Tuesday, February 12, 2008
Saturday, February 9, 2008
လူထုအပေါ် မောက်မာသည့် ပြည်ခိုင်ဖြိုးတဦး ခေါင်းဖြတ်ခံရတယ်တဲ့…….
ကောင်းလိုက်တဲ့ သတင်း…..ဖြစ်သင့်တာ ကြာပြီ…..
အပြစ်မဲ့ လူထုကို ဒုက္ခပေးနေတဲ့ကောင်တွေ ဒီလိုပဲ ဒဏ်ပေးရမယ် ဖြစ်နိုင်ရင် အဲ့ဒီလို လုပ်တဲ့သူကို ဆုငွေတောင် ပေးသင့်တယ်။ အဲ့ဒီလို မတထောင် တကောင်ဘွား၊ ကျား ဆိုမှ ကျား တွေ များများ
ထွက်ပေါ်လာပါစေဗျာ….
Posted by
54freedom
at
10:53 PM
0
comments
Labels: ပြည်တွင်း သတင်းများ
ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ အထိမ်းအမှတ် စာအုပ်များ
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျနော်တို့၏ မြန်မာနိုင်ငံအား တိုင်းတပါးကျွန်အဖြစ်မှကယ်တင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဟု ဖြစ်လာမည့် မောင်ထိန်လင်းအား ရှေ့နေ ဦးဖ၊ အမိဒေါ်စု တို့မှ ဖွားမြင်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်ုပ်တို့ မြန်မာတစ်မျိုးသားလုံးကသာမက ကမ္ဘာကပင် လေးစားဂုဏ်ယူခဲ့ကြပါသည်။ယခုလာမည်ဖေဖော်ဝါရီလ ၁၃ ရက်နေတွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေတွင် ဗိုလ်ချုပ်အောင်ဆန်းအား တမ်းတ သောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော စာအုပ်များအား လေ့လာလိုသူတို့ လေ့လာနိုင်ရန် ဗိုလ်ချုပ်နှင့် ပတ်သတ်၍ ကျွန်ုပ်တို့ ဆုဆောင်ရရှိသမျှလေးအား ဝေငှလိုက်ပါသည်။ ထို့နည်းတူ မြန်မာသမိုင်းတွင်သာမက၊ အာရှသမိုင်းတွင်ပါ မော်ကွန်းတင်နိုင်ခဲ့သော ဦးသန့် အကြောင်းနှင့် ကျောင်းသားအရေးတော်ပုံ သမိုင်းများကိုပါ တပြိုင်တည်း တင်ပြ လိုက်ပါသည်။
အထက်ဖော်ပြပါ ဘလော့ဂ် လင့်ခ် ကို နှိပ်၍ စာအုပ်များကို Download လုပ်၍ ဖတ်ရှု့ကြပါ ခင်ဗျာ….
Posted by
54freedom
at
9:00 PM
0
comments
Labels: ဗိုလ်ချုပ်အောင်ဆန်း ၏ မွေးနေ့ အထိမ်းအမှတ် စာအုပ်များ
Friday, February 8, 2008
နေဘုန်းလတ်သို့ ( FREE NAY PHONE LATT)
