စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ပြည်တွင်းသတင်းများ. Show all posts
Showing posts with label ပြည်တွင်းသတင်းများ. Show all posts

Tuesday, June 24, 2008

မြောက်ပိုင်းတိုင်း တိုင်းမှူး နှုတ်ဆက်ပွဲပြုလုပ်

NEJ/ ၂၄ ဇွန် ၂၀၀၈

ရာထူးတိုးနှင့် နေရာအပြောင်းအရွှေ့အတွက် နှုတ်ဆက်ညစာစားပွဲတခု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နေအိမ်တွင် ဇွန်လ (၂၂) ရက်ညက ကျင်းပခဲ့ကြောင်း ကိုယ်တိုင်တက်ရောက် ခဲ့သည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အရာရှိကြီးတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “တိုင်းမှူးဟာ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်နဲ့ ပြောင်းရွှေ့ရမယ်လို့ ပြောတယ်။ အရင် ရဲမြင့်ကြီးခေါ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ ရာထူးကို ဆက်ခံရမယ်လို့ ပြောတယ်။ ဒါနဲ့ ဧည့်ခံပွဲ လုပ်တာ၊ မြစ်ကြီးနားမှာတော့ ဒါ ထုံးစံပဲ” ဟု ပြောသည်။

စစ်အစိုးရအတွင်း ရာထူးအပြောင်းအလဲများရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြား အတည်ပြု၍ မရနိုင်သေးဘဲ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၏ နှုတ်ဆက်ပွဲ ကျင်းပသည့် သတင်းသည် စစ်အစိုးရ ထိပ်ပိုင်းရာထူးအပြောင်းအလဲကို ထင်ဟပ်စေခြင်းဖြစ်သည်။

ထွက်ပေါ်နေသည့် သတင်းများအရ နအဖ ထိပ်ပိုင်းရာထူးကြီးများဖြစ်သည့် နအဖ အဖွဲ့ဝင် စစ်ဆင်ရေးအထူး အဖွဲ့မှူး (၅) ဦး ရာထူးမှ အနားယူပြီး အဆိုပါနေရာများတွင် တိုင်းမှူး (၅) ဦးက အစားထိုး ၀င်ရောက်လာကာ စစ်တိုင်းမှူး (၂) ဦး တိုင်းချင်း အပြောင်းအရွှေ့လုပ်ကြောင်း၊ စစ်တိုင်းမှူးနေရာများတွင် တပ်မမှူးများနှင့် စစ်ဘက်ဆိုင်ရာ ကျောင်းအုပ်အချို့ ၀င်ရောက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း နေရာတွင် တပ်မ (၆၆) တပ်မမှူးက ၀င်ရောက်တာဝန်
ယူမည်ဖြစ်ပြီး မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ နေရာကိုလည်း အခြားတယောက်
ဝင်ရောက်တာဝန်ယူမည်ဖြစ်ကြောင်းနှင့် အခြားဝန်ကြီးအဖွဲ့ဝင် နေရာအများအပြား၌လည်း အပြောင်းအလဲရှိကြောင်း ရန်ကုန်မြို့၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့အပြောင်းအလဲသတင်း ထွက်ပေါ်လာခြင်းသည် လာမည့် ၂၀၁၀ ပြည့်နှစ်တွင် အတည်ဖြစ်မည့် ဖွဲ့စည်းပုံနှင့်အညီ စစ်တပ်ထဲမှ အရာရှိကြီးများ အရပ်ဘက် ကူးပြောင်းကာ နိုင်ငံရေးလုပ်ရန် ပြင်ဆင်သည့် ပြောင်းရွှေ့မှုကြီး ဖြစ်နိုင်ကြောင်း ရန်ကုန်အသိုင်းအ၀န်းတွင် ထင်မြင်ချက် ပေးနေ ကြသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူးနေအိမ်၌ ပြုလုပ်သည့် ဧည့်ခံပွဲသို့ ကချင်လူမျိုး၊ တရုတ်လူမျိုး သူဌေး ကြီးများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တိုင်းမှူးကို ကျောက်မျက်ရတနာ အပါအ၀င် အဖိုးတန်လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ကချင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ အဆိုပါအရာရှိကြီးက နအဖ စစ်တပ်အတွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း ၎င်းတို့ ကချင်ပြည်နယ်နှင့် ပတ်သက်၍ ထူးထူးခြားခြား ပြောင်းလဲမှု ရှိလာမည်ဟုမမြင်ကြောင်း ပြောသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်