စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ဗီအိုင်ပီ ခရီးစဉ်အတွက် နမ့်ခမ်းဒေသခံများ ငွေထည့်နေရ. Show all posts
Showing posts with label ဗီအိုင်ပီ ခရီးစဉ်အတွက် နမ့်ခမ်းဒေသခံများ ငွေထည့်နေရ. Show all posts

Wednesday, January 30, 2008

ဗီအိုင်ပီ ခရီးစဉ်အတွက် နမ့်ခမ်းဒေသခံများ ငွေထည့်နေရ

ဗီအိုင်ပီ ခရီးစဉ်အတွက် နမ့်ခမ်းဒေသခံများ ငွေထည့်နေရ

မျိုးကြီး

ဇန္န၀ါရီလ ၂၈ ရက်၊ ၂၀၀၈ ခုနှစ်၊

နမ့်ခမ်းမြို့အနီးရှိ ရွှေလီမြစ်ကို ဖြတ်ကူးသည့် ကြိုးတံတားသစ် ဖွင့်ပွဲသို့ နေပြည်တော်မှ နအဖ အကြီးအကဲများ လာရောက်သည့်အခါ ကြိုဆိုရန်အတွက် အာဏာပိုင်များက ဒေသခံများထံမှ တအိမ်လျှင် ကျပ် ၂ဝဝဝ စီ ထည့်ဝင်ခိုင်းနေသည်။

ရှမ်းပြည် (မြောက်ပိုင်း)ရှိ ရွေလီမြစ်ကူး ကြိုးတံတားသစ်အား လာမည့် ဖေဖေါ်ဝါရီလ ၁၂ ရက်ခန့်တွင် ဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ရာ ကြပ်ပြေးမှ စစ်အစိုးရ အကြီးအကဲတဦး လာရောက်ဖွင့်လှစ်မည် ဖြစ်သည်။


“မယက (မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ဥက္ကဋ္ဌက အစည်းအဝေးမှာ တအိမ်ကို ၂ဝဝဝ စီ ထည့်ရမယ်လို့ ပြောတယ်။ သူတို့ပြောတာတော့ ဝန်ကြီးချုပ် တံတားဖွင့်ပွဲကို လာမယ်လို့ ပြောတယ်။ ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေက သွားကြိုရမယ်ပေါ့။ အဲဒါ ဝတ်စုံဖိုး ငွေထည့်ရမယ်ဆိုပြီး ကောက်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။


ကြိုဆိုရမည့်သူများတွင် တရပ်ကွက်လျှင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ၅ဝ ယောက်၊ အမျိုးသမီးရေးရာ အဖွဲ့ဝင် ၃ဝ ယောက်၊ မီးသတ် ၃ဝ အပြင် ရှမ်းနှင့် လီရှော တိုင်းရင်းသားအဖွဲ့များ ပါဝင်ရမည် ဖြစ်သည်။


ရွှေလီ မြစ်ကူးတံတားသည် အရှည် ၆ဝဝ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၃၅ ပေ ရှိသည့် ကြိုးတံတားဖြစ်ပြီး နမ့်ခမ်းမြို့မှ ဗန်းမော်မြို့သို့ သွားရောက်သည့် လမ်းအပိုင်းပေါ်တွင် တည်ရှိကာ နမ့်ခမ်းမှ ၃ မိုင်ခန့်ဝေးသည့် မန်ဝိန်းကြီးကျေးရွာ အနီးတွင် ၂ဝဝ၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်