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။ ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
Posted by
54freedom
at
1:28 AM
0
comments
Labels: free nay phone latt
Monday, February 4, 2008
Remembering Myanmar protests with film screening
Posted by
54freedom
at
10:01 PM
0
comments
Labels: 2008, TODAY. Monday.February 4
Thursday, January 31, 2008
ဘင်လာဒင် (-) အဖျက်လုပ်ငန်း = သာသနာမောဠိ
“ချစ်သားတို့ စိမ်းညို့ မို့မောက်နေသည့်တောအုပ်ကို ကြည့် လိုက်ကြ။
ထိုတောအုပ်ကို ပုဇင်းရင်ကွဲတို့၏ တေးဟစ်ဆိုသံ တွေဖြင့်စိုးအုပ်ထားတန်ရာ၏ ။
ထိုအခိုက် အင်္ဂါလေးပါးနှင့် ပြည့်စုံသော စစ်တပ်ချီလာ၏ ။ ထိုအခိုက် စစ်တပ်၏ ဆင်သံ ၊ မြင်းသံ ၊ တံပိုးခရာသံတို့ကြောင့် ပုဇင်းရင်ကွဲ တို့ အသံသည် တဒင်္ဂတိတ်ဆိတ် ငြိမ်သက် သွားတန်ရာ၏ ။ သို့သော် ထိုစစ်တပ်တို့ အသံများ တိတ်ဆိတ်ငြိမ်သက် သွားရာ၌ ထိုတောအုပ်သည် ပုဇင်းရင်ကွဲတို့ အသံဖြင့် တဖန် မင်းမူစိုးအုပ် လေရာ၏ ။
အကြောင်းမူ စစ်တပ်၏ အသံသည် တောအုပ် ၏ ထာဝရအရှိတရား မဟုတ်ပဲ ပုဇင်းရင်ကွဲတို့၏အသံသည်သာ တောအုပ်၏ထာဝရ အရှိတရားများ ဖြစ်ကြသောကြောင့်ပင်တည်း ။ ”
(ဗုဒ္ဓ ၊ အင်္ဂုတ္တရနိကာယ)
ငါတို့နိုင်ငံ၌ လွတ်လပ်၍ တရားမျှတသော
ပုဇင်းရင်ကွဲတို့အသံသည်စိုးအုပ် လွှမ်းမိုး ထားရာ၏ ။
ထိုအခိုက် မဆလ ၊ န၀တ ၊ နအဖ ဟူသောစစ်တပ်ချီလာပြီး ငါတို့တောအုပ်ကို ခွေးအူသံ ၊ လူအူသံ ၊ သေနတ်သံ တို့ဖြင့်စိုးအုပ်ထား လေပြန်ရာ၏ ။
သို့သော် ထိုအူသံအမျိုးမျိုး ဆိတ်သုန်းပြီးလွတ်လပ်၍ တရားမျှတမှု ဆိုသောငါတို့ပုဇင်းရင်ကွဲကြွေးေ
အကြောင်းမူ ထိုအူသံတို့သည် တို့တောအုပ်၏ ထာဝရအရှိတရား များမဟုတ်ပဲ ငါတို့၏ လွတ်လပ်၍ တရားမျှတသော ပုဇင်းရင်ကွဲ တို့အသံသည်သာ တို့တောအုပ်၏ ထာဝရအရှိတရား များဖြစ်ကြသောကြောင့် ပင်တည်း ။
တောအုပ်တစ်ခု၏ နှလုံးသားသည် လွပ်လပ်မျှတမှုတည်း ။
