စင်္ကာပူမှာရှိကြတဲ့ ဗမာနိုင်ငံသူ နိုင်ငံသား အားလုံး ဒီထက်ပိုပြီး စည်းလုံးညီညွှတ်ပြီး ရဲရင့်ကြပါစေ။ ဗမာ့သွေးကို ကမ္ဘာက သိအောင် ပြနိုင်ကြပါစေ။
Thursday, November 29, 2007
Burmese Patriotic Heros in Singapore
Posted by
54freedom
at
9:52 PM
0
comments
Labels: protest in Singapore
Lets show our feeling at the Hopping Tree on DEC 8 to DEC 10
To enlarge the below poster just click here
ရှင်သန်ခြင်းသစ်ပင် စိုက်ထူထားမည့် မျှော်လင့်ခြင်းခန်းမ၌
စာပေ အနုပညာ ပြပွဲ နှင့် ပြိုင်ပွဲ
အခမ်းအနား
၂၀၀၇ ဒီဇင်ဘာ ၁၀ရက်တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၀၇ ဒီဇင်ဘာ ၈ရက် (စနေနေ့) မှ ၁၀ရက်(တနင်္လာနေ့) ထိ ရှင်သန်ခြင်းသစ်ပင် စိုက်ထူထားမည့် မျှော်လင့်ခြင်းခန်းမ၌ စာပေ အနုပညာ ပြပွဲ နှင့် ပြိုင်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ပါသည်။
ထိုရှင်သန်ခြင်းသစ်ပင်၌် မိမိတို့၏ ရင်တွင်း ခံစားမှုများ၊ ဆုတောင်းမှုများ နှင့် တောင်းဆိုချက်များ ရေးသားထားသော စာတို၊ ပေစများ လွတ်လပ်စွာ လာရောက် ချိတ်ဆွဲနိုင်ပါသည်။
ထို့ပြင် စင်္ကာပူနိုင်ငံရှိ စာပေပညာရှင်၊ စာပေ၀ါသနာရှင်များ မိမိတို့ကိုယ်တိုင် ရေးသား၊ ခြယ်မှုန်းထားသော မျိုးချစ်စိတ်ဓါတ် ထက်သန်စေသော ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ပန်းချီများ ပေးပို့နိုင်သကဲ့သို့ စာပေချစ်မြတ်နိုးသူများမှလညှ်း မိမိတို့ ဖတ်ရှု့ မှတ်သားဖူးသည်များမှ အလားတူ ကောင်းနိုးရာရာ စာပေ အနုပညာများကို ပေးပို့နိုင်ပါသည်။ ထိုစာပေ အနုပညာများထဲမှ သင့်တော်သော စာပေ အနုပညာ မှန်သမျှကို မျှော်လင့်ခြင်းခန်းမ ပတ်ပတ်လည်တွင် ပြသထားမည် ဖြစ်ပါသည်။
စာပေ အနုပညာ (softcopy) များကို email ဖြင့်လည်း ပေးပို့နိုင်ပြီး စာပေ အနုပညာ (hardcopy) များကိုမူ လမ်းပြကြယ် စာကြည့်တိုက်သို့ ပေးပို့နိုင်ပါသည်။
ကိုယ်တိုင် ရေးသား၊ ခြယ်မှုန်းထားသော စာပေ အနုပညာများထဲမှ စိစစ်ရွေးချယ်ပြီး ဆုရရှိသော စာပေ အနုပညာရှင်များအား ဆုချီးမြှင့်ရန် စီစဉ်ထားပါသဖြင့် မည်သူမဆို လွတ်လပ်စွာ ရေးသား၊ ခြယ်မှုန်း ပေးပို့ရန် ခင်မင်လေးစားစွာ တိုက်တွန်းနှိုးဆော် အပ်ပါသည်။
စာပေ အနုပညာများ ပို့ရန် နေရာ လမ်းပြကြယ် စာကြည့်တိုက်
စာပေ အနုပညာများ ပို့ရန် Email Add: obp@overseasburmesepatriots.org
စာပေ အနုပညာများ ပို့ရန် နောက်ဆုံးရက်၊ အချိန် ၅ ဒီဇင်ဘာလ ၂၀၀၇၊ ဗုဒ္ဓဟူးနေ့၊ ည ၉း၀၀ နာရီ
မှတ်ချက်။ ပြိုင်ပွဲဝင် စာပေ အနုပညာများရှင်များ မိမိတို့ ကိုယ်တိုင် ရေးသား၊ ခြယ်မှုန်းထားသော စာပေ အနုပညာများ ဖြစ်ကြောင်း မှတ်တမ်းလွှာကို ရေးသားရန် လမ်းပြကြယ် စာကြည့်တိုက်တွင် ရရှိနိုင်ပါသည်။
ပြည်ပရောက် မျိုးချစ်မြန်မာများ
http://www.overseasburmesepatriots.org/
Posted by
54freedom
at
1:36 PM
0
comments
Labels: Comming Event
Wednesday, November 28, 2007
စင်ကာပူမှ မျိုးချစ်မြန်မာများ၊ ဒီမိုကရေစီအင်အားစုများနှင့် Overseas Burmese Patriots (OBP) တို့  မေးမြန်း ဖြေကြားချက်များ (ဒုတိယပိုင်း)။
၁။ သန်းရွှေအမိန့်ပေးလို့ ဘုန်းကြီးတွေကို ပစ်ခတ်ရိုက်နှက်တဲ့ စစ်သားတွေမှာ အပြစ်ထိုက် ပါသလား။ ထိုက်ခဲ့ရင် သာသနာအရ ဘယ်လို အပြစ်မျိုးပါလဲ။
- ၀င့်ဝါကျော်
ဖြေ။ နှစ်ဦးစလုံး အပြစ်ထိုက်ပါတယ်။ ထိုက်တဲ့ အပြစ်ကတော့ အတိအကျ သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အပြစ်တွေဟာ သာမန် လူတစ်ယောက်ကို သတ်မိတဲ့ အပြစ်ထက် ပိုကြီးလေးတာတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဟန်းတစ်ပါးခြင်းဆီမှာ သီလရှိ၊ မရှိ ဝေဖန် စမ်းသပ်လို့ ရပေမယ့် သံဃာမှာတော့ သီလရှိ၊မရှိ စမ်းသပ်လို့ မရနိုင်ပါဘူး။ ကျမ်းစာမှာတော့ "သံဃော ဟိ ဒုဿီလော နာမ နတ္တိ" လို့ဆိုပါတယ်။ သံဃာမှာ ဒုဿီလဆိုတာ မရှိဘူးပေါ့။ သံဃာလို့ဆိုလိုက်တာနဲ့ သီလပြည့်စုံပြီးသား ဖြစ်တဲ့အတွက် အဲဒီသံဃာကို ပြစ်မှားသူတွေ ဟာလည်း သာမန်လူကို ပြစ်မှားတာထက် အပြစ် ပိုကြီး ပါတယ်။
ဘယ်လိုအပြစ်မျိုးလဲဆိုတာ သတ်မှတ်ပြဖို့ ခဲယဉ်းသလို ဘယ်အချိန်မှာ အကျိုးပေးမှာ လည်း ဆိုတာလဲ သတ်မှတ်ပြဖို့ ခဲယဉ်းပါတယ်။ ဒီနေရာမှာ ဇောစေတနာ (၇) ပါးအကြောင်း နဲနဲရှင်းပြလိုပါတယ်။ ဇောစေတနာ (၇) ပါးက ......
(၁) ပထမဇောစေတနာ= လက်ရှိဘ၀မှာတင် အကျိုးပေး
(၂) သတ္တမဇောစေတနာ= ဒီဘ၀က ကွယ်လွန်ပြီး နောက်ဒုတိယဘ၀အကျိုးပေး
(၃) အလယ်ဇောစေတနာ ငါးချက်= တတိယဘ၀က နိဗ္ဗာန်ရောက်တဲ့ ဘ၀အထိ အကျိုးပေးဆိုပြီး ဇောစေတနာ ငါးချက် ရှိပါတယ်။
အခု န-အ-ဖ က လုပ်တဲ့ သံဃာတွေကို စော်ကားမှု အကုသိုလ်ဟာ ဘယ်ဇော စေတနာ ဖြစ်တယ်လို့ မသိနိုင်ပါဘူး။ အဲ ပထမဇော စေတနာသေချာတယ်ဆိုရင်တော့ ဒီဘ၀မှာ အမှန်မုချ အကျိုးပေးမှာပါ။ သတ္တမဇောစေတနာ ဖြစ်ခဲ့ရင်တော့ ဒီဘ၀တော့ သူတို့တတွေ အဟောင်းစား အဖြစ်နဲ့ ကောင်း ကောင်းစားဦးမှာပါ။ နောက်ဘ၀ကျရင်တော့ အလှည့်ကျ မနွဲ့ကြစတမ်း ခံပေဦးပေါ့ဗျာ။ အေး နောက်ဘ၀တွေမှာလည်း ကုသိုလ်ကံ အရှိန်လေးရှိလို့ မခံစားရသေးရင်လည်း နိဗ္ဗာန်ရောက်တဲ့ ဘ၀အထိ တစ်ဘ၀၊ ဘ၀မှာတော့ ခံရမှာပါ။ ဘုရားရှင်တောင် ၀မ်းတော်လားတဲ့ဝဋ် စတဲံ့ ၀ိပါက်တော် (၁၂)ပါး ခံစားရသေးတာပါ။ န.အ.ဖလို သတ္တ၀ါတွေက ဘာမို့လိုလဲဆိုတာ သဘောပေါက်ရင် ဒီမေးခွန်းရဲ့ အဖြေ ပြည့်စုံလောက်ပါပြီ။
၂။ ဆရာတော်ဘုရား သံဃာတော်များကို ရိုက်နှက်ပစ်ခတ် သတ်ဖြတ်သူများသည် အဘယ် ငရဲဘုံသို့ သွားနိုင်ပါသလဲဘုရား၊ သူတို့ကို ယင်းသို့ လုပ်ရန် အမိန့်ပေးသူများ အဘယ်ငရဲဘုံသို့ သွားနိုင်ပါသလဲဘုရား၊ သူတို့ နှစ်ဦးပြစ်ဒဏ်မှာ မည်သူ၏ အပြစ်ဒဏ်က ပိုကြီးနိုင်ပါသလဲဘုရား။
ဖြေ။ ရိုက်နှက်သူရော၊ အမိန့်ပေးသူပါ အပြစ်ရှိပါတယ်။ အထက်ကအဖြေကို မှီငြမ်းပေးပါ။
၃။ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်တွေထဲမှာ သံဃာကို စော်ကားရင် ရိုက်နှက်ရင် မြေမျိုတယ်၊ ကပ်ဘေးဆိုက်တယ်ဆိုတဲ့ ကပ်ကြီးတွေ ဖတ်ဖူးပါတယ်။ န-အ-ဖ က ခေါင်းဆောင်ကြီးတွေဟာ ဘယ်အချိန်မှာ ကြုံနိုင်ပါသလဲဘုရား။
၎။ သံဃာကို သတ်ဖြတ်သော သန်းရွှေနှင့် အပေါင်းအပါများသည် မည်သို့သော အပြစ်မျိုး ထိုက်တန်ပါသလဲ၊ ဗုဒ္ဓတရားတော်နှင့် နှိုင်းယှဉ်ဖော်ပြပေးပါဘုရား။
