ်ရမလဲ…သဘောပေါက်တော့……….

အပြည့်အစုံဖတ်လိုလျှင်

Sunday, March 2, 2008

နအဖရဲ့ လူထုဆန္ဒခံယူပွဲ နဲ့ တရားမျှတမှုမရှိ၊ဒီမိုကရေစီအသွင်ကို မဖော်ဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း လက်မှတ်ထိုး၍ စင်္ကာပူနိုင်ငံရှိ မြန်မ

နအဖရဲ့ လူထုဆန္ဒခံယူပွဲ နဲ့ တရားမျှတမှုမရှိ၊ဒီမိုကရေစီအသွင်ကို မဖော်ဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း လက်မှတ်ထိုး၍ စင်္ကာပူနိုင်ငံရှိ မြန်မာလူမျိုးများ၏ ဆန္ဒအမှန်ကိုဖော်ထုတ်နေကြပြီ။

၎င်း လက်မှတ်ထိုး ကန့်ကွက်ခြင်းကို ယမန်နေ့ (၁.၃.၂၀၀၈)၊စနေနေ့ မှ စ၍ ပင်နီစူးလား ပလာဇာ ၃ထပ် နှင့် ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်) တို့ တွင် တပြိုင်တည်း ပြုလုပ်ခဲ့ ပြီး၊ ယနေ့ (၂.၃.၂၀၀၈)၊ တနင်္ဂနွေနေ့တွင် လည်း ပင်နီစူးလား ပလာဇာ ၂ထပ် နှင့် ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်)် တို့ တွင် တပြိုင်တည်း ပြုလုပ်ခဲ့ပါသည်။

နောက်ရက်များတွင်လည်း ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်)တွင် လာရောက်လက်မှတ်ထိုးနိုင်ပါသည်။

၁၆.၃.၂၀၀၈ တင်္နဂနွေနေ့ တွင်လည်း၊ တိုပါးယိုး ဘုန်းကြီးကျောင်းတွင် ကိုဖုန်းမော်နှင့်တကွ ကျဆုံးသွားသော ဒီမိုကရေစီသူရဲကောင်း တို့အား ရည်စူး၍ ဆွမ်းကပ်အလှုပြုလုပ်ပြီး၊ နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်လက်မှတ်ထိုးပွဲ ကိုလည်း တချိန်တည်း တပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး စစ်ကျွန်ဘ၀ သားစဉ်မြေးဆက် မကျရောက်စေဖို့ ယခုအချိန်မှာ ပြတ်ပြတ်သားသား ရဲရဲဝန့်ဝန့် ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ပြကြရမယ့် အချိန်ကာလကို ရောက်ရှိနေပါပြီ။















သို့-

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့။


အကြောင်းအရာ။ ။ နအဖ စစ်အစိုးရမှ ကြီးမှူးပြုလုပ်သော လုထုဆန္ဒခံယူပွဲနှင့် လူထုဆန္ဒကို မထင်ဟပ်သော တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထုမှ လုံးဝ ဆန့်ကျင်ကန့်ကွက်ခြင်း။

ယနေ့ တမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အထွေထွေအကြပ်အတည်းများမှ လွန်မြောက်ပြီး ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးအတွက် အကောင်းဆုံးနှင့် တခုတည်းသော နည်းလမ်းမှာ သုံးပွင့်ဆိုင်တွေ့ဆုံအဖြေရှာရေးပင်ဖြစ်သည်။ ဤသည်မှာ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒလည်းဖြစ်သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံး၏ ဆန္ဒနှင့်လည်း ကိုက်ညီပါသည်။
သို့သော်လည်း နအဖ အစိုးရသည် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို လုံးဝ ပစ်ပယ်ကာ အတုအယောင်အမျိုးသားညီလာခံမှတဆင့် တဖက်သတ်မူများ ချမှတ်၍ ဒီမိုကရေ စီစနစ်သို့ လုံးဝ ဦးမတည်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပါသည်။
ထိုအခြေခံဥပဒေသည် တိုင်းပြည်တွင် လက်တွေ့ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအ၀၀ကို လုံးဝဖြေရှင်းမပေးနိုင်သည့်အပြင် ထိုပြဿနာများကို ပိုမိုနက်ရှိုင်း၍ ဖြေရှင်းရပိုမိုခက်ခဲစေရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။ အမှန်စင်စစ် ထိုအခြေခံ ဥပဒေသည် တိုင်းပြည်ကို စစ်ကျွန်အဖြစ် နွံနစ်စေရန် တမင်ဖန်တီးထားခြင်းသာဖြစ်သည်။
တဖန် နအဖသည် ဤအခြေခံဥပဒေကို အတည်ဖြစ်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရာ၌လည်း ပြည်သူလူထု၏ စစ်မှန်သော ဆန္ဒကို ထုတ်ဖော်ပြသနိုင်ရန် လုံလောက်သော အခြေအနေ၊ အချိန်ကာလ၊ သင့်တော်သော ပတ်ဝန်းကျင်အနေအထားများ ကို ဖန်တီးပေးထားခြင်းမရှိသည့်အပြင် ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများကိုပင် ပြဋ္ဌာန်းထား ပြန်သည်။
ဤသို့လျှင် နအဖမှ တဖက်သတ်ချမှတ်အကောင်အထည်ဖော်လျက်ရှိသော အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံသည် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလာဒ်ကို လုံးဝပစ်ပယ်ထားသည့် အတွက် အမျိုးပြန်လည်ရင်ကြားစေ့ရေးနှင့်လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိသည်။
ထို့ကြောင့် ကျွန်တော်တို့မြန်မာပြည်သူများအနေဖြင့် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လူထု ဆန္ဒခံယူပွဲကို လုံးဝ ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချကြောင်း သိစေအပ်ပါသည်။