“ ဘင်လာဒင် (-) အဖျက်လုပ်ငန်း = သာသနာမောဠိ ” ဆိုတာကျနော်တို့ မက်ယူထားတဲ့အိပ်မက် တစ်ခုဆိုတာ ရှင်းပြဖို့လိုမယ် မထင်ပါဘူး ။ ကဲပြောကြပါ ၊ အဖျက်လုပ်ငန်း တွေကိုဖယ်ထားလိုက်ရင် ဘင်လာဒင်ထက် အောင်မြင်တဲ့ ဘာသာရေးခေါင်း ဆောင်ဘယ်သူလဲ ။ ဒီနေ့ကျနော်တို့ မျှော်လင့်ထားတဲ့ သာသနာ့မောဠိ ဆိုတာ Twin Tower ကိုလေယာဉ်နဲ့ဝင်တိုက်မဲ့ ဘင်လာဒင်ရဲ့ မဟာဗျူဟာ မဟုတ်ပါဘူး ။ အဆိပ်နဲ့ မဲပုပ်၊ပွရောင်းနေတဲ့ နအဖ ရဲ့ ဗိုက်ခေါက်ထူထူဆီကို သစ္စာလူးတဲ့ မြှားဦးလည့်ပေးလိုက်ဖို့ပါ ။ ဒီနေ့ သာသနာမောဠိ ရဲ့ သစ္စာမြှားဦးဟာ နအဖ ရဲ့ရင်ညွန့်ဦးဆီကို တည့်တည့်ကြီးချိန် ထားပြီးပါပြီ ။
ဒီအတွက် ခင်ဗျားတို့ရဲ့ လက်ခုပ်သံတွေလိုတယ် ။
ခင်ဗျားတို့ လက်ဖျံရိုးနဲ့ ၊ လက်မောင်းကြွက်သား တွေလိုတယ် ။
ခင်ဗျားတို့ချွေးနဲ့ ၊ ချွေးနဲစာတွေလိုမယ် ။
ဒီတောအုပ်ကို ပုဇင်းရင်ကွဲသံတွေနဲ့ စိုးအုပ်စေချင်ရင် ခင်ဗျားတတ်နိုင်တဲ့ တစ်ခုခုကိုတော့ ပေးဆပ်ထားခဲ့ပါ ။ စစ်တပ်ကိုလွှမ်းအုပ်ဖို့ ပုဇင်းရင်ကွဲတို့ တေးသီချင်းစဆိုနေပါပြီ ။
ပန်းသီတဲ့ကြိုး
“ ချစ်သားတို့ ၊ ဖြူ ၊ နီ ၊ ပြာ ၊ ၀ါ သောပန်းတို့သည် မြေပြင်၌ ကစဉ့်ကလျား အိပ်စက်လဲလျောင်းနေရာ၏ ။
ထိုအခါ ကျွမ်းကျင်လှစွာသော ပန်းကုံးသမားသည် ခိုင်မာသော ပန်းသီတံဖြင့် တစ်ပွင့်စီပြန့်ကျဲ နေသောပန်းရောင်စုံ တို့ကိုအနုပညာမြောက်မြောက် သီကုံးလေရာ၏ ။
ထို့ကြောင့် ထိုအကြွေပန်းတို့သည် တော်ဝင်သောပန်းကုံး တစ်ကုံးဖြစ်သွားလေရာ၏ ။ ”
( ဗုဒ္ဓ ၊ ဓမ္မပဒ ၊ ပုပ္ဖ၀ဂ် )
ပြည်တွင်းပြည်ပ မြန်မာတွေကွဲပြဲနေကြသလား ၊ ဟင့်အင်း ကွဲပြဲမနေကြပါဘူး ။ ဒါဆိုစည်းလုံး ညီညွတ်နေကြပါသလား ၊ ဒီလိုလဲစည်းလုံး ညီညွတ်မနေကြပါဘူး ။ ဒါဆို ဘာလဲ ၊ ဘာမှမဟုတ်ပါဘူး ဒီရောင်စုံပန်းပွင့်တွေကို သီကုံးဖို့ ကြိုးတစ်ချောင်းနဲ့ ပန်းသီမယ့်လက်ဖ၀ါး တစ်စုံ အလိုရှိနေတာပါ ။ သာသနာ့မောဠိဆိုတာ ပန်းသီိတဲ့ကြိုး ပန်းသီိတဲ့လက်ဖ၀ါးပါပဲ။ ကြိုးကမလှပသလို ပန်းသီမယ့်လက်ကလည်း ပန်းလောက်မလှပါဘူး ။ ဒါပေမဲ့ အဲဒီကြိုးနဲ့ လက်ဖ၀ါးတစ်စုံဟာ ရောင်စုံလှပတဲ့ ပန်းတစ်ကုံးဖြစ်ဖို့တော့ ရာနှုန်းပြည့်တာဝန်ယူပါလိမ့်မယ်။
