စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label အကူအညီများကို ၀က်ဦးခေါင်းဖြင့် စဉ်းစားလက်ခံနေသည်ဟုဆို. Show all posts
Showing posts with label အကူအညီများကို ၀က်ဦးခေါင်းဖြင့် စဉ်းစားလက်ခံနေသည်ဟုဆို. Show all posts

Thursday, May 15, 2008

အကူအညီများကို ၀က်ဦးခေါင်းဖြင့် စဉ်းစားလက်ခံနေသည်ဟုဆို

အကူအညီများကို ၀က်ဦးခေါင်းဖြင့် စဉ်းစားလက်ခံနေသည်ဟုဆို
ဉာဏ်မောင်။ မေ ၁၄၊ ၂၀၀၈
မြန်မာစစ်အစိုးရသည် လေဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများထံ ပေးပို့နေ သော လူသားချင်းစာနာသည့် ကူညီထောက်ပံ့မှုများကို ၀က်ဦးခေါင်းဖြင့်စဉ်းစားကာ လက်ခံနေ သည်ဟု ဂေဇက်(Post Gazette)သတင်းစာက ရေးသားလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ငလျင်ဒဏ်ခံခဲ့ရသည့် တရုတ်နိုင်ငံအစိုးရက ပြည်သူများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်လုပ်ဆောင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ကာ အဆိုပါ သတင်းစာက ရေးသားလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် (မစ္ဆိယစိတ်)မိမိမှလွဲ၍ အမြဲမလိုမုန်းတီးစိတ်ထားသည့် စစ်ဗိုလ် ချုပ်များသည် နိုင်ငံတကာမှ ကူညီနေမှုများကို တာဝန်မရှိသလို ဆက်ဆံကာ လျစ်လျူရှုနေခြင်း သာ အကောင်းဆုံးဖြစ်သည်ဟု ယူဆနေခြင်းသည် လူသားများကို ပိုမိုသေစေသည့်အတွက် အဆိုးဆုံးဖြစ်နေသည်ဟု ရေးသားဖော်ပြထားသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ရင်းများက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးခဲ့သည့် အလွန်ဝေးကွာပြီး လမ်းပန်းဆက်သွယ်ရန်ခက်ခဲသည့် ဒေသများသို့ရောက်အောင် လမ်းလျှောက်ချီတက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး မြန်မာစစ်အစိုးရက တော့ ကမ္ဘာ့အကူအညီများကို လက်ခံလိုပြီး ကယ်ဆယ်ရေးလုပ်သားများကို လက်မခံဘဲ ပြည်ပအကူအညီပစ္စည်းများအား မသမာ လာဘ်စားနေသည်ဟုဆိုသည်။
လက်ရှိအခြေအနေရ သာမန်မြန်မာပြည်သူများအကြားတွင် စစ်ခေါင်းဆောင်များ၏ အုပ်ချုပ်မှု သည် အချိန်တိုတိုအတွင်းတွင် ပြုတ်ကျစေလိုသည့် မေးခွန်းများ တိုးပွားလျှက်ရှိသည်ဟု ရေးသားထားသည်။
အမေရိကန်နိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ကျရောက်နေသည့် တရုတ်နှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ကူညီရန် အဆင်သင့်ဖြစ်နေပြီး သမ္မတဘုရှ်အနေဖြင့်လည်း အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှတဆင့် ကူညီရန် စိတ်အားထက်သန်လျှက်ရှိသည်ဟု ဖော်ပြကာ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် အကူအညီများကို ၀က်ဦးခေါင်းနှင့် စဉ်စားလက်ခံနေကြ သည်ဟု ရေးသားထားသည်။
တနင်္လာနေ့က (၇.၉) ရစ်ချက်တာစကေးပြင်ဟအားရှိသည့် ငလျင်ဒဏ်ကြောင့် လူပေါင်း ၁၈,၆၄၅ သေဆုံးပြီး ၁၈,၀၀၀ ခန့်ပျောက်ဆုံးနေကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ သိန်းချီရှိနေ၍ သန်းနှင့်ချီကာ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောဆိုနေစဉ် စစ်အစိုးရက သေဆုံး သူ ၃၂,၀၀၀ ရှိပြီး ပျောက်ဆုံးနေသူ ၃၄,၀၀၀ ကျော်ရှိသည်ဟုသာ ထုတ်ပြန်ထားသည်။

အပြည့်အစုံဖတ်လိုလျှင်