စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label မြန်မာနိုင်ငံအရေးဆိုင်ရာ ပြည်ပမှသတင်းများ.. Show all posts
Showing posts with label မြန်မာနိုင်ငံအရေးဆိုင်ရာ ပြည်ပမှသတင်းများ.. Show all posts

Monday, May 26, 2008

ဘန်ကောက်မြန်မာသံရုံး မီးလောင်


NEJ/ ၂၆ မေ ၂၀၀၈



မီးလောင်ကျွမ်းနေသည့် ဘန်ကောက်မြို့ရှိမြန်မာသံရုံးအား ထိုင်းမီးသတ်သမားများ
ဝိုင်းဝန်း မီးငြှိမ်းသတ်နေစဉ်


ယနေ့နံနက် (၈) နာရီခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မီးလောင်မှုဖြစ်ပွားပြီး သံရုံးဝင်းအတွင်းရှိ အဆောက်အအုံအတွင်းပိုင်း ပျက်စီးသွားသည်ဟု မျက်မြင်တဦးက ပြောသည်။

၎င်းက “ခေါင်မိုးပွင့်ထွက်သွားတယ်။ ၀ါယာလျှော့ ဖြစ်တာလို့ ပြောတာပဲ။ အပြင်ဘက်ကနေ လှမ်းကြည့်ရင် မြင်ရတဲ့အတွင်းပိုင်းက လူနေတဲ့ဆောက်အအုံ အဖြူအဟောင်းကြီးလေ။ ဆေးတွေကွာနေတဲ့ အဆောက်အအုံကြီး အမိုးတွေ အကုန်ပွင့်သွားတယ်။ မည်းတူးနေတာပဲ။ အတွင်းဘက်ကအကုန်လုံးပါသွားတယ်။ ဗီဇာဆက်ရှင်ရှိတဲ့ အဆောက်အအုံမဟုတ်ဘူး။ မီးသတ်ကားအကြီး (၄) စီး၊ အသေး (၂) စီး၊ ဆေးရုံကား (၁) စီးနဲ့ ရဲတွေရှုပ်ယှက်ခတ်နေတာပဲ” ဟု ပြောသည်။

အုတ်တံတိုင်းကာရံထားသည့် သံရုံးဝင်းအတွင်းမှ မီးခိုးများ ထွက်လာသဖြင့် ထိုင်းမီးသတ်ကား
(၄) စီးက အမြန်သွားရောက် မီးငြိမ်းသတ်ခဲ့ရကြောင်းနှင့် (၁) နာရီခန့် မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ထိုင်းမီးသတ်အရာရှိ အနုပွန်ဆန်ဒရာက မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရသေးဟု ပြောကြားသော်လည်း မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက ၀ါယာလျှော့ဖြစ်၍ မီးလောင်ခြင်း ဖြစ်သည်ဟု ပြောသည်။

သံရုံးအဓိကအဆောက်အအုံရှိ ဒုတိယထပ် ကြမ်းပြင်နှင့် အမိုးတို့ မီးလောင်ပျက်စီးသွားသည်ဟု ထိုင်းရဲက ပြောကြားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်