စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label အရေးပေါ်ပန်ကြားချက်. Show all posts
Showing posts with label အရေးပေါ်ပန်ကြားချက်. Show all posts

Wednesday, January 9, 2008

။ အမေစု အတွက် အရမ်းကို စိုးရိမ်စရာပဲ


ကိုမိုးသီး ဘလော့ဂ်မှာ ဖတ်လိုက်ရတဲ့ ၇.၁.၂၀၀၈ တနင်္လာနေ့ ပါ၊ အထူးပန်ကြားချက် ဆိုတဲ့ ဆောင်းပါးဖတ်လိုက်ရတာ၊ ရင်ထိတ် စရာကြီးဗျာ။ အမေစု အတွက် အရမ်းကို စိုးရိမ်စရာပဲ။ အမေစု ကိုဟိုခွေးမျိုးတွေ လုပ်ကြံသတ်ဖြတ်လို့ မရအောင် ကာကွယ်ရမယ်။ ကာကွယ်ကြစို့။

ညီနောင်အပေါင်းတို့ သွေးစည်းကြပါ၊ ညီညွှတ်ကြပါ။ အရေးကြီးနေပြီ။

ကိုမိုးသီးရဲ့ အထူးပန်ကြားချက် သတင်းကို သူ့ဘလော့ဂ်မှ တဆင့် ကူးယူဖော်ပြလိုက်ပါတယ်။


Monday, 7 January 2008

အရေးပေါ်ပန်ကြားချက်


ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရယ် စိုးရိမ်စရာရှိနေပြီ

သူကို အစွမ်းကုန် ကာကွယ်ကြ

ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား
သန်းရွေ ၊ဒေါ်ကြိုင်ကြိုင် နဲ့ အောင်သောင်းတို့  ပူးပေါင်း ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုအဆိပ်ခတ်ထားလိုက်ပြီ။ သူမအိမ်ကိုသွားတဲ့ရေပိုက်ကနေတဆင့်အဆိတ်ခတ်တာဖြစ်တယ်။အဆိတ်ကရုတ်တရုက်သေဆုံးတာမျိုးမဖြစ်ပဲတဖြေးဖြေးဦးဏှောက်နဲ့အာရုံကြောတွေထိခိုက်ပျက်ပြားသွားအောင်လုပ်တာလို့ သိရပါတယ်။
ဒီသတင်းကို ပြည်တွင်းရှိဒီမိုကရေစီကွန်ယက်တခုမှပေးပို့ လာတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဖြစ်နိင်ချေရှိတယ်လို့ကျနော်ယုံကြပါတယ်။ဒီကိစ္စဟာဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးအတွက်အလွန်အရေးကြီးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို ကျမ္မာရေး ဆေးဝါး စစ်ဆေးမှု ပြုလုပ်ပေးဖို့  ကုလသမဂ္ဂ အတွင်းရေးမှုး ၊အမေရိကန်သမ္မတနဲ့သမ္မတကတော်နဲ့ဥရောပပါလီမာန်တို့ကိုတောင်းဆိုပေးကြဖို့အလေးအနက် မေတ္တာရပ်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရယ်ကို အစွမ်းကုန် ကယ်တင်ကြပါစို့  .......
မိုးသီးဇွန်
ရွေဝါရောင်လှုပ်ရှားမှု

အပြည့်အစုံဖတ်လိုလျှင်