လေးစားစွာဖြင့်-
(အောက်တွင် လက်မှတ်ရေးထိုးထားသော စင်္ကာပူရောက် မြန်မာနိုင်ငံသားများ)




အပြည့်အစုံဖတ်လိုလျှင်

Friday, February 29, 2008

Statement of Overseas Burmese Patriots regarding Referendum



၁။ စစ်အုပ်စု အတွင်းရေးမှုး(၁) လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် (၁/၂၀၀၈) မေလတွင် ဖွဲ့ စည်းပုံမူကြမ်းအား လူထုဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုရန် နှင့် (၂/၂၀၀၈) ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ရန် ဆိုသည့် အချက်နှစ်ချက်အား ကျွန်ုပ်တို့  OBP မှ လုံးဝ လက်မခံနိုင်ပါ။
၂။ စစ်အုပ်စုအလိုကျ တဖက်သားရေးဆွဲထားသော ဖွဲစည်းပုံအခြေခံ ဥပဒေသည် အနာဂတ် လွတ်တော်တွင် စစ်အာဏာရှင်များအား တရားဝင် ရပ်တည်ခွင့်ပေးနိုင်သည့် အချက်မှအပ တိုင်းပြည်အတွက် မည်သည့် အကျိုးကျေးဇူးကို မျှဖြစ်ပေါ်စေမည် ဟု ကျွန်ုပ်တို့ OBP မှ မယုံကြည်ပါ။
၃။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ရွေးချယ်တင်မြောက် ထားသောလွတ်တော်ကိုယ်စားလှယ် များအား သေချာသော အကြောင်းပြချက် တစ်စုံတစ်ရာ တရားဝင်ကြေငြာမှုမပြုပဲ ပျက်ပြယ်စေရန် ရည်ရွယ်သည့် အသစ်ကျင်းပပြုလုပ် မည်ဖြစ်သော ရွေးကောက်ပွဲကို ကျွန်ုပ်တို့ OBP မှ လုံးဝ လက်ခံနိုင်ပါ။
၎။ စစ်အုပ်စု အနေဖြင့် ကြေငြာချက်အမှတ် (၁/၂၀၀၈) နှင့် (၂/၂၀၀၈) သည် အမှန်တကယ် ရိုးသားမှု၊ တရားမျှတမှု ရှိသောဖော်ပြနိုင်ရန်အတွက် ၁၉၈၈ ခုနှစ်မှ ယနေအချိန်အထိဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံးအား ချွင်းချက်မရှိ လွတ်ငြိမ်းခွင့်ပေးရန် နှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား အမြန်ဆုံး အကောင်အထည်ဖော် ကျင်းပရန်အတွက် ကျွန်ုပ်တို့ OBP မှတောင်းဆိုလိုက်ပါသည်။
၅။ အမျိုးသားညီလာခံ မှာ တရားဝင်ပြီးဆုံးသွားပြီဖြစ် သဖြင့် (၅/၉၆) အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောက်ယှက် ဆန့်ကျင်ခြင်း မှ ကာကွယ်သည့် ဥပဒေ ချက်ခြင်း အားဖျက်သိမ်းပေးရန် ကျွန်ုပ်တို့ OBP မှ အပြင်းအထန်တောင်းဆိုလိုက်ပါသည်။
၆။ ဖေဖေါ်ဝါရီလ ၂၇ရက် ၂၀၀၈ နေ့က ထုတ်ပြန်ကြေငြာသော၊ စစ်အစိုးရ၏ ဥပဒေအမှတ် ၁/၂၀၀၈ မှာ ပြည်သူလူထု၏ ရွေးချယ်ပိုင်ခွင့်ကို မတရားအာဏာသုံး ပိတ်ပင်တားမြစ်သော ဥပဒေဖြစ်သည့် အပြင် လွတ်လပ်မျှတသည့် ဆန္ဒခံယူပွဲမဖြစ်နိုင်သည့် အတွက်၊ ထို ဥပဒေအား အမြန်ဆုံး ဖျက်သိမ်းပေးပါရန် အပြင်းအထန်တောင်းဆိုလိုက်ပါသည်။
၇။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြားသားနှင့်လက်ထပ်ထားသူ ဖြစ်သဖြင့် အရွေးချယ်ခံ လွတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိဟုဆိုသော အခြေအမြစ်မရှိသော အကြောင်းအရာကို၊ မဆီလျော်မသင့်တော်သော အချိန်၌ စစ်အုပ်စုနိုင်ငံခြားရေး ဝန်ကြီးမှ ထုတ်ဖော်ပြောဆိုမှု အပေါ် ကျွန်ုပ်တို့ OBP မှ ပြင်းထန်စွာ ရှုံ့ချပါသည်။
၈။ စစ်အုပ်စုမှ ကျွန်ုပ်တို့၏ တောင်းဆိုချက်များအား လိုက်လျောခြင်း မပြုသမျှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဘ၀များအား သေနတ်ပြောင်းအောက်တွင်ထာဝရ ကျွန်ပြုရန် ရည်ရွယ် သည့် ကြေငြာချက် အမှတ် (၁/၂၀၀၈) နှင့် (၂/၂၀၀၈) အား အကောင်အထည်ဖော်သည့် အဆင့်သို့မရောက်စေ ရန် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီနှင့် လူအခွင့်အရေးအား မြတ်နိုးသူ တိုင်းသားပြည်သူ ပြည်သူလူထု နှင့် လက်တွဲတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း လေးနက်စွာ ကတိပြုပါသည်။
ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