ကျေးဇူးပြုပြီး ခင်ဗျားတို့နှလုံးသား ကိုပန်းတစ်ပွင့် အဖြစ်ဖန်ဆင်းလိုက်ပါ ။ ခင်ဗျားဟာ ၊ ကျူပ်ဟာ ၊ ဦးဂမ္ဘီရဟာ ၊ မင်းကိုနိုင်ဟာ ၊ ဖြူဖြူသင်းဟာ ၊ စုစုနွေးဟာ ၊ ကိုကိုကြီးဟာ ပန်းတွေဖြစ်ပါတယ် ။
ဒီအတွက် ခင်ဗျားတို့ရဲ့ လက်ခုပ်သံတွေလိုတယ် ။
ခင်ဗျားတို့ လက်ဖျံရိုးနဲ့ ၊ လက်မောင်းကြွက်သား တွေလိုတယ် ။
ခင်ဗျားတို့ချွေးနဲ့ ၊ ချွေးနဲစာတွေလိုမယ် ။ ( လိုတယ်လို့မပြောပါ ) ။
“ အစည်းပြေနေတဲ့ မြန်မာတွေအားလုံးကို ချီဖို့ကြိုးတစ်ချောင်းလိုတယ် ၊ အဲဒီကြိုးဟာ ဘာသာရေးဆိုတဲ့ကြိုးပါပဲ ၊ဒါကိုဆရာတော်ကြီးနှစ်ပါးစလုံး( ဆရာတော်ဦးကောဝိဒါဘိဝံသ နဲ့ ဆရာတော်ဦးပညာဝံသ ) ကယုံကြည်ကြပါတယ်။ ”
( ဆရာတော်ဦးဥတ္တရ ၊ မောဠိအဖွဲ့ချုပ် ၊ အတွင်းရေးမှုးဆရာတော် ) ။
ဟုတ်ပါတယ်။ ကျနော်တို့ယုံကြည်တဲ့ပန်းသီတဲ
လာပြီ။ သစ္စာရဲ့ မြှားဦး ၊ န.အ.ဖ ရဲ့ ဗိုက်ခေါက်ထူထူ ကိုချိန်လို့ ၊ ဂန္ထ၀င်မြောက်ပန်း တစ်ပွင့်လို့ရင်ဖွင့်ကြိုဆိုကြပါ ။
မောဠိဆိုတဲ့ ပါဠိစကားကိုသုံးပြီး ဗုဒ္ဓဘာသာဘုန်းကြီး တွေကစတင်ဖွဲ့စည်း ၊ သီကုံးခဲ့ပေမဲ့ မောဠိအောက်မှာ မြန်မာနဲ့သွေးသားတော် စပ်တဲ့အသိရှိတဲ့လူသားတိုင်း ၊ သစ္စာတရားကို ကိုးကွယ်တဲ့ ဘာသာတရားတိုင်း ပါဝင်တယ် ၊ Jesus cries တပည့်တွေပါတယ် ၊ တမန်တော် မိုဟာမက်စကားနားထောင်သူ တွေပါတယ် ၊ ဗုဒ္ဓရဲ့ သားတပည့်တွေပါတယ် ၊ ဒါကြောင့် မောဠိသီကုံးတဲ့ပန်းဟာ အရောင်စုံတယ် ။
ဒါဆိုမောဠိကဘာလုပ်မှာလဲ ။
အသက် ( ၈၀ ) ကျော်ဆရာတော်ကြီးနှစ်ပါးက နှစ်ဖက်ဓားသွား တစ်လက်စီကိုကိုင် ပြီးသန်းရွှေ နဲ့မောင်အေးရဲ့ ရင်ဘတ်ကို စိတ်ရှိလက်ရှိ မွှေနေမှာ မဟုတ်သလို သန်းရွှေရဲ့ သံရုံး တွေရှေ့သွားပြီးလည်း ဆဲ ၊ ဆို ၊ ခဲနဲ့ပေါက်နေမှာ တော့မဟုတ်ပါဘူး ။
( ပီနန်ဆရာတော်ရဲ့ ရဲရဲတောက်မိန့်ခွန်း )
