စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ဗမာပြည်မှာ ပထမ၊ ကမ္ဘာမှာတော့ တတိယ စောက်ရှက်လည်း မရှိဟ…။. Show all posts
Showing posts with label ဗမာပြည်မှာ ပထမ၊ ကမ္ဘာမှာတော့ တတိယ စောက်ရှက်လည်း မရှိဟ…။. Show all posts

Thursday, February 21, 2008

ဗမာပြည်မှာ ပထမ၊ ကမ္ဘာမှာတော့ တတိယ စောက်ရှက်လည်း မရှိဟ…။

၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့ အဆိုးရွားဆုံး အဏာရှင် တတိယနေရာကို မြန်မာ့ စစ်ခေါင်းဆောင် ရရှိ


မောင်ရမ္မာ (နိရဉ္စရာ) အမေရိကန်နိုင်ငံထုတ် ၀ါရှင်တန်ပို့ သတင်းစာကြီး၏ Prize ဂျာနယ်ထဲတွင် ၂၀၀၈ ခုနှစ်အတွက် ကမ္ဘာ့ အဆိုးရွားဆုံး အာဏာရှင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တတိယ အဆိုးရွားဆုံး အာဏာရှင်အဖြစ် ဖေါ်ပြ လိုက်သည်။

ယခင်နှစ်က အဆိုပါ Prize ဂျာနေတွင် ဖေါ်ပြချက်အရ နအဖ စစ်ခေါင်းဆောင် သန်းရွှေမှာ ဆဌမနေရာတွင်ရှိခဲ့ရာမှ ယခုနှစ်တွင် အဆိုးရွားဆုံး တတိယ အာဏာရှင်အဖြစ် နေရာ တိုးမြှင့်ခံရခြင်းဖြစ်သည်။

ပထမအဆိုးရွားဆုံး အာဏာရှင်မှာ မြောက်ကိုးရီယားခေါင်းဆောင် ကင်ဂျုံအီးပြီး၊ မနှစ်က နံပါတ်၂နေရာမှ ယခုနှစ်တွင် နံပါတ် ၁ နေရာကို ရောက်ရှိသွားသည်။

ဆူဒန်အာဏာရှင် ကိုမားအဲလ်ဘာချီးယားမှာ မနှစ်က နံပါတ် ၁ ဖြစ်ခဲ့ရာ ယခုနှစ်တွင် နံပါတ် ၂ နေရာတွင် သတ်မှတ်ခံရသည်။ ဆိုဒီအာရေဗီးယားဘုရင် အဒူလာက မနှစ်က ပဉ္စမနေရာမှ ယခုနှစ်တွင် စတုတ္ထနေရာ သို့ ရောက်ရှိသွားသည်။

၎င်းအပြင် တရုတ်သမတ မစ္စတာဟူကျင်ဒေါင်းမှာ မနှစ်က စတုတ္ထဖြစ်ခဲ့ရာမှ ယခုနှစ်တွင် ပဉ္စမ၊ ဇင်ဗာဘွယ်မှ အာဏာရှင် ရော့ဘတ်ကာဗီးက ဆဌမ။ အီရန်မှ ဇာဟိအဲလ်ခန်မန်းနီးက သတ္တမ၊ ပါကစ္စတန်သမတ ပါဘက်မူချာရပ်က အဌမ၊ အူဘန်ကိစ္စန်သမတ ကီစလန်အာစီမော့က န၀မ၊ အာရေးဗီးယား သမတ အာဆိုင်းယက် အာဖီဝါကီးက ဒဿမ နေရာအသီးသီးတွင် သတ်မှတ်ခံကြရသည်။

ယခုကဲ့သို့ သတ်မှတ်ခြင်းမှာ သူတို့၏ လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းများ၊ သူတို့၏ ခေါင်းဆောင်မှုအောက်တွင် ပြည်သူလူထု ခံစားနေရမှု အဆင့်၊ သူတို့၏ တချက်လွှတ်အာဏာကို သူတို့မည်သို့ မည်ပုံ သုံးသလဲဆိုသည့် သတင်း အချက်အလက် မှတ်တမ်း များအရ တန်းတူ အပေါ် မူတည်ပြီး ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သတင်းအချက်အလက်မှတ်တမ်းများကို အမေရိကန်အခြေစိုက် HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့၊ IN အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ပြင်သစ် အခြေစိုက် RSS(ခေါ်) နယ်စီးမခြား သတင်းထောက်များအဖွဲ့များက စာရင်းကောက်ယူ ပြုစုပြီး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ယခုကဲ့သို့ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်များစာရင်းမှာ ထိပ်ဆုံးက ပါဝင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး RSS အဖွဲ့ အာရှ-ပစ္စိဖိတ်ရေးရာတာဝန်ခံ မစ္စာ ဘရိုင်းဆစ် ပေါ်ဆာက "ဗိုလ်ချုပ်မှုးကြီးသန်းရွေကို အဆိုးရွားဆုံးကမ္ဘာ့အာဏာရှင်တဦးအဖြစ် ထိပ်ပိုင်းက အခုလို ထည့်သွင်းလိုက်တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီလွတ်လပ်ခွင့် အားလုံးကို လိုလိုလားလား တားဆီးပိတ်ပင်ထားလို့ဖြစ်ပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ စက်တင်္ဘာနှဲ့အောက်တိုဘာမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ အတွင်း ရဟန်းရှင်လူ ပြည်သူတွေကို သတ်ပစ်ခဲ့တယ်။ အခုချိန်ထိလည်း ဖိနှိပ်ချုပ်ချယ်မှုတွေကို လုပ်နေတယ်။ ပြည်သူလူထုရဲ့ လုံခြုံမှု စည်းစိမ်ဥစ္စာ ကာကွယ်စောင့်ရှောက် ပေးရမယ်ဆိုတဲ့ စိတ်တွေမရှိဘူး။ သူ့ရဲ့ အာဏာကို ဘယ်လို ဆက်ပီး ချုပ်ကိုင်ထားရမလဲ။ အာဏာတည်မြဲဖို့ ဘယ်လိုနည်းနဲ့ ဆက်လုပ်ရမလဲ ဆိုတာကို တွေးပြီး မြန်မာလူထုကို ဖိနှိပ် ချုပ်ချယ်နေတဲ့ အတွက် သူ့ကို ထိပ်တန်းက အဆိုးရွားဆုံး အာဏာရှင် တဦး အဖြစ် သတ် မှတ်လိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။






အပြည့်အစုံဖတ်လိုလျှင်