Monday, April 28, 2008
Thay Chin Soe, Than Shwe 97
Posted by
54freedom
at
10:50 PM
0
comments
Labels: Than Shwe 97, Thay Chin Soe
Thay Chin Soe, Than Shwe 96
Posted by
54freedom
at
10:45 PM
0
comments
Labels: Than Shwe 96, Thay Chin Soe
Thay Chin Soe, Than Shwe 95
Posted by
54freedom
at
10:41 PM
0
comments
Labels: Than Shwe 95, Thay Chin Soe
Thay Chin Soe, Than Shwe 94
Posted by
54freedom
at
10:35 PM
0
comments
Labels: Than Shwe 94, Thay Chin Soe
ကြားဖြတ်သတင်း 28.4.2008
စင်္ကာပူရှိ မြန်မာသံရုံးမှ မဲပေးရန်ကျန်ရှိနေသူများ မဲပေးနိုင်ရန် April 30, May 1 နှင့် May 2 ရက်နေ့များကို တိုးချဲ့ဖွင့်လှစ်ကြောင်း တရားဝင်စာကို ယနေ့ ၂၈.၉.၂၀၀၈ တွင် ထုတ်ပြန်ကြေငြာကြောင်း သိရှိရပါသည်။
Posted by
54freedom
at
10:14 PM
0
comments
Labels: ကြားဖြတ်သတင်း
Friday, April 25, 2008
ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ
ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ
စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးတက်ကြွသူများသည် မကြာခင်ကျင်းပတော့မည့် ဆန္ဒခံယူပွဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ဖတ်ရှုလေ့လာနိုင်ရန် ယနေ့ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂ နာရီခန့်က စင်္ကာပူနိုင်ငံသံရုံးသို့ သွားရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
သံရုံးသို့ရောက်ရှိချိန် နေ့လည် ၂ နာရီ ခန့်မှာ သံရုံးဝန်ထမ်းများ အစည်းအဝေးလုပ်နေသောကြောင့် နေ့လည် ၂ နာရီ ၃၀ ခန့်မှာ အလုပ်ပြန်လည်စတင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား မည်သို့မည်ပုံ မဲပေးကြရမည်ဆိုသည့် စာများကို သံရုံးနံရံများမှာ ကပ်ထားတာတယ်လို့လဲသတင်းရရှိပါတယ်။
သံရုံးရှိ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား မဲပေးရမည့်ပုံစံ မဲရုံနဲ့ပတ်သက်သော အသေးစိတ်အချက်အလက်များကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။သို့သော်လည်း ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး ဦးမြင့်ထွန်းအား ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီ ခန့်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့ပါတယ်။
ဦးမြင့်ထွန်းမှပြောကြားရာမှာ - အခြေခံဥပဒေမူကြမ်းစာအုပ်များဖတ်ရှုလေ့လာနိုင်ရန် သံရုံး၌ ထားရှိကြောင်းနှင့် စင်္ကာပူနိုင်ငံ မြန်မာသံရုံးအနေနှင့် မဲရုံမှူးများလမ်းညွန် အတိုင်း မဲပေးမည့်သူများကို လျို့ဝှက်မဲပေးနိုင်ရန် စီစဉ်ထားကြောင်း ဖြေကြားခဲ့ပါတယ်။