အရူးချေးပန်း ဗေဒင်ဆရာရဲ့ ယတြာချေထုံးနဲ့ ကျောက်ပတ်တီး စီးထားသလို လက်ကောက်တွေဝတ်တက်တဲ့ ကြိုင်ကြိုင်ရဲ့စကားကလွဲရင် နားအပိုမရှိတဲ့ စာပို့သမားကလည်း ဆရာတော်ကြီး ရဲ့ ပြုပြင် ပြောင်းလဲရေး စည်းလုံးတိုးတက်ရေး စကားတွေကို နားထောင် ချင်မှာ ၊ နားထောင်နိုင်မှာ မဟုတ်ဘူးဆိုတာက လည်းပက်ပက်စက်စက် သေချာလှပါရဲ့ ။ ဒါပေမဲ့ ရွှေရောင်နဲ့ချီခဲ့တဲ့ တော်လှန်ရေးဟာ လှပတဲ့ ရွှေရောင်အနာဂတ်အတွက်ရွှေရောင် တွေက အဆုံးသတ်ဖို့ကြိုးစားရမယ် ၊ ဒါကိုဥသျှောင်ဆရာတော် တွေယုံကြည်ကြတယ် ။ သူတို့လုပ်နိုင်တဲ့ အလုပ်ဆိုတာကိုလည်း အရှင်မြတ် တွေကယုံကြည်ထားကြတယ် ။ “ ဦးဇင်းတို့ Target က ၂၀၀၈ ဖြစ်တယ် ၊ ၂၀၀၈ အတွင်းမှာ ပြီးဆုံးရမယ် ၊ ဒီအတွက်အားကောင်း မောင်းသန် အကူအညီတွေကမ္ဘာက ပေးကြလိမ့်မယ် ၊ ဦးဇင်းတို့ကိုယ်တိုင်လည်း( ၁၀ )ဆ တိုးပြီးအလုပ်လုပ်ရမယ် ” ( ဆရာတော် ဦးဥတ္တရ ) ဒီစကားအတွက် သံသယရှိတဲ့ သတင်းထောက်က ပီနန်ဆရာတော်ကြီးကိုမေးတယ် ၊ ဒီတော့ဆရာတော်ကြီးက “ ဦးဆောင်နေတဲ့ လူတွေကိုကြည့် ” လို့ဖြေတော်မူလိုက်တယ် ။ ဟုတ်တယ် ၊ ကြာရင်တိုင်းပြည်နာတယ် ။ ရမ်ဘို ရဲ့ ရုပ်ရှင်ကြော်ငြာသလိုပါပဲ ၊ Live For Nothing Or Die For Something. ကျနော်တို့ဖောင်တွေကို ဖျက်ထားခဲ့ပြီး မောဠိနဲ့အတူ တိုက်ပွဲဝင်ကြပါစို့ ။ “၂၀၀၈ မှာပြီးဆုံးရမယ်လို့ ဘာကြောင့်ပြောနိုင်ရတာလဲ ဆိုရင်တော့ ပြောနိုင်လောက်တဲ့ အကြောင်းတရားရှိလို့ပေါ့ ၊ တံခါးပိတ် စည်းဝေးခဲ့တဲ့ ဂျကာတာ ၊ မဲဆောက် အစည်းအဝေးတွေကနေ မယုံနိုင်လောက်တဲ့ အဖြေတွေရခဲ့ကြတယ် ၊ ဒါတွေကိုပြောပြလို့ မဖြစ်ပေမဲ့ အီးယူသမဂ္ဂ ၊ အမေရိက နဲ့ လုံခြုံရေးကောင်စီက မြန်မာ့တော်လှန်ရေး ဟာ၂၀၀၈ မှာအောင်မြင်ရမယ်လို့ ယုံကြည်ထားကြပြီးပါပြီ ။ အစိုးရအဖွဲ့ အစီးတွေနဲ့ အတူ N.G.O အဖွဲ့တွေက လည်းရာနှုန်းပြည့် ပံ့ ပိုးပေးကြပါလိမ့်မယ် ၊ ဒါကြောင့်ဦးဇင်း တို့ Target ဟာ၂၀၀၈ လို့ပြောရဲတာဖြစ်ပါတယ် ။” ( ဦးဥတ္တရ ) န.အ.ဖ ကိုလမ်းကြောင်းပေးသလို ဖြစ်နေမှာမို့ တံခါးပိတ်စည်းဝေးပွဲတွေရဲ့ ရလာဒ်ကို ပြောမပြဖြစ်ခဲ့ ပေမဲ့ ကမ္ဘာက န.အ.