စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, February 26, 2008

ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်

ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်
နေသွင်
Monday, 25 February 2008 18:49 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင် အရွေးခံခွင့်မရှိ ဟူသော ပြောဆိုချက်အပေါ် “ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်” ဟု ဆိုကာ စစ်အစိုးရအ နေဖြင့် ပြောပိုင်ခွင့် မရှိဘဲ ပြောခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ တုံ့ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသော မြန်မာနိုင်ငံသားတဦး ဖြစ်သဖြင့် ယခု ပြောဆိုမှုသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ထိုးချက်နှက် ဖြစ်သည်ဟု အဖွဲ့ချုပ်က ပြောသည်။
အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ဒီလို ပြောကြားခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း မရှိသေးတဲ့ အချိန်မှာ ပြောပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်တဦးက ပြောတာ ဖြစ်တယ်။ အခုလို ပြောကြားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့ ပြောဆိုချက် ဖြစ်တယ်” ဟု ပြောသည်။
ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း ကိစ္စသည် ရွေးကောက်ပွဲ ဥပဒေအရ (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောမည်ဖြစ်ပြီး ဥပဒေ မရှိသေးသော အချိန်တွင် ပြောကြားခြင်းသည် ပြောပိုင်ခွင့်မရှိဘဲ ပြောခြင်းဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။
ထို့အပြင် စစ်အစိုးရ၏ ကန့်သတ်ချက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂) နှင့် (၂၁) တို့တွင် ပါဝင်သော အချက်များကို ချိုးဖောက်မှု ဖြစ်ရုံမျှမက၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း အန်အယ်ဒီက သတိပေးသည်။
ဦးဥာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့၏ တိုင်းပြည်အကျိုးအတွက် စကားပြောနေတဲ့ အချိန်မှာ အခုလို မပြောသင့်၊ မပြောထိုက်တဲ့ဟာကို ပြောတာ ဖြစ်တဲ့အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တယ်” ဟု ပြောသည်။
ယနေ့ ထုတ်ပြန်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးပါက အန်အယ်ဒီက ရွေးကောက် ပွဲဝင်မည့် သဘောလား ဟူသော မေးမြန်းချက်အပေါ် ဦးဥာဏ်ဝင်းက “အဲဒီအဆင့်က ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံက အတည်ဖြစ်လား၊ မဖြစ်လား မသိသေးဘူး။ ရွေးကောက်ပွဲဆိုတာ အဝေးကြီးပါ။ ဒီအချိန်မှာ ဒီဥစ္စာကို ဘာမှ ပြောစရာ မရှိသေးပါဘူး” ဟု တုံ့ပြန်သည်။
“ကျနော်တို့ အခုထိရှိတဲ့ ဥပဒေထဲမှာ လုံးဝမပါဘူး။ အမျိုးသား ညီလာခံက ထုတ်တဲ့ အခြေခံမူထဲမှာ သမတ အရည်အချင်းနဲ့ ပတ်သက်လို့ ပါတယ်။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲမှာ မပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောသည်

အပြည့်အစုံဖတ်လိုလျှင်

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက် ၂/၂၀၀၈


အပြည့်အစုံဖတ်လိုလျှင်

Thursday, February 21, 2008

အပြီးသတ် တိုက်ပွဲအတွက် ပြင်ဆင်ကြပါစို့

ငါဒို့ ဟာ အထွေအထွေသပိတ်ကြီးကို ဆင်နွဲကြ ရမယ်။ အပြီးသတ်အောင်ပွဲအထိ သပိတ်ကြီးကိုအရှိန်အဟုန်မြှင့်တင်ရမယ်။လူ အင်အားတွေစုဆောင်းရမယ်။စားစရာတွေ စုဆောင်းထားဖို့ လူထုကိုလှုံဆော်ရမယ်။လက်နက်တွေစုစည်းထားကြ ရမယ်။ အနီးကပ်ဆုံးရန်သူကိုဦးတည်တိုက်ကြ ရမယ်။အထွေထွေသပိကြီးဖြစ်လာတာနဲ့  ကိုယ်ရပ်ကွက်ထဲမှာရှိတဲ့ ကြံဖွတ်နဲ့ စွမ်းအားရှင်းတွေကို မောင်းထုတ်ကြ မယ်။ ကိုယ်ရပ်ကွက်ကိုယ်အာဏာသိမ်းပိုက်ကြ ရမယ်။
မြို့ ထဲမှာ ဆန္ဒပြနေလို့ မရနိင်ဘူး။တပြည်လုံး ဟန်ချက်ညီတိုက်ပွဲဝင်နိင်ဖို့ ပြင်ဆင်ထားကြ ရမယ်။
မေလ ဟာ အဆုံးအဖြတ်တိုက်ပွဲ ဖြစ်တယ်။
ရွေဝါရောင်တော်လှန်ရေး အောင်ရမယ်။

အပြည့်အစုံဖတ်လိုလျှင်

ဗမာပြည်မှာ ပထမ၊ ကမ္ဘာမှာတော့ တတိယ စောက်ရှက်လည်း မရှိဟ…။

၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့ အဆိုးရွားဆုံး အဏာရှင် တတိယနေရာကို မြန်မာ့ စစ်ခေါင်းဆောင် ရရှိ


မောင်ရမ္မာ (နိရဉ္စရာ) အမေရိကန်နိုင်ငံထုတ် ၀ါရှင်တန်ပို့ သတင်းစာကြီး၏ Prize ဂျာနယ်ထဲတွင် ၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့ အဆိုးရွားဆုံး အာဏာရှင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တတိယ အဆိုးရွားဆုံး အာဏာရှင်အဖြစ် ဖေါ်ပြ လိုက်သည်။

