စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ပေါ်လိုဆာဂျီယိုပီနဲရိုး၏ အစီအရင်ခံစာ မြန်မာဘာသာပြန်။. Show all posts
Showing posts with label ပေါ်လိုဆာဂျီယိုပီနဲရိုး၏ အစီအရင်ခံစာ မြန်မာဘာသာပြန်။. Show all posts

Saturday, December 22, 2007

ပေါ်လိုဆာဂျီယိုပီနဲရိုး၏ အစီအရင်ခံစာ မြန်မာဘာသာပြန်။



လူ့အခွင့်အရေးကောင်စီ (၅) ကြိမ်မြောက် အထူးအစည်းအဝေးမှ တင်ပြခဲ့သော လုပ်ငန်းစဉ် S-5/1 မှ တင်မြှောက်ထားသော မြန်မာနိုင်ငံ လူအခွင့်အရေး အထူးလေ့လာသူ ကိုယ်စားလှယ် ပေါ်လိုဆာဂျီယိုပီနဲရိုး၏ အစီအရင်ခံစာ မြန်မာဘာသာပြန်။

အချော သပ် တည်းဖြတ် ပီး


ဖြန့်ဝေ ချက်

A/HRC/6/14

၇ ဒီဇင်ဘာ ၂၀၀၇

( မူ ရင်း- အင်္ဂလိပ် ဘာသာ)


လူအခွင့်ရေး ကောင်စီ

(၆) ကြိမ်မြောက်

လုပ်ငန်း ရပ်- အချက် (၄)



ကောင်စီ မှ သိရှိ ရန် လိုအပ် သော လူအခွင့် အရေး အခြေ အနေများ


(လူအခွင့်အရေး ကောင်စီ (၅) ကြိမ် မြောက် အထူး အစည်း အဝေး မှ တင်ပြ ခဲ့သော လုပ် ငန်းစဉ် S-5/1 မှ တင်မြှောက် ထားသော မြန်မာ နိုင်ငံ လူ အခွင့် အရေး အထူးလေ့လာ သူ ကိုယ်စားလှယ် ပေါ်လို ဆာ ဂျီ ယို ပီနဲ ရိုး ၏၊ အစီ ရင် ခံစာ)

မာတိကာ

နိဒါန်း

၁. မှတ်တမ်း ကောက်ယူပုံ နှင့်၊ အထူး ကိုယ်စားလှယ် ၏ ဆောင်ရွက်ချက် များ

၂. ၂၀၀၇ စက်တင်ဘာ နှင့် အောက်တိုဘာ အတွင်း ဖြစ်ပျက် ခဲ့သော အရေးအခင်းများ ၏

နောက်ခံ အကြောင်းရင်းများ

၃. အကြောင်း အချက်များ - ပတ်ဝန်းကျင် အနေအထားများ နှင့် အဓိက ဖြစ်ရပ်များ

က. ၂၀၀၇ ခု သြဂုတ် လ ငြိမ်းချမ်းစွာ ဆန္ဒပြ မူများ

ခ. ပခုက္ကူ အရေးအခင်း - အလှည့်အပြောင်း

ဂ. ၂၀၀၇ စက်တင်ဘာ ငြိမ်းချမ်းသော၊ ဆန့်ကျင်ဆန္ဒပြပွဲများ

( ၁၈- ၂၅ စက်တင်ဘာ ၂၀၀၇)

ဃ. ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြသူများအား အင်အားသုံး ဖြိုခွဲခြင်း

(၂၆- ၂၉ စက်တင်ဘာ ၂၀၀၇)

၎. ပထမအဆင့် တွေ့ရှိချက်များ

က. မလိုအပ်သော အသုံးမပြုသင့်သော လူသတ်လက်နက်များ ဖြင့် အရပ်သားများအား၊ အင်အားအဆမတန် သုံးကာ ဖြိုခွင်းခဲ့ခြင်း

ခ. ဥပဒေ အထောက်အကူပြု ၀န်ထမ်း မဟုတ်သူများ အား အသုံးပြုခြင်း

ဂ. ပရမ်းပတာ ဖမ်းဆီးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း

ဃ. ပျောက်ဆုံးမူများ

င. အချုပ်အတွင်း သေဆုံးခြင်း

စ. ရက်စက်မူ၊ လူမဆန်မူ နှင့် နိမ့်ကျစွာ ဆက်ဆံခြင်း၊ နှိပ်စက်ခြင်းများ

ဆ. ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား၊ ပြင်းထန်စွာ လက်တုံ့ပြန်ခြင်း