ဖြေ။ နောက်မှ ရမယ့်အကျိုးတွေကတော့ မသိဘူး… ချက်ချင်းရတဲ့ အကျိုးကတော့... ရိုက်တဲ့သူဟာ လူရိုင်းဘ၀ရောက်သွားတယ်။ သတ်တဲ့သူဟာ လူသတ်ကောင်ဖြစ်သွားတယ်။ လာဘ်ယူသူဟာ လာဘ်ကောင် ပြိတ်တာ ဖြစ်သွားတယ်။ သူ့စိတ်နဲ့ ရုပ်တွေမှာ အမာရွက် ထင်သွားတယ်။ ပြန်လည် ပြင်ဆင်မှု မရှိရင် မသေမချင်း မပျောက်တော့မယ့် အမာရွက်မျိုးပေါ့.. မီးထဲကို လက်ထိုးတဲ့သူဟာ မီးလောင်ဒဏ်ရာ အဖြူကွက်ကြီး ထင်သွားသလိုပေါ့။ သူ့အမူအကျင့် အတွေးအခေါ်တွေကို မပြုပြင် မချင်း အဲဒီအမာရွက် မပျောက်ဘူး။ ကျန်တဲ့ ရှည်ရှည်ဝေးဝေး နောက်ဘ၀မှဟာတွေကတော့.. ကိုယ့်အပေါ်လွန်ကျူးထားသူကို ပြစ်ဒဏ်ပေးလိုတဲ့ ရန်ငြိုးနဲ့. ကိုယ်နည်းနည်း ကောင်းထားတာအတွက် အကျိုးကြီးကြီး လိုချင်တာတွေကနေ အခြေခံ လာတာလို့ ထင်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့... န-အ-ဖ တွေကို ဖြုတ်ချဟေ့၊ ငရဲပြည်ပို့ကြဟေ့လို့ အော်မယ့်အစား ဦးသန်းရွှေတို့ လူတစ်စုကို ဘယ်လို ကောင်းလာအောင် ပြုပြင်ဆုံးမပေးရမလဲလို့ပဲ ပြောင်း ပြောပေးရမယ်ထင်ပါတယ်။ (နံပါတ် ၁-အဖြေနှင့် ပူးတွဲကြည့်ရန်)
၅။ မြန်မာနိုင်ငံနှင့် တိုင်းတစ်ပါးတွင် ရှိနေသော နိုင်ငံတော် သံဃနာယက အဖွဲ့အစည်းများတွင် နိုင်ငံရေးအမြင် ကွဲပြားခြင်း ရှိပါသလား။
- ဦးသန်းလွင်
ဖြေ။ ဦးဇင်းအမြင်အရ ပြောရရင် ပြည်တွင်း ပြည်ပ မကွဲဘဲ လူတစ်ဦးချင်းစီရဲ့ ပရဟိတ = အများအကျိုး ဆောင်ရွက်လိုစိတ် ရှိမရှိနဲ့ပဲ သက်ဆိုင်တဲ့ အမြင်ပဲ ရှိမယ်ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဦးဇင်း တွေ့ရှိထားတဲ့ ဆရာတော်တွေရဲ့ ကာရိုက်တာကို ကြည့်ရင် ပြည်တွင်းမှာနေတဲ့ ဆရာတော်တွေဟာ နိုင်ငံရေးအမြင် ကျယ်စေဦးတော့ သူတို့ဟာ လှုပ်ရှားမှုတွေမှာ မပါဝင်နိုင်ကြ ပါဘူး။ အကြောင်းကတော့ ကိုယ်ရရှိထားတဲ့ ရာထူးလေးတွေ ပျောက်မှာ၊ ကိုယ်ရနေတဲ့ လာဘ်လာဘတွေ ယုတ်လျော့သွားမှာ၊ စတဲ့ အရာတွေ အဆုံးရှုံး မခံနိုင်ကြတော့ပါဘူး။ ပြည်တွင်းက သံဃနာယက ဆရာတော် တစ်ချို့ဆိုရင် ကျောင်းလုပွဲဖြစ်ရင် လာဘ်ပေးလာဘ်ယူ ကြတာတွေ၊ ဗိုလ်တွေနဲ့ပေါင်းပြီး ကားပါမစ်တောင်းတာတွေ စတဲ့ အကျင့်ပျက်နေတာတွေ မကြားချင်အဆုံးပါ။ ဒီတော့ သူတို့ကိုယ်တိုင်က အကျင့်ပျက်နေတော့ အစိုးရကို မဆန့်ကျင်ရဲတာ မဆန်းတော့ပါဘူး၊ သူတို့တွေဟာ ဗုဒ္ဓအလိုကျ ကျင့်သုံးနေထိုင်ကြခြင်း မဟုတ်တော့ဘဲ န-အ-ဖ အလိုကျ ကျင့်သုံးနေထိုင်တာတွေ ဖြစ်ကုန်ပါတယ်။
ပြည်ပက ဆရာတော်ကြီးတွေ အများစုကတော့ ပြည်ပရဲ့ အတွေ့အကြုံတွေကို ထည့်စဉ်းစားပြီး မြန်မာပြည်သူတွေအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို အလေးနက်ထားပြီး နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့လည်း ပရဟိတစိတ်၊ မျိုးချစ်စိတ် နည်းပြီး တစ်ကိုယ်ကောင်းစိတ်နဲ့ ဒေါ်လာစိတ်ရှိတဲ့ ရဟန်းအချို့ကတော့ သူများနိုင်ငံရေး လုပ်တာတောင် မကူညီတဲ့အပြင် နှောက်ယှက်တတ်ကြတာပါပဲ။ ဒါကြောင့် ဦးဇင်းရဲ့ တစ်ဦးချင်း အမြင်အရပြောရရင် ပြည်တွင်းပြည်ပ အမြင်ထက် ပရဟိတစိတ်၊ အနစ်နာခံစိတ်ရှိ၊ မရှိ ကွဲပြားမှုနဲ့ နိုင်ငံရေးအမြင်လည်း ကွဲပြားသွားတာပါ။
၆။ စစ်အစိုးရကို ကိုယ်တိုင် အသေခံလုပ်ကြံ သတ်ဖြတ်ခြင်းဟာ ဘုရားဟောအတိုင်း အဖန်ငါးရာငါးကမ္ဘာ ခံရနိုင်ပါသလား။
ဖြေ။ လုံးဝ မခံရနိုင်ပါ၊ ကိုယ့်ကိုယ်ကို သတ်သေသူများ အဖန်ငါးရာငါးကမ္ဘာ ခံရတယ်ဆိုတဲ့ ဘုရားဟောကြားတော်မူထားခြင်း လုံးဝမရှိပါ။ ဈာန်ခဏခဏလျှောကျလို့ ကိုယ့်ကိုယ်ကို ဒေါသထွက်ပြီး ကိုယ့်လည်ပင်းကို လှီးဖြတ်တဲ့ အရှင်ဂေါဓိကဟာ မသေခင် ဝေဒနာနုပဿနာရှုပြီး ရဟန္တာဖြစ်သွားတဲ့ သာဓကတောင် ရှိပါသေးတယ်။
၇။ သပိတ်မှောက်တာနဲ့ ဆန္ဒပြတာ ကွဲပြားအောင် ရှင်းလင်းပေးပါ။
- မောင်မြင့်ဝေ
ဖြေ။ သပိတ်မှောက်တယ်ဆိုတာက သံဃာတော်တွေရဲ့ အလုပ်ပါ။ ပတ္တ္တနိကုဇ္ဇန> ပတ္တ္တ-သပိတ်၊ နိကုဇ္ဇန-မှောက်ခြင်း၊ ပတ္တ္တနိကုဇ္ဇ-သပိတ်မှောက်ခြင်းဆိုတဲ့ ကံတစ်ခု ၀ိနည်းပညတ်တော်မှာ ရှိပါတယ်။ အဲဒီကံ ပေါ်လာခြင်းအကြောင်းက---
တစ်ခါက ဝုဎလိစ္ဆဝီဆိုတဲ့ မင်းသားတစ်ပါးဟာ အရှင်ဒဗ္ဗဆိုတဲ့ ရဟန္တာမထေရ်တစ်ပါးကို
ပါရာဇိကအာပါတ်နဲ့ စွပ်စွဲဖျက်ဆီးခဲ့မိပါတယ်။ မဟုတ်မမှန်ဘဲ စွပ်စွဲတာမို့ မြတ်စွာဘုရားးက အဲဒီမင်းသားအပေါ် သပိတ်မှောက်ခိုင်းပါတယ်။ သပိတ်မှောက်တယ်ဆိုတာ သံဃာတော်တွေက အဲဒီမင်းသား လှုဒါန်းသမျှ မခံယူတော့ဘဲနေတာ၊ တရားစကား စတာတွေ မဟောကြားတော့တာ စတဲ့ အရာတွေကို ပြုမူဆောင်ရွက် ကြခြင်းပါပဲ။ အဲဒီလို သပိတ်မှောက်နိုင်တဲ့ အင်္ဂါတွေက ရဟန်းသံဃာတွေကို လာဘ်လာဘမရအောင် ပြုလုပ်တာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲနေရာကျောင်းမှာ မနေနိုင်အောင် လုပ်တာ၊ ဆဲရေးတိုင်းထွာတာ၊ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးမဲ့စကားတွေ ပြောကြားတာလို့ အင်္ဂါရှစ်ပါးရှိပါတယ်။ အဲဒီထဲက တစ်ပါးပါးနဲ့ ငြိရင်ကိုပဲ သပိတ်မှောက်ကံဆောင်လို့ ရပါတယ်။ ဒါက သပိတ်မှောက်တာနဲ့ စပ်လို့ပါ။ (အခု န-အ-ဖ အစိုးရက ပခုက္ကူသံဃာတော်တွေရဲ့ မေတ္တသုတ် စုပေါင်းရွတ်ဖတ်တာကို ဖမ်းဆီးနှိပ်စက် လိုက်တယ်ဆိုရင်ပဲ သပိတ်မှောက်ဖို့ အခြေခံအချက်နဲ့ ပြည်စုံသွားပါပြီ။ နောက်ထပ်ဖြစ်လာတဲ့ ရိုက်နှက်မှု ဖမ်းဆီးမှု ညဘက် ၀င်ဆီးမှုတွေဟာလည်း သပိတ်မှောက်နိုင်တဲ့ အင်္ဂါ အချက်လက်တွေနဲ့ ပြီးပြည့်စုံနေပါတယ်)
ဆန္ဒပြတယ်ဆိုတာကတော့ လူတစ်ဦးတစ်ယောက်ကနေ အစုအဖွဲ့ ပြည်သူတစ်ရပ်လုံး အထိ ကိုယ့်ရပိုင်ခွင့်ကို ထုတ်ဖော်တောင်းဆိုတာကို ဆိုလိုပါတယ်။ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ကိုယ့်ရပိုင်ခွင့်ကို လွတ်လပ်စွာ ထုတ်ဖော်တောင်းဆိုခွင့် မရှိတဲ့နေရာဟာ လူ့အခွင့်အရေးဆုံးရှုံးတဲ့ နေရာပဲ ဖြစ်ပါတယ်။
၈။ (က) ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း ဈာပနတွင် မည်သူသရဏဂုံ တင်ပေးပါသနည်း။
(ခ) ထိုသံဃာသည် သံဃာ့ကံဆောင်ထားသည့် ကာလဖြစ်သည့်အတွက် ၀ိနည်းနှင့် ညီညွတ် ပါသလော။ မည်မျှ အပြစ်ကြီးပါသနည်း။
(ဂ) ထိုသံဃာကို သံဃာ့အဖွဲ့အစည်းမှ ကြဉ်သင့် မကြဉ်သင့် မိန့်တော်မူပါဘုရား။
- ကျော်စိုးမိုး
ဖြေ။ (က)၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နံက်ပိုင်းတွင် ရန်ကုန်မြို့မင်္ဂလာဒုံ တပ်မတော် ဆေးရုံကြီးရှိ၊ ငြိမ်းအေးဇရပ်၌ ကျင်းပသော စိုးဝင်း၏ ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ဆရာတော်များစာရင်း….