ကြိုတင်ဆန္ဒမဲပေးရန်လာရောက်သူများ အနေနှင့် သံရုံးမှ ပေးသော လျှောက်လွှာကို ဖြည့်စွက်ပြီး၊ မဲပြားနှင့် စာအိတ်ကို ရယူရမှာဖြစ်ကြောင်း၊ မိမိပေးလိုသောဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် လျှို့ဝက်မဲပေးနိုင်ရန် သံရုံးမှ စီစဉ်ပေးထားမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ယနေ့မြန်မာသံရုံးတွင် ခွန်လာရောက်ပေးဆောင်နေကြသူများနှင့် အခြားသံရုံးနှင့်ပတ်သက်သော ကိစ္စများအတွက် ရောက်ရှိနေသူများ အားလုံး စုစုပေါင်း လူဦးရေ ၁၂၀ ကျော်ဝန်းကျင်ခန့် ရှိနိုင်တယ်လို့သတင်းရရှိပါတယ်။
မြန်မာအရေးတက်ကြွသူများအနေနှင့် ဦးမြင့်ထွန်း၏ လမ်းညွန်မှုကြောင့် အခြေခံဥပဒေမူကြမ်းစားအုပ်ကို ဖတ်ရှုရန် Consular Section မြန်မာသံရုံးအခေါ် ကောင်စစ်ဌာနတွင် တောင်းဆိုခဲ့ပေမယ့်လည်း မြန်မာသံရုံးဝန်ထမ်းများမှ အထက်အရာရှိသို့ အဆင်ဆင့်တင်ပြကာ အချိန်ဆွဲထားခဲ့တယ်လို့သိရပါတယ်၊ ညနေ ၃နာရီ ခွဲ နောက်ပိုင်းမှသာ အခြေခံဥပဒေမူကြမ်းစာအုပ်ကို ဖတ်ခွင့်ရခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေမူကြမ်းစာအုပ်နှင့်အတူ (၁၉၄၇ ခုနှစ် ၁၉၇၄ ခုနှစ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်ချက်များ စာအုပ်ငယ်) ၊ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျဉ်းချုပ်ရှင်းလင်းတင်ပြချက် စာအုပ်ငယ်) တို့ကို ရယူရန် သက်သေခံအဖြစ် စင်္ကာပူနိုင်ငံမှ မိမိအား တရားဝင်ထုတ်ပေးထား အိုင်စီ ကဒ်ပြားကို ကောင်စစ်ဌာနမှာ အပေါင်းထားပြီးမှ ဖတ်ခွင့်ရတယ်လို့ သတင်းရရှိပါတယ်။
သံရုံးတွင်ဖတ်ရှုနိုင်သော အခြေခံဥပဒေမူကြမ်းစာအုပ်၊ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း အပိုဒ် ၄၃၆။(က) တွင်ဖေါ်ပြထားသော "ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
ဆိုတဲ့နေရာမှာ လက်ရေးဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ (ထက်ဝက်ကျော်) ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ထက်ဝက်ကျော်) ကိုလက်ရေးမူဖြင့် ပြင်ဆင်ရေးသားထားသည် ကိုဖတ်ရှုကြရတယ်လို့သတင်းရရှိပါတယ်။ ၄င်းကိစ္စနှင့်စပ်လျဉ်းပြီး ဖတ်ရှုသူများမှ သံရုံးဝန်ထမ်းများကို မေးမြန်းခဲ့ရာမှာ သံရုံးဝန်ထမ်းများအနေနဲ့ သိပ်နားမလည်ကြောင်း စာအုပ်ထဲတွင်ဖေါ်ပြထားသော အရာများအားလုံးမှာ အမှန်ဖြစ်ကြောင်း ဖြေကြားပေးခဲ့ပါတယ်။