Wednesday, February 27, 2008

NO VOTE

No Vote

စစ်အုပ်စုရဲ့ နောက်ဆုံး ရာဇသံ ကတော့ မေလမှာ ဥပဒေမူကြမ်းကို ဆန္ဒခံယူပွဲကျင်းပ ပြီး၊ လာမယ့် ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကို ကျင်းပမဲ့ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအချက် ကို သေချာဆန်းစစ်ကြည့်တဲ့ အခါမှာ ကျနော်တို့ ဟာ မဖြစ်မနေ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုရမယ် ဆိုတာဖြစ်တယ်။ တဖက်က ကြည့်ရင် ကျနော်တို့ 
အနေနဲ့ တဖက်သတ်ရေးဆွဲ ထားတဲ့ ဖွဲစည်းပုံ အခြေခံ ဥပဒေအရ စစ်တပ် ၂၅% ကိုလက်ခံရဖို့ ရှိပါတယ်။ အပေါ်ယံအားဖြင့် စစ်အုပ်စုလုပ်နေကြထုံးစံအတိုင်း လူထုနဲ့ တကွ နိုင်ငံတကာ ကို နားလှည့် ပါး ရိုက်လုပ်တယ်လို့
ထင်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ကစားကွက်က အင်မတန်လှပ သေသပ်တယ်လို့  မှတ်ချက်ပေးနိုင်ပါတယ်။ အရင်ဆုံး ဆန္ဒခံယူပွဲ နဲ့  ရွေးကောက်ပွဲဆိုတဲ့ အချက် နှစ်ချက်ကို က အတိုက်အခံတွေကို ဗဟိုချက်မဲ့အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ စစ်အုပ်စုရဲ့ ကြေငြာချက်နှစ်စောင့်ကြောင့် တိုက်ပွဲပုံစံ ၊ သဘောတရားကွဲလွဲမှုတွေ အများကြီး ဖြစ်လာနိုင်ဖို့ ရှိပါတယ်။
တချို့ က ဆန္ဒခံယူပွဲကို အဓိက အဖြစ်ယူဆသလို၊ တချို့ ကလဲ ၂၀၁၀ ရွေးကောက်ပွဲကို အဓိက အဖြစ်ယူဆတာမျိုး ရှိပါတယ်။ စစ်အုပ်စုလက်ထက်မှာ ၄င်းတို့ အာဏတည်မြဲရေးလိုအပ်ချက်အရ ဆန္ဒခံယူပွဲ၊ ရှုံ့ ချပွဲ ဆိုတဲ့ အလံရှုးပွဲတွေ အများကြီးလုပ်ခဲ့ ဖူးပါတယ်။ တစ်ခါမှမဲပုံးထောင်ကျင်းပခဲ့ခြင်း မရှိပါဘူး။နီးရာ ဝန်ထမ်း၊ကျောင်းသား နဲ့  ကြံခိုင်ရေးလို လက်ရုံးအဖွဲ့ အစည်းတွေ ကို ဘောလုံးကွင်းထဲထည့် စင်ပေါ်ကနေ ကြိုရေးလာတဲ့ စာကိုဖတ်ပြ ၊ နောက်ဆုံး မအော်မနေရ ကြွေးကြော်သံတွေနဲ့  အနား သတ်ထားလိုက်တဲ့ ဆန္ဒခံယူပွဲတွေ၊ ရှုံ့ ချပွဲတွေ နဲ့ ပြည်သူကို အကြိမ်ပေါင်းများစွာလိမ် ခဲ့ပြီးဖြစ်ပါတယ်။ မေလ ဆန္ဒခံယူပွဲကိုလဲ ထုံးစံအတိုင်း ဘောလုံးကွင်း ဆန္ဒလုယူပွဲ အဖြစ်ကျင်းပ မလား လို့ တွေးဖို့ ရှိပါတယ်။ စစ်အုပ်စုကတရားဝင် ထုတ်ပြန် တာမျိုး မရှိပါဘူး။ လက်တစ်လောမှာတော့ အတိုက်အခံတွေ အနေနဲ့ ရော ပြည်သူကပါ မေလဆန္ဒခံယူပွဲ ဟာ မဲပုံး ထောင်ကျင်းပမယ်လို့  ယုံကြည်နေတာကို တွေ့ ရပါတယ်။ စစ်အုပ်စု အနေနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ထုတ်ပြန်ထားချက် အရ မဲပုံးထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ အခြေခံ ဥပဒေကို မဖြစ်မနေ လက်ခံရမယ် ဆိုတဲ့ အချက်ကို ခိုင်မာစေတာကိုတွေ့ ရပါတယ်။ စစ်အုပ်စုအလိုကျ ကျင်းပ ခဲ့တဲ့ အမျိုးသားညီလာခံကို ဆန့် ကျင်ရင်တောင် ပုဒ်မ (၄) အရ ထောင်ဒါဏ် အနှစ် ၂၀ ထိချ မှတ်နိုင်အောင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့တဲ့ အချက်ကို ကြည့်ချင်းအားဖြင့် မကြာခင်မှာလဲ အခြေခံ ဥပဒေ မူကြမ်းကို ဆန့် ကျင်ရင် ပြစ်ဒဏ်ချမှတ်နိုင်မဲ့ ဥပဒေမျိုး တဖက်လှည့်နဲ့ ပေါ်ထွက်မလာ နိုင်ဘူး လို့ မပြောနိုင်ပါဘူး။ ခုချိန်ထိလဲ ပြည်သူကို စစ်အုပ်စုရဲ့ လက်ကိုင်တုတ်အဖွဲ့ အစည်း များက အခြေခံဥပဒေ မူကြမ်းကို လက်ခံဖို့  တွင်တွင်ကြီးတိုက်တွန်းနေတာကို
တွေ့ နေရပေမဲ့ ပြည်သူလူထုကို အခြေခံ ဥပဒေမူကြမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေ ကို ရှင်းလင်းပြတဲ့ အပြု အမူမျိုးကိုလဲ မတွေ့ ရသေးပါဘူး။လေးဆယ့် ခြောက်နှစ်အတွင်း ယုံကြည်ဖို့ တစ်ကွက်မှ မရှိတဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့  အမူ အကျင့်တွေကို ခနလောက်မေ့ထားပြီး အမှန်အကန်မဲပုံးထောင် ဆုံးဖြတ်မယ်ဆိုတဲ့ အချက်၊ ၂၀၁၀ ရွေးကောက်ပွဲဟာ မေလအဖြေပေါ်မှာမူတည်ပြီးပြင်ဆင်မယ် ဆိုတဲ့ အချက် နှစ်ခုကို မတန်ရင်ကာပေးပြီးတွက်မယ်ဆိုရင် ပြည်သူလူထုဘက်က လက်မခံဘူးဆိုတဲ့ အဖြေနဲ့  လက်ခံတယ် ဆိုတဲ့ အဖြေနှစ်ခုဖြစ်လာဖို့  ရှိပါတယ်။ လက်မခံခဲ့ရင် စစ်အုပ်စုအနေ နဲ့  ပြည်သူ လက်ခံနိုင်မဲ့ အနေအထားထိ ပြင်ဆင်နိုင်ပါ့မလား။ တကယ်ပြင်ဆင်ခဲ့မယ် ဆိုရင်လဲ ဘယ်အတိုင်း အတာအထိပြင်ဆင်နိုင်ပါမလဲ။ ပြည်သူလူထု အများစု လက်မခံနိုင်တဲ့အချက် ဟာ အနာဂတ်နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်ရမယ် ဆိုတဲ့ခေါင်းစဉ် အောက်က စစ်တပ် ၂၅% ဆိုတဲ့ ကိစ္စဖြစ်သလို ၊ စစ်အုပ်စုအနေနဲ့ အလျော့မပေးတမ်း ဆုပ်ကိုင်ထားမှာ ကလဲ စစ်တပ်ကိုယ်စားလှယ် ၂၅% နေရာရရှိရေး ဖြစ်ပါတယ်။ ဒါကြောင့် မူကြမ်းကို လက်မခံနိုင်ရင် ဘာဖြစ်မလဲဆိုတဲ့ ကိစ္စအတွက် အဖြေမရှိဘူးလို့ ပဲ မှတ်ချက်ပေးရ မှာဖြစ်ပါတယ်။ ပြည်သူအနေနဲ့  မူကြမ်းကို အတည်ပြုပေးလိုက်တယ် ဆိုရင်လဲ တိုင်းပြည်ရဲ့  အနာဂတ် နိုင်ငံရေး မှာစစ်တပ်ကို တရာဝင် စွက်ဖက်ခွင့် ပေးလိုက်တာ လဲ ဖြစ်ပါတယ်။ နောက်ဆုံးမျှော့သွေးစမ်း မှုကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံခြားသားနဲ့  လက်ထပ်ထားတဲ့ အတွက် ရွေးကောက်ပွဲဝင်ခွင့်မရနိုင်ဘူး ဆိုတဲ့ စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီး ရဲ့ ဒေသဆိုင်ရာ အစည်းဝေးတစ်ခုမှာ တရားဝင်ပြောကြား သွားခြင်းပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ကို နိုင်ငံရေး အရအသေသတ်မယ် ဆိုတဲ့ နောက်ကွယ် အကြံအစည်ဟာ ရွေးကောက်ပွဲ နဲ့ အတူတွယ်ဆက်နေတယ် ဆိုတာကို ခန့် မှန်းလို့ ရပါတယ်။ စစ်အုပ်စု ဆက်သွားနေတဲ့လမ်းဟာ ၄င်းတို့  အာဏာကို ကမ္ဘာအခင်း အကျင်း မှာပါ တရားဝင်ဖြစ်အောင် လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အတိုက်အခံ အဖွဲ့ အစည်းတွေ ၊ တသီးပုဂ္ဂလ အတိုက်အခံတွေ၊ ပြည်သူတွေ အနေနဲ့ ပါ ရွေးကောက်ပွဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောစရာအကြောင်း မရှိတော့ပါဘူး။ လက်ရှိရင်ဆိုင်နေရတဲ့ စုပ်လဲဆူးစားလဲရူး အနေအထားကို စိတ်ပျက်နေလို့ မရသလိုတိုင်းပြည် ကိုလဲ စစ်အုပ်စု လှည့်ကွက်ထဲ နောက်တစ်ခါ ထပ်ကျခံလို့  မဖြစ်ပါဘူး။ အတိုက်အခံများ အနေနဲ့ စစ်အုပ်စု ကို ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ဘာကြောင့် ဖျက်သိမ်းလိုက်တဲ့ အကြောင်း ရှင်းလင်းပြဖို့  ပြတ်ပြတ်သားသား တောင်းဆိုရပါလိမ့်မယ်။ စစ်အုပ်စု ဘက်က ဖြေလာနိုင်စရာ အဖြေကလဲ အဓိက အားဖြင့်တော့ အရွေးချယ်ခံ လွတ်တော်ကိုယ်စားလှယ်အများစု သက်ရှိ ထင်ရှား မရှိတော့ဘူး ဆိုတဲ့ အကြောင်း နဲ့  ၁၉၉၀ ရွေးကောက်ပွဲကျင်းပ စဉ်ကအခြေခံ ဥပဒေ မရှိခဲ့တဲ့ အတွက်တရား မဝင်ဘူးဆိုတဲ့ အဖြေကို ပေးလာဖို့ ရှိပါတယ်။ ပထမအချက်ဖြစ်တဲ့် လွတ်တော်ကိုယ်စားလှယ်အများစု