၅. နိုင်ငံတော် နှင့် နိုင်ငံ ပိုင် အဖွဲ့အစည်းများ ၏၊ တာဝန် ၀တ္တရား

၆. နိ ဂုံး ချုပ်

၇. ထောက်ခံ အကြံပြုချက်များ

အချပ်ပို - အချိန် ဇယားလိုက်၊ ဖြစ်စဉ် များ - ၂၀၀၇ စက်တင်ဘာ ငြိမ်းချမ်းစွာ ဆန္ဒပြမူ များ

( ၁၈- ၂၅ စက်တင်ဘာ ၂၀၀၇)

----------------------------------------------------------


အကျဉ်းချုပ်

လူ့အခွင့်အရေး ကောင်စီ ၏ ၊ မြန်မာ ပြည် အရေး (၅) ကြိမ် မြောက် အထူး အစည်း အဝေး မှနေ ၍ ၊ ၂၀၀၇ ခု နှစ် အောက်တို ဘာ (၂) ရက် နေ့တွင် ချ မှတ် ခဲ့သော S-5/1 လုပ်ငန်းစဉ် အရ၊ ယခု လက်ရှိ အခြေ အနေ တွင် ပေါ် ပေါက် လျက် ရှိသော ၊လူ့အခွင့်အရေး ပြသာနာ များ အား စုံစမ်း လေ့လာ ရန် ၊ အထူး ကိုယ်စား လှယ် တယောက် စေ လွှတ်ခြင်း အပေါ်၊ မြန်မာ အစိုး ရ အနေ နှင့် ချက်ချင်း ပြည် ၀င်ခွင့် ပေး ရန် ၊ ဤ တွေ့ရှိချက် စာတမ်း အား လည်း ၊ လာ မည့် (၆ ) ကြိမ် မြောက် အ စည်း အဝေး ၌၊ တင်ပြ ဆွေး နွေး ရန်၊ နှင့် အထူး ကိုယ်စားလှယ် အားလည်း၊ မြန်မာ အစိုး ရ အနေနှင့် ၊ ပူးပေါင်း ဆောင်ရွက် ရန် ၊တောင်းဆို ဆုံးဖြတ် ခဲ့ကြ သည်။ ၂၀၀၇ ခု နှစ်၊ အောက် တိုဘာ (၁၉) ရက် နေ့တွင်၊ မြန် မာ အစိုးရ ဖက် မှ၊ တရားဝင် ဖိတ် ခေါ် ချက် ရရှိခဲ့ပီး၊ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက် ပါမည် ဟုလည်း ဖော်ပြ ခဲ့သည်။ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် အနေနှင့်၊ ၂၀၀၇ ခု နှစ် နိုဝင်ဘာ (၁၁) ရက်မှ (၁၅) ရက် အတွင်း ၊ တရားဝင် ခရီးစဉ် အား ၊ ဆောင်ရွက် နိုင် ခဲ့သည်။ ထို့အပြင်၊ နိုဝင်ဘာ (၁၆) ရက်မှ (၁၇) ရက် အတွင်း၊ သံတမန် များ၊ ကုလ သမဂ္ဂ ဌါနေ ရုံးများ၊ နှင့်အရပ်သား လူမူရေး အသင်း အဖွဲ့များ နှင့်လည်း ၊ ဘန် ကောက် မြို့ ၌၊ တွေ့ဆုံ ဆွေးနွေး နိုင်ခဲ့သည်။

ယခု စာတမ်း ၌၊ လူ့အခွင့်အရေး နှင့်၊ ပတ်သတ် ၍၊ ဆန္ဒပြပွဲများ အတွင်း ဖြိုခွင်းပုံ နှင့်၊ ပြင်းထန် သော နှိပ်ကွပ် မူများအား၊ အထူးကိုယ်စားလှယ် ၏၊ တရားဝင် ခရီးစဉ် မတိုင်ခင် နှင့်၊ ခရီးစဉ် အတွင်း ၊ ကောက်ယူ တွေ့ရှိချက် များ ၊ ပါဝင် ပါသည်။ ဤ စာတမ်း အား၊ သြဂုတ် လမှ စတင်၍၊ ညမထွက် ရ အမိန့် ရုတ်သိမ်းသော ၂၀၀၇၊ အောက်တိုဘာ (၂၀) ရက် နေ့ အတွင်း၊ အချိန် အတိုင်း အတာ ကန့်သတ်ထားရာ၊ အထူးသဖြင့်၊ ၂၀၀၇ စက်တင်ဘာ (၂၆) ရက် နေ့မှ (၂၉) ရက် နေ့အတွင်း ဖြစ်ပျက် ခဲ့သော၊ ၀မ်းနည်း ကြေကွဲစရာ အဖြစ် အပျက် များ ကို ၊ ဦးစားပေး ဖော်ပြ ထား ပါသည်။




အပြည့်အစုံကို ဒီမှာ ဖတ်ကြည့် နိုင်ပါသည်


အပြည့်အစုံဖတ်လိုလျှင်