(၁) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ ဧရာဝတီတိုင်း ညောင်တုန်းမြို့ ပုဏရာမဈေး ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဌဂုရု အဘိဓဇ
အဂ္ဂမဟာ သဒ္ဓဇောတိက ဘဒ္ဒန္တသြသဓါဘိဝံသ
(၂) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော၊် ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်မြို့ ဇောတိကာရုံ ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ္တကုဏ္ဏလဇောတိ
(၃) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော၊် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့ ပုဗ္ဗရုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ တေဇ၀န္တ
(၄) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ ဘဒ္ဒန္တ တိလောကာဘိဝံသ
(၅) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော၊် မွန်ပြည်နယ် ရေးမြို့ ဖာလဇေ တ၀န်ကျောင်း ဆရာတော် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဏိတ ဘဒ္ဒန္တဣန္ဒသီရိ
(၆) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ မကွေးတိုင်း ပခုက္ကူမြို့ မဟာဝိဇယာရာမ အရှေ့တိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ ဘဒ္ဒန္တနေမိန္ဒ
(၇) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဓမ္မသီတဂူ အေးရွာကျောင်း ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန ၀ိသုတ
(၈) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ မန္တလေးတိုင်း စဥ့်ကိုင်မြို့ ရေချမ်းအိုး ကျောင်း ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန ခေမာဝံသ
(၉) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော၊် ပဲခူးတိုင်း (အရှေ့ပိုင်း) တောင်ငူမြို့ မြစည်းခုံ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဏိတ ဘဒ္ဒန္တပဏ္ဏ၀ံသ
(၁၀) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်၊ စစ်ကိုင်းတိုင်း မင်းကင်းမြို့ ကန်တော်ပရိယတ္တိ စာသင်တိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ တိလောက တို့ ဖြစ်ကြပါတယ်။
(ခ) ၀ိနည်းနှင့် လုံးဝ မညီညွတ်ပါ။ အပြစ်အရပြောလျှင် သာမန် ကုစားရလွယ်သည့် အပြစ် အာပါတ်သာ သင့်ပါတယ်။ ဒါပေမယ့် ကံဆောင်ရဟန်းတော်များကို မထေမဲ့မြင် ပြသည့် သဘောနှင့် လက်ခံနေသည်ဆိုလျှင် ထိုသံဃာသည် ဘုရား၏ အာဏာတော်ကို မထေမဲ့မြင် ပြုရာရောက်ပြီး ဈာန်၊ မဂ်ဖိုလ်တရားများမှ လွဲချော်နိုင်ပါတယ်။ လက်ငင်းအပြစ်အရ မျက်မှောက်ကာလမှာပင် အများသံဃာထုနှင့် ပြည်သူတွေရဲ့ ကြည်ညိုလေးစားမှု လျှော့ပါးသွားဖွယ်ကို ခံစားရပါလိမ့်မယ်။
(ဂ) သံဃာ့ဘောင်မှ မကြဉ်သင့်ပါ။ ကြဉ်လို့လဲ မရပါ။ သို့သော် သံဃရာဇိ = သံဃာတော်များအကြား သီးသန့်အစုအဖွဲ့ တစ်ခုအသွင်နဲ့ တည်ရှိလာနေပြီး သံဃာတော်များအကြား ညီညွတ်မှု ပျက်ပြားစေတဲ့အတွက် (သံဃာအသင်းကွဲစေနိုင်တဲ့ သံဃဘေဒကကံ ထိုက်နိုင်တဲ့အထိ ဖြစ်နိုင်တဲ့အတွက်) သတိတော့ ထားရမှာ ဖြစ်ကြောင်းသာ ဖြေဆိုပါရစေ။
၉။ ယခုလက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် အဓိက သိမ်းသွင်းစည်းရုံးနိုင်သူဟာ သံဃာတော်များလို့ မြင်ပါတယ်ဘုရား။ ဆရာတော်များ၏ အမြင်ကို မိန့်တော်မူပေးပါဘုရား။
- စိုးမိုး
ဖြေ။ ဦးဇင်းရဲ့ တစ်ဦးတစ်ယောက် အမြင်အရတော့ ဒီအဆိုကို အပြည့်အ၀ မထောက်ခံပါ၊ အကြောင်းကတော့ သံဃာတော်တွေထဲမှာလည်း အချို့က န-အ-ဖ အလိုကျ ကျင့်သုံးပြီး ဗုဒ္ဓအလိုကျ မဟုတ်ဘဲ ပြည်သူ့ဆန္ဒကို လျစ်လျူရှုထားတဲ့ သံဃာတော်တွေ ရှိနေပါတယ်။ အဲဒီသံဃာတွေဟာ အနည်းစုဆိုပေမယ့် လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတော်တော်များများကို သူတို့ပဲ ရယူထားပါတယ်။ ဒီတော့ သံဃာကလည်း သံဃာ့ဘက်၊ ပြည်သူကလည်း ပြည်သူ့ဘက်၊ စစ်သား တွေကလည်း စစ်သားအသိုင်းအ၀န်းဘက်ထဲ ဆိုင်ရာ ဆိုင်ရာ ဘက်တွေမှာ အမှန်ကို သိမြင်ကြပြီး ကိုယ်စီ မိမိသားစုမှသည် အများအတွက် တာဝန်သိ တာဝန်ရှိပြီး ပြုလုပ်သွားကြဖို့ အရေးကြီးပါတယ်။ နိုင်ငံအတွက် ကြိုးစားကြဖို့လိုပါတယ်။
၁၀။ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရမည့်ဘေးမှ ထွက်ပြေး ပုန်းအောင်း တိမ်းရှောင် နေရသော ရဟန်းတော်များသည် ရုပ်ဖျက်ခြင်းအလို့ငှာ လူဝတ်များကို လဲလှယ်ဝတ်ဆင်ရမည် ဖြစ်ပါသည်၊ နေ့လွဲညစာများကိုလည်း အမြဲတစေ စောင့်ထိန်းနိုင်မည် မဟုတ်ပါ။ ထိုအချက်များကို လူတွေ သံသယရှင်းအောင် ဖြေရှင်းပေးပါဘုရား။
ဖြေ။ ရုပ်ဖျက်ဖို့ လူဝတ်လဲရတဲ့ ရဟန်းတွေဟာ မည်သို့မျှ ရဟန်းဘ၀က လျောကျ မသွားပါ။ ရဟန်းဘ၀မှ လူ့ဘ၀ ပြောင်းလဲတဲ့သူဟာ လုံးဝ မကျူးလွန်ရ၊ ကျူးလွန်က လူဖြစ်သွားတဲ့ ပါရာဇိက (၄) ပါးထဲက ၀ိနည်းစည်းကမ်းတစ်ပါးပါးကို ဖောက်ဖျက်သူ၊ လူတကယ် ထွက်ချင်လို့ သိက္ခာချတဲ့သူမှ လူတကယ် ဖြစ်တာပါ။ အခြေအနေတစ်ခုအရ ဟန်ဆောင်လိုက်ရတာဟာ လူဖြစ်
မသွားပါဘူး။
နေ့လွဲညစာ စားတယ်ဆိုတာလည်း လူတွေအမြင်အရ အပြစ် (အာပတ်) ကြီးသည်ဟု ထင်နေကြတာပါ။ တကယ့် ၀ိနည်းစည်းကမ်းအရ ရဟန်းတစ်ပါးပါးအထံမှာ ဒီအပြစ် ကျူးလွန် မိပါကြောင်း နောင် စောင့်ထိန်းပါမည်ဟု ပြောဆိုဝန်ခံလိုက်တဲ့အခါ အပြစ် (အာပတ်) ပြေပျောက်သွားပါတယ်။
ဒီနေရာမှာ အထူးမှတ်ရမှာက မဂွဗြဟ္မစရိယအန္တရာယ် (ဈာန်မဂ်ဖိုလ်အန္တရာယ်၊ ရဟန်းဘ၀အန္တရာယ်)တွေ ပေါ်လာရင်အဲဒီအန္တရာယ်တွေက လွတ်ဖို့ လုပ်ရတာဆိုရင် အပြစ်လုံးဝ မဖြစ်နိုင်ပါဟု မှတ်ပါ။
၁၁။ သားသုံးသား ဟောကြားပြီး စစ်အစိုးရကို အကြံပေးသော ဘုန်းကြီးသည် သံဃာအဖြစ် ဆက်လက် ဖြစ်ပါသလား။
ဖြေ။ လုံးဝ ဘုန်းကြီးသံဃာ မဟုတ်တော့ဘူးလို့ မှတ်ယူနိုင်မယ် ထင်ပါတယ်။ ရဟန်းတော်များ
ကျူးလွန်ရင် လူဖြစ်တဲ့ အပြစ်တွေထဲမှာ နံပါတ်(၃)အပြစ်က လူသတ်မှုပါ။ လူသတ်မှုကို ကိုယ်တိုင် ကာယကံမြောက် ကျူးလွန်ခြင်း (သို့) သူတစ်ပါးကို ကျူးလွန်ဖို့ရန် တိုက်တွန်း စေခိုင်းပြီး အခိုင်းခံရသူကလည်း ကာယကံမြောက် ကျူးလွန်ခြင်း အဖြစ်ရောက်သည်နှင့် တပြိုင်နက် ထိုရဟန်းမှာ လူ့အဖြစ် ရောက်သွားပါတယ်၊ ထို့ကြောင့် ထိုအသံဖိုင်ပိုင်ရှင် ဘုန်းကြီးသည် ရဟန်းသံဃာ လုံးဝ မဟုတ်နိုင်တော့ပါ။ အောက်ပါ မှတ်ချက်ကို http://www.lanka-msma.co.cc မှ ကူးယူဖော်ပြပါသည်။
(ဘုရားပေးသောဆွမ်း စသည့်ပစ္စည်းလေးပါးကို စားသုံးပြီး ထိုဆရာတော်သည် သံဃာကို သတ်ဖြတ်ရန် မိန့်ကြားခဲ့၏။ သံဃာတော်များကို သံဃာအတုဟုလည်း စွပ်စွဲခဲ့၏။ အလွန်ပင် အံ့သြစရာကောင်းပေစွာတကား။
ထိုသို့ သံဃာတော်များကို သတ်ဖြတ်စေခြင်း၊ စွပ်စွဲခြင်းကို ပြုလုပ်သော ထိုပုဂ္ဂိုလ်သည် သံဃာအစစ် ဟုတ်၏လောဟု စဉ်းစားဖွယ်ပင် ဖြစ်၏။
တတိယပါရာဇိကအရလည်း အာဏတ္တိက=စေခိုင်းခြင်း၊ သတ်ဖို့ရန်အတွက် စေခိုင်းခြင်းကြောင့် ပါရာဇိကကျကြောင်း ၀ိနည်းဒေသနာတော်၌ ဘုရားရှင် ဟောကြားထား၏။ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သံဃာသည် လူ့အသက်ကို သတ်ရန်စေခိုင်းလျှင် ပါရာဇိကကျ၏။ အယုတ်ဆုံးအားဖြင့် ကိုယ်ဝန်ကျဆေးပေးလျှင်ပင် ပါရာဇိကကျ၏။ ပါရာဇိကကျခြင်း ဟူသည်မှာ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ကံပြုခြင်း အခွင့်ထူးကို မရတော့ပေ။ ရဟန်းမဟုတ်တော့ပေ။ လူသာဖြစ်၏။ သင်္ကန်းဝတ်ထားသော်လည်း သင်္ကန်းအရေခြုံထားသော လူသာဖြစ်၏။ သာသနာတော်တွင် ပါရာဇိကသည် အရေးကြီးဆုံးဖြစ်၏။ ပါရာဇိကကျလျှင် သာသနာတော်အတွင်း ရဟန်းအဖြစ် နေခွင့်မရှိတော့ပေ။ ထို့ကြောင့် သံဃာတစ်ပါးဖြစ်လျက် သံဃာတော်များကို သတ်ရန် မင်းလိုလိုက် မင်းကြိုက်ဆောင် သာသနာဖျက် သြ၀ါဒကထာကို မိန့်ကြားခဲ့သော ထိုဆရာတော်သည် စဉ်းစားစရာဖြစ်၏။ အသင်စာဖတ်သူသည်လည်း မည်ကဲ့သို့ ဆုံးဖြတ်ချက်ပေးမည်နည်း။)
(အသိပေးပန်ကြားချက်) အထူးသတိပေးလိုသည်မှာ တကယ့်အစစ်အမှန် အသံဖိုင်ပိုင်ရှင်ဟု မသေချာပါက ၀ိနည်းတော်အရပဲအဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ် အပြစ်တင် မစောစေလိုပါ။ တကယ်စစ်မှန်ပါကလည်း သူ့ထိုက်နှင့် သူ့ကံ သွားပါလိမ့်မည်။ မိမိတို့ ပစ်မှတ်မှာ ဦးသန်းရွှေလည်း မဟုတ်၊ ကြခတ်ဝိုင်းဆရာတော်လည်း မဟုတ်ပါ။ မြန်မာပြည် ဒီမိုကရေစီရရှိရေးသာ ဖြစ်သည်ကို သတိပြုမိဖို့ လိုပါသည်။