ဖ ကိုဝိုင်းထုဖို့ သဘောတူ နေကြပြီးပြီ ဆိုတာကိုတော့ ကျနော်တို့ သိလိုက်ရပါတယ် ။ “လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ခ ဒါကတော့ ဆရာတော်ဦးဥတ္တရဆီက အတွင်းကျကျ သတင်းတစ်ခု ပွင့်အံ လာတာပဲဖြစ်ပါတယ် ။ Gambari နဲ့ န.အ.ဖ တို့ရှေ့ ခြေလှမ်း ဘယ်လောက်ရောက် နေပြီလဲ ၊ Mr.Gambari ရဲ့စကားကို နားထောင်ဖို့ ဟိုကောင်တွေမှာ နားရှိရဲ့လား ၊ ဒါကိုလုံခြုံရေး ကောင်စီကသိနေပြီ ။ Gambari ကိုလွတ်မဲ့အစား မြန်မာသံဃာတချို့ကို တရားဝင်စကားပြောခိုင်းရင် ပိုထိရောက်လိမ့်မယ် ဆိုတာကတော့ သေချာပါတယ် ။ “ မဲဆောက်မှာ လက်နက်ကိုင်အဖွဲ့ တွေရော ၊ လက်နက်မကိုင်တဲ့ အဖွဲ့တွေရော ၊ ဗုဒ္ဓဘာသာတွေရော ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေရော အားလုံးနဲ့တွေ့ ခဲ့ပါတယ် ၊ တံခါးပိတ် ဆွေးနွေးခဲ့ကြတယ် ၊ အားလုံးဆီက ညီညွတ်မှုလည်းရခဲ့ပါတယ် ။ ” ဒါကဆရာတော် ဦးဥတ္တရ ရဲ့ မဲဆောက် ၊ ဂျကာတာ ဆွေးနွေးပွဲတွေ အပြီးမှာ ပြောပြခဲ့တဲ့ စကားတွေဖြစ်ပါတယ် ။ ကျနော်တို့လိုချင်တဲ့ အား ဟာလည်းဒါပါပဲ ။ |
မောဠိက လိုကောလိုအပ်လို့ လား
အသေအချာ လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ သံဃာမဟာနာယက အဖွဲ့ ဆိုတာ ရှိပေမဲ့ ဒီအဖွဲ့ အစည်းဟာ ရာထူး ဌာ န န္တ ရမက်မောခြင်း ၊ ကမ္ဘာအခြေအနေကို မသိခြင်း န-အ-ဖ ကို ဘာမှ ပြန်မပြောရဲအောင် ကြောက် ရွံခြင်း ဆိုတဲ့ အဂတိတရား သုံးပါးအောက်မှာ နလံ မထူု နိုင်တော့ပါဘူး၊၊ သာသနာကိုကာကွယ်ဖို့ ထက် ဘာမှလုပ်မရတဲ့ ရာထူးပြုတ်မှာကိုကာကွယ် နေကြပါတယ်၊၊ ဒီအချိန်မှာ လာဘ်လာဘ မမက်မောတဲ့ ကမ္ဘာ့ရေစီးကြောင်းကို သိတဲ့ အမှန်တရားအတွက် ဘယ် ပုဂ္ဂိုလ်ကိုမှ မကြောက်တဲ့ သံဃာ အဖွဲ့ အစည်း သေချာပေါက်လိုအပ်တယ်။ သံဃာမဟာနာယက ဆိုတာ ရှိတယ်ဆိုစေဦးတော့ ပြည်ပသာသနာ ပြုတော်မူကြတဲ့ သံဃာတွေကို ဘာဆိုဘာမှ အကူအညီ အထောက်အပံ့ မပေးနိုင်ကြပါဘူး၊၊ ယုတ်စွအဆုံး အကြံဥာဏ်လေးတောင် မပေးနိုင်ကြပါဘူး၊၊ ဒီအချိန်မှာ ပြည်ပသာသနာပြု အတွေ့ အကြုံ အနှစ်ငါးဆယ်ကျော်ရှိတဲ့ ပီနန်ဆရာတော်ကြီးက လမ်းညွှန်ပေး ဦးဆောင်မှုပေးလိုက်ပါတယ်၊၊ဒီအဖ နောက်ပြီး