ယခင်နှစ်က အဆိုပါ Prize ဂျာနေတွင် ဖေါ်ပြချက်အရ နအဖ စစ်ခေါင်းဆောင် သန်းရွှေမှာ ဆဌမနေရာတွင်ရှိခဲ့ရာမှ ယခုနှစ်တွင် အဆိုးရွားဆုံး တတိယ အာဏာရှင်အဖြစ် နေရာ တိုးမြှင့်ခံရခြင်းဖြစ်သည်။

ပထမအဆိုးရွားဆုံး အာဏာရှင်မှာ မြောက်ကိုးရီယားခေါင်းဆောင် ကင်ဂျုံအီးပြီး၊ မနှစ်က နံပါတ်၂နေရာမှ ယခုနှစ်တွင် နံပါတ် ၁ နေရာကို ရောက်ရှိသွားသည်။

ဆူဒန်အာဏာရှင် ကိုမားအဲလ်ဘာချီးယားမှာ မနှစ်က နံပါတ် ၁ ဖြစ်ခဲ့ရာ ယခုနှစ်တွင် နံပါတ် ၂ နေရာတွင် သတ်မှတ်ခံရသည်။ ဆိုဒီအာရေဗီးယားဘုရင် အဒူလာက မနှစ်က ပဉ္စမနေရာမှ ယခုနှစ်တွင် စတုတ္ထနေရာ သို့ ရောက်ရှိသွားသည်။

၎င်းအပြင် တရုတ်သမတ မစ္စတာဟူကျင်ဒေါင်းမှာ မနှစ်က စတုတ္ထဖြစ်ခဲ့ရာမှ ယခုနှစ်တွင် ပဉ္စမ၊ ဇင်ဗာဘွယ်မှ အာဏာရှင် ရော့ဘတ်ကာဗီးက ဆဌမ။ အီရန်မှ ဇာဟိအဲလ်ခန်မန်းနီးက သတ္တမ၊ ပါကစ္စတန်သမတ ပါဘက်မူချာရပ်က အဌမ၊ အူဘန်ကိစ္စန်သမတ ကီစလန်အာစီမော့က န၀မ၊ အာရေးဗီးယား သမတ အာဆိုင်းယက် အာဖီဝါကီးက ဒဿမ နေရာအသီးသီးတွင် သတ်မှတ်ခံကြရသည်။

ယခုကဲ့သို့ သတ်မှတ်ခြင်းမှာ သူတို့၏ လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းများ၊ သူတို့၏ ခေါင်းဆောင်မှုအောက်တွင် ပြည်သူလူထု ခံစားနေရမှု အဆင့်၊ သူတို့၏ တချက်လွှတ်အာဏာကို သူတို့မည်သို့ မည်ပုံ သုံးသလဲဆိုသည့် သတင်း အချက်အလက် မှတ်တမ်း များအရ တန်းတူ အပေါ် မူတည်ပြီး ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သတင်းအချက်အလက်မှတ်တမ်းများကို အမေရိကန်အခြေစိုက် HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့၊ IN အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ပြင်သစ် အခြေစိုက် RSS(ခေါ်) နယ်စီးမခြား သတင်းထောက်များအဖွဲ့များက စာရင်းကောက်ယူ ပြုစုပြီး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ယခုကဲ့သို့ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်များစာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး RSS အဖွဲ့ အာရှ-ပစ္စိဖိတ်ရေးရာတာဝန်ခံ မစ္စာ ဘရိုင်းဆစ် ပေါ်ဆာက "ဗိုလ်ချုပ်မှုးကြီးသန်းရွေကို အဆိုးရွားဆုံးကမ္ဘာ့အာဏာရှင်တဦးအဖြစ် ထိပ်ပိုင်းက အခုလို ထည့်သွင်းလိုက်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီလွတ်လပ်ခွင့် အားလုံးကို လိုလိုလားလား တားဆီးပိတ်ပင်ထားလို့ဖြစ်ပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ စက်တင်္ဘာနှဲ့အောက်တိုဘာမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ အတွင်း ရဟန်းရှင်လူ ပြည်သူတွေကို သတ်ပစ်ခဲ့တယ်။ အခုချိန်ထိလည်း ဖိနှိပ်ချုပ်ချယ်မှုတွေကို လုပ်နေတယ်။ ပြည်သူလူထုရဲ့ လုံခြုံမှု စည်းစိမ်ဥစ္စာ ကာကွယ်စောင့်ရှောက် ပေးရမယ်ဆိုတဲ့ စိတ်တွေမရှိဘူး။ သူ့ရဲ့ အာဏာကို ဘယ်လို ဆက်ပီး ချုပ်ကိုင်ထားရမလဲ။ အာဏာတည်မြဲဖို့ ဘယ်လိုနည်းနဲ့ ဆက်လုပ်ရမလဲ ဆိုတာကို တွေးပြီး မြန်မာလူထုကို ဖိနှိပ် ချုပ်ချယ်နေတဲ့ အတွက် သူ့ကို ထိပ်တန်းက အဆိုးရွားဆုံး အာဏာရှင် တဦး အဖြစ် သတ် မှတ်လိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။






အပြည့်အစုံဖတ်လိုလျှင်

သပိတ်မှောက်ကြ၊ သူပုန် ထကြ၊ တော်လှန်ရေး အသိရှိကြ လော့



အပြည့်အစုံဖတ်လိုလျှင်

သံဃာသတ်တဲ့ စစ်အစိုးရကို စီးပွားရေးသပိတ် ၀ိုင်းမှောက်ကြ



အပြည့်အစုံဖတ်လိုလျှင်