ထူးဆန်းတာကတော့ မြန်မာ့အရေးလှုပ်ရှားသူများ မြန်မာသံရုံးသို့ရောက်ရှိချိန်တွင် စင်္ကာပူနိုင်ငံမီးသတ်မှ မြန်မာသံရုံးမှာ မီးလောင်ကြောင်းသတင်းပေးလာသောကြောင့် မီးငြိမ်းသတ်ရန် ရောက်ရှိလာကြောင်းကို သံရုံးသို့ယနေ့ရောက်ရှိခဲ့သူ မျက်မြင်သက်သေများပြောပြချက်အရ သိရှိခဲ့ရပါတယ်။ တယ်လီဖုန်း Message ရရှိသူများလဲ ထိုသတင်းအား ဖတ်မိကြမယ်ထင်ကြောင်းနှင့် မည်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုပြောကြားနိုင်တာမျိုးမရှိသေးပါဘူး။
မြန်မာ့အရေးတက်ကြွသူများအနေနဲ့လည်း လာမည့် (၂၇) ရက်နေ့ တနင်္ဂနွေနေ့ မှာအားလုံးပြိုင်တူ မြန်မာသံရုံးကို မဲသွားရောက်ပေးကြမယ်ဆိုတဲ့ သတင်းတွေလည်း ရရှိနေပါတယ်။ သံရုံးမှ ပေးပို့ထားသောစာများမှာ အရေအတွက်အားဖြင့် ၁၃၀၀၀ ခန့်ရှိပြီး စာတိုက်မှ သံရုံးသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသော စာများမှာ အစောင်၄၀၀ခန့်ရှိကြောင်းသတင်းရရှိပါတယ်။
သံရုံးသို့ဆန္ဒမဲပေးရန်လာရောက်သူများကို သံရုံးမှပေးပို့ထားသော စာရင်းနှင့်တိုက်ကာ မဲပေးခွင့်ပြုမှာဖြစ်ကြောင်းနှင့် သံရုံးနှင့်ဆက်သွယ်ထားဖူးသူများဖြစ်သော်ငြားလည်း ဖိတ်ကြားစာမရရှိသူများအတွက်ကိုမူ သံရုံးမှ မှတ်တမ်းများပြုစုရယူထားပြီး နောက်ရက်များမှာ လာရောက်မဲပေးနိုင်ရန် စီစဉ်ပေးမည်လို့ ဦးမြင့်ထွန်းကိုယ်တိုင် ဖုန်းမှတဆင့် ဖြေကြားပေးထားပါတယ်။
ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုများ သံရုံးဖက်မှ ကြိုတင်ပြင်ဆင်ထားခြင်း ရှိပါသလားလို့ မေးမြန်းခဲ့တာကိုတော့ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ၀န်ဆောင်မှုများ ပေးနိုင်လောက်အောင် ပြင်ဆင်ထားခြင်းမရှိပေမယ့်လည်း မြန်မာသံရုံးမှ စင်္ကာပူနိုင်ငံအာဏာပိုင်များ အကူအညီဖြင့် သံရုံးလုံခြုံရေးများစီစဉ်ထားကြောင်းကိုတော့ ဦးမြင့်ထွန်းမှ ရှင်းလင်း ပြောကြားသွားကြောင်း သတင်းရရှိပါတယ်။
(၂၄)ရက် ကြာသပတေးနေ့မှ စတင်ကာ စင်္ကာပူနိုင်ငံမြန်မာသံရုံးမှ နေ့စဉ်လုပ်ဆောင်လျှက်ရှိသော အခွန်အကောက်လုပ်ငန်းများနှင့် သံရုံးနှင့်သက်ဆိုင်သော အခြားလုပ်ငန်းများ အားလုံးကို ရန်တန့်ထားမည်ဖြစ်ပြီး ဆန္ဒမဲပေးရန် အတွက် လိုအပ်သည်များကိုသာ စတင်ပြင်ဆင်ကြမည်ဖြစ်ကြောင်း ဦးမြင့်ထွန်းမှပြောပြသွားကြောင်း စုပေါင်းတင်ပြလိုက်ရပါတယ်။
ဂျေမိုး ဧပြီ ၂၃ ရက် ၂၀၀၈။
Posted by
54freedom
at
10:24 PM
0
comments
စင်္ကာပူက ကန့်ကွက်မဲစည်းရုံးရေး၊ မူကြမ်းစာအုပ်(၈)အုပ်၊ လူတစ်သိန်းနှင့် Ms. Anna

စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးနိုးကြားတက်ကြွသူများမှ မြန်မာအလုပ်သမား အများစု စုဝေးနေထိုင်ကြရာ