၁၂။ တပြည့်တော်တို့ ငယ်စဉ်ကတည်းက သိခဲ့ရတဲ့ သိကြားမင်းဆိုတာ တကယ်ပဲ ရှိပါရဲ့လား ဘုရား။ ဘာ့ကြောင့် သာသနာတော်ကို စောင့်ရှောက်လျက်ရှိတဲ့ ဘုန်းဘုန်းတွေ ဒုနဲ့ ဒေး ဒုက္ခရောက်နေတာလဲဘုရား။
ဖြေ။ သိကြာမင်းကတော့ တကယ်ရှိခဲ့ပါတယ်။ တစ်ခါက အင်းဝနေပြည်တော်မှာ ရဟန်းသံဃာ များစွာကို စာပေပို့ချနေတဲ့ ဆရာတော်တစ်ပါး ရှိပါတယ်။ အဲဒီဆရာတော်က မည်မျှပင် လာဘ် လာဘ မရရှိဘဲ နေပါစေ စာပေပို့ချမှု သာသနာ့တာဝန်ကို မပျက်ခဲ့ပါဘူး။ ဒါပေမယ့် အင်းဝမင်းက ဘာစာပေမှ မပို့ချပဲ နေတဲ့ ဆရာတော်တစ်ပါးကိုသာ ပစ္စည်းလေးပါး လှူဒါန်းလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ စာပေပို့နေတဲ့ ဆရာတော်က ညသန်းခေါင်ယံ ထပြီး တုံးမောင်းတွေ အဆက်မပြတ် ထုခတ်ပါတော့တယ်။ မင်းချင်းတွေက လာပြီး ဘာ့ကြောင့် တုံးမောင်းထုခတ်ရတာလဲလို့ မေးလျှောက်တဲ့အခါ သိကြားမင်း သေသွားလို့ ထုခတ်တာ ဖြစ်ကြောင်း မိန့်လိုက်ပါတယ်။ သိကြားမင်း သေတာ ဘယ်လိုလုပ် သိသလဲလို့ ထပ်မေးလျှောက်တဲ့အခါ သိကြားမင်းက သာသနာကို ဘုရားရှင် မရှိတဲ့နောက်ပိုင်း စောင့်ရှောက်လေ့ရှိတယ်လို့ ဆိုပါတယ။ အခု စာပေပို့ချ သင်ယူနေတဲ့ ရဟန်းသံဃာတွေ ဆင်းရဲနေတာကို မြင်လျက်နဲ့ မစောင့်ရှောက်တာဟာ သိကြားမင်း သေသွားလို့ပဲ မဟုတ်လားလို့ ပြန်မိန့်တော်မူသတဲ့။
အခုလဲ မြန်မာပြည်မှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ် နေတာတွေကို သိကြားမင်းအနေနဲ့ မပိတ်ပင် မကူညီတာကို ထောက်ရင် ဦးဇင်းအထင် သိကြားမင်း သေသွားပြီလို့ ယူဆပါတယ်။
၁၃။ သံဃာဂိုဏ်းခွဲရင် ဘယ်လိုဒဏ်တွေ ခံရပါသလဲ။
ဖြေ။ သံဃာဂိုဏ်းခွဲရင် ပဉ္စာနန္တရိယကံထဲ ပါဝင်တာမို့ ပဉ္စာနန္တရိယကံအတိုင်း နောက်ဘ၀ကျရင် မဖြစ်မနေ ဧကန်မုချ ဆိုးကျိုးခံစားရမှာပါ။ သံဃာသင်းခွဲမှုဆိုတာ ရဟန်းသံဃာတော်များ တစ်သိမ်တည်းမှာ ကံကြီးကံငယ် တစ်ပြိုင်နက် ခွဲခြားပြုမှ သံဃဘေဒကကံဖြစ်တာပါ။ သံဃာတော်များအား ကွဲစေရန် အားထုတ်မှုကြောင့် သံဃဘေဒကကံနီးပါး အပြစ်ကြီးပါတယ်။ မေးခွန်းကို ကြည့်ဖြေရရင် သံဃဘေဒကကံရဲ့ အပြစ်က အ၀ီစိငရဲမှာ အ၀ီစိငရဲ သက်တမ်းနဲ့အည်ီ (အာယုကပ်ပတ်လုံး) ခံစားရပါတယ်။ ပဉ္စာနန္တရိယ ကံငါးပါးမှာ သံဃဘေဒကကံက အပြစ်အကြီးဆုံး ဖြစ်ကြောင်းပါ။ (စာကိုး=သဂြိုဟ်ဘာသာဋီကာ)
၁၄။ ဓား ဓားချင်း၊ လှံ လှံချင်း တုံ့ပြန်ရမည်၊ အပြတ်ရှင်းရမည်ဆိုသော ကြခတ်ဝိုင်း ဘုန်းကြီးသည် အဘိဓဇမဟာရဋ္ဌဘွဲ့တော်နှင့် ထိုက်တန်ပါသလား၊ အ၀ီစိသို့ ကျနိုင်ပါသလား။
- သန်းစိန်
ဖြေ။ ကြခတ်ဝိုင်းဘုန်းကြီးသည် ထိုအသံဖိုင်ပိုင်ရှင် အမှန်တကယ် စစ်မှန်ပါက အဘိဓဇမဟာရဋ္ဌ ဘွဲ့နှင့် မထိုက်တန်ပါ၊ န-အ-ဖ က ပေးသော ဘွဲ့ဖြစ်၍ အဘိဓဇ န-အ-ဖ ဂုရုဘွဲ့နှင့်သာ ထိုက်တန်ပါသည်၊ အ၀ီစိသို့ ဧကန်မုချ ကျ၊ မကျကား ၄င်းဘုန်းကြီး၏ အကုသိုလ်ကံ အကြီးအသေးက အဆုံး အဖြတ်ပေးပါလိမ့်မည်။
၁၅။ မြန်မာနိုင်ငံတွင် သာသနာရေးဝန်ကြီးဌာန ဘာဖြစ်လို့ ထားရသလဲ။
- Diana
ဖြေ။ ဒီမေးခွန်းကိုတော့ ယခုလက်ရှိ သက်ရောက်မှုနဲ့ပဲ ဖြေပါ့မယ်။ သာသနာရေးအမှုအခင်းတွေ ဖြစ်ပေါ်လာရင် ဝေစုရအောင် ခွဲတမ်းချယူမယ်၊ ပြည်ပဘုရားဖူး စီးပွားရေးလုပ်မယ်၊ နိုင်ငံရပ်ခြား ဗုဒ္ဓဘာသားတွေက လှူတာကို မောင်ပိုင်စီးလုပ်မယ်။ (စကားမစပ်- ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံတုန်းက ဂျပန်က လှူထားတဲ့ ကားတွေတောင် ဘယ်ရောက်ကုန်မှန်းမသိ၊ သာသနာရေး ၀န်ကြီးဌာနတွင် မရှိတော့ပါ) တန်ခိုးကြီးဘုရားတွေရဲ့ ဌာပနာတွေဖောက်ပြီး သိမ်းဆည်းမယ်။ ပြည်သူတွေကို ဘာသာရေးပွဲတွေ ဗန်းပြပြီး အလှူခံစားမယ်။ အခြားမွတ်စလင်၊ခရစ်ယာန်စတဲ့ ဘာသာတွေဆီက ပေးလာတဲ့ လာဘ်ထိုးမှုတွေကို လက်ခံပြီး ကိုယ့်မိသားစု ချမ်းသာရေး လုပ်မယ်။ လွတ်လပ်ရေးနေ့တွေမှာ နှစ်စဉ်ကပ်တဲ့ သာသနာတော်ဆိုင်ရာ ဘွဲ့တွေအတွက် ဘွဲ့လိုချင်တဲ့ ရဟန်းတွေ လူတွေဆီက ဘယ်ဘွဲ့ ဘယ်နှစ်သိန်းပေးဆိုပြီး တောင်းမယ်။ အချုပ်ပြောရရင်တော့ အံ့မောင်ခေါင်းဆောင်တဲ့ န-အ-ဖ အလိုတော်ရိတွေအတွက် စားကျက် သက်သက်အဖြစ် ဖန်တီးပေးထားကြောင်းပါပဲ။
၁၆။ ဘုန်းကြီးဖြစ်ပြီး သီလမပေး အမျှ မပေးတဲ့ ဘုန်းကြီးကို ဘယ်လိုသတ်မှတ်ရမလဲဘုရား။
ဖြေ။ ဒီမေးခွန်းဟာ ဟို... ကိစ္စကိုရည်ရွယ်ပြီး မေးတာထင်ပါတယ်။ ပေးတယ်ဆိုတာ ကိုယ့်ဆီမှာ ရှိမှ ပေးလို့ရမှာပေါ့။ သီလဆိုတာ ပေးလို့ရတဲ့ အရာ မဟုတ်ပါ။ ကုသိုလ်စိတ်၊ တာဝန်သိစိတ် ရှိရင်တော့ ဒကာ၊ ဒကာမတွေ လျှောက်ထားတောင်းဆိုလျှင် ဗုဒ္ဓဘာသာဝင်ထုံးစံအတိုင်း ပြန်လည် ချီးမြောက်သင့်ပါတယ်။ အခုကိစ္စကတော မြန်မာ့အရေး မျိုးချစ်စိတ်ဓာတ်နှင့် ပတ်သက်နေတော့ န-အ-ဖ အလိုရိဆိုလျှင် ပြည်သူ့မျက်နှာ ကြည့်ချင်မှ ကြည့်မှာပေါ့။ မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေတာကတော့ ဒကာ၊ ဒကာမတွေ လှူတာကို ခံယူပြီး ပြန်လည် ချီးမြှောက်သင့်တဲ့ ဗုဒ္ဓစကားမိန့်မှာချက်ကို တာဝန်မကျေဘူးလို့ဘဲ သတ်မှတ် ရပါလိမ့်မယ်။ တာဝန်မကျေရင်တော့ ကြာရင် အကြွေးထူပြီး ကြွေးယူစားသုံးသူ တစ်ယောက် ဖြစ်နေမှာပါပဲ။
၁၇။ မြန်မာပြည်မှာ န-အ-ဖ ကြောင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားနိုင်ပါသလားဘုရား၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်ပါသလဲ။
ဖြေ။ သာသနံ နာမ ရာဇပဓာနံ လို့ဆိုထားတာမို့ န-အ-ဖ ကြောင့် ကွယ်ပျောက်သွားနိုင်ပါတယ်။ လုပ်သင့်တာတော့ န-အ-ဖဟာ သာသနာကို လိုသလို ခုတုံးလုပ် အသုံးချနေတာမို့ သူတို့ကို အပြုတ်ဖြုတ်ပြီး တိုင်းပြည်နဲ့ သာသနာကို တိုးတက်တည်ငြိမ်အောင် လုပ်ကြဖို့ လိုပါတယ်။ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ တောင်ကိုရီယားစတဲ့ နိုင်ငံတွေဟာ အရင်က ဗုဒ္ဓဘာသာဖြစ်ပေမယ့် မင်း အပြောင်းလဲတွေကြောင့် အခုဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်ခဲ့ရပါပြီ။ ဒီသာဓကတွေကို သင်္ခန်းစာယူပြီး ဗုဒ္ဓဘာသာအရေခြုံပြီး လုပ်စားနေတာကို တိုက်ဖျက်ပြီး ဘာသာသာသနာ၊ နိုင်ငံကို ကာကွယ်ဖို့ လိုပါတယ်။ တောင်မြို့ဆရာတော်ကြီး မိန့်တော်မူခဲ့တဲံ့ သံကိုဖျက်တာ သံချေး၊ ဘာသာကို ဖျက်တာ ဗုဒ္ဓဘာသာ ၀င်နာမည်ခံ န-အ-ဖ လူတွေနဲ့ မင်းဆရာတွေပါပဲလို့ ပြောရပါတော့မယ်။
၁၈။ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ အမြင်မှန်ရအောင် မည်သို့ ကြိုးပမ်းသင့်ပါသလဲ။
ဖြေ။ ဒီပြဿနာက အရေးကြီးပါတယ်။ မ-ဟ-န အဖွဲ့အစည်းဟာ ဗုဒ္ဓသာသနာနဲ့ သံဃာတွေအတွက် ဖွဲ့ထားတာဖြစ်ပေမယ့် န-အ-ဖအတွက် ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့က ဓမ္မစက်ကို အလွဲသုံးစား သုံးပြီး န-အ-ဖ က အာဏာစက်သုံးနေကြတာမို့ ၀မ်းတူးရိုက်နေကြတဲ့ အခြေအနေပါ။ အဲဒီ မ-ဟ-န နဲ့ န-အ-ဖ အကြားက ကွင်းဆက်ကို ဖျက်ဖို့ မ-ဟ-န ဆရာတော်ကြီးတွေဟာ အမြင်ကျယ်ဖို့၊ အမြင်ကျယ်သလို လာဘ်လာဘနောက် မလိုက်ဘဲ ရဟန်းရှင်လူပြည်သူတွေ ကိုးစားရတဲ့ ဆရာတော်တွေ ဖြစ်ဖို့၊ ပေါ်ဖို့ လိုပါတယ်။
၁၉။ နိုင်ငံ့အကြီးအကဲများ ကိုးကွယ်သော သာသနာရေးမှ ဆရာတော်ကြီးများနှင့် ပြည်သူများ (သာမန်လူတန်းစားများက) ကိုးကွယ်သော သံဃာတော်များ၏ နိုင်ငံချစ်စိတ၊ လူမျိုးချစ်စိတ် ဆိုသည့် စိတ်ဓာတ် တူညီမှု ရှိပါသလား။ (မည်သို့ ကွာဟပါသနည်း)
ဖြေ။ မျိုးချစ်စိတ်ကတော့ သိပ်မထူးပါ၊ ဒါပေမယ့် အစိုးရကိုးကွယ်သော ဆရာတော်ကြီးများတွင် အများစုမှာ နီးရာဓား ကြောက်နေကြပုံပါ။ နောက်တစ်ခုက ပုထုဇဉ်အမိုက်သားတွေပီပီ ရာထူး၊ လာဘ်လာဘများကို မစွန့်လွှတ်နိုင်မှုကို အခြေခံကြရာမှ အမျိုးသားရေးအတွက်ပါ အနစ်နာ မခံနိုင်တဲ့အဖြစ်ကို ရောက်နေကြပုံ ပေါ်ပါတယ်။ အများအကျိုးဆောင်ရွက်မှု ဆိုသည်မှာ စွန့်လွှတ် အနစ်နာခံရဲသည့် အာဇာနည်စိတ်ရှိသူများသာ ဆောင်ရွက်နိုင်ပါတယ်။
၂၀။ အရှင်ဘုရား မည်သည့်အတွက်ကြောင့် ပြည်တွင်းမှာရှိသော သံဃာ့ဆရာတော်ကြီး အချို့မှာ န-အ-ဖ က ဆက်ကပ်လှူဒါန်းသော လှူဖွယ်ပစည်းများကို လက်ခံနေပါသလဲ။ ဒီလို လက်ခံခြင်းအားဖြင့် ပတ္တ္တနိကုဇ္ဇနကံဆောင်ခြင်းကို ဘယ်လို ထိခိုက်နိုင်ပါသလဲ၊ သံဃာသင်းခွဲခြင်းကို ခွင့်ပြုသလို ဖြစ်နေပါသလား။ တပည့်တော် နားလည်သလောက် သပိတ်မှောက် ကံဆောင်တာဟာ လမ်းပေါ်ထွက် ဆန္ဒပြစရာ မလိုပဲ ပြုလုပ် လို့ရတာမို့ ဒီဆရာတော်ကြီးတွေဟာ အဖမ်းခံရ အချုပ်ခံရမှာလည်း ကြောက်စရာ မလိုဘူးလို့ ယူဆပါတယ်။ လက်ခံတဲ့ သံဃာဟာ အပြစ်ရှိပါသလား။