သက်ရှိထင်ရှား မရှိတော့တဲ့ ကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ နဲ့  အစားထိုးရွေးချယ်လို့ ရသလို ၊ ဖွဲစည်းပုံ မရှိလို့ တရားမဝင်ဘူးဆိုတဲ့ အချက်ဟာလဲ ၁၉၉၀ ရွေးကောက်ပွဲ ဟာ နိုင်ငံသိ၊ ကမ္ဘာသိအဖြစ် စစ်အုပ်စု ကိုယ်တိုင် ဦးစီးကျင်းပထားတယ် ဆိုတဲ့ အချက်က ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အတိုက်အခံများနဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ အခြေခံဥပဒေမူကြမ်းအတည် ပြုရေး ကို အတည်ပြုရေးမပြုရေး ၊ ရွေးကောက်ပွဲဝင်ရေးမဝင်ရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အသိမှတ်ပြုရေး မပြုရေး စတဲ့ ကိစ္စတွေကို ငြင်းခုန်နေမဲ့ အစား အနာဂတ်မြန်မာနိုင်ငံ ကို စစ်အုပ်စု လက်ထဲတရား ဝင်ပေးမလား မပေးဘူးလား ဆိုတဲ့ အချက်အပေါ်မှာပဲ ပြတ်ပြတ် သားသား ပြောဆိုဖို့  ပဲလိုပါတယ်။ စစ်အုပ်စု အနေနဲ့ ကတော့ နောက်ဆုံးတိုက်ပွဲ ကိုပြင်ဆင် နေပြီး ဆိုတာ သိထားဖို့ ကောင်းပါပြီ။ စောင့်ကြည့်နေဖို့  အချိန်မဟုတ်တော့ပါဘူး။ နောက်သုံးလ အကြာဖြစ်တဲ့ မေလမှာ တိုင်းပြည်အနာဂတ် ကို ပြတ်ပြတ်သားသား ဆုံးဖြတ် ပေးရ ပါတော့မယ်။ ကန့် ကွက်မဲ ထည့်ဖို့ တိုက်တွန်းတယ် ဆိုတာကပဲ စစ်အုပ်စု ဆင်တဲ့ အကွက်ထဲ စနင်းမိနေပြီ လို့ ပြောရပါမယ်။ တိုင်းပြည်အနာဂတ်အတွက် ဘယ်ဘက်ကကြည့်ကြည့်လက်ခံဖို့ မရှိတဲ့ အခြေခံဥပဒေမူကြမ်း ကို ဆန့် ကျင်ဖို့ အတွက် လက်ရှိကာလမှာ ဆန္ဒခံယူပွဲ မဖြစ်မြောက်ရေး (NO VOTE) အတွက် ပဲတိုက်ပွဲ ဝင်ရမှာဖြစ်ပါတယ်။ ဒါမှသာ ကျနော်တို့ အနေနဲ့  ကန့် ကွက်မဲပေးရေး (VOTE NO) ဆို တဲ့ အဆင့်ကို အမှားကာ အဖြစ်ဆက်လက် ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အခုအချိန်ကတည်းက ကန့် ကွက်မဲပေးရေး ၊ ၂၀၁၀ ရွေးကောက်ပွဲ တရားမျှတရေး စတဲ့ အချက်တွေကို ဆွဲကိုင်ထား မယ်ဆိုလို့ ကတော့ တိုင်းပြည် ရဲ့ အနာဂတ်လွတ်တော်ဟာ စစ်အာဏာရှင်မွေးမြူရေး စခန်းကြီး ဖြစ်ဖို့ 

ရာခိုင်းနှုန်းတော်တော်များများ သေချာနေကြောင်း သတိပေးပါရစေ။
ဥတ္တရအောင် ( မျိုးချစ်ဒီမိုကရက်တစ် တစ်ပေါင်းစု)

အပြည့်အစုံဖတ်လိုလျှင်