Worker's Dormitory များသို့ သွားရောက်ပြီး ကန့်ကွက်ဆန္ဒမဲပေးရေး လှုတ်ရှားမှုများကို ကွင်းဆင်း ဆောင်ရွက်လျှက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ မြန်မာပြည်မှ စင်္ကာပူနိုင်ငံသို့် ရောက်ရှိနေကြပြီး အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေနှင့် ၄င်းတို့မသိရှိသေးသော အခြေခံဥပဒေမူကြမ်း၌ ပြဌာန်းထားပြီးဖြစ်သည့် အချက်အလက်များကို မေးမြန်းခြင်းများနှင့် စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားသူများမှ ပြန်လည်ရှင်းလင်းပြောကြားခြင်းများ၊ အသင့်ယူဆောင်လာသော စာရွက်စာတမ်းများကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

၎င်းအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနှင့် စပ်လျဉ်းပြီး အခြေခံဥပဒေမူကြမ်းစာအုပ်ကို စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် လေ့လာဖတ်ရှုခွင့် ရရှိနိုင် မရှိနိုင်ကို သိရှိနိုင်ရေးအတွက် စင်္ကာပူနိုင်ငံရှိ ကျောင်းသားအများစုနှင့် ဒီမိုကရေစီလိုလားသူများမှ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးအား ဧပြီလ ၂၂ ရက် အင်္ဂါနေ့ မှာလည်း ဆက်သွယ်မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာ့အရေးလှုပ်ရှားသူများအနေဖြင့် စင်္ကာပူနိုင်ငံတွင် ဆန္ဒမဲပေးရေးနှင့် ပတ်သက်သောကိစ္စမှန်သမျှကို ရှင်းလင်းတင်ပြပေးဖို့ရာ တာဝန်ပေးအပ်ခြင်းခံထားရသော ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းနှင့် တွေ့ဆုံမေးမြန်းခွင့်ရဖို့ရာ တောင်းဆိုခဲ့ပါတယ်။ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းမှာမူ တနေကုန်အောင် အလုပ်မအားလပ်ပါသဖြင့် မေးခွန်းတချို့ ကို မြန်မာသံရုံးမှ တယ်လီဖုန်း ဒိုင်ခံဖြေကြားပေးသော ရုံးတာဝန်ခံ Ms. Anna မှတဆင့် ဦးမြင့်ထွန်း အားမေးမြန်းပေးခဲ့ပြီး၊ ဦးမြင့်ထွန်း၏ ပြန်လည်ဖြေကြားချက်များကိုလည်း Ms. Anna မှပဲ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
ထိုသို့မေးမြန်းခဲ့ရာမှာ -
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို စင်္ကာပူနိုင်ငံရှိ မြန်မာများ ဖတ်ရှုလေ့လာနိုင်ရန် မြန်မာသံရုံး၌ ရယူနိုင်ပါသလား? ဟုဆိုသောမေးခွန်းကို့ ဦးမြင့်ထွန်းအား Ms. Anna မှတဆင့် မေးမြန်းပေးပြီး ယခုကဲ့သို့ ပြန်လည်ဖြေကြား ပေးလိုက်တယ်။
"စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လေ့လာဖတ်ရှုလိုပါလျှင် Consular Office Counter မှာ လာရောက်ဖတ်ရှုနိုင်ကြောင်းနှင့် သံရုံးပြင်ပသို့ယူဆောင်သွားခြင်း၊ မိတ္တူကူးယူခြင်းများကို မြန်မာနိုင်ငံသံရုံးမှ ခွင့်ပြုမည်မဟုတ်ကြောင်း" ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး သံရုံးသို့ ညနေဘက်တွင် လာရောက်လေ့လာဖတ်ရှုချင်ကြောင်း တောင်းဆိုခဲ့ခြင်းအားလည်းပဲ ငြင်းပယ်ခဲ့ပါတယ်။ မြန်မာသံရုံးမှာ ညနေ ၅ နာရီအထိသာ ဖွင့်လှစ်ပါသဖြင့် ၄င်းကိစ္စမှာ မဖြစ်နိုင်ကြောင်းနှင့် အထူးအံ့သြဖွယ်ကောင်းသည်မှာ သံရုံးတစ်ရုံးလုံးတွင်မူ အခြေခံဥပဒေမူကြမ်းစာအုပ် စုစုပေါင်း (၈) အုပ်သာရှိပါသောကြောင့် တစ်ကြိမ်ထဲတွင် လူအများအပြား လာရောက်ဖတ်ရှုဖို့ရာ မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
သံရုံးပိတ်ချိန်ရောက်သည်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒမဲပေးရေးနဲ့ပတ်သက်သောကိစ္စတို့ကို ရှင်းလင်းပြောကြားပေးပါရန် အထူးတာဝန်ပေးအပ်ခြင်းခံထားသော ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုခဲ့ပေမယ့်လည်း အင်္ဂါနေ့ ညနေသံရုံးပိတ်သွားချိန်အထိ ခွင့်ပြုချက်မရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

သို့သော်- စင်္ကာပူနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် မြန်မာ့ဒီမိုကရေစီအရေးလိုလားသူများအနေနှင့် ဆန္ဒခံယူပွဲကော်မရှင်မှ ထုတ်ပြန်ပေးထားသော "မဲရုံမှူးလမ်းညွန်" လုပ်ထုံးလုပ်နည်းများကို ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်ရန်အတွက် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်မေးမြန်းကြမည်လို့လဲ သတင်းများရရှိပါတယ်။
စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသူစာရင်းမှာ စင်္ကာပူနိုင်ငံထုတ် The Strait Time သတင်းစာအရ လူဦးရေ တစ်သိန်းနီးပါးရှိတယ်လို့သိရပြီး၊ အဲဒီတစ်သိန်ထဲတွင်မူ အလုပ်လုပ်ကိုင်နေသူဦးရေမှာ ငါးသောင်းအထက်ရှိပြီး ကျန်ငါးသောင်းမှာမူ့ မှီခိုနေထိုင်သူမိသားစုနှင့် ကျောင်းသားကျောင်းသူများဖြစ်ကြတယ်လို့ အလုပ်သမားဝန်ကြီးဌာနနှင့် နီးစပ်သူ ကုမ္မဏီကြီးတစ်ခုမှ အလုပ်သမားရေးရာ ကိုင်တွယ်သူ အရာရှိတစ်ဦးရဲ့  အဆိုအရ သိရှိရပါတယ်။ ယခုလိုမြန်မာသံရုံးမှ အခြေခံဥပဒေမူကြမ်းစာအုပ်ကို စင်္ကာပူတစ်နိုင်ငံလုံးရှိမြန်မာများ ဖတ်ရှုဖို့ရန် မူကြမ်းစာအုပ် (၈) အုပ်သာစီစဉ်ထားခြင်း အပေါ်မည်သို့မှ နားလည်ရမှန်းမသိကြောင်းနှင့် မြန်မာ့အရေးလှုပ်ရှားသူများမှာ များစွာစိတ်ပျက်မိကြောင်း ပြောကြားသံတွေကိုလဲ ကြားသိနေရပါတယ်။
စင်္ကာပူနိုင်ငံရှိ ကျောင်းသူသားကျောင်းသူ လူငယ်များနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများသည် လာမည့် ဧပြီလ (၂၇) ရက်နေ့ တနင်္ဂနွေနေ့ နနက် (၉) တွင် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို တညီတညွတ်တည်း ကန့်ကွက်မဲများ သွားပေးကြမည်ဟုလည်း သတင်းများရရှိပါတယ်။
ဂျေမိုး ဧပြီ ၂၂
Posted by
54freedom
at
9:43 PM
0
comments
Labels: စင်္ကာပူက ကန့်ကွက်မဲစည်းရုံးရေး၊
.jpg)
.jpg)
%5B1%5D.jpg)
%5B1%5D.jpg)