ဖြေ။ မည်သည့်အတွက်ကြောင့် လက်ခံနေမှန်း အတိအကျ မသိပါ။ နီးရာ ဓားဆိုတာထက် နီးရာသေနတ် ကြောက်နေပုံရပါသည်။ ပတ္တ္တနိကုဇ္ဇနကံကို မထိခိုက်နိုင်ဟု ထင်ပါတယ်။ (မထိခိုက်နိုင်ဆိုသည်မှာ ဗုဒ္ဓ၏ အာဏာစက်ကို မည်သို့မျှ မထိခိုက်ခြင်း၊ ပတ္တ္တနိကုဇ္ဇနကံ မပျက်ခြင်းကို ဆိုလိုပါသည်။) သို့သော် လူမိုက်အားပေးတော့ ဖြစ်ပါတယ်။ သူတို့ကို သူတို့ သံဃာဟု လက်ခံလျှင်၊ သံဃာ့ဆန္ဒ ဘုရားတောင် မလွန်ဆန်ခဲ့တာကို သိလျှင် အလှူမခံသင့်ဟု ယူဆပါတယ်။ လက်ခံတဲ့ သံဃာဟာ အပြစ်ရှိပါတယ်။ အနည်းဆုံး ဈာန်မဂ်ဖိုလ် ရကြောင်းကို ထိခိုက်စေနိုင်တဲ့ အာပါတ်(ဒုက္ကဋ်)မှသည် သံဃာအများစုရဲ့ ငြိုငြင်မှုကို ခံရပါတယ်။
၂၁။ ကြခတ်ဝိုင်းဆရာတော် ရွှေကျင်ဂိုဏ်းဆရာတော် အစရှိသည့် န-အ-ဖ သံဃာတော်များကို စိတ်ထဲမှ ပစ်မှားမိပါသည်၊ ငရဲကြီးနိုင်ပါသလားခင်ဗျား။
ဖြေ။ ပြစ်မှားတယ်ဆိုကတည်းက အကုသိုလ်မို့ ကိုယ့်မှာ နေရင်ထိုင်ရင်း မစားရ မသောက်ရ အကုသိုလ် ဖြစ်နေကြရပါတယ်။ ကိုယ်က စဉ်းစားရမှာက သူတို့ကို ပြစ်မှားလိုက်ရလို့ ကိုယ့်မှာအရှုံးပေါ်သွားရင် မတန်ပါဘူး။ တကယ်လို့ အသံဖိုင်ပိုင်ရှင် အစစ်မှန်ဟာ ကြခတ်ဆရာတော် မဟုတ်ခဲ့ရင် ကိုယ့်အတွက် အများကြီး နစ်နာပါတယ်။ စစ်မှန်တယ်ဆိုရင်လည်း သင်္ခန်းစာယူပြီး ရှေ့ဆက် နိုင်ငံအတွက် ဘယ်လိုလုပ်ကြမလဲလို့ ဆိုတာကိုပဲ အလေးထားစဉ်းစားကြရင် ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ နောက်လည်း ဒီလိုလူတွေ ပေါ်လာဦးမှာဆိုတော့ နောက်တစ်ခါ တော်လှန်ရေးမှာ ကိုယ့်ဘက်က ဟာကွက်မရှိ ပြင်ဆင်နိုင်တာပေါ့။
ငရဲကြီး၊ မကြီးကတော့ ကိုယ်ပြစ်မှားမိသူက သီလပြည့်စုံသူဖြစ်ရင် အပြစ်ဖြစ်နိုင်တာမို့ တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး ရှေ့ဆက်ဘာဆက်လုပ် မလဲဆိုတာပဲ တွေးစေလိုပါတယ်။
(မူလရွှေကျင်ဂိုဏ်းဆရာတော်သည် မင်းတုန်းမင်းလက်ထက်က ဖြစ်ပွားခဲ့သည့် မင်းသားငယ်များ တော်လှန်သည့်အရေးတွင် သံဃာတော်အချို့ ဖမ်းဆီးခံရသည့် အရေးအတွက် သံဃာတော်များဘက်မှ ကာကွယ်စောင့်ရှောက်ပြီး မင်းတရားကြီး အပါယ်မလားရေးကို လမ်းညွှန်ဆုံးမခဲ့သလို ဆရာ့ခြေရာကို ဆရာကောင်းတပည့်ပီပီ ရဲဝံ့စွာကျင့်သုံးသင့်ပါသည်။)
၂၂။ အကြောက်တရားများကို ချေဖျက်ဖို့ ဗုဒ္ဓကျမ်းဂန်တွေထဲမှာ ပါတဲ့ ဗုဒ္ဓဟောပြောချက်များ သဘောတရားများကို Detail သိချင်ပါတယ်။
- ရဲထက်
ဖြေ။ အကြောက်တရားဆိုတာ ပါဠိလို ဒေါသအကုသိုလ်စေတသိက်ရဲ့ သဘောသင်္ကေတပါပဲ။ ဒီဒေါသကို ချေဖျက်နိုင်စွမ်းသူဟာ အာသဝေါကုန်းခန်းတဲ့ ရဟန္တာနဲ့ အနာဂါမ်အရိယာတွေသာ ရှိတာပါ။ အကြောက်တရား ချေဖျက်နိုင်တဲ့တရား ဆိုရင်တော့ ၀ိပဿနာပွားနေကြရုံပါ။ ဒကာရဲထက် မေးတာက မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လောကီအရေးအနေနဲ့ မေးတာမို့ ဦးဇင်း အမြင်အရ အကြောက်တရားပြေစေတဲ့ စကားတစ်ခွန်ကို ပြောရရင် သဒ္ဓါယ တရတို ဩဃံ = ယုံကြည်မှုနဲ့ အခက်အခဲ သံသရာဝဲဩဃကို ကျော်လွှားနိုင်တယ် (သံယုတ်ပါဠိ)ဆိုတဲ့ အဆိုအမိန့်ရှိပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူခဲ့တာပါ။
ယုံကြည်မှုရှိတဲ့သူဟာ ဘယ်အလုပ်ပဲ လုပ်လုပ် တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ရှေ့ကိုသာ ရောက်အောင်လျှောက်မြဲပါ။ ပြီးတော့ သူ့အလုပ် မအောင်မြင်ဘူး ဆိုရင်လည်း တစ်ကြိမ် တစ်ခါတည်းနဲ့ စိတ်ဓာတ်ကျမသွားပါဘူး။ အလောင်းတော်သုမေဓာရဲ့ ဘုရားဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု၊ သမ္မတလင်ကွန်းရဲ့ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရမှုတွေကို နင်းတက်ပြီး သမ္မတရာထူး ရယူခဲ့နိုင်တဲ့ ယုံကြည်မှု၊ မဟတ္တမဂန္ဓီရဲ့ ယုံကြည်မှု၊ မာသာထရီဇာရဲ့ ယုံကြည်မှုမှသည် နောက်ဆုံး ဟစ်တလာရဲ့ ယုံကြည်မှုထိ အားလုံးသော ယုံကြည်မှုတွေဟာ အကြောက်တရားကို အနည်းနဲ့အများ အကာအကွယ် ပေးသွားတာပါပဲ။ ကိုယ့်ယုံကြည်မှုကို ဘယ်အဆောက်အဦမှာ တည်ဆောက်ထားတာလဲ။ ဒါပဲ အရေးကြီးပါတယ်။ တော်သင့်မှန်ကန်တဲ့ အပေါ်မှာ တည်ဆောက်ထားရင် သမ္မတလင်ကွန်းလို ဗိုလ်ချုပ်အောင်ဆန်းတို့လို နာမည်ကောင်း ကျန်ခဲ့မှာ ဖြစ်သလို၊ မမှန်ကန်တဲ့ အပေါ်မှာ တည်ဆောက်ထားရင်တော့ ဟစ်တလာလို ပိုပေါ့စ်လို ဘင်လာဒင်လို န-အ-ဖ လို နာမည်ဆိုးနဲ့ သမိုင်း ရိုင်း ကျန်ခဲ့ရမှာပေါ့။ တစ်ခုရှိတာက သဒ္ဓါဆိုတဲ့ ယုံကြည်မှုဟာ တော်သင့်မှန်ကန်တဲ့ နေရာမှာ ယုံကြည်မှုဖြစ်မှ သဒ္ဓါတရားလို့ ဆိုလို့ရတာပါ။ န-အ-ဖ တို့၊ ဘင်လာဒင်တို့ အုပ်စုတို့ရဲ့ ယုံကြည်မှုကတော့ သဒ္ဓါမဟုတ်ဘဲ မိစ္ဆာဓိမောက္ခ = မှားမှားယွင်းယွင်း ယုံကြည်သက်ဝင်မှုသာ ဖြစ်ဖွယ်ရှိပါတယ်။ အကြောင်းကတော့ သဒ္ဓါဆိုတာ ကိုယ်စိတ်ရွှင်လန်းတက်ကြွပြီး စိတ်ကို ကြည်လင်စေပါတယ်။ အခု ဦးသန်းရွှေတို့ ခမျာတော့ အတွင်းမှာ ရင်တထိတ်ထိတ်နဲ့ စိတ်ချမ်းသာမှုရမှာ မဟုတ်တာတော့ သေချာပါတယ်။ မောဟ (အမှား အမှန်မသိမှု)၊ ဒိဌိ (မှားယွင်းစွာ ရှုမြင်မှု) တရားတွေ ဦးစီးတဲ့ အကုသိုလ်တရားတွေ ၀န်းရံနေပါတယ်။
ဒီတော့ ဦးဇင်းရဲ့ တစ်ဦးတစ်ယောက်အမြင်အရ ပြောရရင် အကြောက်တရားကို ချေဖျက်နိုင်တဲ့ တစ်ခုတည်းသော တရားဟာ ယုံကြည်မှုပဲ ဖြစ်ပါကြောင်း ဖြေဆိုလိုက်ရပါတယ်။
(ဒီလိုဖြေဆိုလိုက်ရတဲ့ ကုသိုလ်စေတနာကြောင့် မေးသူ၊ ဖြေသူ၊ ပွဲကျင်းပသူ အားလုံး ကြောက်ရွံ့ခြင်း ကင်းဝေးတဲ့ နေရာကို ကြောက်ရွံ့ခြင်း ကင်းဝေးတဲ့သူအဖြစ်နဲ့ အမြန် ရောက်ရှိနိုင်ကြပါစေ)
Posted by
54freedom
at
1:47 PM
0
comments
Sunday, November 25, 2007
မြန်မာ့အရေးဆွေးနွေးပွဲမှ မေးခွန်းနှင့် အဖြေများ
၁၇-၁၁-၂၀၀၇ နေ့က Excelsior Hotel ၌ ကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲသို့
တက်ရောက် လာကြသောမျိုးချစ်မြန်မာများက မေးမြန်းသောမေးခွန်းများကို တာဝန်ရှိသူများက
ပြန်လည်ဖြေကြား ထားခြင်းဖြစ်ပါသည်။
ဘာသာရေးဆိုင်ရာမေးခွန်းများကို ဆရာတော်များ က ဖြေကြား ထားခြင်းကို
မကြာခင်မှာဆက်လက်ဖော် ပြသွားမှာဖြစ်ပါသည်။
မေး။ စစ်အစိုးရက သူတို̥ရဲ̥ စွမ်းအားရှင်များအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုကြေးငွေ ပေးသလို ပြီးခဲ့သောဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ( သို̥ ) ကျဆုံးသွားခဲ့သော သူတို̥အား OBP မှ ဂုဏ်ထူးဆောင် လက်မှတ် ပေးသင့်ပါသလား။ OBP မှ ပေးဖို̥ အစီအစဉ်ရှိပါသလား။
ဖြေ။ မြန်မာပြည်သူတွေရဲ̥ ကောင်းကျိုးကို လိုလားပြီး မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လှုပ်ရှားခဲ့တဲ့ သူတွေဟာ အဲ့ဒီ ဂုဏ်ထူးဆောင်လက်မှတ်တွေ၊ ဆုကြေးငွေတွေကို စွမ်းအားရှင်တွေလို၊ ကြံ̥ဖွတ်တွေလို မျှော်မှန်းပြီး လုပ်ခဲ့ကြတာ မဟုတ်သလို OBP အနေနဲ̥ကလည်း သူတို̥စွန်̥လွှတ် အနစ်နာခံခဲ့တာနဲ̥ ယှဉ်ရင် ဘာမှမပြောပလောက်သေးပါဘူး။ ဒါ့ကြောင့် ဂုဏ်ထူးဆောင်လက်မှတ် ပေးဖို̥ ရည်ရွယ်ခဲ့ရင်လည်း OBP မှ ပေးမယ့်အစား ပေးဖို̥ သင့်တော်မည့် အဖွဲ̥အစည်းတစ်ခုခု၊ ဥပမာ - NLD လို အဖွဲ̥အစည်းမျိုးကို တောင်းဆိုပေးဖို̥̥ ဆုံးဖြတ်ထားပါတယ်။
မေး။ တွေ̥ဆုံဆွေးနွေး အဖြေရှာရေး လမ်းဆုံးလျှင် ဘာလုပ်ကြမလဲ။ မိမိဆန္ဒထုတ်ဖော်ရန် အကြောက်တရား အလွန်အကျွံ ကြီးစိုးနေသော ပြည်သူများ ( ပြည်တွင်း )၊ ပြည်ပ - အထူးသဖြင့် စင်္ကာပူအပါအ၀င် ( ကျွန်မတို့ ရောက်ရှိနေသော ) ပြည်သူများအား ဘယ်လိုအားပေး စည်းရုံး သင့်ပါသလဲ။
ဖြေ။ န-အ-ဖ လို စစ်အစိုးရကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ လုပ်လို့ မရပါဘူး။ တစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ မကြောက်မရွံ̥ စည်းလုံးညီညွတ်စွာ မိမိတို့ရဲ̥ ပန်းတိုင် မရောက်မချင်း ဇွဲရှိဖို့ လိုအပ်ပါတယ်။
အကြောက်တရား အလွန်အကျွံ ကြီးစိုးနေသော ပြည်သူများကိုတော့ ကျွန်တော့်မိတ်ဆွေ သူဖတ်ခဲ့ရတာကို ပြန်ပြောခဲ့တဲ့ “ကျွန်တော်တို့ရဲ̥ နောင်မျိုးဆက်သစ်တွေ မျက်ရည်မကျဖို့ ကျွန်တော်တို့ရဲ̥ သွေးတွေ ချောင်းစီးသွားပါစေ စတေးပစ်ချင်ပါတယ်” ဆိုတဲ့ စာကြောင်းတစ်ကြောင်း ကို အခြေခံပြီး စဉ်းစားစေချင်ပါတယ်။ လူတိုင်း ကြောက်တတ်ပါတယ်၊ ဒါပေမယ့် ကြောက်သင့်တာနဲ့ မကြောက်သင့်တာကိုတော့ မှန်ကန်စွာ ခွဲခြားနားလည်ဖို့ လိုအပ်ပါတယ။် ကိုယ့်ရဲ̥ မျိုးဆက်သစ်တွေအတွက် အကောင်းဆုံး ဘာတွေလုပ်ပေးကြမလဲ၊ ရဲဝင့်ဂုဏ်ယူစွာ ဘ၀ကို အဆုံးသတ်သွားကြမလား၊ ကြောက်ရွံ̥ အားငယ် သိမ်ငယ်စွာ ဘ၀ကို အဆုံးသတ်သွားကြမလား။