ကမ္ဘာထိပ်သီး အစည်းအဝေးကြီးတွေမှာလည်း ကမ္ဘာ့ အသိအမှတ်ပြုဘာသာရေး အဖွဲ့  အစည်းကြီး အနေနဲ့  တူတူတန်တန် တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖိတ်ကြားတာခံရတယ် ဆိုတာ ဒီလို စည်းလုံးမှု့ ရဲ့ အကျိုးရလာဒ်ပါပဲ ။ ဒါကြောင့် သာသနာ မောဠိရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးဆိုတာထက် အဆမတန် ကျယ်ပြန့်  ပါတယ်၊၊ ပြည်ပ သာသနာပြု ရဟန်းတော် အချင်းချင်း ထိတွေ့  ဆက်ဆံခွင့်သလို တစ်ပါးရဲ့ အခက်အခဲကို တစ်ပါးက နားလည်ပြီး အတူအကွ ကူညီဖြေရှင်း သာသနာပြု လုပ်ငန်းတွေကို ဒီထက်မက အလုပ်လုပ်နိုင်သွားပါလိမ့်မယ်။ ဒါဟာ မောဠိ က လိုကောလိုအပ်လို့ လား ဆိုတဲ့မေးခွန်းရဲ့ အဖြေအကျဉ်းပဲ ဖြစ်ပါတယ်၊၊ အခုတင်ပြမဲ့ ကိစ္စကတော့ ကျနော်တို့ ဗုဒ္ဓ၀ါဒီ အဖွဲ့ ရဲ့ မောဠိ အပေါ်မှာထားတဲ့ အိမ်မက်တွေပါ။ ၁။ ကမ္ဘာ သာသနာပြု စာသင်သားရဟန်းတော်များ အားလုံးစုဝေးပြီး သာသနာ့ ညီလာခံ ကျင်းပနိုင်ရေး ၂။ သာသနာမောဠိကို ဌာနချုပ်အနေနဲ့  အမေရိက မှာထားပြီး အခြား ဥရောပ မောဠိ အာရှမောဠိ အမေရိက မောဠိ ဆိုပြီး မောဠိ အဖွဲ့ ခွဲများ အဆင့်ဆင့် ဖွဲ့ စည်းထားနိုင်ရေး ၃။ မောဠိ နဲ့ ပတ်သက်တဲ့ မူဝါဒ လုပ်ငန်းလုပ်ဆောင်တာများကို E-0ffice မှတဆင့် ညွန်းကြား စီမံခန့် ခွဲနိုင်ရေး ၄။ သတင်းနဲ့ မီဒီယာကို ဒီထက် မြန်မြန်ဆန်ဆန် ဆောက်ရွက်နိုင်ရေး…..ဆိုပြီး “Moli in our dream” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့ ကမ္ဘာအမြင် ကျနော်တို့  ထက် များစွာသာလွန်တဲ့  ဆရာတော်ကြီးများဟာ သတင်းနဲ့  မီဒီယာ ကိစ္စကလွဲရင် အာလုံး စနစ်တကျ စီစဉ်ထားတော်မူကြပြီးဖြစ်ကြပါတယ မောဠိ အလုပ်ဖြစ်ပါ့မလား ( ? ) ဖြစ်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာတွေဟာ အစဉ်အလာအရကိုပဲ သံဃာတော်တွေကို ရိုသေကိုင်းရှိုင်းမှု နဲ့အတူ ဦးထိပ်တင်ထားကြပြီးသားပါ။ ဥက္ကဌ ဆယ်ခွန်း ဘုန်းကြီးတစ်ခွန်းပါ၊၊ မောဠိ ဟာ နိုင်ငံရေးပါတီ တစ်ခုမဟုတ်တဲ့ အတွက် နိုင်ငံရေးမူဝါဒ ကွဲလွဲစရာမလိုပါဘူး။ မောဠိရဲ့ ဥသျှောင် ဆရာတော်ကြီးများဟာ အကျင့်ပျက် ၀န်ထမ်းတွေ မဟုတ်တဲ့အတွက် လာဘ်ပေး လာဘ်ယူ ကင်းရှင်းပြီး လူထုရဲ့ ယုံကြည်အားကိုး မှု့ ကို ရပါလိမ့် မယ်။ မောဠိရဲ့ ဦးဆောင်မှု့အောက်မှာနိုင်ငံရေး တက်ကြွသူတွေရော ဘာသာရေး တက်ကြွသူတွေပါ ပါဝင်ခိုလှုံ လာကြပါလိမ့်မယ်။ မောဠိဟာ ဗုဒ္ဓဘာသာဆိုတဲ့  နယ်နမိတ်ထဲမှာတင် မဟုတ်ပဲ လူမျိုးရေးပါ ပါဝင်နေတဲ့  အတွက် ဗုဒ္ဓဘာသာ မဟုတ်တဲ့ မျိုးချစ်ပုဂ္ဂိုလ်များ ပါဝင်လာပါလိမ့်မယ်။ မောဠိဟာ ပုဂ္ဂိုလ်သာကြည့် ပေးသမျှ အကြံအကုန်ယူ ပြောသမျှစကားကို နာခံမှာမဟုတ်တဲ့ အတွက် ဒေါ်လာစား နိုင်ငံရေးစားဖားကြီးတွေရဲ့ ရုပ်သေးရုပ်မဖြစ်နိုင်ပါဘူး။ ဒါတွေကို ထောက်ဆရင် မောဠိ (၆)လသား အရွယ်လောက် ရောက်ပြီဆိုရင်ပဲ န-အ-ဖ ရင်တုန် ပန်းတုန် ဖြစ်လာပါလိမ့်မယ်။ ကဲ…ဒါတွေဟာ မောဠိရဲ့ ပန်းကြိုးဖြစ်ပါတယ်။ |

မောဠိရဲ့ “ အား ” “ မင်းရဲ့ လွတ်လပ်ခွင့်တွေ အားလုံးဟာ ငါ့လက်ထဲမှာ ရှိပါတယ်ကွာ” ဟု ပြေးမထွက်ခင် မြှားတန်လေးကို လေးညို့ကပြော၏ ။ “ အေး….ဟုတ်ပါတယ် ဒါပေမဲ့ ပစ်မှတ်ကို ထိုးခိုက်ရမှာကတော့ ငါ့ရဲ့ ခေါင်းချွန်ချွန်ပဲ ဖြစ်ပါတယ်” ဟု မြှားလေးက လေးညို့ ကို ပြန်ပြောလိုက်၏ ။ ( ရာဘင်ဒြာနသ် တဂိုး)
မောဠိ ဟာ မြှားဦးဖြစ်တယ်။ မောဠိဟာ န-အ-ဖရဲ့ ရင်ညွန့် ကို ချိန်ထားတဲ့  သစ္စာမြှားဦးဖြစ်တယ်၊ ဒီမြှားဦးရဲ့ ဦးတည်ရာဟာ တည့်မတ်လွန်းလှတယ် ။ အဲ..အဲဒီမြှားရဲ့ ထိုးစိုက်နှုန်းဟာ ဘယ်လောက်ရှိမလဲ ။ အဲဒီမြှားရဲ့ထိုးစိုက်နှုန်းဟာ ဘယ်လောက်နက်ရှိုင်းမလဲ ။ အဲဒီ လေးညျိ့ ကို ခင်ဗျားတို့ ကျုပ်တို့  ၀ိုင်းတင်ရမယ်။ ၊ ၀ိုင်းဆွဲရမယ်။ ပြီ……ပစ်လွှတ်ကြမယ်။ မောဠိရဲ့ အားဟာ ခင်ဗျားတို့  ကျုပ်တို့ ဖြစ်ပြီး ကျုပ်တို့  ခင်ဗျားတို့ ရဲ့ “ အား ” ဟာ မောဠိ ဖြစ်ပါတယ်။ ဘယ်လိုလဲခင်ဗျားဘေးထွက်နေခဲ့ဦ မောဠိအောင်မြင်ပါစေ ၊ ငါတို့  လွတ်လပ်ပါစေ။ န-အ--ဖ ၀ါဒ ကျဆုံးပါစေ။ ဇင်ဝေသော် ( အေ၊ အို၊ အေ၊ ဘီ ) |
Posted by
54freedom
at
11:16 PM
0
comments