ရဲဝင့်ဂုဏ်ယူစွာ နိုင်ငံ့အကျိုးကို အသက်ပေး ထမ်းဆောင်သွားကြတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ရေးထားတဲ့စာတွေ များများဖတ်ကြပါ၊ အနည်းဆုံး ကိုယ်ဘာလုပ်သင့်တယ်ဆိုတဲ့ မှန်ကန်တဲ့ အတွေးအခေါ်တွေ လုပ်ရပ်တွေ သိလာပါလိမ့်မယ်။ ပြီးရင် ကိုယ့်ဘေးနား ၀န်းကျင်မှာရှိတဲ့ လူတွေကို မှန်ကန်စွာ လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။
“စာများများဖတ်ပါ၊ တွေးခေါ်စဉ်းစားကြပါ။ ဘ၀ကို ရဲဝင့်ဂုဏ်ယူစွာ လျှောက်လှမ်းပါ။”
မေး။ တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံတို့၏ ဒီမိုကရေစီ လှုပ်ရှားမှုများ၏ ကွဲပြားခြားနားမှုကို ရှင်းပြစေချင်ပါတယ်။
အဘယ်ကြောင့် မြန်မာနိုင်ငံ၏ လှုပ်ရှားမှုသည် သောင်မတင်ရေမကျ ဖြစ်နေရပါသနည်း။
“လူတိုင်းလူတိုင်းသည် မိမိတို့နှင့် ထိုက်တန်သော အစိုးရကိုသာ ပိုင်ဆိုင်ရမြဲပါ” ဟုဆိုသော
ဂန္တ၀င်မြောက် စကားတစ်ခွန်းသည်
- ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် ဖြစ်ပါသလော။
- ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည် မည်သည့် အစိုးရနှင့် ထိုက်တန်ပါသနည်း။
ကျေးဇူးပြု၍ ရှင်းပြပါခင်ဗျာ။
- တင်နိုင်ထွန်း
ဖြေ။ ကိုတင်နိုင်ထွန်းရဲ̥ အမေးတွေကို ခြုံပြီးဖြေရရင် - ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေမှာ ကြာရှည်စွာ အမြစ်စွဲနေတဲ့ “ငါတို့ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့တည်း လုပ်လို့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး” “ကိုယ့်မိသားစု အဆင်ပြေရင် / ကောင်းစားရင် / အန္တရာယ်ကင်းရင် ပြီးရော” ဆိုတဲ့ အတ္တဆန်တဲ့ ကြောက်စိတ် နဲ့ စိတ်ဓါတ်ကျဆင်းမှု၊ လက်လျှော့မှုတွေက ဖြစ်ပေါ်လာတဲ့ အတွေးအခေါ်၊ စိတ်ဓါတ်တွေကို အဓိက ပြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွေးအခေါ်၊ စိတ်ဓါတ်တွေ လူအများမှာ ရှိနေလို့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ ၄၅နှစ်အကြာမှာ နလံမထူနိုင်အောင် ဖြစ်ခဲ့ရတာကို သင်ခန်းစာ ယူဖို့ အများကြီး လုံလောက်နေပါပြီ။
“လူတိုင်း ကိုယ်စီ ကိုယ်ငှ မိမိ မိသားစု၊ မိမိ မျိုးဆက်သစ် နဲ့ မိမိ လူမျိုးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်မှန်သမျှကို လုပ်ဆောင်မယ်ဆိုတဲ့ အသိစိတ်ဓါတ်ရှိလာပြီဆိုရင်” မြန်မာနိုင်ငံသားများ မျှော်လင့်တောင့်တတဲ့ မိမိတို့နဲ့ ထိုက်တန်တဲ့ အစိုးရကို ရရှိလာမှာပါ။
မေး။ ကျွန်တော့် ဆန္ဒတစ်ခုက မြန်မာပြည်တွင်းမှာ အင်အား လိုလာခဲ့ရင် သွားဖို့ အဖွဲ့၊ ဖွဲ့သင့်ပါတယ်။ အတ္တကြီးတဲ့ မြန်မာလူမျိုးတွေကို စည်းရုံးနိုင်ဖို့ STRATEGY ရှိရင်ပေးပါ။
ဖြေ။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် လက်တွေ့ပိုဆန်ပြီး လုပ်ဖို့ အကောင်းဆုံးက မြန်မာပြည်တွင်းမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို တတ်နိုင်သလောက် ငွေအင်အားနဲ့ ၀ိုင်းဝန်းထောက်ပံ့ကြရင် ပိုသင့်လျှော်မယ်လို့ ထင်မိပါတယ်။
အတ္တကြီးတာ မဟုတ်ပါဘူး၊ အထက်မှာ ပြောခဲ့သလို အတ္တဆန်တဲ့ အကြောက်တရားနဲ့ စိတ်ဓါတ်ကျဆင်းမှုတွေပါရောပြီး လှုံ့ဆော်တဲ့ အခြေအနေတစ်ခု မဖြစ်ပေါ်ခင်မှာ မလှုပ်ရဲအောင် ဖြစ်နေတာပါ။ သူတို့တွေရဲ̥ စိတ်ခံစားမှုတွေကို နားလည်အောင် ကြိုးစားပြီး ပပျောက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမယ့်၊ မိမိကိုမိမိ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကျေပွန်သော၊ တန်ဖိုးရှိသော၊ အရေးပါသောလူ ဖြစ်ချင်လာစေမယ့် အကြောင်းအရာများ အမြဲ ပြောဆိုခြင်း။ ထိုကဲ့သို့သော စိတ်ဓါတ်အင်အားများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးသော သတင်းများ၊ စာပေများကို နည်းမျိုးစုံဖြင့် ဖတ်နိုင်အောင် စီစဉ်ပေးခြင်း စသည်တို့ကို ပြုလုပ်သင့်ပါတယ်။
အခုဆိုရင် မြန်မာပြည်မှာ နိုင်ငံခြား သတင်းများ၊ လှုပ်ရှားမှုများ ပြသသော ဆိုင်များကို
ဆိုင်ဖွင့်ခွင့် လိုင်စင်ကို ရုပ်သိမ်းမည်ဟု ကြေငြာထားတာမို့ မြန်မာပြည်သူတွေ နား၊ မျက်စိ ပိုပြီး
ပိတ်တော့မယ့် အရေးကို တွေးကာ ရင်လေးမိပါတယ်။
မေး။ ပြည်တွင်း ပြည်ပရောက် ပြည်သူများအားလုံး အကြောက်တရားမှ ကင်းလွတ်အောင် ဘာတွေ လုပ်ဆောင်ပေးရမလဲ။
- ကိုထက်အောင် ( ခေတ္တ စင်္ကာပူ )
ဖြေ။ ကျေဇူးပြုပြီး အထက်မှာ ဖြေထားခဲ့တာတွေကို မှီငြမ်းပေးပါ။
မေး။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်ပရှိ အင်အားစုများအနေဖြင့် သက်ဆိုင်ရာ အစိုးရများ၊ အဖွဲ့အစည်းများ မှတစ်ဆင့် ဖိအားပေးရန် လိုအပ်သလို၊ ပြည်တွင်း ဒီမိုကရေစီအင်အားများကို ငွေကြေး အထောက်အကူပြုရန် လိုအပ်သည်ဟု ယူဆပါသည်။ ထိုအရေးအတွက် OBP မှဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ။
ဖြေ။ ဤကဲ့သို့ နားလည်မှုပေးနိုင်သော၊ ထောက်ပံ့ပေးချင်စိတ်ရှိသော မျိုးချစ်မြန်မာများစွာ လိုအပ်နေပါတယ်။ ငွေရေး၊ ကြေးရေးကိစ္စ ဖြစ်နေသည့်အတွက် လုပ်သင့်၊ မလုပ်သင့် ချင့်ချိန် နေရပါတယ်။ လောလောဆယ် စိတ်အားထက်သန်သူ၊ နီးစပ်ရာ စုပေါင်း၍ မြန်မာပြည်သို့ စုံစမ်း ပေးပို့စေချင်ပါတယ်။ လိုအပ်တဲ့ အကူအညီ မှန်သမျှကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် လိုအပ်သော အရေးကိစ္စမှန်သမျှကို အစွန်းကုန် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ SINGAPORE မှာရှိနေတဲ့ န-အ-ဖ ပိုင်ငွေကြေးတွေကို ထိန်းချူပ်မယ့် အစီအစဉ်တွေ ရှိပါသလား။ ASEAN SUMMIT မှာဆွေးနွေးသွားဖို့ ရှိပါသလား။
ဖြေ။ ASEAN SUMMIT မှာမြန်မာပြည်ကို SANCTIONS လုပ်မယ့်အစီအစဉ်ကို ကန့်ကွက် ကြပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ UN နဲ့ EU တို့ကလုပ်ဆောင်နေတဲ့ န-အ-ဖ ပိုင် ငွေကြေးတွေကို ထိန်းချူပ်မယ့် SANCTIONS တွေကို အချိန်တိုတိုအတွင်း အကျိုး သက်ရောက်မှုရှိအောင် ဘာတွေ ပံ့ပိုးကူည်ီရမယ်၊ ပံ့ပိုးသင့်တယ် ဆိုတာကို အလေးထား စဉ်းစားဆွေးနွေးဖို့ စိတ်ကူးထားပါတယ်။ အကြံပေးချက်များကိုလည်း လေးစားစွာဖိတ်ခေါ်ပါတယ်။
မေး။ န-အ-ဖ အစိုးရကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ သူတို့၏ အမျိုးများနှင့် သားသမီးများရဲ̥ စီးပွားရေးလုပ်ငန်းများ ( စင်္ကာပူမှာ ရှိတဲ့ ) ကို စင်္ကာပူအစိုးရ အနေနဲ့ ပိတ်ပင်အောင် တောင်းဆိုလို့ ရနိုင်ပါသလား။
- ၀င်းမိုးထွန်း
မေး။ အစိုးရအား စီးပွားရေး ပိတ်ဆို့မှုများကို ပြည်ပရောက် မြန်မာများ အနေဖြင့် မည်သို့ လုပ်ဆောင်လျှင် ထိရောက်မှု ရှိပါမလဲ။
ဖြေ။ ASEAN SUMMIT မှာမြန်မာပြည်ကို SANCTIONS လုပ်မယ့်အစီအစဉ်ကို ကန့်ကွက် ခဲ့ကြတဲ့အတွက် SINGAPORE ကိုတောင်းဆိုဖို့ မလွယ်ကူပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ၄င်းတို့နဲ့ ပက်သတ်တဲ့ စီးပွားရေးမှန်သမျှကို စုံစမ်းဖော်ထုတ်ပြီး လုံးဝ အားမပေးခြင်းဖြင့် ပိတ်ပင်နိုင်ပါတယ်။
မေး။ ဓါးပြတိုက်ယူထားတဲ့ ဓါးပြဟာ မတရားဘူးဆိုတာ သိပြီးသားပါ။ မတရားဘူးပြောလို့ ပြန်ပေးမှာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အရေးယူလို့ ရအောင် နည်းလမ်း ရှာကြံပေးကြပါခင်ဗျာ။
ဒါမှမဟုတ် အင်အားစုပြီး ပြန်လုယူရမှာလား။
UN ဟာ န-အ-ဖ ရဲ̥ လိမ်လည်လှည့်ဖြားခြင်းခံနေရတာကို UN ကသိရဲ̥လား၊ သိအောင်လုပ်ဖို့ လိုကြောင်း၊ သူတို့ဆီတိုက်ရိုက်သိအောင် ဘယ်လိုပြောရမလဲ။
ဖြေ။ ကျွန်တော်တို့ အကြမ်းဖျင်း သိရသလောက် အာဏာတည်ရှိနေသေးတဲ့ အစိုးရ ( သို့ ) နိုင်ငံတစ်ခုကို အရေးယူလို့ မဖြစ်နိုင်ပါ။ ၎င်းတို့ အာဏာကျသွားပြီးမှသာလျှင် နယ်သာလန်နိုင်ငံ၊ HAGUE မြို̥ မှာရှိတဲ့ နိုင်ငံတစ်ကာ ခုံရုံးတင်ပြီး တရားစွဲဆို နိုင်ပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပက်သတ်ပြီး ဂဃနဏ သိရှိကြရင်လည်း အကြံပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။
ကျွန်တော်တို့ SINGAPORE MP တွေ၊ အနောက်ဖက်က နိုင်ငံခြား သံတမန်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ပြောဆိုချက်တွေအရ သူတို့အားလုံး န-အ-ဖ ရဲ̥ လိမ်လည်လှည့်ဖြားတာတွေကို အကုန်သိနေပါတယ်။
ဒါပေမယ့် နိုင်ငံတစ်ကာက သိနေရုံနဲ့ မပြီးပါဘူး၊ နိုင်ငံတစ်ကာရဲ̥ အာရုံစိုက်မှုရပြီး န-အ-ဖ ကို ဖိအားတွေ ကောင်းကောင်းပေးနိုင်အောင် ပြည်တွင်း နဲ့ ပြည်ပမှာရှိတဲ့ မြန်မာပြည်သူအားလုံး ရဲဝင့်စွာ မကြောက်မရွံ̥ အမြဲတမ်း လှုပ်ရှားမှုတွေ ပြသနေနိုင်ဖို့ လိုအပ်ပါတယ်။
မေး။ ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက်အား ဆန့်ကျင်သည့် ကြေငြာချက်အား တိုင်းရင်းသား အဖွဲ့အစည်းတို့မှ ထုတ်ပြန်စေရန် န-အ-ဖ မှ အကြပ်ကိုင် စီစဉ်လျှက် ရှိပါသည်။ ထိုအချက်အား ASEAN ခေါင်းဆောင်များနှင့် UN အား အသိပေးရန် မည်သို့ စီစဉ်ထားပါသလဲ။
ဖြေ။ ကျေးဇူးပြုပြီး အထက်မှာ ဖြေထားခဲ့တာတွေကို မှီငြမ်းရင် လိုချင်တဲ့အဖြေကို ရရှိမှာပါ။
မေး။ UN, ASEAN နှင့် INTERNATIONAL အဖွဲ့အစည်းများမှ ပေးနေသော ဖိအားများကို စုစည်းပြီး အချိန်ကာလ သတ်မှတ်ချက် ( Time Frame ) ချပြီး ဒီမိုကရေစီ တိုးတက်ရေးအတွက် စစ်အစိုးရကို တွန်းအားပေးဖို့ လိုပါတယ်၊ သဘောတူပါသလား။
ဖြေ။ အားလုံးက လိုလားစွာ တောင်းဆိုနေတဲ့ အချက်ပါ။ အဲ့ဒီအခြေအနေ ရောက်အောင် အထက်မှာဖြေထားတာတွေကို မှီငြမ်းပေးပါ။ အကြံပြုချက်များကိုလည်း အမြဲတမ်း ကြိုဆိုလျှက်ပါ။
မေး။ ငြိမ်းချမ်းသောနည်းဖြင့် လှုပ်ရှားခြင်းဖြင့် စစ်မှန်သော ဒီမိုကရေစီ တကယ်ရနိုင်ပါသလား။
အကယ်၍ မရနိုင်လျှင် မည်သို့သော နည်းလမ်းဖြင့် ရနိုင်ပါသနည်း။ ပြည်သူလူထုများက မည်သို့သော တာဝန် ယူရပါမည်နည်း။
ဖြေ။ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ရချင်တာကတော့ ကျွန်တော်တို့ တစ်မျိုးသားလုံးရဲ̥ အန္တိမ ရည်မှန်းချက်တစ်ခုပါ။
မည်သည့်အခြေအနေတွင်မဆို၊ မည်မျှပင်ခက်ခဲနေပါစေ နည်းမျိုးစုံသုံးကာ မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယဖြင့် မရ၊ ရအောင်ယူမည်ဟု လူတိုင်း ကိုယ်စီ ကိုယ်ငှ မိမိ၏ ကိုယ်ပိုင်အရေး ကဲ့သို့ စိတ်ပိုင်းဖြတ်ကာ တာဝန်ယူ လုပ်ဆောင်ကြရန် အထူးလိုအပ်ပါသည်။
မေး။ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ။
# ၈၈ မှာလည်း
ကျွန်တော်တို့
ကျောင်းသားတွေကို
ရက်ရက်စက်စက်
သတ်ဖြတ်တာ ခံရတယ် …
# ကျောင်းသားတွေ
ပြည်သူတွေကို
သတ်ဖြတ်ရုံတင်
မကတော့ဘဲ
အခုလက်ရှိ ဖြစ်ပေါ်သွားတဲ့
ဆရာတော်တွေရဲ̥
မေတ္တာပို့တာကိုတောင်
ဗုဒ္ဓဘာသာ မဟုတ်သလို
ရက်ရက်စက်စက်
သတ်ဖြတ်တာကို ခံလိုက်ရတော့
ကျွန်တော်တို့
မြန်မာပြည်သူပြည်သားအားလုံး
အခုချိန်ထိ
တစ်စိမ့်စိမ့် ကြေကွဲခံစားနေရတယ် …
# မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲအတွက်
ဆရာတော်တွေရဲ̥
မေတ္တာပို့ အေးချမ်းစွာ ဆန္ဒပြတာကိုတောင်
ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့
စစ်အစိုးရကို
ဘယ်လို အမြန်ဆုံး ဖြုတ်ချမလဲ
ဆိုတာကို
ပြည်ပရောက် မျိုးချစ်မြန်မာများ ( စင်္ကာပူနိုင်ငံ )
အဖွဲ့မှ တိကျတဲ့ ရှေ̥လုပ်ငန်းစဉ်ကို
မြန်မာပြည်သူ ပြည်သားများ အားလုံးသိအောင်
အမြန်ဆုံး စွမ်းဆောင်ပေးပါ …
- မြန်မာပြည်ကို သိပ်ချစ်တဲ့ …… ရီမျိုး
ဖြေ။ အခုဆိုရင် မြန်မာပြည်သူလူထုတစ်ရပ်လုံးက ရိုသေလေးစားရတဲ့ ပီနန်ဆရာတော်ကြီး ကြီးမှူးတဲ့ သာသနာ့ဥသျှောင်အဖွဲ့ကြီးက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားနေကြတဲ့ မျိုးချစ် မြန်မာများအားလုံးကို စည်းလုံးညီညွတ်စွာ အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံ ပန်ကြားလွှာပို့ဖို့ စီစဉ်နေပြီး မြန်မာ့အရေးကို ဆရာတော်ကြီးကိုယ်တိုင်လည်း ဖိဖိစီးစီး လုပ်ကိုင် ဆောင်ရွက်ဖို့ မလေးရှားမှာ အခြေစိုက် သီတင်းသုံးမယ်လို့ ကြားသိရပါတယ်။
ကျွန်တော်တို့အနေနဲ့ ဖြစ်ခဲ့တာတွေကို တစ်စိမ့်စိမ့်တွေးပြီး ကြေကွဲဝမ်းနည်းနေမယ့်အစား၊ အမိမြန်မာပြည်ကြီးကို တကယ်ချစ်မြတ်နိုးရင် မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အထက်မှာ အကြံပြုခဲ့သလို မိမိကိုမိမိ ပြတ်ပြတ်သားသား ဆင်ခြင်သုံးသပ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကိုယ်စီ ကိုယ်ငှ ယူကြပါလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
ကျွန်တော်တို့ OBP အနေနဲ့ကတော့ UN, EU & ဒေါ်အောင်ဆန်းစုကြည် တို့ အခါအားလျှော်စွာ ထုတ်ပြန်တဲ့ STATEMENTS တွေနဲ့အညီ ပြည်တွင်း ပြည်ပရှိ မြန်မာပြည်သူအားလုံး စိတ်ဓါတ်တွေ နိုးကြားလာအောင်၊ နည်းမျိုးစုံနဲ့ လှုံ့ဆော်ပေးဖို့ရယ်၊ နိုင်ငံတစ်ကာမှာ ရှိနေတဲ့ မြန်မာ့အရေး လှုပ်ရှားသူတိုင်းနဲ့ တစ်သွေးတစ်သံတည်း ထွက်နိုင်အောင် ဆက်သွယ် ဆောင်ရွက်ပြီး နိုင်ငံတစ်ကာရဲ̥ အရေးစိုက်မှု ရရှိကာ န-အ-ဖ ကို သတ်မှတ်ကာလအတွင်း GENUINE DIALOGUE လုပ်ဆောင်အောင် ၀ိုင်းဖိအားပေးဖို့ရယ်ကို အဓိက လုပ်ဆောင်သွားမှာပါ။
မေး။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တပ်မတော်ဟာ အဓိက ဖြစ်နေပါတယ်။ တပ်မတော်က ကမ်းလှမ်းလာဖို့ ဘယ်လောက် အခွင့်အရေးရမလဲ။ မြန်မာနိုင်ငံရေး လက်ရှိ အခြေအနေကို ရှင်းပြပေးပါ။ Time Frame ဟာအရေးကြီးတဲ့အတွက် တပ်မတော် ပြောင်းလဲလာဖို့ ဘယ်လောက် စောင့်ရမှာလဲ။ မပြောင်းရင်ရော ဘာလုပ်ကြမလဲ။
ဖြေ။ တပ်မတော်နဲ့ ပက်သတ်တဲ့ အမြင်၊ သဘောထားကိုတော့ ကျွန်တော်တို့ အနေနဲ့ သေသေချာချာ မပြောနိုင်တာကို နားလည်နိုင်မယ်လို့ ယူဆပါတယ်။ အရာရာဟာကိုယ်လုပ်မှ ကိုယ်ရတာမို့ အထက်မှာ ဖြေခဲ့တာတွေကို မှီငြမ်းပေးပါ။
မေး။ တရုတ်ပြည်၏ အိုလံပစ်ကို သပိတ်မှောက်ဖို့ရာမှာ S’PORE OBP ထောက်ခံပါသလား။
ထောက်ခံပါရင် ဘယ်လို အစီအစဉ်တွေရှိပါသလဲ။ SUGGESTION ပေးချင်ရင် ဘယ်ကို ဆက်သွယ်ရပါမလဲ။
ဖြေ။ အထူးလုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ SUGGESTION ပေးတဲ့သူတိုင်းကို အထူး ကျေးဇူးတင်စွာ မျှော်လင့်နေပါတယ်။ ခေါင်းများများနဲ့ ၀ိုင်းစဉ်းစားလေ ကောင်းမွန် ပြည့်စုံတဲ့ ရလာဒ် ရရှိလေဖြစ်မှာ ဧကန်မလွဲပါ။
ဆက်သွယ်ရန်။ ။ obp@overseasburmesepatriots.org
မေး။ စင်္ကာပူရှိ ဒီမိုကရေစီအင်အားစုများ၊ ပြည်ပရောက် မျိုးချစ်မြန်မာများ ဆိုသည်မှာ အဖွဲ့အစည်း တစ်ခုအနေဖြင့် စနစ်တကျ ဖွဲ့စည်းထားပါသလား။ ဖွဲ့စည်းထားလျှင် အခြားအိမ်နီးချင်း နိုင်ငံများရှိ လှုပ်ရှားမှု ( ညီညွတ်များပြားသော လူထု )မျိုး စင်္ကာပူ အစိုးရ၏ ခွင့်ပြုချက်ရအောင်
တောင်းဆိုထားပါသလား။ ခွင့်ပြုချက်ရလျှင် မြန်မာသံရုံး၊ ASEAN အစည်းအဝေး OFFICE ရှေ̥တွင် တောင်းဆိုမှု၊ ဆန္ဒပြမှု လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ။ ကျွန်တော်တို့မှာ DEPARTMENT အလိုက် တာဝန်ယူမှုတွေ ကိုယ်စီ၊ ကိုယ်ငှရှိကြပြီး မှတ်ပုံထားခြင်း ( စင်္ကာပူနိုင်ငံ ဥပဒေအရ မှတ်ပုံတင်ရန် မလွယ်ကူသဖြင့် ) မရှိတာကလွဲရင် စင်္ကာပူအစိုးရက အသိအမှတ်ပြုထားခြင်း ခံရတဲ့ အဖွဲ့အစည်းတစ်ခုလို့ ဆိုနိုင်ပါတယ်။
စင်္ကာပူနိုင်ငံရဲ̥ ဥပဒေအရ PROTEST တစ်ခုခု လုပ်ချင်ရင် ခွင့်ပြုချက် အရင်ယူရပါတယ်။ OUTDOOR PROTEST လုပ်ရင် ခွင့်ပြုချက် ဘယ်တော့မှ ရလိမ့်မည် မဟုတ်ပါ။ ခွင့်ပြုချက် မပါပဲပြုလုပ်ပါက ဖမ်းဆီးခြင်း ခံရမှာဖြစ်ပါတယ်။ INDOOR PROTEST ကိုတောင် ခွင့်ပြုချက် ရအောင် မနည်း လျှောက်ထားနေရတဲ့ နိုင်ငံတစ်ခုပါ။
ဒါပေမယ့် လုပ်ဆောင်သင့်တဲ့ အခြေအနေ အချိန်အခါကျရင် အတိုင်းအတာတစ်ခုထက် ကျော်လွန်ပြီး မိမိကိုယ်ကျိုးကို လုံးဝမငဲ့ကွက်ပဲ ဆောင်ရွက်နေမယ် ဆိုတာကိုတော့ ၂၀-၁၁-၀၇ ရက်နေ့က ORCHARD လိုနေရာမျိုးမှာ OBP အပါအ၀င် စင်္ကာပူရှိ ဒီမိုကရေစီအင်အားစုများ အားလုံးဟာ စည်းလုံးညီညွတ်စွာ ဆန္ဒပြခဲ့တာကို ထောက်ရှု̥ ပြီး ကျေနပ်နှစ်သိမ့် နိုင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
မေး။ စင်္ကာပူနိုင်ငံမှာ အချိန်ဟာ အလွန်အဖိုးတန်ပြီး အချိန်ပေးရန် အရမ်းခက်ခဲပါတယ်။ န-အ-ဖ မကောင်းကြောင်း၊ ဒီမိုကရေစီ ရချင်ကြောင်းချည်း ပြောပြီး အခမ်းအနားတွေမှာ အချိန်တွေ ဖြုန်းနေမယ့်အစား ကျွန်တော်တို့ ဘာတွေလုပ်သင့်တယ်၊ ဘယ်လို လုပ်ပြမယ်၊ စင်္ကာပူမှာ ဘာတွေ လုပ်နိုင်တယ် စသည်ဖြင့် TACTIC တွေ STRATEGY တွေ ဆွေးနွေးချမှတ်နိုင်ရင် ကောင်းမှာမို့ ဦးဆောင်စီစဉ်သူတွေ အနေနဲ့ ရှိပြီး၊ စဉ်းစားပြီးရှိလျှင် သိပါရစေ။
- ကိုအောင်မြင့်
မေး။ မကြာခင် ရက်အတွင်းမှာ ကျင်းပတော့မယ့် ASEAN SUMMIT အတွက် ဘယ်လို
အစီအစဉ်တွေ စီစဉ်ထားပါသလဲ။ စင်္ကာပူရောက် မျိုးချစ်မြန်မာများအားလုံး ဘယ်လို စီစဉ် ထားပါသလဲ။ သိပါရစေရှင်။
- လင်းလက်ကြယ်စင်
မေး။ ပြည်ပရောက်မြန်မာများ အနေဖြင့် ASEAN SUMMIT အစည်းအဝေးအတွက် မည်သည့် အစီအစဉ်ဖြင့် ဆက်လက် လုပ်ကိုင်မည်ကို သိချင်ပါသည်။
ဖြေ။ ကိုအောင်မြင့် ပြောသလိုပါပဲ စင်္ကာပူမှာ အချိန်ဟာ အလွန် တန်ဖိုးရှိပါတယ်။ အခုလို မအားလပ်တဲ့ကြားကနေ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် အချိန်ပေးပြီး ပါဝင်ဆင်နွဲခဲ့တာကို အထူး ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ အလုပ်ကောင်းကောင်း မလုပ်နိုင်သူတွေကအစ အလုပ်ပြုတ်လု ပြုတ်ဆဲ ဖြစ်နေသူတွေက အလယ်၊ အလုပ် လုပ်ဖို့ လုံးဝ အချိန် မပေးနိုင်ပဲ လှုပ်ရှားမှုတွေအတွက် အချိန်ပြည့်ပေးထားသူတွေကအဆုံး ပါဝင်ပါတယ်။
ကျွန်တော်တို့ အခမ်းအနားလုပ်ခဲ့တိုင်းမှာ ရည်ရွယ်ချက်တွေ အမြဲရှိခဲ့ပါတယ်။ ဒီနေ့ အခမ်းအနားဆိုရင် ASEAN SUMMIT ကိုတင်သွင်းမယ့် STATEMENT ကိုစင်္ကာပူနိုင်ငံရှိ မြန်မာများက မြန်မာပြည်သူလူထုကိုယ်စား ထောက်ခံ တောင်းဆိုဖို့ရယ်၊ လူပေါင်း ၃၆၂၆ ဦး လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုချက်ပါ PETITION BOOK ကို စင်္ကာပူနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာနမှ တစ်ဆင့် လက္ခံရယူပြီး UNSC ကိုပေးပို့ဖို့ရယ် စီစဉ်ထားလို့ ဖြစ်ပါတယ်။
လောလောဆယ် ဒီဇင်ဘာ ၁၀ရက်၊ လူ့အခွင့်အရေးများနေ့၌ မျှော်လင့်ခြင်း ခန်းမမှာ ရှင်သန်ခြင်းသစ်ပင် စိုက်ထြူပီး အဲ့ဒီ ရှင်သန်ခြင်းသစ်ပင်မှာ မည်သူမဆို မိမိတို့ရဲ̥ ရင်တွင်း ခံစားမှုများ၊ တောင်းဆိုချက်များ ချိတ်ဆွဲထားနိုင်မည်ဖြစ်ပြီး စင်္ကာပူနိုင်ငံရှိ စာပေပညာရှင်၊ စာပေ ချစ်မြတ်နိုးသူများမှ ရေးသားပေးပို့သော ကဗျာ၊ ဆောင်းပါး၊ ကာတွန်း အစရှိသည်တို့မှ သင့်တော်သော စာမူမှန်သမျှကို ခန်းမပတ်ပတ်လည်တွင် ပြသထားမှာ ဖြစ်ပါတယ်။ မည်သူမဆို လွတ်လပ်စွာ ရေးသားပေးပို့နိုင်ပြီး စီစစ်ရွေးချယ်ပြီး ဆုရရှိသော ကလောင်ရှင်များအား ဆုချီးမြှင့်ရန် စီစဉ်ထားပါတယ်။ အသေးစိတ်ကို ထပ်မံကြေငြာမှာ ဖြစ်ပါတယ်။
မေး။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ဒုက္ခသည်များ၊ အဖမ်းဆီးခံရသူတွေရဲ̥ မိသားစု အဖေအို၊ အမေအိုများနှင့် ခုနက ကျောင်းသူလေး ပြောသွားတဲ့ တိုင်းရင်းသားလူမျိုးများကို ကူညီ စောင့်ရှောက်ပေးမယ့် ရေရှည် အသင်းအဖွဲ့များ ရှိပါသလားခင်ဗျာ။ တတ်အားသရွေ̥ ကူညီ ချင်ပါတယ်၊ တစ်ယောက်ကို S$5, S$10 လောက်တော့ ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်စေချင်ပါတယ်။
- ပြည်သား
ဖြေ။ HUMANITARIAN နှင့်ဆက်နွယ်သောလုပ်ငန်း မှန်သမျှကို အထူးဆောင်ရွက်ဖို့အတွက် ORGANIZATION ဖြစ်အောင် စတင်လုပ်ဆောင်နေပါတယ်။ တတ်အားသရွေ̥ အလှူငွေ (သို့) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ပက်သတ်သော ပစ္စည်းကိရိယာများကို လှူဒါန်းနိုင်ပါတယ်။ ကောက်ခံရရှိသော အလှူငွေ၊ ပစ္စည်းစာရင်းများနှင့် ရှေ̥ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းများကို www.overseasburmesepatriots.org တွင် အလျှင်းသင့်သလို ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
မေး။ မပန်းသဉ္ဖာပြောတဲ့ လူမှုရေး လုပ်ငန်းတွေကို ကျွန်တော်တို့ ဘယ်လို ပါဝင်နိုင်ပါသလဲ။
နိုင်ငံတစ်ကာ SANCTIONS တွေက တကယ်ပဲ EFFECTIVE ဖြစ်ပါသလား။ ကျွန်တော်တို့ ပြည်သူတွေ ပိုပြီး ဖြစ်တယ်လို့ မထင်ဘူးလားခင်ဗျာ၊ နဲနဲလောက်ရှင်းပြပေးပါ။
ဖြေ။ ယခုလာမယ့် ဒီဇင်ဘာလ နှင့် ဇန်န၀ါရီလထဲမှာ ၁၀ယောက်မှ ၂၀ယောက် အုပ်စုတွေ ဖွဲ့ပြီး
နယ်စပ်ဒေသတွေနဲ့ မြန်မာပြည်တွင်းကို သွားရောက်လုပ်အားပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ တကယ် စိတ်အားထက်သန်စွာ ပါဝင်ကုသိုလ်ပြု လုပ်အားပေးချင်ရင် ကျွန်မကို ဒီအီးမေးလ် အတိုင်း panthinzarmyo@overseasburmesepatriots.org ဆက်သွယ်ပေးကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။
ယခုဆိုရင် UN & EU တို့က အဲ့ဒီအချက်ကို ထည့်သွင်းစဉ်းစားပြီး HUMANITARIAN AID ကို မထိခိုက်စေမယ့် SANCTIONS တွေကိုပဲ အဓိကထား ဆောင်ရွက်နေကြပါတယ်။ အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ Canada imposes “Touch Sanctions against Burma” ထဲက အချက်တစ်ချို̥ကို ကောက်နုတ်ပြရရင်…
Canada will immediately ban all exports to and from Burma with the exception of humanitarian aid.
It will freeze assets in Canada of Burmese nationals connected with the government.
It will prohibit Canadian financial services to and from Burma and it will prohibit the export of any technical data to Burma.
There will be a ban on all new investment in Burma by Canadians and Canadian-registered ships and aircraft will be prohibited from docking or landing in Burma.
Burmese shipping and aircraft will not be allowed to enter Canada.
အဲ့ဒီ SANCTIONS ဟာ ခုလောလောဆယ် ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးသော ပြစ်ဒဏ်ခတ်မှုလို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုတော့ ရှိတယ်ဆိုတာ AIR BAGAN ဖြစ်ရပ် နဲ့ အထက်ဖော်ပြပါ SANCTIONS ကို နမူနာ ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။
မေး။ Thanks for the great event! Can I possible request an introduction of the organization committee? ( Like representatives from OBP, O Wai, လမ်းပြကြယ်
and so on … )
ဖြေ။ ကျွန်တော်တို့တစ်တွေအားလုံးဟာ မိမိတို့ အပါအ၀င် မြန်မာပြည်သူ တစ်ရပ်လုံးရဲ̥ ကောင်းကျိုးအတွက် တတ်နိုင်သမျှ နည်းလမ်းရှာပြီး လုပ်ပေးချင်ကြရုံ သက်သက်ပါ။ တတ်နိုင်သရွေ̥ လူသိရှင်ကြား မဖြစ်ချင်တာမို့ မေးမြန်းသူရဲ̥ ဆန္ဒကို မဖြည့်ဆည်းနိုင်တာကို နားလည်ပေးစေချင်ပါတယ်။
မေး။ “ဒီကနေ့ မြန်မာ့အရေး ဆွေးနွေးပွဲ” မှာ စင်္ကာပူမှာရှိတဲ့ မြန်မာအဖွဲ့အစည်းအားလုံးကို တစ်စုတစ်ဝေးတည်း စည်းလုံးညီညွတ်စွာ တွေ့ရှိရလို့ အရမ်းဝမ်းသာ ပီတိဖြစ်မိပါတယ်။ နောင်လည်း စည်းစည်းလုံးလုံးနဲ့ တွေ့ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။
- ကိုရဲမြင့်အောင်၊ ညွှန့်ညွှန့်စိန်၊ ဖြိုးဖြိုးဝင်း၊ မထွေးထွေး
ဖြေ။ ဆုတောင်းပေးတဲ့အတွက်ရော၊ ပါဝင်ဆင်နွဲခဲ့အတွက်ရော အထူးကျေးဇူးတင်ရှိပါတယ်။ အခုထက်ပိုပြီး အင်အားတောင့်တင်းပြီး စည်းလုံးညီညွတ်စွာ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ အဲ့ဒီနေ့က ပါဝင်ဆင်နွဲခဲ့ကြသူတွေ အပါအ၀င်၊ ဒီအမေးအဖြေ ကဏ္ဍကို ဖတ်ရှုသူတွေအဆုံး မိမိတို့ တတ်နိုင်သရွေ̥ မိမိတို့နှင့် ပတ်သက်၊ ဆက်နွယ်နေသော လူ့အသိုင်းအ၀န်းမှန်သမျှကို စည်းလုံးညီညွတ်စွာ ပါဝင်လာအောင် အားပေးကူညီ ပံ့ပိုးကြမယ်ဆိုလျှင် ကျွန်တော်တို့ OBP အပါအ၀င် စင်္ကာပူရှိ ဒီမိုကရေစီအင်းအားစုများ အနေနဲ့ ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ် ဟူသမျှကို မကြောက်မရွံ̥ ခံယူနိုင်ဖို့ ခွန်အားတွေ အပြည့်အ၀ ရှိနေကြမှာပါလို့ အလေးအနက် ပြောကြားလိုပါတယ်။
မှတ်ချက်။ ။အောက်ဖော်ပြပါ မေးခွန်းကိုတော့ ကျွန်တော်တို့အနေနဲ့ အဲ့ဒီနေ့ ဆွေးနွေးပွဲနဲ့ သိပ်မသက်ဆိုင်ဘူးလို့ ယူဆတာကြောင့် မဖြေပဲ ချန်ခဲ့တာကို မေးမြန်းသူအနေနဲ့ နားလည် နိုင်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်။
အဲဒီ မေးခွန်းအတွက် အကြံပြုချင်သူများ ကျွန်တော်တို့ OBP ကို လှမ်းပို့နိုင်ပါတယ်။
မေး။ အခု ဧရာဝတီမြစ်ပေါ်မှာ တရုတ်က ဆည်ကြီးတစ်ခု စတင်ဆောက်နေပါပြီ။ အဲ့ဒီဆည်ကြီး ဆောက်လိုက်ရင် မြန်မာပြည်ကို လည်ပင်းညှစ်သလို ဖြစ်နေပါလိမ့်မယ်။ မြန်မာတစ်ပြည်လုံး ခမ်းခြောက်ပါတော့မယ်။ ဒီမိုကရေစီအရေးကို တစ်ဖက်က တိုက်ပွဲဝင်နေသလို တစ်ပြိုင်နက်တည်း မှာပဲ ဒီဆောက်လုပ်နေတဲ့ ဆည်ကြီးစီမံကိန်းကို တားမြစ်ဖို့ ဘက်ပေါင်းစုံကလုပ်သင့်ပါတယ်။
….. အားလုံးရွှင်လန်းချမ်းမြေ̥ ကြပါစေ …..
Posted by
54freedom
at
12:42 PM
0
comments
Labels:ှမေးခွန်းနှင့် အဖြေများ